id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,325,301
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္ပဇာနကာရီ၊ အသိဉာဏ်ဖြင့် ပြုလေ့ရှိသည်။
1,325,302
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟောတိ၊ ဖြစ်၏ -
1,325,303
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လို့ မြတ်စွာဘုရားက ဟောထားတယ်၊ ဘုရားက ဒီလိုရှုသင့်လို့ ဒီလိုဟောတာပေါ့၊ မရှုသင့်ယင် ကွေးတာ ဆန့်တာကို သိတယ်လို့ မဟောပါဘူး၊ ဘယ်လို ဟောမလဲ ဆိုယင် ကွေးတဲ့ ဆန့်တဲ့ အခါ ကာလ ရုပ်နာမ်မျှဟု သိသည်၊ ဒီလို ဟောမှာပေါ့၊ ရုပ်နာမ်မျှတွေ ဘာတွေ မပါဘူး၊ သမ္ပဇာနကာရီ၊ အသိဖြင့် ပြုလေ့ရှိသည်တဲ့။
1,325,304
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သိယင် ပြီးပါပြီ။
1,325,305
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ။
1,325,306
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဂစ္ဆန္တောဝါ၊ သွားသည်ရှိသော်လဲ။
1,325,307
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပဇာနာတိ၊ သွားသည်ဟူ၍သိ၏။
1,325,308
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သွားတဲ့အခါလဲ သွားတာလေး သိဖို့ပဲ၊ သွားတာကလေး သိနေလို့ ရှိယင် သွားတဲ့ အခိုက်အတန့်မှာ ဖြစ်ပေါ်တဲ့ သွားစိတ်တွေ၊ သွားတဲ့ ရုပ်တွေ၊ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွားတာတွေ ကိုယ်တိုင် တွေ့ရတာပဲ၊ အဲဒါတွေကို မြတ်စွာဘုရား ဟောထား တယ်၊ ဟောထားတာ ဟောထားတဲ့အတိုင်း ရှုပါ၊ ရှုလို့ရှိယင် ဒါလေးတွေ တွေ့နေ ပါတယ်၊ ကိုယ်တိုင်တွေ့နိုင်တဲ့ တရားလို...
1,325,309
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်နာမ်တရား ကလေးတွေ ဖောင်းတယ်၊ ပိန်တယ်လို့ ဒီကပြောသာ ပြောနေရတာပဲ၊ ဖောင်းတာ ပိန်တာ ကလေးမှာလဲ တောင့်တဲ့ သဘော၊ တင်းတဲ့ သဘော လှုပ်ရှားတဲ့ သဘော၊ တရွေ့ရွေ့နဲ့ ရွေ့လိုက် ပျောက်လိုက် သဘောပဲ ရှိတယ်၊ ပုံသဏ္ဌာန် အထည်ဒြပ် မရှိဘူး၊ ကွေးတယ် ဆန့်တယ် မှတ်ယင်လဲ ဒီအတိုင်းပဲ၊ လက်တွေ ခြေတွေ ပေါ်နေတာ မဟုတ်ပါဘူး၊ လက်ထဲကနေပြီး တောင့်တဲ့ သဘေ...
1,325,310
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူတို့က ရွေ့တိုင်း ရွေ့တိုင်း ပျောက်နေတယ်၊ တနေရာက တနေရာ မရောက်ဘူး၊ ရွေ့လိုက် ပျောက်လိုက်၊ ဒါလေးတွေ တွေ့ရတယ်၊ သွားတဲ့ အခါကာလမှာလဲ ကြွတယ်, လှမ်းတယ်, ချတယ်ဆိုယင် ရွေ့တိုင်း ရွေ့တိုင်းဟာ ပျောက်လိုက်နေတယ်၊ တရွေ့က တရွေ့ နေရာ မရောက်ဘူး၊ ရွေ့လိုက်, ပျောက်လိုက်, ရွေ့လိုက် ပျောက်လိုက်၊ ရှုမှတ်တဲ့ စိတ်တွေကလဲရှုမှတ်၊ သိပြီးယင်း ပျ...
1,325,311
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီကနေပြီးတော့ ဘင်္ဂဉာဏ်တွေဖြစ်၊ အာဒီနဝ အပြစ်မြင်၊ နိဗ္ဗိန္ဒငြီးငွေ့၊ မုဉ္စိတုကမျတာ ကျတော့ လွတ်ထွက်ချင်တဲ့ သဘောတွေဖြစ်၊ ပဋိသင်္ခါကျတော့ လွတ်မြောက်အောင်လို့ တဖန် ကြိုးစား ပြီးတော့ရှု၊ တဖန် ကြိုးစားပြီးတော့ရှု၊ သင်္ခါရုပေက္ခာ သင်္ခါရတွေ လျစ်လျူရှုတဲ့နေရာတွေ အစဉ် အတိုင်း တက်သွားတယ်၊ ကြောင့်ကြ မစိုက်ရဘူး၊ အဲဒီလို အသိဉာဏ်တ...
1,325,312
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နိရောဓသစ္စာ သိခြင်း
1,325,313
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီကနေပြီး ဉာဏ်ရင့်ကျက်တဲ့ အခါကျတော့ ရှုယင်း မှတ်ယင်းနဲ့ နိဗ္ဗာန်တရားကို ရောက်သွား တယ်၊ ခုနကပြောတဲ့ ပရိကံ၊ ဥပစာ၊ အနုလုံဆိုတဲ့ ကာမာဝစရ ဇောတွေ တက်ပြီးတော့၊ ဂေါတြဘူဇော ဖြစ်ပြီးတော့ နိဗ္ဗာန်အာရုံတွေ ကျတယ်၊ နိဗ္ဗာန်အာရုံ ဆီကို အရိယမဂ်ဉာဏ် ကလေးဖြစ်တယ်၊ မဂ်ဉာဏ်ပြီးတော့ ဖိုလ်ဉာဏ်ကလေး ဖြစ်တယ်၊ ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေ လုံးဝ ဆိတ...
