id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,325,601
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သီလလောက် ပြည့်စုံရုံမျှနဲ့ စိတ်ချအားရ မနေနဲ့အုံး၊ ဓုတင်အကျင့်နဲ့ ပြည့်စုံ ရုံမျှနဲ့လဲ အားရမနေပါနဲ့တဲ့။
1,325,602
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဗာဟုသစ္စေန ဝါ ပန၊ အကြားအမြင် များရုံမျှဖြင့်လည်း။
1,325,603
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
န အာပါဒိ၊ မရောက်လေလင့်။
1,325,604
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အကြား အမြင်များရုံမျှနဲ့လဲ စိတ်ချမနေနဲ့တဲ့။
1,325,605
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘုရားဟောတော်မူတဲ့ ပါဠိအဋ္ဌကထာ ဋီကာတွေ ကောင်းကောင်း တတ်သိရုံနဲ့ ဗဟုသုတ ရှိနေတာနဲ့လဲ စိတ်မချနဲ့တဲ့။
1,325,606
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကမ္မဋ္ဌာန်းတရား အားထုတ်တဲ့ နည်းတွေ သိနေရုံနဲ့ ခန္ဓာ,အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ်တွေ သရုပ်ကွဲနေရုံနဲ့ ဟောတတ်ပြောတတ်ရုံနဲ့လဲ စိတ်ချ မနေနဲ့အုံး၊ ဘယ်ထိအောင် အားထုတ်ရမလဲ ဆိုတော့ အရဟတ္တမဂ်ဖိုလ် ရောက်အောင် အားထုတ်ပါတဲ့။
1,325,607
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အပ္ပတ္တော အာသဝက္ခယံ။
1,325,608
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာသဝက္ခယံ၊ အာသဝေါတရား၏ ကုန်ရာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ကို။
1,325,609
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အပ္ပတ္တော၊ မရောက်သေးပါပဲ။
1,325,610
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အထဝါ သမာဓိလာဘေန။
1,325,611
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အထဝါ၊ တနည်းအားဖြင့်သော်ကား။
1,325,612
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမာဓိလာဘေန၊ ဈာန်သမာဓိကို ရရုံမျှဖြင့်။
1,325,613
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့က အဲဒီ ဈာန်သမာဓိရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ ရူပဈာန် ၄-ပါး အရူပဈာန် ၄-ပါး၊ သမာဓိတွေ ရနေတာ၊ တို့ တရားအားထုတ်လိုက်ယင် မခက်ပါဘူးဆိုပြီးတော့ ဈာန်ရနေတဲ့ ပုဂ္ဂိုလ်တွေကို ဈာန်သမာဓိ ရနေရုံနဲ့လဲ စိတ်ချမနေနဲ့တဲ့။
1,325,614
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆိတ်ငြိမ်ရာ နေနိုင်ရုံမျှ စိတ်ချပြီး မနေနဲ့ ▬▬▬▬▬▬
1,325,615
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိဝိတ္တသယနေန ဝါ၊ ဆိတ်ငြိမ်သော တောကျောင်းတောင်ကျောင်း၌ နေရုံမျှ ဖြင့်လည်း။
1,325,616
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိဿာသံ၊ စိတ်ချလက်ချ အားရ၍နေခြင်းသို့။
1,325,617
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တောကျောင်းတွေ, ကမ္မဋ္ဌာန်းကျောင်းတွေ နေနိုင်ရုံနဲ့လဲ စိတ်ချပြီးတော့ မနေနဲ့အုံးတဲ့။
1,325,618
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အနာဂါမ်ဖြစ်ရုံမျှ စိတ်ချပြီးမနေနဲ့ ▬▬▬▬▬▬
1,325,619
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အပုထုဇ္ဇနသေဝိတံ၊ များစွာသောပုဂ္ဂိုလ်တို့ မမှီဝဲ မရောက်နိုင်သော။
1,325,620
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နေက္ခမ္မံသုခံ၊ ကာမမှလွတ်မြောက်သော အနာဂါမိမဂ် အနာဂါမိဖိုလ် ချမ်းသာကို။
1,325,621
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖုသာမိ၊ ရောက်ရတွေ့ရပေပြီဟူ၍ နှလုံးသွင်း၍လဲ။
1,325,622
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အများပုဂ္ဂိုလ်တွေ မရောက်နိုင်တဲ့ တို့ အနာဂါမိမဂ်ဖိုလ်တောင် ရောက်နေပြီ၊ ကာမရာဂ, ဗျာပါဒတွေ ကင်းနေပြီ၊ ဒါလောက်တော့ အရဟတ္တမဂ် အရဟတ္တဖိုလ်နဲ့ နီးပါပြီ၊ မဝေးတော့ပါဘူး ဆိုပြီးတော့ စိတ်ချအားရပြီး မနေနဲ့တဲ့၊ ဘယ်ထိအောင် အားထုတ်ရမလဲ ဆိုတော့ -
1,325,623
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာသဝက္ခယံ၊ အာသဝေါတရား ၄-ပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်သို့။
1,325,624
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ရောက်အောင် အားထုတ်ပါတဲ့၊ မြတ်စွာဘုရားက အဆုံးရောက်မှ ကြိုက်တယ်။
1,325,625
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တော်တော်လေး အားထုတ်ပြီးလို့ နားနေယင် မကြိုက်ဘူး၊ သီလပြည့်စုံရုံနဲ့လဲ ဒါလဲပဲ စိတ်မချနဲ့အုံးတဲ့၊ ဓုတင်ပြည့်စုံ ရုံနဲ့လဲ စိတ်မချနဲ့အုံးတဲ့၊ တောကျောင်း တောင်ကျောင်း နေနိုင်ရုံနဲ့ စိတ်မချနဲ့အုံးတဲ့၊ ဈာန်ရရုံနဲ့တောင် စိတ်မချနဲ့အုံးတဲ့၊ အရိယမဂ် ရတာတောင်မှ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်ကို ထားလိုက်အုံး၊ အနာဂါမိမဂ်ဖိုလ် ရောက်တာတောင...
