id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,901 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီက မြွေထိန်းယောက်ျားဟာ မြွေကြီးလေးကောင် ကြောက်လို့၊ ရန်သူကြီး ငါးယောက်ကိုလဲ ကြောက်လို့၊ မိတ်ဆွေ ရန်သူလဲ ကြောက်လို့၊ ဒမြကြီးတွေလဲ ကြောက်လို့၊ ကြောက်အား လန့်အား နှင့် အတင်းကူးရတယ်၊ အတင်းကူးရတယ်။ |
1,325,902 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုတရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ ဒီဟာပဲ၊ အဲဒီဟာတွေကြောက်လို့ပဲ မြွေကြီး လေးကောင်နဲ့ တူတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး၊ ဓာတ်ကြီးလေးပါး အကြောင်း ပြုပြီးတော့ အဲဒီဒုက္ခတွေ ရောက်ရတယ်၊ ခန္ဓာငါးပါး တည်းဟူသော ရန်သူငါးယောက် အကြောင်း ပြုပြီးတော့ ဘဝသစ်တွေ ဖြစ်ရတယ်၊ ဘဝသစ်တွေဖြစ်၊ ဖြစ်ရာဘဝ အိုရ, နာရ, သေရ, ဒုက္ခသေ... |
1,325,903 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိတ်ဆွေရန်သူနဲ့ တူတဲ့ နန္ဒီရာဂထက် ဘဝသံသရာမှာ သာယာနေတယ်၊ ကိုယ့်ဟာ ကလေးနဲ့ ကိုယ်သာယာ၊ ကိုယ့် အတွေ့အကြုံကလေးတွေနဲ့ တွေ့ကြုံခံစားပြီးတော့ သာယာ၊ ရှေ့က တွေ့ဖူး ကြုံဖူးတဲ့ ဟာတွေ ပြန်ပြီးသာယာ၊ နောင်လဲအသစ် အသစ်ဖြစ်ဖို့ ဘဝတွေမှာ သာယာ၊ ဘဝ အသစ်ဖြစ်ဖို့ ဟာတွေမှာ သာယာနေတယ်၊ နန္ဒီရာဂ ရှိတဲ့ အဲဒီသာယာမှုရှိနေသမျှ ကာလ ပတ်လုံး ဘဝသစ်က ထပ်... |
1,325,904 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒမြကြီး ခြောက်ယောက် ရန်သူ၊ ဒမြကြီး ခြောက်ယောက် ရန်သူကတော့ အာရုံ ခြောက်ပါးပဲ၊ အာရုံခြောက်ပါး အကြောင်းပြုပြီးတော့ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်၊ ဒီအာရုံခြောက်ပါး လိုက်ပြီးတွေးနေရနဲ့၊ အကုသိုလ်တွေဖြစ်၊ အကုသိုလ်တွေကအကျိုးပေး၊ အပါယ် လေးဘုံတွေ ကျပြုပြီး တော့၊ ကုသိုလ်ကောင်းမှုတွေ ပြုပြန်ယင် လူ့ဘဝ, နတ်ဘဝ, ကောင်းတဲ... |
1,325,905 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားအားထုတ်ကြ |
1,325,906 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီရန်သူကြီးတွေက လွတ်မြောက်အောင်လို့ တရားအားထုတ် ရတယ်တဲ့၊ ရှေးရှေးသော ဘဝတွေကလဲ ဘဝအသစ် ဖြစ်ပြီးတော့ အိုခဲ့ရ, နာခဲ့ရ, သေခဲ့ရတာ များလှပြီတဲ့၊ စိုးရိမ်ပူဆွေး ရတာတွေ များခဲ့ရလေပြီ၊ ကိုယ့်အလိုအတိုင်း မပြည့်ဝလို့ ဒုက္ခရောက်တာတွေ များခဲ့ရလေပြီ၊ နိုင်တဲ့ပုဂ္ဂိုလ်တွေက ညှဉ်းဆဲ သတ်ဖြတ်လို့ သေခဲ့ရတာတွေလဲ များလှပြီ၊ နိုင်တဲ့ပုဂ္ဂို... |
1,325,907 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီဟာတွေ မြွေကြီးလေးကောင်တို့ ရန်သူကြီးငါးယောက်တို့ အဲဒါတွေကြောင့် ဒုက္ခတွေ ရောက်ရတယ်၊ အဲဒီဒုက္ခတွေက လွတ်မြောက်အောင် ယခုဘဝတွေလဲပဲ ပဋိသန္ဓေနေရလို့ အချို့ပုဂ္ဂိုလ်တွေ အရွယ်ကြီးလို့ အိုကုန်ကြပြီ၊ အိုခြင်း, နာခြင်း, ဒုက္ခတွေနဲ့ တွေ့နေတယ်၊ ကိုယ်၏ ဆင်းရဲ၊ စိတ်၏ဆင်းရဲတွေနဲ့ များများတွေ့နေရ၊ သောကပရိဒေဝတွေတွေ့လို့၊ အများကြီး ဒ... |
1,325,908 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ လုံ့လဝီရိယဟာ ကူးနေတာပဲ၊ ကူးနေလို့ နှစ်မိုင်လောက် ရောက်တယ် ဆိုယင် တစခန်း ရောက်တာပါပဲ၊ ပထမဆုံး ဘယ်ကနေပြီးတော့ ဆိုတော့ နာမ်နဲ့ရုပ်ကို ပိုင်းခြားပြီးတော့ သိပြီး ခပ်ကြမ်းကြမ်း ပြောရမယ်၊ ရှုတိုင်းမှတ်တိုင်း ရှုရတဲ့ရုပ်က တမျိုး၊ သိတဲ့နာမ်ကတမျိုး၊ မှတ်တိုင်း မှတ်တိုင်းဟာ ဖောင်းတာမှတ်ယင် ဖောင်းတာ ကလေးက တခြား၊ မှတ်သိတာ ... |
1,325,909 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နာမ်ရုပ်ပိုင်းလေး သိတော့ အကြောင်းအကျိုး ဆက်စပ်နေတာကလေး သိသွားယင် စခန်းတခု တိုးသွားတယ်၊အကြောင်းအကျိုး ကလေးတွေ မြင်စရာရှိလို့မြင်တယ်၊ ကြားစရာရှိလို့ ကြားတယ်၊ အဆင်းရှိလို့ မြင်တယ်၊ နားရှိလို့ ကြားတယ်စသည် ပေါ့လေ၊ အာရုံကလေးတွေ သိနေလို့ အသိစိတ်က ပေါ်လာရတယ်၊ မှတ်စရာ သိစရာတွေရှိလို့ မှတ်သိစရာတွေ ဖြစ်ရတယ်၊ စိတ်ကူး ကြံစည်မှုတွေရ... |
