id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,326,401
Uncategorized
အာဟာရဒီပနီ
အနိစ္စ, ဒုက္ခ, အနတ္တ ရှုမှုမည်သည် နိစ္စသညာ, သုခသညာ, အတ္တ သညာ, သတ္တပုဂ္ဂလဇီဝ သညာတို့ကို ဖျက်ဆီးမှုပေတည်း၊ လျှပ်ကဲ့သို့ ဖြစ်မှု, ပျက်မှု မြန်သည်ကို ထင်မြင်နိုင်လျှင်ပင် ခိုကိုးရာမဟုတ်သော အနိစ္စအဖြင့်, ဒုက္ခအဖြစ်, အနတ္တအဖြစ်, သတ္တပုဂ္ဂလ ဇီဝမဟုတ်သော အဖြစ်ထင်ရှားလှလေပြီ၊ ထိုအဖြစ်ကို ထင်ရှားလျှင် ဝိပဿနာပရိညာကိစ္စ ပြီးစီးနိုင...
1,326,402
Uncategorized
အာဟာရဒီပနီ
ထို့ကြောင့် ဆိုခဲ့ပြီးသောအတိုင်း ခိုကိုးရာမရှိအောင် ဖြစ်မှု ပျက်မှု မြန်သည်ကို ထင်မြင်နိုင်သည်သာ ပမာဏဟု မုချကိုယုံကြည်ရမည်။
1,326,403
Uncategorized
အာဟာရဒီပနီ
ထိုသဗ္ဗညုတဉာဏ်တော်အရာနှင့် အဘိဓမ္မာကျမ်းဂန်တို့၌ ပြဆို ထားသောအရာ အချက်များကို နားယောင်၍ နားယောင်၍ စက္ခုဒွါရ တစ်ဝီထိအတွင်းမှာ ဖြစ်မှု, ချုပ်မှုများကို လက္ခဏာရေး တင်သည်ဟု ပြောဆိုကြသော အရာများသည် ယောင်ယမ်းကာမျှသော အမှုသာဖြစ်၏။
1,326,404
Uncategorized
အာဟာရဒီပနီ
ဝိပဿနာ ဉာဏဒဿနအစစ်ဖြစ်နိုင်ရန်အခွင့် အလွန်ဝေးလှ၏ဟု မှတ်လေ။
1,326,405
Uncategorized
အာဟာရဒီပနီ
ဤတွင်ရွေ့ကား သဘာဝညာတကို ပြဆိုသော စကားရပ်တည်း။
1,326,406
Uncategorized
အာဟာရဒီပနီ
ပထမဒုက္ခစက်
1,326,407
Uncategorized
အာဟာရဒီပနီ
ဝိညာဏာဟာရ ဒုက္ခဆိုသည်ကား ကဗဠီကာရအာဟာရ ဒုက္ခ စက်ကြီးဆယ်ပါးသည်လည်း ဝိညာဏာဟာရ ဒုက္ခ၌ အတွင်းဝင်သည် သာတည်း။
1,326,408
Uncategorized
အာဟာရဒီပနီ
ကဗဋီကာရအာဟာရ အမှုမည်သည် အသက်မွေးမှု သက်သက် သာတည်း၊ တစ်ခုသောဘဝအတွင်း၌ မသေမီအကြားတွင် ဣရိယာပုထ် လေးပါး၌ အားပြည့်အင်ပြည့်မျှ တရွက်ဆောင်၍သွားနိုင်ရုံသော အမှုစု သာတည်း၊ လောဘနိုင်ငံသို့လိုက်၍ အပိုအမိုပစ္စည်းဥစ္စာ ဖြစ်ထွန်းရန် သေဌေးသူကြွယ်ဖြစ်ရန်၊ မင်းစိုးရာဇာဖြစ်ရန်၊ စက္ခုအာရုံကို လိုက်စား၍ မြူးထူးပျော်ပါးခံစား စံစားရန်၊ သော...
1,326,409
Uncategorized
အာဟာရဒီပနီ
ဤဝိညာဏာဟာရအရာမှာ ဖဿာဟာရ မနောသေဉ္စ တနာဟာရ တို့ကိုလည်း အတွင်းဝင်ပြု၍ သိရမည်။
1,326,410
Uncategorized
အာဟာရဒီပနီ
(ဤကား ဗာလုဿုက္က ဗျာပါရဒုက္ခ ပထမစက်ကြီးတည်း။
1,326,411
Uncategorized
အာဟာရဒီပနီ
ဗာလုဿုက္ကဟူသောစကား၌ ဗာလာနံ ဥဿုက္ကော ဗာလုဿုက္ကော ဟုဝိဂြိုဟ်ပြု။
1,326,412
Uncategorized
အာဟာရဒီပနီ
ဗာလာနံ=သစ္စာလေးပါးတရားကို မသိကြကုန်သေးသော သူတို့၏၊ ဥဿုက္ကော=ကြောင့်ကြဗျာပါရ စိုက်မှုတည်း။
1,326,413
Uncategorized
အာဟာရဒီပနီ
ဣတိ=ဤသို့သော အကြောင်းကြောင့်၊ ဗာလုဿုက္ကော=ဗာလုဿုက္ကမည်၏၊ ဤသို့စည်းစိမ်ဥစ္စာ ချမ်းသာစီးပွားတို့လိုက်စားမှု၊ လောဘအာရုံ ကာမဂုဏ်စီးပွားကို လိုက်စားမှုတို့၏အတွင်းမှာ များစွာသောအဇ္ဈတ္တ အန္တရာယ် ဗာဟိရအန္တရာယ်တို့သည် ရှိနေကုန်၏။
1,326,414
Uncategorized
အာဟာရဒီပနီ
(ဤကား ဝိညာဏာဟာရပေါက်မှ ထွက်သော ဒုတိယ ဒုက္ခစက်ကြီးတည်း။
1,326,415
Uncategorized
အာဟာရဒီပနီ
) ထိုပထမစက်, ဒုတိယစက်တို့အတွင်းမှာပါဝင်သော တစ်ထောင့် ငါးရာကိလေသာမီးပွားများမှု အပျော်အပါး လိုက်စားခြင်းနှင့်စပ်သော တစ်ထောင့်ငါးရာ ကိလေသာမီးပွားများမှုတို့သည် ဝိညာဏာဟာရ ပေါက်မှထွက်သော ဒုက္ခစက်ကြီးတည်း။
1,326,416
Uncategorized
အာဟာရဒီပနီ
ထိုစက်တို့၏ အတွင်းတွင်ပါဝင်သော ပါဏာတိပါတအစရှိသော ဒုစ္စရိုက်တရားပွားများမှုသည်ကား ဝိညာဏာဟာရ ပေါက်မှထွက်သော စတုတ္ထဒုက္ခစက်ကြီးတည်း။
1,326,417
Uncategorized
အာဟာရဒီပနီ
ထိုစက်တို့မှ မဟာအဝီစိသို့ကျအောင်သွားသော ပဉ္စမဒုက္ခ စက်ကြီးနှင့်ဆက်မိလေတော့သည်။
1,326,418
Uncategorized
အာဟာရဒီပနီ
နတ်ပြည်ခြောက်ထပ်တို့၌မူကား တစ်နာရီမစဲ အမြဲဖြစ်ပွား၍ နေကြသော ကိလေသာစက်ကြီးသည် အလွန်ကြီးကျယ်လှ၏၊ ထို ကိလေသဒုက္ခစက်ကြီးသည် အပါယိကဒုက္ခစက်ကြီးနှင့်ဆက်လေ၏။
1,326,419
Uncategorized
အာဟာရဒီပနီ
