id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,326,501 | Uncategorized | အာဟာရဒီပနီ | ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ် ဖြစ်ပေါ်မှုကို သိအပ်သတည်း။ |
1,326,502 | Uncategorized | အာဟာရဒီပနီ | တုံးရိပ် တိုင်ရိပ်စသည် ခိုက်မှု တိုက်မှု ဒဏ်ရာရှိမှသာ ထို ဝိညာဏ်ဖြစ်ပေါ်နိုင်လေရကား၊ ရူပေ=ထိုထိုရူပါရုံတို့ကို၊ ပဋိစ္စ=အစွဲပြု၍၊ ဥပ္ပဇ္ဇတိ=အသစ်အသစ်ဖြစ်ပေါ်၏ဟူရာ၌ အစွဲပြုဟူသော အချက် ပေါ်လေသတည်း။ |
1,326,503 | Uncategorized | အာဟာရဒီပနီ | ထိုသို့ ထိုထိုတုံးတိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့၏ ထိခိုက်မှုနှင့် သာဖြစ်ပေါ်ရလေသောကြောင့် တုံးကို ကြည့်မြင်သောအခါ မျက်စိမှာ ဖြစ်ပေါ်သော စက္ခုဝိညာဏ်သည် တုံးကလုပ်ပေးသော စက္ခုဝိညာဏ် ပေတည်း၊ တုံးကလုပ်၍ ဖန်ဆင်း၍ပေးသော စက္ခုဝိညာဏ်နှင့် တုံးကို မြင်ရသည်၊ တိုင်က လုပ်၍ပေးသော စက္ခုဝိညာဏ်နှင့် တိုင်ကို မြင်ရ သည်၊ အစရှိသည်ဖြင့် အက... |
1,326,504 | Uncategorized | အာဟာရဒီပနီ | ဥပမာကား အသက်တစ်သိန်းတမ်းမှာ တစ်နှစ်တစ်နှစ်လျှင် လင်တစ်ယောက်ယောက်သေ၍ နှစ်စဉ်နှစ်တိုင်း လင်အသစ်အသစ် တစ်ယောက်တစ်ယောက် ယူရ၍ အနှစ်ငါးသောင်းကာလပတ်လုံး သားပေါင်း ငါးသောင်း ဖွားမြင်ရာ၏၊ ထိုသားစုကား အဖအသီးသီးတည်း၊ သားတို့ကို ကွဲပြားအောင် ပြောလိုလျှင် အမိနှင့်ပြော၍ မကွဲပြားနိုင်၊ အဖနှင့်ပြောမှ ဤသူကား မည်သူ၏သားတည်း၊ ဤသူကား မည်သူ၏... |
1,326,505 | Uncategorized | အာဟာရဒီပနီ | တုံးတိုင် စသည်ကို အစဉ်အတိုင်း အိပ်ရာဝင်သည့်တိုင်အောင် တစ်နေ့လုံး၌မြင်၍သွားသော ထိုပုဂ္ဂိုလ်သည် တုံး၏ သားဖြစ်သော စက္ခုဝိညာဏ်နှင့်တုံးကိုမြင်သည်၊ တိုင်၏သားဖြစ်သော စက္ခုဝိညာဏ်နှင့် တိုင်ကိုမြင်သည် အစရှိသည်ဖြင့် ဆိုထိုက်လေသတည်း။ |
1,326,506 | Uncategorized | အာဟာရဒီပနီ | ဥပမာ တစ်နည်းကား ဝဲယာနှစ်ဖက်၌ လူ့တစ်ရပ်ခန့်အမြင့် ရှိသော သစ်ပင်ပေါင်းတစ်ထောင် စီတန်းလျက်ရှိသော ဖန်တုံးကြီး တစ်ခုကို ပင့်မြှောက်ယူဆောင်၍ အပြေးသွားရာ၌ ထိုထိုသစ်ပင် ဥပစာသို့ ရောက်လေရာ ဖန်တုံးကြီးမှာ အရိပ်အသီးသီးပေါ်လေရာ၏၊ ဖန်တုံးကြီး နှင့် စက္ခုပသာဒ၊ ထိုထိုသစ်ပင်နှင့် ထိုထိုရူပါရုံ ဝတ္ထဒြဗ်၊ ထိုထိုသစ်ပင် ရိပ်နှင့် ထိုထိုစက... |