1,325,910 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါသိပြီးတော့ ရှုတိုင်းမှတ်တိုင်း သူ့အခိုက်အတန့်နဲ့ဖြစ်၊ ဖြစ်ပျက်နေတာ ကလေးတ ွေတွေ့ရတော့၊ မမြဲဘူး၊ မမြဲတဲ့ တရားတွေ၊ ဖြစ်ပြီး ပျောက်သွားတာပဲ၊ မှတ်ယင်း မှတ်ယင်း တွေ့ရတယ်၊ ဖောင်းတာက ဖောင်းတုန်းတွင်ရှိတယ်၊ ပိန်ပြီးတော့မရှိဘူး၊ ပိန်တာက ပိန်တုန်းတွင် ရှိတယ်၊ ပြီးတော့ မရှိဘူး၊ အစမှာသိတယ်၊ ကွေးတာမှာလဲ ကွေးတုန်း လှုပ်ရှားတုန်း ရှ... |
1,325,911 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ မှတ်တိုင်း မှတ်တိုင်းဟာ သူ့အခိုက် အတန့် ကလေးနဲ့ သူဖောင်းတာမှာလဲ အဆင့်ဆင့်၊ ပိန်တာမှာလဲ အဆင့်ဆင့်၊ ဝေဒနာ ကလေး၊ နာတာ, ကျင်တာကလေးတွေ အဆင့်ဆင့်ပဲ၊ နာလိုက်ပျောက်လိုက်, ကျင်လိုက် ပျောက်လိုက်, အဲဒီလို သူ့အခိုက်အတန့်နဲ့ ဖြစ်ပျက်နေတာ တွေ့ရတယ်၊ စိတ်ကူး စဉ်းစား ကြံစည်မှုတွေလဲ စိတ်ကူးယင်း ပျောက်ယ... |
1,325,912 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် ဥဒယဗ္ဗယဉာဏ်တဲ့၊ အဖြစ်အပျက်ကလေး လျင်လျင် မြန်မြန် ပိုင်းပိုင်း ခြားခြား သိလာတယ်၊ နောက် ဘင်္ဂဉာဏ်တို့, ဘယဉာဏ်တို့, အာဒီနဝဉာဏ်, နိဗ္ဗိန္ဒဉာဏ်တို့, မုဥ္စိတုကမျတာဉာဏ်၊ နာမည်ပဲလျှောက်ပြီးတော့ ပြောသွားတော့မယ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီတဲ့၊ သင်္ခါရတွေ ကြောင့်ကြ မစိုက်ရပဲနဲ့ မှတ်ပြီးတော့ သိနေတာ၊ လစ်လျူရှု... |
1,325,913 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နိဗ္ဗာန်မြင် |
1,325,914 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ သင်္ခါရုပေက္ခာဉာဏ် အားကောင်းလာတဲ့အခါ ရှုယင်း မှတ်ယင်းနဲ့ အထူး လျင်မြန်တဲ့ အသိဉာဏ်တွေဖြစ်ပြီးတော့ အဖြစ်အပျက်ကလေးတွေ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့သွားတယ်၊ အဲဒါ ရှေးဦးစွာ နိဗ္ဗာန်ကို မြင်တာ၊ အဖြစ်အပျက် မှတ်ယင်း မှတ်ယင်း, သိယင်း သိယင်းနဲ့ ဖြစ်ပြီး ပျောက်သွားတာ သိယင်းသိယင်းနဲ့ ရုပ်နာမ် သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်ကိုတွ... |
1,325,915 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စာပေကျမ်းဂန် ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေဟာ နိဗ္ဗာန်အကြောင်းတွေကို ပြောဟော နေကြတာပဲ၊ အဆုံးအဖြတ်တွေပေးလို့၊ နိဗ္ဗာန်တွေက တယောက်နဲ့ တယောက်လဲ တယ်မတူဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မမြင်ဖူးတာတွေကို ဆုံးဖြတ်နေတာကိုး၊ ဘယ်တူလိမ့်မှာတုန်း၊ မတွေ့ဖူးတာတွေကို ဆုံးဖြတ်တော့ ဒီလိုပဲ လွဲကုန်မှာပေါ့။ |
1,325,916 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နိဗ္ဗာန်အစစ်ဆိုတာ ရုပ်နာမ်သင်္ခါရ ချုပ်ငြိမ်းတာပဲ၊ ဆင်းရဲခပ်သိမ်း ငြိမ်းတာဟာ - သန္တိ လက္ခဏံ နိဗ္ဗာနံ။ |
1,325,917 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သန္တိလက္ခဏံ၊ ငြိမ်းခြင်းလက္ခဏာ ရှိ၏။ |
1,325,918 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ငြိမ်းတာပဲ၊ ဖြစ်ပျက်တဲ့ရုပ်နာမ်တွေ ဖြစ်ပျက်ပြီးနေတဲ့ တရားတွေ အခု လောက လူတွေကတော့ ဖြစ်ပျက်နေတာ ဆင်းရဲတယ်လို့ မထင်ဘူး၊ ပျက်တယ်လို့လဲ မထင်ပါဘူး၊ မြင်တာလဲ တယောက် တည်း၊ ကြားနေတာလဲ တယောက်တည်း၊ ငါက သူများကိုမြင်တယ်၊ သူများက ငါ့ကိုမြင်တယ်၊ ဒါတွေဟာ တယောက် တယောက် တွေ့ပြီး၊ ပုဂ္ဂိုလ်သတ္တဝါတွေ အနေအားဖြင့် အလုံးလိုက် အခဲလိုက် ထင်နေ... |
1,325,919 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သန္တိလက္ခဏံ၊ ငြိမ်းအေးခြင်း လက္ခဏာရှိ၏၊ အဲဒီ ငြိမ်းတဲ့ နိဗ္ဗာန်ရှေးဦးစွာမြင်တယ်။ |
1,325,920 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှေ့ဦးစွာမြင်ပြီးတော့ ဆင်ခြင်တဲ့လမ်းကလေးကို ရှေ့ကလာခဲ့တဲ့ လမ်းကလေး၊ ဘေးရန်ရှိလို့ ပြေး လာတော့ တော်တော် လွတ်လောက်တဲ့အခါ ပြန်လှည့်ကြည့်သလို၊ အဲဒါလာခဲ့တဲ့ လမ်းကလေး၊ ရှေ့ကရှုမှတ် လာခဲ့ပုံကလေး၊ ရုပ်နာမ်သင်္ခါရ ငြိမ်းသွား ပုံလေးတွေကို မြင်ရ၊ တွေ့ရတယ်၊ မဂ်ကို ဆင်ခြင်တယ်၊ အဲဒီ ငြိမ်းပြီးတော့ ရောက်နေတဲ့ ဖိုလ်အကျိုးတရားကို ဆင်ခြ... |