ဗြဟ္မာ့ပြည်၌လည်း ရူပကာယ မီးတောက်မှု၊ အရူပရာဂ မီး တောက်မှု၊ မာနမီးတောက်မှု၊ အလွန်ထက်သန်သော သက္ကာယဒိဋ္ဌိမီး၊ သဿတဒိဋ္ဌိမီး၊ ဥစ္ဆေဒဒိဋ္ဌိမီးပွားများမှုစုသည် ဝိညာဏာဟာရပေါက်မှ ထွက်သော ကိလေသဒုက္ခစက်ကြီးပင်တည်း၊ ထိုကိလေသဒုက္ခစက် ကြီးသည် အပါယိကဒုက္ခစက်ကြီးနှင့် ဆက်မိလေ၏။
1,326,420
Uncategorized
အာဟာရဒီပနီ
(ဤကား အာဟာရံ ဇာနာတိအရ ဝိညာဏာဟာရ၌ ရှေးဦးစွာ သိအပ်သော ဉာတပရိညာ ဒုက္ခသစ္စာအစီအရင် အမြွက်တည်း။
1,326,421
Uncategorized
အာဟာရဒီပနီ
၇-ဝိညာဏဟာရ၌ တီရဏပရိညာ
1,326,422
Uncategorized
အာဟာရဒီပနီ
အနိစ္စပရိညာ အစဖော်နည်း
1,326,423
Uncategorized
အာဟာရဒီပနီ
တီရဏပရိညာသည် အနိစ္စပရိညာ, ဒုက္ခပရိညာ, အနတ္တ ပရိညာဟူ၍ ၃-ပါး၊ အနိစ္စပရိညာ အစီရင်ကား ဝိညာဏ်ခြောက်ပါးတွင် ကာယဝိညာဏ်သည် တစ်ကိုယ်လုံးမှာ အနှံ့ဖြစ်ပေါ်သည် ဖြစ်၍လည်း ကောင်း၊ သုခဝေဒနာ ဒုက္ခဝေဒနာ ဟုဆိုအပ်သော ထင်ရှားသော ဝေဒနာတို့နှင့် ယှဉ်သည်ဖြစ်၍လည်းကောင်း၊ ရှေးဦးစွာ ပရိညာ အကွက်ဖော်ရန် အလွန်သင့်မြတ်၏၊ ကာယဝိညာဏ်ဒွေးတွင်မှလည်း ဒုက...
1,326,424
Uncategorized
အာဟာရဒီပနီ
ကျောကုန်းအပြင် အစရှိသော တစ်တစ်ခုခုသော ကိုယ်အင်္ဂါ အစိတ်မှာ တစ်စုံတစ်ခုသော အုတ်ကျောက် လှံတန် အပြင်းအထန် ထိခိုက်ရာ အလွန်နာကျင်သော ဒုက္ခဝေဒနာ ဖြစ်လေ၏၊ ထိခိုက်သော ဒဏ် ပြယ်ပျောက်သောအခါ ထိုဒုက္ခဝေဒနာ ပျောက်ငြိမ်းလေ၏၊ ဝေဒနာကို ပဓာနပြု၍ဆိုသည်၊ နာမက္ခန္ဓာလေးပါးလုံး ဖြစ်အတူ ပျက်အတူ ရှိပါသည်ပင်၊ အာဟာရ သုံးပါးတည်း ပါရှိ၏။
1,326,425
Uncategorized
အာဟာရဒီပနီ
နာမက္ခန္ဓာ လေးပါးမည်သည် တစ်ခုခုသော နေရာမှာ ဖြစ်ပေါ်၍နေလျှင် ကြွင်းသောတစ်ကိုယ်လုံးမှာ နာမက္ခန္ဓာမရှိ၊ ရူပက္ခန္ဓာ သက်သက်သာရှိမြဲဓမ္မတာတည်း၊ ထို့ကြောင့် ထိုထိခိုက်ရာ၌ ဖြစ်ပေါ်ခိုက် ထိုနေရာမှတစ်ပါး တစ်ကိုယ်လုံးမှာ ရူပက္ခန္ဓာသာရှိ၏၊ နာမက္ခန္ဓာ မရှိ၊ အဖြစ်အပျက်အလွန်မြန်လှသည့်အတွက်ကြောင့် စက္ခု, သောတ, ဟဒယဝတ္ထုတို့နှင့် တကွပြိ...
1,326,426
Uncategorized
အာဟာရဒီပနီ
ထိုခိုက်ရာဌာန၌ နာမက္ခန္ဓာလေးပါးခွဲပုံကား-ထိခိုက်မှန်း မသိမှုကား ဝိညာဏ်တည်း၊ နာကျင်မှုကား ဝေဒနာတည်း၊ ထိခိုက်ချက် ကို အမှတ်သညာပြုမှုကား သညာက္ခန္ဓာတည်း၊ ဤသို့ပါရှိသည့် အတွက်ကြောင့် အနာပျောက်ပြီးသည့်နောက် ပြန်၍အောက်မေ့ပြန်လျှင် အောက်မေ့တိုင်း အောက်မေ့တိုင်း စိတ်ထဲမှာထိခိုက်မှု ပေါ်နိုင်လေသည်။
1,326,427
Uncategorized
အာဟာရဒီပနီ
ဝေဒနာပေါ်ရှိသဖြင့် ဖဿပါရှိကြောင်း ထင်ရှားအံ့၊ နာမှုတစ်ရွရွ တထောင်းထောင်းထနေသည်ကား စေတနာအမှုပေတည်း၊ ဖဿနှင့် စေတနာကား သင်္ခါရက္ခန္ဓာတည်း၊ ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ,မနသိကာရ တို့၌လည်း သင်္ခါရက္ခန္ဓာ တရားစုပင်တည်း၊ နာမက္ခန္ဓာလေးပါးဖြစ်၏၊ ထိုနေရာ၌ရှိသော ရုပ်စုကား ရူပက္ခန္ဓာတည်း၊ ခန္ဓာငါးပါးဖြစ်၏၊ မထိ ခိုက်မီရှေးအဖို့၌ထိုနေရာမှာ ရ...
1,326,428
Uncategorized
အာဟာရဒီပနီ
ထို့ကြောင့် နာသည်ဟူသော ဝေဒနာအမည်တစ်ခုကိုသာ ပြောဆို၏၊ ထိမှန်းသိကာမတ္တ အချက်စုမှာမူကား ဝိညာဏက္ခန္ဓာသာ ထင်ရှား၏။
1,326,429
Uncategorized
အာဟာရဒီပနီ
ဤနေရာ၌ ဝေဒနာက္ခန္ဓာကို ပဓာနပြု၍ ဝေဒနာပုပ္ပဠူပမာ ဟူသော ဒေသနာတော်မြတ်နှင့်အညီ ထိုနာမှုကို မီးဟုန်းဖြင့်ဆူဆူတက် ၍နေသော ရေပွက်ငယ်တွေနှင့်တူစွာ ဉာဏ်မှမြင်အောင်ရှု၊ သဘာဝ အတိုင်း သရုပ်ပေါ်အောင် ထင်မြင်နိုင်လျှင် သာ၍ကောင်း၏၊ သရုပ် ပေါ်အောင် မိမိရရမထင်လျှင်နေရာ မကျ၊ ငါနာသည်ဟူသော သက္ကာယ ဒိဋ္ဌိလက်မှ အလွတ်ပဲနေလိမ့်မည်။
1,326,430
Uncategorized
အာဟာရဒီပနီ
ဝိပဿနာရှုမှုမည်သည် ဉာဏဒဿနမှု သန္ဒိဋ္ဌိကမှုဖြစ်သည်။
1,326,431
Uncategorized
အာဟာရဒီပနီ
ထို့ကြောင့်စက္ခုဝိညာဏ်ကို ရှုလျှင် မျက်စိနှင့် မြင်သကဲ့သို့ ပညာမျက်စိမှာ အထင်အမြင်ရအောင်ရှုရသည်၊ အထင်အမြင်နေရာကျ, မကျ စက္ခုဝိညာဏ်ကို မိ, မမိကိုလည်း ထိုရှုဆဲမြင်ဆဲအခါ၌ ငါမြင်သည်ဟူသော အထင်ပျက်၏လော၊ မပျက်၏လောဟုဆင်ခြင်၊ ရှုဆဲအခါမှာမှ ထိုအထင် မပျက်လျှင် စက္ခုဝိညာဏ်ကို လှလှမမိသေးဟု သိအပ်၏၊ စက္ခုညာဏ်ကို လှလှမမိခဲ့လျှင် လက္ခဏာ...
