id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,801 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်ပြီးတော့ ပီတိကင်းပြီးတော့ နေတာရှိတယ်၊ ဒါကတော့ ခုနကပြောသလို ပီတိမပါဘူး၊ ပီတိ မပါပဲနဲ့ သုခချည်း ချမ်းသာပြီးတော့ အမှတ်ကောင်းနေတာလေးက ဉာဏ်နောက်ပိုင်းမှာ ဥဒယဗ္ဗယဉာဏ် နောက်ပိုင်း၊ ဘင်္ဂဉာဏ်နောက်ပိုင်း၊ ပီတိ မပါပဲနဲ့ ချမ်းသာလေးတွေဖြစ်နေတယ်။ |
1,325,802 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်သုခမပါပဲနဲ့ ဥပေက္ခာချည်းထဲ ဖြစ်နေတာရှိသေးတယ်၊ ဘင်္ဂဉာဏ်ရဲ့ နောက်ပိုင်း တွေ ဘယ, အာဒီနဝ စသည် အထူးအားဖြင့်တော့ သင်္ခါရုပေက္ခာဉာဏ်တွေမှာ ဖြစ်တတ်ပါတယ်၊ အဲဒီမှာ ပီတိ သုခတွေ မပါပဲနဲ့ စတုတ္ထဈာန်နဲ့ကို တူနေတယ်၊ အဲဒီလိုဖြစ်ပါတယ်၊ အဲဒီလိုပေါ့လေ၊ ရှုတိုင်း မှတ်တိုင်း ခဏိက သမာဓိတွေ ဖြစ်တာ ရှိတယ်တဲ့၊ အဲဒီခဏိကသမာဓိ ဝိပဿနာသမာဓိ တ... |
1,325,803 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ မဂ္ဂင်ရှစ်ပါး အဲဒီမှာစုံသွားပြီ၊ မဂ္ဂင်ရှစ်ပါး ဖောင်ကစုံသွားပြီ၊ မဂ္ဂင်ရှစ်ပါး ဖောင်နဲ့ကူးပုံကလေး နောက်သီတင်း ပြောရအုံးမယ်၊ နောက်ကျန်တာက ဘာတုံး ဆိုတော့ - |
1,325,804 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တဿ ဟတ္ထေဟိစ ပါဒေဟိ စ ဝါယာမော တိ ခေါ ဘိက္ခဝေ ဝီရိယာရမ္ဘဿေတံ အဓိဝစနံ။ |
1,325,805 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တဿ၊ ထိုမြွေထိန်း ယောက်ျား၏။ |
1,325,806 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါယာမောတိ ခေါ ဧတံ၊ အားထုတ်ခြင်းဟူသော ဤအမည်သည်။ |
1,325,807 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝီရိယာရမ္ဘဿ၊ လုံ့လကိုအားထုတ်ခြင်း လုံ့လဝီရိယကို ဖြစ်စေခြင်း၏။ |
1,325,808 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါယာမ မဂ္ဂင်နဲ့ ဟိုဘက်ကမ်း ကူးပုံကလေး၊ ဒါ ပြာရအုံးမယ်၊ ဟိုဘက် ကမ်းကူးတော့ ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်း တက်လို့ ပထမမဂ်ဖိုလ် ရောက်လို့ ဟိုဘက်ကမ်း ရောက်သွားပုံ၊ ဒုတိယမဂ်ဖိုလ် ရောက်လို့ ဟိုဘက်ကမ်း ရောက်သွားပုံ၊ တတိယမဂ်ဖိုလ်ရောက်လို့ ၃-စခန်း၊ စတုတ္ထမဂ်ဖိုလ် ၄-စခန်း ရောက်သွားလို့ အဲဒီမှာ တရားဆုံးသွားပြီး ဟိုဘက်ကမ်း ရောက်သ... |
1,325,809 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဤ အာသီဝိသောပမသုတ္တန် တရားတော်မြတ်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော် တို့ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဤသုတ်၌လာသည့် အတိုင်း မဂ္ဂင်ရှစ်ပါး တရားဟူသော ဖောင်ကို ဖွဲ့ဆင်၍ ဟိုဘက်ကမ်းသို့ ရောက်အောင် ကူးနိုင်ကြသဖြင့် ဝိပဿနာဉာဏ်အစဉ်, အရိယာမဂ် ဉာဏ်အစဉ်တို့ဖြင့် ဆင်းရဲခပ်... |
1,325,810 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၁၃၂၈-ခု၊ တော်သလင်းလဆုတ် ၈-ရက်နေ့ ဟောကြားတော်မူသည်။ |
1,325,811 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ဖောင်ကြီး စီးလို့ကူး |
1,325,812 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬▬ “မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ် (လ) ကောင်းစွာညွှန်ကြား၊ ကယ်သူကား၊ ဘုရားမြတ်စွာတည်း၊” ဆောင်ပုဒ်က ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊ ရှစ်တန်မဂ္ဂင် ဖောင်ဖွဲ့ပုံ မဂ္ဂင် ရှစ်ပါး တရားတွေတော့ စုံတော့သွားပါပြီ၊ မဂ္ဂင်ရှစ်ပါး တရားတွေ။ |
1,325,813 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုလ္လန္တိ ခေါ ဘိက္ခဝေ အရိယဿေတံ၊ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ (ပ) သမ္မာသမာဓိ။ |
1,325,814 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဟိုဘက်ကမ်းရောက်ဖို့ရန် ဖောင်ဆိုတာ မဂ္ဂင်ရှစ်ပါး တရားတွေတဲ့၊ မဂ္ဂင်ရှစ်ပါး ဆိုတာဘာလဲဆိုတာ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေကတော့ အများအားဖြင့် နှုတ်တက် ရနေမှာပါပဲ။ |
