id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,326,001
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့က ဒီဟာပြော ဟုတ်နိုးနိုး၊ ဟိုဟာပြော ဟုတ်နိုးနိုး၊ ပုထုဇဉ်တွေများ-
1,326,002
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“နာနာသတ္ထာရံ ဥလ္လောကေတိ ပုထုဇ္ဇနာ၊” ဝစနတ္ထလုပ်ထားတယ်၊ နိဒ္ဒေသပါဠိမှာ။
1,326,003
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နာနာသတ္ထာရံ၊ အထူးထူးသော ဆရာကို။
1,326,004
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥလ္လောကေတိ၊ မော်၍ကြည့်တတ်ကုန်၏။
1,326,005
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူတော့ သိကောင်းသိပါလိမ့်မယ်၊ သူကတော့ အောင်မြင်တာ၊ ထမြောက်ပြီလို့၊ ဟိုဆရာ ဒီဆရာ တွေ မော်ပြီးတော့ကြည့်တယ်၊ အောက်ချပြီးတော့၊ ငါမသိဘူး၊ သူတော့သိတယ်။
1,326,006
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုထုဇ္ဇနာ၊ ပုထုဇဉ်မည်ကုန်၏။
1,326,007
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုထုဇ္ဇနာ၊ ပုထုဇဉ်ဆိုတာ ဆရာတွေများတယ်။
1,326,008
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆရာများသားသေဆိုသလို ဆရာတွေက များတယ်။
1,326,009
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟိုလူလဲ ဟုတ်နိုးနိုး ဒီလူလဲ ဟုတ်နိုးနိုး ယုံကြည်နေတယ်၊ ဒါဟာ ပုထုဇဉ်ခေါ်တယ်။
1,326,010
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နာနာသတ္ထာရံနဲ့ ပုထုဇ္ဇနာဆိုတာဟာ ဘာနဲ့ဆိုင်သလဲလို့ ဒီလိုလဲ မသိယင်တော့ မေးစရာ ရှိတာပေါ့လေ၊ ဒါက အဓိပ္ပာယ်ဖွင့်၊ ပုထုဇ္ဇနာ၊ ပုထု-ကများတယ်၊ ဇနာ-က လူဟောတယ်၊ လူတွေများတယ်၊ လူဆိုပေမယ်လို့ တခြားလူတွေ မဟုတ်ဘူး၊ ဆရာတွေ၊ ပုထ-ကများတယ်၊ ဇနာ-ကလူ၊ ဆရာပုဂ္ဂိုလ်တွေပေါ့လေ၊ များသော ဆရာရှိတယ်လို့ ဒီလိုအဓိပ္ပါယ် ယူပြီးတော့ ဖွင့်တာကိုး။
1,326,011
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုထုဇနာ ဧကဿသန္တီတိ ပုထုဇနော။
1,326,012
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဧကဿ၊ ဤပုဂ္ဂိုလ်အား။
1,326,013
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုထု၊ များစွာကုန်သော။
1,326,014
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဇနာ၊ ဆရာပုဂ္ဂိုလ်တို့သည်။
1,326,015
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုထုဇနော၊ ပုထုဇဉ်မည်၏။
1,326,016
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဆရာတွေကများတယ်တဲ့၊ ဘယ်လိုဆရာတွေတုံး ဆိုတော့ ဒီလူဖြင့်ယင် နားလည် တာပဲ၊ ဒီလူဖြင့်ယင် နည်းမှန် လမ်းမှန်သိတာတဲ့၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နည်းတွေကို သူ သိတယ်တဲ့၊ သူ့ဆီကို ဆည်းကပ်လို့ရှိယင် သူ့ဆီကို နည်းခံလို့ရှိယင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း အကျိုးတွေ ရလိမ့်မယ်တဲ့၊ ဒီလိုယုံကြည်တာကိုး၊ အဲဒါကို ဆရာများတာ၊ ဟိုလူ...
1,326,017
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါဟာ အခုတော့ အဲဒီလိုမဟုတ်ဘူး၊ ကိုယ်က နည်းမှန်ကလေး ရထားတော့ ဖြစ်ခိုက်ရုပ်နာမ် ရှုလို့ရှိယင် မဂ္ဂင်ရှစ်ပါး တရားဖြစ်ပြီး သစ္စာလေးပါး တရားကိုသိပြီး ရုပ်နာမ်အနိစ္စ, ဒုက္ခ, အနတ္တ တရားတွေသိပြီး၊ သူများပြောလို့မဟုတ်၊ ကိုယ်တိုင် တွေ့ရတာပဲ၊ အဲဒီလိုတွေ့နေတော့ ဒီထက် မှန်တဲ့နည်း ဘယ်ရှိလိမ့်မှာတုန်း၊ ဒါပဲရှိတယ်၊ မြင်ခိုက်မှာ ရုပ်နာမ...
