id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,501 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါယမတိ၊ လုံ့လပြု၏။ |
1,325,502 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဒဟတိ၊ အားထုတ်၏။ |
1,325,503 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်တယ်တဲ့၊ အတိုချုပ်ကတော့ ဒါပါပဲ၊ သမ္မာဝါယာမပဲ၊ ကိုယ့်မှာ မဖြစ်ဖူးသေးဘူး၊ သူများတွေ ဖြစ်တာကိုမြင်ရတယ်၊ ကြားရတယ်၊ အဲဒီကုသိုလ်မျိုးတွေပေါ့၊ ကိုယ်မဖြစ်သေးဘူး၊ သူများတွေ ဖြစ်နေတယ်ဆိုယင် အဲဒီအကုသိုလ်တွေ မဖြစ်အောင် ကြိုးစားရမယ်၊ အဲဒီလိ ကြိုးစားတာ သမ္မာဝါယာမပဲ။ |
1,325,504 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပမာဆိုပါတော့ ပုဂ္ဂိုလ်တယောက်က ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ပြောဆို နေတယ်၊ သူစိတ်ဆိုးလို့ ဒေါသ အလျောက်ကို ပြောနေတယ်၊ ဆဲရေးတိုင်းထွာခြင်း စသည်တွေ ပြောနေ တယ်၊ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ကြည့်ယင် တော်တော် အရုပ်ဆိုးတာပဲ၊ ပြောနေတဲ့ စကားတွေဟာ ဘာမှကောင်းတဲ့ စကားတွေမဟုတ်ဘူး၊ ကိုယ်နဲ့မစပ်တဲ့ ပုဂ္ဂိုလ် ပြောယင်တော့ မထူ... |
1,325,505 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ဒေါသမဖြစ်တဲ့ ပုဂ္ဂိုလ်က ဒေါသဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ အပြုအမူတွေ မြင်ရတဲ့အခါ ဒါတွေမကောင်းဘူး ဆိုတာ သိရတယ်၊ ဒါတရား မလိုက်စားတဲ့ ပုဂ္ဂိုလ်တောင်မှ သိတတ်ပါတယ်၊ တရားထဲမှာ စိတ်ဝင်စားနေတဲ့ ပုဂ္ဂိုလ်ဆိုယင်တော့ အင်မတန် ထင်ရှားတာပဲ၊ အဖြူထဲ အမဲကွက် ကျတာလိုပဲ၊ ပဝါဖြူဖြူကလေးကို အမဲကလေး စွန်းသွားလို့ရှိယင် အင်မတန် ထင်ရှားတယ်၊ |
1,325,506 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ သူတော်ကောင်းတရား နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ်တွေအဖို့မှာ ကြမ်းကြမ်း တမ်းတမ်းတွေ ပြောတယ်ဆိုယင် အဲဒါတွေကြားယင် သူ့ခမျာ မထိန်းသိမ်း နိုင်လို့ ကြမ်းကြမ်း တမ်းတမ်းတွေ ပြောတယ်၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ပြောတယ်၊ ဖရုသဝါစာတွေ ခေါ်တာပေါ့လေ၊ ဒီတော့ အဲဒီလို ကြားရတဲ့ပုဂ္ဂိုလ်က ငါ့မှာတော့ ဒီတရားတွေ မနှိပ်စက်သေးဘူး၊ ငါအ... |
1,325,507 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို စောင့်ရှောက်နေတာကို ဒါက သမ္မာဝါယာမ မဂ္ဂင်ပဲတဲ့၊ ပြောစရာ တကယ် ကြုံလာပြီ ဆိုတောင်မှ ငါဒီစကားမျိုးကို မပြောဘူး၊ သူများတွေဖြစ်ပေမယ့် ငါမဖြစ်စေဘူးလို့ နှလုံးသွင်း ရမှာပေါ့လေ၊ အဲဒီလို အားထုတ်တာ သမ္မာဝါယာမ မဂ္ဂင်၊ ဒါက ပုံစံထုတ်ပြတာ။ |
1,325,508 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသိုလ် ဟူသမျှတွေ အကုန်လုံးပဲ၊ ပါဏာတိပါတ - သူ့အသက်ကို သတ်ခြင်း၊ သတ်တာ မဟုတ်တောင်မှ ညှဉ်းဆဲခြင်း၊ သူများတွေ ဒုက္ခရောက်အောင်လို့ ပြုလုပ် ပြောဆိုခြင်း၊ |
1,325,509 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဒိန္နာဒါန၊ သူတပါးဥစ္စာကို ခိုးယူခြင်း။ |
1,325,510 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ခိုးယူတယ်၊ လိမ်ယူတယ်၊ လှည့်စားပြီးတော့ ယူတယ်၊ အနိုင်အထက် နှိပ်စက်ပြီးတော့ ယူတယ်၊ ဘယ်နည်းနဲ့ပဲယူယူပေါ့လေ၊ အဲဒါ အဒိန္နာဒါန် ခေါ်တယ်၊ အင်အားရှိ, ရှိတဲ့အလိုက် နှိပ်စက်ပြီးတော့ ယူလို့ရှိယင်လဲ ဒါလဲ အဒိန္နာဒါန်ပဲ၊ ခိုးယူတယ်လို့ပဲ ခေါ်တယ်၊ |
1,325,511 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို သူတကာတွေ ခိုးယူတာတွေကို မိမိက ဟာ, ငါတော့ ဒါမျိုးမဖြစ်စေရဘူးလို့ နှလုံး သွင်းပြီးတော့ အားထုတ်ရတာကိုး၊ အားထုတ်လို့ မဖြစ်ရအောင် သူများတွေလို မဖြစ်အောင် ဘာနဲ့ တူတုံးဆိုတော့ လူတယောက် ရောဂါဝေဒနာ ဖြစ်နေတာတွေ့ရလို့ ရှိယင် ကိုယ့်ရောဂါဝေဒနာ မဖြစ်ရအောင်လို့ စောင့်ရှောက်ရတာကိုပဲ၊ |
