id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,326,301 | Uncategorized | အာဟာရဒီပနီ | ရေပွက်ကြီးတွေမှာ ထင်သော လူရိပ်သည် ရေပွက်ကြီးချုပ် ပျောက်လျှင် ချုပ်ပျောက်လေသကဲ့သို့ ရုပ်ဟောင်းစုမှာ မှီ၍ဖြစ်ပေါ်သော စိတ်တရား၊ ဝေဒနာ, သညာ, စေတနာ, မနသိကာရတရား၊ ဝိတက်, ဝိစာရ, ဝီရိယတရား၊ လောဘ, ဒေါသ, မောဟ, စသည်တို့သည် ထိုရုပ် ဟောင်းတို့ချုပ်ကွယ်သေဆုံးရာမှာ အတူတကွ ချုပ်ကွယ်သေဆုံးကြ လေကုန်သည်။ |
1,326,302 | Uncategorized | အာဟာရဒီပနီ | (ဤကား တစ်နေ့ တစ်နေ့မှာ နာမ်ကောင်ကြီး နှစ်ခါ နှစ်ခါ သေဆုံးရပုံတည်း။ |
1,326,303 | Uncategorized | အာဟာရဒီပနီ | ) ဤသို့ ကဗဠီကာရ အာဟာရကိုအမှီပြု၍ တစ်ယောက် တစ် ယောက်သောသတ္တဝါ၏ ရုပ်ခန္ဓာ နာမ်ခန္ဓာ ရုပ်ကောင် နာမ်ကောင် တစ်နေ့ တစ်နေ့လျှင်နှစ်ခါနှစ်ခါ နေ့စဉ်နေ့တိုင်း သေဆုံး၍နေပုံကို သိအပ်၏၊ ဤစကားသည်လည်း အကြမ်းမျှသာတည်း၊ တစ်နာရီမှာပင် ထိုခန္ဓာနှစ်ကောင်လုံး အခါခါသေဆုံးမှု၊ မျက်တောင်တစ်ခတ်မှာပင် အခါခါသေဆုံးမှုများကိုကား ငါတို့စီရင်သော“လက္... |
1,326,304 | Uncategorized | အာဟာရဒီပနီ | ဤကား အနိစ္စပရိညာ အစီအရင်တည်း။ |
1,326,305 | Uncategorized | အာဟာရဒီပနီ | ဒုက္ခပရိညာ |
1,326,306 | Uncategorized | အာဟာရဒီပနီ | ဒုက္ခပရိညာ၌ မရဏဒုက္ခကိုရှေး၌ အကျဉ်းမျှပြဆိုခဲ့ပြီ၊ ဤ၌ ဒုက္ခစက်ကြီး ဆယ်ရပ်နှင့်စပ်၍ ပြဆိုဦးအံ့။ |
1,326,307 | Uncategorized | အာဟာရဒီပနီ | ကာမဘုံသားတို့၏ အသက်ဝိညာဏ်ခန္ဓာသည် အဇ္ဈတ္တဩဇာမှာ မှီတွယ်ရသည်၊ အဇ္ဈတ္တဩဇာသည်လည်း ဗဟျဒ္ဓဩဇာမှာ မှီတွယ်ရသည်၊ ဗဟိဒ္ဓဩဇာသည်သည် ဆန်စပါး, ပြောင်း, ပဲအစရှိသော မြေဖြစ် ရေဖြစ် တောဖြစ် တောင်ဖြစ် သစ်ပင် ချုံမြက် သူ့အသက် သူ့ခန္ဓာစသည်မှာ မှီတွယ်ရသည်၊ အကြင်မျှလောက်သော ဘဝသံသရာ ကာလပတ်လုံး ကာမမျိုးဖြစ်သော အသက်ခန္ဓာ, နာမ်, ရုပ်တို့မှ မကျွ... |
1,326,308 | Uncategorized | အာဟာရဒီပနီ | (ဤကား စက်ကြီးဆယ်ရပ်နှင့်စပ်၍ ထင်မြင်အပ်သော ကဗဠီကာရ အာဟာရဒုက္ခတည်း။ |
1,326,309 | Uncategorized | အာဟာရဒီပနီ | ) ဒုက္ခပရိညာ အမြွက်ပြီး၏။ |
1,326,310 | Uncategorized | အာဟာရဒီပနီ | အနတ္တပရိညာသည် အနိစ္စမှုနှင့် စပ်၍ရှုအပ်သော အနတ္တပရိညာ၊ ဒုက္ခမှုနှင့်စပ်၍ ရှုအပ်သော အနတ္တ ပရိညာ၊ အလိုသို့မလိုက်ခြင်းနှင့်စပ်၍ ရှုအပ်သော အနတ္တပရိညာဟူ၍သုံးပါးရှိ၏၊ ထိုသုံးပါးတွင် အနိစ္စမှု နှင့်စပ်၍ရှုအပ်သော ပရိညာကိုရှေး၌ ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝ မရှိပုံနှင့် တကွပြဆိုခဲ့ပြီ။ |
1,326,311 | Uncategorized | အာဟာရဒီပနီ | ဒုက္ခမှုနှင့်စပ်၍ ရှုအပ်သော အနတ္တပရိညာဆိုသည်ကား ခပ်သိမ်း သော သတ္တဝါတို့၏ ဓမ္မတာသဘောသည် ချမ်းသာသုခကိုသာအလိုရှိ၏၊ ဆင်းရဲဒုက္ခကိုကြောက်လန့်စက်ဆုပ်၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ အာဟာရနှစ်ပါး သည် ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝ ဖြစ်ခဲ့အံ့၊ ပုဂ္ဂိုလ်၏အလိုဆန္ဒနှင့် တစ်လုံး တစ်စည်းတစ်ထပ်တည်း တစ်လမ်းတည်းလိုက်ရာ၏၊ အာဟာရအတွက် ပုဂ္ဂိုလ်အလို ရှိအပ်သော ... |
1,326,312 | Uncategorized | အာဟာရဒီပနီ | ဤကား ဒုက္ခဖြစ်အောင် ပြုမှုနှင့်စပ်၍ ရှုအပ်သော အနတ္တ အစီအရင် အမြွက်တည်း။ |
1,326,313 | Uncategorized | အာဟာရဒီပနီ | အလိုသို့ မလိုက်မှုနှင့်စပ်၍ ရှုအပ်သော အနတ္တ အခြင်းအရာ ဆိုသည်ကား ထိုဒုက္ခဖြစ်စေမှုနှင့်လည်း ထင်ရှား၏၊ ပုဂ္ဂိုလ်၏ အလိုသို့ လိုက်ပါမူကား ပုဂ္ဂိုလ်အသက်ရှည်တိုင်း အဇ္ဈတ္တအာဟာရသည် အသက် ရှည်ရာ၏၊ ပုဂ္ဂိုလ်သည် အသက်ရှည်ခြင်းကိုသာ အလိုရှိ၏၊ သေဆုံးခြင်း ပျက်စီးကုန်ခမ်းခြင်းကိုအလိုမရှိ၊ ပုဂ္ဂိုလ်၏အလိုသို့လိုက်ပါ၍ အခါခါ မပျက်မဆုံး မ... |