1,325,314
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒုက္ခနိရောဓ ဉာဏံ။
1,325,315
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒုက္ခနိရောဓေ၊ ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်၌။
1,325,316
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဉာဏံ၊ အမှန်အတိုင်း သိသောဉာဏ်။
1,325,317
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီဉာဏ်ကလေးဖြစ်တယ်၊ အဲဒီဉာဏ်ဖြစ်တော့ သစ္စာလေးပါးလုံးလဲ သိတယ်တဲ့၊ သစ္စာ လေးပါးလုံး တပြိုင်နက် သိတယ် ဆိုပေမယ်လို့ ၄-ခုလုံး စုပြီး သိတာတော့ မဟုတ်ဘူး၊ တခုပဲ သိတာပါပဲ၊ နိရောဓသစ္စာပဲ သိတယ်။
1,325,318
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နိရောေဓ အာရမ္မဏေတာ။
1,325,319
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာရမ္မဏတော၊ အာရုံပြုသော အားဖြင့်သိသည်။
1,325,320
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် ထိုးထွင်းပြီးသိသွားတယ်၊
1,325,321
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိံသု၊ နိရောဓသစ္စာမှ တပါးသော ဒုက္ခသစ္စာ, သမုဒယသစ္စာ, အရိယမဂ္ဂသစ္စာတို့၌၊ ကိစ္စတော၊ သိမှုကိစ္စပြီးသောအားဖြင့်။
1,325,322
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပဋိဝိဇ္ဇတိ၊ ထိုးထွင်း၍ သိ၏။
1,325,323
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သိမှုကိစ္စပြီး
1,325,324
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကျန်တဲ့ကိစ္စ ၃-ပါးကတော့ သိမှုကိစ္စ ပြီးတာတဲ့၊ နိရောဓနိဗ္ဗာန် ဆိုတဲ့ တရား အမှန်ကလေး သိလိုက်တာနဲ့ ဒုက္ခသမုဒယ၊ မဂ္ဂတွေလဲ သိပြီးသား ဖြစ်သွားပါတယ်တဲ့၊ ဘယ်လိုသိတာတုံး ဆိုတော့ မဂ္ဂသစ္စာဆိုတာ ပွားရတာကိုး၊ (ဘာဝနာဘိသမယ) ခေါ်တယ်၊ မိမိသန္တာန်မှာ ဖြစ်စေ ရတယ်၊ နိဗ္ဗာန်သိတဲ့ အခါကာလမှာ ဘယ်သူနဲ့ သိတုံးဆိုယင် အဲဒီမဂ္ဂသစ္စာနဲ့ပဲ ဖြစ်ပြီး...
1,325,325
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ့်သန္တာန်မှာ ဖြစ်ယင် သိရောပေါ့၊ ကိုယ့်သန္တာန်မှာ ဖြစ်လို့ရှိယင် ပြန်စဉ်းစား သိတော့တာပေါ့။
1,325,326
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ့်သန္တာန်မှာ မဖြစ်ဖူးတဲ့ တရားဆိုယင်တော့ မသိဘူး၊ လောကုတ္တရာတရား မပြောနဲ့ ရောဂါဝေဒနာတောင် ကိုယ်မဖြစ်ဖူးယင် မသိဘူး၊ ခေါင်းမကိုက်ဖူးတဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းကိုက်တဲ့ ဥစ္စာ သူများ ပြောပေမယ်လို့ မသိဘူး၊ သွားမနာဖူးတဲ့ ပုဂ္ဂိုလ်ဟာ သွားနာတာ သူများ ပြောပေမယ်လို့ မသိဘူး၊ မဖျားဖူးတဲ့ ပုဂ္ဂိုလ်ဟာ ဖျားတယ်ဆိုတာ ဘယ့်နှယ်နေတယ်ဆိုတာ မသ...
1,325,327
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လောကုတ္တရာ အရိယမမဂ်တရား ဆိုတာလဲ ဒီအတိုင်းပဲ၊ ကိုယ့်သန္တာန် မဖြစ်ပဲနဲ့တော့ မသိဘူး၊ ကိုယ့်သန္တာန်မှာ ဖြစ်မှ သိတယ်၊ ကိုယ့်သန္တာန် ဖြစ်တဲ့အခါ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်အာရုံထဲ ပြေးဝင်သွားတဲ့ သဘောကို သိရတာကိုး၊ ကိုယ်တိုင် တွေ့ရတော့ အဲဒီဟာ မိမိသန္တာန်မှာ ဖြစ်သွားပြီတဲ့၊ ကိုယ်တိုင်လဲ သိသွားပြီတဲ့၊ ဘာဝနာဘိသမယ အားဖြင့်သ...
1,325,328
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နောက်ပြီးတော့ နိဗ္ဗာန်ဆိုတဲ့ ငြိမ်းအေးတဲ့တရား တွေ့ရလို့ ဖြစ်ပျက်နေတဲ့ မငြိမ်းအေး တဲ့ ဒုက္ခသစ္စာတွေလဲပဲ သူသိသွားတယ်တဲ့၊ အယင်က ဝိပဿနာ ရှုတုန်းက ဖြစ်ပျက် နေတဲ့ တရားတွေ အကုန်လုံးဟာ နှစ်သက် သာယာစရာ မရှိလို့ ဆင်းရဲချည်းထဲပဲ၊ ဖြစ်ပျက်နေတဲ့ တရားတွေ ဘာမှ အားမကိုးလောက်ဘူး၊ ငြိမ်းနေတဲ့ တရားတွေ ကောင်းတယ်ဆိုတာ သဘောကျပြီးတော့ သိတယ်၊...
1,325,329
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ဒုက္ခသစ္စာ ဆင်းရဲတွေပဲလို့ သိနိုင်တော့ အကောင်းတွေ ထင်ပြီး သာယာမယ့် သမုဒယသစ္စာလဲ မဖြစ်နိုင်တော့ဘူး၊ သူ့လဲ ပယ်ပြီးသား ဖြစ်သွားတယ်၊ (ပဟာနာဘိသမယတဲ့) ပယ်သော အားဖြင့် ကင်းငြိမ်းသော အားဖြင့် သိခြင်းကိစ္စ ပြီးတယ်တဲ့၊ အဲဒီတော့ ဝိပဿနာရှုလို့ အဖြစ် အပျက်တွေ သိယင်းသိယင်းနဲ့ ရုပ်နာမ် သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကလေးကို နိဗ္ဗာန်အာ...