1,326,018
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလိုတွေ့သွားလို့ရှိယင် အခု ဟိုဆရာက ဟုတ်နိုးနိုး၊ ဒီဆရာက ဟုတ်နိုးနိုး၊ ဟိုနည်းက ဟုတ်နိုးနိုး၊ ဒီနည်းက ဟုတ်နိုးနိုး၊ အဲဒီလိုဝေ့လယ်လယ် မဖြစ်တော့ဘူး၊ ဒီနည်းပဲ၊ ဒီဥစ္စာမှန်တာပဲ၊ ဒီတရားပဲ၊ ဒီတရားကလေးနဲ့ တည်တံ့နေတယ်၊ အရေးကြီးတယ်၊ (ဆိုကြစို့)။
1,326,019
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲသည်၊ မယုံကြည်၊ ကင်းပြီ သီလဗ္ဗတာ။
1,326,020
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သီလဗ္ဗတပရာမာသသံယောဇဉ်ကင်းတယ်။
1,326,021
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒဿနေန၊ နိဗ္ဗာန်ကိုမြင်သော သောတာပတ္တိမဂ်နှင့်။
1,326,022
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သဟဿေဝ၊ တပြိုင်နက် သာလျှင်။
1,326,023
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဒိဋ္ဌိစ၊ ရုပ်နာမ်အစုကို ပုဂ္ဂိုလ်သတ္တဝါ ငါကောင်ဟု ထင်မှတ်သော သက္ကာယဒိဋ္ဌိ သည်လည်းကောင်း။
1,326,024
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိစိကိစ္ဆာ၊ ဘုရား, တရား, သံဃာ, မိမိကျင့်သောသီလ, သမာဓိ, ပညာအကျင့်တို့၌ ဟုတ်မှ ဟုတ်ပါ့မလားဟု ယုံမှားသော ဝိစိကိစ္ဆသည်လည်းကောင်း။
1,326,025
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သီလဗ္ဗတံဝါပိ၊ တစုံတခုသော အလေ့အကျင့်မျှဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သည်ဟု ယုံကြည်သော သီလဗ္ဗတပရာမာသ အယူသည်လည်းကောင်း။
1,326,026
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဓမ္မာစ၊ အကုသိုလ် တရားသံယောဇဉ်တရားတို့သည်။
1,326,027
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ သံယောဇဉ် တရားတို့ကို။
1,326,028
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ သံယောဇဉ်တရား ၃-ပါး ကင်းသွားတယ်တဲ့၊ သံယောဇဉ်တရား သုံးပါး ကင်းသွားတော့ ဘာအကျိုးရတုံး၊
1,326,029
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စတူဟာပါယေဟိစ ဝိပ္ပမုတ္တော၊
1,326,030
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အပါယေတိစ၊ အပါယ်လေးဘုံတို့မှလဲ။
1,326,031
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပ္ပမုတ္တော၊ ကင်းလွတ်လေပြီ။
1,326,032
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီပုဂ္ဂိုလ်ဟာ အပါယ်လေးပါးသို့ မကျရောက်နိုင်ပါဘူး၊ အပါယ်လေးပါး မကျတော့ဘူး၊ ဘာပြုလို့တုံး၊ အပါယ်လေးပါးသို့ ကျရောက်ကြောင်း ဖြစ်တဲ့ ကိလေသာတွေ မရှိလို့ပဲ။
1,326,033
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဝိစိကိစ္ဆာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ သီလဗ္ဗတပရာမာသ မကြဉ်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်လေးပါး ကျနိုင်တယ်၊ သူတို့က မပြုနိုင်တဲ့ အကုသိုလ်တွေ မရှိဘူး၊ ပါဏာတိပါတ၊ အဒိန္နာဒါန၊ အစရှိသည် အကုန်လုံး ပြုနိုင်တယ်၊ အလွန်ဆုံး အားဖြင့်ဆိုယင် ဘယ်ထိအောင်ဆိုတော့ အမိအဖကို သတ်နိုင်သည့်တိုင်အောင် ဒီထိအောင် ပြုနိုင်တ...
1,326,034
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ အဲဒီလိုကြမ်းတမ်းတဲ့ ကိလေသာတွေ မရှိဘူးတဲ့၊ သူတပါးအသက် ကို သတ်နိုင်လောက်အောင်, သူတပါးဥစ္စာ ခိုးနိုင်လောက်အောင်, မတရား ပြုကျင့်လောက်အောင်, သူတပါး အကျိုးမဲ့အောင် လိမ်လည်ပြီးတော့ ပြောနိုင်လောက်အောင် အကုသိုလ်အကြမ်းတွေ သူ့မှာ မရှိနိုင်တော့ဘူး၊ ဒါကြောင့် သူ့သန္တာန်မှာ စိတ်ကစင်ကြယ်နေပြီ၊ မြင့်မြတ်နေပြ...
1,326,035
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘာနဲ့တူသလဲ ဆိုလို့ရှိယင် လေးတဲ့ ဝတ္ထုပစ္စည်းများ၊ ရေထဲကျမြုပ်သွားသလို၊ ကိလေသာတွေ တင်းကြမ်း ပြည့်နေတဲ့ ပုဂ္ဂိုလ်ဆိုတာက အပါယ်လေးဘုံ ကျသွားနိုင်တယ်၊ စိတ်ဓာတ်တွေက မစင်ကြယ်ပဲ ဖြစ်နေတော့ သေခါနီးမှာ မသင့်တဲ့ အာရုံဆီသို့လဲ ရောက်သွားတာကိုး၊ အမြဲတမ်း ရောက်တယ်လို့တော့ မဟုတ်ပါဘူး၊ တရားမပြည့်စုံလို့ အကုန်လုံး အပါယ်သို့ ကျတယ်လို့ ဒီ...
