id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,401 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာရတီ၊ ဝေးစွာကြဉ်ရှောင်ခြင်း။ |
1,325,402 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိရတီ၊ အထူးသဖြင့် ကြဉ်ရှောင်ခြင်း။ |
1,325,403 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေးစွာကြဉ်ရှောင်ခြင်း၊ |
1,325,404 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ်ထဲက ကြဉ်ရှောင်ရမယ်။ |
1,325,405 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိရတီကတော့ ကာယကံ ဝစီကံမြောက် မကျူးလွန်ပဲနဲ့ ကြဉ်ရှောင် ရမယ်၊ စိတ်ထဲကပြင်လိုက်မယ် ဆိုယင်တော့ သာပြီးတော့ ဝေးတာ ပေါ့လေ၊ စိတ်ထဲကကို မကောင်းမှု ပြုလိုတဲ့စိတ်တွေ မရှိဘူးဆိုယင် ပိုပြီးတော့ ဝေးတာပေါ့ အာရတီ၊ ဝေးစွာ ကြဉ်ရှောင်ခြင်း။ |
1,325,406 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့သူတော်ကောင်းတရားတွေ ပွားများနေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ဒုစရိုက်အကြမ်းတွေက ဝေးစွာကြဉ်ရှောင်ခြင်း ဖြစ်နေရမှာပဲ၊ စောစောကပဲ အခုတော့ ဒေသနာမို့ ဒေသနာထဲမှာ ဒီလိုပဲပြောရမယ်၊ ဒီလိုပြောမှလဲ နားလည်တယ်၊ သူတပါးဥစ္စာတွေ ခိုးစရာ, လုစရာ, ယက်စရာ အကြောင်းရှိတဲ့ အခါကာလ ကျလို့ရှိယင် အဲဒါ ကြဉ်ရှောင်လိုက်ပြီတဲ့၊ စိတ်ထဲကိုက မတရားသဖြင့... |
1,325,407 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ သမ္မာကမ္မန္တမဂ္ဂင်ပဲ။ |
1,325,408 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေသုမိစ္ဆာစာရာဝိရတီ၊ |
1,325,409 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေသုမိစ္ဆာစာရာ၊ မပိုင်မဆိုင်သော ကာမဂုဏ်။ |
1,325,410 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေသု၊ ကိုယ်နဲ့မပိုင်မဆိုင်တဲ့ ကာမဂုဏ်တို့၌ မကျူးလွန်သင့်တဲ့ ကာမဂုဏ်တို့၌ ကျူးလွန်ခြင်းမှ ကြဉ်ရှောင်သည်တဲ့၊ |
1,325,411 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကလဲ သူတော်ကောင်းတွေ အဖို့မှာ ကြဉ်ရှောင်နေရမှာပါပဲ၊ ဝေးစွာ ကြဉ်ရှောင် ဆိုတာ စိတ်ကိုက မရောက်အောင် ဝေးစွာကြဉ်ရှောင်နေရမယ်၊ စိတ်က ဖြစ်လာတောင်မှ ကိုယ်က မရောက်ပဲနဲ့ ကြဉ်ရှောင်ရမယ်၊ အဲဒါ သမ္မာကမ္မန္တမဂ္ဂင်တဲ့။ |
1,325,412 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားအားထုတ်နေတဲ့ အခါမှာတော့ မြင်တိုင်းကြားတိုင်း ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်း မှတ်နေတော့ ပါဏာတိပါတဆိုတာ ဖြစ်ဖို့ရာ၊ ပါဏသတ္တဝါပဲ ဆိုတဲ့ အဲဒီထိအောင် မရောက်ရဘူး၊ မြင်ယင် မြင်ရုံမျှ၊ ကြားယင် ကြားရုံမျှကလေးကို သတ်ချင်တဲ့ စိတ်ဆိုတာ အဝေးကြီး၊ မဖြစ်ရဘူး၊ ခိုးစရာဆိုတဲ့ ဥစ္စာလဲပဲ ဘာရယ်ညာရယ်လို့ မရှိဘူး၊ မြင်ပြီးပျောက်၊ ကြား... |
1,325,413 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝမဂ္ဂင်၊ သမ္မာအာဇီဝဆိုတာကတော့ - |
1,325,414 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဣဓ ဘိက္ခဝေ အာရိယသာဝကော မိစ္ဆာအာဇီဝံ ပဟာယ သမ္မာအာဇီဝေန ဇီဝိတံ ကပ္ပေတိ။ |