1,325,330
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပယ်တယ်ဆိုလဲပဲ သူ့အင်အား ရှိသလောက် ပယ်တာပေါ့လေ၊ သောတာပတ္တိမဂ်က ဘယ်လောက်ထိအောင် ပယ်သလဲဆိုယင် သက္ကာယဒိဋ္ဌိတဲ့၊ ဝိစိကိစ္ဆာတဲ့၊ အပါယ် ၄-ပါး ကျနိုင်တဲ့ အကုသိုလ်ကံတွေတဲ့၊ ဒါတွေပယ်တယ်၊ အဲဒါလောက် တဏှာပဲ ပယ်တယ်၊ ဒိပြင် လူ့ဘဝ နတ်ဘဝတွေ သာယာတဲ့ ကာမရာဂတွေ ဒီတဏှာတွေတော့ မပယ်နိုင်သေးပါဘူး၊ အပါယ်လေးပါး ကျလောက်တဲ့ တဏှာတွေကို ပယ်တယ်၊ ရူပ...
1,325,331
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီတော့ - ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓ ဂါမိနိယာ ပဋိပဒါယ ဉာဏံ။
1,325,332
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆိုတဲ့ သစ္စာလေးပါးသိတဲ့ဉာဏ်ဟာ သမ္မာဒိဋ္ဌိတဲ့၊ အဲဒီ သမ္မာဒိဋ္ဌိဟာ ဝိပဿနာ ဉာဏ်ကနေ အစဉ်အတိုင်းရှုလို့ အရိယမဂ်ဉာဏ် ရောက်တဲ့အခါမှာ ပြည့်စုံပါတယ်၊ အရိယမဂ်မှာလဲ သောတာပတ္တိမဂ် ဆိုယင်တော့ တစိတ်တပိုင်း ရှိသေးတာပေါ့လေ၊ နောက် သကဒါဂါမိမဂ် ရောက်အောင်လဲ အားထုတ်ရအုံးမယ်၊ အနာဂါမိမဂ် ရောက်အောင်လဲ အားထုတ်ရအုံးမယ်၊ အရဟတ္တမဂ် ရောက်အောင်လဲ ...
1,325,333
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသင်္ကပ္ပပြောရမယ်၊ မဂ္ဂင်ရှစ်ပါးတရား မဂ္ဂင်ဖောင်ဖွဲ့ပုံ၊ ဖောင်ဖွဲ့ဆိုပေမယ့် တခြားဖွဲ့တာတော့ မဟုတ်ဘူး၊ ရှုမှတ် နေတာဟာ မဂ္ဂင်ဖောင်တွေ ဖွဲ့နေတာပဲ၊ အဲဒါ သမ္မာဒိဋ္ဌိက၊ ဒါလောက်ဆိုယင် နားလည်လောက်ပါပြီ၊ နောက်ကဟာတွေက ကျဉ်းကျဉ်းပြောလို့ ရပါတယ်၊ အရေးကြီးတာကို အရေးကြီးသလို ခပ်ကျယ်ကျယ် ပြောနေရတယ်၊ သမ္မာသင်္ကပ္ပ။
1,325,334
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမော စ ဘိက္ခဝေ သမ္မာသင်္ကပ္ပော။
1,325,335
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသင်္ကပ္ပော၊ သမ္မာသင်္ကပ္ပမဂ္ဂင်သည်။
1,325,336
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမော စ၊ အဘယ်ပါနည်း။
1,325,337
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသင်္ကပ္ပမဂ္ဂင်ဆိုတာ ဘာလဲ။
1,325,338
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယော ခေါ ဘိက္ခဝေ နေက္ခမ္မသင်္ကပ္ပော၊ အဗျာပါဒသင်္ကပ္ပော အဝိဟိံသ သင်္ကပ္ပော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသင်္ကပ္ပော။
1,325,339
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယော ခေါ နေက္ခမ္မသင်္ကပ္ပော၊ အကြင်ကာမမှ ထွက်မြောက်သော အကြံအစည် လည်းကောင်း။
1,325,340
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယော ခေါ အဗျာပါဒသင်္ကပ္ပော၊ အကြင်မပျက်စီးစေလိုသော အဗျာပါဒသင်္ကပ္ပ လည်းကောင်း။
1,325,341
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယော ခေါ အဝိဟိံသသင်္ကပ္ပော၊ အကြင် မညှဉ်းဆဲလိုသော အဝိဟိံသသင်္ကပ္ပ လည်းကောင်း။
1,325,342
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အယံ၊ ဤ ၃-ပါးသော သင်္ကပ္ပကို။
1,325,343
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသင်္ကပ္ပော၊ မှန်ကန်သော အကြံအစည် သမ္မာသင်္ကပ္ပဟူ၍။
1,325,344
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သင်္ကပ္ပ ၃-မျိုး
1,325,345
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသင်္ကပ္ပ ဆိုတာ ၃-ပါး ရှိတယ်တဲ့၊ နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အဝိဟိံသ သင်္ကပ္ပ ၃-ပါး ပဲတဲ့၊ ပယ်ရမယ့် သင်္ကပ္ပက ၃-ပါး ရှိတယ်၊ သူက ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသဝိတက် ဆိုတဲ့ ဝိတက် ၃-ပါးနဲ့ ပြောင်းပြန်ပဲ။
1,325,346
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နေက္ခမ္မသင်္ကပ္ပ ဆိုတာ ကာမဝိတက်နဲ့ ပြောင်းပြန်ပဲ၊ နေက္ခမ္မ ထွက်မြောက်တယ်ဆိုတာ ဘယ်က ထွက် မြောက်သလဲ၊ ကာမနှစ်သက်သာယာမှုတွေမှ ထွက်မြောက်တာတဲ့ နှစ်သက်သာယာစရာ နှစ်သက်သာယာမှုက ထွက်မြောက်တယ်တဲ့။
1,325,347
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါဟာ အမျိုးမျိုးရှိပါတယ်၊ ဒါနကုသိုလ်နဲ့ စပ်ပြီးတော့လဲပဲ နေက္ခမ္မသင်္ကပ္ပ ရှိပါတယ်၊ ဒါန ကုသိုလ်နဲ့ စပ်ပြီးတော့ စွန့်ကြဲပေးကမ်း လှူဒါန်းဖို့ရာ စိတ်ကူး စဉ်းစား ကြံစည်တဲ့အခါ ကာလမှာ မိမိပိုင်ဆိုင်တဲ့ နှစ်သက်ဖွယ် သာယာဖွယ်တွေကို စွန့်လွှတ်တဲ့ သဘောနဲ့ သူကဖြစ်တယ်၊ စွန့်လိုတဲ့ သဘောနဲ့ ဖြစ်တယ်၊ အဲဒီ စွန့်လိုတဲ့ နေက္ခမ္မသင်္ကပ္ပ...