1,325,626
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ ဖြစ်ပြီးသားပုဂ္ဂိုလ်တွေဟာ ဘာဝနာကုသိုလ်တွေ တကြိမ်လောက် အားထုတ်ပြီးယင်၊ တို့တရားအားထုတ်ပြီးပြီ၊ ၇-ရက်တောင် အားထုတ်ပြီးပြီ၊ ဒါလောက်တောင် အားထုတ်ပြီးပြီ ဆိုပြီးတော့ အားရမနေနဲ့တဲ့၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရောက်အောင် တတ်နိုင်လို့ရှိယင် အားထုတ်ရမယ်၊ မရောက်တာ ကတော့ မတတ်နိုင်ဘူးပေါ့လေ၊ မရောက်တာကတော့ သူ့ပါရမီ အကြောင်း အာ...
1,325,627
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါကြောင့် ဖြစ်ပြီးသော ကုသိုလ်တရားတွေကို တည်တံ့နေအောင်၊ တိုးပွားအောင်၊ ပြည့်စုံ သွားအောင်၊ တည်တံ့တိုးပွား ပြည့်စုံသွားအောင် အားထုတ်ပါတဲ့၊ အဲဒီလို အားထုတ်တိုင်း အားထုတ်တိုင်းဟာ ဒါသမ္မပ္ပဓာန် ဝီရိယတွေဖြစ်တယ်၊ အဲဒါ သမ္မပ္ပဓာန် ဝီရိယ ၄-ခု ရှိသွားပြီနော်၊ မှတ်လို့တော့ လွယ်ပါတယ်။
1,325,628
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
၁။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင်အားထုတ်ခြင်း။
1,325,629
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
၂။ ဖြစ်ပြီးသော အကုသိုလ်တရားတွေ မဖြစ်အောင်အားထုတ်ခြင်း၊ မဖြစ်နိုင်အောင် ပယ်နိုင်အောင် အားထုတ်ခြင်း။
1,325,630
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်အောင်အားထုတ်ခြင်း။
1,325,631
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
၄။ ဖြစ်ပြီးသော ကုသိုလ်တရားတွေ တည်တံ့ပွားများပြည့်စုံသွားအောင် အားထုတ်ခြင်း။
1,325,632
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တည်တံ့ရုံနဲ့လဲ မဟုတ်သေးဘူး၊ ပွားလဲပွားရမယ်၊ ပွားရုံနဲ့လဲ မဟုတ်သေးဘူး၊ ပြည့်စုံသွားအောင်၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်သွားအောင် အားထုတ်ရမယ်၊ အဲဒါ သမ္မပ္ပဓာန် ၄-ပါး ခေါ်တယ်၊ အဲဒါ မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါယာမ မဂ္ဂင်ပဲတဲ့။
1,325,633
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆိုရမယ် - မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင်အားထုတ်ခြင်း။
1,325,634
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင်အားထုတ်ခြင်း။
1,325,635
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်အောင်အားထုတ်ခြင်း။
1,325,636
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်ပွားများ ပြည့်စုံသွားအောင် အားထုတ် ခြင်း။
1,325,637
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဤအားထုတ်ခြင်း ၄-ပါးကို သမ္မပ္ပဓာန် ၄-ပါး၊ သမ္မာဝါယာမ မဂ္ဂင်ဟုခေါ်သည်၊ သမ္မာဝါယာမ မဂ္ဂင်ဆိုတာ ဒါပဲ။
1,325,638
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အယံ၊ ဤအားထုတ်ခြင်း ၄-ပါးကို။
1,325,639
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါယာမော၊ သမ္မာဝါယာမ မဂ္ဂင်ဟူ၍။
1,325,640
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဝါယာမ မဂ္ဂင်ဆိုတာ ဒီဟာ ၄-ပါးပဲတဲ့၊ ဒါက ရှေးအဖို့က အားထုတ်ခြင်း၊ ဝိပဿနာ ရှုတဲ့အခါမှာတော့ ရှုတိုင်း ရှုတိုင်း သမ္မပ္ပဓာန် ၄-ပါးတော့ ပါနေတယ်၊ ရှုတိုင်းရှုတိုင်းဟာ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပဲ၊ မြင်တိုင်းကြားတိုင်း ဒွါရ ၆-ပါးက အာရုံ ၆-ပါး ကျလာတဲ့အခါ၊ မသင့်တင့်တဲ့ နှလုံးသွင်းယင် အကုသိုလ်ဖြစ်မယ်၊ မဖြ...
