id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,326,101 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပုညတေဇေန၊ ကုသိုလ်၏အဟုန်သည်။ |
1,326,102 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာပရူပဂတိံ၊ ကာမဂတိ, ရူပဂတိသို့။ |
1,326,103 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဂတာပိ၊ ရောက်သည့်ပုဂ္ဂိုလ်တို့သည်ကား။ |
1,326,104 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘဝဂ္ဂန္တမ္ပိ၊ ဘဝ၏အဆုံးဖြစ်သော နေဝသညာဘုံသို့လဲ။ |
1,326,105 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္ပတ္တာပိ၊ ရောက်ကြကုန်သော်လည်း။ |
1,326,106 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာယန္တိ၊ ရောက်ကြကုန်သေး၏။ |
1,326,107 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုသိုလ်ကောင်းမှု အဟုန်တွေ ကုန်သွားတဲ့အခါကျတော့ ပြန်ပြီးတော့ ရောက်ကြ တယ်တဲ့၊ ဒါဘာကြောင့်တုံး ဆိုလို့ရှိယင် ဒီဩရမ္ဘာဂီယ သံယောဇဉ် တွေရှိနေလို့၊ အဲဒီ ဩရမ္ဘာဂီယ သံယောဇဉ်တွေ ကုန်အောင်လို့ ကျင့်ရတာ၊ အနာဂါမ်ကျမှ ကုန်တယ်၊ လွယ်တော့ မဟုတ်ဘူး၊ တစခန်း ရောက်သွားပြီ၊ ကူးသွားတဲ့ပုဂ္ဂိုလ်က မြေကြီးတွေနဲ့ တော်တော်တော့ ဝေးသွားပါပြီ၊ ရန်သူ... |
1,326,108 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရဟန္တာဖြစ်၊ ဟိုဘက်ကမ်းရောက် |
1,326,109 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘာတွေက ကျန်နေသလဲ၊ ကိုယ့်ဘဝနဲ့ ကိုယ့်သာယာမှုကလေးက ကျန်နေတာကိုး၊ ဘဝရာဂ ခေါ်တယ်၊ အဲဒီဘဝရာဂကို ရူပဘဝ ဖြစ်နေတဲ့အခါမှာ ရူပဘဝသာယာလို့ ရူပရာဂခေါ်တယ်၊ အရူပဘုံရောက်နေတဲ့ အခါကျတော့ အဲဒီဟာကို သာယာတာ အရူပရာဂ ခေါ်တယ်၊ ဘဝရာဂပါပဲ၊ အကျဉ်းချုံးလိုက်ယင် ဘဝရာဂပါပဲ၊ ရူပဘဝ၊ ရူပဈာန်တရားတွေ သာယာတယ်၊ အရူပဘဝ အရူပဈာန်တရားတွေ သာယာတယ်၊ ဒါ ပေါင်းလိ... |
1,326,110 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့ကပြောကြတယ်၊ လောကအကြောင်းတွေ ဘာတွေ မြင်သွားချင်သေးတယ်၊ မသေခင် ဘာလေးမြင်သွားချင်တယ်၊ မြင်သွားတော့ ဘာတွေ ယူသွားအုံးမယ်မသိဘူး၊ ဒီလိုဟာ ရှိတာကိုး၊ လောက အကြောင်းတွေကို တယ်သိချင်တာကိုး၊ အဲဒီဟာ မတိုင်သေးခင်တော့ ငါကတော့ မသေချင်သေးပါဘူး၊ ငါက ဒါလေး သိချင်သေးတယ်လို့၊ ဒါကလေးကို ပြောကြတယ်၊ အဲဒါလိုပဲ၊ ကိုယ့်ဘဝကလေးနဲ့ ကိုယ်တော့ ... |
1,326,111 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါဟာ မကင်းသေးဘူးတဲ့၊ အနာဂါမ်၊ စဉ်းစားကြည့်လိုက်တော့ကို ဘဝကို ခင်မင် တွယ်တာတဲ့ သဘောကလေးက ရှိနေသေးတာပဲ၊ ဒါကလေး ကျန်နေတယ်၊ မာနကလဲ ကျန်တယ်၊ မာနကလေးက ကိုယ်မှာရှိတဲ့ အခြေအနေကလေးတွေနဲ့ စပ်ပြီးတော့ ထောင်လွှားတဲ့ သဘော ကလေးတွေက ရှိနေသေးတာပဲ၊ မာနလုံးလုံး မကင်းသေးဘူး၊ ဥဒ္ဓစ္စ၊ စိတ်ပျံ့လွင့်မှုလဲ လုံးလုံး မကင်းသေးဘူး၊ ဥဒ္ဓစ္စကတော... |
1,326,112 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလေး ကင်းအောင်လို့ အားထုတ်ရအုံးမှပဲ ဆိုပြီးတော့ ရှေ့ဆက်ပြီးတော့ တခါအားထုတ်တော့ အခုနက ဥပမာက မြက်ဖောင်ကလေးနဲ့ မြက်တွေ၊ အမှိုက်တွေ၊ သစ်ခက်တွေ၊ သစ်ရွက်တွေ စုပေါင်းပြီးတော့ထားတဲ့ ဖောင်ကလေးနဲ့ ကူးတာကိုး၊ လက်နဲ့ယက် ခြေနဲ့ကန်ကူးရတယ်၊ နောက်ဆုံး ဟိုဘက်ကမ်း ရောက်သွားတယ်၊ ဟိုဘက်ကမ်း ရောက်တဲ့အခါကျတော့ ဒီဖောင်က တယ် အသုံးမကျတော့ဘူ... |
