id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,701 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မရှုမိယင် မရှုမိတဲ့အာရုံမှာ လောဘ, ဒေါသ ဖြစ်ပါလိမ့်မယ်၊ မြင်ရတဲ့အာရုံကို မရှုမိယင် အဲဒီအာရုံဟာ နှစ်သက် သာယာစရာ ကောင်းယင် လောဘဖြစ်လိမ့်မယ်၊ မုန်းစရာကောင်းယင် ဒေါသဖြစ်လိမ့်မယ်၊ ကြားရတဲ့ အာရုံလဲ ထို့အတူပဲ၊ နံရတဲ့ အာရုံ, စားရတဲ့ အာရုံ, တွေ့ထိရတဲ့ အာရုံတွေလဲ အတူတူပဲ၊ နှစ်သက်စရာ ကောင်းတဲ့ အာရုံတွေဆိုယင် လောဘဖြစ်တယ်၊ မုန်းစရာက... |
1,325,702 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်ယင် မြင်တယ်၊ ကြားယင် ကြားတယ်၊ ဖောင်းယင် ဖောင်းတယ်၊ ပိန်ယင် ပိန်တယ်, ကွေးတယ်, ဆန့်တယ်, ထိုင်တယ်, ထတယ်, အကုန်လုံး မှတ်ရနေတယ်၊ အမှတ်ရတော့ အဲဒီအာရုံကို အမှန် အတိုင်း သိသွားတယ်တဲ့၊ ရုပ်သဘောလေးတွေ အမှန်အတိုင်း သိတယ်၊ အမှန်အတိုင်း သိတော့ နှစ်သက်စရာ အာရုံရယ်လို့လဲ သူ့စိတ်ထဲမှာ စွဲမထားဘူး၊ မုန်းစရာ ရယ်လို့လဲ စွဲမထားဘူး၊ ကိလ... |
1,325,703 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆိုရမယ် - ဖြစ်ပေါ်လာသော ရုပ်အမူအရာ ဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်၊ ရှုမြင်နိုင်အောင် မပြတ် ကြောင့်ကြစိုက်ရမည်၊ မပြတ်မှတ်လျက် အမှန်အတိုင်း သိရမည်၊ ဒီလိုသိလျှင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းလေတော့သည်၊ ကိလေသာငြိမ်းအောင် ဒီလို မှတ်သိနေတာကို ကာယာနုပဿနာ သတိပဋ္ဌာန်ဟု ခေါ်သည်၊ အဲဒါ သမ္မာသတိ မဂ္ဂင်ပဲ။ |
1,325,704 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထို့အတူ ဝေဒနာနုပဿနာလဲပဲ ဒီအတိုင်းပဲ။ |
1,325,705 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ |
1,325,706 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာသု၊ ဝေဒနာ ဟူသမျှတို့၌။ |
1,325,707 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာနုပဿီ၊ ဝေဒနာဟု ရှုသည်ဖြစ်၍။ |
1,325,708 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာကလဲ ဘယ်လိုသဘောရှိတုံး၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောပဲ၊ ခံစားမှု ဝေဒနာတွေ အနိစ္စ၊ မမြဲတာပဲ။ |
1,325,709 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခ၊ ဆင်းရဲ ချည်းထဲပဲ။ |
1,325,710 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခံခက်တဲ့ ဆင်းရဲလဲ ပါတယ်၊ ဒီကတော့ အခံခက်တဲ့ ဆင်းရဲမဟုတ်ပဲနဲ့ ကောင်းတာလဲ ပါတယ်၊ ကောင်းတာတွေကလဲ ဝိပရိဏာမဒုက္ခတွေ၊ ဖောက်ပြန် ပြောင်းလဲပြီးသွားယင် သူမရှိတော့ ဒုက္ခရောက်တယ်၊ အလယ်အလတ် ဥပေက္ခာ ဆိုတာလဲ ပါတယ်၊ အဲဒါကလဲ သူဖြစ်ပျက်နေလို့ သူလဲ သင်္ခါရပါပဲတဲ့။ |
1,325,711 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခ ၃-မျိုးရှိတယ်၊ အခံခက်တဲ့ ဒုက္ခဝေဒနာက ဒုက္ခဒုက္ခတဲ့၊ သူက အခံခက်တဲ့သဘောရှိလို့၊ သူ့ကို ဒုက္ခလို့ ဆိုတယ်၊ သူ့နာမည်ကလဲ ဒုက္ခပဲ၊ ဒုက္ခဆိုတဲ့ နာမည်လဲ သူဝေါဟာရရှိတယ်၊ သူက အခံလဲခက်တယ်၊ ၂-မျိုးရှိတယ်၊ ၂-မျိုးလုံး ဒုက္ခပဲ၊ ဒုက္ခအစစ်လို့ ဆိုလိုပါတယ်၊ အခံခက်တဲ့ ဝေဒနာ က ဒုက္ခဒုက္ခ အခံခက်တဲ့ဆင်းရဲက ဒုက္ခ ဒုက္ခ၊ ဒီလိုမှဖြစ်မယ်။ |
1,325,712 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကောင်းတဲ့ချမ်းသာက ဝိပရိဏာမဒုက္ခ၊ ကောင်းတယ်လို့ ဆိုရတဲ့ မြင်လို့ကောင်း, ကြားလို့ကောင်း, နံလို့ကောင်း, စားလို့ကောင်း, တွေ့လို့ကောင်း, ကောင်းတယ် ဆိုတာတွေက သုခဝေဒနာတွေ ခေါ်တယ်၊ ချမ်းသာတယ်၊ ကောင်းတဲ့ချမ်းသာက ဝိပရိဏာမဒုက္ခ တဲ့၊ သူပြောင်းလွဲ သွားတဲ့အခါ သူမရှိတဲ့အခါ မနေတတ်မထိုင်တတ် ဖြစ်တယ်။ |