1,325,921 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ၊ ပစ္စဝေက္ခတိ၊ ပဏ္ဍိတော။ |
1,325,922 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ်နဲ့ဖိုလ် နိဗ္ဗာန်ကို ဆင်ခြင်သည်၊ ပယ်ပြီးသော ကိလေသာကိုလဲ ဆင်ခြင်တယ်၊ မဖြစ်သေးတဲ့ ကိလေသာကိုလဲ ဆင်ခြင်တယ်၊ ဒါကတော့ ဗဟုသုတရှိမှ ဆင်ခြင်နိုင်မှာ၊ ဗဟုသုတ မရှိယင်တော့ ကိလေသာမှန်း ဘာမှန်း မသိဘူး၊ အကုသိုလ် တရားတွေလို့တော့ သာမညလောက်တော့ သိတယ်၊ အကုသိုလ်တွေဆိုတာ ဘာတွေတုံး ဆိုယင်မသိဘူး၊ ကိလေသာတွေဆိုတာ ဘာတွေလဲ ဆိုတော့ မသိတော့၊ ဆင... |
1,325,923 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သောတာပန်၏ ဂုဏ်များ |
1,325,924 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သောတာပတ္တိမဂ်ပယ်တဲ့ သံယောဇဉ် ၃-ပါး |
1,325,925 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သံယောဇဉ်တွေ ဆယ်ပါးရှိတယ်၊ သောတာပတ္တိမဂ်ဉာဏ်နဲ့ပယ်တာက သံယောဇဉ် ၃-ပါးရှိတယ်။ |
1,325,926 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တီဏိ သံယောဇနာနိ ပဟီယန္တိ။ |
1,325,927 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သံယောဇနာနိ၊ သံယောဇဉ်တို့ကို။ |
1,325,928 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ |
1,325,929 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဟာဝဿ ဒဿန သမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ |
1,325,930 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံဝါပိ ယဒတ္ထိ ကိဉ္စိ။ |
1,325,931 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စတူဟာပါ ယေဟိစ ဝိပ္ပမုတ္တော၊ ဆစ္စာဘိဋ္ဌာနာနိ အဘဗ္ဗကာတုံ။ |
1,325,932 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရတနာသုတ်ပရိတ် ဒါကတော့ ရတာများပါတယ်။ |
1,325,933 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်အား။ |
1,325,934 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒဿနသမ္ပဒါယ၊ နိဗ္ဗာန်ကိုမြင်သော သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပြည့်စုံသည်နှင့်။ |
1,325,935 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သဟာဝ-သဟဧဝ၊ တပြိုင်နက်သာလျှင်။ |
1,325,936 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နိဗ္ဗာန်ကိုမြင်တဲ့ သောတာမတ္တိမဂ် ပေါ်လာလို့ရှိယင်၊ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် နိဗ္ဗာန်ကို ဘွားကနဲ မြင်လိုက်သည်နှင့် တပြိုင်တည်း၊ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်ကို မြင်လိုက်သည်နှင့် တပြိုင်နက်။ |
1,325,937 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဓမ္မာ၊ တရားတို့ကို။ |
1,325,938 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဇဟိတာ၊ ပယ်စွန့်အပ်ကုန်ပြီးသည်။ |
1,325,939 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သုံးပါးသော တရားတွေကိုပယ်ပြီး ဖြစ်သွားတယ်၊ ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ သဘော တွေ့လိုက်တာနဲ့ အဲဒီသံယောဇဉ် သုံးပါး ပယ်ပြီးသား ဖြစ်သွားတယ်၊ ကင်းသွားတာ၊ သံယောဇဉ်သုံးပါး ကင်းသွားပြီ၊ ဘာတွေတုံး ဆိုလို့ရှိယင် - သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံဝါပိ ယဒတ္ထိ ကိဉ္စိ။ |
1,325,940 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဒိဋ္ဌိစ၊ သက္ကာယဒိဋ္ဌိသည် လည်းကောင်း။ |
1,325,941 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိစိကိစ္ဆိတဉ္စ၊ ယုံမှားကင်းသည် လည်းကောင်း။ |
1,325,942 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလဗ္ဗတံဝါပိ၊ အလေ့အကျင့်မျှဖြင့် သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်သည်ဟု ယူဆသော အယူကို လည်းကောင်း။ |