1,325,641
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပြီးတော့ မဖြစ်သေးတဲ့ ကုသိုလ်တွေလဲ ဖြစ်အောင် အားထုတ်တာ၊ ရှေးကဝိပဿနာ မရှုဖူးသေးဘူး ဆိုယင် အဲဒီ ဝိပဿနာဉာဏ်ဟာ မဖြစ်သေးတာ၊ တွေပေါ့၊ နာမရူပ ပရိစ္ဆေဒဉာဏ် မဖြစ်ဖူးသေးဘူး၊ ဖြစ်အောင် အားထုတ်ရမယ်၊ ဒါမဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် အားထုတ် တာပဲ၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ အကြောင်းအကျိုးကို သိတဲ့ဉာဏ် မဖြစ်သေးတာ၊ ဖြစ်အောင် အားထုတ်ရမယ်၊ သမ္မ...
1,325,642
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြင်တိုင်း, ကြားတိုင်း, ဒွါရ ၆-ပါးက ပေါ်တိုင်း, ပေါ်တိုင်းတွေ ရှုနေလို့၊ ဖြစ်ပြီး ပျောက်သွား၊ ဖြစ်ပြီးပျောက်သွားတဲ့ တရားတွေ တွေ့လို့ အနိစ္စ - မမြဲတဲ့တရားပဲ၊ ဖြစ်ချည်ပျက်ချည်နဲ့ ဆင်းရဲတဲ့ တရားချည်းထဲပဲ၊ သူ့သဘောအတိုင်း သူဖြစ်ချင်သလို ဖြစ်နေလို့ သဘောတရားမျှပဲလို့ တွေ့တဲ့အခါမှာ အနိစ္စ, ဒုက္ခ, အနတ္တပဲလို့ သုံးသပ် ဆင်ခြင်တယ်...
1,325,643
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖြစ်ပြီးသော ကုသိုလ် တရားတွေကို တည်တံ့အောင်လို့ အားထုတ်တယ်တဲ့၊ ဖြစ်အောင် အားထုတ်တယ်၊ ပြည့်စုံ ပွားများအောင် အားထုတ်တယ်တဲ့၊ ဒါလဲပဲ သူ့ဟာ ရှုတိုင်း ရှုတိုင်း ဖြစ်ပြီးတဲ့ ဝိပဿနာဉာဏ်တွေ ဆင့်ဆင့်ပြီးတော့ ပွားနေတာ၊ ဘာဝနာဆိုတာ ပွားတာတဲ့၊ ကိုယ့်ကိုယ်မှာ ပွားတာ၊ တခါရှုလိုက် တခါဖြစ်၊ နောက်တခါရှုလိုက် နောက်တခါဖြစ်၊ ရှုတိုင်း ရှုတိ...
1,325,644
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြင်တာကလေး တခါရှုလိုက်၊ မြင်တယ်မှတ်လိုက်၊ အဲဒီမှာမြင်တယ် မှတ်မိအောင် အားထုတ်တဲ့ ဝီရိယကလေးပါတယ်၊ ဒါသမ္မာဝါယာမမဂ္ဂင်၊ ဝီရိယလေးနဲ့ ကြောင့်ကြ ဗျာပါရစိုက်ပြီး မှတ်လို့ မြင်တယ်၊ ကြောင့်ကြ ဗျာပါရ စိုက်ပြီးပေးလို့ မြင်တယ်လို့ ရှုမှတ်မှုဖြစ်တယ်၊ အဲဒီ ဝီရိယကလေးက မဖြစ်သေးတဲ့ အကုသိုလ်တွေလဲ မဖြစ် ရအောင် အားထုတ်လိုက်တာပဲ၊ ဖြစ်ပြီးသာ...
1,325,645
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မပ္ပဓာန် ၄-ချက်လုံးပြီးတယ်၊ ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် မှတ်ရတယ်၊ မမှတ်ပဲ နေယင်ဖြင့် အကုသိုလ်ဆိုတာ ဖြစ်နိုင်တယ်၊ မှတ်လိုက်တော့မဖြစ်ဘူး၊ ဖြစ်ပြီးသား ကုသိုလ်တွေလဲ ထပ်ပြီးတော့ ဖြစ်နိုင်တယ်၊ ဒါကြောင့် မဖြစ်သေးတာလဲ မဖြစ်ဘူး၊ ဖြစ်ပြီးသား အကုသိုလ်တွေလဲ ထပ်ပြီးတော့ မဖြစ်ရဘူး၊ မဖြစ်သေးတဲ့ အကုသိုလ်တွေလဲ မှတ်တိုင်းမှတ်တိုင်း ...
1,325,646
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါတွင်မကဘူး၊ ခုနကပြောတဲ့အတိုင်း ဝိပဿနာဉာဏ်စဉ် အတိုင်း နာမ်ရုပ်ကွဲပြားပြီး သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်နိုင်တယ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်နိုင်တယ်၊ သမ္မသနဉာဏ်ဖြစ်နိုင်တယ်၊ ဥဒယဗ္ဗယဉာဏ်တိုင်အောင် အကုန်လုံး လျှောက်ပြီးတော့ ဖြစ်နိုင်တယ်၊ အဲဒီလိုမဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်အောင် အားထုတ်သည် မည်တယ်၊ ဖြစ်ပြီးသား ကုသိုလ်တရားတွေလ...