1,326,113 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအပေါ်မှာ အင်မတန်အေးချမ်းတဲ့ လေကလေးနဲ့ စားဖွယ်သောက်ဖွယ် သုံးဆောင်ဖွယ် တွေနဲ့ ပြည့်စုံပြီးတော့နေတယ်၊ အဲဒီရောက်သွားပြီးတော့၊ ရေချိုးလို့၊ ကောင်းကောင်းမွန်မွန်အိပ်လို့၊ စားချင်တာတွေ စားလို့၊ အိပ်ချင်သလိုအိပ်လို့၊ ချမ်းချမ်းသာသာ ဘာမှမကြောက်ရတော့ ဘူးလို့၊ ဟိုဘက်ကမ်းက မြွေတွေလဲ မလာနိုင်တော့ဘူး၊ ရန်သူကြီး ငါးဦးလဲ မလာနိုင်တ... |
1,326,114 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဋ္ဌကထာဆရာကြီးက ဘုံနန်းပြာသာဒ်ကြီး ပေါက်ပေးလိုက်ရတာကိုး။ |
1,326,115 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အမှန်က တော့ နိဗ္ဗာန်ရောက်တော့ ဘုံနန်း ပြသာဒ်ကတော့ မရှိဘူး၊ အဲဒီလို အဋ္ဌကထာ ပြောထားတာနဲ့ အဟုတ်ဘုံနန်းကြီး မှတ်နေတယ်၊ ဘုံနန်းကြီး မြင်ပြီလို့တော့ စိတ်ကူးနေတယ်၊ ဘုံနန်းကြီးတော့ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး၊ သားတွေ သမီးတွေ အကုန်လုံး သွားနေမယ်လို့တောင် ကြံနေတယ်၊ အဲဒီလိုဟာတွေရှိတယ်၊ အဋ္ဌကထာဆရာကလဲ လူတွေ အလိုလို စိတ်ဝင်စား အော... |
1,326,116 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိဏ္ဏော ပါရင်္ဂတော၊ ထလေ တိဋ္ဌတိ ဗြဟ္မဏော။ |
1,326,117 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (နှာ- ၃၈၃။ |
1,326,118 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ) တိဏ္ဏော၊ ကူးမြောက်ပြီးသည်ဖြစ်၍။ |
1,326,119 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါရင်္ဂတော၊ တဘက်ကမ်းသို့ ရောက်သည်ဖြစ်၍။ |
1,326,120 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဗြာဟ္မဏော၊ မကောင်းမှုကို အပ ပြုပြီးသည်ဖြစ်၍။ |
1,326,121 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝါ - အပြစ်ဒဏ် ကင်းပြီးသည်ဖြစ်၍။ |
1,326,122 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထလေ၊ တဘက်ကမ်း ကုန်းပြင်ထက်၌။ |
1,326,123 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပမာအားဖြင့်ပြောတယ်၊ မြွေထိန်းယောက်ျား အပြစ်ရှိနေတာကို မင်းပြစ်မင်းဒဏ် တွေ ရှိနေတယ်၊ မြွေထိန်းယောက်ျား ခန့်ထားပြီးတော့ မြွေကြီးတွေ စွန့်လွတ်ပြီးတော့ တာဝန်ဝတ္တရား ချို့ယွင်း တယ်၊ အာဏာဖီဆန်မှုဖြစ်တယ်၊ အပြစ်ရှိတယ်၊ အဲဒါတွေက ဒီဘက်ကမ်း ရောက်လာတော့ ဒီဘက်ကမ်းက မြွေထိန်းဖို့ ရာထူးပေးထားတဲ့ မင်းရဲ့အာဏာမရှိဘူး၊ ဒီဘက်ကမ်းက တနယ် ဖ... |
1,326,124 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဗြာဟ္မဏော၊ မကောင်းမှုအပ ပြုပြီး၊ မကောင်းမှုကင်းသွားပြီဖြစ်၍၊ အပြစ်ဒဏ်တွေ အကုန်လုံး ကင်းသွားတဲ့ ဟိုဘက်ကမ်းမှာ တည်နေတယ်၊ အဲဒါဘာလဲဆိုယင် - |
1,326,125 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မမဏောတိ ခေါ ဘိက္ခဝေ အရဟတော တိ ဧတံ အဓိဝစနန္တိ။ |
1,326,126 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (နှာ-၃၈၃။ ) |
1,326,127 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိဏ္ဏော၊ ကူးမြောက်ပြီးသည်ဖြစ်၍။ |
1,326,128 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါရင်္ဂတော၊ တဘက်ကမ်းတို့ ရောက်သည်ဖြစ်၍။ |
1,326,129 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဗြာဟ္မဏော၊ မကောင်းမှုအပြစ်ဒဏ်ဟူသမျှကို အပ ပြုပြီးသည်ဖြစ်၍၊ (ဝါ) မကောင်းမှု အပြစ်ဒဏ် ဟူသမျှမှ ကင်းရသည်ဖြစ်၍။ |
1,326,130 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဧတံ၊ ဤ တည်သည် ဟူသော ဤအမည်သည်။ |
1,326,131 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရဟတော၊ လောဘ ဒေါသ မောဟ အစရှိသော ကိလေသာတို့မှ ဝေးကွာ စင်ကြယ်တော် မူပြီးသော ရဟန္တာပုဂ္ဂိုလ်၏။ |