1,325,512 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရာသီဥတုတွေ ပြောင်းတဲ့အခါမှာ ဖျားတတ် နာတတ်တယ်၊ သူများတွေ ရေချိုးမှားလို့၊ အစား မှားလို့၊ ဟိုလူဖြင့် ဖျားပြီ၊ ငါတော့ ရေချိုး မမှားအောင်နေမှပဲ၊ အစား မမှားအောင်လို့ ရှောင်မှပဲလို့ သတိပြုရမယ်၊ အကုန်လုံး အသွားအလာ အနေ အထိုင်တွေ သတိပြုရတယ်၊ အဲဒီလို သတိပြုပြီး တော့ သွားလာလို့ရှိယင်၊ ဒါဖျားနာမှုတွေ ကင်းတတ်တယ်၊ ပြီးတော့ ကိုယ်မှာ ... |
1,325,513 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလိုလုပ်လို့ရှိယင် ရောဂါဝေဒနာတွေ သူများသာ ဖြစ်တယ်၊ ကိုယ့်မဖြစ်ဘူး၊ အထူးအားဖြင့်တော့ ဝမ်းရောဂါတို့ဆိုတာ ကြောက်စရာ ကောင်းတာပေါ့၊ ဝမ်းရောဂါတို့၊ ကျောက်ရောဂါတို့ ဆိုတာ အင်မတန် ကြောက်စရာ ကောင်းတယ်၊ အဲဒါတွေ ဖြစ်တဲ့အခါကျတော့ မဖြစ်အောင်လို့ စောစောက ကာကွယ်ထားရတယ်၊ ကျန်းမာရေး ဌာနတွေက အကာအကွယ်တွေ လုပ်ရတယ်။ |
1,325,514 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ မကောင်းမှု အကုသိုလ်တရားတွေ သူများဖြစ်တာ တွေ့ရတယ် ဆိုယင်၊ အဲဒီ ကုသိုလ်တွေ မဖြစ်အောင် အားထုတ်တယ်တဲ့၊ ဒါဟာ သမ္မာဝါယာမမဂ္ဂင်ပဲ၊ သူတပါးအသက်ကို သတ်ခြင်း၊ သူတပါးဥစ္စာခိုးခြင်း၊ မပိုင်မဆိုင်တဲ့ ကာမဂုဏ်တွေကို မှားယွင်းကျူးလွန်ခြင်းတဲ့၊ ကာယကံ ဒုစရိုက် ၃-ပါး၊ အဲဒါနဲ့ စပ်ပြီးတော့လဲ အဆွယ် အပွားတွေ ရှိတာပေါ့လေ၊ |
1,325,515 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါဏာတိပါတာ၊ သူ့အသက်သတ်တယ် ဆိုပေမယ်လို့ သေအောင် သတ်မှမဟုတ်ဘူး၊ ညှဉ်းဆဲ နှိပ်စက်တာတွေလဲ ပါသွားတာပေါ့၊ သူများဥစ္စာ ခိုးတယ်ဆိုယင်လဲ ခိုးမှမဟုတ်ဘူး၊ သူများဥစ္စာတွေ ပျက်စီးရာ ပျက်စီးကြောင်း လုပ်တာတွေလဲ အကုန်ပါသွား တာပါပဲ၊ ပြီးတော့ မုသာဝါဒ၊ လိမ်လည် ပြောဆိုခြင်း။ |
1,325,516 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပိသုဏဝါစာ၊ ကုန်းတိုက်ခြင်း။ |
1,325,517 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖရုသဝါစာ၊ ကြမ်းတမ်းသောစကား ဆဲရေးသီဆိုခြင်း။ |
1,325,518 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္ဖပ္ပလာပ၊ အပြိန်အဖျင်း စကားတွေ ပြောခြင်းတဲ့။ |
1,325,519 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝစီကံတွေ၊ အဲဒါတွေလဲ သူများ အကျိုးမဲ့ဖြစ်အောင် ပြောတာအကုန်ပဲ၊ |
1,325,520 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါတွေ သူများပြောသံ ကြားယင် သူများ ပြောတာကို ကြားရ တွေ့ရ သိရလို့ရှိယင် ငါတော့ ဒီစကားမျိုး မပြောဖြစ်အောင် အားထုတ်မယ်လို့ နှလုံးသွင်းပြီး အားထုတ် ရတယ်၊ သမ္မာဝါယာမ မဂ္ဂင်ပဲ ကောင်းတယ်၊ ဒီဟာ ဒီသမ္မာဝါယာမ မဂ္ဂင်ဟာ အရေးကြီးတယ်၊ သူပါအားထုတ်မှ ကုသိုလ် ဖြစ်တာ၊ သူပါ အားမထုတ်လို့ ရှိယင် ကုသိုလ်မဖြစ်ဘူး၊ |
1,325,521 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သူက ပျင်းတဲ့လူ၊ ပျင်းတာနဲ့ အလုပ်မလုပ်ပဲနဲ့ အိပ်နေယင် ဘာမှမဖြစ်သလိုပဲ၊ သမ္မာဝါယာမက အလုပ်မလုပ်ဘူး ဆိုယင်, သမ္မာဝါယာမ မရှိဘူးဆိုယင်, ဒီ ပုဂ္ဂိုလ်ကုသိုလ် မဖြစ်ဘူးဆိုယင်, အကုသိုလ်တွေ ဖြစ်တတ်တယ်၊ မိစ္ဆာအာဇီဝ၊ မတရားသဖြင့် စီးပွားရှာမှုလဲ၊ သူများတွေရှာနေတာ ငါတော့ ဒါမျိုးမလုပ်ဘူးလို့ ကြဉ်ရှောင်ရတာကိုး၊ အဲဒါလဲပဲ သမ္မာဝါယာမ မဂ္ဂင... |
1,325,522 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသလာနံဓမ္မာနံ၊ အကုသိုလ်တရားတို့၏။ |
1,325,523 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပ္ပာဒါယ၊ မဖြစ်ရန်အလို့ငှါ။ |