1,325,647
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မှတ်တိုင်းမှတ်တိုင်း မှတ်မိအောင် ကြောင့်ကြစိုက်ပေးတာက၊ သမ္မပ္ပဓာန်ဝီရိယ သမ္မာဝါယာမ မဂ္ဂင် ခေါ်သည်။
1,325,648
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မှတ်တိုင်းမှတ်တိုင်းဟာ ကြောင့်ကြ စိုက်ပေးမှုပါတယ်၊ ကြောင့်ကြ မစိုက်ယင် ဘယ်မှတ်မိ လိမ့်မှာတုံး၊ လမ်းလျှောက်နေတယ် ဆိုပါတော့၊ ကြွတယ်, လှမ်းတယ်, ချတယ်မှတ်ရမယ်၊ ကြောင့်ကြ မစိုက်လို့ရှိယင် ကြွတာလဲမှတ်မိမှာ မဟုတ်ဘူး၊ လှမ်းတာလဲ မှတ်မိမှာ မဟုတ်ဘူး၊ မှတ်နေယင်းတောင်မှ ဝီရိယ ကြောင့်ကြစိုက်မှုက လျော့နေတဲ့အခါ မမှတ်မိပဲနဲ့ လွတ်သွားတာ...
1,325,649
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘာနဲ့တူသလဲဆိုတော့ ကလေးတွေ စာအံတာနဲ့ တူတယ်၊ ဘုန်းကြီးကျောင်းများမှာ ကလေးတွေ စာအံတယ်၊ဘုန်းကြီး အမြဲတမ်း သတိပေးနေရတယ်၊ သတိမပေးပဲနဲ့ ဒီလိုနေယင် ကလေးတွေက ကောင်းကောင်း မအံကြဘူး၊ ဘုန်းကြီးက ဂျိုးဂျောင်းနဲ့ တုတ်နဲ့ရိုက်ပြီး သတိပေးရတယ်၊ အဲဒီလို သတိပေးလိုက်ယင် အော်ပြီး အံကြရှာတယ်၊ တော်တော်လေးကြာတော့ လျော့သွားတယ်၊ ဒုန်းကနဲ ဘုန်းက...
1,325,650
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါလိုပဲ၊ ကိုယ့်တကိုယ်တည်း ပေမယ်လို့ ဒီလို ကြောင့်ကြစိုက်မှု သမ္မာဝါယာမ ကလေးက အမြဲတမ်း ပေးနေမှ အမှတ်ကလေးတွေက ဖြစ်တယ်၊ အားလေး လျော့သွားလို့ရှိယင် နေရာ မကျဘူး၊ အမှတ်တွေမေ့သွားပြီ၊ တခြားရောက်သွား၊ လွင့်သွားကုန်ပြီ၊ ပျက်ကုန်တာ၊ အဲဒါ သမ္မပ္ပဓာန် ဝီရိယတဲ့၊ မှတ်တိုင်း မှတ်တိုင်း မှတ်မိအောင် ကြောင့်ကြ စိုက်ပေးတာတဲ့၊ ကြောင့်ကြ...
1,325,651
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမာစ ဘိက္ခဝေ သမ္မာသတိ။
1,325,652
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသတိ၊ မှန်စွာ အမှတ်ရခြင်းသည်။
1,325,653
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမာ စ၊ အဘယ်ပါနည်း။
1,325,654
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာသတိ မှန်စွာ အမှတ်ရတယ်ဆိုတာ ဘာလဲဆိုတော့-
1,325,655
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီဝိဟရတိ၊ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ။
1,325,656
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သတိပဋ္ဌာန် ဥဒ္ဒေသကအတိုင်းပါပဲ။
1,325,657
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဣဓ၊ (လ) ဝိဟရတိ၊ နေ၏။
1,325,658
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်အပေါင်းကို၊ ရုပ်အပေါင်းဟု ရှုနေသည်၊ ဒါကို လွယ်လွယ်အောက်မေ့ရတယ်၊ ရုပ်သဘောတရား အမှန်ကလေး သိအောင် ရှုရမှာ၊ ဒါလွယ်လွယ်ကလေး မဟုတ်ဘူး၊ အမှန်ကလေးကို ရှုရမှာ၊ ဘယ်လိုအမှန်လဲ ဆိုတော့ ရုပ်တရားဟာ အနိစ္စသဘော ရှိသည်၊ ဒုက္ခသဘော ရှိသည်၊ အနတ္တသဘော ရှိသည်၊ အသုဘသတော ရှိသည်၊ အဲဒီ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ သဘောညီအောင်လို့ ရှုရမယ်တဲ့။
1,325,659
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဋ္ဌကထာ တွေကတော့ သီးသန့်ခွဲလိုက်မယ် ဆိုလို့ရှိယင် ကာယာနုပဿနာက အသုဘနဲ့ ဆိုင်တယ် ဆိုပြီးတော့ အသုဘကို အလေးပေးပြီးတော့ ဖွင့်ထားပါတယ်၊ ဒါပေမယ်လို့ အကုန်လုံး ပါပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘတွေ ထင်မြင်အောင်လို့ ရှုရမယ်။
1,325,660
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်ဆိုတာ မမြဲတဲ့သဘော၊ ရုပ်ဆိုတာ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲတဲ့ သဘော ရှိတယ်၊ ဆင်းရဲဆို နှစ်သက်သာယာမှု မရှိတာပေါ့လေ၊ အခံခက်နေတာတွေ၊ ဒီလိုတော့ မဟုတ်ပါဘူး၊ အဲဒီ နှစ်သက် သာယာဖွယ် မရှိတဲ့ ဆင်းရဲတဲ့ သဘောရှိတဲ့ ဆင်းရဲ သဘောကိုမြင်အောင် ရှုရမယ်၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရားပဲ၊ သူ့ဟာသူ ဖြစ်ပျက်နေတဲ့ သဘောတရားပဲ၊ အနတ္တ သဘောရှ...