1,326,132 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိလေသာ အကုန်လုံးကင်းနေတဲ့ ရဟန္တာ၏အမည်ပါ၊ တင်စားပြီးတော့ မြွေထိန်း ယောက်ျား ဆိုတာလဲ တခြားမဟုတ်၊ အခုယောဂီ ပုဂ္ဂိုလ်တွေမှာ ယောဂီပုဂ္ဂိုလ်တွေ ကိုယ့်သန္တာန်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်ကြီးလေးပါး မြွေကြီးတွေကြောက်လို့ တရား အားထုတ်နေတယ်၊ ပြေးနေတယ်၊ ခန္ဓာငါးပါး တည်းဟူသော ရန်သူကြီးတွေ ကြောက်လို့ တရား အားထုတ်နေရတယ်... |
1,326,133 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုယ့်မိတ်ဆွေ ရန်သူဖြစ်တဲ့ နန္ဒီရာဂကိုလဲ ကြောက်လို့ ပြေးနေတာ၊ တရားတွေကို အားထုတ်ပြီး တော့နေတာ၊ ဒီအထဲမှာ အားထုတ်ယင်း အားထုတ်ယင်း လျော့နေ တဲ့ပုဂ္ဂိုလ်က မကြောက်တဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာပေါ့၊ လာချင်လာပါစေ တယ်မကြောက်တဲ့ ပုဂ္ဂိုလ်၊ များများကြောက်တဲ့ ပုဂ္ဂိုလ်တွေက များများအားထုတ်တယ်၊ ကြိုးစားပြီးတော့ အားထုတ်တယ်။ |
1,326,134 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နောက်ပြီးတော့ ဒမြကြီးခြောက်ယောက်၊ အာရုံခြောက်ပါးတွေ ကြောက်လို့ပေါ့တဲ့၊ ဒီဟာတွေလဲ မြင်တိုင်း ကြားတိုင်း အကုန်လုံးရှုမှတ်၊ လုံ့လဝီရိယနဲ့ မှတ်မှဖြစ် အောင်လို့ မြင်တိုင်းကြားတိုင်း ဒွါရခြောက်ပါးက မှတ်မှုဖြစ်အောင်လို့ ကြိုးစား အားထုတ်နေတာ၊ ဒါကဘာလဲဆိုတော့ ခြေနဲ့လက်နဲ့ ကူးနေတာပဲ၊ မဂ္ဂင်ရှစ်ပါး တည်းဟူသော ဖောင်ပေါ်မှာတည်ပြီးတော... |
1,326,135 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလိုပဲ၊ မှတ်တိုင်း မှတ်တိုင်းဟာ နိဗ္ဗာန်ဘက်နီးသွားတယ်၊ ပထမစခန်းရောက် သောတာပန်ဖြစ်၊ ဒုတိယစခန်းရောက်၊ သကဒါဂါမ်ဖြစ်၊ တတိယစခန်းရောက် အနာဂါမ်ဖြစ်၊ စတုတ္ထစခန်း ရောက်တဲ့ အခါ ကိလေသာအကုန် ကင်းသွားပြီလို့၊ ဟိုဘက်ကမ်းမှာ အဋ္ဌကထာဆိုတဲ့အတိုင်း ဘုံနန်း ပြသာဒ်တွေအပေါ်မှာ လေညှင်း, လေအေးတွေခံပြီးတော့ ရေလဲချိုးပြီးလို့,စားသောက်ပြီးလိ... |
1,326,136 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အမှန်စင်စစ်ကတော့ ဒီလိုဟာမျိုးတော့ မဟုတ်ဘူး၊ ရုပ်နာမ်သင်္ခါရ ငြိမ်းတာပဲ၊ ရဟန္တာ၊ ငြိမ်းပြီးတဲ့ အခါကာလ ကိလေသာတွေ အကုန်ကင်းတယ်တဲ့၊ ဩရမ္ဘာဂီယ သံယောဇဉ်တွေ ငါးပါး၊ အနာဂါမ်ကင်းတယ်။ |
1,326,137 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥဒ္ဓံဘာဂီယ သံယောဇဉ် |
1,326,138 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥဒ္ဓံဘာဂီယ သံယောဇဉ်ငါးပါးတဲ့၊ နောက်ထပ် ဥဒ္ဓံဘာဂီယသံယောဇဉ် ငါးပါးဆိုတာ ဘာတွေလဲဆို၊ ၁။ |
1,326,139 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရူပဘဝကို သာယာတဲ့ ရူပရာဂသံယောဇဉ်၊ ၂။ |
1,326,140 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရူပဘဝကို သာယာတဲ့ အရူပရာဂသံယောဇဉ်၊ ၃။ |
1,326,141 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မာနသံယောဇဉ်၊ မာနကြီးတာတွေ မာနကလဲရှိတယ်၊ မာနကလဲခက်တာပဲ၊ ၄။ |
1,326,142 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥဒ္ဓစ္စသံယောဇဉ်တဲ့ စိတ်ပျံ့လွင့်မှု၊ ၅။ |
1,326,143 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဝိဇ္ဇာသံယောဇဉ်၊ မမြဲတာကို မြဲတယ်ထင်တာက အဝိဇ္ဇာ၊ ဆင်းရဲကို ချမ်းသာတယ် ထင်တာက အဝိဇ္ဇာ၊ မတင့်တယ်တာကို တင့်တယ်တယ်လို့ ထင်တာက အဝိဇ္ဇာ၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ ရုပ်နာမ်အစုတွေကို ပုဂ္ဂိုလ်သတ္တဝါအတ္တကောင် အသက်ရှင်နေတဲ့ အကောင်ပဲလို့ ထင်တာကလဲ အဝိဇ္ဇာ။ |