1,326,507 | Uncategorized | အာဟာရဒီပနီ | ထိုထိုအသံမျိုးနှင့် သောတဝိညာဏ်၊ ထိုထိုအနံ့မျိုးတို့နှင့် ဃာနဝိညာဏ်၊ ခံတွင်းမှာရောက်လာသော ထိုထိုရသာရုံ ဝတ္ထုဒြဗ်မျိုး တို့နှင့် ဇိဝှါဝိညာဏ်၊ ကိုယ်အင်္ဂါ အတွင်းအပမှာ ထိခိုက်လာသော ထိုထို ဖောဋ္ဌဗ္ဗာရုံ ဝတ္ထုမျိုးတို့နှင့် ကာယဝိညာဏ်၊ ဤဝိညာဏ်တို့၌လည်း စက္ခုဝိညာဏ်အတိုင်းသိလေသည်။ |
1,326,508 | Uncategorized | အာဟာရဒီပနီ | မနောဝိညာဏ်မှာမူကား အာရုံမျိုး အလွန်အထွေအပြား များ လှ၏၊ ကုသိုလ်စိတ်မျိုး၊ အကုသိုလ်စိတ်မျိုး၊ စက္ခုဝိညာဏ်အစရှိသော အဗျာကတစိတ်မျိုး၊ ထိုစိတ်မျိုးတို့မှာယှဉ်သော လောဘတရား, ဒေါသ တရား, မောဟတရားအစရှိသော အကုသိုလ်တရားစု၊ သဒ္ဓါ, ပညာ, သတိအစရှိသော ကုသိုလ်အဗျာကတဓမ္မစု၊ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ, ဝိတက်, ဝိစာ... |
1,326,509 | Uncategorized | အာဟာရဒီပနီ | မစဲဖြစ်၍နေသော စိတ်အကြံအစည်စုတွင် အိပ်ပျော်စဉ် ဘဝင် ကိစ္စနှင့် ခဏမစဲဖြစ်၍နေသော မနောဝိညာဏ်စုမှာ ကံ-ကမ္မနိမိတ်, ဂတိနိမိတ်ဟူသော အာရုံစုကို အာရုံပြုသည်၊ အိပ်ရာကနိုး၍လာသည် မှစ၍ အိပ်ရာဝင်၍ အိပ်ပျော်သည့်တိုင်အောင် ပြဆိုခဲ့ပြီးသော အာရုံစု တွင် အကြောင်းအခွင့် ဆိုက်တိုက်ရာ တစ်ခုခုသော အာရုံစ၍ထင်မြင် သည်မှ ခဏစဉ်အတိုင်း ပြဆိုခဲ့ပြီး... |
1,326,510 | Uncategorized | အာဟာရဒီပနီ | ဤဝီထိ မနော ဓာတ်စုမှာလည်း ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့် ဆိုက် တိုက်ရာ တစ်ခုတစ်ခုသော အာရုံသည် ဘဝင်၌ ခိုက်တိုက်လှုံ့ဆော် ပေးပြီးမှ ထိုလှုံ့ဆော်သော တစ်ခုခုသောအာရုံကို အာရုံပြု၍ သိမှု ကြံဖန် မှုဟူသော မနောဝိညာဏ်တစ်ခုခု နှလုံးထဲမှာ ဖြစ်ပေါ်လေသည်။ |
1,326,511 | Uncategorized | အာဟာရဒီပနီ | တွေ့ကြုံဆိုက်တိုက်သောအကြောင်းမျိုး, အခွင့်မျိုးလည်း ဘယ် ခဏမှာမှမလပ်၊ ဝိုင်းလျက်, အုံလျက်တစ်ရုန်းရုန်း တွေ့ကြုံဆိုက် တိုက်မှု မစဲပြီ၊ ဆိုက်တိုက်သောအခွင့်နှင့် စပ်လျဉ်းသော တစ်မျိုးတစ်မျိုး သော အာရုံလည်း ဘဝင်မှာ ထင်မှု, ခုက်မှု, လှုံ့ဆော်မှုမစဲပြီ၊ ထိုထိုအာရုံ လှုံ့ဆော် တိုင်း လှုံ့ဆော်တိုင်း ဟဒယဝတ္ထုအတွင်းမှာ ဖြစ်ပေါ်ကာ ... |
1,326,512 | Uncategorized | အာဟာရဒီပနီ | မစဲပြီ ဆိုသည်ကား သူသူငါငါ သတ္တဝါတို့၏ အထင်အမြင်အတိုင်း ဆိုသည်၊ မုချအားဖြင့်မူကား စိတ်စေတသိက် နာမက္ခန္ဓာ လေးပါး တို့မည်သည် စက္ခုမှာဖြစ်ပေါ်ခိုက် စက္ခုမှာသာ ရှိကြကုန်သည်၊ ကြွင်း သော တစ်ကိုယ်လုံးမှာ မရှိကြကုန်၊ သောတမှာ ဖြစ်ပေါ်ခိုက် သောတ မှာသာ ရှိကြကုန်သည်၊ ဃာနမှာ ဖြစ်ပေါ်ခိုက် ဃာနမှာသာ ရှိကြ ကုန်သည်၊ ဇိဝှါမှာဖြစ်ပေါ် ခို... |