1,326,036
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့ဆရာတွေက ဟောကြတာကိုး၊ ဒီလိုဟောကြတာ၊ တရား အားထုတ်လို့ရှိယင် တရား မသိယင် အပါယ်လေးပါး ကျလိမ့်မယ်ဆိုပြီးတော့ နက်ဖြန်သဘက် ကျတော့မလိုလို၊ တချို့ တရားဟောတတ်တယ်၊ ဘုန်းကြီးများတော့ ဒီလောက်တော့ မဟောပါဘူး၊ ဒီလိုတော့ မဟောပြောရဘူးလို့ မြတ်စွာဘုရားက ပြောတယ်၊ မဟုတ်ဘူးတဲ့၊ ဒီဥစ္စာ သိပ်လဲ မချောက်ရဘူးတဲ့၊ သိပ်လဲ မမြှောက်နဲ့တဲ့၊ ဝတ္...
1,326,037
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူ့မှာ ကုသိုလ်တရားတွေက ရှိတော့ သေခါနီးမှာ ကုသိုလ်တရားတွေနဲ့ အာရုံပြုပြီးတော့ လူ့ပြည်တွေရောက်၊ နတ်ပြည်တွေရောက်၊ ဒီလိုလဲရှိသေးတာပေါ့၊ ဒီလို မရောက်လို့ရှိယင် လူ့ပြည် လူတော့ ရှိတော့မယ် မဟုတ်ဘူး၊ ဒီလိုလဲရှိသေးလို့ လူ့ပြည်လူတွေ ရှိသေးတာ၊ ဒါပေမယ်လို့ အကြောင်း ပတ်သက်လို့ရှိယင် သေခါနီးကျတော့ မတော်တာ စွဲလမ်းပြီးတော့ အပါယ်လေးပါး ...
1,326,038
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု သောတာပတ္တိမဂ်ဉာဏ်ရောက်လို့ ဒီသံယောဇဉ်သုံးပါး ကင်းသွားလို့ရှိယင် လောဘ, ဒေါသ, မောဟတွေကတော့ လုံးလုံးတော့ မကင်းသေးဘူး၊ ဒါပေမယ်လို့ အားနည်းသွားပြီ၊ သူ့အသက်ကို သတ်နိုင်လောက်အောင်၊ သူတပါးဥစ္စာ ခိုးနိုင်လောက်အောင်၊ မတော်မတရား ပြုကျင့်နိုင် လောက်အောင်၊ ကြမ်းတမ်းတဲ့ လောဘ, ဒေါသ, မောဟ အကြမ်းတွေ မရှိတော့ဘူး။
1,326,039
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါကြောင့် အလေးချိန် ပေါ့သွားသလိုပေါ့လေ၊ ရေထဲချလိုက်သော်လဲ မမြုပ်ဘူး၊ ရေထဲ ချလိုက်လို့ရှိယင် သစ်သားတို့ ဘာတို့ မမြုပ်သလိုပဲ၊ အောက်သံသရာ မမြုပ်ဘူးတဲ့၊ သေခါနီးမှာ မတော်တဲ့ အစွဲအလမ်းတွေ မစွဲလမ်းဘူး၊ ဘာပြုလို့တုန်းဆိုတော့ သူသိထားတဲ့ တရား ကလေး ရှိနေလို့ပါပဲ၊ သူသိထားတဲ့ တရားကလေးတွေက အမြဲတမ်းလိုပဲ၊ အထူးနှလုံး မသွင်း ပေမယ်လို့လ...