1,325,815 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဧတံ၊ ရှစ်ပါးသော မဂ္ဂင်တရားသည်။ |
1,325,816 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သေယျထိဒံ၊ အဘယ်သည်တို့နည်း ဟူမူကား။ |
1,325,817 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိ၊ မှန်စွာ မြင်ခြင်း။ |
1,325,818 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသင်္ကပ္ပေါ၊ မှန်စွာ ကြံခြင်း။ |
1,325,819 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာကမ္မန္တော၊ မှန်စွာ ပြုလုပ်ခြင်း။ |
1,325,820 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိ၊ မှန်စွာ စူးစိုက်ခြင်း တည်ကြည်ခြင်း။ |
1,325,821 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ရှစ်ပါး အကျဉ်းချုပ် လိုက်လို့ရှိယင်၊ သီလ, သမာဓိ, ပညာ, ၃-ပါးပါပဲ၊ |
1,325,822 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါစာ၊ မှန်ကန်စွာပြောခြင်း။ |
1,325,823 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာကမ္မန္တ၊ မှန်စွာပြုခြင်း။ |
1,325,824 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝ၊ မှန်စွာအသက်မွေးခြင်း ဆိုတာဟာ သီလပါပဲ၊ |
1,325,825 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလစင်ကြယ်တဲ့ ပုဂ္ဂိုလ် ဒီသီလမဂ္ဂင်နဲ့ ပြည့်စုံနေတာပဲ၊ အောက်ထစ်ဆုံး ၅-ပါး သီလ စောင့်ထိန်း သိမ်းနေယင် ပြည့်စုံနေတာပဲ။ |
1,325,826 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါဏာတိပါတာဝေရမဏိ၊ အာဒိန္နာဒါနာဝေရမဏိ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ၊ ဒီ ၃-ပါးကိုတော့ သမ္မာကမ္မန္တနှင့် ဆိုင်တယ်၊ ဒီ ၃-ပါး ပြည့်စုံနေယင် သမ္မာကမ္မန္တ ပြည့်စုံနေတာပဲ။ |
1,325,827 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မုသာဝါဒါဝေရမဏိ ဆိုတာကတော့ သူကတော့ ဝစီကံ မှတ်ခြင်းကြောင့် သမ္မာဝါစာနှင့် ဆိုင်တယ်၊ သူက သမ္မာဝါစာ ဆိုတာ ကောင်းစွာ ပြောခြင်း၊ မိစ္ဆာဝါစာ၏ ကြဉ်ရှောင်ခြင်းကို ဆိုလိုတယ်၊ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသ ဝါစာ၊ သမ္ဖပ္ပလာပ၊ မိစ္ဆာဝါစာ ၄-ပါးရှိတယ်၊ အဲဒီ လေးပါးထဲမှာ မုသာဝါဒကို ပဓာနပြု၍၊ ဒါတခုကို ငါးပါးသီလထဲမှာ ထည့်ထားတယ်၊ |
1,325,828 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မုသာဝါဒ ကြဉ်ရှောင်တယ်ဆိုယင် ဒိပြင်ဟာတွေလဲ အကျိုးမဲ့စကားတွေကို ကြဉ်ရှောင်ရမှာပါပဲ၊ အရေးကြီးတဲ့ စကားတွေဆိုယင် ကြဉ်ရှောင်ရမှာပဲ၊ ပိသုဏဝါစာ၊ ကုန်းတိုက်သော စကားကို ကြဉ်ရှောင်ရမည်၊ ဖရုသဝါစာ၊ ကြမ်းတမ်းသော စကားတွေကို ကြဉ်ရှောင်ရမည်၊ သမ္ဖပ္ပလာပ၊ အကျိုးမဲ့အနှစ်မဲ့ မဟုတ်က ဟုတ်က ပုံတိုဝတ္ထုစသည်တွေကို ဒါတွေဟာ အချိန်ဖြုန်းနေတဲ့ အချိ... |
1,325,829 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝဆိုတာကတော့ မိစ္ဆာအာဇီဝ၊ မတရားသဖြင့် အသက်မွေးမှုမှ ကြဉ်ရှောင်လို့ရှိယင် သမ္မာအာဇီဝဖြစ်တယ်၊ သမ္မာအာဇီဝဆိုလဲပဲ သိက္ခာပုဒ် သီးခြား တော့မရှိပါဘူး၊ သို့သော်လဲ ပါဏာတိပါတ အစရှိတဲ့ ကာယကံ, ဝစီကံတွေပါပဲ၊ အသက်မွေးဝမ်းကျောင်း အတွက် စားရေး, သောက်ရေး, နေရေး, ထိုင်ရေးအတွက် ပစ္စည်းရှာဖွေတယ် ဆိုတာ ကိုယ်နှင့်ယင်လဲ ရှာရတယ်၊ နှုတ... |
1,325,830 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမေသုမိစ္ဆာစာရ သက်သက်က မိစ္ဆာအာဇီဝ၊ သူကတော့ နည်းပါတယ်၊ နည်းနည်း ပါးပါးတော့ ရှိပါတယ်၊ အဲဒီလို ဟာတွေပြုတာ သူကမညှာဘူး၊ ဝစီကံ လေးပါးနှင့် စပ်ပြီးတော့လဲ အသက်မွေးမှုတွေ၊ သူတပါး အကျိုးမဲ့ဖြစ်အောင် လိမ်လည် ပြောပြီးတော့ ကိုယ်စီးပွား ကိုယ်ကျိုးရှိအောင်လို့လဲ လုပ်ရတာကိုး၊ မတရား သက်သေတို့ပေါ့လေ၊ ရှိတယ်၊ အဲဒီမှာ စီးပွားရေးက ဒီလိုမ... |