1,325,415 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရိယသာဝကော၊ မြတ်စွာဘုရား၏ တပည့်ဖြစ်သောပုဂ္ဂိုလ်သည်။ |
1,325,416 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိစ္ဆာအာဇီဝံ၊ မတရားသဖြင့် အသက်မွေးမှုကို။ |
1,325,417 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝေန၊ မှန်စွာ တရားသော အသက်မွေးမှုဖြင့်။ |
1,325,418 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဇီဝိတံ၊ အသက်မွေးခြင်းကို။ |
1,325,419 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကပ္ပေတိ၊ ပြု၏။ |
1,325,420 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မတရားသဖြင့် အသက်မွေးခြင်း ကြဉ်ရှောင်ပြီးတော့တဲ့၊ တရားသဖြင့် ပစ္စည်း ရှာတာပါပဲ၊ မတရား သဖြင့် ပစ္စည်းရှာမှုကို မပြုဘူးပေါ့လေ၊ အသက်မွေးတယ်ဆိုတာ ရှာရတာပဲ၊ ကိုယ့်အသက်ကလေး အသက်ရှင်ရအောင် စားရေး, သောက်ရေး, နေရေး, ထိုင်ရေး ပြည့်စုံရအောင်လို့ ပစ္စည်းရှာရတာပဲ၊ အသက်မွေးတယ် ဆိုတာ ရှာတာပဲ၊ တနည်းနည်းနဲ့ ရှာတာပဲ။ |
1,325,421 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ဘယ်နည်းနဲ့ရှာတုံးဆိုတော့ မတရားသဖြင့် ရှာတာတွေ ခုနက ဝစီကံ ၄-ပါး နဲ့ ရှာတာရှိတယ်၊ ကာယကံ ၃-ပါး နဲ့ ဒုစရိုက် ၃-ပါးနဲ့ ရှာတာရှိတယ်၊ သူတပါးအသက်ကို သတ်ဖြတ်ပြီးတော့ အသက်မွေးတယ်၊ သူတပါးတွေ သတ်ဖြတ်ပြီး တော့ ရောင်းချတာတွေလဲ ရှိတာပေါ့လေ၊ သတ်ဖြတ်တဲ့ လုပ်ငန်းတွေလုပ်တာလဲ ရှိတာပေါ့လေ၊ ဒီဥစ္စာတွေဟာ အဲဒါတွေနဲ့ ရလာတဲ့ ပစ္စည်းတွေ... |
1,325,422 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လိမ်လည်ပြီးတော့ သူတပါးဥစ္စာတွေ မရသင့်ပဲနဲ့ ရအောင် လိမ်လည်ပြီးတော့ ရတာယူ အဲဒါ မိစ္ဆာအာဇီဝတဲ့၊ ဖရုသဝါစာနဲ့ အကြမ်းပြောပြီး ရတဲ့နည်းနဲ့လဲ ပြောပြီး ခြိမ်းခြောက်ပြီး လုပ်တာ တွေလဲ ရှိမှာပေါ့လေ၊ ပိသုဏဝါစာနဲ့ ကုန်းတိုက်ပြီးတော့ ကိုယ်ကြီးပွားရေး စီးပွားရေး လုပ်တာတွေ၊ ဒါတွေလဲရှိတာပဲ၊ ဒါတွေကတော့ အများကြီးပါပဲ၊ အဖွဲ့အသင်းအပင်းတွေ ဘ... |
1,325,423 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလိုဟာတွေ ကြဉ်ရှောင်တယ်တဲ့၊ လိုရင်းတော့ မတရားသဖြင့် ပစ္စည်းရှာမှုတွေ မလုပ်ဖူး ပေါ့လေ၊ မတရားသဖြင့် မရသင့် မရထိုက်တဲ့ ပစ္စည်းတွေကို မတရားသဖြင့် ရှာကြံမှု မပြုဘူးတဲ့၊ တရားသဖြင့် ရသင့်ရထိုက်တဲ့ ပစ္စည်းလောက်ပဲ ရှာတယ်၊ ကောင်းသော အလုပ်အကိုင်ဖြင့် တရားသဖြင့်ရတဲ့ ပစ္စည်းကလေးလောက်ပဲ မျှတပြီးတော့ နေတယ်တဲ့၊ ဒီဥစ္စာဟာ သမ္မာအာဇီဝ... |
1,325,424 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပစ္စည်း ၄-ပါးမှာ ဆွမ်းဆိုလို့ ရှိယင်ဖြင့် အချိန်တန်ယင် ဆွမ်းခံဖို့၊ သင်္ကန်းဆိုလို့ ရှိယင်လဲ ပံ့သကူ စသည်ရှာဖို့၊ အကယ်၍ ပံ့သကူရှာလို့ မရလို့ ရှိယင်လဲပဲ ဒကာ - ဒကာမတွေ ရှေ့မှာ ကာယဝိညတ်နဲ့ ရပ်မေး၊ မေးမှပဲပြောရမယ်၊ သွားပြီးတော့ အလှူမခံရဘူးတဲ့၊ အဲဒီလိုနည်းတွေ ရှိပါတယ်၊ ကာယဝိညတ်နဲ့ လောက်ပဲ အလှူခံဖို့ရာ နည်းတွေ ရှိပါတယ်၊ ဒီလို... |