1,326,040
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စတူဟပါယေဟိစ၊
1,326,041
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အပါယေဟိစ၊ အပါယ်ဘုံတို့မှလဲ။
1,326,042
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သော၊ ထိုနိဗ္ဗာန်ကို မြင်ပြီးသော သောတာပန်ပုဂ္ဂိုလ်သည်။
1,326,043
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကင်းလွတ်သွားပြီတဲ့။
1,326,044
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။
1,326,045
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိဉ္စာပိ တေ ဟောန္တိ ဘုသံပမတ္တာ၊ န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။
1,326,046
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီပုဂ္ဂိုလ်ဟာ သစ္စာလေးပါးတရားကိုသိလို့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတောင်မှ ရနိုင်တဲ့ဘဝပဲတဲ့၊ လူ့ဘဝ, နတ်ဘဝ, ကာမဘုံမှာ ၇-ဘဝပဲ နေနိုင်မယ်၊ ကာမဘုံမှာ ၇-ဘဝ ပြည့်လို့ရှိယင် ဣန္ဒြေ ရင့်ကျက်ပြီးတော့ အရဟတ္တဖိုလ်ရောက်၊ ပရိနိဗ္ဗာန် စံတယ်ဆိုတာဟာ ဒီဘဝနောက်ဆုံး ဘဝပါပဲ၊ အဲဒီတော့ အများဆုံးပါပဲ၊ ကာမဘဝ ၇-ဘဝ၊
1,326,047
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခုနက သီလဗ္ဗတနဲ့စပ်ပြီးတော့ -
1,326,048
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိဝါတေဟိ အသမ္ပကမ္ပိယော။
1,326,049
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တထူပမံ သပ္ပုရိသံဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စပဿတိ။
1,326,050
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တံခါးတိုင်ပုံဟန် သောတာပန်
1,326,051
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ယထိန္ဒခီလော၊ တံခါးတိုင်သည်။
1,326,052
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စတုဟိ ဝါတေဟိ၊ အရပ်လေးမျက်နှာမှလာသော လေတို့သည်။
1,326,053
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ လေတို့ကြောင့်။
1,326,054
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အသမ္ပကမ္ပိယော၊ မတုန်လှုပ်စေနိုင်သည်။
1,326,055
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ မတုန်လှုပ်သည်။
1,326,056
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သိယာယထာ၊ ဖြစ်သကဲ့သို့။
1,326,057
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြို့များမှာ ရှေးကမင်းတွေက မြို့များ၊ ရှင်ဘုရင်တွေ နန်းတော်မြို့ပေါ့လေ၊ အတွင်းမြို့လို့ ခေါ်ရမယ်ပေါ့၊ ရှေးက မြို့ရိုးတွေ တခမ်းတနား လုပ်ပြီးတော့ ရန်သူ မဝင်နိုင်အောင်လို့၊ ရှေးတုန်းကတော့ ရန်သူက ရေကြောက်တာကိုး၊ မြေကြီးက လာရတာ၊ တုတ်နဲ့ဓားနဲ့ဆိုတော့ အကာအကွယ်တွေ လုပ်တယ်၊ တံတိုင်းတွေခတ်၊ ဝင်ပေါက်နည်းနည်းပဲ၊ ဝင်ပေါက်မှာလဲ အစော...
1,326,058
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တထူပမံ၊ ထိုမြို့ပေါက်ဝ၌ စိုက်ထားသော တံခါးတိုင်ကြီးနဲ့ အလားတူသည်ဟူ၍။
1,326,059
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သောတာပန်ပုဂ္ဂိုလ်ဟာ အဲဒီ တံခါးတိုင်ကြီးနဲ့တူတယ်၊ တံခါးတိုင် အရပ်လေး မျက်နှာမှ လေတွေ တိုက်လို့ မလှုပ်သလိုပဲ၊ သူလဲပဲ အမျိုးမျိုး အယူဝါဒတွေကြောင့် မလှုပ်ရှားတော့ဘူး၊ ကျုပ်တို့တရားက သိပ်ကောင်းပါတယ်၊ ကျုပ်တို့ဆရာက သိပ်ကောင်းတယ် စသည်ဖြင့် ပေါ့လေ၊ ဝါဒဖြန့်တာတွေ ရှိတယ်၊ ဟုတ်ကောင်း ဟုတ်လိမ့်မယ်ဆိုယင် အခုနက ဥစ္စာတွေဆိုယင် နာနာသတ...
1,326,060
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တထူပမံ သပ္ပုရိသံ ဝါဒမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
1,326,061
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရိယသစ္စာနိ၊ အရိယာ တို့သည် သိအပ်သော သစ္စာလေးပါး အမှန်တရားတို့ကို။
1,326,062
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဝေစ္စ၊ ဉာဏ်ဖြင့် သက်ဝင်၍ ပဿတိ၊ မြင်၏။
1,326,063
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တံသပ္ပုရိသံ၊ ထိုသူတော်ကောင်းကို။
1,326,064
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
(ဝါ) ထိုသစ္စာလေးပါးတရားကို သိမြင်သော သူတော်ကောင်းကို။
1,326,065
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တထူပမံ၊ ထိုမြို့တံခါးပေါက်၌ စိုက်၍ ထားသောတံခါး တိုင်ကြီးနှင့်အလားတူသည်။
1,326,066
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ ထိုမြို့တံခါးပေါက်၌ စိုက်ထားအပ်သော တံခါးတိုင်ကြီးသည်၊ အရပ်လေးမျက်နှာ မှလာသော လေတို့ကြောင့် မတုန်မလှုပ်သကဲ့သို့ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာမှ လာသော အယူဝါဒ အမျိုးမျိုး တို့ကြောင့် မတုန်မလှုပ်ပဲ ခိုင်ခံ့သောသဘော ရှိသည်ဟူ၍။
1,326,067
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ်ရထားတဲ့ ကိုယ်သိထားတဲ့ တရားကလေးနဲ့ တည်တံ့ ခိုင်မြဲနေတယ်တဲ့၊ အဲဒါ သောတာပန် တွေရဲ့ ဂုဏ်တွေပေါ့၊ ရတနသုတ် ပရိတ်ထဲမှာပါတယ်၊ အင်မတန် ကောင်းတဲ့ တရားတွေ၊ အဲဒီဂုဏ်တွေအတိုင်း ဖောင်ဖွဲ့ပြီး ကူးတဲ့ပုဂ္ဂိုလ်ဟာ နှစ်မိုင် ရောက်သွားပြီတဲ့၊ နှစ်မိုင်ရောက်သွား တော့ ဘာတွေ့တုံး ဆိုတော့ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်တွေ့တယ်၊ နိဗ္ဗာ...