1,325,831 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သိပ်အရေးမကြီးတာကို လိမ်လို့ကတော့ အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်ဘူး၊ လမ်းမသိတဲ့လူက လမ်းမေးလို့ရှိယင် လမ်းဘယ်ကနေ ဘယ်လိုသွားရမလဲလို့မေးယင် အဲဒါ သက်သက် ခရီးသွားတဲ့ ပုဂ္ဂိုလ် ဒုက္ခရောက်အောင်လို့ မဟုတ်ကဟုတ်က လမ်းလွှဲပြောလိုက်လို့ရှိယင် ဒါဟာ လိမ်လည်၍တော့ ပြောတော့ပြောတာပါပဲ၊ ဒါပေမယ့် ဒါဟာ အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်ပါဘူး၊... |
1,325,832 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အသက်မွေးဝမ်း ကျောင်းနှင့်မဆိုင်တဲ့ ဝစီဒုစရိုက်မှ ကြဉ်ရှောင်လို့ရှိယင် သမ္မာဝါစာ ရိုးရိုးပဲ ဖြစ်တယ်၊ အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်တဲ့ ဝစီဒုစရိုက်မှ ကြဉ်ရှောင် လို့ရှိယင် သမ္မာအာဇီဝဖြစ်တယ်၊ ဈေးအရောင်းအဝယ် လုပ်တဲ့ ဈေးသည်တွေကို လိမ်လည်လှည့်ဖျား၍ ရောင်းလို့ ရှိယင် ဒါက မုသာဝါဒ အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်ပြီးတော့ မိစ္ဆ... |
1,325,833 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီဟာ ကြဉ်ရှောင်ပြီးတော့ အမှန်အတိုင်း ဈေးမှန်အတိုင်း ပြောဆိုပြီး သကာလ ဈေးရောင်း လို့ရှိယင် သမ္မာအာဇီဝ ဖြစ်တယ်၊ အဲဒီလိုပါပဲ၊ အသက် မွေးဝမ်း ကျောင်းနှင့် ဆိုင်တဲ့အမှုတွေ မကျူးလွန်ပဲနဲ့ ကြဉ်ရှောင် နေလို့ရှိယင် သမ္မာအာဇီဝ ဖြစ်တယ်၊ အဲဒီတော့ ငါးပါးသီလ လုံလုံခြုံခြုံ ရိုရိုသေသေ စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုယင် ဒါဟာ သမ္မာက... |
1,325,834 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမာဓိမဂ္ဂင် |
1,325,835 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬ သမာဓိမဂ္ဂင် ဆိုတာက သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ၃-ခုက သမ္မာသမာဓိမဂ္ဂင် ခေါ်တယ်၊ ဒီအတိုင်းပါပဲ၊ သမာဓိအစစ်ကတော့ သမ္မာသမာဓိဆိုတဲ့ နောက်ဆုံးက တခုပါပဲ၊ ရှေးက သမ္မာဝါယာမ၊ သမ္မာသတိ ဆိုတာတွေကတော့ သမ္မာသမာဓိ၏ အခြံအရံတွေ၊ သူတို့က အကူအညီတွေပါပဲ၊ သမာဓိဖြစ်ဖို့ရာ သမ္မာဝါယာမကလဲ အားထုတ်ပေးမှပါပဲတဲ့၊ သတိကလဲ အမှတ်ရမှဖြစ်မယ်တဲ့... |
1,325,836 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တယ် ဆိုပါတော့၊ ထွက်သက်ဝင်သက် ဝင်တိုင်းထွက်တိုင်း၊ ဝင်တယ် ထွက်တယ်၊ နှာသီးဖျား တိုက်ပြီးတော့ ဝင်သွားလိုက်၊ ထွက်သွားလိုက်၊ ဒါကိုပဲ အမြဲတမ်းနှလုံးသွင်း၊ အဲဒီလို နှလုံးသွင်းတဲ့အခါကာလမှာ ကြောင့်ကြဗျာပါရ စိုက်ပြီးတော့ ဝီရိယ ပါရတယ်၊ ပျင်းနေလို့ ဝီရိယ လျော့သွားလို့ ရှိယင် မမှတ်နိုင်ဘူး၊ ပြီးတော့ နှာ... |
1,325,837 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပန်းခူးသူပမာ |
1,325,838 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬ ဥပမာအားဖြင့် ဘာနှင့်တူသလဲဆိုလို့ ရှိယင် ဥယျာဉ်ထဲသွားပြီးတော့ အပျော်အပါး သွားပြီးတော့ ကြည့်ကြတယ်၊ ဥယျာဉ်ထဲ ရောက်တော့ ပန်းပင်တပင်ကိုတော့ ပန်းခူးချင်လာပြီ၊ လက်လှမ်းက မမှီဘူး၊ လူ ၃-ယောက်ဟာ ဘယ်သူကမှ လက်လှမ်းမမှီဘူး၊ လက်လှမ်းမမှီတော့ အားကောင်းကောင်းလူက အောက်က နေပြီးတော့ ကုန်းပြီးတော့ ထားရမယ်၊ ကျောပေါ်က နေပြီးတော့ မြင်း... |
1,325,839 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီမှာ အပေါ်က ပန်းခူးတဲ့လူက ဘာနဲ့တူသလဲ ဆိုတော့ သမာဓိနှင့် တူတယ်တဲ့၊ အောက်က ခုံလုပ်ပေးတဲ့လူက ဘာနဲ့တူသလဲ ဆိုလို့ ရှိယင် သူကတော့ ဝီရိယနှင့် တူတယ်၊ ဘေးကရပ်ပေးတဲ့ လူက ဘာနဲ့တူသလဲ ဆိုလို့ရှိယင် သူက သတိနဲ့ တူတယ်၊ အဲဒါလိုပဲတဲ့၊ ဝီရိယကလဲ အားထုတ်မှ၊ သတိကလဲ အမှတ်ရလို့ သမာဓိက စူးစိုက် တည်ကြည်နိုင်တယ်၊ ဒါကြောင့် ဒီ ၃-ပါးဟာ သမာဓိ မဂ... |
1,325,840 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလခန္ဓာ၊ သမာဓိခန္ဓာ၊ ပညာခန္ဓာ၊ ပညာမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုတာကလဲပဲ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပနှစ်ခုကို ခေါ်တယ်၊ သမ္မာဒိဋ္ဌိမဂ္ဂင် ပါပဲ၊ ဒါပေမယ့် သမ္မာသင်္ကပ္ပကလဲ အကြံပေးမှပဲ၊ လောကရေးရာတွေ ဆိုလို့ရှိယင် စိတ်ကူးနဲ့ ကြံမှပဲ အသိဉာဏ် ကလေးတွေ ပေါ်လာတယ်၊ အရေးကြီးတဲ့ ကိစ္စဆိုလို့ရှိယင် စဉ်းစားရတယ်၊ ထပ်ကာ ထပ်ကာ စဉ်းစားရတယ်၊ စဉ်... |