1,325,524 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆန္ဒံ၊ လိုလားအားထုတ်ခြင်းဆန္ဒကို။ |
1,325,525 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုန်လုံး အားထုတ်တာတွေပါပဲ၊ အဲဒါက သူများ အကုသိုလ်တွေ ဖြစ်နေတာ မြင်ရ ကြားရလို့ ကိုယ့်မှာတော့ ဒါမျိုး မဖြစ်စေရဘူးလို့ အားထုတ်တာ။ |
1,325,526 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ၊ ပဟာနာယ ဆန္ဒံဇနေတိ၊ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ |
1,325,527 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပ္ပန္နာနံ၊ ဖြစ်ဖူးကုန်သော။ |
1,325,528 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆန္ဒံ၊ လိုလားအားထုတ်ခြင်းကို။ |
1,325,529 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါယမတိ၊ အားထုတ်၏။ |
1,325,530 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဒဟတိ၊ ကြိုးစားအားထုတ်၏။ |
1,325,531 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုန်လုံး အားထုတ်တာချည်းထဲပါပဲ၊ ဗမာက ကြိုးစားအားထုတ်တဲ့ ဥစ္စာကို ကြိုးစားတယ်၊ အားထုတ်တယ်၊ လုံ့လပြုတယ်၊ ကြောင့်ကြစိုက်တယ်၊ ဟိုမှာ ၄-ပုဒ် လောက်ရှိတယ်၊ ပါဠိကလဲ ဒီလိုပဲ ၄-ပုဒ်လောက်ပဲ၊ ပရိယာယ်တွေနှင့် လုပ်ထား တာ၊ အတူတူပါပဲ၊ မိမိမှာဖြစ်ဖူးတဲ့ အကုသိုလ်တွေတဲ့၊ ပယ်နိုင်အောင် အားထုတ်ရတယ်တဲ့၊ အယောနိသောမနသိကာရကြောင့် မသင့်မတင့် နှ... |
1,325,532 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ်ထဲတွင်ဖြစ်ယင် စိတ်ထဲတွင် ပျောက်သွားအောင် ပယ်လိုက်ရတာကိုး၊ စိတ်ထဲက မတော်တာ သွားပြီး စဉ်းစားမိပြီ၊ သူများကို ညှဉ်းဆဲလိုတဲ့ သဘော ပေါ်လာပြီဆိုယင် အဲဒါတွေ ဖျောက်လိုက် တယ်၊ ဒါမတော်တဲ့ လမ်းလွဲသွားပြီ၊ ခြေလှမ်းလွဲသွားပြီ၊ ဒါမျိုးနောက်ထပ် မဖြစ်စေရဘူး၊ နောက်ဆက်ပြီးတော့ အားမထုတ်ဘူး၊ မကောင်းမှန်း သိရက်သားနဲ့ အားထုတ် လို့ရှိယင်... |
1,325,533 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လမ်းသွားတဲ့အခါ ခလုတ်တိုက်ယင် ခလုတ်တိုက်တာဟာ ကိုယ်က နေရာမကျလို့ တိုက်တာပဲ၊ အဲဒီလို ခလုတ်တိုက်လို့ရှိယင် ဒီလမ်းက ခလုတ်ရှိတယ်၊ ခြေထောက်ကို ခပ်မြင့်မြင့်ကလေး ကြွသွားမှ၊ သတိနဲ့သွားမှဖြစ်မယ်၊ အမှတ်တမဲ့သွားလို့ မဖြစ်ဘူး၊ အမှတ်တမဲ့သွားလို့ တကြိမ် တိုက်မိပြီ၊ နောက်ထပ် မတိုက်ရအောင် ခြေထောက်ကို ဂရုစိုက်ပြီးတော့ ကြွပြီးသွားရတယ် အဲ... |
1,325,534 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ဖြစ်ပြီး အကုသိုလ် ပယ်နိုင်အောင် အားထုတ် |
1,325,535 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ အကုသိုလ်တရား ပြစ်မှားမိလို့ရှိယင် ရှောင်ကြဉ်ရတယ်တဲ့၊ ဒီအကုသိုလ် ဟာ ငါဖြစ်လာပြီ၊ ရောဂါဝေဒနာ ဖြစ်လာယင် ရောဂါဝေဒနာ မကောင်းမှန်း သိရတော့ ရောဂါဝေဒနာတွေ ဆက်လက် ပြီးတော့ မဖြစ်အောင် ဆေးကုရမယ်၊ ရောဂါပျောက် သွားအောင် အားထုတ်ရတယ်၊ ဒီရောဂါ ဖြစ်ချင်ဖြစ်ပါစေဆိုပြီး မွေးမထားရဘူး၊ ပယ်နိုင်အောင် အားထုတ် ရတယ်၊ အဲဒါလိုပဲ။ |
1,325,536 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပ္ပန္နာနံ၊ ဖြစ်ပေါ်ကုန်ပြီးသော။ |
1,325,537 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသလာနံဓမ္မာနံ၊ အကုသိုလ်တရားတို့ကို။ |
1,325,538 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆန္ဒံ၊ လိုလား အားထုတ်ခြင်းကို။ |
1,325,539 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဇနေတိ၊ ဖြစ်စေရမယ်။ |