1,326,068
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ ကိုယ့်ဟာကိုယ် ဆင်ခြင်တော့ ဆင်ခြင်တတ်တာပေါ့၊ မဆင်ခြင်တတ်သေး တော့ အခုလို တရားဟောတဲ့အခါ ကြားရတော့ ငါ ကင်းသလား မကင်းဘူးလား စဉ်းစားလိုက်လို့ရှိယင် ဘုန်းကြီးက ဒီမှာ ဉာဏ်စဉ်တရား အမြဲတမ်း ဟောနေတယ်၊ ဉာဏ်စဉ်တရား ဟောတော့ အဲဒီမှာ စောစောက မသိတောင်မှ ဒီအထဲမှာ ပါတဲ့အတိုင်း ငါကင်းတယ် ဆိုယင်လဲ ကင်းတယ်ဆိုတာ သိတယ်၊ မကင်းသေးယင်လဲ...
1,326,069
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာရှုစဉ်က ရှုတိုင်းရှုတိုင်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ တွေ့ရတယ်၊ အတွင်းကရော အပြင်ကရော၊ ပေါ်လာတဲ့ အာရုံတွေလဲ ဖြစ်ပျက်သွားတာပဲ၊ ရှုမှတ်သိနေတဲ့ စိတ်ကလေးလဲ ဖြစ်ပျက်သွားတာပဲ၊ ဘယ်မှာ တည်တံ့ခိုင်မြဲနေတဲ့ ပုဂ္ဂိုလ် သတ္တဝါ အကောင်အထည်ရယ်လို့ မရှိဘူး၊ ကိုယ်ထဲမှာ သူများသန္တာန်မှာလဲ ဒီလိုပဲ၊ ဖြစ်ပျက်နေတဲ့ တရားတွေပဲဆိုတာ အဲဒီလို...
1,326,070
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီတော့ ဒိပြင်သံယောဇဉ်တွေလဲ ရှိတယ်လို့ ဆိုရမှာပေါ့၊ ကာမရာဂ ဗျာပါဒ၊ ကာမအာရုံ တွေကို သာယာနှစ်သက်မှု၊ ဒါကတော့ ရှိသေးတာကိုး၊ အမြင်ကောင်းကလေးကတွေ မြင်ချင်တယ်၊ အကြားကောင်းကလဲ ကြားချင်တယ်၊ အနံ့ကောင်း ကလေးတွေကလဲ နံချင်တယ်၊ အစားကောင်းကလဲ စားချင်သေးတယ်၊ အတွေ့အထိ ကောင်းကလေး တွေ့ထိချင်တယ်၊ အရသာကောင်း စားချင်တယ်၊ ချမ်းသာချင်သေးတယ်၊ ...
1,326,071
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဗျာပါဒ ဒေါသစိတ်ကလေးက စဉ်းစားကြည့်ယင် စိတ်ဆိုးအုံးမှာကို၊ စိတ်မဆိုးပဲနဲ့ မနေဘူး၊ စိတ်ဆိုးစရာရှိသေးတယ် ဆိုတာကို သိရမယ်။
1,326,072
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီထက် သိမ်မွေ့တဲ့ သံယောဇဉ်တွေ ရှိတယ်၊ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဆိုတာဟာ အဲဒါတွေကတော့ သိမ်မွေ့တယ်၊ ရူပရာဂ, ရူပဘဝတွေ သာယာတယ်၊ အရူပရာဂ, အရူပဘဝ ဗြဟ္မာဘဝတွေ သာယာတယ်၊ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ ဝေးကို ဝေးပါသေးတယ်၊ သာယာဖို့ဟာကတော့ အတော်ကို ဝေးပါသေးတယ်၊ ကာမရာဂတွင် ဒီမှာခံနေတယ်။
1,326,073
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပြီးတော့ မာန၊ မာနဆိုတာ ငါသာသိတယ်, ငါသာတတ်တယ်, ငါသာ သူများထက် တော်တယ်၊ ဘယ်သူနဲ့အတူတူပဲ၊ တန်းတူစသဖြင့် ဒီလိုစဉ်းစားတယ်၊ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ်ကအသာယူချင်တဲ့ မာနကလေး၊ ဒါကလေးရှိရအုံးမှာ၊ ဒါက ရဟန္တာကျမှ ကင်းတာ။
1,326,074
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥဒ္ဓစ္စ-ဆိုတာက စိတ်ပျံ့လွင့်တာ၊ နောက်က အဝိဇ္ဇာတဲ့၊ အဝိဇ္ဇာ ဆိုတာကတော့ မမြဲတာကို မြဲတယ်လို့ ထင်တယ်တဲ့၊ ဆင်းရဲကို ချမ်းသာလို့ ထင်တယ်၊ ချမ်းသာထင်တာက ရှိသေးတာကိုး။
1,326,075
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီလိုပဲ သောတာပန်တွေ၊ သကဒါဂါမ်၊ အနာဂါမ်တွေ၊ သံသရာထဲ ပျော်နိုင်သေးတာ၊ သုဘသညာ ရှိနေတယ်၊ သုဘသညာ၊ တင့်တယ်တယ်လို့ ကောင်းတယ်လို့ ထင်တာကလေးတွေက ရှိနေသေးတယ်၊ ဒါပျောက်သွားလို့ရှိယင် ကိလေသာတွေ အကုန် ကုန်မယ်။
1,326,076
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါကြောင့် ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာဆိုတဲ့ သံယောဇဉ် ၅-ပါး၊ အခုနက ကာမရာဂ၊ ဗျာပါဒ အကြမ်းစား သံယောဇဉ်က ၂-ပါးပေါင်း ၇-ပါး တော့ကျန်သေးတယ်၊ သံယောဇဉ် တရား ဆယ်ပါး၊ ဒါကိုသိရမယ်၊ ဒီ ၇-ပါး ကင်းအောင် လေ့ကျင့်ရမယ်၊ ဒါတွေ မကောင်းတဲ့ တရားတွေမှန်းတော့ သိတယ်၊ အဲဒါပုထုဇဉ်နဲ့ သိရတယ်၊ ပုထုဇဉ်ကတော့ အဲဒါတွေ ကောင်းနေ တာကိုး၊ ကာ...