1,325,841 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အသိဉာဏ်နှင့် ပညာအစစ် |
1,325,842 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ လောကရေး စဉ်းစားတဲ့နေရာမှာ အမှန်အတိုင်း သိသွားတယ်ဆိုတာ ပညာ အစစ်တော့မဟုတ်ဘူး၊ ဒါကတော့ စိတ္တုပ္ပါဒ်ထဲက တရားတခုခု ဖြစ်မှာပါပဲ၊ စိတ်ပဲဖြစ်မှာပါပဲ၊ ပညာဆိုတာက ကုသိုလ်ရေးရာနှင့် စပ်ပြီးတော့ဖြစ်မှာပဲ၊ လောက ရေးရာတွေနှင့် စားရေး, နေရေး, ထိုင်ရေး, စီးပွားရေး စသည် ဒီဥစ္စာတွေနှင့် စဉ်းစားပြီး လျှောက်ပြီးတော့ အသိဉာဏ် ဖြစ်... |
1,325,843 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြီးတော့ သူများတွေကိုလဲ ဘေးအန္တရာယ် ဖြစ်အောင်လို့ လုပ်တတ်တယ်၊ လောကသိပ္ပံပညာတွေ တိုးတက်နေတဲ့ နိုင်ငံတွေ, ဌာနတွေက လူတွေဟာ လက်နက်တွေ အမျိုးမျိုးတွေလုပ်ကြတယ်၊ လက်နက်တွေ အင်မတန်ကောင်းတဲ့ လက်နက်တွေ လုပ်ကြတယ်၊ အရေးအရာ ပေါ်လို့ရှိယင်ဖြင့် ကိုယ့်တိုင်းနိုင်ငံအတွက် ခုခံကာကွယ်ဖို့၊ သူများနိုင်ငံကိုလဲ သိမ်းပိုက်ပြီးတော့ ယူတန်လျှင်... |
1,325,844 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအသိဉာဏ်တွေဟာ ပညာအစစ်လို့ မခေါ်ရဘူး၊ ပညာအစစ် ဆိုလို့ ရှိယင်တော့ သူတပါး သေရာသေကြောင်း၊ ပျက်စီးရာ ပျက်စီးကြောင်း အလုပ်တွေ တီထွင်တာဆိုတာ ပညာအစစ် မဟုတ်ဘူး၊ ဒါတွေကတော့ကို မောဟသော်လဲ ဖြစ်မယ်၊ မောဟ အဝိဇ္ဇာ ကလဲပဲ လောကရေးရာ ကျယင်လဲ ဉာဏ်လိုပဲ သူက သစ္စာလေးပါးကို အမှန်အတိုင်း မသိတာ၊ မဟုတ်တာတွေကျတော့ သူမှသိတာ၊ မဟုတ်တာတွေကျယင် သူ... |
1,325,845 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒိဋ္ဌိကလဲရှိသေးတယ်၊ မဟုတ်တာတွေ လျှောက်သိတာ၊ ဝိတက်ကလဲ သူကလဲပဲ လောက ရေးရာကျတော့ သူကလဲဉာဏ်လိုပဲဖြစ်နေတယ်၊ ဝိစာရကလဲ စူးစမ်း ဆင်ခြင်လို့ သူကလဲ ဉာဏ်လို ဖြစ်နေတယ်၊ အဲဒီတရားတွေ၊ အဲဒါကြောင့် လောကရေးရာတွေကတော့ ပညာအစစ် မဟုတ်ပါဘူး။ |
1,325,846 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားရေးရာနဲ့ စပ်ပြီးတော့ စူးစမ်းတဲ့အခါ၊ ဆင်ခြင်တဲ့အခါ၊ တရား နှလုံးသွင်းတဲ့ အခါကာလ အမှန်အတိုင်း သိတယ်၊ အမှန်အတိုင်း သိတာတွေက ပညာတဲ့၊ ဒီတရား အားထုတ်တဲ့ အခါမှာတော့ အရေးကြီးတယ်၊ တရားအား ထုတ်တဲ့အခါကာလမှာ ရှုတိုင်းရှုတိုင်း အာရုံ ကလေးတွေမှာ အမှန်အတိုင်းပေါ်တဲ့အတိုင်း သိသိသွားတာ ကလေးတွေကို ပညာအစစ်တွေ၊ တရားအားထုတ်မှု မရောက်သေး... |
1,325,847 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိ ၅-ပါး |
1,325,848 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬ သမ္မာဒိဋ္ဌိ ၅-ပါးရှိတယ်။ |
1,325,849 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (၁) ကမ္မသကတသမ္မာဒိဋ္ဌိ၊ (၂) ဈာနသမ္မာဒိဋ္ဌိ၊ (၃) ဝိပဿနာသမ္မာဒိဋ္ဌိ၊ (၄) မဂ္ဂသမ္မာဒိဋ္ဌိ၊ (၅) ဖလသမ္မာဒိဋ္ဌိ၊ |
1,325,850 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပစ္စဝေက္ခဏာမထည့်ယင် (၅) ခု၊ သူတပါးထည့်ယင် (၆)ခု။ |
1,325,851 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဈာနသမ္မာဒိဋ္ဌိ |
1,325,852 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬ အဲဒီသမ္မာဒိဋ္ဌိ (၅)ခုရှိတယ်၊ အဲဒီ (၅)ခုထဲမှာ ဈာနသမ္မာ ဒိဋ္ဌိဆိုတာကတော့ ဈာန်စိတ် ထဲပါတဲ့ အသိဉာဏ်ကလေးပါပဲ၊ သူကတော့ ဈာန်သာမည ဆိုလို့ရှိယင် သမ္မာဒိဋ္ဌိက မထင်ရှားပါဘူး၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေ၊ ဈာန်တွေနိုင်နင်းတဲ့ အခါကျတော့ ထင်ရှား တယ်၊ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေ၊ ဈာန်တွေ နိုင်နင်းတဲ့အခါကျတော့ စိတ်က ညွတ်ကြည့် လိုက်လို့ရှိယင် ... |