1,326,314 | Uncategorized | အာဟာရဒီပနီ | ဤကား အလိုသို့ မလိုက်မှုနှင့် စပ်၍ ရှုအပ်သော အနတ္တ သဘောတည်း။ |
1,326,315 | Uncategorized | အာဟာရဒီပနီ | အနတ္တပရိညာ အမြွက်ပြီး၏။ |
1,326,316 | Uncategorized | အာဟာရဒီပနီ | --- တီရဏာပရိညာနှင့်ဉာဏ်သုံးပါး |
1,326,317 | Uncategorized | အာဟာရဒီပနီ | ဤကိုယ်သန္တာန်၌ ရုပ်ခန္ဓာ နာမ်ခန္ဓာနှင့်တကွ အဇ္ဈတ္တာဟာရ ဗဟိဒ္ဓရဟာရ နှစ်ပါးတို့၏ တစ်နေ့တစ်ရက်အဖို့မှာပင် အခါခါသေ ဆုံးပြောင်းလဲ၍နေသောအနိစ္စမှုကိုဖုံးလွှမ်း၍နေသော အနိစ္စ သမ္မောဟ တရား၊ ပြဆိုခဲ့ပြီးသော ဒုက္ခမှု အနတ္တမှုတို့ကို ဖုံးလွှမ်း၍နေသော ဒုက္ခသမ္မောဟတရား၊ အနတ္တသမ္မောဟ တရားကွာရှင်း၍ ဤကိုယ် ခန္ဓာနှင့်တကွ ကဗဠီကာရာအာဟာရနှစ... |
1,326,318 | Uncategorized | အာဟာရဒီပနီ | မျက်စိဖြင့် မြင်သကဲ့သို့ဉာဏ်အမြင်ပေါက်မှ ဝိပဿနာဉာဏ်ဖြစ် သည်၊ အဘိဓမ္မာကျမ်းဂန်တတ်၍ ဓမ္မသဘာဝတို့ကို နေရာကျသိနိုင် သော သဘောယုတ္တိဉာဏ်မျိုးသည် ဝိပဿနာဉာဏ်မဟုတ်၊ သုတမယ ဉာဏ်သာတည်း၊ ဝိပဿနာဉာဏ်ကား စိန္တာမယဉာဏ်တည်း၊ ယခုကာလ ၌ကား သုတမယဉာဏ်အနေနှင့် ထင်မှုမြင်မှု နှလုံးသွင်းမှုကိုပင် ဝိပဿနာဉာဏ်ဟုထင်မှတ်၍ နေကြသူများ၏၊ ဆေးသောက်လို၍ မီ... |
1,326,319 | Uncategorized | အာဟာရဒီပနီ | ကွယ်ပျောက်မှုကိုသာ အထူးကွက်ခြား၍ ပစ္စက္ခဒိဋ္ဌ အမြင် ပေါက် အောင်ရှုမှုသည် ဘင်္ဂဉာဏ်မည်၏။ |
1,326,320 | Uncategorized | အာဟာရဒီပနီ | တီရဏပရိညာပြီး၏။ |
1,326,321 | Uncategorized | အာဟာရဒီပနီ | ၄- ကဗဠီကာရ၌ ပဟာနပရိညာ |
1,326,322 | Uncategorized | အာဟာရဒီပနီ | ပဟာနပရိညာကိုပြဆိုအံ့။ |
1,326,323 | Uncategorized | အာဟာရဒီပနီ | ရှေးရှေးသော ဘုရားသာသနာတို့၌ ကြုံကြိုက်၍ ပရမတ္ထခန္ဓာ ဝိပဿနာအချက်များကို ထိထိမိမိ ထင်မြင် အောင် အားထုတ်ခဲ့ကြဖူးကုန်သော ပုဂ္ဂိုလ်တို့သန္တာန်မှာရှိနေကုန်သော ကိလေသာတို့သည် အမြစ်တွေကို ပိုးကိုက်၍ သေလုသေချင်ပင်ဖြစ် နေသော်လည်း မြေဥတု ရေဥတုကောင်းသည့်အတွက် တစ်ပါးသော သစ်ပင်တို့ကဲ့သို့ပင် စိမ်းရှည်ကြီးပွားစည်ကား၍ နေကြကုန်သကဲ့သို့ ... |
1,326,324 | Uncategorized | အာဟာရဒီပနီ | ရှေးရှေးသော ဘုရားသာသနာ၌ ဒါနမှု သီလမှု ပရိယတ္တိ ဗဟုသုတမှုများကိုသာ အားထုတ်၍ ဝိပဿနာအချက်ကို ထိထိမိမိဖြစ် မြောက်အောင် အားမထုတ်ခဲ့ပဲ အတုအပယောင်ယမ်းမြည်တမ်း ရွတ်ဖတ်သရဇ္ဈာယ်ရုံမျှဖြစ်သော အနိစ္စ,ဒုက္ခ, အနတ္တနှင့်ပြီး၍လာခဲ့ကြ သော ပုဂ္ဂိုလ်တို့မှာ ကိလေသာတို့သည် အမြစ်အခြေ ခိုင်မြဲကုန်၏၊ ဉာတပရိညာ,တီရဏပရိညာ အလွန်မှာ နုံ့နဲ့ရုံမျှသ... |
1,326,325 | Uncategorized | အာဟာရဒီပနီ | ပဟာနပရိညာကိစ္စကို ရက်လများစွာ အားထုတ် နိုင်မှ အမြစ်အခြေနှင့် တကွ ကျွတ်လွတ်ချုပ်ငြိမ်းကုန်သည်၊ ဤကဲ့သို့သော ပုဂ္ဂိုလ်တို့သည်ကား ဉာတကိစ္စ တီရဏကိစ္စ ပြီးစီးသည့်နောက် ပဟာနပရိညာကိစ္စ ပြီးစီး သည့်နောက် ပဟာနပရိညာကိစ္စကို တခမ်းတနား ရက်များစွာ လများစွာ နှစ်များစွာ အားထုတ်ကြကုန်၏။ |
1,326,326 | Uncategorized | အာဟာရဒီပနီ | ပဟာနပရိညာကိစ္စ ဆိုသည်ကား ဝိပဿနာအရာ၌ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊ ဤဉာဏ်ခုနှစ်ပါး ဆိုသတည်း၊ မဂ်ဉာဏ်လေးပါးသည် ပဟာနပရိညာ အထွတ်အထိပ်တည်း။ |
1,326,327 | Uncategorized | အာဟာရဒီပနီ | ဝိပဿနာဉာဏ် ခုနစ်ပါးတို့တွင် ဘယဉာဏ်ဆိုသည်ကား ဤ ကဗဋီကာရအာဟာရ ကမ္မဋ္ဌာန်းအရာ၌ ကာမဘုံသားတို့၏ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့နှင့်တကွ ထိုရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ တွယ်တာရာ အဇ္ဈတ္တာဟာရ ဗဟိဒ္ဓါဟာရ နှစ်ပါးတို့ကို ကြောက်မက်ဖွယ်သော ဘေးဥပဒ် အနေအားဖြင့် ရှုမြင်သော ဉာဏ်ပေတည်း၊ ဤခန္ဓာ ဤအာဟာရတို့ကို မိမိကိုယ် မိမိဥစ္စာပြုလုပ်၍သံသရာမှာ ကျင်လည... |