1,326,077
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရိယပုဂ္ဂိုလ်အနေအားဖြင့်တော့ မခံစားဘူးမဟုတ်ဘူး၊ မသာယာဘူး မဟုတ်ဘူး၊ လက်ခံတော့ လက်ခံပါတယ်၊ ကာမအာရုံတွေ၊ ဒါပေမယ့် ဒါတွေ မကောင်းမှန်း တော့သိတယ်၊ မလွှဲသာလို့ပဲ၊ ထမင်းစားတဲ့ အခါကာလမှာ မြိန်မြိန်ယှက်ယှက်နဲ့ အရသာခံပြီးတော့ စားတာကရှိတယ်၊ မလွှဲမကင်းသာလို့ စားတာက တမျိုးရှိတယ်၊ နှစ်မျိုးရှိတယ်၊ အဲဒါ အခုမလွှဲ မကင်းသာလို့ အနေမျိုးနဲ...
1,326,078
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သကဒါဂါမိမဂ်ရောက်
1,326,079
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါကို အရှင်ခေမက - က ဥပမာပေးတယ်၊ နက်နေတဲ့ ရေတွင်းထဲမှာ ရေတော့ မြင်ရတယ်၊ လက်လှမ်းတော့ မမီဘူး၊ မြင်တော့မြင်နေရတယ်၊ အဲဒီလိုပါပဲ၊ ပယ်ရမယ့် တရားတွေလို့တော့ သိတော့သိတယ်၊ ဒါပေမယ်လို့ မကင်းသေးဘူး၊အဲဒီတော့ သက္ကာယဒိဋ္ဌိ, သီလဗ္ဗတပရာမသ, ဝိစိကိစ္ဆာဆိုတဲ့ သံယောဇဉ်တရား ၃-ပါးကတော့ ကင်းသွားပြီ၊ ကာမရာဂ, ဗျာပါဒဆိုတဲ့ သံယောဇဉ် အကုသိုလ် ...
1,326,080
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လက်နဲ့ခြေနဲ့ယက်ပြီးတော့ အခုနက ရေထဲကူးနေတဲ့ပုဂ္ဂိုလ်၊ အဲဒီလိုကူးသွားလို့ နောက်တခါ နှစ်မိုင်ရောက်သွားတော့ တစခန်း၊ ကျောက်ဆောင်ကလေးတို့ ဘာတို့ တွေ့လိုရှိယင် နားရအုံးမယ် ပေါ့လေ၊ ဒီမှာ အဲဒီလို တစခန်းရောက်သွား၊ ဒါကသကဒါဂါမိမဂ်ကို ရောက်တယ်တဲ့၊ ရောက်တော့လဲ ဒီအတိုင်းပါပဲ၊ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ သိယင်း သိယင်းနဲ့ ရုပ်နာမ်သင်္ခါရ...
1,326,081
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါဒ အမျိုးမျိုး
1,326,082
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အချို့ ဆရာတွေက ကာမဂုဏ်အာရုံတွေ, လောက ကာမအာရုံတွေ သုံးဆောင်ခံစားတဲ့ အဖြစ်မျိုး ဖြစ်အောင် မရောက်ဘူးတဲ့၊ ကာမရာဂ၊ ယောက်ျား မိန်းတွေ၊ အဲဒီ အတွေ့တွေနဲ့ ခံစားဘူးတဲ့ ဟာမျိုးတွေဖြစ်အောင် မရောက်တဲ့၊ သာယာမှုတော့ ရှိသေးတာပဲ၊ အဲဒီလို သာယာမှုဟာ မေထုနပဋိသေဝနလို့ ခေါ်တယ်၊ အဲဒီထိအောင် မရောက်တော့ဘူးတဲ့၊ တချို့ ဆရာတွေက ဆိုတယ်၊ တချို့ဆရာတ...
