id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,326,201
Uncategorized
အာဟာရဒီပနီ
(၁) ဉာတပရိညာဆိုသည်ကား- သိမှုအခွင့် အပြီးတိုင်ပိုင်နိုင်မှုကိုဆိုသတည်း။
1,326,202
Uncategorized
အာဟာရဒီပနီ
(၂) တီရဏပရိညာဆိုသည်ကား အနိစ္စဟုပိုင်းခြားမှုဒုက္ခဟု ပိုင်းခြားမှုအနတ္တဟု ပိုင်းခြားမှုအပြီးတိုင်အခွင့်တုံးသည်ကိုဆိုသတည်း။
1,326,203
Uncategorized
အာဟာရဒီပနီ
(၃) ပဟာနပရိညာဆိုသည်ကား ကဗဠီကာရ အာဟာရ၌ သာယာသောတဏှာကို အမြစ်အရင်းနှင့်တကွ အကြွင်းအကျန်မရှိ ပယ်ဖြတ်မှုအပြီးတိုင်ပိုင်နိုင်သည်ကိုဆိုသတည်း။
1,326,204
Uncategorized
အာဟာရဒီပနီ
ဤကဗဠီကာရ အာဟာရ၌ ထိုပရိညာ ၃-ပါးတို့ကို အမြွက် မျှပြဆိုပေအံ့။
1,326,205
Uncategorized
အာဟာရဒီပနီ
အာဟာရံ ဇာနာတိ၊ အာဟာရသမုဒယံ ဇာနာဘိ၊
1,326,206
Uncategorized
အာဟာရဒီပနီ
အာဟာရ နိရောဓံ ဇာနာတိ၊ အာဟာရနိရောဓဂါမိနိပဋိပဒံ ဇာနာတိ။
1,326,207
Uncategorized
အာဟာရဒီပနီ
(ဤကား ဉာတပရိညာ အခွင့် ၄-ပါးတည်း။
1,326,208
Uncategorized
အာဟာရဒီပနီ
) အာဟာရံ=အာဟာရဒုက္ခကို၊ ဇာနာတိ=ပိုင်ပိုင်သိ၏၊ အာဟာရ သမုဒယံ=အာဟာရဒုက္ခဘဝအစဉ် အမ္ဘာအစဉ် မြစ်ရေယဉ်ကဲ့သို့ အစဉ် ဖြစ်ပွားရန်အကြောင်းရင်း တရားကို၊ ဇာနာတိ=သိ၏၊ အာဟာရနိရောဓံ= အာဟာရဒုက္ခ၏ အပြီးတိုင် ချုပ်ငြိမ်းမှုတရား ထင်ရှားရှိသည်ကို၊ ဇာနာတိ=သိ၏၊ အာဟာရ နိရောဓဂါမိနိ ပဋိပဒံ=အာဟာရဒုက္ခ ချုပ်ငြိမ်း မှုသို့ ဆိုက်ရောက်စေနိုင်သော ပဋိ...
1,326,209
Uncategorized
အာဟာရဒီပနီ
လက္ခဏာရေး မတင်မီ ရှေးအဖို့၌သိမြင်ခွင့်ရသော ဉာတပရိညာ အခွင့် ၄-ပါးတည်း။
1,326,210
Uncategorized
အာဟာရဒီပနီ
ထို ၄-ပါးတွင်
1,326,211
Uncategorized
အာဟာရဒီပနီ
ပထမ ဒုက္ခစက်
1,326,212
Uncategorized
အာဟာရဒီပနီ
အာဟာရဒုက္ခကို သိခြင်းဆိုသည်ကား ကဗဠီကာရာဟာရ၌ ရှာမှီးမှုဒုက္ခကြီးကျယ်ပုံကို သိအပ်၏၊ သတ္တဝါတို့၌အသက် မွေးမှုဒုက္ခ ကြီးကျယ်ပုံကို သိရမည်ဆိုလိုသည်၊ မြေပေါ်ရှိ သတ္တဝါ ရေသတ္တဝါ ကျီးငှက်စသော ကောင်းကင်ရှိ သတ္တဝါတို့မှာ အိပ်သောအခါကို ချန်လှပ်၍ အာဟာရကိစ္စနှင့်အသက်ရှည်သမျှ နေ့နေ့ညည ကြောင့်ကြစိုက်ကြ အားထုတ်ကြသော အခွင့်တွေ ကိုသိမြင်...
1,326,213
Uncategorized
အာဟာရဒီပနီ
(ဤကား - ကဗဠီကာရအာဟာရ၌ ရှေးဦးစွာ သိအပ်သော ဒုက္ခစက်တည်း။
1,326,214
Uncategorized
အာဟာရဒီပနီ
) ဒုတိယဒုက္ခစက်
1,326,215
Uncategorized
အာဟာရဒီပနီ
လူတို့၌ အသက်မွေးမှုအတွက်နှင့် ပစ္စည်းဥစ္စာရှာခန်းမှာ တွေ့ကြုံကြရသော ဘေးဥပဒ် အနန္တ ရှိ၏၊ ဇမ္ဗူဒီပါ မြေအပြင်မှာ တစ်နေ့တစ်နေ့လျှင် အစာအာဟာရရှာမှု ပစ္စည်းဥစ္စာရှာမှု အခွင့်မှာ ဘေးတွေ့၍ သေဆုံးကြရသော ကုန်းသတ္တဝါသည် အသင်္ချေယျ အနန္တများပြားရာ၏၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ မဟာသမုဒ္ဒရာ စသော ရေသတ္တဝါတို့မှာ ဆိုဖွယ်ရာ မရှိပြီ။
1,326,216
Uncategorized
အာဟာရဒီပနီ
(ဤသည်ကား ကဗဠီကာရအာဟာရ၌ နှစ်ကြိမ်မြောက် သိအပ်သော ဒုတိယ ဒုက္ခစက်တည်း။
1,326,217
Uncategorized
အာဟာရဒီပနီ
တတိယ ကိလေသဒုက္ခစက်
1,326,218
Uncategorized
အာဟာရဒီပနီ
အသက်မွေးရန် ပစ္စည်းဥစ္စာ အစာအာဟာရကိုလိုချင်တောင့်တ မှုနှင့် မပြတ်စဲအမြဲဖြစ်ပွားကြသော လောဘမီး, ဒေါသမီး, မောဟမီး ပစ္စည်းဥစ္စာ အစာအာဟာရကိုရလေအောင် ရှာဖွေအားထုတ်မှုနှင့် ဖြစ်ပွားကြသော လောဘမီး, ဒေါသမီး, မောဟမီး ရှာကြံလုပ်ဆောင် ပါလျက် အခွင့်မပေးအရေးမလှ၍ ဖြစ်ပွားကြသော ၎င်းမီး ၃-ပါး၊ အခွင့်ပေး၍ရသဖြင့် စောင့်ရှောက်မှုထိန်းသိမ်း...