1,325,853 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ယခု တရားအားထုတ်တဲ့ ယောဂီတွေလဲ သူတို့လဲ မြင်တာလေးတွေ တချို့ရှိတယ်၊ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းတော့လဲ မမြင်ပါဘူး၊ ပါရမီအထူးရှိတဲ့ ပုဂ္ဂိုလ်တွေမှာ မြင်တတ်တယ်၊ တရားအားထုတ်ယင် စိတ်နဲ့ မှန်းကြည့်လိုက်လို့ရှိယင် မြင်တယ်၊ မြင်တဲ့အတိုင်း မှန်တယ်၊ ဥပမာတွေက ကမ္မဋ္ဌာန်းကျောင်းမှ နေပြီးသကာလ အိမ်သွား စဉ်းစားကြည့်တော့ အိမ်မှာ ဘယ်... |
1,325,854 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို အဘိညာဉ်ကိစ္စ တတ်တဲ့အခါကျတော့ ဈာန်နှင့်ယှဉ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိက ထင်ရှား လာတယ်၊ အမြင်တွေ အမျိုးမျိုး မြင်နိုင်တယ်၊ တကယ် အဘိညာဉ် အစစ်ကတော့ မြင်နိုင်ပါတယ်၊ သူကတော့ လူ့ပြည်တွေများ အကုန်လုံး၊ နတ်ပြည် လောကတွေရော, ဗြဟ္မာပြည် လောကတွေရော, ငရဲတို့, ပြိတ္တာတို့, အဲဒီလိုဟာတွေ အကုန်လုံးလျှောက်ပြီးတော့ မြင်နိုင်တာပဲ၊ လောကရှ... |
1,325,855 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စေတောပရိယာယအဘိညာဉ် ဆိုတာ သူတပါးစိတ်တွေကို အကုန်လုံးသိနိုင်တယ်၊ ပုဗ္ဗေနိဝါသ ဆိုတာ ရှေ့ဘဝက ဖြစ်ခဲ့တာတွေ အဟောင်းတွေ ပြန်စဉ်းစားလို့ရှိယင် သိတယ်။ |
1,325,856 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနာဂတံသ ဆိုလို့ရှိယင် နောင်ဖြစ်မယ့်အရေးတွေ နောင်ကာလ အကြောင်းတွေကို သူကသိတယ်၊ အဲဒီလို သိတာတွေဟာ ဈာနသမ္မာဒိဋ္ဌိ လို့ခေါ်တယ်၊ ဒါကတော့ တရား အားထုတ်တဲ့အခါ အလိုလို ဖြစ်ယင်လဲဖြစ်၊ မဖြစ်ယင်လဲနေ၊ ကြောင့်ကြစိုက်ဖို့ မလိုပါဘူး၊ ဈာနသမ္မာဒိဋ္ဌိ။ |
1,325,857 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬ ဝိပဿနာသမ္မာဒိဋ္ဌိ ဆိုတာကတော့ ဝိပဿနာ ရှုနေတဲ့အခါကာလ ရှုတိုင်းရှုတိုင်း သိနေတာ၊ ဖောင်းတာ မှတ် ဖောင်းတာသိတယ်၊ ပိန်တာမှတ် ပိန်တာသိတယ်၊ ထိုင်တာမှတ် ထိုင်တာသိတယ်၊ မြင်တာမှတ် မြင်တာသိတယ်၊ ကြားတာ သိတယ်၊ နာတာ ကျင်တာ၊ ကိုက်ခဲတာသိတယ် ဖြစ်တိုင်း ဖြစ်တိုင်း တရားကလေးတွေ ဖြစ်တဲ့အတိုင်းပဲ ဖြစ်တဲ့အတိုင်း အစကသိတာ၊ သိပ်ပြီး ထူးထူ... |
1,325,858 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှတ်တိုင်းမှတ်တိုင်း အာရုံကလေးတွေသိ၊ နောက်တော့ သဘောကလေး သိလာတယ်၊ ဖောင်းတယ် ဆိုယင် တောင့်တင်းတဲ့သဘော၊ လှုပ်တဲ့သဘော ကကလေးတွေပါပဲ၊ သိလာတယ်၊ ပိန်တယ်ဆိုယင်လဲ ဒီလိုပဲ လှုပ်ရှားတဲ့ သဘောကလေးတွေ၊ ကွေးတယ် ဆန့်တယ်ဆိုယင် တောင့်တင်းတဲ့ သဘောလေးတွေ၊ စိတ်ကူး ကြံစည်တယ်ဆိုယင် အာရုံဆီသို့ ရောက်သွားတဲ့ သဘောကလေးတွေ၊ ကိုယ်ထဲက ကိုက်ခဲတာ နာတာ... |
1,325,859 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်ပြီးတော့ ပျောက်သွားမှာပဲ၊ ဘယ်မြဲတော့မှာလဲ၊ မမြဲဘူး မှတ်တိုင်း မှတ်တိုင်း အာရုံကလေးတွေ ချက်ချင်း ပျောက်သွားတယ်၊ မမြဲဘူးသိတယ်၊ မှတ်သိတဲ့ စိတ်ကလေးတွေ ဖြစ်ပြီးတော့ ပျောက်သွားတယ်၊ မမြဲဘူးလို့သိတယ်၊ အဲဒါ အနိစ္စ ဉာဏ်တွေ ဖြစ်လာတယ်၊ အဲဒါဖြင့် ဒုက္ခ, အနတ္တ, ဉာဏ်လဲဖြစ်တာပါပဲ၊ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်အသိကလေးတွေ ဖြစ်လာတာ အဲဒ... |
1,325,860 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬ အဲဒီ သမ္မာဒိဋ္ဌိဖြစ်အောင် ဘယ်သူက ကူညီပေးသလဲ၊ ဝိတက်က အကူအညီ ပေးနေတယ်၊ ဝိတက်က ကြံဆပေးနေတယ်၊ အထူးတော့ တွေးကြံနေရတာ မဟုတ်ဘူး၊ ရှုမှတ်ရမယ့် အာရုံဆီကို ရှေးရှု ဦးတန်းပြီးတော့ သွားတာ၊ ဖောင်းတာ ဆီသို့ ဦးတန်းသွား၊ ပိန်တာဆီသို့ ဦးတန်း၊ ဖြစ်တဲ့သဘော၊ ပျက်တဲ့ သဘောဆီသို့ ဦးတန်းသွား၊ အခြားပြင်နေရာ ဆီသို့မလှည့်ဘူး၊ သဘော အမှန်ကလေ... |
1,325,861 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှုမှတ်တိုင်း သီလ, သမာဓိ, ပညာဖြစ် |