1,326,328 | Uncategorized | အာဟာရဒီပနီ | ကြီးစွာသော ဘေးဘယကို မြင်ပြီးနောက် ကာမခန္ဓာနှင့် အာဟာရ နှစ်ပါးတို့မှ မလွတ်သမျှ ကာလပတ်လုံး ဒုက္ခစက်ကြီး ဆယ်ပါးတို့မှ လွတ်နိုင်ရန်အခွင့်ဟူ၍ အဏုမြူမျှ ကိုးကွယ်ရာ အပေါက်အလမ်း မရှိသည်ကို မြင်မှုသည် အာဒီဝနဉာဏ်မည်၏၊ နတ်ပြည်ခြောက်ထပ်မှာ နတ်မင်း သိကြားမင်းဖြစ်၍ နေခိုက်ပင် ကျသော်လည်းအာဟာရ နှစ်မျိုး ထွက်သော ကိလေသဒုက္ခ စက်ကြီးသည် စ... |
1,326,329 | Uncategorized | အာဟာရဒီပနီ | အာဒီဝနဉာဏ် ထက်သန်သောအခါ ကာမခန္ဓာနှင့် အာဟာရ နှစ်ပါးတို့၌ငြိတွယ်သော နိကန္တိတဏှာသည် ခန်းခြောက်၏၊ ယခုဘဝ မိမိကိုယ်ခန္ဓာပြု၍နေရသော ကာမခန္ဓာနှင့် အာဟာနှစ်ပါးတို့၌ စိတ် အပျက်ကြီးပျက်၏၊ စိတ်ကုန်ခန်း၏၊ ငြီးငွေ့၏၊ ထိုသို့ငြီးငွေ့သောဉာဏ်ကို နိဗ္ဗိဒါဉာဏ်ဆိုသတည်း၊ ဤနိဗ္ဗိဒါဉာဏ်သို့ ရောက်သောအခါမှ ထိုပုဂ္ဂိုလ် ကို ဗလဝဝိပဿနာယောဂီပုဂ္ဂ... |
1,326,330 | Uncategorized | အာဟာရဒီပနီ | ဤနိဗ္ဗိဒါဉာဏ်ဖြစ်လာသောအခါ၌မူကား မိမိကိုယ်ခန္ဓာကို သာယာသဖြင့်ပြုပြင်မှု ကဗဠီကာရ အာဟာရ၌ သာယာမှု နည်းပါး၍ သွားကုန်၏၊ အဘယ်အခါသာယာရွှင်လန်းသော စိတ်မရှိ၊ အခါခပ်သိမ်း ညှိုးနွမ်းသော စိတ်သည်တည်၏၊ လူ့ပြည် နတ်ပြည်မှာ သာယာဖွယ် ဟူ၍ ရှာကြံမရရှိ၏၊ ထိုအခါ လူ့ခန္ဓာ နတ်ခန္ဓာတို့နှင့် အာဟာရနှစ်ပါးတို့မှ အလျင်အမြန်ကျွတ်ပြီးလွတ် ပြီးဖြစ်လိ... |
1,326,331 | Uncategorized | အာဟာရဒီပနီ | ခွေးပုပ်ကြီးနှင့် ဤကိုယ်ခန္ဓာတူစေ၊ ကြပ်တည်းစွာချည်နှောင် ထားသောကြိုးနှင့် ယခုရှိနေသော ခန္ဓနိကန္တိ အာဟာရနိကန္တိ တဏှာ တူစေ။ |
1,326,332 | Uncategorized | အာဟာရဒီပနီ | ဤအာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ် သုံးပါး သည်လည်း ဒုက္ခပရိညာမျိုးပင်တည်း၊ ဤဉာဏ်ကို ရောက်သောပုဂ္ဂိုလ် သည် မိမိ၏ရူပကာယခန္ဓာကြီးနှင့်တကွ အဆင်းအသံအစရှိသော ဗာဟိရရုပ်တို့၌လည်း စက်ဆုပ်လှသည့်အတွက် သာယာရွှင်လန်းသဖြင့် ကိုယ်အင်္ဂါတို၏ ကြွရွလှုပ်ရှားခြင်းမရှိ၊ ရွှင်ကြွသော စကားမျိုးကို ပြောဆိုခြင်းမရှိပြီ၊ မိမိနာမ်ခန္ခာ... |
1,326,333 | Uncategorized | အာဟာရဒီပနီ | ဉာဏ်ကုန်လွှတ်၍ ရှုသဖြင့် မိမိကိုယ်ခန္ဓာ၌ငြိတွယ်သော နိကန္တိ တဏှာ၊ အာဟာရဝတ္ထုတို့၌ သာယာသော နိကန္တိတဏှာ၊ ဤလောက အတွင်းမှာရှိကြသော ကာမဝတ္ထုတို့၌သာယာသော တဏှာဝိညာဏ် ခြောက်ပါးနှင့်တကွသော စိတ်စေတနာ နာမ် ခန္ဓာတို့၌သာယာသော နိကန္တိတဏှာ၊ အရှင်းကွာလေ၍ ဤကာမဘဝ အာဟာရဒုက္ခတို့မှ ကျွတ်လွတ်တော့မည်ဧကန်ဟု သန္နိဋ္ဌာန်ချနိုင်သောအခါမှာ ရှေးအဖိ... |
1,326,334 | Uncategorized | အာဟာရဒီပနီ | အနုလောမဉာဏ်ဆိုသည်ကား-မဂ်၏ အနီး၌ဖြစ်သော ပရိကံ ဥပစာအနုလုံတို့ကိုဆိုသတည်း။ |
1,326,335 | Uncategorized | အာဟာရဒီပနီ | ဝိပဿနာ ပဟာနပရိညာ အစီအရင် ပြီး၏။ |
1,326,336 | Uncategorized | အာဟာရဒီပနီ | လောကုတ္တရာ ပထမ ပရိညာ |
1,326,337 | Uncategorized | အာဟာရဒီပနီ | မဂ်ဉာဏ်လေးပါးသည် လောကုတ္တရာ ပရိညာမည်၏၊ ထိုလေး ပါးတွင် သောတာပတ္တိမဂ်သို့ရောက်သောအခါ နိစ္စသညာ, နိစ္စဒိဋ္ဌိ, အတ္တသညာ, အတ္တဒိဋ္ဌိနှင့်ယှဉ်သော ကာမ ဘဝနိကန္တိတဏှာ အာဟာရ နိကန္တိတဏှာ ဟုဆိုအပ်သော သမုဒယသစ္စာတဏှာ တစ်စိတ်သည် အမြစ်နှင့်တကွကျွတ်လွတ် ချုပ်ငြိမ်းလေ၏၊ ထိုအခါမှစ၍ ထိုပုဂ္ဂိုလ် သန္တာန်မှာခန္ဓာတို့၌လည်းကောင်း, နိစ္စအတ္တအနေန... |
1,326,338 | Uncategorized | အာဟာရဒီပနီ | သုခသညာမူကား ကျန်ရှိ၏၊ ထိုဒိဋ္ဌိစု အကုန်ချုပ်ငြိမ်းသည့်အတွက် ထိုပုဂ္ဂိုလ်သန္တာန်မှာ အပါယ်ဖြစ်အပါယ်ကြော အကုန်ပြတ်လေ၏၊ အတိတ်ကာလတို့မှ ပါရှိ၍နေသော ဒုစ္စရိုက်ကံစု၊ နောက်နောက် ကာလတို့၌ပြုလတ္တံ့သော ဒုစ္စရိုက်ကံစု အကုန်ပျောက်ဆုံးလေကုန်၏၊ ထိုပုဂ္ဂိုလ်၌ နောင်သံသရာ၌ကျင်လည် ရသေးသော်လည်း ရုန့်ရင်းသော ကိလေသာဒုက္ခစက်၊ ခပ်သိမ်းသောဒုစ္... |