1,326,219
Uncategorized
အာဟာရဒီပနီ
(ဤကား ကဗဠီကာရ အဟာရ၌ သုံးကြိမ်မြောက် သိအပ်သော တတိယကိလေသ ဒုက္ခစက်တည်း။
1,326,220
Uncategorized
အာဟာရဒီပနီ
စတုတ္ထ ဒုစ္စရိုက် ဒုက္ခစက်
1,326,221
Uncategorized
အာဟာရဒီပနီ
အသက်မွေးမှုကဲ့သို့ ကြီးကျယ်သော ဒုစ္စရိုက်နယ်ကြီးမည်သည် လောက၌ တစ်စုံတစ်ခုမျှ မရှိ၊ ပါဏာတိပါတ ဒုစ္စရိုက်သည်လည်း အသက်မွေးမှုမှာ အကြီးအကျယ်ဆုံးတည်း၊ ရေသတ္တဝါ ကုန်းသတ္တဝါ ကောင်းသတ္တဝါတို့၌ သူ့အသက်ကို မစားသော သတ္တဝါမျိုးသည် အလွန်နည်းပါးလှ၏၊ သတ္တဝါမျိုးတစ်ကုဋေမှာ တစ်မျိုးကျမရှိလေရာ၊ အဒိန္နာဒါန ဒုစ္စရိုက်စသည်တို့မှာလည်း ဤနည်းတ...
1,326,222
Uncategorized
အာဟာရဒီပနီ
(ဤကား ကဗဠီကာရ အာဟာရ၌ လေးကြိမ်မြောက်သိအပ်သော စတုတ္ထ ဒုစ္စရိုက်စက်တည်း။
1,326,223
Uncategorized
အာဟာရဒီပနီ
ပဉ္စမ ဝိပါက ဒုက္ခစက်
1,326,224
Uncategorized
အာဟာရဒီပနီ
ထိုဒုစ္စရိုက်စက်ကြီးသည် အာဟာရမှုနှင့် မိမိအတွင်းသို့ ပါဝင်သမျှသော မြေပေါ်ရှိသတ္တဝါ ရေနေသတ္တဝါ ကောင်းကင် နေသတ္တဝါတို့ကိုနေ့စဉ်အတိုင်းအပါယ်ငရဲသို့ အတွင်ပစ်ချလေ၏၊ အပါယ် ၄-ဘုံ၌ရှိသမျှသော သတ္တဝါတို့အဖို့ အသိန်း အသန်း အကုဋေ ပုံစုသော်လည်း တစ်ပါးသော အခွင့်နှင့်အပါယ်သို့ကျရောက်သော သတ္တဝါမျိုးသည် တစ်ပုံတစ်စုစာမျှမရှိ လေရာ၊ အာဟာရ...
1,326,225
Uncategorized
အာဟာရဒီပနီ
(ဤကား ကဗဠီကာရ အာဟာရ၌ ငါးကြိမ်မြောက် သိအပ်သော ပဉ္စမဝိပါက စက်ကြီးတည်း။
1,326,226
Uncategorized
အာဟာရဒီပနီ
) (ဤတွင် ရွေ့ကား ခံတွင်းသို့ မရောက်မီ ရှေးအဖို့၌ဖြစ်သော ကဗဠီကာရ အာဟာရဒုက္ခစက်ကြီး ငါးရပ်ကို ပြသောအခန်းတည်း။
1,326,227
Uncategorized
အာဟာရဒီပနီ
) ပထမဒုက္ခစက်
1,326,228
Uncategorized
အာဟာရဒီပနီ
(၁) စားပြီးမျိုပြီးသောအခါ၌ ကျင်ကြီးကျင်ငယ်မှုဒုက္ခ မျက်ရည်, မျက်ချေး, နှပ်, တံတွေး, ချွဲကန်း သလိပ်စသော စက်ဆုပ်ဖွယ် သော အစုတို့ကို စမ်းပွက်ရေယာဉ်ကဲ့သို့ အစဉ်အမြဲပွားစီးမှုဒုက္ခ၊ မျိုပြီး၍ ဝမ်းတွင်းသို့ ရောက်ပြီးသောအခါ၌ တစ်ကိုယ်လုံးကိုပျံ့နှံ့သဖြင့် အတွင်း သန္တာန်တစ်ကိုယ်လုံးအညှီအပုပ်အနံအစော်ချည်းဖြစ်၍ ကုန်ရသောဒုက္ခ။
1,326,229
Uncategorized
အာဟာရဒီပနီ
(ဤကား မျိုပြီးသော ကဗဠီကာရ အာဟာရ၌ ရှေးဦးစွာ သိအပ်သော ပထမဒုက္ခစက်ကြီးတည်း။
1,326,230
Uncategorized
အာဟာရဒီပနီ
ဒုတိယဘေးဥပဒ်ဒုက္ခစက်
1,326,231
Uncategorized
အာဟာရဒီပနီ
(၂) အာဟာရ၏အစွမ်းကြောင့် ဖြစ်ပွားသော အနာမျိုး ရောဂါမျိုးဒုက္ခ၊ အနာရောဂါအတွက် မျက်စိအင်္ဂါ ပျက်စီး ရသောဒုက္ခ၊ နားအင်္ဂါပျက်စီးရသောဒုက္ခ၊ နူနာအမျိုးမျိုးဖြစ်ပွားသောဒုက္ခ၊ ပန်းနာ အမျိုးမျိုးဖြစ်ပွားသော ဒုက္ခ၊ ကျောက်ဆိုး ရောဂါအမျိုးမျိုးဖြစ်ပွားသော ဒုက္ခ၊ ထိုထိုရောဂါနှင့်သေဆုံးကြရသောဒုက္ခ။
1,326,232
Uncategorized
အာဟာရဒီပနီ
(ဤကား မျိုပြီးသော ကဗဠီကာရအာဟာရ၌ နှစ်ကြိမ်မြောက် သိအပ်သော ဘေးဥပဒ် ဒုက္ခစက်ကြီးတည်း။
1,326,233
Uncategorized
အာဟာရဒီပနီ