1,325,943 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဇဟိတာ၊ ပယ်စွန့်အပ်ကုန်သည်။ |
1,325,944 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ ဆိုတဲ့ သံယောဇဉ် သုံးပါး ပယ်ပြီးသား ဖြစ်သွားပါတယ်၊ သံယောဇဉ်သုံးပါး ကင်းသွားသည်။ |
1,325,945 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဒိဋ္ဌိဆိုတာ ဘာတုံးဆိုတော့ ရုပ်နာမ်အစု ငါကောင်ဟု ထင်နေတဲ့ဥစ္စာဟာ သက္ကာယဒိဋ္ဌိပဲ၊ မြင်တိုင်းမှာ ရုပ်နာမ်မျှသာ ရှိသည်၊ မြင်တိုင်းမှာ မျက်စိကရုပ်၊ မြင်ရတဲ့အဆင်းကရုပ်၊ မြင်သိတာက နာမ်၊ ရုပ်နဲ့နာမ်ပဲ ရှိတယ်၊ ဒိပြင် ဘာမှမရှိဘူး၊ မြင်စိတ်မှာ မြင်ခိုက်အခါ မျက်စိက ထင်ရှားတယ်၊ မြင်ရတာလဲ ထင်ရှားတယ်၊ မြင်သိတာလဲ ထင်ရှားတယ်၊ မျက... |
1,325,946 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုပကတိ လူတွေ ထင်နေတာကတော့ မြင်တဲ့အခါ အကောင်အထည်ကြီး အောက်မေ့ရတာကိုး၊ ယောက်ျားမြင်တယ်၊ မိန်းမမြင်တယ်၊ လူမြင်တယ် စသည်ဖြင့် အကောင်အထည်ကြီး လိုက်မြင် တာကိုး၊ အကောင်အထည်ကြီး မဟုတ်ဘူး၊ မြင်နိုင်တဲ့ အဆင်းရုပ်ကလေး ဘယ်ဟုတ် လိမ့်မှာတုန်း၊ အပေါ်ယံတွင်ပဲ လူက၊ အင်္ကျီတွေ လုံလုံ ခြုံခြုံ ဝတ်ထားလို့ရှိယင် အသားကို မြင်ရတာ မဟုတ်ဘူး၊ အ... |
1,325,947 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပကတိလူတွေ ဘယ်လိုထင်သလဲ ဆိုတော့ မြင်တာက ငါပဲ ထင်တာကိုး၊ ကိုယ့်ကိုယ် ဆိုလို့ရှိယင်လဲ ကိုယ့်ကိုယ်ကို ငါမြင်တယ်၊ သူများမြင်တာလဲ ရှိတယ်၊ လူမြင်တယ်၊ ယောက်ျား မြင်တယ်၊ မိန်းမမြင်တယ်စသည်ဖြင့် အဲဒီလိုပဲထင်တယ်၊ ပုဂ္ဂိုလ်သတ္တဝါ အကောင်အထည် ကလေးပဲ ဖြစ်နေတယ်၊ အဲဒါ တကယ် စွဲလမ်းနေလို့ရှိယင် သက္ကာယဒိဋ္ဌိ ခေါ်တယ်၊ တကယ် မစွဲလမ်းပဲနဲ့ သာမ... |
1,325,948 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ သက္ကာယဒိဋ္ဌိ ကင်းတယ်လို့ မြင်ခိုက်၌ ရုပ်နဲ့နာမ်အစုပဲ၊ မျက်စိရုပ်၊ အဆင်းရုပ်၊ မြင်သိတာကနာမ်၊ ရုပ်နဲ့နာမ်၊ ထို့အတူ ကြားခိုက်မှာလဲပဲ နားရုပ်၊ အသံရုပ်၊ ကြားတာကနာမ်၊ ရုပ်နဲ့နာမ်၊ အနံ့နံခိုက်မှာလဲ ထို့အတူပဲ အရသာ စားသိတာကလဲ ထို့အတူ၊ တွေ့ထိခိုက်မှာလဲပဲ ကိုယ်ရုပ်နဲ့လဲ တွေ့ထိရတာက ရုပ်၊ တွေ့ထိတာကနာမ်၊ စိတ်ကူးကြံစည်ခိုက်မှာလဲ... |
1,325,949 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါတွေကို ပကတိလူတွေက အသက်ရှင်နေတဲ့ အကောင်တွေလို ထင်နေတာပါပဲ၊ သူပဲ၊ အသက်ရှင်နေတဲ့ အကောင်ပဲလို့ ထင်နေတာကိုး၊ အဲဒီအသက်ရှင်နေတဲ့ အကောင်ရှိတယ် ဆိုတာ ကလေး အစွဲအလမ်းကလေး ပျောက်သွားတယ်၊ ဒါပျောက် သလား မပျောက်သလားလို့ စဉ်းစား ဖွယ်ရာပဲ၊ ဘုန်းကြီးက ဉာဏ်စဉ်ဟောတော့ ဒီဟာကလေး ထည့်ဟောတယ်၊ ဉာဏ်စဉ်ဟောတော့၊ တရားပြည့်စုံတယ်ဆိုယင် အောက်ထစ်... |
1,325,950 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိပဿနာ ရှုစဉ်ကတည်းက ပျောက်သလောက်တော့ ရှိနေပါပြီ၊ မှတ်တိုင်း မှတ်တိုင်း တရိပ်ရိပ်နဲ့ မြင်တိုင်းကြားတိုင်းတွေ တရိပ်ရိပ် ပေါ်ပျောက်နေတာချည်း တွေ့ရတယ်၊ သိတဲ့စိတ်ကလဲ သိယင်းသိယင်း ပျောက်နေတာချည်း တွေ့ရတော့ မြင်တွေ့ကြားသိ နေရတာကလဲ ပေါ်ပြီး ပျောက်နေလို့ မမြဲတဲ့ တရားတွေချည်းပဲ၊ သဘောတရား ချည်းပဲ၊ မြင်လိုက် ကြားလိုက်နဲ့ သိနေတာ ကလ... |
1,325,951 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု နိဗ္ဗာန်ကိုမြင်ပြီးယင်တော့ ပြန်မပေါ် လာနိုင်တော့ဘူး၊ ဒါကတော့ အစ သတ်ငြိမ်းသွားတယ်၊ လက်စသတ် တခါတည်း ငြိမ်းသွားတယ်၊ ဒါကြောင့်မို့၊ (ဆို) ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ။ |
1,325,952 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရုပ်နာမ်အစု၊ ငါကောင် သတ္တဝါကောင် အသက်ရှင်နေတဲ့ အကောင် ရုပ်နာမ်အစု ဆိုတာလဲ အခြားမှာ မရှိဘူး၊မြင်တိုင်း ကြားတိုင်း ထင်ရှားနေတာတွေကို ရုပ်နာမ် အစုပဲ၊ ရုပ်နာမ်အစုတွေကို တနေရာရာမှာ မြေကြီးတွေများ စုပုံထားသလို၊ ဒီလို မဟုတ်ဘူး၊ မြင်တိုင်းကြားတိုင်း ကိုယ့် သန္တာန်က ထင်ရှားနေတဲ့ တရားတွေကို ပြောတာ၊ အဲဒါတွေကို ပကတိက ငါပဲ၊ အသက်ရှင... |