1,326,339 | Uncategorized | အာဟာရဒီပနီ | လူ့ဘဝတို့မှာဖြစ်၍သွားသော်လည်း ယုတ်ညံ့သော လူ့ဘဝ ဆင်းရဲနွမ်းပါးသောလူ့ဘဝတို့မှာ ဖြစ်ခြင်းမရှိပြီ၊ သေဋ္ဌေး သူတော် ကောင်း၊ သူကြွယ်သူတော်ကောင်း၊ မင်းစိုးရာဇာ သူတော်ကောင်း ဘဝတို့၌သာ ဖြစ်လေတော့သည်၊ နတ်ပြည်မှာဖြစ်သော်လည်း ယုတ်ညံ့သော ဘုန်း တန်ခိုးအရှိန်သေးသိမ်သော မိစ္ဆာနတ်မျိုးမှာ ဖြစ်ခြင်းမရှိပြီ၊ ဘုန်းတန်ခိုး အရှိန်အဝါကြီးမြတ်... |
1,326,340 | Uncategorized | အာဟာရဒီပနီ | သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတည်းဟူသော အပါယ်မြစ် အပါယ်ကြော ပုထုဇ္ဇဉ်မြစ် ပုထုဇ္ဇဉ်ကြော ပြတ်ပြီးဖြစ်၍ ထိုသို့ပင် ခံစားမှု စံစားမှုရှိသေး သော်လည်း အပါယ်နှင့်တကွ ယုတ်ညံ့သောလူ့ဘဝ, ယုတ်ညံ့သော နတ် ဘဝတို့၌ ဖြစ်ရခြင်းမရှိပြီ၊ တစ်ဘဝထက် တစ်ဘဝကြီးမြတ်၍ တစ်ဘဝ ထက် တစ်ဘဝ အလိမ္မာကြီးပွား၍သာသွားတော့သည်။ |
1,326,341 | Uncategorized | အာဟာရဒီပနီ | စောဒနာတက်ဖွယ်ရှိ၏၊ သောတပတ္တိမဂ်သို့ မရောက်မီရှေး အဖို့၌ဖြစ်သော ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာ ဉာဏ်တို့ကို ရောက်သောအခါ၌ ကာမဘုံသားတို့၏ခန္ဓာနှင့်တကွ အာဟာရနှစ်ပါး ကာမဂုဏ်တရားတို့ကို အလွန်ကြီးကြောက်လန့် စက် ဆုပ်အောင် အားထုတ်ရသည်၊ သောတာပတ္တိမဂ်သို့ ရောက်ပြီးသော အခါ ထိုခန္ဓာ, ထိုအာဟာရ, ထိုကာမဂုဏ်တို့ကို အလွန... |
1,326,342 | Uncategorized | အာဟာရဒီပနီ | လူတစ်ယောက်မှာ ကောင်းမွန်သော အမဲသား, ဝက်သား, ကြက်သား, ငါးသားတို့ကို စားမိလျှင် ထွန့်ထွန့်လူး, ဖြတ်ဖြတ် လူးခံရအောင် မျက်စိအင်္ဂါ, နားအင်္ဂါ စသည်သော်လည်း ပျက်စီးအောင် သေသော်လည်းသေဆုံးအောင် ထကြွသော ရောဂါဆိုး အနာဆိုး ရှိ၏၊ ထိုရောဂါကိုပျောက်ငြိမ်းအောင် ဆေးဝါးကုစား အားထုတ်သောအခါ၌ ထိုကောင်းမွန်သော အသားမျိုးကို အလွန်ကြောက်ရ၏၊ က... |
1,326,343 | Uncategorized | အာဟာရဒီပနီ | အနာဆိုး, ရောဂါဆိုးနှင့် ငါငါဟူ၍ငါ၏ကိုယ်ဟူ၍ စွဲလမ်းသော သက္ကာယဒိဋ္ဌိအပါယ်မြစ် အပါယ်ကြောကြီး တူ၏၊ ကောင်းမွန်သော သား ငါး အရသာမျိုးတို့နှင့်လူ့ခန္ဓာ, နတ်ခန္ဓာ, လူ့အာဟာရ, နတ်အာဟာရ, လူ့ကာမဂုဏ်, နတ်ကာမဂုဏ် တူ၏၊ အလွန်ဆင်းရဲဒုက္ခဖြစ်အောင် အင်္ဂါ ခြေ လက် ပျက်လေအောင် အသက်ခန္ဓာ သေဆုံးလေအောင်, ရောဂါ တိုးပွားမှုနှင့် မဟာအဝီဇိ ငရဲကြီး... |
1,326,344 | Uncategorized | အာဟာရဒီပနီ | လောကုတ္တရာ ပထမပရိညာ ပြီး၏။ |
1,326,345 | Uncategorized | အာဟာရဒီပနီ | လောကုတ္တရာ ဒုတိယ ပရိညာ |
1,326,346 | Uncategorized | အာဟာရဒီပနီ | သကဒါဂါမိမဂ်သည် ဒုတိယပရိညာမည်၏၊ သောတာပန် ပုဂ္ဂိုလ်၏သန္တာန်၌ ကျန်ရှိသေးသောကိလေသာတို့တွင် ခက်ထန်ရုန့်ရင်း သော ကိလေသာတို့ကို သကဒါဂါမိမဂ်သည် ပယ်၏၊ သကဒါဂါမ်ပုဂ္ဂိုလ် သည် သောတာပန်ပုဂ္ဂိုလ်ထက် ကိလေသာအရာ၌ နည်းပါးရုံမျှသာ ရှိသေးသည်၊ လောဘ, ဒေါသ, မောဟ မကင်းသေး၊ ကာမခန္ဓာကို သာယာခြင်း အာဟာရကို သာယာခြင်းမကင်းသေးသည်သာဖြစ်၏။ |
1,326,347 | Uncategorized | အာဟာရဒီပနီ | လောကုတ္တရာ ဒုတိယပရိညာအမြွက်ပြီး၏။ |
1,326,348 | Uncategorized | အာဟာရဒီပနီ | လောကုတ္တရာ တတိယပရိညာ |
1,326,349 | Uncategorized | အာဟာရဒီပနီ | အနာဂါမိမဂ်သည် လောကုတ္တရာတတိယပရိညာမည်၏၊ ဤ တတိယပရိညာသို့ဆိုက်မှ ကာမဘုံသားဖြစ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာ တို့၌သာယာတွယ်တာသော တဏှာ ထိုခန္ဓာနှစ်ပါးတို့၏ အသက်သဖွယ် ဖြစ်သော အဇ္ဈတ္တာဟာရ, ဗဟိဒ္ဓါဟာရနှစ်ပါးတို့၏သာယာသော တဏှာတို့သည် အနုသယဟူသော အမြစ်နှင့်တကွ ချုပ်ပျောက်ကုန် ဆုံးရ၏၊ ထိုခန္ဓတဏှာ, အာဟာရတဏှာတို့ချုပ်ပျောက် ကုန်ဆုံးသည်ရှိ ... |