1,326,513 | Uncategorized | အာဟာရဒီပနီ | မနောဝိညာဏ်အစုမှာလည်း ကိုယ်အမူအရာကို ပြုပြင်သော ဝိညာဏ်စုဖြစ်၍နေစဉ် နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုး မဖြစ်နိုင်၊ နှုတ်အမူအရာကို ပြုပြင်သော စိတ်စုဖြစ်၍နေစဉ် ကိုယ်အမူ အရာကိုပြုပြင်သော စိတ်မရှိနိုင်၊ သို့သော်လည်း အလဲ အလှယ်မြန်လှ သည့်အတွက်ကြောင့် သွားဆဲမှာပင် စကားပြောနိုင်၏၊ စကားပြော ဆဲမှာပင် ကိုယ်အင်္ဂါ လှုပ်ရှားနိုင်၏... |
1,326,514 | Uncategorized | အာဟာရဒီပနီ | ။ ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာမူကား ဤသို့ဖြစ်၍ နေကြရာမှ အလုံးစုံခြုံမိ ငုံမိလောက်သောအချက်ကို ရှာ၍ဝိညာဏ် ဝီထိဝါရပေါင်း တစ်သိန်း, တစ်သန်း, တစ်ကုဋေမကကိုပင် တစ်ဝိညာဏ်တည်း တစ်ချက် တည်းပြု၍ ဥဒယမှု, ဝယမှုကို ရှုရသည်၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော ဉာဏ်မှာ အကုန်ပါစေနိုင်သည်သာ ပမာဏတည်း၊ ငါမြင်သည်, ငါကြား သည်, ငါနံသည်, ငါအရသာကိုသိသည... |
1,326,515 | Uncategorized | အာဟာရဒီပနီ | ကိုယ်တွင်းမှာ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယ ဟူသော ခြောက်ဌာနက ထိထိမိမိဆုပ် ကိုင်၍ ဖြစ်မှု, ပျက်မှုကိုကောင်းစွာ ထင်မြင်နိုင်လျှင် ထိုအလုံးစုံသော အထွေအလာတို့သည် အတွင်းဝင် ပါလေကုန်တော့သည်။ |
1,326,516 | Uncategorized | အာဟာရဒီပနီ | (ဤတွင်ရွေ့ကား ဝိညာဏ်ခြောက်ပါး၌ အနိစ္စပရိညာ အစီအရင် အမြွက်ပြီး၏၊) |
1,326,517 | Uncategorized | အာဟာရဒီပနီ | ဒုက္ခပရိညာကို ပြဆိုပေအံ့။ |
1,326,518 | Uncategorized | အာဟာရဒီပနီ | ရှေးဉာတပရိညာအခန်း၌ ပြဆိုခဲ့ ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးသည်လည်း ဝိညာဏ်ခြောက်ပါး၏ ဒုက္ခလက္ခဏာပင်တည်း၊ ဝိညာဏ်ခြောက်ပါးမှထွက်သော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးကိုမြင်သဖြင့် ဝိညာဏ်ခြောက်ပါး၏ ကြောက်မက် ဖွယ်ကြီး၏ အဖြစ်ကို မြင်ခြင်းသည် “ဒုက္ခံ ဘယဋ္ဌေန” ဟူသည်နှင့် အညီ စက်ကြီးတစ်ဆယ့်ငါးပါးသည် ဝိညာဏ်ခြောက်ပါး၏ ဒုက္ခ လက္ခဏာရေး ... |