1,325,348
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သီလကုသိုလ်တွေလဲ ဒီလိုပဲ၊ သီလ မစောင့်ထိန်းလို့ ရှိယင် ရရှိမယ့် နှစ်သက် သာယာစရာ အာရုံ ဝတ္ထုတွေ ရှိတယ်၊ အဲဒါတွေကို ခင်မင်တွယ်တာနေလို့ ရှိယင် သီလကုသိုလ် မစောင့်ထိန်း နိုင်သေးဘူး၊ အခု ငယ်ပါသေးတယ်၊ နောက်မှပဲ စောင့်ရမှာပါပဲ၊ အခုတော့ဖြင့်ယင် ဒေါင်ကျကျ ပြားကျကျ ဒီလိုလုပ်ရအုံးမှာပဲ ဆိုပြီး ဒီလို လုပ်နေတာတွေ ရှိတာကိုး၊ အဲဒါ ကာမသင...
1,325,349
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘာဝနာပွားများရာလဲ ဒီအတိုင်းပဲ၊ ဘာဝနာတရား အားထုတ်ဖို့ဟာ ကာမသင်္ကပ္ပတွေ အားကြီးတဲ့ ပုဂ္ဂိုလ်က စိတ်ကူး စဉ်းစားနေတာကိုး၊ တရား အားထုတ်လိုက်ယင် အလုပ်တွေ ပျက်ကုန တော့မယ်၊ တချို့ ဒီလိုကို ပြောတတ်တယ်၊ တရားဘက် မလိုက်သေးပါဘူးတဲ့၊ လိုက်လို့ရှိယင်ဖြင့် ဒီမှာ လုပ်ငန်းတွေ ပျက်ကုန်မှာ စိုးလို့တဲ့၊ ဒီလို ပြောတယ်၊ တချို့ ဇနီး ခင်ပွန်း ၂...
1,325,350
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါက ဘုန်းကြီးက အတွေးနဲ့ ပြောတာမဟုတ်ဘူး၊ ဘုန်းကြီးရှေ့တွင်ပဲ တချို့ ပြောတာတွေရှိတယ်၊ တရားအားထုတ်ဖို့ရာ ပြောတော့ မဖြစ်ဘူး ဘုရားတဲ့၊ တော်တော်ကြာလို့ရှိယင် အိမ်ပြန်လာမှာ မဟုတ်ဘူး၊ ဒီလိုကိုး၊ အဲဒါနဲ့ တရား အားထုတ်လိုက်လို့ရှိယင် တရားထဲ စိတ်ဝင်သွားပြီး အိမ်မပြန်နိုင်ပဲ နေမှာစိုးလို့ တရား အားမထုတ်ဘူး၊ ဒီလို နေနေတာတွေ ရှိတယ်၊
1,325,351
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါ ကာမသင်္ကပ္ပ၊ ကာမဝိတက်က ဦးစီးပြီးတော့ လွှမ်းမိုးနေတာ၊ တရား အားထုတ်ဖို့ရာ စိတ်မကူးနိုင်ဘူး၊ တရား အားထုတ်ဖို့ကိုမပြောနဲ့ တရား နာဖို့ရာ တောင် စိတ်မကူးနိုင်ဘူး၊ ကာမ ဝိတက်တွေ အားကြီးပြီး ကာမဘက်ကနေ အားကြီး နေတဲ့ ပုဂ္ဂိုလ်တွေက တရားနာဖို့ရာတွေ မလာနိုင်ဘူး၊ ဒီလာလို့ ရှိယင်ဖြင့် အလုပ် တွေက ပျက်ကုန်မှာကိုး၊ ရမယ့်ဥစ္စာတွေ မရပဲ...
1,325,352
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နေက္ခမ္မသင်္ကပ္ပ ဦးစီးလာတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားနာဖို့ရာ စိတ်ကူးတယ်၊ တရား နာဖို့ရာ တရား နှလုံးသွင်းဖို့ရာ တရားအားထုတ်ဖို့ရာ စိတ်ကူးတယ်၊ စိတ်ကူးတဲ့ အတိုင်း အားလဲထုတ်တယ်၊ အားထုတ်တဲ့ အခါကာလမှာတော့ အထူးပြောနေစရာ မရှိဘူး၊ အားထုတ်တော့ အားထုတ်တိုင်း အားထုတ်တိုင်းဟာ နှစ်သက် သာယာမှုတွေ ပယ်နေတာပဲ၊ မြင်ရာကဖြစ်မယ့် နှစ်သက် သာယာမ...
1,325,353
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြင်ရာကလိုပဲ၊ ကြားရာက, နံရာက, စားရာက၊ တွေ့ထိရာက, စိတ်ကူး စဉ်းစားကြံစည်ရာက နှစ်သက် သာယာမှုတွေ ဖြစ်ခွင့်မရအောင်လို့ အနိစ္စ, ဒုက္ခ, အနတ္တတွေ လိုက်ပြီးတော့ သိနေတာ၊ ဒါ နေက္ခမ္မသင်္ကပ္ပတွေ ဖြစ်နေတယ်။
1,325,354
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဗျာပါဒသင်္ကပ္ပတဲ့၊ ဗျာပါဒ၏ ဆန့်ကျင်ဘက် ဗျာပါဒဝိတက်၊ ဒါကတော့ အခါခပ်သိမ်း ဖြစ်တာတော့ မဟုတ်ပါဘူး၊ ဗျာပါဒ ဆိုတာကတော့ သူတပါးသေပါစေ၊ ပျက်ပါစေ ဖြစ်အောင် ဖြစ်တဲ့ဥစ္စာမျိုး၊ ဗျာပါဒဆိုတာ ပျက်စီးစေချင်တဲ့ သဘော အကြံအစည်၊ ဒါကတော့ ဆန့်ကျင်ဘက်တွေ အရေးတကြီးဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ တွေ့တတ်တယ်၊ အခု အဗျာပါဒ သင်္ကပ္ပက အဲဒါရဲ့ ပြောင်းပြန...