1,325,540 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသိုလ်တရားတွေ၊ ပါဏာတိပါတ၊ အဒိန္နာဒါန်နဲ့ စပ်တဲ့ သူများပစ္စည်းတွေ သွားပြီးတော့ လိုချင်တဲ့စိတ်တွေ ပေါ်လာယင် အဲဒီကတည်းက စိတ်ထဲတွင် ပယ်ရမယ်၊ ကိုယ်ထိအောင် မရောက်စေရဘူး၊ ကာယကံ ဝစီကံတွေ မရောက်စေရဘူး၊ ကာမေသုမိစ္ဆာစာရနဲ့ စပ်ပြီးတော့လဲ ကိုယ်နဲ့မသက်ဆိုင်တဲ့ ကာမဂုဏ် အာရုံတွေဆီ စိတ်ထဲက ရောက်သွားလို့ရှိယင် ဒါလေးကို ပြန်ပြီးတော့ ပယ... |
1,325,541 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ စိတ်ဟာ မတော်ရာဘက် လှည့်သွားပြီး မတော်တဲ့ စိတ်ကူးတွေ ကြံပြီဆိုယင် ဒီစိတ်ကလေးကို ဖမ်းပြီးတော့ ပြန်ဆွဲထားလိုက်၊ တရားအားမထုတ် နဲ့အုံးတော့၊ မတော်တာ ငါပြုပါပကော၊ ရဟန်းများမှာ ဣနြ္ဒိယဝသံရသီလ ဆိုတာ ရှိတယ်၊ ဣနြ္ဒိယသံဝရသီလ ဆိုတာ ကတော့ ဣန္ဒြေ ၆-ပါး၊ ဒွါရ ၆-ပါးပါပဲ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဒီ ၆-ဌာနက န... |
1,325,542 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မင်တဲ့အခါမှာလဲ မြင်ရုံမျှတွင် ဂရုမစိုက်နဲ့တဲ့၊ နှစ်သက်စရာ သာယာစရာတွေ သွားမစဉ်းစားနဲ့တဲ့၊ မုန်းစရာတွေလဲ မစဉ်းစားနဲ့တဲ့၊ မြင်ခါမျှတွင် ဖြစ်ပါစေတဲ့၊ ဒါယောက်ျားပဲ၊ မိန်းမပဲ၊ ဒါကလှတာပဲ၊ ဒါကတော့ မုန်းစရာကောင်းတာပဲ၊ ရွံစရာကောင်း တာပဲလို့ ဒါတွေကို သွားပြီးတော့ မစဉ်းစားနဲ့တဲ့၊ မြင်ယင် မြင်ရုံမျှတွင် နေပေစေတဲ့၊ ဂရုမစိုက်နဲ့တဲ့၊ ... |
1,325,543 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | န ပုနေဝံ ကရိဿာမိ။ |
1,325,544 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | န ကရိဿာမိ၊ မပြုတော့အံ့။ |
1,325,545 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီလိုစိတ်ကူးမျိုး နောက်တခါ ငါမဖြစ်စေရဘူးလို့ နှလုံးသွင်းပြီးတော့ ပယ်ရတယ်တဲ့၊ ဒါက တပါးတည်း ဒေသနာ ကြားတယ်လို့ ဆိုတယ်၊ အာပတ်သင့်တာတော့ မဟုတ်ပါဘူး၊ ဣန္ဒြိယသံဝရ သီလ ပျက်သွားတယ်တဲ့၊ |
1,325,546 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်ရာကနေပြီးတော့ နှစ်သက် သာယာမှုတွေ ဖြစ်သွားယင်၊ သို့မဟုတ် စိတ်ဆိုးမှု ဒေါသတွေ ဖြစ်သွားယင် ဣန္ဒြိယသံဝရသီလ ပျက်သွားတယ်၊ |
1,325,547 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကြားရာကနေပြီးတော့ နှစ်သက်သာယာမှု ဖြစ်သွားလို့ရှိယင်၊ စိတ်ဆိုးမှု ဖြစ်သွားလို့ ရှိယင်၊ ဒါက ဣနြ္ဒိယသံဝရသီလ ပျက်တယ်တဲ့၊ |
1,325,548 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နံရာက စားရာက ထို့အတူ နှစ်သက်သာယာမှု ဖြစ်သွားယင်၊ စိတ်ဆိုးမှု ဖြစ်သွားယင်၊ ဒါ ဣန္ဒြိယသံဝရ သီလပျက်တယ်၊ |
1,325,549 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုယ်က တွေ့ထိရာက နှစ်သက်သာယာမှု၊ စိတ်ဆိုးမှု ဖြစ်ခဲ့လို့ ရှိယင် ဣန္ဒြိယသံဝရသီလ ပျက်တယ်၊ |
1,325,550 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ်ကူးစဉ်းစား ကြံစည်တဲ့နေရာက နေပြီးတော့ စိတ်ကူးပြီးတော့ နှစ်သက်သာယာမှု ဖြစ်မယ်၊ စိတ်ဆိုးစရာတွေ စိတ်ကူးပြီးသကာလ စိတ်ဆိုးခဲ့တယ်၊ ပြစ်မှားခဲ့မယ် ဆိုယင် ဒါ ဣန္ဒြိယသံဝရသီလ ပျက်တယ်တဲ့။ |
1,325,551 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . မမြင်ရယင် ကိလေသာငြိမ်းတယ် |
1,325,552 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬ ခဲယဉ်းပါတယ်၊ ဒီ ဣန္ဒြိယသံဝရသီလ လုံဖို့ရာကတော့ တရား အားမထုတ်ပဲနဲ့ အလိုလို ဒိပြင်နည်းနဲ့ စင်ကြယ်အောင် အားထုတ် ဖို့ရာကတော့ ခက်ပါတယ်၊ ဒါကြောင့်မို့ ရဟန်းတော်များ တောကျောင်းတွေမှာ နေကြတာ၊ တောထဲသွားနေတော့ နည်းနည်း တော့ တော်တာပေါ့လေ၊ မြို့ထဲ ရွာထဲဆိုတော့ များသောအားဖြင့် လောဘနဲ့ ဒေါသဟာ လောဘပဲ အဖြစ်များပါတယ်၊ ဒေါသ ကတော... |