1,326,519 | Uncategorized | အာဟာရဒီပနီ | ယခုအခါ “ယအနိစ္စံ တံ ဒုက္ခံ” ဟူ၍လည်းကောင်း၊ “အနိစ္စေ ဒုက္ခသညာ” ဟူ၍လည်းကောင်း ဟောတော်မူသည်နှင့်အညီ အနိစ္စ တရားမျိုးဖြစ်သည့်အတွက် သိအပ်သော ဒုက္ခမျိုးကို ဥပမာနှင့်တကွ ပြဆိုဦးအံ့။ |
1,326,520 | Uncategorized | အာဟာရဒီပနီ | ထန်း အုန်း စသော သစ်သီးတို့သည် အညှာပြုတ်လျှင် မြေသို့ ပရမ်းပတာ ကြွေကျမှု အမြဲရှိနေကြသကဲ့သို့ သံသရာ၌ ကျင်လည်၍ နေကြကုန်သော ပုထုဇ္ဇဉ်သတ္တဝါတို့သည် လူ့ပြည်မှာ ဖြစ်ရကုန်သော် လည်း အမြဲမနေကြရကုန်၊ ဇီဝိတိန္ဒြေအညှာ ကြွေ၍ သေမြဲဓမ္မတာ ဖြစ်ကြကုန်၏၊ သေပြန်လျှင်လည်း ဘယ်ဘုံ, ဘယ်ဘဝသို့ငါသွားမည်ဟု သွားနိုင်ကြကုန်သည် မဟုတ်၊ ပေါက်လွှတ်ဓမ္... |
1,326,521 | Uncategorized | အာဟာရဒီပနီ | တစ်ခု တစ်ခုသော ဘဝ၌ အနိစ္စကြောင့် ဒုက္ခကြီးကျယ်ပုံကို ဥပမာနှင့်တကွပြအံ့။ |
1,326,522 | Uncategorized | အာဟာရဒီပနီ | ဤဝိညာဏ်သည် သူသတ်ယောက်ျားကြီးနှင့် တူ၏၊ အနိစ္စတာ သည် မြမြထက်သော ဓားသန်လျက်နှင့်တူ၏၊ သတ္တဝါသည် ရာဇဝတ် ကောင်နှင့်တူ၏၊ ဝိညာဏ်တည်းဟူသော သူသတ်ယောက်ျားကြီးသည် အနိစ္စတာ တည်းဟူသော ဓားသန်လျက်နှင့် ရာဇဝတ်ကောင်တည်း ဟူသောသတ္တဝါကို ပဋိသန္ဓေတည်နေသည်မှစ၍ ခဏမစဲ ဓားရာချင်း စပ်အောင် အရာပေး၏၊ ကိုယ်တွင်းမှာ ဆေးဝါဓားစာ အခံမရှိလျှင် ထိုသတ္တဝ... |
1,326,523 | Uncategorized | အာဟာရဒီပနီ | ဤစကားရပ်ဖြင့် ရေသတ္တဝါ, မြေပေါ်ရှိသတ္တဝါ, ကောင်းကင်ရှိ သတ္တဝါတို့၌ ကြီးကျယ်ကျပ်တည်း အမြဲနှိပ်စက်၍နေသော အသက်မွေးမှု အစာအာဟာရမှုကြီးသည် ဝိညာဏ်၏ အနိစ္စမှုမှ ဖြစ်ပွားသော ဒုက္ခမှုကြီး အမှန်ဖြစ်သည်ကိုပြသော စကားရပ်တည်း။ |
1,326,524 | Uncategorized | အာဟာရဒီပနီ | ရှေးက ပြဆိုခဲ့ပြီးသော အနိစ္စကိုထိထိမိမိကြီးမြင်မှ ယခုပြဆိုသော ဝိညာဏ်၏ဒုက္ခလက္ခဏာကို ကောင်းစွာ သိမြင်နိုင်မည်၊ အနိစ္စကို ထိထိ မိမိကြီးမမြင်က အနိစ္စသည် အားပေးအာမြှောက်ရှိ၍နေသည့်အတွက် ကြောက်မက်ဖွယ်သော ဒုက္ခလက္ခဏာကိုပြဆိုသော်လည်း မိမိကိုယ် တွင်းရှိ ဝိညာဏ်ကို ကြောက်မက်ဖွယ်သော ဒုက္ခဓမ္မဟု မထင်နိုင်။ |
1,326,525 | Uncategorized | အာဟာရဒီပနီ | တစ်နည်းသော်ကားထိုသူသတ် ယောကျ်ားကြီးမှာ ထိုသတ္တဝါ၌ ဓားရာတစ်ချက်တစ်ချက်တွင် အသက်သေဆုံးအောင် ဝိုင်းညီကြ ကုန်သော ရွာပယောဂ, တောပယောဂ တပည့်လက်သားတို့မှာလည်း မျာစွာရှိကုန်သတတ်။ |