1,326,432
Uncategorized
အာဟာရဒီပနီ
ဝိညာဏ်ကဲ့သို့ ငါမြင်သည် ငါကြားသည် အစရှိသဖြင့်သဘာဝ ထင်ရှား၍တဏှာ, မာန, ဒိဋ္ဌိ အစွဲအလမ်းကြီးလှသော တရားတို့၌ သဘာဝဓမ္မကိုပင် ဉာဏ်မျက်စိတွင် ကောင်းကောင်း မြင်မှတော်သည်၊ မထင်ရှားသောတရားတို့၌ ကိစ္စမရှိလှ။
1,326,433
Uncategorized
အာဟာရဒီပနီ
ဤထိခိုက်၍ နာမှုမှာ ဝေဒနာ ထင်ရှား၍ ငါနာသည်ဟု စွဲလမ်းသည်၊ ဝိညာဏ် မထင်ရှား၍ ငါသိသည်ဟု မစွဲလမ်း၊ ဝိညာဏာ ဟာရကမ္မဋ္ဌာန်း အလုပ်ကို လုပ်သော သူဖြစ်ခဲ့မူဝေဒနာကို အမှတ်ပြု၍ ဝိညာဏ်ကိုမိအောင်ဖမ်း၊ ဝေဒနာကိုပင် ဝိညာဏ်ဟု ရှုသော်လည်း ကိစ္စမရှိ၊ ဖြစ်အတူ ပျက်အတူ တရားစုမှာ ထင်ရှားရာတစ်ခုခုကိုမိလျှင် ပြီးတော့သည်။
1,326,434
Uncategorized
အာဟာရဒီပနီ
(ဤကား ဓမ္မသဘာဝကို မိအောင်ဖမ်းမှု သိရာသောအချက်တည်း။
1,326,435
Uncategorized
အာဟာရဒီပနီ
ဥဒယဗ္ဗယ ဖမ်းနည်း
1,326,436
Uncategorized
အာဟာရဒီပနီ
ဥဒယဗ္ဗယဖမ်းနည်းကား ထိခိုက်ရာဌာန တစ်ပြင်လုံး၌ တစ်ဖွား ဖွား ဖြစ်ပေါ်၍နေသော နာမှုဟူသော နာမက္ခန္ဓာလေးပါးသည် မထိ ခိုက်မီ ရှေးအဖို့၌ ဘယ်မှာမှရှိ၍နေနှင့်သော ခန္ဓာလေးပါး မဟုတ်၊ ထိုထိခိုက်မှုဒဏ်ချက်ကြောင့် မိုးပေါ်ကျသကဲ့သို့ ယခုဖြစ်၍လာသော တရားစုတည်း၊ အနာပျောက်ပြီဟု သိသောအခါ၌ အနာပျောက်မှု ဆိုသည်ကား ထိုခန္ဓာလေးပါးတို့၏ ချုပ်ကွယ်မ...
1,326,437
Uncategorized
အာဟာရဒီပနီ
ဤကဲ့သို့အနာအကျင်နှင့်ထင်ရှားရာ တစ်ကွက်ကွက်မှာ ယခုမှ ဖြစ်ပေါ်လာသော အာဂန္တုတရားစု အဖြစ်ကိုလည်းကောင်း၊ အနာပျောက်သည်ဟု ဆိုရသောအခါ ဘယ်ကိုမှသွားသည် မဟုတ်၊ ထိုနေရာတွင်ပင် အပြီးပျောက်ကွယ် သေဆုံး၍ သွားသည်၏အဖြစ်ကိုလည်းကောင်း၊ ဇဝိုးဇဝါး ယုံမှားသံသယမရှိ။
1,326,438
Uncategorized
အာဟာရဒီပနီ
အသိဉာဏ်တွင် လင်းလင်းချင်းချင်း ထင်နိုင် မြင်နိုင် ထိုးထွင်းနိုင်အောင် ပြောဟောပြသရမည်။
1,326,439
Uncategorized
အာဟာရဒီပနီ
ဤအရာတစ်ကွက်က ဉာဏ်မျက်စိပေါက်၍သွားလျှင် နောက် နောက်ဌာနတို့၌ လွယ်၍ သွားလတ္တံ့။
1,326,440
Uncategorized
အာဟာရဒီပနီ
ဤအရာလွယ်ပါ၏ဟု မထင်လင့်၊ ဉာဏ်စွမ်းရှိလျှင် လွယ်၏၊ ဉာဏ်စွမ်းနုံ့သူမှာ မလွယ်။
1,326,441
Uncategorized
အာဟာရဒီပနီ
ဤကဲ့သို့ ထင်ရှားလှသော ဒုက္ခဝေဒနာမှာ လွယ်ပြန်သော်လည်း သုခဝေဒနာမှာ အမြင်ခက်၍နေတတ်သည်၊ သုခဝေဒနာမှာပင် လွယ် ပြန်သော်လည်း စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါ ဝိညာဏ်အစရှိသော ဥပေက္ခာဝေဒနာနှင့်ယှဉ်သော ဝိညာဏ်တို့မှာ ခက်၍နေတတ်သည်၊ ထို့ကြောင့်
1,326,442
Uncategorized
အာဟာရဒီပနီ
“အဒုက္ခ မသုခါဝေဒနာ ဉာဏသုခါ၊ အညာဏဒုက္ခာ” ဟူ၍ မဟာဝေဒလ္လသုတ်မှာ ဟောတော်မူသည်။
1,326,443
Uncategorized
အာဟာရဒီပနီ
အဒုက္ခမသုခါဝေဒနာ=ဥပေက္ခာဝေဒနာသည်၊ ဉာဏသုခါ= သိလျှင်ချမ်းသာ၏၊ အညာဏဒုက္ခာ=မသိတည့်နိုင် မထင်တည့်နိုင် မမြင် တည့်နိုင်လျှင် ဆင်းရဲ၏။
1,326,444
Uncategorized
အာဟာရဒီပနီ
အဋ္ဌကထာတို့၌လည်း ဥပေက္ခာဝေဒနာသည် ရှုမြင်ခြင်းငှာ ခဲယဉ်း၏၊ မိဂပဒဝဠဉ္ဇနနည်းအားဖြင့် ရှေးအဖို့ နောက်အဖို့၌ဖြစ်ပေါ်သော သုခဒုက္ခဝေဒနာတို့ကို ထောက်မြော်၍ အလယ်ခဏတို့မှာ ဥပေက္ခာဝေဒနာဖြစ်သည်ကို သိရမည်ဟုဆို၏၊ ငါးပါးသော ပဉ္စဝိညာဏ် တို့တွင် စက္ခုဝိညာဏ်သည် အလွန်သိမ်မွေ့သော ဥပေက္ခာဝေဒနာ နှင့်ယှဉ်သည်ဖြစ်၍ မိနိုင်ခဲလှ၏၊ အဖြစ်လည်းမစဲ က...