1,325,355
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဗျာပါဒမေတ္တာတွေ ပွားနေတဲ့အခါဆိုယင် ထင်ရှားပါတယ်၊ အခုတရားအားထုတ်တဲ့ အခါလဲ ဒီအတိုင်းပါပဲ၊ တရားအားထုတ်တဲ့ အခါမှာတော့ အဲဒီ မေတ္တာ သဘောမျိုးနဲ့ ချမ်းသာပါစေလို့ နှလုံးသွင်း နေတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ်လို့ မြင်ရာ ကြားရာကနေပြီးတော့ မြင်တိုင်း ကြားတိုင်းတွေ အမှန်အတိုင်း ရှုပြီးတော့ သိပြီးတော့ နေတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီမြင်မှု ကြာ...
1,325,356
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဝိဟိံသ သင်္ကပ္ပ
1,325,357
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဝိဟိံသ သင်္ကပ္ပတဲ့၊ အဝိဟိံသ သင်္ကပ္ပဆိုတာ ကရုဏာနဲ့ စပ်တယ်၊ ဝိဟိံသာက ညှဉ်းဆဲတာကိုး၊ သူများကို ညှဉ်းဆဲတယ်၊ နှိပ်စက်တယ်၊ ကိုယ်နဲ့ ညှဉ်းဆဲတယ်၊ နှုတ်နဲ့ ညှဉ်းဆဲတယ်၊ ကိုယ်နဲ့နှုတ်နဲ့ သူတပါး ဒုက္ခရောက်အောင်လို့ ညှဉ်းဆဲလိုတဲ့ အကြံအစည်တွေဟာ ဝိဟိံသသင်္ကပ္ပ ခေါ်တယ်၊ ဝိဟိံသသင်္ကပ္ပ အားကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ သူများဒုက္ခ ရောက်အောင်...
1,325,358
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု တရားအားထုတ်တဲ့အခါကာလမှာလဲ မြင်တိုင်း, ကြားတိုင်း, ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းတွေ ရှုနေတော့ အဲဒီ ပေါ်သမျှ အာရုံတွေနဲ့ စပ်ပြီး ညှဉ်းဆဲလိုတဲ့ စိတ်တွေမဖြစ်ရဘူး၊ ဖြစ်ခွင့်ကိုမရှိဘူး၊ လုံးလုံးငြိမ်းနေတယ်၊ ဒါကြောင့် မှတ်တိုင်း မှတ်တိုင်း အဝိဟိံသ သင်္ကပ္ပဖြစ်သည်၊ ရှုလို့မှတ်လို့ ရုပ်နာမ်မျှသိခဲ့လို့ ရှိယင် အဖြစ်အပျက်...
1,325,359
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာမဟုတ်တဲ့ ဒိပြင် စိတ်တွေမှာတော့ နှစ်သက်စရာ, သာယာစရာ အာရုံတွေကို စွန့်လွှတ်တဲ့ အခါကာလတွေမှာ နေက္ခမ္မသင်္ကပ္ပ ဖြစ်တယ်၊ သူတပါးတွေ ချမ်းသာပါစေလို့ မေတ္တာပွားတဲ့ အခါမှာ အဗျာပါဒသင်္ကပ္ပ ဖြစ်တယ်၊ သူတပါးတွေ ဆင်းရဲမှ လွတ်ပါစေလို့ ကရုဏာ ပွားတဲ့အခါကာလမှာ အဝိဟိံသ သင်္ကပ္ပ ဖြစ်တယ်။
1,325,360
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာရှုတဲ့အခါမှာတော့ အဲဒီရှုတိုင်းရှုတိုင်း အဲဒီ ၃-ခုလုံး တခါတည်း ဖြစ်ပြီး နေတယ်၊ ရှုမိတဲ့ အာရုံနဲ့စပ်ပြီးတော့ ကာမဆိုတဲ့ နှစ်သက် သာယာမှု လောဘ မဖြစ်နိုင်ဘူး၊ ဖြစ်ခွင့်မရှိဘူး၊ ဗျာပါဒ ဆိုတဲ့ ပျက်စီးပါစေ ဆိုတဲ့ ဒေါသမဖြစ်ဘူး၊ ဝိဟိံသဆိုတဲ့ ညှဉ်းဆဲလိုမှုဒေါသတွေ မဖြစ်၊ သူတို့ ၂-ခုဟာ ဒေါသချည်းထဲပဲ၊ ဗျာပါဒနဲ့ ဝိဟိံသက ကွာတာက ဗ...