1,326,526 | Uncategorized | အာဟာရဒီပနီ | ဆေးဝါးဓာတ်စာ အခံကောင်းလှသေး၍ ထိုထို ဓားချက်တွင် အသက်မသေ ရှိပြန်ချေလည်းထိုသတ္တဝါကို ထွေထွေ လာလာ ဗျာပါရဒုက္ခ များပြားရန် အငိုတိုက်ရန်, အရယ်တိုက်ရန်, အရူးတိုက်ရန်, အနှမ်းတိုက်ရန်, အရှက်ခွဲရန်, အကျိုးနည်းရန် ဝိုင်းအုံကြ ကုန်သော နတ်ရဲ, စုန်းရဲ, သရဲသဘက် တပည့်လက်သားတို့လည်း များစွာရှိကုန်၏၊ ဤစကား၌ ဝိညာဏ်သည် သူသတ်ယောကျ်ားကြီးသ... |
1,326,527 | Uncategorized | အာဟာရဒီပနီ | ဤစကားရပ်ဖြင့် မိမိကိုယ်၌ရှိသော ဝိညာဏ်အနိစ္စကြောင့် ဝိညာဏ်ဒုက္ခ ကြီးကျယ်လှပုံ ကိုပြဆိုအပ်သတည်း။ |
1,326,528 | Uncategorized | အာဟာရဒီပနီ | ဒုက္ခ ဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမ ဒုက္ခတို့ဖြင့်ဝိညာဏ်၏ ဒုက္ခလက္ခဏာကိုပြဆိုရာ၏၊ နောက်နောက်ဘဝတို့၌ သုဂတိဝိညာဏ်ကို ရနိုင်ရန် ရှေးရှေးဘဝတို့ကတင်ကူး၍ ဒုက္ခစိုက်ပျိုးပြုနှင့်ရသော ဒါနမှု, သီလမှု, ဘာဝနာမှုတို့သည်ကား ထိုသုဂတိဝိညာဏ်၏ သင်္ခါရဒုက္ခမှု တို့တည်း၊ ထို့အတူ ဖြစ်ရာသုဂတိဘဝတို့၌ အသက်မွေးမှု အစရှိသည် လည်း ဝိညာဏ်၏ သင်္ခါ... |
1,326,529 | Uncategorized | အာဟာရဒီပနီ | ဒါန, သီလအစရှိသော သင်္ခါရဒုက္ခနှစ်မျိုးကို အပန်းခံ၍ အားထုတ် ကြကုန်သော ပုဂ္ဂိုလ်တို့ကား နှစ်မျိုးရှိကြ၏၊ ထိုသင်္ခါရဒုက္ခထမြောက်လျှင် ထမြောက်လျှင် ထိုသင်္ခါရဒုက္ခမျိုးနှင့်တကွ ဒုက္ခခပ်သိမ်းတို့မှာ အပြီး၍ ငြိမ်း၍ သွားအောင် အားထုတ်ကြသူတစ်မျိုး၊ ငြိမ်းမှုစခန်းဟူ၍မရှိပဲ ဖြစ်ကတတ်ဆန်း အားထုတ်ကြသူတစ်မျိုး၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင... |
1,326,530 | Uncategorized | အာဟာရဒီပနီ | ထိုပုဂ္ဂိုလ်တို့ကား ဒါနပြုမှု ဒုက္ခကြီးမှလည်း လွတ်ငြိမ်းကြလေ ကုန်၏၊ သီလဒုက္ခကြီး ဘာဝနာဒုက္ခကြီးတို့မှာလည်း လွတ်ငြိမ်းကြ လေကုန်၏၊ အပါယဒုက္ခ စသည်တို့မှာလည်း လွတ်ငြိမ်းကြလေကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ အနိစ္စမျိုးဖြစ်သော ဝိညာဏ်၏လက်မှ ကျွတ် လွတ်နိုင်ကြပေကုန်သောကြောင့်တည်း။ |
1,326,531 | Uncategorized | အာဟာရဒီပနီ | (ဝါ)ဝိညာဏ်ကို စွန့်လွှတ်နိုင်ကြ ပေကုန်သောကြောင့်တည်း။ |
1,326,532 | Uncategorized | အာဟာရဒီပနီ | ဝိညာဏ်၏လက်မှာ မလွတ်နိုင်ကြကုန်ငြား အံ့၊ တစ်ခြားတစ်ပါးသော ဒုက္ခမျိုးကို မဆိုထားဘိဦး၊ အနမတဂ္ဂ သံသရာ ၌ ဒါနပြုမှု ဒုက္ခ, သီလစောင့်ထိန်းမှု ဒုက္ခ, ဘာဝနာပွားများမှုဒုက္ခ, ရသေ့ပြု မှုဒုက္ခ, ဘာဝနာပွားများမှုဒုက္ခ, ရသေ့ပြုမှုဒုက္ခ, ရဟန်းပြုမှုဒုက္ခ ဤ ဒုက္ခကြီးတွေ နှိပ်စက်ညှင်းပန်းမှုနှင့်ပင် ငြိမ်းချမ်းရန် အခွင့်မရှိပြီ၊ ဒုတိယပ... |