1,325,953 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု တရား အားထုတ်ပြီးလို့ရှိယင် နိဗ္ဗာန်ကို တကယ်မြင်ယင် အဲဒီလို အထင်အမြင် အစွဲအလမ်း မရှိဘူး၊ ရှေ့ကဒီမှာ တရားအားထုတ်ဖူးတဲ့ ဒါယကာကြီး တယောက် ပြောဖူးတယ်၊ သူက ရှေ့တုန်းကတော့ တရား အားမထုတ်ခင်ကတော့ကို အသက်ရှင် နေတဲ့ အကောင်ကလေး တကယ်ရှိနေတယ်လို့ စိတ်ထဲက တကယ်ထင်နေတာ၊ စဉ်းစားလိုက်တော့ အကောင်ကလေးနဲ့ပဲ၊ တရားအားထုတ်ပြီးတဲ့ အခါကျတော့... |
1,325,954 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိစိကိစ္ဆာက ယုံမှားမှုတဲ့၊ ယုံမှားတယ် ဆိုတာကလေး ဟုတ်မှဟုတ်ပါ့မလားလို့ ယုံမှားတာတွေ၊ ဒါက လောကရေးရာတွေနဲ့ ယုံမှားတာတွေလဲ ရှိတယ်၊ အဲဒါကတော့ ဝိစိကိစ္ဆာ မခေါ်ရပါဘူး၊ ဒါတွေကတော့ ကင်းလို့လဲ မဖြစ်ပါဘူး၊ လောကရေးရာနဲ့ ယုံမှားတယ်ဆိုတာဟာ လူတယောက် ရောက်လာလို့ရှိယင် ဒီလူဟာ လူကောင်းပဲ ဟုတ်ရဲ့လား၊ လူဆိုးပဲ ဟုတ်ရဲ့လား ဆိုတာ စဉ်းစား ရအု... |
1,325,955 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘုရား၌ ယုံမှား |
1,325,956 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စင်စစ်ကတော့ ယုံမှားတယ်ဆိုတာ တရားရေးရာနဲ့ စပ်ပြီးတော့ ယုံမှားရတယ်၊ ဘုရားနဲ့စပ်ပြီးတော့ ယုံမှားတယ်၊ ဘုရားအစစ် ဟုတ်ရဲ့လား မဟုတ်လေလား၊ တရားအစစ် ဟုတ်မှန်လေသလား မဟုတ်မှန် လေသလား၊ သံဃာစစ် သံဃာမှန် ဟုတ်လေသလား မဟုတ်လေသလားလို့ ဒီလို ယုံမှားတာတွေ။ |
1,325,957 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အလုံးစုံသော တရားတွေကို သိတော်မူတယ်၊ အရဟံ - အစရှိသော ကိုးပါးသော ဂုဏ်တော် အပေါင်းနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရား ရှိတယ်၊ ထိုမြတ်စွာဘုရား တရားတွေကို ဟောခဲ့တယ်၊ သေခြင်းကင်းတဲ့ တရားတွေကို ဟောခဲ့တယ်၊ ဒီလိုဘုရားဟော ဟုတ်မှ ဟုတ်ပါ့မလား ဆိုတာ ယုံမှားလို့ရှိယင် ဝိစိကိစ္ဆာ၊ တရားအားမထုတ် ရသေးလို့ တရားမပြည့် သေးယင် ဒီလိုယုံမှားတာ... |
1,325,958 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရား၌ ယုံမှား |
1,325,959 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားနဲ့စပ်ပြီးတော့ ယုံမှားချင်တယ်တဲ့၊ တရားကလဲပဲ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ဆိုတာရှိတယ်၊ ကိလေသာ ကင်းငြိမ်းစေတတ်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ဆိုတာ ရှိတယ်၊ အဲဒါဟာ ကိုယ်က မတွေ့သေးတော့ ဟုတ်မှ ဟုတ်ပါ့မလားလို့ ယုံမှားစရာရှိတယ်၊ လောဘ, ဒေါသ, မောဟတွေ ကင်းစေနိုင်တယ်၊ ကင်းစေနိုင်တဲ့တရားတွေဆိုတာ ရှိတယ်၊ တရားတွေရယင် လောဘ, ... |
1,325,960 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ အဲဒီတရားဟာ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားတွေ ရှိတယ်၊ ကိလေသာတွေ ကင်းငြိမ်းစေနိုင်တဲ့ မဂ်တရား နိဗ္ဗာန်တရားတွေဆိုတာ ကိုယ်တိုင် မတွေ့သေးယင် ယုံမှားဆိုတာ ဖြစ်နိုင်တယ်၊ ဟုတ်မှ ဟုတ်ပါ့မလားဆိုတာ ယုံမှားဆိုတာ ဖြစ်နိုင်တယ်၊ အခု ယုံမှား မရှိရဘူး၊ ဘာပြုလို့လဲဆိုတော့ ကိုယ်တိုင် တွေ့နေတာကိုး။ |
1,325,961 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရုပ်နာမ်တရားတွေကို ကိုယ်တိုင် တွေ့ရတယ်၊ ဖြစ်ပျက်နေတာတွေကို ကိုယ်တိုင် တွေ့ရတယ်၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ကိုယ်တိုင် တွေ့ရတယ်၊ ရုပ်နာမ်သင်္ခါရ ငြိမ်းတယ်ဆိုတဲ့ နိဗ္ဗာန်၊ အဲဒါက အရေးကြီးတယ်၊ ရှူယင်းနဲ့ ရုပ်နာမ်သင်္ခါရ ငြိမ်းတာကို တွေ့ရတယ်၊ ရုပ်နာမ်သင်္ခါရ ငြိမ်းတာကို ရောက်သွားတာနဲ့ မဂ်တရား ဖိုလ်တရား၊ ဒါက လက်တ... |