1,326,083
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ အဋ္ဌကထာဆရာတွေက ဖြေတယ်၊ သားတွေသမီးတွေကလဲ ဒိပြင်နည်းနဲ့လဲ ရတာပါပဲ၊ ဒါဟာမသေချာဘူး ဆိုပြီးတော့ အဲဒါကို ပယ်လိုက်တယ်၊ ဒါပေမယ်လို့ စဉ်းစားကြည့်တော့ ဒိပြင်နည်းနဲ့ ရတာတော့ တယ်မပေါ်ဘူး၊ ဒိပြင်နည်းနဲ့ အဆင်းမြင်ရုံမျှနဲ့ အသံကြားရုံမျှနဲ့ စသည်ဖြင့် ဒီလိုဟာကလေးတွေ စာထဲ ပေထဲက ရှိပါတယ်၊ ဒါပေမယ်လို့ အဲဒါကတော့ ရှားပါလိမ့်မယ်၊ ဘ...
1,326,084
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါဒတခုရှိတယ်၊ ဖြစ်တဲ့အခါ ကာလမှာလဲပဲ ကြမ်းကြမ်း တမ်းတမ်း မဖြစ်တော့ဘူး၊ သိမ်သိမ် မွေ့မွေ့ပဲ ဖြစ်တော့တယ်၊ ကြမ်းတမ်းတဲ့ ကာမရာဂ သုံးဆောင်မှုတွေ မရှိတော့ဘူးတဲ့၊ ဒီလို ယူဆတဲ့ အယူဝါဒက တခုရှိတယ်၊ အဲဒါက ကိုယ်ကြိုက်တာ ယူရမှာပေါ့လေ၊ ကိုယ်တိုင်လဲ တရားထူး တွေ့တဲ့အခါကျတော့ ကိုယ်ဖြစ်ပုံနဲ့ပဲ ဆုံးဖြတ်မှ နေရာကျမယ်၊ သူများတော့ ဆုံးဖြတ်လိ...
1,326,085
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အနာဂါမိမဂ်ရောက်
1,326,086
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို တစခန်း ကုန်သွားတော့ ရှေ့ဆက်ပြီးတော့ ကူးလိုက်တဲ့ အခါကျတော့ ခြေနဲ့လက်နဲ့ ယက်ပြီးတော့ကူးတော့ တစခန်း ရောက်သွားတယ်၊ နှစ်မိုင်တိုးတော့ ခြောက်မိုင်ရောက်သွားပြီ၊ နှစ်မိုင်လောက် လိုတော့တယ်၊ ဟိုဘက်မှာ၊ အဲဒီမှာ ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေ သိယင်းသိယင်းနဲ့ ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့သွားတယ်၊ အနာဂါမိမဂ်ကို ရောက်တယ်...
1,326,087
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဗျာပါဒ၊ ဒေါသစိတ်ဆိုရာတွေလဲ ကင်းတယ်၊ စိတ်မဆိုးတတ်ဘူးတဲ့၊ စိတ်က မဆိုးတတ်ပဲ ဖြစ်နေတယ်၊ စိတ်မဆိုးတာထက် ရွံလဲ မရွံတတ်ဘူး၊ အဲဒါက တချို့က စိတ်မဆိုး တတ်သော်လဲ ရွံတတ်တာက ရှိသေးတယ်၊ ရွံတတ်လို့ရှိယင်လဲ အတွေ့ထူးပါပဲ၊ တချို့က ကြောက်တတ်တာက ရှိသေးတယ်၊ ကြောက်တတ်တာ ရှိယင် အတူတူပါပဲ၊ ဒီဟာ ဒေါသ, ဒေါသ စိတ်ဆိုးတာတဲ့၊ ရွံတာကြောက်တာတဲ့၊ နှလု...
1,326,088
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီပုဂ္ဂိုလ် အကုန်ချမ်းသာပြီး အနာဂါမ်ဖြစ်သွားလို့ရှိယင် ကာမရာဂအာရုံတွေနဲ့ စပ်ပြီးတော့လဲ သာယာနှစ်သက်မှုတွေ မရှိတော့ဘူးဆိုတော့ သူက အတော်အေးတာပဲ၊ ဒီကာမရာဂတွေက ဒုက္ခဖြစ်နေတယ်၊ ဗျာပါဒ ဒေါသတွေနဲ့ စပ်ပြီးတော့ စိတ်လဲ မဆိုးတော့ဘူး၊ စိတ်မညစ်တော့ဘူး၊ စိတ်ဆင်းရဲတွေ မရှိတော့ဘူး၊ စိတ်မပူတော့ဘူး၊ အင်မတန် ဟန်ကျတာပဲ၊ ဘာပဲ ဖြစ်နေနေ ဘာမျှ...
1,326,089
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ်ထဲမှာ နာကျင်ကိုက်ခဲ ဘယ်လိုပဲဖြစ်နေနေ စိတ်ကတော့ ကြည်လျက်ပဲ၊ ကိုယ်ဆင်းရဲကတော့ မကင်းဘူး၊ ရဟန္တာကိုယ်လဲ ဆင်းရဲတော့ ရှိတာပါပဲ၊ ရဟန္တာလဲ ဆူးတက်နင်းယင် နာတာပဲ၊ မနာပဲနေလို့ ဘာဖြစ်မလဲ၊ မီးကိုင်မိယင် ပူတာပဲ၊ မပူပဲနေလို့ မဖြစ်ဘူး၊ အနာရောဂါပေါက်လို့ ရှိယင်လဲ နာတော့ နာတာပါပဲ၊ သည်းခံနိုင်တဲ့ သဘောတော့ ရှိတယ်၊ ရဟန္တာက သိပ် မတုန်လ...