1,325,361
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ဝိပဿနာ ရှုတဲ့အခါကာလ အဲဒီ ၃-ခုလုံး တခါတည်း ဒီသင်္ကပ္ပ ၃-ခုလုံး တခါတည်း ပြီးတယ်တဲ့၊ အဲဒါဟာ တခါမှတ်လိုက်ယင် နေက္ခမ္မသင်္ကပ္ပလဲ ဖြစ်တယ်၊ အဗျာပါဒသင်္ကပ္ပလဲ ဖြစ်တယ်၊ အဝိဟိံသသင်္ကပ္ပလဲ ဖြစ်တယ်၊ အဲဒါ ၃-ခုလုံးဟာ ပွားနေတာပဲ၊ ဒါလဲ ဖောင်ဖွဲ့နေတာပဲ။
1,325,362
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါစာ ဒီတော့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ အဲဒီသီလမဂ္ဂင် ၃-ပါးရှိတယ်၊ အဲဒီ သီလမဂ္ဂင် ၃-ပါး က သမ္မာဝါစာဆိုတာ ဝစီကံကနေပြီး ဝစီဒုစရိုက်တွေကို ပယ်တဲ့သဘော၊ သမ္မာဝါစာက ဝစီဒုစရိုက် တွေ ပယ်တာတဲ့။
1,325,363
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမာစ ဘိက္ခဝေ သမ္မာဝါစာ၊ ယာ ခေါ ဘိက္ခဝေ မုသာဝါဒါ ဝိရတီ၊ ပိသုဏဝါစာဝိရတီ၊ ဖရုသာယဝါစာယ ဝိရတီ၊ သမ္ဖပလာပါ ဝိရတီ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါစာ။
1,325,364
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါစာ၊ သမ္မာဝါစာမဂ္ဂင်ဟူသည်။
1,325,365
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါစာ၊ မှန်သောပြောဆိုခြင်း၊ အမှန် ပြောခြင်း၊
1,325,366
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အမှန်ပြောခြင်းဆိုပေမယ့် တကယ်ပြောမှ မဟုတ်ဘူး၊ မပြောပဲနဲ့လဲ ဖြစ်ပါတယ်၊ ဝိရတီ၊ ကြဉ်တဲ့ သဘောပဲ။
1,325,367
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မင်္ဂလသုတ်မှာပါတဲ့ အာရတီဝိရတီတွေပဲ၊
1,325,368
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မုသာဝါဒါ၊ မမှန်သောစကားကို ပြောဆိုခြင်းမှ။
1,325,369
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယာဝိရတီ၊ အကြင် ကြဉ်ရှောင်ခြင်း လည်းကောင်း။
1,325,370
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပိသုဏာယဝါစာယ၊ ကုန်းတိုက်ခြင်းမှ။
1,325,371
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယာဝိရတီ၊ အကြင်ကြဉ်ရှောင်ခြင်း လည်းကောင်း။
1,325,372
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖရုသာယဝါစာယ၊ ကြမ်းတမ်းသော ဆဲဆိုစကားမှ။
1,325,373
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္ဖပလာဝါ၊ အပြိန်အဖျင်း စကားမှ။
1,325,374
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အယံ၊ ဤ ကြဉ်ရှောင်ခြင်းကို။
1,325,375
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါစာ၊ သမ္မာဝါစာ မဂ္ဂင်ဟူ၍။
1,325,376
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါစာဆိုတာ မိစ္ဆာဝါစာ ၃-ခုမှ ကြဉ်ရှောင်တာပါပဲတဲ့၊ အခုသီလ ဆောက်တည်တဲ့ ပုဂ္ဂိုလ်တွေ သီတင်းသုံး ကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာ ဆောက်တည်တဲ့ အခါမှာလဲ ဒီဝိရတီတွေ သာမည အကြမ်းဖျင်း ဖြစ်တယ်လို့ ဆိုရမှာပေါ့၊ အထူးအားဖြင့်တော့ အရေးအကြောင်းရှိလို့ ရှောင်ကြဉ်တဲ့ အခါကာလမှာ ဒါရှောင်ကြဉ်တာ ဖြစ်တယ်၊ လိမ်ပြောစရာ အကြောင်းက ပေါ်လာပြီတဲ့၊
1,325,377
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဥစ္စာ လိမ်ပြောမှပဲ နေရာကျမယ်လို့ အကြောင်းကလေး ပေါ်လာပြီတဲ့၊ ဒီဥစ္စာ လိမ်ပြောမှ နေရာကျမယ်လို့ အကြောင်းကလေးပေါ်လာတယ်၊ မလိမ်လို့ရှိယင်ဖြင့် ကိုယ်ကျိုး ပျက်စီးစရာ အကြောင်းရှိတယ်၊ လိမ်လိုက်မှပဲ မိမိတို့မှာ လွတ်ကင်း ချမ်းသာ သွားမယ်လို့ အဲဒီအကြောင်းကလေးတွေ ရှိတတ်ပါတယ်၊ ကိုယ့်အမှုတွေ ကိုယ့်အပြစ်တွေ မပေါ်အောင်လို့ပေါ့လေ၊ သူမျ...
1,325,378
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မုသာဝါဒါဝိရတီ၊
1,325,379
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မုသာဝါဒါ - လိမ်လည်ပြောဆိုခြင်းမှ၊ ဝိရတီ - ကြဉ်ရှောင်ခြင်းတဲ့။
1,325,380
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုပြီး ဆောက်တည်တဲ့ အခါ ကာလမှာ နောက်တကယ် ကြုံတဲ့ အခါကာလလဲပဲ မဆောက်တည်ပဲ ဖြစ်ဖြစ် ဆောက်တည်ထားလို့ပဲ ဖြစ်ဖြစ် ပေါ့လေ၊ တကယ် ကြုံတဲ့အခါမှာ လိမ်လည်စရာ အကြောင်း ရှိတဲ့အခါမှာ မလိမ်ပဲနဲ့ ရှောင်လိုက်လို့ရှိယင် အဲဒါ သမ္မာဝါစာမဂ္ဂင် ဖြစ်တယ်၊ ဒါကတော့ သီလကို ရိုရိုသေသေ လေးလေး စားစား ဆောက်တည်နေတဲ...
1,325,381
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပိသုဏဝါစာ - ကုန်းတိုက်စကားမှတဲ့၊ လူနှစ်ယောက်ဖြစ်စေ၊ အများဖြစ်စေ၊ တဦးနဲ့တဦး တဖွဲ့နဲ့ တဖွဲ့ မုန်းတီးအောင်လို့ ပြောဆိုတဲ့ စကားဟာ ပိသုဏဝါစာ ခေါ်တယ်၊ ကုန်းတိုက်တာ ခေါ်တယ်၊ အဲဒီလို ပြောစရာအကြောင်း ရှိတဲ့အခါ မပြောပဲနဲ့ ကြဉ်ရှောင်လိုက်ယင် ဒါ ပိသုဏဝါစာဝိရတီ ဆိုတဲ့ သမ္မာဝါစာမဂ္ဂင် ဖြစ်တယ်။
1,325,382
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖရုသဝါစာ - ကြမ်းတမ်းသော စကားတွေကို ပြောဆိုတာ၊ ဆဲရေး ကျိန်ဆိုခြင်း, ဆဲဆိုခြင်း, နားမချမ်းသာတဲ့ စကားတွေကို စိတ်ဆိုးတဲ့ အခါကျယင် အဲဒါတွေကို ပြောတတ်တယ်၊ လူဆိုတာ စိတ်ဆိုပြီးမှဖြင့် ပြောတတ်တာပဲ၊ အများအားဖြင့်တော့ ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ပြောရတာ များပါတယ်၊ ဒါက တခြားက ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်တွေသွားပြီး ဆိုဆဲနေတာကတော့ ဒ...