တတိယကိလေသဒုက္ခစက်
1,326,234
Uncategorized
အာဟာရဒီပနီ
(၃) ဝမ်း၌အစာအာဟာရမရှိသောသူတို့အား လောဘ စသော တစ်ထောင့်ငါးရာကိလေသာမီးတို့သည် ထက်သန်စွာ ထကြွ တောက်ပွားခြင်းငှာမတတ်နိုင်ကြကုန်၊ ဝမ်း၌ အစာအာဟာရတောင့်တင်း သောအခါမှ ထက်သန်စွာ ထကြွတောက်ပွားနိုင်ကြကုန်၏၊ နတ်ပြည် ၆-ထပ်နတ်မင်း သိကြားမင်းတို့ပင်ဖြစ်သော်လည်း ဝမ်း၌အစာ အဟာရ မရှိကြလျှင် နတ်မိဖုရားတို့နှင့် ခံစားမှု စံစားမှု ပျော်ပါးမှ...
1,326,235
Uncategorized
အာဟာရဒီပနီ
(ဤကား မျိုပြီးသော ကဗဠီကာရအာဟာရ၌ သုံးကြိမ်မြောက် သိအပ်သောကိလေသာပွားများမှု ဒုက္ခစက်ကြီးတည်း။
1,326,236
Uncategorized
အာဟာရဒီပနီ
) စတုတ္ထ ဒုစ္စရိတ ဒုက္ခစက်
1,326,237
Uncategorized
အာဟာရဒီပနီ
(၄) စစ်တိုက်ခြင်း တံငါ မုဆိုး သူခိုး ဓားပြအမှုတို့ကို ပြုလုပ်ခြင်း တိရစ္ဆာန်သတ္တဝါမျိုးဖြစ်၍ သူတစ်ပါးကို ကိုက်ခဲ ညှဉ်းပန်းခြင်း အစရှိသော လောက၌ထင်ကြမြင်ကြသမျှသော ဒုစ္စရိုက်ဆယ်ပါး၌ ပွားများခြင်း ဒုစ္စရိတဒုက္ခ။
1,326,238
Uncategorized
အာဟာရဒီပနီ
(ဤကား မျိုပြီးသော အစာအာဟာရ၌ လေးကြိမ်မြောက် သိအပ်သော ဒုစ္စရိတ ဒုက္ခစက်ကြီးတည်း။
1,326,239
Uncategorized
အာဟာရဒီပနီ
ပဉ္စမဝိပါက ဒုက္ခစက်
1,326,240
Uncategorized
အာဟာရဒီပနီ
(၅) ထိုဒုစ္စရိတ စက်ကြီးမှ အပါယ်လေးဘုံသို့ အကုန်လဲ ကြကျရောက်ကြလေသော ဒုက္ခမှာ ရှေးနည်းအတိုင်း သိလေ။
1,326,241
Uncategorized
အာဟာရဒီပနီ
(ဤကား မျိုပြီးသော အစာအဟာရ၌ ငါးကြိမ်မြောက်သိအပ်သော ဝိပါက ဒုက္ခစက်ကြီးတည်း။
1,326,242
Uncategorized
အာဟာရဒီပနီ
) (ဤတွင်ရွေ့ကား မျိုပြီးသော အစာအာဟာရ အတွက်ဖြစ်ပွားကြသော ဒုက္ခစက်ကြီး ငါးရပ်ကို ပြဆိုခန်းပြီး၏၊)
1,326,243
Uncategorized
အာဟာရဒီပနီ
--- ၂-ကဗဠီကာရ၌ ဉာတပရိညာ
1,326,244
Uncategorized
အာဟာရဒီပနီ
ရှေးအဖို့၌ ဒုက္ခစက်ကြီးငါးပါး၊ နောက်အဖို့၌ ဒုက္ခစက်ကြီးငါးပါး ဟူ၍ ကဗဠီကာရ အာဟာရ၌ ဒုက္ခစက်ကြီးဆယ်ပါး ဖြစ်၏၊ ဤ သည်ကား ကဗဠီကာရအာဟာရ၌ အကြမ်းအားဖြင့် ပြလိုက်သော ဉာတပရိညာအချက်တည်း။
1,326,245
Uncategorized
အာဟာရဒီပနီ
ပထမ ဉာတပရိညာ
1,326,246
Uncategorized
အာဟာရဒီပနီ
အနုစိတ်ဖွယ် အလွန်များသေး၏၊ ဤဉာတပရိညာအခွင့်တို့၌ အသိဉာဏ်ပိုင်နိုင်သဖြင့် ထိုအခွင့်တို့ကို ဖုံးလွှမ်းကွယ်ကာ၍နေသော အဝိဇ္ဇာမောဟကင်းကွာသောအခါ “အာဟာရံဇာနာတိ” ဟူသော ပထမ ဉာတပရိညာ အခွင့်ပြည့်စုံ၏။
1,326,247
Uncategorized
အာဟာရဒီပနီ
ဒုတိယ ဉာတပရိညာ
1,326,248
Uncategorized
အာဟာရဒီပနီ
“အာဟာရ သမုဒယံ ဇာနာတိ” ဟူသောဒုတိယဉာတပရိညာ၌ ကဗဠီကာရ အာဟာရ၌ သာယာသော တဏှာသည် အာဟာရဒုက္ခပွား များကြောင်းအာဟာရ သမုဒယမည်၏၊ ထိုတဏှာရှိနေသမျှ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက်တို့၌ပြဆိုခဲ့ပြီးသော ကဗဠီကာရ အာဟာရဒုက္ခစက်ကြီး ဆယ်ပါးသည်အပြီးစွပ်လျက်လိုက်၏၊ ထမင်းအစာ စားသောက်ကြသောအခါ၌ အာဒီနဝဉာဏ်မပါပဲ သာယာနှစ်သက်သော စိတ်ဖြင့် တစ်လုတ် တစ်လုတ်သော ...