1,326,144 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ အဝိဇ္ဇာတွေက သောက ကင်းခဲ့ပါပြီ၊ သောတာပန် ဘဝကတည်းက တချို့ ကင်းလာတယ်၊ အရဟတ္တမဂ်ဉာဏ် ရောက်တဲ့အခါ နောက်ဆုံးဆင်းရဲကို ချမ်းသာတယ် ထင်တယ်ဆိုတဲ့ အဝိဇ္ဇာလဲ တခါတည်းအကုန်လုံး ကင်းတော့တာပဲ၊ ဘာမှ ချမ်းသာစရာ မရှိတော့ဘူး၊ |
1,326,145 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အစတုန်းကတော့ သောတာပန်ကလဲ ချမ်းသာကလေးတွေ ရှိနေသေးတာကိုး၊ သကဒါဂါမ်ကလဲ ရှိတာပဲ၊ အနာဂါမ်လဲ အတော်အသင့်တော့ ရှိနေသေးတာပဲ၊ သူ့ဘဝ သူသာယာနေသေးတာပဲ၊ ကမ္ဘာပေါင်းများစွာ ဗြဟ္မာဘုံမှာ တည်နေသေးတာပဲ၊ သူ ဒါကလေးကို သာယာနေတယ်၊ မသာယာလို့ရှိယင် ကမ္ဘာပေါင်း များစွာမတည်နိုင် တော့ဘူး။ |
1,326,146 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ အဲဒီ သာယာမှုကလေး၊ သာယာမှုဖြစ်တာ ဘာကြောင့်တုံး ဆိုတော့ အဝိဇ္ဇာကြောင့် ဖြစ်နေတာပဲ၊ |
1,326,147 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဥဒ္ဓံဘာဂီယ အထက်ဆွဲဆောင်တဲ့ အထက်သံသရာမှာ ကျင်လည်စေတတ်တဲ့ အထက်သံ သရာမှာ ကြည်ရှည်စွာ တည်နေနိုင်တဲ့ သံယောဇဉ်တွေ၊ အဆွဲဓာတ်တွေ၊ အထက်ပိုင်းက ဆွဲထားတယ်၊ ကြိုးတွေ၊ ကြိုးဆယ်ချောင်းထဲမှာ ပုထုဇဉ် ပုဂ္ဂိုလ်တွေ ဆိုယင် ဆယ်ချောင်းလုံး ဆွဲထားတယ်၊ အထက်ရော အောက်ရော ဆွဲထားတယ်၊ မလှုပ်နိုင်ဘူး၊ များသောအားဖြင့် အောက်ကြိုးတွေကများလို့ အေ... |
1,326,148 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီက ရဟန္တာဖြစ်သွားတဲ့ အခါကျတော့ အဲဒီဘဝတွင်း ပရိနိဗ္ဗာန် စံတော့တာပဲ၊ သုဒ္ဓါဝါသ ငါးဘုံထဲမှာ အဝိဟာဘုံမှာ ရဟန္တာဖြစ်၊ အဲဒီဘုံတွင် ပရိနိဗ္ဗာန်စံတယ်၊ မသွားတော့ဘူး၊ အတပ္ပါဘုံတွင် ရဟန္တာ ဖြစ်တယ်၊ သုဒဿာဘုံ၊ သုဒဿီဘုံမှာ ဖြစ်တာရှိတယ်၊ အဲဒီမှာ ရဟန္တာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံတယ်၊ မဖြစ်သေးယင်တော့ တဘုံပြီး တဘုံ တက်နေတယ်၊ အနာဂါမ်က၊ အ... |
1,326,149 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဥဒ္ဓံဘာဂီယ သံယောဇဉ်ငါးပါး ကင်းသည်တိုင်အောင် အားထုတ်ရမှာကိုး၊ ဥဒ္ဓံဘာဂီယ သံယောဇဉ်ကလေးတွေ ဆိုကြရအောင်- ၁။ |
1,326,150 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရူပရာဂသံယောဇဉ်၊ ၂။ |
1,326,151 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရူပရာဂသံယောဇဉ်၊ ၃။ |
1,326,152 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မာနသံယောဇဉ်၊ ၄။ |
1,326,153 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥဒ္ဓစ္စသံယောဇဉ်၊ ၅။ |
1,326,154 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဝိဇ္ဇာသံယောဇဉ်၊ ဤငါးပါးကို ဥဒ္ဓံဘာဂီယသံယောဇဉ်ဟု ခေါ်သည်။ |
1,326,155 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ သံယောဇဉ်ဆယ်ပါး အကုန်လုံး ကင်းအောင် ကျင့်ရမယ်၊ အဲဒီ သံယောဇဉ် တရားဆယ်ပါး ကင်းလို့ရှိယင် ရဟန္တာ ဖြစ်တော့သည်၊ ဒီထိအောင် ကျင့်ရမည်၊ မြတ်စွာဘုရား သာသနာတော်မှာ ဒီရောက်လို့ ရှိယင်တော့ ကိစ္စပြီးတော့တာပဲ၊ ဒီရောက်အောင် ကျင့်ရမယ်၊ ရဟန္တာဖြစ်အောင် ကျင့်ရမယ်၊ |
1,326,156 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ အာသီဝိသောပမသုတ် ဆုံးပါပြီ၊ ကုန်သွားပြီ၊ ရှေ့လျှောက်လို့တော့ ဟောစရာ မရှိဘူး၊ ကုန်သွားပြီ။ |
1,326,157 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆိုရအောင် - မြွေလေးကောင်ကား၊ (လ) ကယ်သူကား ဘုရားမြတ်ပေတည်း။ |
1,326,158 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြွေလေးကောင်က မိမိတို့ကိုယ်၊ မိမိတို့ကိုယ်မှာ အသီးသီးရှိကြတဲ့ ဓာတ်ကြီးလေးပါး၊ ဤဓာတ် လေးပါး ဖောက်ပြန် ပြီးတော့လဲ သေကြ, ရှင်ကြ, ပျက်စီးကြ, နှိပ်စက်နေတယ်။ |