1,325,553 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လောဘကတော့ အလကား အားအားရှိယင် စိတ်ကူးနေတာပဲ၊ ရာဂဆိုတာ ကာမရာဂဆိုတာ ဆိုးတယ်၊ ကာမဘုံသားတွေဟာ ကာမအာရုံတွေ သဘောကျပြီး ကာမအာရုံတွေ စိတ်ကူးပြီး သာယာနေကြတာ၊ စိတ်ကူးသာယာရုံ ကတော့ တော်သေး တာပေါ့လေ၊ မြင်နေ ကြားနေ တွေ့နေယင် သာဆိုးတာပေါ့၊ မမြင်မကြားရ လို့ရှိယင်တော့ နည်းနည်းတော့တော်တယ်၊ မြင်မှဖြစ်မယ့်ဟာ ကြားမှဖြစ်မယ့်ဟာတွေ မဖြစ်ဘူး၊ ... |
1,325,554 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကြောင့် ဘုန်းကြီးက မာလုကျပုတ္တသုတ်မှာ ဆောင်ပုဒ်ပေးထားတယ်၊ “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်”တဲ့၊ ဒါတရားအားထုတ်တာ မဟုတ်ဘူး၊ မြင်ရတာနဲ့ သူ့ဟာသူ ငြိမ်းတယ်တဲ့၊ မမြင်ရာ သွားနေယင် ငြိမ်းတာပဲ၊ မမြင်ရတဲ့ဆီ နှစ်သက်သာယာစရာ ဘယ်လောက်ကောင်းနေနေ ကိုယ်ကမမြင်ရဘူး မတွေ့ရဘူး ဆိုယင် ဘယ်ကိလေသာ ဖြစ်လိမ့်မှာတုံး၊ သိမှ မသိပဲ၊ အာရုံရှိမှ... |
1,325,555 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုယ်မမြင်ဖူးတဲ့ လူတွေရှိတယ်၊ ယောက်ျားမိန်းမတွေပါပဲ၊ အဲဒါ ကိုယ်မမြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေ၊ ဟိုရွာဒီရွာ၊ ဟိုမြို့ ဒီမြို့၊ ဟိုနိုင်ငံ ဒီနိုင်ငံ အများကြီးရှိတယ်၊ လူ့ပြည်က အပြင် နတ်ပြည်က နတ်တွေဆိုယင်တော့ နှစ်သက်သာယာစရာ ရူပါရုံတွေ အကောင်းတွေ ဆိုတာပဲ၊ သူများမြင်ယင် ရူးတောင်ရူးတတ်တယ် ဆိုတာပဲ၊ ရှေးကရာဇဝင်ထဲမှာ မင်းတယောက်ဟာ အဲဒီ... |
1,325,556 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နတ်ရုပ်တွေ မြင်လို့ရှိယင် ဖောက်ပြန်တတ်တယ်၊ အဲဒီတော့ အဲဒီနတ်တွေလဲ ရှိတယ်၊ လူတွေလဲ ရှိတယ်၊ မမြင်ရတော့ အဲဒီ မမြင်ဖူးတဲ့အာရုံနဲ့ စပ်ပြီးတော့ နှစ်သက်သာယာ မှုတွေ မဖြစ်ပါဘူး၊ ဘယ့်နှယ်လုပ် နှစ်သက်လို့ မဖြစ်ဘူး၊ ကိုယ်မှ မမြင်ဖူးပဲနဲ့၊ ရှိမှန်းမှ မသိပဲနဲ့၊ အဲဒီလူကို အကြောင်းပြုပြီးတော့ နှစ်သက်မှု သာယာမှု ဘယ့်နှယ်ဖြစ်နိုင် မှာတုံ... |
1,325,557 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့က တရားအားထုတ်တာ မှတ်နေတယ်၊ တရားအားထုတ်တာ မဟုတ်သေးပါဘူး၊ ဒါက အားမထုတ်ပဲနဲ့ သူ့ဟာသူ ငြိမ်းတယ်လို့ ပြောတာ၊ ဒါလေးဆိုကြအုံးစို့။ |
1,325,558 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “မမြင်ရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်။ |
1,325,559 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ” မမြင်ရယင် မြင်လို့ဖြစ်မယ့် ဥစ္စာ မမြင်တာနဲ့ မဖြစ်ဘူး၊ မမြင်ရ၊ မကြားရယင် မဖြစ်ဘူးတဲ့၊ “မကြား ရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်” အတူတူပဲ “မနံရရာ ကိလေသာ သူ့ဟာသူငြိမ်းသည်၊ မစားရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်၊ မတွေ့ရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်၊ မကြံမိရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်” အကုန်လုံးပဲ၊ မတွေ့ရ မထိရလို့ ရှိယင် ကိလေသာ သူ့ဟာသူ... |
1,325,560 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . မြင်ယင် ကိလေသာဖြစ် |
1,325,561 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬▬ မြင်ယင်ကြားယင်ဖြင့် ကိလေသာက ဖြစ်တတ်တယ်တဲ့၊ မြင်လာမှတော့ ကိလေသာ ဖြစ်လိမ့်မယ် တဲ့၊ “မြင်ရရာမှာ ကိလေသာ ကိန်းကာ ဖြစ်တတ်သည်”၊ မြင်ရရာမှာ ကိလေသာ ကိန်းပြီးတော့ ဖြစ်တာကို၊ ကိလေသာ ကိန်းတယ်လို့ ခေါ်တာပေါ့လေ၊ မြင်ပြီးမှတော့ အဲဒီအာရုံ စဉ်းစားပြီးတော့ ကိလေသာတွေ ဖြစ်နိုင်ပါတယ်၊ “မြင်ရရာမှာ ကိလေသာ ကိန်းခါ ဖြစ်နိုင်သည်၊” မြင... |
1,325,562 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်ရရာမှာ ကိလေသာ ကိန်းကာဖြစ်နိုင်သည်။ |