1,326,090
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ အနာဂါမိမဂ် တတိယအဆင့်ကို ရောက်သွားလို့ရှိယင် ကာမအာရုံတွေနဲ့ စပ်ပြီးတော့ သာယာမှုကင်းသည်၊ ကာမဂုဏ်အာရုံ ၅-ပါးနဲ့ စပ်ပြီးတော့ နှစ်သက်မှု, သာယာ တောင့်တမှုတွေ ကင်းသွားသည်၊ ဗျာပါဒ ဒေါသစိတ်ဆိုးမှု, စိတ်ညစ်မှု, စိတ်ပျက်မှု, နှလုံးမသာယာမှု, ကြောက်မှု, ရွံ့မှုတွေကင်းသည်၊ ဒါတွေ ကင်းသလား မကင်းဘူးလားဆိုတာ ကိုယ့်ဟာကိုယ် အားထု...
1,326,091
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အကယ်၍ ဤဟာ ကင်းသွားပြန်ပြီဆိုယင် အခုနက ကျန်တဲ့ သိမ်မွေ့တဲ့ သံယောဇဉ် ငါးပါး ကျန်သေးတယ်၊ ဥဒ္ဓံဘာဂီယ သံယောဇဉ် ခေါ်တယ်၊ ဒါသံယောဇဉ်ငါးပါး။
1,326,092
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဩရမ္ဘာဂိယ သံယောဇဉ်
1,326,093
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု ပြောခဲ့တဲ့သံယောဇဉ်က သက္ကာယ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမရာဂ, ဗျာပါဒ ဒီ ၅-ခုက ဩရမ္ဘာဂိယသံယောဇဉ် ခေါ်တယ်၊ အောက်သံသရာ လောက ကျင်လည်နေတတ်တယ်၊ ဒီသံယောဇဉ် ငါးပါး ရှိနေတဲ့ ပုဂ္ဂိုလ်က ဗြဟ္မာပြည် တက်ဖြစ်လဲ နောက်တနေ့ကျယင် လူ့ဘုံတွေပြန်ရောက်၊ အပါယ်လေးပါးပဲ ကျနိုင် သေး တာပဲ၊ အောက်ကိုဆွဲချတဲ့ သံယောဇဉ်တွေ၊ ဒီ သံယောဇဉ်တ...
1,326,094
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမရာဂ, ဗျာပါဒ ဒီသံယောဇဉ်တရား ငါးပါးက ဩရမ္ဘာဂီယသံယောဇဉ်၊ အောက် သံသရာလောကကို ကျင်လည်စေတတ် တယ်၊ ဩရမ္ဘာဂီယ သံယောဇဉ်လို့ ခေါ်သည်။
1,326,095
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါလေးဆိုပါအုံး။
1,326,096
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမရာဂ၊ ဗျာပါဒ၊ ဤငါးပါးကို အောက်သံသရာ၌ လည်စေတတ်သော ဩရမ္ဘာဂီယ သံယောဇဉ်လို့ ခေါ်သည်။
1,326,097
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဩရမ် - ဆိုတာ အောက်သံသရာကို လည်စေတတ်တယ်၊ အောက်ဆိုတာ ကာမဘုံ တွေကို အောက်လို့ခေါ်သည်၊ အောက်ပိုင်း သံသရာကိုလည်စေတတ်သည်၊ ဒီ သံယောဇဉ် ငါးပါး မကင်း သေးယင် ဈာန်သမာပတ်ရလို့ ရူပဗြဟ္မာ အရူပဗြဟ္မာတွေ တက်ဖြစ်နေပေမယ်လို့၊ နေဝသညာ၊ နာသညာတကတက် ဖြစ်တောင်မှ နောက်တနေ့ ကျယင် လူ့ပြည်လောကတွေ၊ နတ်ပြည် လောကတွေ ပြန်လာရတယ်၊ အဲဒီကပြီးတော့ အဆင်မသင...
1,326,098
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပုညတေဇေန၊ ကောင်းမှု၏အဟုန်သည်။
1,326,099
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥက္ခိတ္တာ၊ မြှင့်တင်ပေးအပ်သည် ဖြစ်၍။
1,326,100
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အောက်က အမြင့်ဓာတ်နဲ့ တွန်းကန်တဲ့ဓာတ်နဲ့ တင်ပေးလို့ တက်သွားတာလဲ ရှိတယ်၊ လေယာဉ်ပျံတို့ရှိတယ်၊ အခုကာလ ဗုံးတွေလဲ တက်တာ ရှိသေးတယ်၊ အဲဒါလိုပဲ၊ ကောင်းမှု၏ အဟုန်ဖြင့် ကာမာဝစရကုသိုလ်တွေက အကျိုးပေးလို့ နတ်ဗြဟ္မာတွေ အဆင့်ဆင့်တက်၊ ရူပါဝစရ ကုသိုလ်တွေ၊ ဈာန်တွေရလို့၊ ရူပဘုံတွေတက်ဖြစ်၊ အရူပကုသိုလ်က အကျိုးပေးတော့ အရူပဘုံတွေ တက်ဖြစ်၏။