1,325,661
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လောကမှာ ရုပ်က တင့်တယ်တဲ့သဘော ဖြစ်နေတာပေါ့လေ၊ သူ့ဟာနဲ့သူ တင့်တယ်တဲ့ သဘောဖြစ်နေတာ၊ မတင့်တယ်လို့လဲပဲ မဖြစ်ပေဘူး၊ တင့်တယ်လဲ တင့်တယ်အုံးမှပဲ၊ လူတွေ ပျော်ကြမှာ၊ သတ္တဝါတွေဟာ ကိုယ့်ရုပ်နဲ့ကိုယ်လဲ တင့်တယ်တယ် ထင်တာပဲ၊ သူများရုပ်တွေလဲ တင့်တယ်တယ် ထင်တာပဲ၊ ကြည့်လို့ရှုလို့ သုံးစွဲလို့ဖြစ်မှာ၊ နို့မို့လို့ရှိယင် ဘာမှ မတင့်တယ်ဘူး၊ ရွ...
1,325,662
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါပေမယ်လို့ အမှန်အားဖြင့် ရုပ်ဆိုတာ မတင့်တယ်တဲ့ သဘောပဲတဲ့၊ မတင့်တယ်တဲ့ သဘောလဲ မြင်ရမယ်၊ အထင်အရှား မတင့်တယ်တာကတော့ ကောဋ္ဌာသအဖို့ အစုတွေနဲ့ ရှုလိုက်ယင် ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ စသည်ဖြင့်ပေါ့လေ၊ ကိုယ်ကြီးတကိုယ်လုံးမှာ ရွံစရာ အကောင်းဆုံးကတော့ ကျင်ကြီး ကျင်ငယ်တို့၊ ချွဲသလိပ်၊ တံတွေးစတဲ့ ဒီဥစ္စာတွေပေါ့လေ၊ ...
1,325,663
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယေ၊ ရုပ်အပေါင်းကိုယ်၌။
1,325,664
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယေ၊ မမြဲ ဆင်းရဲ အစိုးလဲမရ၊ မလှပ မတင့်တယ်သော ရုပ်အပေါင်းကိုယ်၌။
1,325,665
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယနုပဿီ၊ မမြဲဆင်းရဲအစိုးလဲမရ မလှပမတင့်တယ်သော ရုပ်အပေါင်းမျှဟု ရှုမြင်လျက်။
1,325,666
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အနိစ္စသဘော ရှုမြင်ပြီးတော့ နေရမယ်၊ ဒုက္ခသဘော ရှုမြင်ပြီးတော့ နေရမယ်၊ အနတ္တသဘော ရှုမြင်နေရမယ်၊ အသုဘသဘော ရှုမြင်နေရမယ်၊ ဒီ ၄-ပါးထဲက တခုခုတော့ မြင်ရမှာပေါ့၊ ကေသာ, လောမာစသည်ဖြင့် ရှုမြင်လို့ရှိယင်တော့ အသုဘက အမြင်များမှာပါပဲ၊ နောက် သီဝထိပဗ္ဗနဲ့ ရှုတဲ့အခါလဲပဲ အသုဘ မြင်တာပဲ၊ ဒိပြင်အပိုင်းနဲ့ ရှုယင်တော့ အနိစ္စ, ဒုက္ခ, အနတ္တ၊ ဒ...
1,325,667
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါမြင်အောင် ရှုဖို့ရာ အခုသွားယင် သွားတာကို မှတ်ရတယ်၊ ကြွတယ်၊ လှမ်းတယ်, ချတယ်, ကြွတာကလေးကလဲ ကြွပြီးပျောက်၊ လှမ်းတာကလေးကလဲ လှမ်းပြီးပျောက်၊ ချတာကလေးကလဲ ချပြီးပျောက်၊ ဒီအထဲမှာ မြဲတဲ့သဘောမရှိဘူး၊ တနေရာက တနေရာရွေ့ပြီး ပျောက်သွားတာပဲ၊ မြဲတဲ့သဘောမရှိဘူး၊ ကွေးတယ်ဆန့်တယ် ဆိုပါတော့၊ ကွေးတယ် ကွေးတယ် မှတ်ယင်း ရွေ့တိုင်း ရွေ့တိုင...
1,325,668
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နှစ်သက်သာယာစရာ အားကိုးစရာ မရှိဘူး၊ ဒီအထဲမှာ ပကတိပုဂ္ဂိုလ်တွေက ကိုယ့်ရုပ် ကိုယ့်ကိုယ် အားကိုးနေကြတာ၊ မြဲတည်နေတယ်လို့ အောက်မေ့လို့ ခဏမစဲ ဖြစ်ပျက်နေတယ် ဆိုတော့ ဘာအားကိုးစရာ ရှိမလဲ၊ နှစ်သက် သာယာစရာ အားကိုးစရာမရှိဘူး၊ ဒုက္ခပဲ၊ ဒုက္ခဆင်းရဲပဲတဲ့၊ မကောင်းဘူးလို့ ဆိုတာပေါ့လေ၊ အနတ္တ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးတဲ့၊ အသက်ရှင်နေတဲ့ အစဉ...