1,326,159 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သူသတ်ငါးဖြာ၊ ငါးခန္ဓာ၊ ခန္ဓာငါးပါး၊ သူသတ်သမားကြီး ငါးယောက်၊ ခန္ဓာငါးပါးရှိလို့ ဘဝတွေ အသစ်အသစ် ဖြစ်ပြီးတော့ သေရတယ်၊ ဘဝတိုင်း ဘဝတိုင်း ဘယ်နည်းနဲ့မဆို သေရတာပဲ၊ မသေချင်လို့ကို မဖြစ်ဘူး၊ နောက်ဆုံး တနေ့ကျယင် သေရတာပဲ၊ အသက်ရှည်အောင်, ကျန်းမာအောင် ဘယ်လိုလုပ်လုပ်၊ တနေ့ကျတော့ သေရတာပဲ၊ ခန္ဓာငါးပါးက သတ်လို့ သေရတယ်။ |
1,326,160 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိတ်ဆွေအရင်းအချာ ရန်သူနဲ့တူတဲ့ နန္ဒီရာဂ၊ နှစ်သက်သာယာမှု၊ ဒါကလေးကလဲ သဘော ကျတယ်၊ သူ့ကြောင့် ဘဝသစ် ဖြစ်ပြီးတော့ သေရတယ်။ |
1,326,161 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ (လ) ခြောက်ဒွါရနှင့်”၊ ရွာပျက်ကုန်း ဆိုတာ ဒွါရခြောက်ခု၊ မြင်တိုင်းကြားတိုင်း ဘာမျှ နှစ်သက် သာယာစရာ မရှိဘူးတဲ့၊ မြင်ရာကလဲ နှစ်သက် သာယာမရှိ၊ ဖြစ်ပြီး ပျောက်သွားတာပဲ၊ တရား အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီဟာကလေးကို သာယာစရာ ကောင်းတယ်၊ မျက်စိကလဲ သာယာစရာကောင်း၊ မြင်ရတာကလဲ သာယာစရ... |
1,326,162 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ရွာပျက်သုည၊ ခြောက်ဒွါရနှင့်၊ ခြောက်ဝအာရုံ၊ သုံးစုံဒမြ၊ ဝင်လာကြ၍”၊ အာရုံခြောက်ပါး၊ ဒမြကြီး ခြောက်ယောက်နဲ့ တူတယ်၊ ဒီအာရုံတွေ နောက်လိုက်ပြီး တော့ လောဘ, ဒေါသ, မောဟ, ကိလေသာတွေ ဖြစ်နေတာပဲ၊ သူတို့က ဒုက္ခ ပေးနေတယ်၊ လောက အနေအားဖြင့်တော့ ဒီအာရုံတွေ မျှော်နေရတာ၊ လာပါစေ, လာပါစေ မျှော်နေရတယ်၊ တရားသဘောနဲ့ ကြည့်ယင် ဒါဟာဒမြကြီးတွေ၊ သ... |
1,326,163 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ရွာပျက်သုည၊ ခြောက်ဒွါရနှင့်၊ ခြောက်ဝအာရုံ၊ သုံးစုံဒမြ၊ ဝင်လာကြ၍၊ ဩဃလေးသွယ်၊ မြစ်ပင်လယ်၏”၊ အဲဒီက ပြေးတော့ ရေပြင်ကျယ်ကြီးရောက်တယ် ဆိုတာဟာ ဩဃလေးပါးနဲ့ တူတယ်။ |
1,326,164 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာမရေယဉ် ကာမောဃ၊ ဘဝရေယဉ် - ဘဝေါဃ၊ ဘဝသာယာမှု။ |
1,326,165 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒိဋ္ဌောဃ - ဒိဋ္ဌိရေယဉ်၊ အဝိဇ္ဇောဃ-အဝိဇ္ဇာရေယဉ်၊ |
1,326,166 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါတွေ အထဲမှာ သတ္တဝါတွေ မျောနေကြတာ၊ များသောအားဖြင့် ကာမရေယဉ်ထဲမှာ မျောနေတယ်၊ ဒိဋ္ဌိရေယဉ်ထဲ မျောတာတွေလဲပဲ အမျိုးမျိုးသော အယူဝါဒတွေ အစွဲတွေနဲ့ ရောနေတယ်၊ ကြောက်စရာကောင်းတယ်၊ အဝိဇ္ဇာကတော့ အမြဲတမ်းပဲ၊ သစ္စာလေးပါး အမှန်အတိုင်း မသိတာ၊ အမြဲတမ်းပဲ မျောနေတာပဲ၊ ကာမောဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃတွေက ရေစီးကြောင်းကြီး တွေထဲမှာ မျောနေတယ်၊... |
1,326,167 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ဩဃလေးသွယ်၊ မြင်ပင်လယ်၏၊ ဤဝယ်ကမ်းစ၊ သက္ကာယမှ” ဒီဘက်ကမ်းက သက္ကာယပဲ၊ အခု တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးတွေ တွေ့နေတယ်၊ ဒီဘက်ကမ်းပဲ၊ ရှုတိုင်း ရှုတိုင်း အဖြစ်အပျက်တွေ တွေ့နေတယ်၊ ဖြစ်ပျက်နေတဲ့ တရားတွေပဲ တွေ့နေတယ်၊ ဒီဘက်ကမ်းပဲ ရှိသေးတယ်၊ ဟိုဘက်ကမ်းမရောက်သေးဘူး၊ ဒီအတိုင်း ခုန်သွားလို့တော့မဖြ... |
1,326,168 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ခေမ နိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့” ဟိုဘက်ကမ်းက နိဗ္ဗာန်ပါပဲ။ |