1,325,425 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလိုဟာတွေက ကာယဝိညတ် မဟုတ်ပါဘူး၊ ဝစီဝိညတ်ရော ဘာရော၊ တောင်းခံ နေတာတွေ ရှိပါတယ်၊ တချို့မသက်ဆိုင်တဲ့ ဥစ္စာတွေ ငွေအလှူခံ ဘာအလှူခံ ဒါတွေလဲရှိပါတယ်၊ အဲဒါတွေကတော့ သူတို့က စောင့်စည်းမှုတွေက လုံးလုံး ပျက်ကွက်နေတဲ့ သဘော ရှိနေတာပါပဲ၊ ဒီဥစ္စာတွေကတော့ အထူးပြောနေစရာ မလိုပါဘူး၊ အဲဒီလို မတရားသဖြင့် ရှာမှီးမှုတွေတဲ့၊ ရဟန်းတွေမှာ အမျာ... |
1,325,426 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို မတရားသော အသက်မွေးမှုတွေ အကုန်လုံးကြဉ်ရှောင်ပြီးတော့ ရဟန်း ဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တရားသဖြင့် တရားနဲ့အညီ ရှာမှီးပြီးတော့နေတာက သမ္မာအာဇီဝ မဂ္ဂင်တဲ့။ |
1,325,427 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် သမ္မာဝါယာမ၊ သမ္မာကမ္မန္တ၊ တရားအားထုတ်တဲ့အခါမှာတော့ ရှုတိုင်းမှတ်တိုင်း ဒီ သမ္မာအာဇီဝက ပြီးပါတယ်၊ မြင်ရာကြားရာကနေပြီးတော့ မတရားသဖြင့် ဖြစ်ခွင့်တွေမရဘူး၊ ရှုယင်းမှတ်ယင်းနဲ့ အနိစ္စ, ဒုက္ခ, အနတ္တတွေ သိနေတော့ အဲဒီ တရားအားထုတ်တုန်းက မြင်ခဲ့ ကြားခဲ့တဲ့ အာရုံတွေနဲ့ စပ်ပြီးတော့ မတရား ရှာမှီးမှုတွေဟာ စိတ်ကူးထဲမှာကို မပေါ်လ... |
1,325,428 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ ကျန်တာက သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မဂ္ဂင် ၃-ပါးကျန်တယ်၊ အဲဒီမဂ္ဂင် ၃-ပါး ပြီးတော့မှ မဂ္ဂင်ဖောင်ဖွဲ့ပြီး ဟိုဘက်ကူးပုံ ပြောရမယ်၊ နောက်သီတင်းများ ပြီးမှပြီးပါ့မလား မသိဘူး၊ ပြီးတော့ ပြီးချင်လှပြီ၊ ကိုင်း ဒါလေးဆိုရမယ်။ |
1,325,429 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှန်စွာမြင်သိ၊ ကြံမိမှန်ကန်။ |
1,325,430 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်။ |
1,325,431 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်။ |
1,325,432 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စူးစိုက်ကပ်၊ ရှစ်ရပ်မဂ်လမ်းမှန်။ |
1,325,433 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ‘မှန်စွာမြင်သိ’ ဆိုတာ သမ္မာဒိဋ္ဌိကိုး၊ သမ္မာဒိဋ္ဌိ - မှန်စွာမြင်ခြင်း ‘ကြံမိမှန်ကန်’ သမ္မာသင်္ကပ္ပ၊ မှန်စွာကြံစည်ခြင်း၊ ဒါ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပမဂ္ဂင် ၂-ခု၊ |
1,325,434 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ‘မှန်စွာမြင်သိ၊ ကြံမိမှန်ကန်’ မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်’ မှန်စွာပြောတယ်၊ မှန်စွာပြုတယ်၊ လမ်းမှန်အတိုင်းရှာတယ်၊ သမ္မာဝါစာ၊ မှန်စွာပြောခြင်း၊ သမ္မာကမ္မန္တ၊ မှန်စွာပြုခြင်း၊ မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်၊ သမ္မာအာဇီဝ ပစ္စည်းရှာမှု အသက် မွေးဖို့ရာ စားသုံးဖို့ရာ ပစ္စည်းရှာမှုဟာ ပါဏာတိပါတ အစရှိတဲ့ ဒုစရိုက်တွေနဲ့ မရှာဘူး... |