1,326,445
Uncategorized
အာဟာရဒီပနီ
ဝိပဿနာမှုမည်သည် ထိုအစွဲအလမ်းကို ပယ်ဖျောက်မှုတည်း၊ ထို့ကြောင့် စိတ်ဝီထိ တစ်ထောင်, တစ်သောင်းကိုပင် စက္ခုဝိညာဏ် တစ်ခုတည်းပြု၍ ငါမြင်တစ်ခုတည်းပြု၍ ရှုမိလျက်ငြားသော်လည်း ငါမြင်သည်ဟူသော စွဲလမ်းချက်တစ်ကယ် ပြယ်ပျောက်လျှင်ပြီးတော့ သည်၊ အရာတိုင်းမှာ ဤနည်းကိုသိလေ၊ အဘိဓမ္မာအရာ၌ သဘော ယုတ္တိနှင့်တကွ ဝီထိလက်ရိုးများကို အလွန်ရေလည်လှသည...
1,326,446
Uncategorized
အာဟာရဒီပနီ
ဥပမာကား အဘိဓမ္မာကျမ်းတတ်ဆရာသည် မန္တလေးမြို့ ရန်ကုန်မြို့များမှာ အလွန်ကြီးကျယ်လှစွာသော ဘယဆေးသည်ကြီး နှင့်တူ၏၊ ထိုဘယဆေးသည်ကြီးသည် ဘယ်ဆေးမျိုးမှမရှိဟု မဆိုရ အောင် တစ်သောင်းဖိုး နှစ်သောင်းဖိုး တစ်သိန်းဖိုး နှစ်သိန်းဖိုး ဝယ်ယူ၍ ကိုးခန်းတိုက် ရှစ်ခန်းတိုက် စသည်တိုက်ဆိုင်ကြီးစွာနှင့် အပြည့်စမ်း တိုင်းတွေ့အောင် စီစဉ်ဆိုင်ခင်း၍...
1,326,447
Uncategorized
အာဟာရဒီပနီ
ဝိပဿီအစရှိသော ခြောက်ဆူသောဘုရားတို့လက်ထက်၌လည်း ပိဋကတ်သုံးပုံဆောင် ငါတို့ဘုရား လက်ထက်၌လည်း ပိဋကတ်သုံးပုံ ဆောင်ကြီး သုံးပုံတတ်ကြီးဖြစ်၍ ဇေတဝန်ကျောင်းတော်မှာ အကျော် အမော်ကြီး လုပ်၍နေသော ပေါဋ္ဌိလမထေရ်ကြီးသည် ဝိပဿနာမှုကို အားထုတ်လိုသောအခါ ဝိပဿနာမှုပေါက်ရောက်ပြီးသော တော ကျောင်းနေ ရှင်သူငယ်ကလေးအထံမှာ လက်အုပ်ချီ၍ ကမ္မဋ္ဌာန်းသင်...
1,326,448
Uncategorized
အာဟာရဒီပနီ
ဝိပဿာမျိုးကို မသိသော အဘိဓမ္မာကျမ်းတတ်ဆရာသည် ဆေးဒန်းအစရှိသော ဓာတ်မျိုးတို့ကို တစ်သိန်းဖိုး နှစ်သိန်းဖိုး တိုက်ဆိုင် တည်ခင်း၍နေသော တရုတ်ကုန်သည်ကြီးနှင့်တူ၏၊ ဖဿာဟာရ စသည်တို့တွင် တစ်ခုခု၌ ဝိပဿနာပရိညာအချက် မိပြီးသောသူသည် ဆေးဒန်းစသောဓာတ်မျိုးနှင့်ရွှေဖြစ် ငွေဖြစ်ပေါက်ရောက်ပြီးသော ဟိန္ဒူ ဇော်ဂီ ကုလားဘုန်းကြီးနှင့်တူ၏၊ သို့သော...
1,326,449
Uncategorized
အာဟာရဒီပနီ
(ဤကား ပညာရှိတို့ သတိပညာဖြစ်ရန် မှာထားလိုက်သော စကားရပ်တည်း။
1,326,450
Uncategorized
အာဟာရဒီပနီ
) ပြဆိုခဲ့ပြီးသော ထိခိုက်နာကျင်မှု၌ နာမက္ခန္ဓာလေးပါးတို့၏ ယခုမှ အသစ်ဖြစ်ပေါ်မှုဟူသော ဥပါဒ်စွန်းကို ထင်လင်းစွာ မြင်ခြင်း၏ အကျိုးကား ပဋိသန္ဓေမှစ၍ နာမ်တရားတို့မည်သည် အစဉ်တည်ကာ ပါရှိ၍နေသည်ဟု ထင်မှတ်သော နိစ္စသညာ ပျောက်ကင်း၏၊ ယခု တွင်မှဖြစ်ပေါ်သော ဥပါဒ်ဇာတိစွန်းကို ထင်လင်းဒိဋ္ဌတွေ့မြင်သဖြင့် ရှေးအဖို့ကရှိနေနှင့်သော တရားမဟုတ်...
1,326,451
Uncategorized
အာဟာရဒီပနီ
ယခုပင်ပျောက်ကွယ်ကုန်ဆုံး၍သွားသည်ကို ထင်လင်းစွာ မြင်ခြင်း၏အကျိုးကား ဤယခုရှိနေသော စိတ်နှင့်ပင် ရှေ့သို့လည်း သွားရလိမ့်မည်ဟုထင်မှတ်နေသော နိစ္စသညာပျောက်ကင်း၏၊ ယခုပင် ဤနာမက္ခန္ဓာလေးပါး အနိစ္စမရဏသို့ ရောက်လျက်ကွယ်ဆုံး၍ သွား သောဘင်စွန်းကို ထင်လင်းဒိဋ္ဌတွေ့မြင်ရသဖြင့် မျက်တောင်တစ်ခတ်မျှ အမြဲတည်ကာလိုက်ပါ၍ နေနိုင်သော တရားမျိုးမဟ...
1,326,452
Uncategorized
အာဟာရဒီပနီ
မျက်တောင်တစ်ခတ်မျှ အမြဲတည်ကာလိုက်ပါ၍မနေနိုင်ဟူရာ ယခုဖော်ပြသော ဒုက္ခဝေဒနာအချက်မှာ ဆူဆူတက် နာကျင်မှုကို စေ့စေ့ ရှုဆင်ခြင်ပါလျှင် ရွရွရွရွ ခဏမစဲ တစ်သဲသဲနေသည်ကို ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသဖြင့် တစ်အောင့်တစ်ခရာ အနာမပျောက်သေးမီအတွင်းမှာပင် နာရာဌာန တစ်ပြင်လုံးမှာ အသိန်းအသန်းမကဖြစ်မှု ချုပ်မှုတွေရှိနေသည်ကိုလည်း မြင်တတ်သမျှလည်းမြင...
1,326,453
Uncategorized
အာဟာရဒီပနီ
ဤဒုက္ခဝေဒနာအချက် ဥပါဒ်စွန်း ဘင်စွန်း နှစ်ချက်ကို ကိုယ် တွေ့ဉာဏ်မြင်အထင်အလင်း ထိုးထွင်း၍သိရသဖြင့် ဤကိုယ်ခန္ဓာ တစ်ခုလုံးမှာ ရှေးရှေးကဖြစ်ဖူးခဲ့သမျှသော စိတ်စေတနာ နာမက္ခန္ဓာတို့သည်လည်း အာရုံထိခိုက်လာ ထခိုက်လာမှ ထိုထိခိုက်ရာအကွက်တွင် ဘွားခနဲ ဘွားခနဲဖြစ်ပေါ်လာသော အာဂန္တုတရားစုတို့သာစင်စစ်တည်း၊ ထိခိုက်ဒဏ်ပြေပျောက်သွား ပြန်လျှ...