1,326,350 | Uncategorized | အာဟာရဒီပနီ | ကာမခန္ဓာက ကာမဘဝမျိုးပြတ်မှ ကဗဠီကာရ အာဟာရဒုက္ခ မျိုးပြတ်သည်၊ ကာမခန္ဓာ ကာမဘဝမျိုး မပြတ်သေးသည်ရှိသော် နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံမှာ ဗြဟ္မာဖြစ်၍နေသော်လည်း ကဗဠီကာရ အာဟာရဒုက္ခစက်ကြီးဆယ်ပါး အတွင်းသို့ဝင်ရလတ္တံ့ ပုံသေတည်း၊ ပဉ္စကာမဂုဏိက ရာဂမျိုးပြတ်မှ ကာမခန္ဓာ ကာမဘဝမျိုး ပြတ်လေသည်၊ ပဉ္စကာမဂုဏိကရာဂမှ ကာမခန္ဓာထွက်သည်၊ ကာမ ခန္ဓာမှ ... |
1,326,351 | Uncategorized | အာဟာရဒီပနီ | ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စကာမဂုဏိကရာဂေါ ပရိညာတော ဟောတိ၊ ပဉ္စကာမဂုဏိက ရောဂေ ပရိညာတေ အရိယသာဝကဿ နတ္ထိ တံ သံဃောဇနံ၊ ယေန သံယောဇနေနသံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံအာဂစ္ဆေယျ။ |
1,326,352 | Uncategorized | အာဟာရဒီပနီ | ဟူ၍ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဟောတော်မူပေသည်။ |
1,326,353 | Uncategorized | အာဟာရဒီပနီ | ကန္တာရခရီးခဲမှာ သားငယ်ကိုသတ်၍ သားငယ်၏အသားကို စားကြသော မိဘနှစ်ဦးတို့ကို ဤကဗဠီကာရ အာဟာရ၌ ဥပမာပြ တော်မူသည်မှာလည်း ပရိညာကိစ္စအလုံးစုံအခွင့်ကုန်ပြီးသော အနာဂါမ် ပုဂ္ဂိုလ်အဖြစ်နှင့် တိုက်ဆိုင်၍ ပြတော်မူသော ဥပမာပေတည်း၊ ထိုဥပမာ အတိုင်းလည်း ကျတော့သည်၊ အနာဂါမ်အဖြစ်သို့လည်း ရောက်တော့ သည်၊ အနာဂါမ်အဖြစ်သို့ ရောက်မှပင် ထိုဥပမာအတိုင်း... |
1,326,354 | Uncategorized | အာဟာရဒီပနီ | ဥပမာဆိုသည်ကား နှစ်ယောက်သော သမီးခင်ပွန်းတို့သည် အနည်းငယ်သော ရိက္ခာနှင့်ချစ်လှစွာသော သားငယ်ကို ချီပိုက်၍ အဓွန့်ရှည်စွာသော ကန္တာရခရီးခဲသို့သွားကြကုန်ရာ၏၊ လမ်းခရီးအလယ်၌ ရိက္ခာကုန်ကျ၏၊ ရှေ့သို့လည်းမရောက်နိုင်၊ နောက်သို့လည်းမပြန်နိုင်၊ အခက်ကြီးတွေ့၍နေကြ၏၊ ထိုအခါသူငယ်၏အဘဖြစ်သူအား အကြံဖြစ်၏၊ သည်လိုသာနေကြလျှင် ငါတို့သုံးယောက်သေ... |
1,326,355 | Uncategorized | အာဟာရဒီပနီ | ဤဥပမာ၌ ချစ်လှစွာသော သားကိုသတ်၍ အာဟာရပြုလုပ် မည်ကြံစည်သောအခါလည်း မသက်မသာ မလွှဲသာလှ၍ ကြံရသည်၊ ထိုအတူ သေကြောင်းပယောဂကို ရှာကြံသောအခါ, ပယောဂမှုကို ပြုရသောအခါ, သေသည်ကိုမြင်ရသောအခါ, ထက်စွာသောဓားဖြင့် ခုတ်စဉ်း၍ အသားညှင်း အသားတုံး ပြုလုပ်သောအခါ, တစ်နေ့လျှင် နှစ်ခါနှစ်ခါစားမည်ကြံစည်သောအခါ, စားရမည်ဟုကြည့်မြင်ယူငင် သောအခါ, ခံတွင်... |
1,326,356 | Uncategorized | အာဟာရဒီပနီ | ပရိညာသုံးပါးတွင်လည်း အလယ်ဖြစ်သော တီရဏပရိညာသည် နေရာကျအလိုဆုံးတည်း၊ တီရဏ ပရိညာ သုံးပါးတွင် လည်းအနိစ္စပရိညာ နေရာကျလိုလှ၏၊ ပရိညာဆိုသည်ကား ပိုင်နိုင်မှုတည်း၊ ပိုင်နိုင်မှုမည်သည် အရင်းအမြစ် အစစ်အမှန်ကို ထိမှမိမှ တွေ့မှဖြစ်နိုင်သည်၊ အတုအယောင် အဖျားအနာမျှကို ပရိညာမဆိုရ၊ အဘိဓမ္မာ၌ တတ်သိလိမ္မာ၍ သုတမယ ဉာဏ်ဖြင့် သဘောသကန်ကိုမြော်ဆ၍... |
1,326,357 | Uncategorized | အာဟာရဒီပနီ | ဓမ္မကထိက ပုဂ္ဂိုလ်တို့၏ ပြောဟောမှုသည် ဒေသနာမှု အနုသာ သနီမှု ဟူ၍နှစ်ပါးရှိ၏၊ “ရူပံ အနိစ္စံ၊ ဝေဒနာ အနိစ္စာ” စသည်ဖြင့် ဓမ္မ ဒေသနာတော်ရှိတိုင်းပြောဟောသည်ကား ဒေသနာမှုတည်း၊ ရူပံ အနိစ္စံ ပုဒ်၏အရကို ရုပ်၌ အနိစ္စပရိညာ ပေါ်၍လာအောင် ပြောဟောမှုကား အနုသာသနီမှုတည်း၊ ဒေသနာမှုမှာ တစ်ကြိမ်တစ်ခါပင် ပြောဟော သော်လည်း မှတ်သားမိလျှင် ပြီးတေ... |
1,326,358 | Uncategorized | အာဟာရဒီပနီ | ကဗဠီကာရ အာဟာရ ကမ္မဋ္ဌာန်း အစီအရင် ပြီး၏။ |
1,326,359 | Uncategorized | အာဟာရဒီပနီ | ၅-နာမ်အာဟာရ သုံးပါး |