1,325,713 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အလယ်အလတ် ဥပေက္ခာက အလယ်အလတ် မဆိုးမကောင်းပေါ့လေ၊ အလယ် အလတ် ဥပေက္ခာ က သင်္ခါရဒုက္ခ၊ အဲဒါကတော့ မထင်ရှားဘူး၊ အလယ်အလတ် ဥပေက္ခာကတော့ မထင်ရှားဘူး၊ ဒိပြင်ဟာတွေကတော့ ထင်ရှားတယ်၊ သူကတော့ မြင်တာကြားတာ သာမညပဲ ထင်ရှားတယ်၊ အဲဒါလေးတွေဟာ မမြဲဘူးတဲ့၊ ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားတယ်တဲ့၊ ဒါကြောင့် သင်္ခါရဒုက္ခတဲ့၊ အဲဒီဒုက္ခကတော့ မလွယ်ဘူ... |
1,325,714 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆိုရမယ် - အခံခက်တဲ့ ဆင်းရဲက၊ ဒုက္ခ ဒုက္ခ။ |
1,325,715 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကောင်းတဲ့ ချမ်းသာက၊ ဝိပရိဏာမဒုက္ခ။ |
1,325,716 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မကောင်းမဆိုး အလယ်အလတ် ဥပေက္ခာဝေဒနာက သင်္ခါရဒုက္ခ။ |
1,325,717 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ ဒီဒုက္ခ ၃-မျိုး တခုခုတော့ ထင်ရမှာပေါ့လေ၊ မြင်တိုင်း ကြားတိုင်း ဒွါရ ၆-ပါးက ရှုပြီးတော့ နေတဲ့အခါ မကောင်းတာတွေ မြင်ရ ကြားရ တွေ့ရတဲ့အခါမှာ ကိုယ်ထဲ စိတ်ထဲ မခံသာတာ ဖြစ်လာတယ်၊ ဒါကတော့ ထင်ရှားတယ်၊ လူတိုင်းပဲ သိတယ်၊ မကောင်းဘူးလို့ ဆင်းရဲက ထင်ရှားတယ်။ |
1,325,718 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်လို့ကြားလို့ ကောင်းတာလေးတွေ ကျတော့လဲပဲ သူတို့ဖြစ်နေတုန်းတော့ အတော်သားပဲ၊ သူတို့မရှိတဲ့ အခါကျယင် မနေတတ်၊ မထိုင်တတ် ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပရိဏာမဒုက္ခလို့ ခေါ်တယ်၊ ပြောင်းလဲဖောက်ပြန် တဲ့အခါမှာ ဆင်းရဲတယ်တဲ့၊ ပြုစားသွားသလိုပဲ၊ ချမ်းချမ်းသာသာ နေရတဲ့ ပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာ မနေရတဲ့ အခါကျတော့ သူကမနေတတ် မထိုင်တတ် ဖြစ်တ... |
1,325,719 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပမာအားဖြင့်ဆိုပါတော့ ခင်မင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ နေနေရတယ်၊ ၂-ယောက်ဖြစ်စေ၊ ၃-ယောက် ဖြစ်စေ၊ ၄-ယောက်ဖြစ်စေ၊ အများဖြစ်စေပေါ့၊ အဲဒီ အပေါင်းအဖော်တွေနဲ့ ပျော်လို့ ကောင်းသားပဲ၊ အချင်းချင်း တွေ့ဆုံစကားပြော အကုန်လုံး ညီညွတ်ပြီးတော့ နေတော့ ချမ်းသာလို့ ကောင်းသား၊ နောက် အကြောင်းမသင့်လို့ တဦးနဲ့တဦး ခွဲရတော့မယ်ဆိုယင် ဒုက္ခ... |
1,325,720 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပစ္စည်းဥစ္စာတွေနဲ့ ပေါများချမ်းသာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဆိုယင်လဲ ချမ်းချမ်းသာသာနဲ့ နေခဲ့ရတော့ ပစ္စည်းဥစ္စာတွေဟာ ရုတ်တရက် မီးလောင်လို့ဖြစ်စေ၊ သူခိုး ခိုးလို့ဖြစ်စေ၊ ဒမြတိုက်လို့ဖြစ်စေ၊ ရန်သူမျိုး ငါးပါး တနည်းနည်းနဲ့ ပျက်စီးသွားပြီဆိုယင် အဲဒါလဲ တရားအခံ မရှိယင် ဒုက္ခ ရောက်တတ်တယ်၊ ပုံမတော်ယင် သေတောင် သေတတ်တယ်၊ ရူးတတ်တယ်၊ ဒ... |
1,325,721 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အလယ်အလတ် မကောင်းမဆိုး အလယ်အလတ် ဥပေက္ခာဝေဒနာဆိုတာ ရှိတယ်၊ သူကတော့ မထင်ရှားပါဘူး၊ ဒါပေမယ်လို့ သူလဲမမြဲဘူးတဲ့၊ ဖြစ်ပြီး ပျောက်နေ တာပဲတဲ့၊ မြင်ပြီး ပျောက်၊ ကြားပြီး ပျောက်၊ ခဏမစဲ ပျောက်နေတာပဲတဲ့၊ သင်္ခါရဒုက္ခ၊ အဲဒီ ၃-မျိုး တခုခု ထင်ရမယ်လို့ ဆိုတယ်။ |
1,325,722 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ - ဝေဒနာသု၊ အနိစ္စ, ဒုက္ခ, အနတ္တသဘောရှိသော ဝေဒနာတို့၌။ |
1,325,723 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာနုပဿီ၊ မမြဲဆင်းရဲ အစိုးလဲမရ အနတ္တသဘောရှိသော ဝေဒနာဟု ရှုမြင်သည်ဖြစ်၍။ |
1,325,724 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စ, ဒုက္ခ, အနတ္တရှုပြီးတော့ သိရမယ်တဲ့၊ ဝေဒနာကလေးတွေ ဖြစ်တဲ့အခါ ရှုပြီးတော့ သိရမယ်၊ ခုနက အာတာပီ သမ္ပဇာနောသတိမာ - ဆိုတာတွေ ကတော့ တူနေပါပြီ။ |