1,325,862 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬▬ အဲဒီသမ္မာသင်္ကပ္ပက အကူအညီပဲ၊ သမ္မာဒိဋ္ဌိက သူက ပညာက္ခန္ဓာ အစစ်ပဲ၊ သီလ, သမာဓိ, ပညာ, ၃-ပါးမှာ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ဆိုယင် ဒီ ၃-ပါးလုံး ပြည့်စုံနေတာပဲ၊ စောစောကတည်းက တရားအား မထုတ်မီကဖြစ်စေ၊ အားထုတ် တုန်းက ဖြစ်စေ၊ အားထုတ်ခါနီးမှဖြစ်စေ၊ သီလမပျက်ဘူး၊ ဆောက်တည်လိုက်တော့ အဲဒီက စပြီးတော့ သီလ ပြည့်စုံတာ၊ ရှုတိုင်းရှုတိ... |
1,325,863 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖောင်းတာလေးမှတ်ယင် စိတ်ကလေး ဖောင်းတာပေါ်မှာ၊ ခဲကလေး ပစ်ချလိုက်သလို အဲဒီဟာပေါ်မှာ တန့်ရပ်သွားသလိုပါပဲ၊ ခဲလေးကမှ လိမ့်သွားသေးတယ်၊ ဥပမာ အားဖြင့် ဆန်အိတ်ကြီးနှင့် ပြောမှသာ နေရာကျမယ်၊ ဆန်အိတ်ကြီးကို ပခုံးပေါ်မှ ချလိုက်ယင် ချတဲ့နေရာမှာပဲ ကျနေတယ်၊ လိမ့်မသွားဘူး၊ သူက လေးနေတာကိုး၊ အဲဒါလိုပါပဲ၊ မှတ်ရာမှတ်ရာ အာရုံကလေးအပေါ်မှာ စိတ... |
1,325,864 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှတ်တိုင်းမှတ်တိုင်း သီလလဲဖြစ်တယ်၊ သမာဓိလဲဖြစ်တယ်၊ ပညာလဲဖြစ်တယ်၊ သီလ, သမာဓိ, ပညာဖြစ်တော့ မဂ္ဂင်ရှစ်ပါးလုံး ဒီအထဲမှာပါတယ်၊ အဲဒါဟာ မဂ္ဂင် ဖောင်ဖွဲ့တာပဲ၊ မဂ္ဂင် ဖောင်ဖွဲ့တယ်။ |
1,325,865 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ဖောင်နှင့်ကူးရာ ဝီရိယ အရေးကြီး |
1,325,866 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬▬ မဂ္ဂင်ဖောင် ဖွဲ့ပြီးတော့ ကူးရလိမ့်မယ်၊ ဒီဘက်ကမ်းက နေပြီးတော့ ဟိုဘက်ကမ်းကို ကူးရတယ်။ |
1,325,867 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တဿ ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယာမော တိ ခေါ ဘိက္ခဝေ ဝီရိယာရမ္ဘဿေတံ အဓိဝစနံ။ |
1,325,868 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (သဠာယတန ဝဂ္ဂသံယုတ်၊ နှာ-၃၈၃) |
1,325,869 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ- တဿ၊ ထိုမြွေထိန်း ယောက်ျား၏။ |
1,325,870 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဟတ္ထေဟိစ၊ လက်တို့ဖြင့် လည်းကောင်း။ |
1,325,871 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါဒေဟိစ၊ ခြေတို့ဖြင့် လည်းကောင်း။ |
1,325,872 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါယာမောတိ ခေါဧတံ၊ အားထုတ်ခြင်းဟူသော ဤအမည်သည်။ |
1,325,873 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝီရိယာရမ္ဘဿ၊ လုံ့လဝီရိယကိုအားထုတ်ခြင်း လုံ့လဝီရိယကို ဖြစ်စေခြင်း၏။ |
1,325,874 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဓိဝစနံ၊ အမည်ပါပေတည်း။ |
1,325,875 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီဘက်ကမ်းက ဟိုဘက်ကမ်း ရောက်အောင် ဖောင်ပေါ်မှာ၊ ဖောင်ပေါ်မှာ ဆိုယင်လဲ ကောင်းကောင်းမွန်မွန်တော့ မမဟုတ်ဘူး၊ မြက်တို့, သစ်ခက်တို့, သစ်ရွက်တို့, နွယ်တို့, အနီးအပါးကမ်းစမှာ ရှိတာကလေးတွေ စုပေါင်းပြီးတော့ နွယ်နှင့် ဘာနှင့် ချည်ပြီးတော့ အဲဒီမှာ လူတကိုယ်ခိုင်အောင် ဝမ်းလျားမှောက် ပြီးတော့ ကူးရမှာကိုး၊ ဝမ်းလျားမှောက်ပြီးတော့ တက်တိ... |
1,325,876 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယာမော၊ လက်နဲ့ခြေနဲ့ တခါတည်း ယက်ကန်ပြီးတော့ ပြေးရမယ်၊ ရန်သူတွေက ဟိုက လိုက်လာတယ်၊ မြွေကြီးလေးကောင်းက တရှူးရှူးနဲ့ ကိုက်မယ်လို့ လိုက်လာ တယ်၊ ရန်သူကြီး ၅-ယောက်က ဓားမိုးပြီးတော့ လိုက်လာတယ်၊ ကိုယ့်မိတ်ဆွေ ငယ်ပေါင်း ကြီးဖော်ဖြစ်တဲ့ မိတ်ဆွေကလဲပဲ လက်နက်ကိုင်စွဲပြီးတော့ လိုက်လာတယ်၊ ငယ်သူငယ်ချင်း မိတ်ဆွေ၊ ရွာ... |
1,325,877 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝီရိယာရမ္ဘဿ၊ ဝီရိယကိုအားထုတ်ခြင်း၏ ဝီရိယလုံ့လကို ဖြစ်စေခြင်း၏၊ အဓိဝစနံ၊ အမည်ပါပဲ၊ |