1,326,360 | Uncategorized | အာဟာရဒီပနီ | ယခုအခါ နာမ်အာဟာရသုံးပါးတို့ကိုပြဆိုပေအံ့၊ နာမ်အာဟာရ သုံးပါးတို့မှာ ဝိညာဏ်သည်သာ ပဓာနဖြစ်၏၊ သို့သော်လည်း အလွန် ထင်ရှားသည့်အတွက် ရုပ်အာဟာရကိုရှေးဦးစွာ ဟောပြီးနောက်ရုပ် အာရုံ၌ တွေ့ထိမှုထင်ရှားသည်ဖြစ်၍ ဖဿကိုဟောတော်မူ၏၊ ဖဿမှ ဆက်လက်သော အကျိုးတရားဖြစ်၍ ဖဿ၏အခြားမဲ့၌ စေတနာ အာဟာရကိုဟောတော်မူ၏၊ ထို့ကြောင့် ထိုသုံးပါးတို့၏အကြား၌ ဝိ... |
1,326,361 | Uncategorized | အာဟာရဒီပနီ | ကိစ္စပြဋ္ဌာန်းမှု ပဓာနပြု၍ စီစဉ်လိုမှုကား ဝိညာဏာဟာရ၊ ဖဿ ဟာရ၊ မနောသေဉ္စတနာဟာရ ဟူ၍စီစဉ်ရာ၏၊ ဤစာအုပ်၌မူကား ကိစ္စပြဋ္ဌာန်းမှုကို ပဓာနပြု၍ ဝိညာဏာဟာရကို ရှေ့ထားပြဆိုပေအံ့။ |
1,326,362 | Uncategorized | အာဟာရဒီပနီ | ထိုသုံးပါးတို့၏ အစဉ်ကား အာရုံကိုသိခြင်းအမှုသည် ဝိညာဏ် ဖြစ်၏။ |
1,326,363 | Uncategorized | အာဟာရဒီပနီ | အာရုံ၌ပါရှိသော ဣဋ္ဌရသ အနိဋ္ဌရသကိုအရ, အမိယူခြင်းအမှု သည် ဖဿမည်၏။ |
1,326,364 | Uncategorized | အာဟာရဒီပနီ | ဣဋ္ဌရသ အနိဋ္ဌရသအတွက်နှင့် သမ္ပယုတ်တရားတို့ကို မနေ မနား စေ့ဆော်ခြင်းအမှုသည် စေတနာမည်၏။ |
1,326,365 | Uncategorized | အာဟာရဒီပနီ | အာဟာရ သုံးပါးအထူး |
1,326,366 | Uncategorized | အာဟာရဒီပနီ | သတ္တဝါ၏ သန္တာန်၌ကား ဖဿကား မရှိ၊ စိတ်ဝိညာဏ် သက် သက်သာရှိသည်ဖြစ်ငြားအံ့၊ အဝီစိ ငရဲမီးလောင်၍ နေသော်လည်း ပူသည်ကိုသိရုံမျှသာရှိလေရာ၏၊ မခံသာခြင်း ဆင်းရဲဒုက္ခဖြစ်ခြင်းဟူ၍ အဏုမြူမျှမရှိလေရာ၊ ဖဿရှိနေသည့်အတွက်ကြောင့်မခံသာခြင်း, ဆင်းရဲဒုက္ခဖြစ်ခြင်းရှိရလေသည်၊ ဖဿသာရှိ၍ စိတ်မရှိခဲ့ငြားအံ့၊ အဝီစိငရဲမီးမူသည်ကိုမျှ သိခြင်းမရှိပြီ၊ သစ်... |
1,326,367 | Uncategorized | အာဟာရဒီပနီ | ဤကား ဒုက္ခအဖို့မှာ အာဟာရ သုံးပါး အထူးတည်း။ |
1,326,368 | Uncategorized | အာဟာရဒီပနီ | ဤနည်းကိုမှီ၍ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ ဟူသော သုခအဖို့မှာလည်း အာဟာရသုံးပါးအချက်ကို နေရာကျသိလေ။ |
1,326,369 | Uncategorized | အာဟာရဒီပနီ | ဖဿအခွင့်ကြီးကျယ်ပုံ |
1,326,370 | Uncategorized | အာဟာရဒီပနီ | ဤမျှသောစကားရပ်ဖြင့် လောကမှာချမ်းသာ သုခဟူသမျှသည် လည်း ဖဿမှဖြစ်၏၊ ဆင်းရဲဒုက္ခဟူသမျှသည်လည်း ဖဿမှဖြစ်၏၊ လောက၌ ဖဿမရှိခဲ့လျှင် ချမ်းသာသုခဟူ၍လည်းမရှိ၊ ဆင်းရဲဒုက္ခဟူ၍ လည်းမရှိဟု သိအပ်၏၊ ချမ်းသာသုခဟူ၍မရှိခဲ့လျှင် လောဘတဏှာဟူ၍ မရှိရာပြီ၊ ဆင်းရဲဒုက္ခဟူ၍ မရှိခဲ့လျှင် ဒေါသအမျက်ဟူ၍ မရှိရာပြီ၊ လောဘ ဒေါသမရှိခဲ့လျှင်လည်း မောဟအစရှိသော တစ... |
1,326,371 | Uncategorized | အာဟာရဒီပနီ | ဤကား ဖဿအခွင့် ကြီးကျယ်ပုံကို ပြဆိုသော အချက်တည်း။ |
1,326,372 | Uncategorized | အာဟာရဒီပနီ | စေတနာအခွင့်ကြီးကျယ်ပုံ |
1,326,373 | Uncategorized | အာဟာရဒီပနီ | စိတ်နှင့်တကွ သမ္ပယုတ်တရားတို့ကို ရပ်တည်မရ၊ ထိုထိုအာရုံသို့ တစ်ပြေးတည်းပြေး၍နေရအောင် တစ်ဆော်တည်းဆော် တစ်ဆွတည်း ဆွ၍နေသော တရားကားစေတနာတည်း၊ စိတ် ရပ်တည်မရ တစ်ရွရွ တစ်ကြွကြွ နေကြသည်ကိုမြင်အောင်ကြည့်ပါ၊ လောဘအာရုံနှင့်ကြုံလျှင် လောဘကို အတွင်ဆော်၍ ထုတ်၏၊ လောဘ အာရုံရှိရာသို့ အတွင်နှင်၍ သွားသည်၊ အာရုံကို ခံစားမှု၌ အတွင်တိုက်တွန်... |
1,326,374 | Uncategorized | အာဟာရဒီပနီ | ပကတိပုထုဇ္ဇဉ်တို့မှာ သဒ္ဓါမှု ပညာမှု ဒါနမှု သီလမှု ဘာဝနာမှု တို့၌မူကား စေတနာ အလွန်ပြော့၏၊ နုံ့နုံ့နှေးနှေးသာ ဆော်၏၊ အတွင် မဆော်၊ နုံ့နုံ့နှေးနှေးသာနှင်၏၊ အတွင်မနှင်၊ နုံ့နုံ့နှေးနှေးသာ တိုက်တွန်း၏၊ အတွင်မတိုက်တွန်း၊ အပါယ်ဘေး၊ သံသရာဘေးကိုဆင်ခြင်ခြင်း၊ ကုသိုလ်အကျိုးကိုမြော်မြင်ခြင်း စသောပယောဂဘေး အကူအပံ့အလွန် များရ၏၊ အဘယ့... |