1,325,563 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်ရရာမှာ ကိလေသာ ကိန်းပြီးတော့ ဖြစ်တတ်သည်တဲ့၊ ကြားရာမှာ, နံရရာမှာ, စားရာမှာ, တွေ့ထိရာမှာ,ကိလေသာ ကိန်းပြီးတော့ ဖြစ်နိုင်သည်တဲ့၊ စိတ်ကူးစဉ်းစား ကြံစည်မိရာတွေလဲ ကိလေသာ ကိန်းပြီးတော့ ဖြစ်နိုင်သည် တဲ့၊ အဲဒီဖြစ်နိုင်တဲ့ အာရုံတွေ မဖြစ်အောင်လို့ ဝိပဿနာ ရှုရတယ်၊ ဝိပဿနာက မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း... |
1,325,564 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုပြောလိုတာကတော့ အခုဟာကတော့ တောကျောင်းတွေ သွားသွားနေတဲ့ အကြောင်းတွေ ပြောနေတာ၊ မမြင်ရတဲ့ နေရာ၊ မြင်ရခဲတဲ့နေရာ၊ တောကျောင်းတွေ သွားနေတာ၊ ဒေါသ ဖြစ်စရာ ဆိုတာ ကတော့ကို သူက တွေ့ခဲပါတယ်။ |
1,325,565 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရာဂဖြစ်စရာတွေက အမြဲတမ်း တွေ့ရတယ်၊ မြို့တွေရွာတွေမှာ ဆိုယင် ရာဂဖြစ်စရာ တွေက များတယ်၊ ရဟန်းတော်များ ဆိုတော့ ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဝိသဘာဂ အာရုံတွေက မာတုဂါမတွေ ဆိုတာ ရှိတာကိုး၊ ဒါတွေက ကာမတွေ၊ ဒါတွေ မတွေ့ရအောင်လို့ အတွေ့အကြုံ နည်းအောင်လို့ တောကျောင်း, တောင်ကျောင်းတွေမှာ သွားပြီးတော့ နေကြတယ်၊ အဲဒီတော့ မမြင်ရတဲ့အတွက် ... |
1,325,566 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်တခါ ဒီစိတ်ကူးမျိုး မဖြစ်စေဘူး၊ ဒီလို လုပ်ရတာကိုး၊ န ပုနေဝံကရိဿာမိ-တဲ့၊ ကောင်းတယ်၊ နေရာတကာ အသုံးကျပါတယ်၊ ချွတ်ယွင်း လွဲမှားသွားတိုင်း မတော်တဲ့ ဟာတွေ နောက်ထပ် ဒါမျိုးတွေ မပြုတော့ဘူးလို့ နှလုံးသွင်းပြီး ရှောင်ရတယ်၊ ဒါ အင်မတန် ကောင်းတဲ့ ဥစ္စာပါပဲ၊ အာယတိံ သံဝရ ခေါ်တယ်၊ အဲဒီလို ရှောင်သွားလို့ ရှိယင်ဖြင့် အပြစ်ကင်းပါတယ်၊... |
1,325,567 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော။ |
1,325,568 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါယမတိ၊ ကြိုးစားအားထုတ်၏။ |
1,325,569 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုယ့်သန္တာန်မှာ အကုသိုလ်တခုခု ဖြစ်လာလို့ ရှိယင်တဲ့၊ အဲဒီအကုသိုလ် နောင်ဒါမျိုး မဖြစ်တော့ဘူးလို့ ကြဉ်ရှောင်တယ်တဲ့၊ အဲဒီလို ကြဉ်ရှောင်ဖို့ရာ အားထုတ်တိုင်း အားထုတ်တိုင်းဟာ ဒါဘာတုံးဆိုတော့ သမ္မာဝါယာမမဂ္ဂင် ဖြစ်တာ၊ ဒါက သူတော်ကောင်း စိတ်တွေ ဝင်မှ၊ တယ် မလွယ်လှဘူး၊ သူတော်ကောင်းစိတ်တွေ ဝင်နေယင်ဖြင့် ဒီဟာက ကြဉ်ရှောင်ဖို့ရာ ဖြစ်န... |
1,325,570 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါတွေမှာ အရိယာပုဂ္ဂိုလ်နဲ့ ပုထုဇဉ်ပုဂ္ဂိုလ်နဲ့ ဒီဥစ္စာ ကွာတယ်တဲ့၊ အရိယာ ပုဂ္ဂိုလ်များ၊ သောတာပန်, သကဒါဂါမ်, ကာမဂုဏ် အာရုံတွေနဲ့ မကင်းသေးပေမယ်လို့ မကောင်းယင်တော့ မကောင်းမှန်း သူကသိတယ်၊ မကောင်းယင် မကောင်းဘူးဆိုတာ သိတယ်၊ မလွှဲသာလို့ သာလျှင် သူကာမဂုဏ်အာရုံတွေ သုံးဆောင်ခံစား နေရတာ၊ ဒီဥစ္စာတွေ တနေ့ကျတော့ ပယ်ရမှာပဲလို့ ပယ်ဖိ... |
1,325,571 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ကုသိုလ်ဖြစ်အောင် အားထုတ် |
1,325,572 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဖြစ်သေးတဲ့ ကုသိုလ်တွေ ထို့အတူပါပဲ။ |
1,325,573 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝီရိယံ အာရဘတိ၊ စိတ္တံ ပဂ္ဂဏှာတိ၊ ပဒဟတိ။ |
1,325,574 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်လို့ အားထုတ်ခြင်း၊ သူများတွေတော့ ဖြစ်ကြပြီ၊ ငါမဖြစ်သေးဘူး၊ သူများတွေ ဒါနကုသိုလ်တွေ ပြုကြတယ်၊ ငါမပြုရသေးဘူး၊ ပြုနိုင်လျက်သားနဲ့ ဆိုယင် ပြုရမှာပေါ့၊ မပြုနိုင်တော့လဲ မတတ်နိုင်ဘူး၊ ကိုယ် တတ်နိုင်တဲ့ ဒါနကုသိုလ်တွေ ပြုရမှာပေါ့၊ သူများတွေ ငါးပါးသီလ စင်စင်ကြယ်ကြယ် ဆောက်တည်ကြတယ်၊ ငါ့မှာ စင်ကြယ်အေ... |