1,326,169 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီဘက်က ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေက၊ ဒီဘက်ကမ်း၊ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ ငြိမ်းတာက နိဗ္ဗာန်၊ ဟိုဘက်ကမ်း ဟိုဘက်ကမ်း ရောက်အောင် ကူးရလိမ့်မယ်။ |
1,326,170 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘာနဲ့ကူးရမလဲ၊ ဘာနဲ့ကူးရမလဲဆိုတော့ “ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍” မဂ္ဂင်ရှစ်ပါး တရားတွေကို၊ ရှုတိုင်း ရှုတိုင်း ဖြစ်နေတဲ့ မဂ္ဂင်ရှစ်ပါး တရား၊ အခုနက ပြောခဲ့တဲ့တရား၊ တမှတ်ဆို မဂ္ဂင်ရှစ်ပါးတရား၊ မှတ်တိုင်း မှတ်တိုင်း မဂ္ဂင်ရှစ်ပါး တရားတွေ၊ အဲဒါတွေက ဖောင်ဖွဲ့ဆင်တယ်၊ ကူးတာကလဲ အတူတူပါပဲ၊ အားထုတ်မှု ကလေး ပေါ်အောင်လို့ ထည့်ပြီး... |
1,326,171 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လက်နဲ့ခြေနဲ့ ယက်ကန်ပြီးတော့ ကူးသွားတယ် ဆိုတာဟာ ဝီရိယနဲ့ အားထုတ်တာ ပဲတဲ့၊ ဒီမဂ္ဂင်ရှစ်ပါး တရား ပါပြီးသားပါပဲ၊ မှတ်တိုင်း မှတ်တိုင်း မဂ္ဂင်ရှစ်ပါးနဲ့ ဖောင်နဲ့ ကူးပြီးသား ဖြစ်နေတာ၊ တမှတ်တခါကူး၊ တမှတ်တခါကူး၊ တရွေ့ရွေ့သွားတယ်၊ တရွေ့တရွေ့ချင်း “ရှစ်တန်မဂ္ဂင်(လ) ကူးမြောက်သူမှာ” ဆိုတာ တဖြည်းဖြည်း ရောက်သွား တယ်၊ လေးပုံတပုံ နှစ... |
1,326,172 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထန်းငုတ်ပမာ ရဟန္တာကိုယ်ခန္ဓာ |
1,326,173 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရဟန္တာဆိုတော့ လောဘ, ဒေါသ, မောဟ ကိလေသာ ဟူသမျှကင်းပြီး၊ လောဘ, ဒေါသ, မောဟ ကင်းသွားပြီ၊ တော်တော် ချမ်းသာသွားတယ်၊ ဒီပုဂ္ဂိုလ်၊ ဒါပေမယ်လို့ ဒီဘဝ လက်ရှိ ခန္ဓာကြီးကတော့ ဒီလိုပဲ ရှိနေတာပဲ၊ ဘာနဲ့တူသလဲ ဆိုလို့ရှိယင် ထန်းငုတ်ကြီးများနဲ့ တူတယ်၊ ထန်းပင်များ လည်ဆစ်ဖြတ်ခါ၊ လည်ကဖြစ်ဖြစ် ပေါ့လေ၊ အထက်အမြင့်ကပဲ ဖြစ်ဖြစ်၊ အဲဒါ ဖြတ်လိုက်လို... |
1,326,174 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရဟန္တာမှာ ဝါသနာရှိသေး |
1,326,175 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရဟံ - လောဘ, ဒေါသ, မောဟ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး တော်မူသည်၊ ဒီထိ အောင်ကျင့်ရမှာကိုး၊ ဘုရားနဲ့ သိပ်မကွာဘူး၊ ကိလေသာ ကင်းပုံတော့ အတူတူပါပဲ၊ ထူးတာက ဘာလိုတုံးဆိုတော့၊ ဘုရားရှင်က ဝါသနာနှင့် ကင်းတယ်၊ ဘဝအဆက်ဆက်က ပါလာတဲ့ အလေ့အကျင့် ဝါသနာကလေးက ဘုရားမှာ မရှိဘူး၊ ရဟန္တာတွေကတော့ အလေ့အကျင့်က မပျောက်ဘူးတဲ့။ |
1,326,176 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မိလိန္ဒဝစ္ဆ မထေရ်ကြီးဟာ ဘဝတိုင်း ဘဝတိုင်းက ပုဏ္ဏား ဖြစ်တယ်၊ ဗြာဟ္မဏပုဏ္ဏား ဆိုတာကတော့ ဗြာဟ္မဏတွေက သူတို့ မာနကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ၊ အခုထက်ထိ အိန္ဒိယမှာ ဗြာဟ္မဏတွေက သူများကို သိပ်ပြီးတော့ အထင်ကြီးတာ မဟုတ်ဘူး၊ သိပ်ပြီးတော့ အထင် သေးတယ်၊ ဒိပြင်လူတွေနဲ့ တမျိုးဖြစ်နေတော့ သူတို့က မပေါင်းချင်ဘူး၊ မစပ်နိုင်ဘူး၊ သူများအိမ်က ရေတေ... |
1,326,177 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘေးကပုဂ္ဂိုလ်တွေအနေနဲ့တော့ ဒီကိုယ်တော်ကြီးဟာ နေရာမကျဘူးလို့ ပြောတယ်၊ ဒါပေမယ့် လောဘ, ဒေါသ, မောဟ ကိလေသာတွေ မရှိဘူး၊ ဒါပေမယ့် ဝါသနာကလေး ကျန်တယ်၊ မြတ်စွာဘုရားမှာတော့ အဲဒီလို ဝါသနာမရှိဘူး၊ ဘာဝါသနာမှ မကျန်ဘူး၊ ကိလေသာ ကင်းပုံတော့ အတူတူပါပဲ၊ ပရိနိဗ္ဗာန် စံတဲ့အခါကျတော့ ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်တဲ့ ဘုရားနိဗ္ဗာန်လဲ ရ... |