1,325,878 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝီရိယလုံ့လကို ဖြစ်စေတာပါပဲ၊ တရားအားထုတ်တဲ့အခါမှာ ဒီ ဝီရိယက အရေးကြီး တာကိုး၊ ဒါလေးနဲ့ အားထုတ်ရတယ်၊ ဝီရိယလုံ့လ ဝီရိယနဲ့ ကြောင့်ကြစိုက်ပြီးတော့ မှတ်နေရတာ၊ ဖောင်းတိုင်း ပိန်တိုင်း မှတ်မိအောင် ဝီရိယလုံ့လမရှိပဲနဲ့ ပျင်းနေယင် ဘယ်မှတ်လို့ ဖြစ်မှာတုန်း၊ မမှတ်မိဘူး၊ တချို့တရားနာရတာ ပျင်းတာနဲ့ တရားနာ တောင် မလာနိုင်ဘူး၊ ပျင်းနေတာန... |
1,325,879 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လုံ့လဝီရိယ အားကောင်းနေတဲ့ ပုဂ္ဂိုလ်တွေက လောက ရေးရာတွေမှာလဲ သူကတော့ အနား မနေရဘူး၊ လုပ်နေတာပဲ၊ အားနေလို့ကို မဖြစ်ဘူး၊ သူ့မှာ အလုပ်လုပ်နေတာပဲ၊ အင်မတန် တွင်ကျယ်ပါတယ်၊ တရားရေးရာဘက်မှာလဲ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်က တွင်ကျယ်တယ်၊ စာပေကျမ်းဂန်တွေ သင်ကြားတဲ့ ပုဂ္ဂိုလ်တွေမှာလဲ ဒီလိုပါပဲ၊ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်က ကွာတာပဲ၊ ဝီရိယရှိတဲ... |
1,325,880 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု လောကရေးရာ၌ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားရတယ်၊ ကျောင်းတွေမှာ စာသင်တဲ့ ကလေးသူငယ် တွေမှာလဲ ဒီလိုပဲ၊ လုံ့လဝီရိယ ကောင်းတဲ့ ပုဂ္ဂိုလ်တွေမှာက အမြဲတမ်း ကျက်မှတ်လေ့ လာနေတော့ စာမေးပွဲတွေ အောင်တယ်၊ တချို့လုံ့လဝီရိယက မကောင်းဘူး၊ ပျင်းနေတာနဲ့ စာမေးပွဲက ကျတယ်၊ တချို့ကလဲ ကံမကောင်းတော့ ကျတာတွေလဲ ရှိကောင်းရှိမယ်၊ ဒီလိုချည်းပဲတ... |
1,325,881 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားရေးဘက်မှာလဲ တရားအားထုတ်တဲ့အခါမှာ လုံ့လဝီရိယကောင်းတဲ့ ပုဂ္ဂိုလ် တွေက ကြိုးကြိုးစားစား အားထုတ်တာ၊ ကမ္မဋ္ဌာန်းကျောင်းသို့ ရောက်လာ ကတည်းက ကြိုးကြိုးစားစား မှတ်တော့တာပဲ၊ မှတ်တော့ တနေ့တခြား သမာဓိတွေက တိုးတက်လာတယ်၊ နေ့စဉ်နေ့စဉ် ကမ္မဋ္ဌာန်းဆရာကို ပြောစရာရှိတယ်၊ ပြောစရာတွေမှာ များလို့တောင် နေသေးတယ်၊တိုးတက် နေတယ်၊ အချို့ လုံ... |
1,325,882 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့လဲ လုံ့လဝီရိယနဲ့ အားထုတ်ပေမယ့် ပါရမီဉာဏ်က နည်းလို့ ဉာဏ်က တိုးကို မတိုးတက်ဘူး၊ ရှိတော့ရှိမယ်၊ ဒါပေမယ်လို့ ကြိုးတော့ ကြိုးစားရှာပေတယ်၊ ဒါပေမယ်လို့ ပါရမီဉာဏ်ကိုက အဆင်မပြေလို့ ရှေးဘဝက အလေ့အလာက နည်းခဲ့လို့ ဆိုရမှာပေါ့လေ၊ ဖြည်းဖြည်းချင်း တက်တဲ့ ပုဂ္ဂိုလ်ကလဲ ရှိပါတယ်၊ ဖြည်းဖြည်း တက်တယ်ကိုဆိုပြီးတော့ အားတော့ မငယ်ရဘူး၊ ဒီ... |
1,325,883 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အသက်မွေးမှု လေးခု |
1,325,884 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬ ဥဋ္ဌာန ဖလူပဇီဝိ၊ ကမ္မဖလူပဇီဝိ၊ ဥဋ္ဌာန ကမ္မဖလူပဇီဝိ၊ နေဝဥဋ္ဌာန နကမ္မဖလူပဇီဝိ။ |
1,325,885 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လောက အသက်မွေးမှုမှာလဲ လေးခုခွဲထားတယ်၊ မြတ်စွာဘုရားက - |
1,325,886 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လုံ့လအကျိုး ခံစားရသူ |
1,325,887 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬▬▬ ဥဋ္ဌာန ဖလူပဇီဝိ - ဆိုတာကလောကမှာ စားရေး သောက်ရေးကို အမြဲတမ်း ကြောင့်ကြစိုက်နေမှ စားမှုသောက်မှု ပြည့်စုံတယ်၊ ရှေးက ကံအကျိုးပေး မကောင်းဘူး ပေါ့လေ၊ သူကတော့ လက်နဲ့မပြတ် လုပ်နေမှ စားရုံ သောက်ရုံ နေရုံထိုင်ရုံ ရတယ်၊ ဒီလိုပုဂ္ဂိုလ်က လုံ့လဝီရိယနဲ့ အမြဲ အားထုတ်နေရတာပဲ၊ ပျင်းနေလို့မရဘူး၊ စားစရာက နေ့စဉ်လုပ်မှ နေ့စဉ်ရတယ်၊... |
1,325,888 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကံအကျိုး ခံစားရသူ |
1,325,889 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬▬ သူက ကမ္မဖလူပဇီဝိ - တဲ့၊ ကုသိုလ်ကံက အကျိုးပေးတယ်၊ ကုသိုလ်ကံက အကျိုး ပေးနေတော့ လုံ့လဝီရိယနဲ့ ပင်ပင်ပန်းပန်းရယ်လို့ အားမထုတ်ရဘူး၊ သူဘာမှ အားမထုတ်ရပဲနဲ့လဲ ချမ်းသာ ကြွယ်ဝနေတာ ရှိတာပေါ့လေ၊ ရှေ့ခေတ်တုန်းကဆိုယင် သာပြီးတော့ ပိုများတာပေါ့လေ၊ ဒီလိုဟာတွေ အခုခေတ်မှာတော့ နည်းနည်းတော့ နည်းကုန်ပြီ၊ အဲဒါ ကံက အကျိုးပေးတော့၊ ပဋိသ... |