1,325,725 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ |
1,325,726 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ - စိတ္တေ၊ မမြဲဆင်းရဲ အစိုးလဲမရ အနတ္တသဘောရှိသော စိတ်တရား၌။ |
1,325,727 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ္တာနုပဿီ၊ မမြဲဆင်းရဲ အစိုးလဲမရ အနတ္တသဘောမျှဟု ရှုမြင်သည်ဖြစ်၍။ |
1,325,728 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ်လဲပဲ အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုပါတဲ့၊ စိတ်ကူးကလေးတွေများ ဖောင်းတယ် ပိန်တယ် မှတ်နေတဲ့အခါ စိတ်ကူးလေး တချက် ထွက်သွားလိုက်၊ နှစ်သက်သာယာပြီး ထွက်သွားတာ ရှိတယ်၊ စိတ်ဆိုးစိတ်ညစ်ပြီး ထွက်သွားတာ ရှိတယ်၊ ဘယ်လို ထွက်ထွက်ပေါ့လေ၊ ဖြစ်တဲ့ စိတ်ကလေး လိုက်မှတ်လိုက်၊ ပျောက်သွားပြီ မရှိဘူး၊ ထို့အတူ မြင်တဲ့, ကြားတဲ့စိတ်တွေလဲ ရ... |
1,325,729 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ |
1,325,730 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဓမ္မေသု၊ သဘောတရားတို့၌။ |
1,325,731 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဓမ္မာနုပဿီ၊ သဘောတရားမျှဟု ရှုသည်ဖြစ်၍။ |
1,325,732 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်မှု, ကြားမှု, အစရှိတဲ့ သာမည သဘောတရား ဖြစ်တိုင်း ဖြစ်တိုင်း ရှုပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ ထင်ပြီးတော့ နေပါတဲ့၊ အဲဒီလို ရှုမြင်နိုင်အောင် မပြတ်ကြောင့်ကြ စိုက်ရမည်၊ သမ္မပ္ပဓာန် ဝီရိယနဲ့ ကြောင့်ကြ စိုက်ရမယ်၊ ကြောင့်ကြစိုက်ပြီးတော့ မပြတ်မှတ်လျက် အမှန်အတိုင်း သိမြင်ရမည်၊ မပြတ် မှတ်နေယင်တော့ အမှန်အတိုင်း သိတော့တာပါပဲ၊ ... |
1,325,733 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သတိမာ၊ အမှတ်ရသည်ဖြစ်၍။ |
1,325,734 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါလေး လိုရင်းပဲ၊ အဲဒီ သတိကလေးပဲ၊ အဲဒီရုပ်အမူအရာတွေ ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရတဲ့အသိ၊ ဝေဒနာတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရတဲ့ သတိ၊ စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရတဲ့သတိ၊ သဘောတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရတဲ့သတိ၊ သတိပဋ္ဌာန် ၄-ပါး၊ အဲဒါဟာ သမ္မာသတိပဲတဲ့။ |
1,325,735 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အယံ၊ ရုပ် ဝေဒနာ စိတ်သဘောတရားတို့၌ အမှတ်ရသောသတိကို။ |
1,325,736 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသတိ၊ သမ္မာသတိဟူ၍။ |
1,325,737 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ၊ အမှတ်အတိုင်း အမှတ်ရသော သတိဟူ၍။ |
1,325,738 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝုစ္စတိ၊ ခေါ်ဆို၏။ |
1,325,739 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရုပ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရတဲ့ သတိ၊ ဝေဒနာတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရတဲ့သတိ၊ စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရတဲ့ သတိ၊ သဘောတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရတဲ့ သတိ၊ အဲဒါဟာ သမ္မာသတိမဂ္ဂင် တဲ့။ |
1,325,740 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီသမ္မာသတိမဂ္ဂင်တွေ အမြဲပွားနေတယ်၊ ဖောင်းတယ် ပိန်တယ်လို့ ကိုယ်အမူအရာတွေ မှတ်တိုင်း မှတ်တိုင်း ကာယာနုပဿနာ သတိပေါ့၊ ဒါ သမ္မာသတိပဲ၊ ကွေးတိုင်း, ဆန့်တိုင်း, ကြံတိုင်း, လှမ်းတိုင်း, ချတိုင်း, ကိုယ်အမူအရာတွေ ပြုပြင်တိုင်း, အမှတ်ရနေတာ ကာယာနုပဿနာ သတိပဋ္ဌာန်၊ သမ္မာသတိမဂ္ဂင်ပဲ။ |