1,326,178 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဟာယာနဝါဒ မဟာယာနကတော့ သူတို့မှာတော့ ဘယ်က ဝါဒတွေမှန်းလဲ မသိပါဘူး၊ ရဟန္တာလဲ မပြီးသေးဘူးတဲ့၊ ဘုရားလုပ်ရအုံးမယ်၊ ဘုရား ဆုတောင်းပြီးတော့ နောက်ဆုံး ဘုရားဖြစ်ပြီးမှ နိဗ္ဗာန်ဝင်ရမယ် ဆိုတာကိုး၊ သူ့ဝါဒကလဲ နိဗ္ဗာန် ဝင်တော့တောင်မှ ကိုယ်တယောက်တည်း ဝင်လို့ မရသေးဘူးလို့ ပြောပြန်တယ်၊ အားလုံးသတ္တဝါတွေ တပြိုင်နက် ဝင်ရပါတယ်၊ တော်တော် ကြပ... |
1,326,179 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ ဘုရားနှင့် ရဟန္တာ ကိလေသာ ကင်းပုံ အတူတူပါပဲ၊ ဝါသနာကင်းတာနဲ့ မကင်းတာ ဒီလောက်ပဲကွာတယ်၊ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာလဲ ဝါသနာတွေ သိပ်စွဲမှု မရှိပါဘူး၊ မိလိန္ဒဝစ္ဆ တို့လို နည်းနည်းပါးပါးတော့ ရှိသေးတာပဲ၊ ဒိပြင်ပုဂ္ဂိုလ်တွေတော့လဲ ငြိမ်ငြိမ် သက်သက်ပါပဲ၊ လှုပ်လှုပ်ရှားရှား သိပ်မရှိပါဘူး။ |
1,326,180 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရဟန္တာ၏ဂုဏ်များ |
1,326,181 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို လောဘ, ဒေါသ, မောဟ, ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးတော် မူသည်၊ ရဟန္တာဖြစ်သွား၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အကုန်လုံး ဒီလိုပါပဲ၊ အဲဒီအဆင့် ရောက်အောင် အားထုတ်ရမယ်။ |
1,326,182 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆိုပါအုံး။ |
1,326,183 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အရဟံ - လောဘ, ဒေါသ, မောဟ, အစရှိသော ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော ရဟန္တာပုဂ္ဂိုလ် ပါတကား။ |
1,326,184 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလ္လာန် အစရှိတဲ့ မြတ်စွာဘုရားလက်ထက်က ရဟန္တာ ပုဂ္ဂိုလ်တွေ အများကြီးရှိကြတယ်၊ အမျိုးသမီးတွေ ကလဲ ဥပ္ပလဝဏ် အစရှိတာပါပဲ၊ လူဝတ်ကြောင်တွေကလဲ နည်းနည်းပါးပါးတော့ ရှိသေးတာပဲ၊ လူဝတ်ကြောင် ဥပါသကာထဲကလဲ ရှိတယ်၊ ဥပါသိကီထဲကလဲ ရဟန္တာရှိတာပဲ၊ နည်းနည်းတော့ ရှိတယ်၊ များများတော့မဟုတ်ဘူး၊ လောဘ, ဒေါသ, မောဟ, ကိလေသ... |
1,326,185 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ ဘဝသစ် ရုပ်နာမ်တွေမဖြစ်တော့ဘူး။ |
1,326,186 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ခီဏံ ပုရာဏံ နဝနတ္ထိသမ္ဘဝံ (လ) ယထာယံ ပဒီပေါ ဥပမာပေးထားတယ်၊ ရှေးဟောင်း ကံတွေလဲကုန်ပြီ၊ ကံအသစ်လဲ သူထပ်၍ မဖြစ်ဘူးတဲ့၊ “ခီဏံ ပုရာဏံ နဝနတ္ထိသမ္ဘဝံ” ဘဝသစ်ဖြစ်ဖို့ရာ ကံတွေလဲ ထပ်မဖြစ်ဘူး၊ ရဟန္တာဖြစ်တော့ ကုသိုလ်ကံ, အကုသိုလ်ကံတွေ၊ အကုသိုလ်ကံ ဆိုတာ ကတော့ လုံးလုံးမရှိပါဘူး၊ ကုသိုလ်မှုတွေ ဘာမှမလုပ်ဘူးလားလို့ မေးစရာရှိတယ်၊ ဒီလိုတော့ ... |
1,326,187 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့က ရဟန္တာပုဂ္ဂိုလ် ဆိုတော့၊ ကုသိုလ် အကုသိုလ်တွေ အကုန်လုံး ပယ်တယ် ဆိုပြီးတော့ စောစောကတည်းက ရဟန္တာ မဖြစ်သေးခင်က ကုသိုလ်အကုသိုလ် ပယ်နေတာတွေ ရှိတယ်၊ ဒါက ကုသိုလ်တော့ ပယ်မယ်၊ အကုသိုလ်ကိုတော့ သူက ပယ်မယ် မဟုတ်ဘူး၊ ကုသိုလ်ကတော့ မလုပ်ပဲနဲ့ ဖြစ်တာကိုး၊ ဘုရားရှိမခိုးတော့ဘူး ဆိုနေယင်လဲ ဖြစ်တာပေါ့၊ လွယ်လွယ်ပဲ၊ ဒါနမလှူတော့ဘူး ဆိ... |
1,326,188 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “ခီဏံ ပုရာဏံ” အဟောင်းလဲ ကုန်သွားပြီတဲ့၊ “နဝနတ္ထိသမ္ဘဝံ” အသစ်လဲ မရှိတော့ဘူး၊ “ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ” နောင်လာလတ္တံသော ဘဝနှင့် စပ်ပြီးတော့လဲပဲ တပ်မက် သာယာခြင်း၊ မျှော်လင့် တောင့်တခြင်း မရှိဘူးတဲ့၊ ဘာလဲ တွေ့ချင်သေးရဲ့၊ ဘာလဲဖြစ်ချင်သေးရဲ့၊ ဒါလေးတွေ မရှိတော့ဘူးတဲ့၊ “ခီဏဗီဇာ” ကုန်ပြီးသော မျိုးစေ့ရှိတယ်၊ ကိလေသာ မျိုးစေ့, ... |