1,326,249
Uncategorized
အာဟာရဒီပနီ
(ဤကား 'အာဟာရသမုဒယံ ဇာနာတိ”ဟူသော ဒုတိယ ဉာတပရိညာ အချက်တည်း။
1,326,250
Uncategorized
အာဟာရဒီပနီ
တတိယ ဉာတပရိညာ
1,326,251
Uncategorized
အာဟာရဒီပနီ
“အာဟာရနိရောဓံ ဇာနာတိ” ဟူသော တတိယဉာတပရိညာ၌ ထိုကဗဠီကာရ အဟာရဒုက္ခစက်ကြီး ဆယ်ပါးသည် ခပ်သိမ်းသော သတ္တဝါတို့၌ပင်လျှင် အနမတဂ္ဂသံသရာမှာ အစဉ်ထာဝရအမြဲလိုက် ပါ၍သာ နေမြဲဓမ္မတာမဟုတ်၊ အပြီးတိုင် ကွယ်ပျောက်ချုပ်ငြိမ်း အောင်ပြုလုပ်နိုင်ပါလျှင် အပြီးတိုင် ကွယ်ပျောက်ချုပ်ငြိမ်းခွင့်လည်း ဧကန္တရှိ၏ဟု သိခြင်းသည် “အာဟာရ နိရောဓံ ဇာနာတိ” မည်၏...
1,326,252
Uncategorized
အာဟာရဒီပနီ
ကဗဠီကာရ အာဟာရ၌ သာယာသောတဏှာ အပြီးတိုင် ချုပ်ငြိမ်းလျှင် ထိုဒုက္ခစက်ကြီး ဆယ်ပါးသည် အပြီးတိုင်ချုပ်ငြိမ်း၏ဟု သိသည်ဟူလို။
1,326,253
Uncategorized
အာဟာရဒီပနီ
(ဤကား “အာဟာရနိရောဓံ ဇာနာတိ”ဟူသော တတိယ ဉာတပရိညာပြီး၏၊)
1,326,254
Uncategorized
အာဟာရဒီပနီ
--- စတုတ္ထ ဉာတပရိညာ
1,326,255
Uncategorized
အာဟာရဒီပနီ
“အာဟာရ နိရောဓဂါမိနိပဋိပဒံ ဇာနာတိ”ဟူသော စတုတ္ထ ဉာတပရိညာ၌ မဂ္ဂင်ရှစ်ပါးကို ပွားများသည်ရှိသော် အာဟာရ ဒုက္ခ နိရောဓအခွင့်သို့ ဧကန်ဆိုက်၏ ရောက်၏ဟု သိသည်ဟူလို။
1,326,256
Uncategorized
အာဟာရဒီပနီ
(ဤကား “အာဟာရနိရောဓဂါမိနိပဋိပဒံ ဇာနာတိ”ဟူသော စတုတ္ထဉာတပရိညာပြီး၏၊)
1,326,257
Uncategorized
အာဟာရဒီပနီ
ဤတွင် ဉာတပရိညာခန်းပြီး၏။
1,326,258
Uncategorized
အာဟာရဒီပနီ
--- ၃-ကဗဠီကာရ၌ တီရဏပရိညာ
1,326,259
Uncategorized
အာဟာရဒီပနီ
တီရဏပရိညာ၌ အနိစ္စပရိညာ၊ ဒုက္ခပရိညာ၊ အနတ္တပရိညာ ဟူ၍ တီရဏပရိညာအပြား သုံးပါးရှိ၏။
1,326,260
Uncategorized
အာဟာရဒီပနီ
အနိစ္စပရိညာ
1,326,261
Uncategorized
အာဟာရဒီပနီ
အနိစ္စပရိညာဆိုသည်ကား- သတ္တဝါတို့၏ ခန္ဓာကိုယ်သည် ရုပ်ခန္ဓာ နာမ်ခန္ဓာဟူ၍နှစ်ပါးရှိ၏၊ ရုပ်ကိုယ် နာမ်ကိုယ်ဟူ၍ နှစ်ကိုယ်ရှိ၏ ဟူလိုသည်၊ ရုပ်ကောင် နာမ်ကောင်ဟူ၍ နှစ်ကောင်ရှိ၏ဟူ၍သော် လည်းဆို၊ မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ရူပ, သဒ္ဒ, ဂန္ဓ, ရသအစရှိသော ရုပ်စု ရုပ်ပေါင်း ရုပ်တုံး ရုပ်ခဲစုသည် ရုပ်ခန္...