1,325,962 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက် ထပ်ခါထပ်ခါ နှလုံးသွင်းလို့ရှိယင် ဖလသမာပတ်ဖြင့် နိဗ္ဗာန်ကို ပြန်တွေ့ နေတာ၊ ဖိုလ်ဝင်စားနေတယ်လို့ ဆိုရတယ်၊ အဲဒီမှာလဲ နိဗ္ဗာန်နဲ့ ဖိုလ်နဲ့ဟာ နှလုံး သွင်းတိုင်း သွင်းတိုင်းလို တွေ့နေတယ်၊ သင်္ခါရ ငြိမ်းရာ ပြန်ရောက်နေတယ်၊ ဒီတော့ ယုံမှားစရာ မရှိဘူး၊ ကိလေသာတွေကလဲ ငြိမ်းတန်သမျှ ငြိမ်းတယ်၊ အခုပြောနေတဲ့ ကိလေသာမျိုးတွေပြီးတော... |
1,325,963 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သံဃာ၌ ယုံမှား |
1,325,964 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သံဃာနဲ့ စပ်ပြီးတော့ ယုံမှားတဲ့၊ သံဃာဆိုတာ သုပ္ပဋိပန္န အစရှိသော ဂုဏ်နဲ့ပြည့်စုံ တယ်တဲ့၊ မဂ်ရောက်နေတဲ့ပုဂ္ဂိုလ် ဖိုလ်ရောက်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်လို့၊ အချို့ ကိလေသာ အကုန်လုံး ငြိမ်းတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ရှိတယ်လို့၊ အချို့ကိလေသာ အကုန်လုံးငြိမ်းတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ရှိတယ်၊ ကိလေသာ တစိတ်တဒေသ ငြိမ်းတဲ့ သောတာပန်ရှိတယ်၊ သကဒ... |
1,325,965 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါကိုယ်တိုင်က ကိလေသာငြိမ်းတဲ့ ပုဂ္ဂိုလ် မဖြစ်သေးလို့ရှိယင် ဟုတ်မှ ဟုတ်ပါ့ မလား ဆိုတာ စဉ်းစားစရာပေါ့၊ စဉ်းစားစရာပဲ၊ ဒါပေမယ်လို့ ကိုယ်တိုင်ကိုက တရားအားထုတ်လို့ ကိလေသာတွေ တစိတ် တဒေသ ငြိမ်းသွားမယ်ဆိုယင်တော့ ယုံမှား မရှိတော့ဘူး၊ ဆေးကုသလိုက်လို့ ရောဂါတစိတ်တပိုင်း ပျောက်သွားလို့ရှိယင် ယုံမှား မရှိတာလို့ ခေါ်တယ်၊ နောက် ဆက်ပြ... |
1,325,966 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိမိအကျင့်သိက္ခာ၊ မိမိအကျင့်သိက္ခာလဲပဲ မကောင်းမှုဒုစရိုက်တွေ ကြဉ်ရှောင်ရတယ်၊ ကုသိုလ်ကောင်းမှုတွေ ပြုကျင့်ရတယ်၊ အထူးအားဖြင့်တော့ သီလအကျင့်တွေပေါ့လေ၊ ပါဏာတိပါတ အစရှိတဲ့ ဒုစရိုက်တွေမှ ကြဉ်ရှောင်ပြီး ကျင့်ရတယ်၊ ဒီအကျင့်တွေဟာ ကောင်းတယ်၊ ဒီတော့ သမာဓိအကျင့် ကျင့်ရတယ်၊ ပညာအကျင့်တွေ ကျင့်ရတယ်၊ ပညာအကျင့်တွေ ကျင့်သဖြင့် ဆင်းရဲခပ်... |
1,325,967 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုယ်တိုင်က တွေ့နေယင် ဘယ်ယုံမှား ဖြစ်တော့မှာတုံး၊ ဖြစ်ပျက်နေတာကိုလဲ ကိုယ်တိုင် တွေ့နေပြီ၊ ဒီအကျင့် ကောင်းတယ်၊ ဒီလမ်း သိပ်နေရာကျတာပဲ၊ ဖြစ်ခိုက် ရုပ်နာမ်ကလေး ရှုနေလို့ရှိယင် ရုပ်နဲ့နာမ်နဲ့ ကွဲတယ်ဆိုတာ ဟုတ်တယ်၊ ကိုယ်တိုင် ကွဲလာတယ်၊ ကိုယ်တိုင် ဒီလိုသိတယ်၊ ဖြစ်ခိုက် ရုပ်နာမ်ကလေး ရှုနေလို့ ရှိယင် ဖြစ်ပြီး ပျက်သွားတာ မမြဲတဲ့ ... |
1,325,968 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်ဆုံး ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့ရတယ်၊ ရုပ်နာမ်ငြိမ်းတာ ကိုယ်တိုင်ကလဲ တွေ့တာကိုး၊ မတွေ့ယင်တော့လဲ ယုံမှားဖြစ်လိမ့်မယ်၊ ဒါကတော့ တွေ့ထားလို့ ယုံမှားမဖြစ်ဘူး၊ ထပ်ခါထပ်ခါ နှလုံးသွင်းလို့ရှိယင် ဆင်းရဲငြိမ်းတဲ့ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့နိဗ္ဗာန်လဲ ထပ်ခါထပ်ခါ ရောက်နေတော့ ကိုယ်တိုင် တွေ့နေ တာပဲ၊ ဒီအကျင့် ကျင့်လ... |
1,325,969 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဗုဒ္ဓေ ကင်္ခတိ၊ ဓမ္မေ ကင်္ခတိ၊ သံဃေ ကင်္ခတိ၊ သိက္ခာယ ကင်္ခတိ။ |
1,325,970 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ယုံမှား လေးခု။ |
1,325,971 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကင်္ခတိ၊ ယုံမှား၏။ |
1,325,972 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ ကင်းရမယ်။ |
1,325,973 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘုရား၌ ဟုတ်လေ သလား၊ မဟုတ်ဘူးလားလို့ ယုံမှား မရှိရဘူး၊ ဘုရားအစစ်ပဲ၊ ဒီတရားတွေကို ဟောခဲ့တဲ့ မြတ်စွာဘုရား အလုံးစုံသော တရားတွေကိုသိတဲ့ ဘုရားအစစ်ပဲ၊ ကိလေသာ ကင်းတဲ့ ဘုရားအစစ်ပဲ၊ ဒီလို ယုံကြည်ရမယ်ကိုး။ |