1,326,454
Uncategorized
အာဟာရဒီပနီ
ဤကားတစ်ခုသော ကိုယ်အင်္ဂါအစိတ်မှာ ဒုက္ခသဟဂုတ်ကာယ ဝိညာဏ်အစဉ်တစ်ခုကို အကွက်ပေါ်အောင်ဖော်၍ အနိစ္စပရိညာ ထင်လင်းစွာတည်ထောင်ပုံ အစီအရင်ကို အနုသာသနီနည်းအားဖြင့် ပြသ သွန်သင်ချက်တည်း။
1,326,455
Uncategorized
အာဟာရဒီပနီ
တစ်ကွက်တစ်နေရာနှင့်မှ မလင်းသေး မစွဲသေးလျှင် ဒုက္ခသဟ ဂုတ်ကာယဝိညာဏ်ကို တစ်ကိုယ်လုံးအနှံ့ဖော်၍ ပြရသည်၊ ပြနည်းကား တစ်ကွက်နှင့်တစ်ကွက် ခပ်ကွာကွာနေရာမှာ ဖော်ရမည်၊ လကျ်ာ ခြေဖဝါး၌ အနာအကျင် ထိပါးခဲ့သော်ဟု ကိန်းဖော်၍ ပြဆိုခဲ့ပြီး သော အတိုင်း သဘာဝကိုမြင်နိုင်အောင် ဥပါဒ်စွန်း ဘင်စွန်းကို မြင်နိုင် အောင်ပြလေ။
1,326,456
Uncategorized
အာဟာရဒီပနီ
ထို့နောက် လက်ဝဲခြေဖဝါးမှာ၊ ထိုနောက် လကျ်လက်ဖဝါးမှာ၊ ထိုနောက်လက်ဝဲ လက်ဖဝါးမှာ စသည်ဖြင့် ဖော်လေ။
1,326,457
Uncategorized
အာဟာရဒီပနီ
ဦးနှောက်တွင်းမှာ ကိုက်၍လာမှု ပူ၍လာမှု ရင်တွင်းမှာပူ၍လာမှု အပူပျောက်မှု အဆုပ်တွင်းမှာပူ၍လာမှု အပူပျောက်မှုစသည်ဖြင့် ဖော်လေ။
1,326,458
Uncategorized
အာဟာရဒီပနီ
ထိုထိုအင်္ဂါ အစိတ်အကွက်မှာ ယား၍လာမှု အယားပျောက်မှု ထုံ၍လာမှု ကျင်၍လာမှု နာ၍လာမှု ကိုက်၍လာမှု ခဲ၍လာမှုစသည်ဖြင့် ဖော်လေ၊ တစ်ကိုယ်လုံးအနှံ့အပြားဖော်၍ ပြနိုင်လေလေ နာခံသောသူမှာ ဉာဏ်အမြင်သန့်ရှင်းလေလေ ဉာဏ်အမြင်ရွလေလေဖြစ်သတည်း။
1,326,459
Uncategorized
အာဟာရဒီပနီ
ဤဒုက္ခသဟဂုတ်ကာယဝိညာဏ်တစ်ခုကို တစ်ကိုယ်လုံးမှာ ဖြစ်မှုချုပ်မှု အကွက်အကွက် အပိုင်းပိုင်းတွေထင်မြင်၍ကုန်လျှင် ကြွင်းသော ဝိညာဏ် ခြောက်ပါးတို့နှင့်တကွ စေတသိက်ဟူသမျှတို့သည်လည်း ဤနည်းချည်း ဆိုသည့်အနေနှင့် ထင်ပြီးတွေ မြင်ပြီးတွေကဲ့သို့ ဖြစ်၍ကုန်လေ၏၊ ငါမြင်သည် ငါကြားသည် ငါနာသည် အစရှိသောဒိဋ္ဌိစုသည် အကုန် ပျောက်ကင်း၍ ကုန်တော့ မှာ...
1,326,460
Uncategorized
အာဟာရဒီပနီ
အနိစ္စပရိညာ အစဖော်နည်း ပြီး၏။
1,326,461
Uncategorized
အာဟာရဒီပနီ
ဒုက္ခဝေဒနာနှင့်အစဖော်ပြီးနောက် သုခဝေဒနာကိုဖော်ရာ၏၊ သုခသည် နိဒုက္ခသုခ, ဝေဒနာသုခ ဟူ၍နှစ်မျိုးရှိ၏၊ ထိုတွင်ရူပကာယ နာမကာယ၌ ဒုက္ခဝေဒနာကင်းရှင်း၍ နေကာမျှသည် နိဒုက္ခသုခမည်၏၊ ဆင်းရဲဒုက္ခကင်းရှင်း၍နေသည်ကိုပင် ချမ်းသာ ဆိုရသည်၊ သုခဝေဒနာ အလွန်ထင်ရှားသည် မဟုတ်၊ ထိမှန်းသိရုံ မျှသော ဝိညာဏ်ကိစ္စသာ ထင်ရှားသည်၊ ကောင်းလေစွ ကောင်းလေစွ ဟုဆ...
1,326,462
Uncategorized
အာဟာရဒီပနီ
ဖော်ပုံကား ပူအိုက်လှ၍ အေးမြသောရေကို ကျောက်ကုန်း အပြင်မှာလောင်းချိုးရာ၌ လက်ဝါးရာ တစ်ခုစာမျှတွင် ကွက်၍ပြရာ၏၊ ဤနေရာမှ ပွက်ပွက်ဆူ၍နေသော ပူအိုက်မှု ဒုက္ခဝေဒနာတွေ ကွယ် ပျောက်မှု အလွန်ချမ်းသာလှသော သုခဝေဒနာတွေ ဆူဆူတက်ဖြစ် ပေါ်မှုကို ပြရာ၏၊ ခဏမကြာမီ လောင်းချိုးသော ရေခန်းခြောက်၍ သွားပြန်လျှင် သုခဝေဒနာတွေ တစ်ဖြည်းဖြည်းချုပ်ကွယ်မှ...
1,326,463
Uncategorized
အာဟာရဒီပနီ
တစ်ကွက်လှလှမိသည့်နောက် တစ်ကိုယ်လုံးဖြန့်နည်း၊ တစ်ဘဝ လုံး ဖြန့်နည်း၊ တစ်သံသရာလုံးဖြန့်နည်း၊ သတ္တဝါအများမှာ ဖြန့်နည်း များကိုလည်း ရှေးနည်းအတိုင်း သိလေ။
1,326,464
Uncategorized
အာဟာရဒီပနီ
ထင်ရှားသော သုခဝေဒနာ၏ အခြင်းအရာကို ထင်မြင်ပြီးမှ နူးညံ့သောအဝတ်အရုံထိရာ၊ အခင်းအနှီးထိရာ၊ သစ်ပင်ရိပ်ကျောင်း တိုက်ခန်းရိပ်ထိရာ စသည်တို့၌ တစ်ကိုယ်လုံးမှာ တစ်ပြိုင်နက်ကဲ့သို့ ဖြစ်ပေါ်နေသော သုခဝေဒနာတွေကိုလည်း ဖြစ်နိုင်လတ္တံ့၊ ဉာဏ်နိုင်ရုံ ကွက်၍ကွက်၍ကြည့်မှုသည် ပြက်ပြက်ကွက်ကွက်မြင်သာသည်။
1,326,465
Uncategorized
အာဟာရဒီပနီ
သုခသဟဂုတ် ကာယဝိညာဏ်၌ ဥဒယဗ္ဗယ အနိစ္စပရိညာ အစီအရင်ပြီး၏၊
1,326,466
Uncategorized
အာဟာရဒီပနီ
ဇိဝှါဝိညာဏ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ ဝေဒနာကိစ္စမထင်ရှား၊ ချိုသည် ဆိမ့်သည် စပ်သည် အစရှိသည်ဖြင့် နောက်စိတ်အစဉ်မှာမှ ပေါ်လာသော ဣဋ္ဌ အနိဋ္ဌခြားနားစွာသိသော ဇောဝီထိစုကို အတွင်းဝင်ပြု၍ ပြရမည်၊ ဝိညာဏ်ကိစ္စကား အလွန်ထင် ရှား၏၊ ချိုသည်ဟု အသိထင်ရှား၏၊ ခါးသည်ဟု အသိထင်ရှား၏၊ ထိုအသိစုချုပ်ကွယ်မှုလည်း ထင်ရှား၏၊ ကောင်းသည် မကော...