1,325,741 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနာ ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတာတွေ, ဝေဒနာတွေ, ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတယ်လို့ မှတ်တာက ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ ဒါလဲ သမ္မာသတိ မဂ္ဂင်ပဲ၊ အဲဒါ ကိုယ်ထဲက အခံခက်တဲ့ ဒုက္ခဝေဒနာတွေပဲ၊ စိတ်ထဲကနေပြီး စိတ်ညစ်, စိတ်ပျက်, စိတ်နှလုံး မသာတွေ မှတ်နေတာလဲပဲ ဒုက္ခဝေဒနာ မှတ်လို့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ သမ္မာသတိ မဂ္ဂင်ပဲ၊ |
1,325,742 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြီးတော့ ကိုယ်ထဲကနေပြီး ကောင်းတာကလေးတွေ, တွေ့ထိတာ ကလေးတွေ ရှိတယ်၊ ကောင်းတယ်လို့လဲပဲ ပြောရတယ်၊ ကောင်းတယ်လို့ ဒါတခုပဲရှိတယ်၊ တွေ့ထိကောင်းယင် ကောင်းတယ်လို့ပဲ ပြောရတယ်၊ စာအရ ကျမ်းဂန် ဝေါဟာရ ကတော့ ချမ်းသာတယ်၊ သုခပဲတဲ့၊ ဒါပေမယ်လို့ အရပ်သုံးကတော့ သုခ၊ ချမ်းသာတယ်လို့ မသုံးဘူး၊ ကောင်းတယ်လို့ ပြောတယ်၊ စိတ်ထဲမှာလဲပဲ အာရုံကောင်းကလ... |
1,325,743 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် စိတ်ကူးတွေ ဖြစ်ပြန်ပြီ၊ ရာဂနှင့်တကွ ဖြစ်သောစိတ်၊ ရာဂကင်းသောစိတ်၊ ဒေါသနှင့်တကွ သောစိတ်၊ ဒေါသကင်းသောစိတ်၊ စိတ်တွေလဲ ဖြစ်တိုင်းဖြစ်တိုင်း မှတ်နေတာကိုး၊ ယောဂီပုဂ္ဂိုလ်က မှတ်နေတော့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တွေ ဖြစ်နေတယ်၊ သူကလဲပဲ သမ္မာသတိမဂ္ဂင်ပဲ။ |
1,325,744 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်တိုင်းကြားတိုင်း ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း သဘောတရား သာမညတွေ ရှုယင်း ဓမ္မာနုပဿနာသတိပဋ္ဌာန်၊ ကာမစ္ဆန္ဒခေါ်တဲ့ နှစ်သက်သာယာမှုဖြစ်ယင် မှတ်လိုက်၊ ဗျာပါဒခေါ်တဲ့ ဒေါသဖြစ်ယင်မှတ်လိုက်၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊ သူလဲ သမ္မာသတိပဲ၊ အဲဒါ သမ္မာသတိမဂ္ဂင်။ |
1,325,745 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ မှတ်တိုင်း မှတ်တိုင်းဟာ ဒီသတိသမာဓိမဂ္ဂင် တရားတွေ ထူထောင် ပွားများနေတာ၊ မဂ္ဂင်ရှစ်ပါး တည်းဟူသော ဖောင်ကြီး၊ အင်္ဂါ အစိတ် အပိုင်း ရှစ်ခုထဲက သူတခုပဲ၊ သူတခုပါတယ်၊ သူတခုဆိုယင်လဲ အကုန်လုံး ပါတယ်၊ တရားက တခုချင်း တခုချင်း ထုတ်ပြောနေရတာ၊ နားလည်အောင်လို့ ရှုလိုက်တဲ့အခါ သတိဖြစ်တယ် ဆိုယင် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ တရ... |
1,325,746 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကတမောစ ဘိက္ခဝေ သမ္မာသမာဓိ။ |
1,325,747 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိ၊ သမ္မာသမာဓိမဂ္ဂင်သည်။ |
1,325,748 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိမဂ္ဂင်ဆိုတာ ဘာလဲဆိုတော့ ဈာန် ၄-ပါးနဲ့ ဝေဖန်ပြတယ်။ |
1,325,749 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပထမံဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ |
1,325,750 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီကစပြီး ဈာန် ၄-ပါးကို ဝေဖန်တယ်။ |
1,325,751 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေဟိ၊ ဝတ္ထုကာမကိလေသကာမတို့မှ။ |
1,325,752 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝိစ္စေဝ+ဝိဝိစ္စဧဝ၊ ကင်းဆိတ်၍သာလျှင်။ |
1,325,753 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အကုသလေဟိဓမ္မေဟိ၊ အကုသိုလ်တရားတို့မှ။ |
1,325,754 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝစ္စဧဝ၊ ကင်းဆိတ်၍သာလျှင်။ |
1,325,755 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဝိတက္ကံ၊ ကြံစည်မှု ဝိတက်လဲ ရှိသော။ |