1,325,669
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အစိုးမရတဲ့ သဘောပဲတဲ့၊ ကွေးလိုက် ရွေ့လိုက်ပျောက်လိုက်၊ ရွေ့လိုက် ပျောက်လိုက်နဲ့ ကွေးတိုင်း ကွေးတိုင်း ဆန့်တိုင်းဆန့်တိုင်း အဲဒီ ကိုယ်အမူအရာတွေ ရှုတိုင်း ရှုတိုင်းဟာ ဖြစ်ပြီး ပျောက်သွားလို့ မမြဲဘူး၊ ဖြစ်ချည် ပျောက်ချည်နဲ့ နေလို့ ဆင်းရဲပဲ၊ သူ့ဟာသူ ဖြစ်ပျက်နေတယ် ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ ကိုယ့်အလိုအတိုင်း အစိုးမရဘူး၊ သူ့...
1,325,670
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို ရှုနိုင်အောင်က ပြောတော့ လွယ်လွယ်ရတယ်၊ ပြောတော့ အနိစ္စ, ဒုက္ခ, အနတ္တ ရှုတယ်ဆိုတော့ လွယ်လွယ်ရယ်၊ တကယ်ကျတော့ နိစ္စပဲထင်နေတာ၊ ရုပ်ကိုယ်ကြီးဟာ အနိစ္စ ဆိုယင် နိစ္စမြဲတယ်၊ သူက ငြင်းချက် ထုတ်နေတယ်၊ ဘာဖြစ်လို့တုံးဆိုတော့ ကိုသူက အမေ မွေးလာ ကတည်းက မြဲတည်ဖြစ်လာခဲ့တာ၊ အခုမှ မမြဲဘူးလို့ငြင်းလို့ သူက လက်မခံဘူး၊ ပကတိ စိတ်တရားတ...
1,325,671
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆင်းရဲပဲ နှစ်သက် သာယာစရာ မရှိဘူးလို့ နှလုံးသွင်းပြန်ယင်လဲ နှစ်သက် သာယာ စရာတွေ ဒီမှာ ရှိနေတာပဲ၊ မလှပ မတင့်တယ်ဘူးလို့ ဆိုယင်လဲ လှပတင့်တယ်တယ်လို့ ထင်နေတာပဲ၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ သဘောတရားပဲ ဆိုယင် ဟိုငယ်ငယ် ကတည်းက ဒီကိုယ်ကြီး တကိုယ်ထဲ ငါတယောက်ထဲ ဖြစ်နေတာ၊ အသက်ရှင်နေတဲ့ ငါကောင် သတ္တဝါကောင် ဟုတ်နေတာလို့ ဆိုပြီး ပကတိ စိတ...
1,325,672
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပြီးတော့လဲ ရုပ်ဆိုတာဟာ ရုပ်ကြမ်းလဲ ရှိတယ်၊ ရုပ်နုလဲ ရှိတယ်တဲ့၊ တချို့က ဒီလိုဝါဒ စွဲလမ်းတာရှိတယ်၊ ရုပ်ကြမ်းကြီးက သေတဲ့အခါ ပျက်သွားပေမယ့် ရုပ်အနုက အတွင်းက ကိုယ် ကတော့ မပျောက်ဘူးတဲ့၊ ဟိုဘဝ ရွှေ့သွားတယ်၊ အတ္တကောင် ကလေး အသက်က ထွက်သွားတယ်ဆိုတာက ရှိသေးတာကိုး၊ အိန္ဒိယမှာ ကျမ်းတွေက သေသေချာချာ ရေးထားတယ်၊
1,325,673
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ် ၂-ကိုယ် ရှိတာတဲ့၊ ဩဠာရိက ရုပ်ကိုယ်နဲ့ သုခုမရုပ်ကိုယ် ၂-ခုရှိတယ်၊ ရုပ်ကြမ်းနဲ့ ရုပ်နု နှစ်ခုရှိတာတဲ့၊ အကြမ်းကိုယ် တခု၊ အနုကိုယ် တခု၊ ၂-ခုရှိတာတဲ့၊ အသေအချာ ရေးထားတယ်၊ သေတဲ့အခါ ကာလကျတော့ ရုပ်ကြမ်းကြီးက ပျက်သွားတာတဲ့၊ ရုပ်နုကိုယ်က မပျက်ဘူးတဲ့၊ သူက ထွက်သွားတယ်တဲ့၊ ဘာနဲ့ တူသလဲဆိုယင် သစ်ပင်တပင်က လဲသွားယင် ဒီသစ်ပင်မှာ နာ...
1,325,674
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပြီးတော့ ဒီရုပ်ကိုယ်ကြီး မမြဲဘူးလို့ နှလုံးသွင်းဖို့ရာဟာ ကိုယ်ပိုင် ကိုယ်တိုင်တွေ့နဲ့ ကိုယ့်ဟာကိုယ် နှစ်ခြိုက်ပြီး သဘောကျဖို့ရာ မလွယ်ပါဘူး၊ မြတ်စွာဘုရား ပေးတဲ့ နည်းအတိုင်း ကျကျနန အားထုတ်မှဖြစ်တာ၊ စိတ်ကူးစဉ်းစား ကြံစည်ရုံနဲ့ တချို့က လွယ်လွယ်ဖြစ်တယ်လို့ ပြောဟော နေကြတာ၊ အဲဒါက သူတို့စိတ်ကူးနဲ့ ပြောနေတာ၊ တကယ်ဖြစ်တာမဟုတ်ဘူး၊...