1,325,383
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ ကိုယ်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုဆဲမှု, ကြိမ်းမောင်းမှုတွေ ဖြစ်တတ်တယ်၊ အထက်လူကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေက အောက်လူတွေကို ဆိုဆဲကြိမ်းမောင်းမှုတွေ၊ ဒီလိုဟာတွေ ရှိတတ်တယ်၊ အဲဒါတွေ နားမခံသာအောင်လို့ ဆိုဆဲခြင်းတဲ့၊ တချို့က ငယ်ငယ်ကတည်းက အလေ့အကျင့်ရနေတယ်၊ အဲဒါတွေ ဆိုတတ် ဆဲတတ်တယ်၊ စိတ်က သိပ်မပါ ပေမယ်လို့ နှုတ်က ဒီလို ...
1,325,384
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီမှာ တကယ် စိတ်ဆိုးပြီးတော့ စိတ်လိုက် မာန်ပါနဲ့ သူတပါးတွေ နားမချမ်းသာအောင်လို့ ဆိုလိုက် ဆဲလိုက် ကြိမ်းလိုက် မောင်းလိုက် လုပ်နေတာတွေ အဲဒါတွေဟာ ဖရုသဝါစာ ခေါ်တယ်၊ အဲဒါကြဉ်ရှောင်ရတယ်၊ အဲဒီ ပြောစရာ ဆိုစရာတွေ မကျေနပ်မှုတွေ ပေါ်လာတဲ့အခါ စိတ်ထဲက ပြောချင်ပြီဆိုယင် မပြော တော့ဘူးလေ၊ ငါ့မှာ သီလ ဆောက်တည်ထားတာ၊ သီလစင်ကြယ်အောင် လို...
1,325,385
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒိပြင်ဟာတွေ ထားပါတော့၊ ဒါကတော့ အထူးပေါ်တယ်၊ ဒိပြင်ဟာတွေက ဒါလောက် ကိစ္စမရှိဘူး၊ ဒါက အထူးပေါ်တယ်၊ မုသာဝါဒါ လိမ်ပြောတယ် ဆိုတာကမှ အလိမ်ခံရတဲ့ ပုဂ္ဂိုလ်က သူတယောက်တည်း သိချင်လဲ သိမယ်၊ ဒိပြင်ပုဂ္ဂိုလ်တွေ သိမှာ မဟုတ်ဘူး၊ တချို့လဲ အလိမ် ခံရတာတွေကို မသိတာတွေလဲ ရှိတာပါပဲ၊ လိမ်တဲ့ပုဂ္ဂိုလ်က ပိပိရိရိ လိမ်တာတွေဆိုတာ ရှိတယ်၊ အဲဒါတွေ ...
1,325,386
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖရုသဝါစာရှောင်ဖို့ အရေးကြီး
1,325,387
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟောဒီ ဖရုသဝါစာ ဆိုတဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာက လူသိပ်သိတယ်၊ ဆိုင်ရာပုဂ္ဂိုလ် တွေတင် မဟုတ်ဘူး၊ ဘေးက ပုဂ္ဂိုလ်တွေကပါ အကုန်လုံး သိကုန် တယ်၊ တယ်နေရာမကျဘူး၊ နှုတ်ကြမ်းတယ်၊ မစောင့်စည်းဘူး၊ သူတော်ကောင်း တရား ဒီပုဂ္ဂိုလ် သိပ် မကပ်သေးဘူး၊ ဘေးက ပုဂ္ဂိုလ်တွေက ချိန်ထိုးတယ်၊ ကြမ်းကြမ်း တမ်းတမ်းတွေ ပြောပြီ ဆိုလို့ရှိယင် တချို့က...
1,325,388
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပြီးတော့ကို အဲဒီလို ကြိုးကြိုးစားစား ကြမ်းကြမ်းတမ်းတမ်း ပြောတတ်တဲ့ ပုဂ္ဂိုလ်အနားကို လူတွေက တယ်လဲ မကပ်ချင်ကြဘူး၊ မလွှဲသာလို့သာပဲ ချဉ်းကပ်ယင် ချဉ်းကပ်ရမယ်၊ တယ် မကပ်ချင်ဘူး၊ အပေါင်းအဖော် တယ်မလုပ်ချင်ဘူး၊ ဘာပြု လို့လဲ ဆိုတော့ သူက ကြမ်းကြမ်း တမ်းတမ်းတွေ ပြောတတ်လို့ အဲဒါ အရေးကြီးတယ်၊ လူမုန်းများတယ်၊ နှုတ်က ချိုချိုသာသာ ပြောတ...