1,325,756 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဝိစာရံ၊ စဉ်းစားမှု ဆင်ခြင်မှုဝိစာရလဲဖြစ်သော။ |
1,325,757 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝေကဇံ ပီတိသုခံ၊ နီဝရဏတို့၏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ပီတိသုခလဲ ရှိသော။ |
1,325,758 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပထမံဈာန်၊ ရှေးဦးစွာသော ဈာန်ကို။ |
1,325,759 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပထမဈာန် သမာဓိပေါ့၊ ဒီလို ဟောတယ်၊ အရှည်ကြီး၊ ဒါလဲ စိတ်စေတသိက်တွေ ပြောမယ်ဆိုယင် အများကြီးပဲ၊ ဈာန်ရအောင် အားထုတ်တဲ့ပုဂ္ဂိုလ် ကသိုဏ်းတွေနဲ့ အားထုတ်ရတယ်၊ ဒါကတော့ ပထဝီကသိုဏ်း ခေါ်တဲ့ မြေပုံလုပ်ပြီးတော့ ပထဝီ ပထဝီ၊ မြေ မြေ။ |
1,325,760 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီလိုနှလုံးသွင်း နေရတာကိုး၊ အဆင်းကသိုဏ်း ရှုလို့ရှိယင် နီလ, ပီတ, လောဟိတတွေ၊ အညိုတွေ့ယင် ညိုတယ်၊ ညိုတယ်-ညိုတယ် ဒါပါပဲ၊ |
1,325,761 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နီလံ - နီလံ - အဝါကသိုဏ်းဆိုယင် ဝါတယ် - ဝါတယ် - ဝါတယ်၊ ရွှေတယ် - ရွှေတယ် - ရွှေတယ်၊ ပီတံ - ပီတံ - ပီတံ လို့ ဒီလို နှလုံးသွင်းနေရတယ်၊ လောဟိတ၊ အနီ ကသိုဏ်း၊ ဩဒါတ၊ အဖြူလဲရှိတယ်၊ အဖြူဆိုလဲ စိတ်နဲ့စိုက်ပြီးတော့ ဖြူတယ် - ဖြူတယ် - ဖြူတယ်၊ အဖြူကသိုဏ်းပဲ၊ ကမ္မဋ္ဌာန်းဆိုတာ သိပ်ထူးထူး ဆန်းဆန်းတွေ မဟုတ်ဘူး၊ သမာဓိ ကမ္မဋ္ဌာန်းတွေဟာ စိ... |
1,325,762 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ အရောင်အဆင်းရှိတဲ့ ဟာတွေဟူသမျှ အဲဒီ အရောင်အဆင်းကို စိတ်နဲ့ စိုက်ရှုလို့ ရှိယင် အကုန်လုံး ကသိုဏ်း ဖြစ်နိုင်တယ်၊ ကိုယ်မှာရှိတဲ့ ဆံပင်ဆိုပါတော့၊ ဆံပင်ကို မည်းတဲ့အရောင်ကို ကြည့်ပြီးတော့ ညိုတယ်, မည်းတယ်, ညိုတယ် ညိုတယ် - ညိုတယ်၊ ဒီလိုနှလုံးသွင်းနေယင် နီလကသိုဏ်း ဖြစ်တာပဲ၊ ဒါက သူကလဲရနိုင်တယ်၊ ဖြူတာကို တွေ့လို့ရှိယင်လဲပဲ ဥပ... |
1,325,763 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ သမထသမာဓိ ကမ္မဋ္ဌာန်းဆိုတာ တခုခုတည်းသော အာရုံကလေး စိတ်စွဲပြီး တော့နေယင် ဒိပြင်အာရုံကို ဘယ်မှ မရောက်ဘူး၊ ငြိမ်းနေတယ်၊ အဲဒါ သူက သမာဓိ ဖြစ်နေတာပဲ၊ အဲဒီလို နှလုံးသွင်းတော့ ထွက်သက် ဝင်သက်လဲ ရှုနိုင်ပါတယ်၊ ဒါလဲ ပြောအုံးမှဖြစ်မယ်၊ သူ့အတိုင်းတိုင်း ရှိနေတာကိုး၊ ထွက်တိုင်း ဝင်တိုင်း၊ ဝင်တိုင်း ထွက်တိုင်း၊ ကျမ်းဂန် စကားအရ ... |
1,325,764 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကြောင့်မို့ ပဋိသမ္ဘိဒါမဂ် အာနာပါန အားထုတ်ပုံ ပြောတော့ ဝင်တာ ထွက်တာ ပြောတယ်၊ သူကတော့ အဿသ ဆိုတော့ ဝင်သက်တဲ့၊ ပဿာသ ထွက်သက်တဲ့၊ ဝင်သက်ထွက်သက်၊ သူ့ဟာ ပြောင်းပြန်ဖြစ်နေတယ်၊ လောကီကျမ်းတွေမှာ၊ အားလုံး အဿာသ ဆိုယင် ထွက်သက်ချည်းထဲပဲ၊ ဒါပေမယ်လို့ ပဋိသမ္ဘိဒါမဂ်ကတော့ ဝင်သက်တဲ့ အဿာသကို၊ ပဿာသက ထွက်သက်တဲ့၊ ပြောင်းပြန်ဖြစ်နေတယ်၊ ဒါက လ... |
1,325,765 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရား အားထုတ်တော့မယ် ဆိုယင် ဝင်သက်က စပြီး နှလုံးသွင်းရတယ်၊ ထွက်သက် ကစ နှလုံးသွင်း လို့တော့ မဖြစ်ပါဘူး၊ တမင်တကာ လုပ်ချင်ပါမှပဲ မဖြစ်ဘူး၊ အသက်ရှူသွင်းတဲ့ အခါက စပြီး သတိရတာပဲ၊ ရှူထုတ်လိုက် ရှူသွင်းလိုက် ဒါမျိုးကိုး၊ နှာသီးဖျားက နေပြီး ဗိုက်ထိပြီးတော့ ဝင်လိုက်ထွက်လိုက်၊ ဝင်လိုက် ထွက်လိုက် ဒါနှလုံးသွင်းရတာကိုး၊ ဒါသမထကမ္မဋ္ဌာ... |
1,325,766 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ကာမေဟိ၊ ဝတ္ထုကာမ ကိလေသကာမတို့မှ။ |
1,325,767 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝိစ္စေဝ၊ ကင်းဆိတ်၍ သာလျှင်” |