1,325,890 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လုံ့လနှင့်ကံအကျိုး ခံစားရသူ |
1,325,891 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အချို့ကလဲ လုံ့လ ဝီရိယရော ကံရော နှစ်ခုလုံးပဲ၊ ကံကလဲ အကျိုးပေးပါတယ်၊ ဒါပေမယ်လို့ လုံ့လလဲ အားထုတ်ရတယ်၊ နှစ်ခုလုံးမှ တော်ရုံပဲရှိတယ်၊ ဒါက ဥဋ္ဌာနကမ္မဖလူပဇီဝိ။ |
1,325,892 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လုံ့လနှင့်ကံအကျိုး မခံစားရသူ |
1,325,893 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့က လုံ့လ ဝီရိယနဲ့ လုပ်လို့ကလဲပဲ အကျိုး မခံစားရဘူး၊ ကံကလဲ အကျိုး မပေးဘူးတဲ့၊ ဒါကတော့ လူ့ဘုံမှာတော့ ဒီလိုဟာမျိုး ရှားပါတယ်၊ လူ့ဘုံမှာ ရှိပုံမရဘူး၊ အပါယ်ဘုံမှာ ရှိတယ်၊ ငရဲဘုံတို့မှာ လုံ့လဝီရိယနဲ့ ချမ်းသာအောင် လုပ်လို့လဲ မဖြစ်ဘူး၊ ကံကလဲ သွား၍ အကျိုးမပေးဘူး၊ ဒုက္ခရောက်နေတယ်၊ ပြိတ္တာတွေလဲ ရှိတယ်၊ လုံ့လဝီရိယနဲ့ ဘာမှမလုပ်... |
1,325,894 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လုံ့လ အရေးကြီး |
1,325,895 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအထဲမှာ ကံအကျိုး မပေးနဲ့အုံးတော့ လုံ့လဝီရိယနဲ့ အားထုတ်လို့ရှိယင် လုံ့လ ဝီရိယတော့ အထိုက်အလျောက်တော့ ဖြစ်တယ်၊ ဥဋ္ဌာနဖလူပဇီဝိတဲ့၊ တော်သေး သားတဲ့၊ လုံ့လဝီရိယက လောကရေးရာနဲ့ ကြည့်မယ်ဆိုလို့ရှိယင် သူက အသုံးကျ ပါတယ်။ |
1,325,896 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားရေးရာနဲ့ ကြည့်လို့ရှိယင်လဲ တရားအားထုတ်တာကတော့ ပိုပြီးတော့ အရေးကြီးတာပေါ့လေ၊ အဲဒီ လုံ့လဝီရိယကတော့ ကြောင့်ကြ ဗျာပါရစိုက်ပြီးတော့ အားထုတ်မှ၊ တရားအားထုတ်တဲ့ဥစ္စာ မှတ်ရမယ်ဆိုယင် မှတ်နေမှ၊ ဒိပြင်ဟာမလုပ်နဲ့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်၊ အထဲက နေပြီးတော့ မြင်တာကြားတာ ဆိုယင်လဲ လိုက်မှတ်၊ ကွေးတာဆန့်တာ လှုပ်ရှားတာ ပေါ်... |
1,325,897 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို စိတ်ပါလက်ပါနဲ့ အားထုတ်နေတော့ ဒါဟာ ဖောင်ပေါ်မှာ ဝမ်းလျား မှောက်ပြီးတော့ ကူးနေတာ၊ နောက်ကလဲ ရန်သူတွေ တဆယ့်ခြောက်ယောက်၊ အဲဒီရန်သူတွေ တဆယ့် ခြောက်ယောက်က ဝေးအောင်လို့ လက်နဲ့တခါ ယက်လိုက် ယင်ဖြင့် တပေလောက် သွားလို့ရှိယင်၊ တပေလောက်တော့ ဝေးသွားတာပေါ့၊ ခြေထောက်နဲ့ တခါ ကန်လိုက်လို့ရှိယင် တပေလောက် သွားယင် တပေလောက် ဝေးသွားတာ... |
1,325,898 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီမှာကူးနေရတယ်၊ အဲဒါ ခြေထောက်နဲ့ကန် လက်နဲ့ယက်ပြီးတော့ ကူးနေတယ်ဆိုတာ ဘာလဲ ဆိုတော့ သမ္မာဝါယာမ ဝီရိယာရမ္ဘ ကြိုးစားအားထုတ်ခြင်းပဲ၊ အခုနေက မဂ္ဂင်ရှစ်ပါး တရားထဲမှာ သမ္မာဝါယာမမဂ္ဂင်၊ အမှတ်သတိဖြစ်အောင် ရှုမှတ်မှုလေး ဖြစ်ရမယ်၊ အမြဲကြောင့်ကြစိုက်ပေးနေတဲ့ သမ္မာဝါယာမမဂ္ဂင်ဟာ ကူးတာပါပဲတဲ့၊ ယောဂီပုဂ္ဂိုလ်တွေဟာ တရားအားထုတ်လို့ ရှုတို... |
1,325,899 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလိုကူးပြီးတော့သွားတော့ ပင်လယ်ကွေ့၊ သို့မဟုတ် ရေပြင်ကျယ်ကြီး၊ ရေလက်ကြား၊ အဲဒါက ဘယ်လောက် ကျယ်သလဲ ဆိုလို့ရှိယင်၊ တယူဇနာ, တယူဇနာ ဆိုတော့ ယူဇနာနဲ့ တွက်လို့ရှိယင် တယူဇနာမှာ လေးဂါဝုတ် ရှိတယ်၊ အိန္ဒိယထဲမှာ တယူဇနာ ခရီးတွေကို ရှစ်မိုင်လောက်ရှိတယ်လို့ ဆိုပါတယ်၊ ၇-မိုင် ၈-မိုင်ဆိုတာ ဟိုတုန်းကလဲ တိတိကျကျ တိုင်းထားတာမှ မဟုတ်တာကိ... |
1,325,900 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ပြောလို့ဆိုလို့ ကောင်းအောင် ရှစ်မိုင်ပဲ ထားပါတော့၊ စာပေကျမ်းဂန် ထဲမှာပေါ့တဲ့ ယူဇနာကတော့ ၁၃-မိုင်လောက် နီးနီးရှိပါတယ်၊ များပါတယ်၊ သူကတော့ ရှစ်မိုင်လောက် ထားပါတော့၊ ဒီထက်တိုးတဲ့ ယူဇနာကလေးတွေလဲ ရှိပါတယ်၊ အခုတော့ ရှစ်မိုင်လောက်ပဲ ထားပါတော့၊ နှစ်မိုင်ဆိုလျှင် တဂါဝုတ်၊ လေးမိုင်ဆိုလျှင် နှစ်ဂါဝုတ်၊ ၆-မိုင်ဆိုလျှင် ၃-... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.