1,325,974 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တရားတော်၌ ယုံမှားကင်းရမယ်၊ ဓမ္မေန ကင်္ခတိ၊ တရား၌ မယုံမှားရဘူး၊ ဒီတရား ဒီလိုအားထုတ်လို့ရှိယင် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ရောက်တယ်ဆိုတာ ဟုတ်တယ်၊ မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရား ရှိတယ် ဆိုတာ ဟုတ်တယ်၊ ဒီလို ယုံကြည်ရမယ်။ |
1,325,975 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သံဃေ ကင်္ခတိ၊ သံဃာတော်၌ ယုံမှား၏။ |
1,325,976 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အားထုတ်လို့ သောတာပန်, သကဒါဂါမ်၊ အနာဂါမ်တွေ ရဟန္တာတွေ ရှိတယ်ဆိုတာဟာ ကိုယ်တိုင်က သောတာပန်ဖြစ်တော့ ဘယ်ယုံမှားစရာရှိအုံးမှာလဲ၊ သောတာပန် ဆိုတာဟာ ငါလို ပုဂ္ဂိုလ်တွေပဲ၊ ဒီလို သဘောကျတာပေါ့၊ ရောဂါရှိတဲ့ ပုဂ္ဂိုလ် ဆေးကုသလို့ ရောဂါပျောက်သွားတော့ ဒီဆေးစားလို့ အယင်ကကြားဖူးတယ်၊ အယင်က ဘယ်သူဘယ်သူဆိုတာ ရောဂါပျောက်ဖူးတာ၊ ဒီလိုပဲ, ငါလိုပ... |
1,325,977 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သိက္ခာယ ကင်္ခတိ၊ မိမိကျင့်သော သိက္ခာ၌။ |
1,325,978 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိမိကျင့်သော သီလ, သမာဓိ, ပညာ, အကျင့် သိက္ခာ၌။ |
1,325,979 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပကတိလူတွေက ယုံမှား၏။ |
1,325,980 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အစုယုံမှားတယ်။ |
1,325,981 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | န ကင်္ခတိ၊ မယုံမှားတော့ဘူး။ |
1,325,982 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိမိကျင့်တဲ့ သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်, အထူးအားဖြင့်တော့ တရားအားထုတ်နေတဲ့ အကျင့်, ဒီအကျင့်ကျင့်သောအားဖြင့် ဒီအကျိုးရတယ်တဲ့၊ ရုပ်နာမ် သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်တိုင်အောင်သော အကျိုးတွေကို တွေ့ရသိရတယ်၊ ယုံမှားစရာမရှိဘူး၊ ဒါကြောင့် ဝိစိကိစ္ဆာဆိုတဲ့ သံယောဇဉ်လဲ ကင်းသွားပြီ၊ ပယ်ပြီးသား ဖြစ်သွားပြီ ဆိုရမယ်။ |
1,325,983 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘုရား, တရား, သံဃာအား ယုံမှားမရှိပါ၊ ဘုရား, တရား, သံဃာအား ယုံမှားမရှိပါ၊ ဘုရား, တရား, သံဃာအား ယုံမှားမရှိပါ၊ |
1,325,984 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘုရား, တရား, သံဃာအား၊ မိမိအကျင့်သီလသိက္ခာ၌ ယုံမှားမရှိဘူး၊ ဘုရား, တရား, သံဃာ အပေါ်၌လဲ ယုံမှားမရှိဘူး၊ တခါတည်း အဝေစ္စပသာဒေန သမန္နာဂတော၊ မတုန်မလှုပ် သက်ဝင်ပြီးတော့ ယုံကြည်တဲ့တရား၊ သဒ္ဓါတရားမြဲသွားပြီ၊ ဒီသဒ္ဓါတရား မပျက်တော့ဘူး၊ ကိုယ်ကျင့်တရားတွေလဲ ဒီလိုကျင့်ယင် ဒီလိုဖြစ်တယ်လို့ ဆိုတာဟာ ဒီအကျင့်သိက္ခာနဲ့ စပ်ပြီးတော့ ယုံမှာ... |
1,325,985 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သီလဗ္ဗတံဝါပိ၊ အလေ့အကျင့်ကို ယူဆတဲ့ မိစ္ဆာဒိဋ္ဌိ တမျိုးပါပဲ၊ အလေ့အကျင့်မျှနဲ့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်လို့ ယုံကြည်တာ၊ အလေ့အကျင့်ဆိုတာ အမျိုးမျိုးရှိတယ်၊ ဘုရားလက်ထက်တော် အခါတုန်းကဆိုလို့ရှိယင် နွားလိုကျင့်တယ်၊ ခွေးလိုကျင့်တဲ့ အကျင့်တွေလဲ ဒီလိုရှိတာကိုး၊ နွားအကျင့် ခွေးအကျင့်တွေ, နွားလိုစား နွားလိုအိပ်, နွားလို သွာ... |
1,325,986 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြတ်စွာဘုရား ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါး မဟုတ်ဘူးဆိုယင် သီလဗ္ဗတပရာမာသပဲ၊ နေ, ကြည့်နေတာနဲ့ပဲ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်၊ တရားထူး ပေါက်ရောက်တယ်လို့ ပြောတယ်၊ ဒီလိုဟာတွေလဲရှိတယ်၊ သီလဗ္ဗတပရာမာသ၊ လ, ကြည့်နေတာနဲ့ ဒီလိုဖြစ်တယ်၊ ဘာဖြစ်လို့ ဘာဖြစ်တယ်၊ ဘာလုပ်လို့ ဘာဖြစ်တယ်၊ ဒီလိုဟာတွေပေါ့လေ၊ မဂ္ဂင်ရှစ်ပါးတရား မပါပဲနဲ့ဆိုယင်ဖြင့... |
1,325,987 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ခုနကပြောတဲ့ မဂ္ဂင်ရှစ်ပါးတရား- |
1,325,988 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိ၊ အမှန်မြင်ရတယ်။ |