1,325,575 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ဖြစ်ပြီး ကုသိုလ် တိုးပွားအောင်လုပ် |
1,325,576 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျော ဘာဝါယ ဘာဝနာယ ပါရိပူရိယာ၊ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ |
1,325,577 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေတဲ့၊ ဒီကုသိုလ်တရားတွေ ဌိတိယာ အသမ္မောသာယ၊ တည်နေဖို့, ပျက်စီးမသွားဖို့, ဆုတ်ယုတ် မသွားဖို့, တိုးတက်လာဖို့တဲ့၊ ဘယ်ထိအောင် တိုးတက်ရမလဲ၊ ဘာဝနာယ ပါရိပူရိယာ၊ ပွါးများမှု ပြည့်စုံသွားအောင် မိမိတို့ အလိုရှိကြတဲ့ အရိယမဂ် ရောက်သွားအောင် အားထုတ်တယ်တဲ့၊ ဒါကုသိုလ် တခါ ပြုဖူးပြီ၊ နောက်ထပ်လဲ ပြုနိုင်အောင်... |
1,325,578 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . သီလပြည့်စုံရုံမျှ စိတ်ချပြီး မနေနဲ့ |
1,325,579 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬ အဲဒီ မရောက်သေးခင်တော့ ပြီးပြီလို့ စိတ်မချရသေးဘူးတဲ့၊ လမ်းဆုံးတိုင်အောင် တတ်နိုင်လို့ရှိယင် တတ်နိုင်သလို အားထုတ်ရမယ်လို့ မြတ်စွာဘုရားက ဓမ္မပဒမှာ ဟောထားတယ်။ |
1,325,580 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။ |
1,325,581 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖုသာမိ နေက္ခမ္မံ သုခံ၊ အပုထုဇ္ဇနသေဝိတံ။ |
1,325,582 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘိက္ခုဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။ |
1,325,583 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဓမ္မပဒမှာ ဟောထားတယ်၊ တချို့သော ရဟန်းတော်တွေက ငါ သီလ စင်ကြယ် နေတာပဲ၊ ဘယ်အချိန်မဆို တရား အားထုတ်လိုက်ယင် မဂ်ဖိုလ်ရဖို့ရာ မဝေးဘူး ဆိုပြီးတော့ သီလစင်ကြယ်တာ အားကိုးပြီးတော့ တရား အားမထုတ်ကြဘူး၊ သီလ လောက်နဲ့ အားရနေကြတယ်၊ အဲဒီ ရဟန်း တွေလဲ ရှိတယ်တဲ့၊ မြတ်စွာဘုရား ဒီဂါထာတရား ဟောတဲ့အခါမှာ ဒီပရိသတ်တွေကလဲ ရှိတယ်၊ |
1,325,584 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့ကလဲ ဓုတင် အကျင့်တွေနဲ့ ပြည့်စုံပြီးနေတာနဲ့ မဂ်ဖိုလ်ဆိုတာ မခက်ပါဘူး၊ အားထုတ် လိုက်ယင် ရောက်တော့မှာပါပဲ၊ အဲဒီလို အောက်မေ့ပြီးတော့ သူက တရား အားမထုတ်ဘူး၊ ဓုတင် အကျင့်ကလေးနဲ့ အားရနေတယ်၊ |
1,325,585 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့ကလဲ စာပေဗဟုသုတတွေ ပြည့်စုံနေလို့တဲ့၊ စာပေကျမ်းဂန်တွေ တတ်သိ နားလည်နေတယ်၊ အားထုတ်နည်းတွေ သိနေတယ်ပေါ့လေ၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာဣန္ဒြေတွေ, သဘောတွေ ကွဲနေတယ်၊ ငါအားထုတ်လိုက်ယင် မခက်ပါဘူး၊ အရဟတ္တမဂ် အရဟတ္တဖိုလ် မကြာခင်ရမှာပဲဆိုပြီးတော့ အေးအေး ဆေးဆေး နေတယ်၊ ဒါကတော့ အခုနေအခါတော့ ဒီလို ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ |
1,325,586 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ဗဟုသုတပြည့်စုံရုံမျှ စိတ်ချ မနေနဲ့ |
1,325,587 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬ တချို့က အဲဒီလိုပဲ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ် သရုပ်သဘောတွေကို နားလည် သဘောပေါက် ကွဲပြားနေတာနဲ့ နိဗ္ဗာန်ဟာ သိပ်မဝေးလှဘူးလို့လဲ ပြောကြတယ်၊ ဝိပဿနာဆိုတာ မခက်ပါဘူးတဲ့၊ ဝိပဿနာ ဆိုတာ လွယ်လွယ်ကလေးပါတဲ့၊ အားထုတ်လိုက်ယင် ဖြစ်တာပါပဲလို့ ပြောကြတယ်၊ ဒါကတော့ သူကိုယ်တိုင် အားထုတ် မကြည့်လို့ စိတ်ကူးနဲ့သာ လွ... |