1,325,435 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ” နောက် သမ္မာဝါယာမကတော့ မှန်စွာကြောင့်ကြစိုက်သည်တဲ့၊ 'မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်’တဲ့၊ အမှန်အတိုင်း မှတ်သည်တဲ့၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ 'စူးစိုက်ကပ်၊ မှန်စွာအာရုံကို’ စူးစိုက် ကပ်ပြီးတော့ တည်နေတာ၊ သမ္မာသမာဓိတဲ့၊ 'စူးစိုက်ကပ် ရှစ်ရပ်မဂ်လမ်းမှန်၊’ |
1,325,436 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ၈-ခုဟာ မဂ်လမ်းမှန် မဂ္ဂင်ရှစ်ပါး တရားပဲတဲ့၊ ဒီလိုဆိုပါတယ်၊ ဒါလေးကလဲ အလွယ်လေးပဲ။ |
1,325,437 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၁။ သမ္မာဒိဋ္ဌိ မှန်စွာမြင်ခြင်း။ |
1,325,438 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၂။ သမ္မာသင်္ကပ္ပ မှန်စွာကြံခြင်း။ |
1,325,439 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၃။ သမ္မာဝါစာ မှန်စွာပြောခြင်း။ |
1,325,440 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၄။ သမ္မာကမ္မန္တ မှန်စွာပြုခြင်း။ |
1,325,441 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၅။ သမ္မာအာဇီဝ မှန်စွာအသက်မွေးခြင်း။ |
1,325,442 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၆။ သမ္မာဝါယာမ မှန်စွာအားထုတ်ခြင်း။ |
1,325,443 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၇။ သမ္မာသတိ မှန်စွာသတိရခြင်း။ |
1,325,444 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၈။ သမ္မာသမာဓိ မှန်စွာစူးစိုက်တည်ကြည်ခြင်း။ |
1,325,445 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဤတရား ၈-ပါးကို မဂ္ဂင် ၈-ပါး ဟုခေါ်သည်။ |
1,325,446 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှန်စွာမြင်သိ ကြံမိမှန်ကန်။ |
1,325,447 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စူးစိုက်ကပ် ရှစ်ရပ်မဂ်လမ်းမှန်။ |
1,325,448 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု မဂ္ဂင်ရှစ်ပါး တရားတွေ အသီးသီးလဲပဲ အိပ်နေယင်း၊ သွားယင်း လာယင်းလဲပဲ မဂ္ဂင်ရှစ်ပါး တရားတွေ ဒီထဲမှာ ပွားပုံတွေ ပါသွားပြီ၊ ဒါနနဲ့ရော၊ သီလနဲ့ရော၊ ဘာဝနာနဲ့ရော၊ အကုန်လုံး ပါသွားပါပြီ၊ နောက်က သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိကတော့ နောက်သီတင်းကျမှ ပြောရမယ်။ |
1,325,449 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဤ အာသီဝိသောပမသုတ္တန် တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ၏ အစွမ်း အာနုဘော်ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်း တို့သည်၊ ဘေးရန် အန္တရာယ် ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ဝေးကွာကြ၍၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြ၍ ဤ သုတ်၌လာသော မဂ္ဂင်ရှစ်ပါး တရားတည်း ဟူသော ဖောင်ကိုဖွ... |
1,325,450 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ………… “အာသီဝိသောပမသုတ် တရားတော်” |
1,325,451 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၁၃၂၈-ခု၊ တော်သလင်းလဆန်း ၈-ရက်နေ့ ဟောကြားတော်မူသည်။ |