1,326,262
Uncategorized
အာဟာရဒီပနီ
--- ဒုက္ခပရိညာ
1,326,263
Uncategorized
အာဟာရဒီပနီ
အနိစ္စဘေးထိ၍, မရဏဘေးထိ၍, သေဘေးထိ၍ ခုတင်ခု သေ၍သေ၍နေရသော ရုပ်ကောင်, နာမ်ကောင် နှစ်ပါး၏ သုခမျိုး မဟုတ်၊ ဒုက္ခမျိုးစင်စစ်ဖြစ်မှုကို အလင်းထင်မြင်ဆုံးဖြတ်ပိုင်နိုင်သည်ကို ဒုက္ခပရိညာဆိုသည်။
1,326,264
Uncategorized
အာဟာရဒီပနီ
--- အနတ္တပရိညာ
1,326,265
Uncategorized
အာဟာရဒီပနီ
လောက၌ ထင်မြင်ယူမှတ် အတတ်စွဲမြဲ၍နေကြသော ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟူသည်မှာ တစ်ဘဝလုံးမှာမှ တစ်ယောက်တစ်ယောက်သာတည်း၊ တစ်နာရီအတွင်းမှာပင် ငါ အခါခါ သေသည်၊ အခါခါ ပဋိသန္ဓေနေသည်ဟူ၍အယူမရှိကြ။
1,326,266
Uncategorized
အာဟာရဒီပနီ
ထိုပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ၏ အထည်ခံ, အမာခံကား အတ္တတည်း၊ ထိုအတ္တ၏ အထည်ခံ, အမာခံမှာကား ဇီဝတည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုတစ်ခုသော ဘဝမှာ အသက်တမ်းရှည် သမျှတစ်ဘဝလုံးမှာ တစ်ယောက်တစ်ယောက်သာဖြစ်ခဲ့၍ ထိုအထည်ခံ, အမာခံဖြစ်သော အတ္တဇီဝသည်လည်း တစ်ဘဝလုံးမှာမှ တစ်ခုသာ အမှန်ဖြစ်၏ဟု မှတ်ထင်စွဲ၍နေကြ၏၊ ယခုလူတို့ အသက်တစ်...
1,326,267
Uncategorized
အာဟာရဒီပနီ
ဇီဝမှာလည်း အနှစ်တစ်ရာတမ်း၌ အနှစ်တစ်ရာနေရသော သူသည် အနှစ်တစ်ရာ အသက်ရှည်၏၊ အနှစ်တစ်ရာလုံးမှာမှ တစ်သက် သာဖြစ်၏၊ ဇီဝတစ်ခုသာဖြစ်၏၊ အနှစ်တစ်ရာအတွင်း၌ ထိုသူမှာ အခါခါအသက် ပျက်ဆုံးသည်ဟူ၍ မရှိ၊ သေဆုံးသည်ဟူ၍မရှိဟု ထင်မြင်စွဲလမ်း၍ နေကြကုန်၏၊ စတုမဟာရာဇ်နတ်ပြည်မှာ အနှစ်ငါးရာ သက်တမ်းရှိ၏၊ ထိုသို့ရှိသည်အလိုက် ထိုနတ်ပြည်မှာဖြစ်လေသောသူ၏ ...
1,326,268
Uncategorized
အာဟာရဒီပနီ
--- ဥစ္ဆေဒဒိဋ္ဌိ, သဿတဒိဋ္ဌိ
1,326,269
Uncategorized
အာဟာရဒီပနီ
သက္ကာယဒိဋ္ဌိအယူ၌ ပုဂ္ဂိုလ် သတ္တဝါတစ်ရပ်၊ ယောက်ျား မိန်းမတစ်ရပ်၊ ငါ သူတစ်ပါး တစ်ရပ်၊ အတ္တတစ်ရပ်၊ ဇီဝတစ်ရပ် ဤ ငါးရပ်တို့၏ အထူးအပြား ဥစ္ဆေဒဒိဋ္ဌိ, သဿတ ဒိဋ္ဌိနှစ်ပါးတို့၏ အထူး အပြားကို ဆိုဦးအံ့။
1,326,270
Uncategorized
အာဟာရဒီပနီ
အသက်ဇီဝရှိသူကို ပုဂ္ဂိုလ်သတ္တဝါဟု ထင်မှတ်စွဲလမ်းသည်၊ ထိုပုဂ္ဂိုလ်သတ္တဝါမှ လူအထွေထွေ, နတ်အထွေထွေ, ဗြဟ္မာ အထွေထွေ, ဆင်, မြင်း, ကျွဲ, နွားစသည်အထွေထွေ, အမိ အဖ စသည်အထွေထွေ များပြားသည်။
1,326,271
Uncategorized
အာဟာရဒီပနီ
ယောက်ျား မိန်းမ ဆိုသည်ကား ထိုထိုပုဂ္ဂိုလ်သတ္တဝါအပြားမှာ လိင်သဏ္ဌာန်အားဖြင့်ပြားပြန်သည်။
1,326,272
Uncategorized
အာဟာရဒီပနီ
အတ္တဆိုသည်ကား နူးညံ့လှစွာသော ရွံ့မြေကို လူရုပ်, နတ်ရုပ် စသည်တို့ပြုလုပ်ရာ၌ ပထဝီမျိုးဖြစ်သော ရွံ့မြေသည် အထည်ခံ, အမာခံဝတ္ထုရှိသည်ဟု ထင်မှတ်၍ ထိုပဓာနအင်္ဂါ အမာခံဝတ္ထုတစ်မျိုးကို အတ္တဟူ၍ စွဲလမ်းသတည်း၊ အထွေထွေ ကြံဖန်သိမြင်ခြင်း၊ အထွေထွေ ပြောဆိုငိုရယ်မြည်တွန်ခြင်း၊ ကိုယ်အင်္ဂါလှုပ်ရှားသွားလာခြင်း စသည်တို့ သည်ထိုအတ္တ၏အမှုတို့...