1,326,375 | Uncategorized | အာဟာရဒီပနီ | သင်္ခါရက္ခန္ဓာတရား ငါးဆယ်ရှိသည်တွင် စေတနာနှင့်အကြွင်း လေးဆယ့်ကိုးခုတို့၏ အခြင်းအရာကို ဥပမာပြဆိုအံ့၊ ဆိပ်ကမ်းကြီး တစ်ခု၌ ဝန်တင်သော သမ္ဗာန်ကြီးအစင်းလေးဆယ့်ကိုးခု ရှိရာ၏၊ စက် သဘောင်္ကြီးကား တစ်ခုသာရှိ၏၊ ဝန်နှင့်တကွ ထိုသမ္ဗာန်ကြီးတွေကို ထိုထိုမြို့ရွာဆိပ်ကမ်းသို့ရောက်လေအောင် စက်သင်္ဘောဖြင့် တွဲ၍ပို့ရ၏၊ ဆိပ်ကမ်းရှိလူတို့က ဤ... |
1,326,376 | Uncategorized | အာဟာရဒီပနီ | (ဤကား စေတနာအခွင့် ကြီးကျယ်ပုံတည်း။ |
1,326,377 | Uncategorized | အာဟာရဒီပနီ | ) အာဟာရသုံးပါးနှင့် ဥပမာ |
1,326,378 | Uncategorized | အာဟာရဒီပနီ | မီးခြစ်ကိုအတွင်ရအောင်ရှာသော သူတစ်ယောက်၊ ရသမျှသော မီးခြစ်ကို မီးတောက်အောင် အတွင်ခြစ်၍ ပေးသောသူတစ်ယောက်၊ တောက်ပြီးသော မီးကိုယူ၍ အိမ်တကာကို အတွင်မီးတိုက်သောသူ တစ်ယောက်၊ အာဟာရသုံးပါးနှင့်အစဉ်အတိုင်း စပ်လေ၊ မီးခြစ်ထုတ်နှင့် အာရုံခြောက်ပါး တူ၏၊ မီးတောက်နှင့် အာရုံ၏ အနိဋ္ဌ ရသတူ၏။ |
1,326,379 | Uncategorized | အာဟာရဒီပနီ | ကြံချောင်းကို အတွင်ရအောင် ရှာသောသူတစ်ယောက်၊ ရသမျှကြံ ချောင်းကို ကြံရည်အတွင်ညှစ်သော သူတစ်ယောက်၊ ထွက်သမျှကြံ ရည်ကို လူအပေါင်းတို့အား အတွင်တိုက်ကြွေးသော သူတစ်ယောက်၊ ကြံချောင်းနှင့် အာရုံခြောက်ပါး၊ ကြံရည်နှင့် အာရုံ၏ ဣဋ္ဌရသ တူစေ။ |
1,326,380 | Uncategorized | အာဟာရဒီပနီ | တစ်ယောက်သော သတ္တဝါ၏သန္တာန်မှာ ရူပကာယ, နာမကာယ ဟူ၍ နှစ်ကာယရှိ၏၊ နှစ်ကိုယ်ရှိ၏၊ နှစ်ကောင်ရှိ၏ သော်လည်းဆို၊ ဝိညာဏ်ခြောက်ပါးသည် နာမကာယ၏ တံခါးပေါက်ခြောက်ပါးတည်း၊ အာရုံခြောက်ပါးတို့သည် ဝိညာဏ်ခြောက်ပါး တံခါးပေါက်ဟင်းလင်းမှ နာမကာယအတွင်းသို့ ဝင်ကြ ပေါက်ရောက်ကြကုန်၏၊ ဖဿခြောက်ပါး တို့သည်ကား ဝိညာဏ်ခြောက်ပါး တံခါးပေါက်အတွင်းသို့ ရော... |
1,326,381 | Uncategorized | အာဟာရဒီပနီ | ဤကား ဉာတပရိညာအရာ နာမ်အာဟာရသုံးပါးတို့၏ အခြင်း အရာ အထူးကို အရိပ်အမြွက်မျှ ပြဆိုလိုက်သော အခန်းတည်း။ |
1,326,382 | Uncategorized | အာဟာရဒီပနီ | ၆-ဝိညာဏဟာရ၌ ဉာတပရိညာ |
1,326,383 | Uncategorized | အာဟာရဒီပနီ | ယခုအခါ ဝိညာဏဟာရကို ပြဆိုအံ့။ |
1,326,384 | Uncategorized | အာဟာရဒီပနီ | ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ နာမ ရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိဝဒါမိ။ |
1,326,385 | Uncategorized | အာဟာရဒီပနီ | (နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်) |
1,326,386 | Uncategorized | အာဟာရဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ဝိညာဏေအာဟာရေ=ဝိညာဏာဟာရကို၊ ပရိညာတေ=အပြီးတိုင် ပိုင်နိုင် သည်ရှိသော်၊ နာမရူပံ=နာမ်ရုပ်နှစ်ပါးသည်၊ ပရိညာတံ=အလိုလိုအပြီးတိုင် ပိုင်နိုင်မှုပြီးစီးတော့သည်၊ ဟောတိ=ဖြစ်၏၊ နာမရူပေ=နာမ်ရုပ်သည်၊ ပရိညာတေ=အလိုလိုပိုင်နိုင်သည်ရှိသော်၊ အရိယသာဝကဿ=ငါဘုရား တပည့်သားအား၊ ဥတ္တရိ=ထိုထက်အလွန်၊ ကိဉ္စိ=တစ်စုံတစ်ခုမျှ၊ ကရဏီ... |
1,326,387 | Uncategorized | အာဟာရဒီပနီ | (ပါဠိတော်အနက်) |
1,326,388 | Uncategorized | အာဟာရဒီပနီ | ဝိညာဏဟာရ၌ ဉာဏ်ကိစ္စအပြီးတိုင်ပိုင်နိုင်သည်ရှိသော် ဖဿ ဝေဒနာ, သညာ, စေတနာ အစရှိသော စေတသိက်တရား တည်း ဟူသော နာမ်တို့၌လည်းကောင်း၊ မဟာဘုတ် ဥပါဒါရုပ်တည်း ဟူသော ရုပ်၌လည်းကောင်း၊ အထူးအားထုတ် ဖွယ်ကိစ္စမရှိ၊ အလိုလို ကျွဲကူး ရေပါအားဖြင့် ပိုင်နိုင်တော့သည်၊ နာမ်ရုပ်၌ပိုင်နိုင်သည်ရှိသော် ဗြဟ္မ စရိယဝါသကိစ္စ အပြီးတိုင်လေ၏၊ ယခုဘဝ၌လည်း ဘ... |
1,326,389 | Uncategorized | အာဟာရဒီပနီ | သဘာဝဉာတကို ပြဆိုခန်း |