1,325,588 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘယ်လွယ်လိမ့်မှာတုံး၊ ဗဟုသုတရှိတာက ဗဟုသုတကတခြားပဲ၊ သမာဓိပညာက အားထုတ်မှ ဖြစ်တာ၊ ဗဟုသုတ ပညာတွေက သူ့နေရာနဲ့သူ အသုံးကျတာ၊ သမာဓိပညာက တခြားပဲ၊ အခု လောကဘက်က နေပြီး ခေတ်ပညာတွေများ တချို့ သိပ္ပံပညာတွေများ ထူးချွန်ပြီး တတ်နေ တာတွေ ရှိတယ်၊ ဓာတ်တွေ အမျိုးမျိုးခွဲ၊ စဉ်းစားလို့တောင် သူတို့ တွက်ချက်ပုံတွေ စဉ်းစားလို့ မမီနိုင်လောက်အောင... |
1,325,589 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စာပေ ဗဟုသုတ တွေကလဲ ဒီအတိုင်းပဲ၊ စာပေ ဗဟုသုတတွေဟာ မှတ်သားထားလို့ မှတ်မိ နေတာပဲ၊ နှလုံးမသွင်းပဲနေယင် ဒါတွေကမေ့သွားမှာ၊ အဲဒါတွေနဲ့လဲ မဂ်ဖိုလ်နဲ့ နီးနေတယ်လို့ စိတ်က မအောက်မေ့ရဘူး။ |
1,325,590 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘုရားလက်ထက်တုန်းက ရဟန်းတွေက အဲဒီလိုပဲ၊ ဗဟုသုတ များတာနဲ့ သူတို့က ဘုရားဟောတဲ့ တရားတွေ အနက် အဖွင့် အဋ္ဌကထာတွေ ဒါတွေ သူတို့ သဘောပေါက် နားလည်နေတော့ တို့ တရားအားထုတ်လိုက်ယင် မဝေးပါဘူး၊ မဂ်ဖိုလ်နိဗ္ဗာန် မကြာခင် ရမှာပဲဆိုပြီးတော့ သူတို့က ဗဟုသုတလောက်နဲ့ ကျေနပ်နေတာ၊ ဒါကတော့ အခုခေတ်မှာ အတော်များတယ်၊ ဒီလိုပဲ များနေ ကြတာပဲ၊ တရားကို... |
1,325,591 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အမှန်ကတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်တွေဟာ အားထုတ်ဖို့ ကျင့်ဖို့ရာ ချည်းထဲပဲ၊ ကျက်မှတ် ရွတ်ဖတ် နေဖို့ရာတွေ မဟုတ်ဘူး၊ လူတွေ ကျက်ရအောင် ဖတ်ရအောင်လို့ မြတ်စွာဘုရားက တမင်တကာ တီထွင်ပေးထားခဲ့တာ မဟုတ်ဘူး၊ တချို့ ဒီလို ကျက်မှတ် ရွတ်ဖတ် နေရုံနဲ့ ပြီးရောဆိုပြီး နေကြတာ ဘယ်ဟုတ်မလဲ၊ ကိုယ်တိုင်သိဖို့ရာ ကိုယ်တိုင်ကျင့်ဖို့ရာ ... |
1,325,592 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ ဘုရားဟောတဲ့တရားတော်တွေ ရွတ်ဖတ်နေလို့ ဒီလို လုပ်နေရုံနဲ့ ပြီးမှာမဟုတ်ဘူး၊ တရားကို အားထုတ်မှ ဒေသနာ အစဉ်ကတော့ မပြီးဘူး၊ မြတ်စွာဘုရားလက်ထက်က အချို့သော ရဟန်းတွေဟာ ဒီလိုပဲ ဗဟုသုတလောက်နဲ့ ကျေနပ် ပြီးတော့ အားရဝမ်းသာနေတာ ရှိတယ်တဲ့၊ တချို့ကလဲ တောကျောင်း တောင်ကျောင်းတွေ နေတော့ တို့ဟာ လူသူမနီးတဲ့ တောကျောင်း တောင်ကျောင်း... |
1,325,593 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီအထဲမှာ အနာဂါမိမဂ်ဖိုလ်ရနေတဲ့ ပုဂ္ဂိုလ်တွေကလဲ ပါသေးတယ် ဆိုတာကိုး၊ အနာဂါမ်တွေက အနာဂါမ်ဆိုတော့ ရဟန္တာ ဖြစ်တော့မှာ၊ နီးနီးကလေး ရှိတော့တယ်လို့ ထင်ရတာပါပဲ၊ အဲဒီ ပုဂ္ဂိုလ်တွေကလဲ တို့အနာဂါမိ မဂ်ဖိုလ်တောင်မှ ရနေမှပဲ၊ အရဟတ္တမဂ်ဖိုလ် ဆိုယင် မဝေး တော့ပါဘူး ဆိုပြီး ခပ်အေးအေးနေတယ်၊ အဲဒါ ကြောင့်မို့ မြတ်စွာဘုရားက ဒီဂါထာကို ဟောတာ။ |
1,325,594 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | န သီလဗ္ဗတမတ္တေန (လ) အပ္ပတ္တော အာသဝက္ခယံ။ |
1,325,595 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလဗ္ဗတမတ္တေန၊ သီလဓုတင် အကျင့်မျှဖြင့်။ |
1,325,596 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဿာသံ၊ စိတ်ချလက်ချအားရ၍ နေခြင်းသို့။ |
1,325,597 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နအာပါဒိ၊ မရောက်လေလင့်။ |
1,325,598 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလပြည့်စုံရုံမျှ၊ ဓုတင်အကျင့်နဲ့ ပြည့်စုံရုံမျှနဲ့၊ စိတ်ချအားရပြီး မနေနဲ့အုံး၊ ဘယ်ရောက်အောင် အားထုတ်ရမလဲ ဆိုယင် - |
1,325,599 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အပ္ပတ္တော အာသဝက္ခယံ၊ အာသဝေါ တရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ မရောက်သေးပါပဲ။ |
1,325,600 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဿာသံ၊ စိတ်ချလက်ချ အားရ၍ နေခြင်းသို့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.