1,326,273
Uncategorized
အာဟာရဒီပနီ
ဇီဝဆိုသည်ကား ထိုအတ္တ၏ အမာခံတည်း၊ ဇီဝနှင့်ပြည့်စုံသည့် အတွက်ကြောင့် အတ္တသည်ကာလမြင့်ရှည် တည်နေနိုင် သည်ဟု ထင်မြင် စွဲလမ်းသည်။
1,326,274
Uncategorized
အာဟာရဒီပနီ
မည်သည့်ပုဂ္ဂိုလ်, မည်သည့်သတ္တဝါ၊ မည်သည့်ယောက်ျား၊ မည့်သည့်မိန်းမ၊ ဤကားငါတည်း၊ ဤကား မည်သူမည်ဝါ တည်းဟု ထင်မြင်ပြောဆိုရာ၌ ပုဂ္ဂိုလ်သတ္တဝါ အတ္တတို့ကို ပဓာနအာရုံပြု၍ ပြောဆိုကုန်သည်။
1,326,275
Uncategorized
အာဟာရဒီပနီ
ဤသူသည် အသက်ဆယ်နှစ်ရှိပြီ၊ ဆယ့်ငါးနှစ်ရှိပြီ၊ ဤသူကား အရှင်တည်း၊ ဤသူကား အသေတည်းဟု ပြောဆိုကြရာ၌ ဇီဝကို ပဓာနပြု၍ပြောဆိုကြကုန်သည်။
1,326,276
Uncategorized
အာဟာရဒီပနီ
နာမ်တရား, ရုပ်တရားနှစ်ပါးလုံးကိုပင် အတ္တဇီဝဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်တရားကိုသာ အတ္တဇီဝဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်ရုပ်တရားနှစ်ပါးမှ အလွတ်အသီးအခြားဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်ရုပ်တရားကို အတ္တဇီဝဟုယူရာ၌ အတ္တ ဇီဝသည် တစ်သက်လုံး တစ်ဘဝလုံး အခိုင်အမြဲ တစ်ခုတည်းအဖြစ်နှင့်တည်နေသကဲ့သို့ ရုပ်နာမ်သည်လည်း တစ်သက်လုံး တစ်ဘဝလုံး အခိ...
1,326,277
Uncategorized
အာဟာရဒီပနီ
ရုပ်ကား အတ္တဇီဝမဟုတ်၊ နာမ်သည်သာ အတ္တဇီဝဖြစ်သည်၊ စုတိကမ္မဇရုပ်ချုပ်ပျက်၍သေဆုံးရာ၌ ရုပ်သည်သာ ချုပ်ဆုံးသည်၊ အတ္တဇီဝဟုဆိုအပ်သော နာမ်သည်ကား ချုပ်သည်ဟူ၍မရှိ၊ ရုပ်ခန္ဓာ တစ်ခုချုပ်ဆုံးလျှင် ဘဝတစ်ပါးသို့ပြောင်း ကူး၍ ရုပ်ခန္ဓာအသစ်တစ်ခု တည်ထောင်၍ နေပြန်သည်ဟု ယူသည်ကား သဿတဒိဋ္ဌိတည်း။
1,326,278
Uncategorized
အာဟာရဒီပနီ
အတ္တဇီဝသည် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာမှ အလွတ် အသီးအခြား တည်းဟုယူရာ၌လည်း တစ်ဘဝမှာ တစ်ခါတစ်ခါ ရုပ်ခန္ဓာ နာမ်ခန္ဓာ ပျက်ဆုံးရာမှာအတ္တဇီဝလည်း တစ်ဘဝလျှင် တစ်ခါတစ်ခါပျက်ဆုံးသည် ဟုယူသည်ကား ဥစ္ဆေဒဒိဋ္ဌိတည်း။
1,326,279
Uncategorized
အာဟာရဒီပနီ
ရုပ်ခန္ဓာ, နာမ်ခန္ဓာသည်သာ တစ်ဘဝတွင် တစ်ခါတစ်ခါပျက်ဆုံး သည်၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှ အလွတ် တစ်ခြားတစ်ပါး ဖြစ်သော အတ္တဇီဝ မူကား ပျက်ဆုံးသည်ဟူ၍မရှိဟု ယူသည်ကား သဿတဒိဋ္ဌိတည်း။
1,326,280
Uncategorized
အာဟာရဒီပနီ
ဥစ္ဆေဒဒိဋ္ဌိကား တစ်ဘဝလျှင် တစ်ခါတစ်ခါ အတ္တဇီဝချုပ်ပြတ် သည်၊ နောက်နောက်ဘဝမှာ အတ္တသစ်, ဇီဝသစ် တည်ထောင်၍ သံသရာမှာ ကျင်လည်သည်ဟုယူ၏။
1,326,281
Uncategorized
အာဟာရဒီပနီ
--- နတ္ထိက, အဟေတုက, အကြိယဒိဋ္ဌိ နတ္ထိက, အဟေတုက, အကြိယဒိဋ္ဌိကြီးများမူကား ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမည်သည် တစ်ဘဝသာရှိသည်၊ ရှေ့ဘဝမှ ပြောင်း၍လာသည် ဟူ၍လည်း မရှိ၊ နောက်ဘဝသို့ ပြောင်းသည်ဟူ၍လည်းမရှိ၊ ပစ္စုပ္ပန်ဘဝ သာရှိကြသည်၊ ပစ္စုပ္ပန်ဘဝချုပ်ဆုံးလျှင် အပြီးတိုင် ချုပ်ဆုံးလေ တော့သည်၊ မကောင်းမှုကိုပြုသော်လည်း နောင်ဘဝ၌ ဒုက္ခအကျိုးက...
1,326,282
Uncategorized
အာဟာရဒီပနီ
(ဤကား ဥစ္ဆေဒဒိဋ္ဌိသာမညနှင့် မိစ္ဆာဒိဋ္ဌိကြီး သုံးပါး၏အထူးတည်း။
1,326,283
Uncategorized
အာဟာရဒီပနီ
) မိမိသန္တာန်၌ တစ်နာရီမျှကာလအတွင်းမှာပင် ရုပ်ကောင်, ရုပ်ခန္ဓာ အခါခါချုပ်ပျက်သေဆုံး၍နေမှု၊ နာမ်ကောင်, နာမ်ခန္ဓာခုတင်ခု အသစ် အသစ်ဖြစ်ပေါ်၍နေမှု၊ အသစ်အသစ်ဖြစ်ပေါ်ပြီးနောက်လည်း ခုတင် ခုချုပ်ပျက် သေဆုံး၍နေမှုကို အနိစ္စပရိညာဖြင့် ထင်လင်းစွာမြင်နိုင်သော ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာမူကား တစ်သက်အတွင်း တစ်ဘဝအတွင်း မှာ အခါခါ ချုပ်ပျက...