1,325,452 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သုံးတန် သမာဓိမဂ္ဂင် ဖောင်ဖွဲ့ဆင် |
1,325,453 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာသီဝိသောပမသုတ် တရားတော်ကြီး ဟောလာတာ သီတင်းပေါင်း တော်တော် များလာပြီ၊ အဆုံးပိုင်း ရောက်လာပြီ။ |
1,325,454 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ဖောင် |
1,325,455 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “မြွေလေးကောင်ကား (လ) အတွင်ကူးယက်၊ အားထုတ်ချက်ဖြင့်” |
1,325,456 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအပိုင်း ရောက်နေပါပြီ၊ မြွေထိန်းယောက်ျား ထွက်ပြေးရာမှာ မြွေကြီး ၄-ကောင် ကလဲ နောက်ကလိုက်နေတယ်၊ ရန်သူကြီး ငါးဦးကလဲ နောက်ကလိုက်နေတယ်၊ ငယ်ငယ်က အင်မတန် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ သူငယ်ချင်းကလဲပဲ တွေ့ရာ သတ်ဖို့ရာ လက်နက် စွဲကိုင်ပြီးတော့ လိုက်နေတယ်တဲ့၊ လိုက်နေလို့ ပြေးနေယင်း ရွာပျက်ကုန်း ရောက်တယ်၊ လူမရှိတဲ့ ရွာပျက်၊ အဲဒီမှာ... |
1,325,457 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီဘက်ကမ်းမှာ နေလို့ရှိယင် နောက်က မြွေကြီး ၄-ကောင်ကလဲ မီလာမယ်၊ ရန်သူကြီး ၅-ဦး ကလဲ မီလာမယ်၊ ငယ်သူငယ်ချင်း ရန်သူကလဲ မီလာမယ်၊ ဒမြ ၆-ယောက်ကလဲ သူတို့နောက်က လိုက်လာလို့ မီလာမယ်၊ ဘေးရန်အန္တရာယ်တွေနဲ့ မလွတ်နိုင်ဘူး၊ ဟိုဘက်ကမ်း ရောက်သွားလို့ ရှိယင်တော့ ဘေးရန်အန္တရာယ်တွေ ကင်းမယ်၊ ဒီဘက်က မလိုက်နိုင်ဘူး၊ ကူးစရာလှေလဲ မရှိ၊ သင်္ဘောလဲ... |
1,325,458 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိဏက ဋ္ဌပဠာပံ၊ မြက်တို့သစ်ခက်တို့ သစ်ကိုင်းတို့ သစ်သားခြောက်တို့ သစ်ရွက် အမှိုက်၊ အဲဒီလိုဟာတွေ စုပြီးတော့ လူတကိုယ်ခိုင်ရုံ ဖောင်ကလေး လုပ်ပြီးတော့ ဟိုဘက်ကူးရမယ်တဲ့၊ ဖောင်ကလေး ဆိုတာ ဘာတုံးဆိုတော့ - |
1,325,459 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုလ္လန္တိ ခေါ ဘိက္ခဝေ အရိယဿေတံ၊ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ (လ) သမ္မာသမာဓိ။ |
1,325,460 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုလ္လန္တိ ခေါ ဧတံ၊ ဖောင်ဟူသော ဤအမည်သည်။ |
1,325,461 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရိယဿ၊ မြင့်မြတ်စင်ကြယ်သော။ |
1,325,462 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ |
1,325,463 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂဿ၊ အရိယမဂ်၏။ |
1,325,464 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဣဒံ၊ ဤအရိယမဂ်သည်။ |
1,325,465 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သေယျထာကတမော၊ အဘယ်နည်းဟူမူကား။ |
1,325,466 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိ၊ မှန်စွာမြင်ခြင်း။ |
1,325,467 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသင်္ကပ္ပော၊ မှန်စွာကြံခြင်း။ |