1,325,768 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို နှလုံးသွင်းနေတဲ့ အချိန်မှာ ကာမဂုဏ် အာရုံတွေဆီ ရောက်သေးသလား၊ ဝတ္ထုကာမ အာရုံတွေဘက် ရောက်တော့ ကိလေသကာမ ခေါ်တဲ့ နှစ်သက်သာယာမှု လိုချင်မှု ကာမ ကိလေသာလဲ မဖြစ်ဘူးတဲ့၊ ကာမရာဂတွေလဲ မဖြစ်ဘူးတဲ့၊ ငြိမ်းနေတယ်တဲ့၊ ငြိမ်းရမှာပေါ့၊ ဒီကအာရုံက တရှုထဲ ရှုနေတာကိုး၊ ခုနက ကသိုဏ်း ဖြစ်ယင်လဲ ကသိုဏ်းအာရုံ၊ ဝင်သက် ထွက်သက် ဆိုယင်လဲ ဝင်သ... |
1,325,769 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေဟိ၊ ဝတ္ထုကာမ ကိလေသကာမတို့မှ၊ ဝိဝိစ္စေဝ၊ ကင်းဆိတ်၍ သာလျှင်။ |
1,325,770 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမကိလေသာ အပြင် အကုသိုလ်တွေက ရှိသေးတာကိုး၊ ဗျာပါဒတို့ဆိုတဲ့ နီဝရဏတွေ ရှိသေးတယ်၊ |
1,325,771 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝိစ္စေဝ၊ ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာဆိုတဲ့ ကျန်သော အကုသိုလ် နီဝရဏတို့မှ ကင်း၍သာလျှင်။ |
1,325,772 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီအချိန်မှာ ကသိုဏ်းကို နှလုံးသွင်းနေတဲ့အခါ ပထဝီ ပထဝီ စသည်ဖြင့် နှလုံးသွင်း၊ ဝင်သက် ထွက်သက် နှလုံးသွင်း နေတဲ့အချိန်မှာ ဗျာပါဒ ဒေါသရှိသေးသလားဆိုယင် မရှိဘူး၊ ထိနမိဒ္ဓကော ရှိသေးသလား ဆိုယင် မရှိဘူး၊ ရှိလို့ရှိယင်တော့ ပျင်းနေလို့ မရှုနိုင်ဘူး၊ ဥဒ္ဓစ္စကော ပျံ့လွင့်နေသလား၊ ကုက္ကုစ္စကော ပူပန်နေသေးသလားတဲ့၊ မရှိဘူးတဲ့၊ |
1,325,773 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါတွေဖြစ်နေယင်လဲ ဒီကရှုမှု မဖြစ်ပါဘူး၊ ပြောင်းပြန်ပဲ၊ အပူနဲ့အအေးလိုပဲ၊ အပူရှိယင် အအေး မရှိဘူး၊ အအေးရှိယင်လဲ အပူမရှိဘူး၊ အလင်းနဲ့ အမှောင်လို အလင်းရှိယင် အမှောင်မရှိဘူး၊ အမှောင်ရှိယင်လဲ အလင်းမရှိဘူး ပြောင်းပြန် တရားတွေလိုပဲ၊ |
1,325,774 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်ပြီးတော့ ဝိစိကိစ္ဆာ ယုံမှားမှုကော ရှိသေးသလား ဆိုတော့ မရှိဘူး၊ ယုံမှားမှု ရှိနေယင်လဲပဲ ရှုမှုမဖြစ်ပါဘူး၊ ဒီလိုရှုမှုကုသိုလ် ဖြစ်တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့ မလားလို့ မယုံလို့ရှိယင်မဖြစ်ဘူး၊ သမာဓိဖြစ်တယ်၊ ကမ္မဋ္ဌာန်း ဖြစ်တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး မယုံယင် ဘယ်အားထုတ် လိမ့်မှာတုံး၊ ယုံလို့ အားထုတ် နေတာ၊ အဲဒီတော့ ဝိစိ... |
1,325,775 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဝိတက္ကံ၊ ကြံစည်မှု ဝိတက်လဲရှိတယ်။ |
1,325,776 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအာရုံကလေး ထင်အောင်လို့ ကြံစည်တဲ့ ဝိတက်ကလေးလဲပါမှ ဖြစ်တယ်တဲ့၊ ပထမဈာန် ကတော့ နောက် သူ့ထက်မြင့်မြတ်တဲ့ ဈာန်တွေကျတော့ ဝိတက်မကြံပဲနဲ့ကို အာရုံတွေပေါ်နေမှာ၊ အခုတော့ ကြံပေးမှဖြစ်တယ်။ |
1,325,777 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဝိစာရံ၊ စဉ်းစားဆင်ခြင်မှု ဝိစာရလဲရှိသော။ |
1,325,778 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီမှာဆင်ခြင်မှုလဲ ပါတယ်။ |
1,325,779 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဝေကဇံ ပီတိသုခံ၊ နီဝရဏတို့၏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခရှိသော။ |
1,325,780 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို ရှုပါများတော့ ကာမစ္ဆန္ဒဗျာပါဒအစရှိတဲ့ ကိလေသာတွေ ငြိမ်းသွားတယ်၊ အစကတော့ မငြိမ်းဘူး၊ အစကတော့ ပထဝီ-ပထဝီ နှလုံးသွင်းယင်း စိတ်က ဟိုထွက်သွားလိုက်ယင်း၊ လောဘ ဖြစ်လိုက်ယင်း၊ ဒေါသဖြစ်လိုက်ယင်း၊ အခု တရား အားထုတ်တာနဲ့ အတူတူပဲ၊ သမထ အားထုတ်တာနဲ့ အတူတူပဲ၊ စိတ်တွေက ထွက်ထွက်သွားတယ်၊ သမာဓိ အားကောင်းလာတဲ့ အခါကျတော့ အဲဒီ နီဝရဏ ကာမ... |