1,326,284
Uncategorized
အာဟာရဒီပနီ
ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမှာတစ်ဘဝဆုံးမှ တစ်ခါသာ သေသည် ဟုထင်မြင်စွဲလမ်းကြသည်၊ ငါ၏ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှာတစ်နာရီအတွင်း ခုတင်ခုသေဆုံး၍နေသည်၊ ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝမှာ အမိဝမ်း၌ ပဋိသန္ဓေ တည်နေမှုဖြင့်တစ်ဘဝတွင် တစ်ခါသာ အသစ်ဖြစ်ပေါ် တည် ထောင်မှုရှိသည်ဟု ထင်မြင်စွဲလမ်းကြသည်၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှာ တစ်နာရီအတွင်းမှာပင် အခါခါအ...
1,326,285
Uncategorized
အာဟာရဒီပနီ
(ဤကား တီရဏပရိညာသုံးပါး၏အထူးကို ပြဆိုချက်တည်း။
1,326,286
Uncategorized
အာဟာရဒီပနီ
ထိုသုံးပါးတွင် ကဗဠီကာရ အာဟာရ ကမ္မဋ္ဌာန်းအရာ၌ အနိစ္စ ပရိညာအချက်ကို အမြွက်မျှပြဆိုဦးအံ့။
1,326,287
Uncategorized
အာဟာရဒီပနီ
ဤအရာတွင် ဉာတပရိညာအချက်နှင့် စပ်ယှက်ရန် အခွင့်ရှိပြန် သောကြောင့်ရှေး၌ ပြဆိုခဲ့ပြီးသော ဉာတပရိညာ အစီအရင်မှ ကြွင်းကျန် သော အနုစိပ်ဉာတပရိညာအချက်ကို ဆိုလိုက်ဦးအံ့။
1,326,288
Uncategorized
အာဟာရဒီပနီ
အာဟာရဆိုသည်ကား မိမိ၏ဆိုင်ရာ ရုပ်နာမ်, နာမ်ခန္ဓာတို့ကို လွန်စွာရွက်ဆောင်နိုင်သော စွမ်းအားဗလ ကြီးကျယ်လှသောတရားကို အဟာရဆိုသတည်း၊ ထိုအာဟာရသည် ရုပ်အာဟာရတစ်ပါး၊ နာမ် အာဟာရသုံးပါးဟူ၍ လေးပါးရှိ၏၊ နာမ်အာဟာရ သုံးပါးမှာ နောက်၌ လာလတ္တံ့။
1,326,289
Uncategorized
အာဟာရဒီပနီ
--- ရုပ်အာဟာရ
1,326,290
Uncategorized
အာဟာရဒီပနီ
ရုပ်အာဟာရဆိုသည်ကား - ဩဇာရုပ်ကိုဆိုသတည်း၊ ရုပ်အနှစ်, ရုပ်အဆီဟူ၍လည်းကောင်း၊ ဓာတ်အနှစ်, ဓာတ်အဆီဟူ၍လည်းကောင်း ဆိုအပ်၏၊ ထိုဩဇာဓာတ်အဆီသည် အဇ္ဈတ္တဩဇာ ဗဟိဒ္ဓဩဇာ ဟူ၍ နှစ်ပါးရှိ၏၊ ပဋိသန္ဓေစိတ်ဥပါဒ်သည်မှစ၍ အဇ္ဈတ္တရုပ်သန္တာန်မှ အစဉ်ပါ လာခဲ့သော ဩဇာစုသည် အဇ္ဈတ္တဩဇာမည်၏၊ ကလလ ရေကြည် တည်သော သတ္တာဟမှ နောက်သတ္တာဟအလွန်တွင် အမိမျိုသော အစာမ...
1,326,291
Uncategorized
အာဟာရဒီပနီ
တစ်သတ္တာဟ နှစ်သတ္တာဟ အလွန်မှစ၍ အဘယ့်ကြောင့် ဗဟိဒ္ဓ ဩဇာ မပြတ်မစဲ အမြဲထောက်ပံ့ရလေသနည်းဟူမူ ဗဟိဒ္ဓဩဇာ ကူညီ ထောက်ပံ့မှုမရှိခဲ့လျှင် အားနည်းစွာသော အဇ္ဈတ္တဓာတ်ဆီစုကို အား ကြီးစွာသော အဇ္ဈတ္တဓာတ်မီးလောင်သဖြင့် အလျင်အမြန် ခန္ဓာကာယ ခြောက်ခန်းပျက်ဆုံးရာသောကြောင့်တည်း။
1,326,292
Uncategorized
အာဟာရဒီပနီ
ချဲ့ဦးအံ့၊ ကောင်းစွာ ကျစ်အပ်သော မီးစာဂွမ်းတောင့်ငယ်ကို နှမ်းဆီမှာစိမ်၍ မီးခွက်ငယ်နှင့်မီးထွန်းရာ၌ မီးခွက်ငယ်မှာ နှမ်းဆီအပို မထည့်မူ၍ မီးစာတွင်းမှာရှိသော ဆီအတိုင်းနှင့်မီးထွန်းခဲ့သည်ရှိသော် နှမ်းဆီအား ထက်မီးအားကကြီးသဖြင့် ခဏချင်း ဆီရော မီးစာရော အကုန်လောင်ကျွမ်း၍ ခဏချင်း ဆီလည်းကုန် မီးစာလည်းကုန် မီးလည်းသေလတ္တံ့၊ မီးစာ၏ အ...
1,326,293
Uncategorized
အာဟာရဒီပနီ
လောက၌ မီးတို့သဘောမည်သည် မိမိ၏တည်ရာစွဲရာ ဝတ္ထုမှာ ရှိသော အဆီကိုအမြဲစား၏၊ လောင်၏၊ အဆီကို နှိုက်၍ နှိုက်၍ လိုက်စားသဖြင့် အဆီ၏တည်ရာ ထင်း သစ်သားစသည်ကိုလည်း လောင်လေတော့သည်၊ ကိုယ်ခန္ဓာနှင့် အပြည့်ရှိနေသော တေဇောဓာတ် ပရမတ်မီးသည်လည်း ထို့အတူပင် သဟဇာတ်ဓာတ်ဆီနှင့်တကွ ပထဝီမီးစာကို အတွင်လောင်ကျွမ်း ကုန်ဆုံးစေမြဲ ဓမ္မတာပင်တည်း၊ ထို့က...