1,326,533 | Uncategorized | အာဟာရဒီပနီ | ဆိုလိုရင်းအဓိပ္ပါယ်ကား ကုသိုလ်မှုမည်သည် လှူဖွယ်ဝတ္ထုကို စုဆောင်းရခြင်းစသည်ဖြင့် ဆင်းရဲခံနိုင်မှဖြစ်သော အမှုသာတည်း၊ သို့သော်လည်း အလိုရှိရာ အမျိုးမျိုးကိုဆောင်နိုင်သော အမှုမျိုးဖြစ် ပေသည် တစ်ကြောင်း, ကုသိုလ်မှုကို အားမထုတ်လျှင် အပါယ်ဒုက္ခ၌ မြှပ်၍သွားမည်ကိုကြောက်ရသည် တစ်ကြောင်း, သို့အကြောင်းကြောင့် ဆင်းရဲခံ၍ပင် အားထုတ်ကြရ... |
1,326,534 | Uncategorized | အာဟာရဒီပနီ | “မာရောတိခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ” ဟူ၍လည်းကောင်း၊ “ဝဓကော ပစ္စတ္ထိကောတိ ခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ” ဟူ၍လည်းကောင်း၊ ဟောတော်မူသည်နှင့်အညီ လူသတ် ယောက်ျား ဥပမာ၌ ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်သည် အနိစ္စတာ ဓားကို မိမိ၌အမြဲစွဲကိုင်လျက် အတွင်သတ်သော ယောက်ျားကြီးစင်စစ် ဖြစ်၏၊ လူ့ဝိညာဏ်သည် လ... |
1,326,535 | Uncategorized | အာဟာရဒီပနီ | သောတာပန်အဖြစ်သို့ရောက်၍ သက္ကာယ ဒိဋ္ဌိချုပ်ငြိမ်းသဖြင့် ဝိညာဏ်ကိုလွတ်နိုင်သောအခါမှ အပါယ်ကျဒုက္ခ ငြိမ်း၏၊ ကုသိုလ်မှု သင်္ခါရဒုက္ခလည်း အပန်းကြီးလောက် အောင်မရှိပြီ။ |
1,326,536 | Uncategorized | အာဟာရဒီပနီ | (ဤကား ဝိညာဏ်၏ သင်္ခါရဒုက္ခကြီးကျယ်ပုံကို အမြွက်မှဆိုလိုက်သော အချက်တည်း။ |
1,326,537 | Uncategorized | အာဟာရဒီပနီ | ဝိပရိဏာမ ဒုက္ခကိုကား သူသတ်ယောက်ျား ဥပမာနှစ်ချက် ဝိနိပါတ သံသာရဘယအချက်များနှင့်ပင် ထင်ရှားသိသာလှပြီ၊ အနိစ္စမှ ထွက်သော ဒုက္ခဟူသမျှသည် ဝိပရိဏာမဒုက္ခချည်းတည်း။ |
1,326,538 | Uncategorized | အာဟာရဒီပနီ | အနမတဂ္ဂ သံသရာနှင့်အမျှ သင်္ခါရဒုက္ခကြီးကျယ်၍ နေရသည်မှာလည်း ဝိပရိဏာမ အတွက်ပင်တည်း၊ လောက၌ မြို့ဖွဲ့၍, ရွာဖွဲ့၍, အသင်းဖွဲ့၍ အိမ်ရာ ဝင်းခြံ အရံအကာဖွဲ့နေကြရသော အမှုသည်လည်း ဝိပရိဏာမသဘော ရှိနေသည့်အတွက်ပင်တည်း၊ ရေဘေးကိုကြောက်ရမှု, မီးဘေးကိုကြောက် ရမှု, ကိုယ်တွင်း ကိုယ်ပဘေးကို ကြောက်ရမှု အလုံးစုံသည်လည်း ဝိပရိဏာမသဘောရှိနေသည့်အတွ... |
1,326,539 | Uncategorized | အာဟာရဒီပနီ | ဝိပရိဏာမ ဒုက္ခ ပြီး၏၊ |