1,325,675
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ အဲဒီ မမြဲတဲ့ သဘောတွေ သိရအောင်ဟာ ဘယ့်နှယ် လုပ်ရမတုံးလို့ မြတ်စွာဘုရားက လက်နက်ကောင်းတွေ ပေးထားတယ်၊ ပကတိ မျက်စိနဲ့ မမြင်နိုင်တဲ့ အရာဝတ္ထုတို့ ကြည့်ရအောင် မှန်ဘီလူးနဲ့ မှန်ပြောင်းနဲ့ ကြည့်လိုက်လို့ရှိယင် မြင်ရသလိုပဲ၊ ပကတိ အသိဉာဏ်နဲ့ မသိနိုင်တာ တွေကို ဝိပဿနာဉာဏ်နဲ့ သိအောင် မြတ်စွာဘုရားက ပေးထားတယ်၊ သတိပဋ္ဌာန်နည်းနဲ့...
1,325,676
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာတာပီ သမ္ပဇာနော သတိမာ။
1,325,677
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာတာပီ၊ သမ္မပ္ပဓာန်လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍။
1,325,678
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာတာပီ၊ ကိလေသာတွေကို ပူလောင်သွေ့ခြောက် ကင်းပျောက် စေတတ်သော သမ္မပ္ပဓာန် လုံ့လ ဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍။
1,325,679
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ သမ္မပ္ပဓာန်ဝီရိယ လက်နက်ကလေးလဲ ဆောင်ထားပါတဲ့၊ ကိလေသာတွေကို ပူလောင် သွေ့ခြောက်တယ်၊ ပူစေတတ်တယ်တဲ့၊ ကိလေသာတွေကို အပူတိုက် တတ်တယ်၊ ကိလေသာ တွေက အစိုသဘော နှလုံးသွင်း၊ ပြီးတော့ ဒီဒေသနာက ဟောထားတယ်၊ နေပူလိုက်လို့ရှိယင် အပူဓာတ်တွေက ခြောက်သွားတာလို မီးကင် လိုက်လို့ရှိယင် အစိုဓာတ်တွေ ခြောက်သွားသလိုပဲ၊ အခု အဝတ်တွေများ လျှော်ထား...
1,325,680
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မပ္ပဓာန်လုံ့လက အခုနကပြောသလို ဖြစ်တိုင်း ဖြစ်တိုင်းတွေကိုသာ ရှုနိုင်အောင် ကြောင့်ကြ စိုက်ပြီးတော့ ပေးနေပါတဲ့၊ ကြောင့်ကြစိုက်ပြီးတော့ ရှုနေလို့ရှိယင် မဖြစ်သေးတဲ့ အကုသိုလ်တွေလဲ ဖြစ်ခွင့်မရဘူး၊ ရှေးကဖြစ်ဖူးတဲ့ အကုသိုလ်တွေလဲ ဖြစ်ခွင့်မရတော့ ခြောက်သွေ့ ကုန်တာပေါ့၊ မြင်ရာကလဲ ဖြစ်ခွင့်မရ၊ ကြားရာက လဲဖြစ်ခွင့်မရ၊ နံရာ, စားရာ,...
1,325,681
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်” မြင်လို့ ရှိယင် ကိလေသာ ဖြစ်မယ်၊ ဒီတော့ ရှုလိုက်ပါတဲ့၊ ကြားရာမှာလဲ ကိလေသာ ဖြစ်နိုင်တယ်တဲ့၊ ရှုလိုက်ပါတဲ့၊ နံရာ, စားရာ, တွေ့ထိရာတွေမှာ မရှုယင် ကိလေသာ ဖြစ်နိုင်တယ်တဲ့၊ ရှုလိုက်ပါတဲ့၊ စိတ်ကူး စဉ်းစား ကြံစည် ရာမှာလဲ ကိလေသာဖြစ်နိုင်တယ်၊ ရှုလိုက်ပါတဲ့၊ ဒွါရ ၆-ပါးက အာရုံ ၆-ပါးရလာပြီ ဆိ...
1,325,682
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အမှတ်သတိကလေး, ဉာဏ်ကလေး ထည့်ပေးပါတဲ့၊ ဘာနဲ့တူသလဲ ဆိုယင် အခု အစာကြေ ဆေးလေးများ စားတာနဲ့ တူတယ်၊ နေမကောင်းလို့ နာလန်ထခါစ ပုဂ္ဂိုလ်တွေ၊ သိပ်မကျန်းမာ သေးဘူး၊ အစားကောင်းကလဲ စားချင်တယ်၊ အစား ကောင်းကောင်း မစားရတော့ အစာအိမ်က အစာတောင်းတယ်၊ တောင်းတယ်ဆိုတာ စားချင်တာ၊ တောင်းတာတွေကလဲ လူမမာနဲ့ မတည့် တာတွေ၊ အဲဒါကို စားချင်လွန်းမက စားချ...