1,325,468 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါစာ၊ မှန်စွာ ပြောဆိုခြင်း။ |
1,325,469 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာကမ္မန္တော၊ မှန်စွာပြုလုပ်ခြင်း။ |
1,325,470 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝေါ၊ မှန်စွာ အသက်မွေးခြင်း။ |
1,325,471 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါယာမော၊ မှန်စွာ အားထုတ်ခြင်း။ |
1,325,472 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသတိ၊ မှန်စွာ အမှတ်ရခြင်း။ |
1,325,473 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိ၊ မှန်စွာ စူးစိုက်တည်ကြည်ခြင်း။ |
1,325,474 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နည်းကောင်း လမ်းကောင်း |
1,325,475 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ရှစ်ပါး တရားတွေ၊ အဲဒါဟာ ဟိုဘက်ကမ်း ရောက်ဖို့ရာ ဖောင်ပဲတဲ့၊ ဖောင်ဆိုတာ မဂ္ဂင် ရှစ်ပါးတရားပဲတဲ့၊ မြတ်စွာဘုရား သာသနာတော်မှာ မဂ္ဂင်ရှစ်ပါး တရားတော်ဟာ အရေးအကြီးဆုံး အချုပ်အခြာ ကိုယ်ကျင့်တရားပါပဲ၊ အင်မတန် ကောင်းတဲ့တရား၊ ဒီကိုယ်ကျင့်ရမယ့် တရားကလေး မသိကြတဲ့ အတွက်ကြောင့် သံသရာထဲက မထွက်မြောက်နိုင်ပဲ ဖြစ်နေတယ်၊ အင်မတန် ကောင... |
1,325,476 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ နည်းကောင်း လမ်းကောင်းကလေးကို လိုက်နာပြီးတော့ ဘေးရန်အန္တရာယ်က လွတ်မြောက်အောင် အားထုတ်ရမယ်၊ ရောဂါဝေဒနာတခု စွဲကပ်နေတယ် ဆိုပါတော့၊ ရောဂါ ဝေဒနာဟာ ဆေးကုလို့ဖြင့်တော့ မပျောက်နိုင်ဘူး၊ တယ်ပျောက်ခဲတယ်၊ ဒီရောဂါဟာ ဘယ်ဆေး နဲ့မှ မပျောက်နိုင်ဘူး ဆိုလို့ရှိယင် အဲဒီမှာ ဒီရောဂါဝေဒနာကို ဒိဋ္ဌပျောက်စေတတ်တဲ့ နည်းကောင်း လေးများ တစုံတယ... |
1,325,477 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ သံသရာထဲမှာ ဘဝအသစ် ဖြစ်ရတယ်၊ အိုရတယ်, နာရတယ်, သေရတယ်၊ သံသရာ ဆင်းရဲတွေပဲ၊ ကံမကောင်း အကြောင်း မသင့်တဲ့ အခါကာလကျတော့ အပါယ် ၄-ပါး ကျရတယ်၊ ငရဲကျရောက်ပြီး ငရဲမှာဒုက္ခတွေ ခံနေရတယ်၊ ဘယ်မှ မပြေးနိုင်ဘူး၊ လူ့ပြည် လောကမှာတော့ အခွင့်အရေး ရှိသည်အားလျော်စွာ လူတွေ ခပ်စွာစွာ ခပ်ထောင်ထောင်တွေလဲ ပြည့်နေတာပေါ့လေ၊ သူ့ဟာနဲ့သူ သူ့... |
1,325,478 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အပါယ်ဒုက္ခ |
1,325,479 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီပုဂ္ဂိုလ်တွေဟာ တနေ့ကျတော့ ငရဲရောက်သွားယင် ဘယ့်နှယ်မှ မတတ်နိုင်ဘူး၊ အစွမ်း မပြနိုင်တော့ဘူး၊ ဟိုကျတော့ ဘာမှအစွမ်းသတ္တိ မရှိတော့ဘူး၊ ဘယ်မှလဲ ပြေးလို့ မလွတ်ဘူး၊ ဒီထဲမှာ ဒုက္ခရောက်နေတယ်။ |
1,325,480 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လောကမှာ ရာဇဝတ် အပြစ်ဒဏ်သင့်တဲ့ ပုဂ္ဂိုလ်များလိုပဲ၊ တချိန်က နေပြီးတော့ သူများတွေ အကျိုးမဲ့ဖြစ်အောင်လို့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ တနေ့ကျတော့ ကံမကောင်း အကြောင်း မသင့်တော့ သူတို့ကို အပြစ်ဒဏ်ပေး ထောင်ထဲရောက် ဘယ်မှ မပြေးနိုင်ဘူး၊ ဒုက္ခ ရောက်နေတယ်၊ ဒါက ဒါလောက် မညှဉ်းဆဲသေးဘူး၊ ဟိုမှာတော့ ငရဲဆိုတာအမြဲတမ်းပဲ ငရဲမီးတွေ တဟုန်းဟုန... |