1,326,189 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | “နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” မီးတောက်များ ငြိမ်းသွားသလိုပဲ၊ မီးတောက် ကလေးဟာ မီးခွက်ကလေး ထွန်းထား၊ ဆီကလဲ ကုန်ပြီး မီးစာကလဲ ကုန်ပြီဆိုတဲ့ အခါမှာ ဟုတ်ကနဲဆို တခါတည်း ငြိမ်းသွားတယ်၊ အဲဒါလိုပါပဲ၊ အကြောင်းကံ ကိလေသာတွေ ကံတွေကုန်တဲ့ အတွက်ကြောင့် နောက်ဆုံး ရုပ်နာမ်သင်္ခါရငြိမ်း၊ ပရိနိဗ္ဗာန်ပြုတဲ့ အခါကာလကျယင် ဘဝအသစ် မဖြစ်ပဲနဲ့ အ... |
1,326,190 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီလို ဟိုဘက်ကမ်း ရောက်သည့်တိုင်အောင် လိုက်ပြီးတော့ ညွှန်ကြားနေတယ် ဆိုတာ ဘာလဲဆိုတော့ ဘုရားဟော ပါဠိတော်မှာ မရှိဘူး၊ အဋ္ဌကထာ ဆရာက ပြောတယ်၊ မြတ်စွာဘုရား ပဲတဲ့၊ မြတ်စွာဘုရားက ဓာတ်ကြီးလေးပါး လွတ်မြောက် အောင် အားထုတ်ကြ၊ ခန္ဓာငါးပါး လွတ်မြောက်အောင် အားထုတ်ကြ၊ နန္ဒီရာဂ ပယ်နိုင်အောင် အားထုတ်ကြ၊ ဒွါရခြောက်ပါးကိုလဲ ရွာပျက်ကုန်းက... |
1,326,191 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (စုံပါပြီ) ဤအာသီဝိသောပမသုတ္တန် တရားတော်ကို ရိုသေစွာ နာခံမှတ်သား ကြရသော ဓမ္မသဝနစေတနာ တို့၏ အစွမ်းအာနုဘော်တို့ကြောင့် ယခု တရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ဘေးရန်အန္တရာယ်ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းငြိမ်းကြ၊ ဝေးကွာကြ၍ ဤဒေသနာ၌ လာသော - ဓာတ်ကြီးလေးပါးကိုလဲ လွန်မြောက်အောင်၊ ခန္ဓာငါးပါးတည်း ဟူသော ရန်သူကြီးတွေကိုလဲ လွ... |
1,326,192 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာသီဝိသောပမသုတ် တရားတော် ပြီးပြီ။ |
1,326,193 | Uncategorized | အာဟာရဒီပနီ | အာဟာရဒီပနီ |
1,326,194 | Uncategorized | အာဟာရဒီပနီ | ၁။ အာဟာရအတွက် ဒုက္ခစက် |
1,326,195 | Uncategorized | အာဟာရဒီပနီ | ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စ ကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ၊ ပဉ္စကာမဂုဏိကေ ရာဂေ ပရိညာတေ အရိယသာဝကဿ နတ္ထိ တံ သံယောဇနံ၊ ယေန သံယောဇနေန သယုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျ။ |
1,326,196 | Uncategorized | အာဟာရဒီပနီ | (နိဒါနဝဂ္ဂသံယုတ် ပါဠိတော်-နှာ ၃၂၃) ဘိက္ခဝေ=ရဟန်းတို့၊ ကဗဠီကာရေ အာဟာရေ=စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်ဟုဆိုအပ်သော လေးမျိုးသော ကဗဠီကာရ အာဟာရကို၊ ပရိညာတေ=ထိုးထွင်း၍သိမှု ဉာဏ်အခွင့်အဆုံးတိုင် ပြီးစီးပိုင်နိုင်သည်ရှိသော်၊ ပဉ္စကာမဂုဏိကော=အဆင်း, အသံ, အနံ့, အရသာ, အတွေ့ဟူ၍ ငါးပါးအပြားရှိသော ကာမဂုဏ်၌ တွယ်တာသော၊ ရာဂေါ=ကာမရာဂကို... |
1,326,197 | Uncategorized | အာဟာရဒီပနီ | ကဗဠီကာရ အာဟာရ၌ ဉာဏ်အခွင့် အပြီးတိုင် ပိုင်သည်ရှိသော် ကာမရာဂ၌လည်း ဉာဏ်အခွင့် အပြီးတိုင် ပိုင်လေတော့သည်။ |
1,326,198 | Uncategorized | အာဟာရဒီပနီ | ကာမရာဂ၌ အပြီးတိုင်ပိုင်သည်ရှိသော် ကာမတစ်ဆယ့်တစ်ဘုံ၌ ပဋိသန္ဓေ တစ်ဖန်နေဖွယ်ကိစ္စ မရှိပြီ၊ ဗြဟ္မာ့ပြည်သို့ သွားဖို့သာ ရှိတော့သည်ဟုဆိုလိုသတည်း၊ ကဗဠီကာရ အာဟာရ အပြီးတိုင် ပိုင်နိုင်မှုဆိုသည်ကား ဉာတပရိညာ, တိရဏပရိညာ, ပဟာနပရိညာ, ဟုဆိုအပ်သော ပရိညာသုံးပါး အစဉ်အတိုင်းအသီးသီး အခွင့် ကုန်ပြီး စီး၍ သွားသဖြင့် ကဗဠီကာရ အာဟာရ၌ သာယာတွယ်တ... |
1,326,199 | Uncategorized | အာဟာရဒီပနီ | ပရိညာ သုံးပါး |
1,326,200 | Uncategorized | အာဟာရဒီပနီ | ပရိညာသုံးပါးတွင် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.