1,325,781 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီငြိမ်းခြင်းကြောင့် ဘာဖြစ်လာတာလဲ၊ [ဝိဝေကဇံ၊ ငြိမ်းခြင်းကြောင့် ဖြစ်တယ်] နီဝရဏတွေ ငြိမ်းခြင်းကြောင့် ပီတိသုခတွေ ဖြစ်တယ်တဲ့၊ ပီတိသုခ ကိုယ်ထဲမှာ တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ နေလို့ ထိုင်လို့ ကောင်းပြီးတော့ ပီတိတွေဖြစ်တယ်၊ ကိုယ်ထဲမှာ ချမ်းသာပြီး တော့နေတဲ့ သုခတွေလဲ ဖြစ်တယ်တဲ့၊ ကိုယ်ထဲရော စိတ်ထဲရော ချမ်းသာပြီးတော့ ရွှင်လန... |
1,325,782 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဌမဈာနံ၊ ရှေးဦးစွာသော ရှုမှုဈာန်သို့။ |
1,325,783 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ - ပြည့်စုံစေ၍။ |
1,325,784 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကဝိတက် ဝိစာရ ပါတယ်။ |
1,325,785 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် ဒုတိယဈာန်ကျတော့ ဝိတက် ဝိစာရ မပါဘူး၊ မစဉ်းစား မဆင်ခြင်ပဲနဲ့ မကြံစည် မစဉ်းစား ပဲနဲ့ကို အာရုံကလေး တင်ပြီး စိတ်ကလေးစွဲပြီးတော့ ထင်နေ တယ်၊ ဒုတိယဈာန်တဲ့၊ အဲဒီမှာတော့ သမာဓိကြောင့်ဖြစ်တဲ့ ပီတိသုခတွေ ပါတယ်တဲ့၊ ပဌမဈာန်ကတော့ နီဝရဏကင်းသွားလို့ နီဝရဏတွေ နိုင်သွားလို့ဖြစ်တဲ့ ပီတိသုခ တွေဖြစ်တယ်၊ သမာဓိတွေ ကောင်းလို့ ပီတိ သုခတွေ ... |
1,325,786 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အယံသမာဓိ၊ ဤလေးပါးသော သမာဓိကို။ |
1,325,787 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိ၊ မှန်စွာ စူးစိုက် တည်ကြည်ခြင်း သမာဓိဟူ၍၊ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ |
1,325,788 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါသမ္မာသမာဓိပါပဲ၊ အဲဒီတော့ ရှေးကတော့ တရားတွေလဲ သိပ်ပြီးတော့ မစိစစ်ကြပါဘူး၊ မကြာမီက သီဟိုဠ်က အချို့ပုဂ္ဂိုလ်များက စိစစ်တယ်၊ သူတို့က မဂ္ဂင်ရှစ်ပါး မြတ်စွာဘုရား ဟောတဲ့အခါမှာ ဈာန်နဲ့ပဲ ဟောတယ်တဲ့၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ဈာန်လေးပါးနဲ့ပဲ ဟောတယ်တဲ့၊ ဒီတော့ တရားအားထုတ်ယင် ဈာန်ပါရမယ်၊ ဈာန်မပါပဲနဲ့ တရားအားထုတ်ယ... |
1,325,789 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကတော့ ရှေးကသူတို့ထက် တတ်သိနားလည်တဲ့ အဋ္ဌကထာဆရာတွေ ဋီကာဆရာတွေက ဈာန်မပါပဲနဲ့ ဝိပဿနာ ရှုလို့ ဖြစ်တယ်ဆိုတာ ကျမ်းဂန်တွေ အထင် အရှား ရှိနေတာ၊ သူတို့ သူများထက် ထူးပြီးတော့ ဆုံးဖြတ်တာပါပဲ၊ နေရာ မကျတာပါပဲ။ |
1,325,790 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အယင်က မြန်မာရာဇဝင်မှာ ဘိုးတော်ဦးဝိုင်းပေါ့လေ၊ ဘိုးတော်ဦးဝိုင်းက ထူးထူး ဆန်းဆန်း ဆန့်ကျင်ဘက်တွေ ကြံပြီးတော့ မေးလို့ ဦးပေါ်ဦးက အဖြေပေးတာလိုပဲ၊ အရှင်ဘုရား ဒီလိုအကြံဉာဏ်မျိုးတွေ ရှေးရှေး ခမည်းတော်တွေ ဘိုးတော်တွေ အစဉ်အဆက်က ဘယ်သူမှ မကြံဖူးခဲ့ဘူးတဲ့၊ ဒီအကြံအစည်မျိုးဟာ အရှင်ဘုရား အကြံဉာဏ်တွေဟာ အင်မတန်ကို စူးရောက် ပါတယ်ဘုရား၊ တ... |
1,325,791 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သည်အထဲမှာ ပထမဈာန်ဆိုတာက ကာမာဝစရဈာန်တွေလဲ ပါပါတယ်၊ ဥပစာရဈာန် တွေလဲ ပါပါတယ်၊ ဥပစာရဈာန်ကလဲပဲ သဝိတက္ကံ သဝိစာရံပါပဲ၊ သူလဲ ဝိတက်ဝိစာရ ရှိတာပဲ၊ ဝိတက် ဝိစာရ ပါတယ်၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်တဲ့ ပီတိ သုခတွေ သူကလဲ ပါပါတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒီအတိုင်းတွေ့နေတာပဲ၊ ပထမ သမာဓိ အားကောင်းလာစ ဆိုလို့ ရှိယင် ရှုမှတ်ရတဲ့ အာရုံ... |