1,325,481 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြိတ္တာတွေဆိုတာကလဲ ငတ်မွတ် ခေါင်းပါးပြီးတော့ ပြိတ္တာဖြစ်တဲ့နေ့က စပြီးတော့ တခါမှ မစားရပဲနဲ့ ရေတခါမှ မသောက်ရပဲနဲ့ ဒုက္ခရောက်နေတာတွေ ပြည့်လို့၊ ပြိတ္တာတွေလဲပဲ ဒါတွေလဲပဲ ဒုက္ခ ရောက်နေတာပဲ။ |
1,325,482 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိရစ္ဆာန်တွေတဲ့၊ ငရဲတို့ ပြိတ္တာတို့ကတော့ မမြင်ရဘူး၊ တိရစ္ဆာန်တွေ ကတော့ဖြင့် မြင်နေ တွေ့နေရတာပဲ၊ အကောင်ကြီးတွေ ကျွဲတို့, နွားတို့, ဆင်တို့, မြင်းတို့, အကောင်ကြီးတွေ တွေ့နေရတယ်၊ အကောင်ငယ်တွေ ကတော့ အများကြီးပါပဲ၊ ကြက်တို့, ဝက်တို့, ဘဲတို့, ဆိတ်တို့ စတဲ့အကောင်တွေ၊ အဲဒါတွေကို လူတွေက သတ်ဖြတ်ပြီးတော့ စားသောက်နေကြတဲ့ အကောင်တွ... |
1,325,483 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီအကောင်တွေလဲပဲ သတ္တဝါတွေ၊ လူတွေက သတ်ဖြတ်စား ညှဉ်းဆဲဒုက္ခတွေ ရောက်နေကြတယ်၊ အဲဒါလောက် မကြီးမားတဲ့ အင်မတန် သေးမွှားတဲ့ သတ္တဝါ အကောင်ကလေးတွေဆိုတာ ရှိတယ်၊ ဒီအကောင်တွေ ကတော့ ချမ်းသာရယ်လို့ တယ်ရှိကြမယ် မထင်ပါဘူး၊ ပိုးကောင်ငယ်ကလေးတွေ အများကြီး၊ အဲဒီလို အပါယ် ၄-ဘုံတွေလဲ ကျရောက်ပြီးတော့ ဒုက္ခရောက်တယ်တဲ့။ |
1,325,484 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို ဒုက္ခရောက်ပြီးတော့ နေတဲ့ သံသရာထဲမှာ မနေချင်လို့လဲ မတတ်နိုင်ဘူးတဲ့၊ ဘယ်မှ မပြေးနိုင်ဘူး၊ အဲဒီ သံသရာထဲက လွတ်မြောက်အောင်လို့ လုပ်နိုင်တဲ့ လုပ်ငန်းကို ရှာဖွေကြတယ်၊ သံသရာ ဝဋ်ဆင်းရဲထဲက လွတ်မြောက်အောင်လို့ ရှာဖွေ ကြတယ်၊ သာသနာပ အခါကာလမှာ ဘုရားအလောင်း ပညာရှိကြီးတွေ၊ ဘုရားအလောင်းနဲ့ ဘုရားအလောင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးတွ... |
1,325,485 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ နည်းလမ်းက မတွေ့ဘူး။ |
1,325,486 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုလို မြတ်စွာဘုရား သာသနာတော် ထွန်းကားနေတဲ့အခါ ဖြစ်ပေမယ်လို့ ဗုဒ္ဓ သာသနာတော်ကို မသက်ဝင် မယုံကြည်နိုင်တဲ့ အလွတ်က ပုဂ္ဂိုလ်တွေက အများကြီး ရှိတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေမှာလဲပဲ သူတို့လဲပဲ သူတို့ရဲ့ ဆရာ့ဆရာတွေ ကနေပြီး သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဆိုပြီးတော့ ဟောပြောထားခဲ့တဲ့ ဘာသာတရားတွေအရ သူတို့လဲ ကျင့်နေ ကြတ... |
1,325,487 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြတ်စွာဘုရား ပွင့်လာတော့မှ ဒီမဂ္ဂင်ရှစ်ပါး တရားတွေကို မြတ်စွာဘုရားက ဟောရတယ်၊ မြတ်စွာဘုရား ဟောသော်လဲ ကိုယ်တိုင်ကျင့်ပြီး ကိုယ်တိုင်လက်တွေ့ ဖြစ်ပြီးမှ ဟောတာ၊ မြတ်စွာဘုရားက စိတ်ကူးစဉ်းစားပြီး ဒီလိုဖြင့် ဖြစ်တန်ရဲ့၊ ဟိုလိုဖြင့် ဖြစ်တန်ရဲ့လို့ ဒီလိုတွေးဆ ပြီးတော့ ဟောထားတာတော့ မဟုတ်ဘူး၊ ကိုယ်တိုင်တွေ့ပြီးမှ ဟောထားတဲ့တရား၊ အဲ... |