1,326,467
Uncategorized
အာဟာရဒီပနီ
သကြား သကာစသည် သံပုရာရည်, ရှောက်ရည် စသည် ဟင်းကျွေးဟင်းလျာ စားဖွယ်ခဲဖွယ်သောက်ဖွယ် လျက်ဖွယ် တစ်ခုခုမှာပင် လျှာပေါ်သို့ အခါခါရောက်ရာ၌ အခါခါဖြစ်မှု ပျက်မှုကို ထင်ရှားအောင် ရှုလေ
1,326,468
Uncategorized
အာဟာရဒီပနီ
ဇိဝှါဝိညာဏ်ပြီး၏၊
1,326,469
Uncategorized
အာဟာရဒီပနီ
ဃာနဝိညာဏ်ဒွေမှာလည်း ကောင်းသောအနံ့ အခါခါထိခိုက်ရာ အခါခါတစ်ဖွားဖွားဖြစ်ပေါ်မှု အခါခါချုပ်ပျောက်မှု မကောင်းသော အနံ့အခါခါ ထိခိုက်လာရာ၌ အခါခါတစ်ဖွားဖွားဖြစ်ပေါ်မှု အခါခါချုပ် ကွယ်မှု များကို ထင်အောင်မြင်စေရသည်၊ ကောင်းသောအနံ့မှာလည်း ထို့အတူသိလေ။
1,326,470
Uncategorized
အာဟာရဒီပနီ
သောတဝိညာဏ်မှာလည်း အသံအခါခါဖြစ်ပေါ်မှု အခါခါချုပ်ပျောက်မှုကို ထင်ရှားစွာမြင်စေရမည်၊ သောတဝိညာဏ်သို့ ကျလျှင်ပင် အလွန်သိမ်မွေ့လှပြီ၊ သက္ကာယဒိဋ္ဌိ အလွန်ခိုင်မြဲလှပြီ၊ ငါကြားသည်ဟူသော ငရဲမီးကိုသတ်ရန် အခွင့်အလွန်ခဲယဉ်းပြီ။
1,326,471
Uncategorized
အာဟာရဒီပနီ
ဝိညာဏ်ဓာတ် သားနှင့်တကွ ဥဒယစွန်း ဝယစွန်းကို ဘယ်နည်းနှင့်မဆို မြင်သာသည့်နည်းနှင့်အတပ်မြင်မှ သတ်နိုင်မည်၊ ကာယ ဝိညာဏ်ဒွေ၌ ငါခံ၍ကောင်းသည်၊ ငါအခံခက်သည်၊ ငါပူသည် ငါအိုက်သည်၊ ငါယား သည်၊ ငါနာသည်၊ ငါထုံသည်၊ ငါကျင်သည် အစရှိသည်ဖြင့် ငရဲမီးများ လှသော်လည်း ဝေဒနာကိစ္စကြွရွ ထင်ရှားသည့်အတွက် အသတ်လွယ် သေး၏၊ ဇိဝှါဝိညာဏ်မှာ ငါချိုသည်၊ ငါခ...
1,326,472
Uncategorized
အာဟာရဒီပနီ
စက္ခုဝိညာဏ်သို့ ရောက်လျှင် ငါမြင်သည်၊ ငါကြည့်သည်၊ ငါရှုသည်ဟူသော ငရဲမီးသည် အလွန်တောက်လှထက်သန်ခိုင်မြဲလှ၏၊ သွန်သင်ပြသသော အနုသာသနီ ဆရာ အပြလိမ်မာမှ ပြက်ပြက် ကွက်ကွက် ပိုင်းပိုင်းခြားခြား ထင်နိုင်မြင် နိုင်မည်၊ ထိုသို့ ထင်မှလည်း ဉာဏ်လက်နက်သည် ငရဲမီးကိုထိမည်။
1,326,473
Uncategorized
အာဟာရဒီပနီ
အဘိဓမ္မာ ကျမ်းတတ်ဆရာတို့က သဗ္ဗညုတဉာဏ်တော် အရာ၌ သဘာဝယုတ္တိကိုဆ၍ ထွေလာဖန်တီး ပြောဟောသည်များကို ဝိပဿနာ အမြင်မျိုး မဟုတ်ဟု ပြဆိုခဲ့ပြီ၊ ငါမြင်သည်ဟု စွဲလမ်းမှုကို ငရဲမီးဆိုရာ၌ သက္ကာယဒိဋ္ဌိကို ပယ်နိုင်လျှင် အပါယ်တံခါးပိတ်၏၊ အပါယ် တံခါးမျိုး ပြတ်၏၊ အပါယ်မြစ်ပြတ်၏၊ အပါယ်ကြောပြတ်၏ ဟူသော ဒေသနာ တော်စသည် စကားသည် သက်သေတည်း။
1,326,474
Uncategorized
အာဟာရဒီပနီ
သက္ကာယဒိဋ္ဌိချုပ်ခဲ့လျှင် အတိတ်ကပြု၍ထားခဲ့သော မကောင်း မှုကံ အနန္တသည် အကုန်လုံး တစ်ချက်တည်း ကွယ်ပျောက်၏၊ နောက် အနာဂတ်၌ ဖြစ်လတ္တံ့သော ဒုစရိုက်အကုသိုလ်ကံ အနန္တစုလည်း အကုန်လုံးတစ်ချက်တည်း ကွယ်ပျောက်၏၊ အပါယ်တံခါးအပြီးပိတ်၏ဟု သိရသဖြင့် လောက၌ ဒုစ္စရိုက်ကံဟူသမျှသည် သက္ကာယဒိဋ္ဌိ၏ အစီး အပွားတည်း၊ ငရဲမီးသည် သက္ကာယဒိဋ္ဌိ၏ အစီးအပွာ...
1,326,475
Uncategorized
အာဟာရဒီပနီ
မြင်သည်ကိုစွဲလမ်းမှုမှာ တဏှာ, မာန, ဒိဋ္ဌိ သုံးပါးရှိ၏၊ ထိုသုံး ပါးတွင် ငါမြင်သည်ဟုစွဲလမ်းမှုလည်း မာန၏ဝိသေသအချက်တည်း၊ တဏှာဒိဋ္ဌိနှစ်ပါးလည်းဆိုင်ပါ၏၊ ငါဟူသည် တစ်ဘဝတွင် တစ်ငါသာ ဟုဖြစ်ရင်းတည်း၊ စက္ခုဝိညာဏ်ဟူသော မြင်မှုကို အာရုံပြု၍ ငါမြင်သည် ဟုစွဲလမ်းချက်မှာ တစ်ဘဝလုံးမှ စက္ခုဝိညာဏ်တစ်ခုတည်းဟု စွဲလမ်းမှု တည်း၊ စက္ခုဝိညာဏ်ကိ...