1,326,540 | Uncategorized | အာဟာရဒီပနီ | --- ဤမှတစ်ပါး သစ္စဝိဘင်းမှာဟောတော်မူသော ဇာတိဒုက္ခ စသည် တို့နှင့်တကွ စူဠဒုက္ခက္ခန္ဓသုတ်, မဟာဒုက္ခက္ခန္ဓသုတ်, မဟာနိဒ္ဒေသတွင် ဇရာသုတ်၏ နိဒ္ဒေသတို့မှာလာရှိသော ဒုက္ခမျိုးဟူသမျှသည်လည်း ဝိညာဏ်၏ ဒုက္ခချည်းပင်တည်း။ |
1,326,541 | Uncategorized | အာဟာရဒီပနီ | တေဘူမက ဒုက္ခဟူသမျှသည် ဤ ဝိညာဏ်၏ ဒုက္ခလက္ခဏာချည်းတည်း။ |
1,326,542 | Uncategorized | အာဟာရဒီပနီ | ထို့ကြောင့် ဒုက္ခပရိညာမှုသည် အလွန်ကြီးကျယ်၏၊ ရဟန္တာအဖြစ်သို့ရောက်မှ အပိုင်ကြီးပိုင်နိုင်၏၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်တို့ကား တစ်စိတ်တစ်ဒေသ မျှသာ ပိုင်နိုင်ကြကုန်သည်။ |
1,326,543 | Uncategorized | အာဟာရဒီပနီ | (ဤတွင်ရွေ့ကား ဝိညာဏ်၏ ဒုက္ခပရိညာ အစီအရင်ပြီး၏၊) |
1,326,544 | Uncategorized | အာဟာရဒီပနီ | အနတ္တပရိညာ၌ အနတ္တသည် အနိစ္စနှင့်စပ်၍ သိအပ်သော အနတ္တ, ဒုက္ခနှင့်စပ်၍သိအပ်သော အနတ္တ, ပုဂ္ဂိုလ်၏ အလိုသို့မလိုက်၊ အကြောင်းတရား ဆိုက်တိုက်ရာဖြစ်ခြင်းနှင့်စပ်၍ သိအပ်သောအနတ္တ, ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတွင် အနိစ္စနှင့်စပ်၍ သိအပ်သော အနတ္တမှာ အနိစ္စကိုကောင်းစွာ ထင်မြင်မှ ထင်မြင်နိုင်သည်၊ ဒုက္ခနှင့်စပ်၍ သိ အပ်သော အနတ္တမှာလည်း ဒ... |
1,326,545 | Uncategorized | အာဟာရဒီပနီ | အနတ္တ=ကိုယ်မဟုတ်၊ အနတ္တ=အစိုးမရ၊ အနတ္တ=အလိုသို့ မလိုက်။ |
1,326,546 | Uncategorized | အာဟာရဒီပနီ | ကိုယ်မဟုတ်ဆိုသည်ကား ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ မဟုတ်၊ သတ္တဝါ၏အထည်ခံ အမာခံ အနှစ်သာရမဟုတ်၊ ငါ၏အထည်ခံ အမာခံ အနှစ်သာရမဟုတ် ဆိုလိုသည်။ |
1,326,547 | Uncategorized | အာဟာရဒီပနီ | အနိစ္စကိုကောင်းစွာ မြင်သည် ရှိသော် အနှစ်သာရမဟုတ်သည်ကို မြင်၏။ |
1,326,548 | Uncategorized | အာဟာရဒီပနီ | အဘယ်သို့မြင်သနည်းဟူမူ အန္ဓပုထုဇ္ဇဉ်တို့အား ငါမြင်သည်ဟု ထင်မြင်စွဲမြဲရာ၌ ငါကား တစ်သက်လုံးမှာမှ တစ်ငါသာ ထင်ရင်းဖြစ်၍ နိစ္စတည်း၊ ထိုငါကိုမြင်ဟူသော စက္ခုဝိညာဏ်နှင့်တစ်ခုတည်းပြု၍ ငါမြင် သည်ဟု ယူလေရကား စက္ခုဝိညာဏ်ကို ထိုငါကဲ့သို့ နိစ္စထင်မှုတည်း၊ စက္ခုဝိညာဏ်ကို ထိုမြင်သော ငါ၏အနှစ်သာရထင်မှုတည်း၊ စက္ခု ဝိညာဏ်၏ ခုတင်ခုဖြစ်ပေါ်မ... |