1,325,488 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နိဗ္ဗာန်ရဖို့ ဝိပဿနာအားထုတ်တာ |
1,325,489 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါန ကုသိုလ်ဆိုလဲ မဂ္ဂင်ရှစ်ပါးတရား ပါဝင်တာပဲ၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းပြီး တော့ ဒါနကုသိုလ်တွေပြု၊ သူလဲ မဂ္ဂင်ရှစ်ပါး တရားပါဝင်နေတာပဲ၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းပြီးသကာလ သီလကို ဆောက်တည် ကျင့်သုံးယင်လဲပဲ မဂ္ဂင်ရှစ်ပါး တရား ပါဝင်တာပဲ၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းပြီးတော့ ဘာဝနာတွေ ပွားများအားထုတ်၊ သမထဘာဝနာတွေ အားထုတ်... |
1,325,490 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိပဿနာ ရှုတာဟာ နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ပဲ၊ နိဗ္ဗာန်မဂ်ဖိုလ်တောင်မှ နောင်အခါ ကာလမှာ ရဖို့ မဟုတ်ဘူး၊ လက်ငင်း ရဖို့ရာ အားထုတ်ရတာ၊ ဝိပဿနာ အားထုတ်လို့ ဝိပဿနာဉာဏ် ပြည့်စုံလို့ရှိယင် ယခုလက်ငင်း တထိုင်အတွင်းလဲပဲ ရနိုင်တယ်၊ ၇-ရက်အတွင်းလဲပဲ ရနိုင်တယ်၊ ၁၅-ရက်အတွင်းလဲ ရနိုင်တယ်၊ တလအတွင်းလဲ ရနိုင်တယ်၊ မြတ်စွာဘုရားက ၇-နှစ် ထိအောင် ဟော... |
1,325,491 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ဒီမဂ္ဂင်ရှစ်ပါး တရားဟာ သံသရာက ထွက်မြောက်ရာ သံသရာ ရေအယဉ်ကြီး ကနေပြီးတော့ ဟိုဘက်ကို ကူးပြီးတော့ လွန်မြောက်သွားဖို့ရာ ဖောင် ပဲတဲ့၊ မဂ္ဂင်ရှစ်ပါး တရား တွေဟာ ဖောင်ပဲ၊ အဲဒီဖောင်အကြောင်း တနေ့က ၂-သီတင်း ရှိသွားပြီ၊ သမ္မာဒိဋ္ဌိ - မှန်စွာ မြင်သည်၊ သမ္မာသင်္ကပ္ပ - ပြောပြီးပြီ။ |
1,325,492 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပညာမဂ္ဂင် ၂-ပါး ပြီးသွားပြီ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတာ သီလမဂ္ဂင် ၃-ပါး၊ အဲဒါ တနေ့က ပြောပြီးသွားပြီ။ |
1,325,493 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီကနေ့ သမာဓိမဂ္ဂင် ၃-ပါးထဲမှာ သမ္မာဝါယာမ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ အဲဒီ သမာဓိမဂ္ဂင် ၃-ပါး။ |
1,325,494 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါယာမော၊ သမ္မာဝါယာမ မဂ္ဂင်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်တယ်။ |
1,325,495 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသိုလ် မဖြစ်အောင် အားထုတ် |
1,325,496 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဣဓ ဘိက္ခဝေ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ၊ ဝါယမတိ စိတ္တံ ပဂ္ဂဏှာတိ၊ ပဒဟတိ။ |
1,325,497 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ |
1,325,498 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါပကာနံ၊ ယုတ်ညံ့ကုန်သော။ |
1,325,499 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပ္ပါဒါယ၊ မဖြစ်ခြင်းငှါ။ |
1,325,500 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆန္ဒံ၊ လိုလားအားထုတ်မှု ဆန္ဒကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.