1,326,390 | Uncategorized | အာဟာရဒီပနီ | ဉာတပရိညာ၌ အာဟာရံ=ဝိညာဏဟာရဒုက္ခကို၊ ဇနတိ=သိ၏၊ အာဟာရံ သမုဒယံ=ဝိညာဏာဟာရဒုက္ခ၏ ဘဝအဆက်ဆက်ပွားစီး၍ နေရန် အကြောင်းရင်း တရားကို၊ ဇာနာတိ=သိ၍၊ အာဟာရနိရောဓံ=ဝိညာဏာ ဟာရ ဒုက္ခ၏ချုပ်ငြိမ်းမှု ဧကန္တကြောင်းကို၊ ဇာနာတိ=သိ၏၊ အာဟာရ နိရောဓဂါမိနိပဋိပဒံ=ဝိညာဏာဟာရဒုက္ခချုပ်ငြိမ်းမှုသို့ဆိုက် ရောက်ရန် နည်းလမ်းကို၊ ဇာနာတိ=သိ၏။ |
1,326,391 | Uncategorized | အာဟာရဒီပနီ | ဉာတပရိညာအခိုက်၌ သိထိုက်သောအခွင့်နှင့် လျော်စွာဆို လိုက် သော အနက်တည်း။ |
1,326,392 | Uncategorized | အာဟာရဒီပနီ | ။ ထိုစကားမှန်၏။ |
1,326,393 | Uncategorized | အာဟာရဒီပနီ | အာဟာရနိရောဓဟူသည်ကား အသင်္ခတမဟာနိဗ္ဗာန်ကြီးတည်း၊ ထိုနိဗ္ဗာန်ကြီးဧကန္တရှိကြောင်းကို ဉာတပရိညာအခန်းက အနုမာနဗုဒ္ဓိဖြင့် ယုံကြည်စွာသိမှသာလျှင် ပဋိပဒါကို ကြိုးပမ်းစွာ အားထုတ်မှုဖြစ်နိုင်လေ သည်။ |
1,326,394 | Uncategorized | အာဟာရဒီပနီ | မဂ်ကိစ္စနှင့်လျော်စွာ ဆိုလိုမှုကား အဓိပ္ပါယ်တစ်မျိုးသွား၏၊ ဝိညာဏာဟာရတွင် စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာန ဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူ၍ခြောက် ပါးရှိ၏၊ ထိုသို့ ရူပါရုံနှင့် ဆုံမိသောအခါ မျက်စိမှာဖြစ်ပေါ် လာသော ဝိညာဏ်သည် စက္ခုဝိညာဏ်မည်၏၊ ထိုထိုသဒ္ဒါရုံနှင့်ဆုံ မိသောအခါ နားတွင်းမှာ ဖြစ်ပေါ်လာသောဝိညာဏ်သည် သောတဝိ... |
1,326,395 | Uncategorized | အာဟာရဒီပနီ | ထိုထိုဖောဋ္ဌဗ္ဗာရုံနှင့်ဆုံမိသောအခါ တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဖြစ်ပေါ်လာသောဝိညာဏ်သည် ကာယဝိညာဏ်မည်၏၊ သဒ္ဓါ, သီလ, သုတ, စာဂ အစရှိသော လောဘ, ဒေါသ, မောဟ အစရှိသော ကောင်း, မကောင်းသော ထိုထိုဓမ္မာရုံနှင့် ဆုံမိသောအခါ ဟဒယဝတ္ထုမှာဖြစ်ပေါ် လာသော တစ်မျိုးမျိုးသော ဝိညာဏ်သည် မနောဝိညာဏ်မည်၏၊ မျက်စိဖြင့် ထိုထိုအဆင်းသဏ္ဍာန်ကို မြင်သောအ... |
1,326,396 | Uncategorized | အာဟာရဒီပနီ | စက္ခု, သောတအစရှိသော ရုပ်စုကို အလွန်ကြည်လှစွာသော ရေပွက်ကလေးတွေအနေထား၍ ဝိညာဏ်ခြောက်ပါး ကိုထိုရေပွက်ကြည် ကလေးတွေမှာ ပေါ်ရှိ၍နေသော အရိပ်ကလေးတွေကဲ့သို့ မှန်းခြေ ထား၍ပိုင်းခြားရမည်၊ နောင်ဆင်ခြင် ရှုမြင်ဖန်များ၍ ဉာဏ်သိမ်မွေ့၍ လာသောအခါ နာမ်အခြင်းအရာအတိုင်းပင် ထင်မြင်နိုင်လတ္တံ့၊ ထိုသို့ပင် မထင်နိုင်မူ၍ အရိပ်အခြင်းအရာ၊ ရေပွက်ငယ... |
1,326,397 | Uncategorized | အာဟာရဒီပနီ | ထို့ကြောင့်မြတ်စွာဘုရားသည် ရူပက္ခန္ဓာကိုရေမြှုပ်ကဲ့သို့ရှုရမည်၊ ဝေဒနက္ခန္ဓာကို ရေပွက်ကဲ့သို့၊ သညာက္ခန္ခာကို တံလျှပ်ကဲ့သို့ရှုရမည်ဟု ရုန့်ရင်းစွာသော ဝတ္ထုတို့ဖြင့် ဥပမာကိုပြတော်မူလေသည်။ |
1,326,398 | Uncategorized | အာဟာရဒီပနီ | ထိုဥပမာတို့မှာလည်း အနှစ်မရှိမှုတူပုံကို ပြတော်မူလိုရင်း ဖြစ် ပါသည်၊ သဏ္ဍာန်အခြင်းအရာ တူပုံကို ပြတော်မူလိုရင်း မဟုတ်၊ အကယ်၍ သဏ္ဍာန်အခြင်းအရာတူပုံကို ပြတော်မူလိုရင်းပါဆိုခဲ့သော် သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့်တူသည်ဟု ပြတော်မူရာ၌ ဖဿသည် ငှက်ပျောတုံးသဏ္ဍာန်နှင့်တူသည်၊ စေတနာသည် ငှက်ပျောတုံး သဏ္ဍာန် နှင့်တူသည်ဟုရှုရမည်၊ ဟ... |
1,326,399 | Uncategorized | အာဟာရဒီပနီ | လိုရင်းမှာ မျက်တောင် တစ်ခတ်အတွင်းစသည်၌ အလျင်အမြန်ဖြစ်နိုင် ချုပ်နိုင်သော အခြင်း အရာကို ထင်မြင်နိုင်သည်သာ ပမာဏတည်း။ |
1,326,400 | Uncategorized | အာဟာရဒီပနီ | ထို့ကြောင့် “ဝိဇ္ဇုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိစ”ဟု မဟာနိဒ္ဒေသ ပါဠိ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌ လျှပ်၏ဖြစ်ခြင်း ပျက်ခြင်း မြန်သကဲ့သို့ ရုပ်နာမ်တို့၏ဖြစ်ခြင်း ပျက်ခြင်း မြန်သည်ကို ထင်မြင်စေရမည်ဟု ဥပမာ ပြုတော်မူသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.