1,326,294
Uncategorized
အာဟာရဒီပနီ
တစ်ကိုယ်လုံးမှာ အပြည့်ရှိနေသော အဇ္ဈတ္တဓာတ်မီး၏ အချက် ကို မြင်ပါလျှင် လူ နတ် ခန္ဓာနှင့်တကွ ရုပ်ခန္ဓာဟူသမျှမှာပင် အမြဲလျှင် တစ်ရှိန်းရှိန်းတကြွကြွ တစ်ရွရွနေသည်ကို မြင်နိုင်လတ္တံ့၊ တစ်ရှိန်းရှိန်း တစ်ကြွကြွ တစ်ရွရွဟူသောစကား၌ ခပ်သိမ်းသောမီးတို့၏ သဘောသည် ဖြစ်ပေါ်ပြီးသောအခါ မှီရာ မီးစာဝတ္ထုကို အတင်းဖမ်း၍ စားမြဲတည်း၊ အစာကိုလှ...
1,326,295
Uncategorized
အာဟာရဒီပနီ
(ဤကား ဗဟိဒ္ဓ ဓာတ်ဆီဩဇာ အာဟာရကို တစ်နေ့တစ်နေ့ လျှင် နှစ်ခါနှစ်ခါ အမြဲမျိုရမှုမှာ သိမြင်ရာသော ယုတ္တိအချက်တည်း။
1,326,296
Uncategorized
အာဟာရဒီပနီ
တစ်နေ့ တစ်နေ့လျှင် ဗဟိဒ္ဓအာဟာရ နှစ်ခါနှစ်ခါ သွပ်သွင်းရ သည်ကိုမြင်ကြသဖြင့် ဤကိုယ်ခန္ဓာ ရူပကာယကြီးလည်း တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါအသစ်အဟောင်း ပြောင်းလဲရသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါ အသစ်အဟောင်း ပြောင်းလဲရသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါ အကုန်သေဆုံး၍ နှစ်ခါနှစ်ခါ အသစ်ဖြစ်ပေါ် ရသည်ဟု သိအပ်၏။
1,326,297
Uncategorized
အာဟာရဒီပနီ
အဘယ်သို့လျှင် ဤကိုယ်ခန္ဓာတစ်ကောင်လုံး တစ်နေ့ တစ်နေ့ လျှင် နှစ်ခါနှစ်ခါအသစ်အဟောင်း အကုန်ပြောင်းလဲသနည်းဟူမူ နံနက်အခါအစားမစားမီ ရှေးအဖို့ဝယ် တစ်ကိုယ်လုံးသည် ညှိုးနွမ်းသော ရုပ်ကလာပ် အစုအခဲကြီးဖြစ်၏၊ ထမင်းအစာကို မျိုလိုက်သောအခါ ဝမ်းတွင်းသို့ ထမင်းတစ်လုတ်စာ ရောက်သည်မှစ၍ ရွှင်လန်းသော ရုပ်သစ် ကလာပ်သစ်တို့သည် တစ်ဖွားဖွားဖြစ်ပေါ...
1,326,298
Uncategorized
အာဟာရဒီပနီ
ထိုစကားမှန်၏၊ ဤကဲ့သို့ရုပ်စဉ် ကလာပ်စဉ် အကုန်ပြတ်၍ မသွားပဲ အသစ်အဟောင်းပြောင်းလဲမှုမျိုး၌ ရုပ်ကလာပ် တို့၏တဖြုတ် ဖြုတ်ချုပ်ဆုံးကွယ်ပျောက်မှု၊ တရွရွ အသစ်အသစ်ဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့၏၊ ပကတိမျက်စိအရာမဟုတ်၊ ဉာဏ်မျက်စိအရာသာ တည်း၊ အဘယ်သို့လျှင် ဉာဏ်မျက်စိနှင့်မြင်နိုင်သနည်းဟူမူ သီတရုပ် တစ်မျိုး၊ ဥဏှရုပ်တစ်မျိုး၊ သီတ ရုပ်သည်...
1,326,299
Uncategorized
အာဟာရဒီပနီ
မှောင်ရုပ် မှောင်ကလာပ်စုမှာလည်း ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာအကုန်ပါရှိ၏၊ အလင်းကလာပ်စုမှာ လည်း ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ အကုန်ပါရှိ၏၊ ပထဝီခေါ်သော ပရမတ်မြေသည် အဘယ်မျှလောက် သိမ်မွေ့သည်ဟု နှိုင်းချိန်ချက်တည်း၊ အာပေါခေါ်သော ပရမတ်ရေ၊ တေဇော ခေါ်သော ပရမတ်မီး၊ ဝါယောခေါ်သောပရမတ်လေ စသည် တို့...
1,326,300
Uncategorized
အာဟာရဒီပနီ
ထိုကြာပန်း၌ ရေထဲသို့ရောက်လျှင်ပင် အပူပျောက်ငြိမ်းပြီဟု လူတိုင်းသိကြ၏၊ အပူပျောက်ငြိမ်းမှုဆိုသည်ကား အပူရုပ် ကလာပ်စု အကုန်ချုပ်ကွယ်မှုပင်တည်းဟု မသိကြ၊ ထိုကြာပန်း၌ ရေသို့ရောက် သည်နှင့် တစ်ပြိုင်နက် ကြာပန်းပူမဟုတ်၊ ကြာပန်း အေးဖြစ်ပြီဟုသိကြ၏၊ အအေးရုပ် ကလာပ်စု တစ်ပြိုင်နက်ဖြစ်ပေါ်မှုဟု မသိကြ၊ သီတရုပ် တစ်မျိုး၊ ဥဏှရုပ်တစ်မျိုး...