1,325,792 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ စအားထုတ်ခါစမှာ နီဝရဏ မကင်းသေးဘူးဆိုယင် သမာဓိ ကောင်းကောင်း မရဘူး၊ ဝိဝိစ္စေဝကာမေဟိ၊ ဝိဝိစ္စအကုသလေဟိ ဓမ္မေဟိ၊ အဲဒါတွေ ဝတ္ထုကာမကိလေသကာမ အာရုံတွေ၊ ကိလေသာတွေက မကင်းသေးလို့ရှိယင် သမာဓိ မကောင်းဘူး၊ ပြီးတော့ ဝိဝစ္စအကုသလေဟိဓမ္မေဟိ ကျန်တဲ့ဗျာပါဒ အစရှိသော နီဝရဏတွေ မကင်းသေးလို့ရှိယင် အမှတ် သတိနဲ့ အာရုံနဲ့ဟာ ကောင်းကောင်း... |
1,325,793 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပထမက သမာဓိ မကောင်းခင်ကတော့ ဒီဖောင်းတယ်ပိန်တယ် မှတ်ယင် စိတ်တွေက ထွက်ထွက်သွားတာကိုး၊ နှစ်သက်စရာ အာရုံတွေ လျှောက်ကြံနေတယ်၊ စိတ်ဆိုးစရာ အာရုံတွေ လျောက်ကြံနေတာ၊ ဒါတွေလိုက်ပြီးတော့ ဖမ်းပြီးတော့ ပယ်နေရတယ်၊ သူတို့ ငြိမ်းသွားပြီဆိုတဲ့ အခါကျတော့ စိတ်က တခြားကို မသွားဘူး၊ မှတ်ရာမှတ်ရာ အာရုံကလေးမှာ ကပ်ကပ်နေတယ်၊ ဖောင်းတာနဲ့ မှတ်သိတာ... |
1,325,794 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ အချိန်မှာ ဝိဝေကဇံ၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ပီတိသုခံ၊ ပီတိသုခလဲရှိသော။ |
1,325,795 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နီဝရဏ ကင်းတဲ့အခါမှာ ပီတိသုခတွေ ဖြစ်တယ်တဲ့၊ ကိုယ်ထဲမှာနေလို့ ထိုင်လို့ ကောင်းပြီး တစိမ့်စိမ့်တငြိမ့်ငြိမ့်နဲ့ ကိုယ်တွေ ပေါ့ပါးပြီးတော့ နေလို့ အင်မတန် ကောင်းနေတဲ့ ပီတိတွေ ဖြစ်ပါတယ်၊ ဖြိုးဖြိုးဖျင်းဖျင်း တွေလဲ ဖြစ်တတ်တယ်၊ အင်မတန် ထူးထူးခြားခြားတွေလဲ ဖြစ်လာတယ်၊ ကိုယ်ထဲမှာ သုခဆိုတဲ့ ကိုယ်ချမ်း သာ၊ စိတ်ချမ်းသာ တွေလဲပဲ ဒီထဲမှ... |
1,325,796 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပစာရသမာဓိဖြင့် ဝိပဿနာရှုယင် ဖြစ်ပုံ ▬▬▬▬▬▬▬▬ |
1,325,797 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြီးတော့ ဈာနံ - စူးစိုက်တည်ကြည်မှု ဈာန်တွေတဲ့၊ မှတ်ရတဲ့ အာရုံကလေးမှာ စူးစိုက်တည်ကြည်မှု ကလေးဟာ ဒီထဲမှာပါရှိတယ်၊ ဥပစာရသမာဓိပဲ၊ ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ နီဝရဏတွေ ကင်းဆိတ် နေတယ်၊ အဲဒါပထမဈာန်ထဲမှာ ပါဝင်ပြီးတော့ နေပါတယ်၊ ဒါကြောင့်ရှေးက အဋ္ဌကထာ ဋီကာဆရာတွေက ရူပါဝစရဈာန်တွေ၊ အရူပါဝစရဈာန်တွေ၊ မဟဂ္ဂုလ်ဈာန်တွေ မရောက်ပဲနဲ့ ဥပစာရသမာဓိ... |
1,325,798 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ မကြာခင်က မကြာခင်ကဆို ၄-၅-၁၀ နှစ်လောက်ကပါ၊ ဒီပုဂ္ဂိုလ်တွေက စာတတ် ပေတတ်တွေလဲ မဟုတ်ပါဘူး၊ လူ့လောကထဲကြီးမှ သာသနာဘောင် ဝင်ပြီးတော့ ခုခေတ် ကာလလို မရိုမသေ ပြောမယ်ဆိုယင် ကြီးမှ ရဟန်းပြုတဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့၊ ဝုဍ္ဎု ပဗ္ဗဇ္ဇိတ - ကြီးမှ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့လေ၊ ဘုရားလက်ထက်က ဝုဍ္ဎုပဗ္ဗဇ္ဇိတတွေဟာ တွေ့ကရာတ... |
1,325,799 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ဒီမှာဈာန်ရအောင် အားမထုတ်ပေမယ်လို့ ရှေးဦးစွာ ရောက်တဲ့၊ ဈာန်မျိုးနဲ့ အားထုတ်ယင် ဖြစ်တယ်၊ ဥပစာရသမာဓိ ဆိုတာ ဒီမှာယောဂီ ပုဂ္ဂိုလ်တွေမှာ တွေ့ပါတယ်၊ ရှုမှတ်လို့ သမာဓိဉာဏ်အား ကောင်းလာတဲ့အခါကျတော့ နီဝရဏတွေ ကင်းပြီးတော့ ပီတိ သုခတွေလဲ ဖြစ်လို့၊ ဒါတွေပီတိသုခတွေ ထင်ရှားတာပဲ၊ မှတ်ရတဲ့ အာရုံကလေးမှာ စိတ်ကလေး တည်ပြီးတော့ ကပ်ပြ... |
1,325,800 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်ပြီးတော့ ဒုတိယဈာန်နဲ့ တူတဲ့ဟာလဲ ပါသေးတာပဲ၊ ဒီထဲမှာ နောက်မကြံရ မစည်ရပဲနဲ့ ဝိတက် ဝိစာရ မပါပဲနဲ့ကို အမှတ် သတိကလေး ဖြစ်နေတာရှိတယ်၊ အဲဒီအခါကျတော့ ဒုတိယဈာန်နဲ့တောင် တူနေတယ်၊ ဒါလဲ ခဏိက သမာဓိပဲ၊ ဝိတက် ဝိစာရ ပါတော့ ပါမှာပေါ့လေ၊ မထင်ရှားလို့ ဆိုရမှာပေါ့၊ ကျမ်းဂန်အရ ပါတယ် လို့ပဲဆိုရမယ်၊ သို့သော်လဲ ယောဂီ ပုဂ္ဂိုလ် တွေမှာတော့ ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.