1,326,476
Uncategorized
အာဟာရဒီပနီ
ငါ၏မြင်ချက်သည် ကောင်း၏ဟု စွဲလမ်းမှုကား တဏှာ၏ ဝိသေသ အချက်တည်း၊ မြင်မှုသည် ငါ၏အတ္တတည်းဟု စွဲလမ်းမှုကား ဒိဋ္ဌိ၏ဝိသေသ အချက်တည်း၊ ရှေး၌ သတ္တပုဂ္ဂလ အတ္တဇီဝ ပရမတ္ထ ဓမ္မခွဲခန်းမှာ သေချာစွာပြဆိုခဲ့ပြီ
1,326,477
Uncategorized
အာဟာရဒီပနီ
ပဉ္စဝိညာဏ် ပြီး၏၊
1,326,478
Uncategorized
အာဟာရဒီပနီ
ဟဒယဝတ္ထု မနောဝိညာဏ် ပေါက်မှထွက်တောက်သော ငရဲမီး အသိုက်အအုံသည်ကား အလွန်ကြီးကျယ်လှ၏၊ မီးသတ်ဆရာ အစွမ်း ကောင်းလိုလှ၏။
1,326,479
Uncategorized
အာဟာရဒီပနီ
သတ်ပုံအစီအရင်ကိုပြဆိုအံ့၊ မနောဝိညာဏ်မည်သည် နေ့နေ့ ညညခဏမစဲ နှလုံးထဲမှာ တစ်ရှိန်တည်း, တစ်ဆက်တည်း, တစ်ခုတည်း ဖြစ်၍ အမြဲတည်နေသည်ဟုစွဲလမ်း၍ နေကြ၏၊ ငါသိသည် ငါကြံသည် ငါတွေးသည် ငါဆသည် အစရှိသည်ဖြင့် ငရဲမီးတောက် မီးလျှံမစဲ ထ၍နေ၏၊ ထိုမနောဝိညာဏ်စု၏ဖြစ်ပေါ်ရာဌာနကား နှလုံးအိမ်တည်း၊ ထိုနှလုံးအိမ်တွင်းမှာလည်း သွေးသည် တစ်လက်ဖက်ခွဲခန့်ရ...
1,326,480
Uncategorized
အာဟာရဒီပနီ
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ”ဟူ၍လည်းကောင်း၊ “ပဏ္ဍရံ စိတ္တံ” ဟူ၍လည်းကောင်း ဟောတော်မူ၏။
1,326,481
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံစိတ္တံ=ဤစိတ်ဝိညာဏ်မည်သည်၊ ပဘဿရံ=ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းရှိ၏၊ စိတ္တံ=စိတ်ဝိညာဏ်သည်၊ ပဏ္ဍရံ=ဆွတ်ဆွတ်ဖြူ၏၊ မျက်မြင်မျိုးမဟုတ်၊ ဉာဏ်မြင်မျိုးပေတည်း၊ မျက်မြင်မျိုး အသွင် မှန်း၍ ဉာဏ်မျက်စိနှင့် ကြည့်သော်လည်း ကိစ္စ မရှိ၊ “ဝိဇ္ဇုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိ ဝယန္တိစ” ဟူသည်နှင့်အညီလျှ...
1,326,482
Uncategorized
အာဟာရဒီပနီ
တစ်သိမ့်သိမ့် တစ်အိမ့်အိမ့်ကဲ့သို့နေသော ထိုနှလုံးသွေးမှလည်း ဖြစ်ပေါ်ရာဌာနအများ အကွက်ဖော်၍ကြည့်၊ အလယ်၌ ပေါ်သောအခါလည်းရှိသည်၊ ရှေ့ဘက် အစွန်းအနားပေါ်သောအခါ၌လည်း ရှိသည်၊ နောက်အဖို့အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ျာဘက် အစွန်းအနား၌ပေါ်သော အခါလည်းရှိသည်၊ လက်ဝဲဘက် အစွန်အနား၌ ပေါ်သောအခါလည်း ရှိသည်၊ ဤသို့စသည်ဖြင့် ဖြစ်ပေါ်ရ...
1,326,483
Uncategorized
အာဟာရဒီပနီ
ဥပမာကား တစ်ခုသော ပုလင်းငယ်အတွင်းမှာ တစ်လက်ဖက်၏ ထက်ဝက်ခန့်ပမာဏရှိသော ချင်းချင်းနီသော မှန်ကဲ့သို့ ကြည်လင် လှစွာသော ထိုထိုဝတ္ထုကို အလွန်မြန်မြန်ကြီး ကုန်ပျောက်အောင် စားနိုင် သော ဆေးရည်သည် ရှိရာ၏၊ အလွန်နူးညံ့လှစွာသော, အလွန်လည်း သိမ်မွေ့သေးငယ်လှစွာသော, ဆွတ်ဆွတ်ဖြူသော အပြေးအသွား လည်း အလွန်မြန်ထက်သော သံသေဒဇပိုးငယ်မျိုး တစ်မျိ...
1,326,484
Uncategorized
အာဟာရဒီပနီ
စိတ်၏ အဖြစ်အပျက် အပြောင်းအလဲ မြန်လှမှုကြောင့်လည်း နှလုံးသွေးတစ်ခုလုံးမှာ ဘယ်နေရာမဆို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း မှာပင် ရွရွ ရွရွအနေနှင့် မြင်လတ္တံ့၊ ငါသိသည်ဟူ၍, ငါကြံသည်ဟူ၍ ခဏမစဲ အမြဲထင်မြင်၍နေကြသော စိတ်အကြံ အသိစုနှင့်ထိုရွရွ ရွရွ ထင်မြင်ရသော အချက်စုသည် တစ်ခုတည်း, တစ်ချက်တည်း, ထင်မြင်၍ သွားမှ နေရာကျသည်၊ နှလုံးသွ...
1,326,485
Uncategorized
အာဟာရဒီပနီ
“ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော”။
1,326,486
Uncategorized
အာဟာရဒီပနီ
(ဓမ္မပဒ ပါဠိတော်)
1,326,487
Uncategorized
အာဟာရဒီပနီ
ဤပါဠိတော် ရုပ်ခန္ဓာကို ရေမြှုပ်စိုင်, ရေမြှုပ်ခဲ့ကဲ့သို့ နာမ်ခန္ဓာစုကို တံလျှပ်မျှင်တွေ, တံလျှပ်ရောင်တွေကဲ့သို့ ထင်မြင်နိုင်ပါလျှင် သေမင်း မမြင်နိုင်သေ နိဗ္ဗာန်သို့ရောက်၏ ဟောတော်မူရာ၌ အနှစ်သာရ မရှိမှု သဏ္ဍာန်အသွင် ထင်မြင်မှုနှစ်ချက်စီရသော ဥပမာစုပင် မှတ်ရမည်။
1,326,488
Uncategorized
အာဟာရဒီပနီ
တံလျှပ်ဆိုသည်ကား မိုးဦးနွေလအခါ၌ ရေမရှိဘဲ ခြောက်သွေ့၍ နေသောအင်းပြင်ကြီးများမှာ မွန်းတည့် မွန်းတိမ်း နေပူအားကောင်း တုန်းအခါတွင် မလှမ်းမကမ်းကနေ၍ အင်းပြင်ကြီးကို ကြည့်မျှော်သော အခါ အင်းအပြင်မှာ လျှမ်းလျှမ်းလျှမ်းလျှမ်းထ၍ နေသည်ကို မြင်ရ၏၊ နွေအခါ ရေငတ်လှ၍ ရေရှာကြသော ငါးရာတစ်ထောင်စသော တောသမင်းတို့သည် ထိုတံလျှပ်တွေကို မြင်ကြလျ...