1,325,389
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သိတတ်တဲ့အရွယ် သိတတ်တဲ့အရွယ်အလိုက် ပြင်ရသေးတယ်၊ သူတော်ကောင်း တရားတွေ လေ့လာနေတဲ့ အချိန်မှာ အသက်အရွယ်တွေ ကြည့်ပြီးတော့ ပြင်ရတယ်၊ ပြင်မှ ဟောဒီတရား အားထုတ်ထားလို့ တကယ်ကို တရားတွေ အချိုးကျနေပြီဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလို သိပ်လဲ မဖြစ်ပါဘူး၊ ဆဲလောက်အောင် ဆိုလောက်အောင် စိတ်တွေဆိုတာ မဖြစ်ပါဘူး၊ သက်သာရာ ရတယ်၊ အဲဒါ အရေးကြီးပါတယ်။
1,325,390
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္ဖပလာပါတဲ့ အပြိန်အဖျင်းတွေတဲ့၊ မဟုတ်က ဟုတ်ကတွေ အခုအခါ ကာလ ဒဏ္ဍာရီဝတ္ထုမျိုး တွေပေါ့လေ၊ သူများတွေကို တကယ်အဟုတ် ထင်ပြီးတော့ နားထောင်တယ်၊ အချိန်ကုန် လူပမ်း အလကား အကျိုးမဲ့ ဖြစ်အောင်လို့ အဲဒီလို ဟာတွေ ပြောဆိုခြင်းဟာလဲပဲ ဒါလဲ ကြဉ်ရှောင်ရမယ်၊ ပြောချင်တဲ့အခါကာလ မပြောတော့ဘူး၊ ကြဉ်ရှောင်နေလိုက်ယင် သမ္မာဝါစာမဂ္ဂင် ဖြစ်ပြီတဲ့။
1,325,391
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု တရားအားထုတ်တဲ့ အခါကာလကျတော့ ရှုမှတ်ရုံနဲ့ ပြီးပါတယ်၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း လိမ်စရာ အကြောင်းလဲ ဒီအထဲပါမှာပဲ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆို စရာအကြောင်းလဲ ပါမှာပဲ၊ ကုန်းတိုက်စရာ အကြောင်းလဲ ပါမှာပဲ၊ အပြိန်အဖျင်း ပြောစရာ အကြောင်းလဲ ရှိမှာပဲ၊ မြင်ရာ, ကြားရာကနေပြီးတော့၊ ဒါပေမယ်လို့ ဒီဝိပဿနာ ရှုနေတာနဲ့ လိမ်ပြောဖို့ရာ စိ...
1,325,392
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မရှုတဲ့အခါမှာ ဆိုယင်တော့ ခုနက ပြောခဲ့တဲ့အတိုင်း -
1,325,393
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မုသာဝါဒါ ပြောစရာ ရှိတဲ့အခါမှာ မပြောပဲနဲ့ ကြဉ်ရှောင်လိုက်ရုံပဲ၊ ဖရုသဝါစာ အကြမ်း ပြောစရာ ရှိတဲ့အခါမှာလဲ မပြောပဲနဲ့၊ ပိသုဏဝါစာ ကုန်းတိုက် ပြောစရာ ရှိတဲ့အခါ ကုန်းတိုက် မပြောပဲနဲ့၊ သမ္ဖပလာပါ အပြိန်အဖျင်း ပြောစရာရှိတဲ့အခါ မပြောပဲနဲ့ကြဉ်ရှောင်ယင် သမ္မာဝါစာ မဂ္ဂင် ဖြစ်ပြီတဲ့၊
1,325,394
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီအတိုင်းဖြစ်ရမှာ၊ ဒါကတော့ လူတိုင်းလူတိုင်း ကျင့်နိုင်ပါတယ်၊ ကျင့်လဲ ကျင့်ရမယ့် ဥစ္စာတွေ၊ ဒါက တရားအားမထုတ်ပဲလဲ ကျင့်နိုင်တာပဲ၊ သီလမဂ္ဂင်ခေါ်တယ်။
1,325,395
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာကမ္မန္တတဲ့၊ အလွယ်တကူပဲ ပြောတော့မယ်၊ သမ္မာကမ္မန္တဆိုတာ ကာယဒုစရိုက် ၃-ပါးမှ ကြဉ်ရှောင်တာ၊
1,325,396
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်း၊ အဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်း၊ ကာမေသုမိစ္ဆာစာရမှ ကြဉ်ရှောင်ခြင်း၊
1,325,397
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီလိုပြောယင် မြန်မြန် ပြီးပါတယ်၊ ပါဠိတွေကတော့ ကြည်ညိုဖွယ်ဖြစ်အောင်လို့ ဘုန်းကြီးက ပြောနေတာ၊ သူတပါးအသက်ကို သတ်စရာအကြောင်း ရှိတဲ့အခါ မသတ်ပဲနဲ့ ကြဉ်ရှောင်တယ်တဲ့၊ သီလဆောက်တည် ထားလို့ဖြစ်စေ၊ မဆောက်တည် ပဲနဲ့ ဖြစ်စေ၊ ဥပမာဆိုပါတော့ လူကို ခြင်က ကိုက်နေတယ်၊ ရိုက်သတ်လိုက်ဖို့ အကြောင်းတော့ ရှိတာပေါ့လေ၊ ငါ့ကိုလာကိုက်တာ နင် သေရောဟဲ့...
1,325,398
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူတပါး ဥစ္စာတွေ ခိုးစရာ ရှိလာတယ်တဲ့၊ သူတပါးဥစ္စာတွေ ခိုးတယ်ဆိုတာ အဒိန္နဒါန်ဆိုတာ သူတပါး သိမ်းဆည်းထားတဲ့ ဥစ္စာတွေယင်လဲ ဖြစ်ရမယ်၊ သူတပါး သိမ်းဆည်းတဲ့ ဥစ္စာရယ်လို့လဲ အမှတ်ရှိရမယ်၊ ခိုးလိုသော စိတ်လဲဖြစ်ရမယ်၊ ကြောင့်ကြဗျာပါရ စိုက်ပြီး ခိုးယူတဲ့အဖြစ်လဲ ဖြစ်ရမယ်၊ တနည်းနည်းနဲ့ သူ့ဥစ္စာကို နေရာမှရွှေ့ခြင်း စသည်ဖြင့်လဲ ခိုးတာဖြစ...
1,325,399
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ သူတပါးဥစ္စာတွေ အလွယ်တကူ ရလို့ဖြစ်စေ၊ တနည်းနည်းနဲ့ဖြစ်စေ ခိုးစရာအကြောင်း ရှိလာတယ်၊ ခိုးစရာလုစရာ အကြောင်း ရှိလာတယ်၊ အဲဒီလို အခါကျယင် မခိုးပဲနဲ့ ကြဉ်ရှောင် နေတယ်တဲ့၊ ဒါက အခုလို တရားနာနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒါကဒေသနာအစဉ်မို့သာ ပြောရတာပါ၊ ခိုးစရာအကြောင်း မရှိပါဘူး၊ ဒါကတော့ ကြဉ်ရှောင်နေကြမှာပဲ၊ သူတော်ကောင်း တရားတွေ ...
1,325,400
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါဏာ စ သံယမော။