1,325,989 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသင်္ကပ္ပ၊ အမှန်ကြံသိတာ။ |
1,325,990 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါယာမ၊ အမှန်အတိုင်း အားထုတ်နေတာ။ |
1,325,991 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသတိ၊ အမှန်အမှတ်ရတာ။ |
1,325,992 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိ၊ အမှန်စူးစိုက်တည်ကြည်တယ်။ |
1,325,993 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအထဲမှာ သီလမဂ္ဂင်က ၃-ပါး၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ၃-ပါး နဲ့ဆိုယင် ရှစ်ပါး၊ အခုဒီမှာ တရားအားထုတ်တယ် ဆိုတော့ ရှုတိုင်းမှတ်တိုင်း သမ္မာဝါယာမ အားထုတ်မှုပါပါတယ်၊ သတိရတာကလဲပါပါတယ်၊ စူးစိုက်တာကလဲ ပါတယ်၊ ရုပ်နာမ်တရားတွေကို အမှန်အတိုင်း သိတာလဲပါတယ်၊ အဖြစ်အပျက် အမှန်အတိုင်း သိတာလဲပါတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ အမှန် ... |
1,325,994 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ မဂ္ဂင်တရားအကျင့်မှ လွတ်ပြီးတော့ မဂ္ဂင်ရှစ်ပါးတရားအကျင့် မကျင့်ရပဲနဲ့ တစုံတခုသော အလေ့အကျင့်မျှဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားတယ်၊ ချမ်းသာသွားတယ်လို့ ယုံကြည် ယူဆသွားလို့ရှိယင် အဲဒီအယူအဆ အယုံအကြည်ဟာ သီလဗ္ဗတပရာမသဒိဋ္ဌိလို့ ခေါ်တယ်၊ သူလဲ ဒိဋ္ဌိတခု၊ အလေ့အကျင့်ကို မှားသော အားဖြင့် သုံးသပ်တာ၊ အဲဒါ (သစ္စာမမြင်၊ မဂ္ဂင... |
1,325,995 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိပဿနာရှုတာ၊ ဒုက္ခသစ္စာ အမြဲတမ်း ရှုနေတယ်၊ ဒီအထဲက သမုဒယ သစ္စာကိုလဲ တွေ့ရတာပဲ၊ သာယာမှုတဏှာလဲ တွေ့ပြီးတော့ ရှုတိုင်းရှုတိုင်း ကိလေသာငြိမ်း၊ ကိလေသာငြိမ်းပြီးတော့ ကံတွေ ငြိမ်းဖြစ်ရတယ်၊ ဘဝဆင်းရဲတွေလဲ ငြိမ်းတော့၊ နိရောဓသစ္စာလဲ တဒင်္ဂနိရောဓ ခေါ်တယ်၊ အဲဒီလို ရှုတိုင်းရှုတိုင်း ဒီမှာပါတယ်၊ ပြီးတော့ မဂ္ဂသစ္စာလဲ လောကီမဂ္ဂသစ္စာ ခေ... |
1,325,996 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှတ်တိုင်းမှတ်တိုင်း သစ္စာလေးပါးတရားကို မြင်နေတာ၊ အရိယမဂ်ခဏကျတော့ နိဗ္ဗာန်ကိုမြင်တဲ့ သောတာပတ္တိမဂ် ဖြစ်တော့ နိရောဓသစ္စာကို တိုက်ရိုက်မြင်ရတယ်၊ နိဗ္ဗာန်နိရောဓသစ္စာမြင်တဲ့ သဘောက မဂ္ဂင်ရှစ်ပါး တရား၊ သောတာပတ္တိမဂ် တရားပဲ၊ မဂ္ဂသစ္စာဖြစ်နေတယ်၊ အဲဒီနိဗ္ဗာန် အငြိမ်းဓာတ်မြင်တော့ မငြိမ်းတဲ့ သင်္ခါရတရားတွေ၊ ဖြစ်ပျက်နေတဲ့ တရားတွေပ... |
1,325,997 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ္ဂင်ရှစ်ပါးလဲ အခုနကပြောခဲ့တဲ့အတိုင်း ပွားတယ်၊ အဲဒီလိုသစ္စာလေးပါး တရားတွေမြင်အောင် အားထုတ်ရတာ မဟုတ်ပဲ၊ မဂ္ဂင်ရှစ်ပါးတရားကိုလဲ ပွားများ ရတာ မဟုတ်ပဲနဲ့ တစုံတခုသော အလေ့အကျင့်မျှ ခွေးလိုကျင့်၊ နွားလိုကျင့် စသည် ကျင့်ရုံနဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး ယဇ်ကြီး နတ်ကြီး ကိုးကွယ်ယုံနဲ့ ကောင်းစား ချမ်းသာသည်၊ သံသရာက ထွက်မြော... |
1,325,998 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သစ္စာမပါ, မဂ္ဂင်မမြင်, လေ့ကျင့်ကာမျှနဲ့ အလေ့အကျင့် တစုံတခုမျှနဲ့ ချမ်းသာ တာတွေဟာ မြဲသွားမယ်၊ နောင်သံသရာ ဆင်းရဲက လွတ်ပြီးတော့ ချမ်းသာ သွားမယ်လို့ ယုံကြည်မှုဟာ သီလဗ္ဗတပရာမာသ၊ ဒါဟာဒိဋ္ဌိတမျိုးပဲ၊ အဲဒီ ဒိဋ္ဌိ ကင်းရမယ်။ |
1,325,999 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ မယုံကြည်၊ ကင်းပြီ သီလဗ္ဗတာ။ |
1,326,000 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သစ္စာမမြင်ပါပဲနဲ့၊ မဂ္ဂင်ရှစ်ပါး တရားကိုလဲ မပွားရပါပဲနဲ့၊ သစ္စာမပါ၊ မဂ္ဂင်မမြင်၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာ မြဲမည်လို့ မယုံကြည်တော့ဘူး၊ အဲဒီ ပုဂ္ဂိုလ်က ဘယ်သူကပြောပြော မယုံကြည်ဘူးတဲ့၊ အရေးကြီးတယ် သူက။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.