1,326,489
Uncategorized
အာဟာရဒီပနီ
ဤ၌ တံလျှပ်ဆိုသည်ကား အင်းအပြင် မြေထဲမှ မိုးရွာဖို့ တက် သော ရေအခိုးစုပေတည်း၊ အပေါ်တည့်တည့်ကကျသော နေရောင် ခြည်စုသည် ထိုအခိုးတို့မှာကြောက်လေ၍ ရေခိုး နေရောင် နှစ်ခုစပ်ကို တံလျှပ်ခေါ်သတည်း၊ အလွန်နီးကပ်သော နေရာက ကြည့်လျှင် မမြင်ရ၊ ပျောက်ကွယ်၍ကုန်သကဲ့သို့ ထင်ရ၏၊ နေရောင်နှင့် ပဏာရသော နေရာကကြည့်မှ ခဏမစဲ အာရုံရှိရာ သို့ရှေးရှုဖြစ...
1,326,490
Uncategorized
အာဟာရဒီပနီ
ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်ခြောက်ပါးတို့၏ တရားကိုယ် တွေ့နှင့်တကွဖြစ်မှုပျက်မှုကို ထင်မြင်သောအခါ အာရုံခြောက်ပါးနှင့်စပ်၍ ထိုဝိညာဏ်ခြောက်ပါးတို့၏ ပဋိစ္စသမုပ္ပါဒအမှုကို ကြည့်ရှုရာ၏၊ ဤအနိစ္စ ပရိညာမှုက ပဋိစ္စသမုပ္ပါဒအခြင်းအရာနှင့်စပ်၍ အနိစ္စအချက်ကို ထင်မြင် ရင်းရှိမှသာလျှင် အနတ္တပရိညာမှု လွယ်နိုင်သည်။
1,326,491
Uncategorized
အာဟာရဒီပနီ
“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဟူသောပါဠိတော်၌ စက္ခုနှင့်စပ်၍ ပဋိစ္စသမုပ္ပါဒ ဖြစ်ပုံကို ရူပက္ခန္ဓာ အခန်းသို့ ရောက်မှဆိုပေအံ့။
1,326,492
Uncategorized
အာဟာရဒီပနီ
ရူပေစ=ထိုထိုရူပါရုံတို့ကိုလည်း၊ ပဋိစ္စ=အစွဲပြု၍၊ စက္ခုဝိညာဏံ= စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ=အသစ်အသစ်ဖြစ်ပေါ်၏။
1,326,493
Uncategorized
အာဟာရဒီပနီ
ထိုထို ရူပါရုံဆိုသည်ကား အဘိဓမ္မာဝေါဟာရမျိုးတည်း၊ ရူပါရုံ ၏မှီရာ အဋ္ဌကလာပ် ဒြဗ်ဝတ္ထုနှင့်တကွ ကိုင်၍ ပြမှသာ၍ ထင်ရှား သည်၊ လူ၏အဆင်း နွား၏အဆင်း တုံး၏အဆင်း တိုင်၏အဆင်းဟု ပြောဆိုသည်ကား အဘိဓမ္မာဝေါဟာရမျိုးတည်း။
1,326,494
Uncategorized
အာဟာရဒီပနီ
လူကိုမြင်သည်၊ နွားကိုမြင်သည်၊ တုံးကိုမြင်သည်၊ တိုင်ကိုမြင်သည်ဟုပြောဆိုကြသော ဝေါဟာရမျိုးမူကား၊ မျိုကြစားကြသော ထမင်းခဲဖွယ် ဘောဇဉ်စုကကို ကဗဠီကာရအာဟာရ ပြောဆိုကြသကဲ့သို့ သဝတ္ထုက ကထာမျိုးတည်း။
1,326,495
Uncategorized
အာဟာရဒီပနီ
အဘိဓမ္မာ ပါဠိတော်များမှာလည်း သဝတ္ထုက ကထာမျိုး ပရမတ္ထ ကထာမျိုးနှစ်မျိုးပင်လာ၏၊ မျိုကြ စားကြသော ဘောဇဉ်ခဲဖွယ် ဝတ္ထုနှင့် ဒြပ်တို့ကို ကဗဠီကာရအာဟာရဟု ခေါ်ဝေါ်မှုကားဒြဗ် ဝတ္ထုနှင့်တကွ ကိုင်၍ပြသော ဝေါဟာရကထာမျိုးတည်း “ဩဒနော ကုမ္မာသော သတ္တု မစ္ဆော မံသံ” အစရှိသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော် များမှာပင် ထိုဝေါဟာရ လာရှိ ပါ၏၊ မျိုအပ်သေ...
1,326,496
Uncategorized
အာဟာရဒီပနီ
ထိုနှစ်ပါးတွင် ထင်ရှားစေခြင်းငှါ ဤအရာ၌သဝတ္ထုက ဝေါဟာရ ကိုပြဆိုပေအံ့။
1,326,497
Uncategorized
အာဟာရဒီပနီ
ရူပေ=ထိုထိုရူပါရုံတို့ကိုအစွဲပြု၍ စက္ခုဝိညာဏ်စိတ် အသစ်ဖြစ်ပေါ်မှုဆိုသည်ကား၊ နံနက်အခါ၌ အိပ်ရာထသည်မှစ၍ ညဉ့်အခါ အိပ်ရာသို့ဝင်သည့်တိုင်အောင် တစ်နေ့လုံး၌ ပဌမဘယ်ဟာကို မြင်သည်၊ ဒုတိယ ဘယ်ဟာကိုမြင်သည်အစရှိသည်ဖြင့် အစဉ်ရှိသည် သာဖြစ်၏၊ ထိုသို့စီစဉ်၍မူကား ပြောခြင်းငှါမတတ်နိုင်အောင် အချက်များ လျက်ရှိ၏၊ ပဌမလူကိုမြင်သည်၊ ဒုတိယနွားကို...
1,326,498
Uncategorized
အာဟာရဒီပနီ
ထင်ရှားရုံ ချဲ့ဦးအံ့။
1,326,499
Uncategorized
အာဟာရဒီပနီ
။ တုံးနှင့်မျက်နှာ တယ်မိကြသည်နှင့် တစ်ပြိုင်နက် တုံးရိပ်သည် စက္ခုပသာဒရုပ်မှာ ထင်၏၊ ထိုတုံးရိပ် ထင်မှု သည် ပရမတ္ထသဘာဝအရာ၌ စက္ခုပသာဒရုပ်မှာ မိုးကြိုးကြ သကဲ့သို့ အဟုန်နှင့်တကွတိုက်ခိုက်၍ ပသာဒရုပ်ကြည်တွင် တုံးရိပ်ဖြစ် ပေါ်မှုဖြစ် သတည်း၊ ထိုသို့ပသာဒရုပ်မှာ တုံးရိပ်ခိုက်တိုက်မှုဒဏ်ချက်ကြောင့် ထိုအရိပ်ထိခိုက်ပေါ်ရှိ၍နေရာမှာ တ...
1,326,500
Uncategorized
အာဟာရဒီပနီ
တုံးကိုလွှတ်၍ တိုင်ကိုမြင်သောအခါ၌လည်း ဤနည်းအတိုင်း ပင်၊ တိုင်ကိုလွှတ်၍ တစ်စုံတစ်ခု မြင်ပြန်ရာ၌လည်း ဤနည်းအတိုင်းပင်။