1,325,683
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါလိုပဲ အခု မြင်တိုင်းကြားတိုင်း နောက်ကလိုက်ပြီး သတိ, သမာဓိ, ဉာဏ်ကလေး ထည့်ပေးပါတဲ့၊ အရေးကြီးတာကတော့ သတိနဲ့ဉာဏ်ကလေး ထည့်ပေးပါတဲ့၊ အစာကြေးဆေးတွေ ခြေလိုက်တာကိုး၊ အစာတွေကို ခြေချလိုက်တယ်၊ တခါတည်း ရောဂါတွေ မဝင်ရအောင်လို့၊ အဲဒီလို ထည့်ပေးဖို့ရာက သမ္မပ္ပဓာန် လုံ့လကလေးက ကြောင့်ကြစိုက်မှ၊ ကြောင့်ကြမစိုက်ပဲနဲ့ သူက အိပ်နေလို့ရှ...
1,325,684
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာတာပီ၊ ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက် စေတတ်သော သမ္မပ္ပဓာန် လုံ့လ ဝီရိယ ရှိသည်ဖြစ်၍။
1,325,685
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိလေသာတွေကို ပူလောင်ခြောက်သွေ့စေတတ်၊ ကင်းပျောက်စေတတ်တဲ့ သမ္မပ္ပဓာန်လုံ့လနဲ့ပြည့်စုံရမယ်တဲ့၊ အင်မတန် ကောင်းတယ်၊ ဒီနည်းကလေး ပေးထားတာ၊ အဲဒါလို လုပ်တဲ့ လုံ့လဝီရိယနဲ့ မှတ်မိအောင် ကြောင့်ကြစိုက်ပေးနေရမယ်တဲ့၊
1,325,686
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တမှတ်ပြီးတာနဲ့ အေးမနေနဲ့တဲ့၊ တော်လောက်ပါပြီ ဆိုပြီး ရပ်မနေနဲ့တဲ့၊ တမှတ်ပြီး တမှတ် တမှတ်ပြီး တမှတ် မြင်တိုင်း, ကြားတိုင်းတွေ အကုန်လုံး ရှုမှတ်နေရမယ်၊ ဖောင်းတာ, ပိန်တာတွေ၊ ဘာမှ မှတ်စရာမရှိယင် ဖောင်းတာ ပိန်တာတွေ တခုပြီး တခုသာ မှတ်နေ၊ ဖြစ်တိုင်းဖြစ်တိုင်း မှတ်နေပါတဲ့၊ မှတ်နေယင် ကိလေသာတွေ ဝင်ခွင့်မရပဲ ဖြစ်နေပါလိမ့်မယ်တဲ့၊ က...
1,325,687
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“သမ္ပဇာနော၊ မှန်စွာ သိသည်ဖြစ်၍” သမ္ပဇာနောဆိုတာ မှန်စွာကောင်းစွာ မှန်စွာအပြားအားဖြင့် သိတယ်၊ မှန်စွာသိပြီတဲ့၊ ရုပ်တရား, ရုပ်တရား သဘောအတိုင်း၊ နာမ်တရား, နာမ်တရား သဘောအတိုင်း၊ ဖြစ်ယင်ဖြစ်တဲ့အတိုင်း၊ ပျက်ယင် ပျက်တဲ့အတိုင်း၊ မမြဲယင် မမြဲတဲ့အတိုင်း၊ အမှန်အတိုင်း သိပါလိမ့်မယ်၊ ရုပ်အမူအရာ တွေ၊ ကွေးယင် ကွေးတယ်၊ ကွေးတယ်ဆိုတော့ က...
1,325,688
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါ သမ္ပဇာနော မှန်စွာ အပြားအားဖြင့် သိသည်ဖြစ်၍တဲ့၊ ကိုယ်တိုင်မှန်စွာ အပြားအားဖြင့် သိတယ်တဲ့၊ အဲဒီ လက်နက်ကလေးတွေ ထည့်ပေးထားပါတယ်။
1,325,689
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယာနုပဿနာ။
1,325,690
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
။ ဒါနဲ့ လုပ်လို့ရှိယင် -
1,325,691
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယေ၊ မမြဲ, ဆင်းရဲ, အစိုးလဲမရ, မလှပ မတင့်တယ်သော ရုပ်အပေါင်းကိုယ်၌။
1,325,692
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကာယာနုပဿီ၊ မမြဲ, ဆင်းရဲ, အစိုးလဲမရ, မလှပ မတင့်တယ်သော ရုပ်အပေါင်းဟု ရှုမြင်လျက်။
1,325,693
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိဟရတိ၊ နေနိုင်ပါလိမ့်မည်။
1,325,694
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလိုရှုနေတော့ ဘာအကျိုးရမလဲ ဆိုတော့ -
1,325,695
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ။
1,325,696
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လောကေ၊ မရှုမိတဲ့ ရုပ်နာမ်အပေါင်း လောက၌။
1,325,697
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဘိဇ္ဈာ ဒေါမနဿံ၊ မရှုမိလျှင် ဖြစ်နိုင်သော အဘိဇ္ဈာနှင့် ဒေါမနဿကို။
1,325,698
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ လောဘနှင့် ဒေါသကို။
1,325,699
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိနေယျ၊ ပယ်ဖျောက်၍။
1,325,700
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိဟရတိ၊ နေနိုင်၏။