1,326,549 | Uncategorized | အာဟာရဒီပနီ | နိစ္စသာရပြီး၏။ |
1,326,550 | Uncategorized | အာဟာရဒီပနီ | မြင်မှုသည် တစ်သက်လုံးခိုင်မြဲ၏၊ ပျက်နိုင်သောအမှု မဟုတ်ဟု ထင်သည်ကား ဓုဝသာရတည်း၊ ခုတင်ခု ဖြစ်မှုပျက်မှုကို ကောင်းစွာ မြင်သည်ရှိသော် ဓုဝသာရမဟုတ်ကြောင်းကို မြင်၏၊ ကြွင်းသော ဝိညာဏ်တို့၌လည်း ဤနည်းတူသိလေ။ |
1,326,551 | Uncategorized | အာဟာရဒီပနီ | ဓုဝသာရပြီး၏။ |
1,326,552 | Uncategorized | အာဟာရဒီပနီ | မြင်မှုသည် ကောင်းသောအမှုတည်း၊ တင့်တယ်သော အမှုတည်း၊ လျောက်ပတ်ဖွယ်ရာသော အထွတ်အမြတ် မင်္ဂလာမှုကြီးတစ်ခုတည်း၊ အားကိုးအားထားပြုထိုက်သော အမှုတည်း၊ ကျေးဇူးဥပကာရများပြား အမှုတည်း၊ မျက်စိမြင်ပေ၍ လူချင်းတူနိုင်သည်၊ နေကို မြင်နိုင်သည်၊ လကိုမြင်နိုင်သည်၊ အရှေ့ဟူ၍သိနိုင်သည်၊ အနောက် ဟူ၍သိနိုင်သည်၊ အဖြူဟု သိနိုင်သည်၊ အနီဟူ၍ သိနိုင်သည... |
1,326,553 | Uncategorized | အာဟာရဒီပနီ | ချကမှု ပြုတ်မှု အလင်းအရောင်မှု စသည်ဖြင့် မီးနှင့်မကင်းနိုင်သော ဒုက္ခမ-တည်ကြီးရှိ၍ နေသောသူမှာ မီးသည် အသုံးကျလှ၏၊ ကျေးဇူး ဥပကာရ များလှ၏၊ ကောင်းမြတ်လှ၏၊ ထိုကဲ့သို့သော ဒုက္ခ-မ-တည်ကြီး မရှိသော သူမှာ မီးသည် အသုံးမကျအကျိုးမဲ့ကြီးဖြစ်၏။ |
1,326,554 | Uncategorized | အာဟာရဒီပနီ | မီးနှင့်မကင်းနိုင်သော သူမှာလည်း မီး၏အခွင့်ကြီးတွေ ရှိနေ သည့်အတွက် မီးသည် အသုံးတွင်ကျယ်လှပေ၏၊ ကျေးဇူးဥပကာရ များလှပေ၏ဟု သာယာခြင်းဖြစ်ရသည်၊ မီးသည် လောင်တတ်သော သဘောရှိ၏၊ ငါ့ကိုလည်း မရှောင်၊ ဒုက္ခကြီးစွာဖြစ်အောင် လောင်တတ်၏၊ ငါ့သားမယားကိုလည်း မရှောင် လောင်တတ်၏၊ ငါ့အိမ် ငါ့ယာ ငါ့ဥစ္စာ ငါ့ပစ္စည်းကိုလည်း ဖြည်းဖြည်းပြောင်လောင်တတ... |
1,326,555 | Uncategorized | အာဟာရဒီပနီ | ဤအတူ ဤကိုယ်ခန္ဓာ ဒုက္ခ-မတည်ကြီးရှိ၍ နေသည့်အတွက် စက္ခုဝိညာဏ်အခွင့်တွေ အလွန် ကြီးကျယ်များပြား ၍နေ၏၊ ထိုအခွင့်စု၌ စက္ခုဝိညာဏ်သည် တွင်ကျယ် လှ၏၊ ကျေးဇူးဥပကာရကြီးကျယ်များပြားလှ၏ဟု သာယာခြင်း ကြီးစွာ ဖြစ်၍ နေရ၏၊ စက္ခုဝိညာဏ်ရှိနေသည့်အတွက်ကြောင့် စက္ခုပေါက်မှ တောက်၍နေသော ကိလေသာမီး အနန္တစက္ခုဝိညာဏ် မြင်မှုရှိလေသည့် အတွက်ကြောင့် ဖ... |
1,326,556 | Uncategorized | အာဟာရဒီပနီ | ဤနည်း အတူ ခန္ဓာငါးပါး ဒုက္ခ-မ-တည်ကြီးရှိ၍နေသောသူတို့မှာ နားကြားမှုကို မင်္ဂလာကြီး ထင်မြင်ရသည်။ |
1,326,557 | Uncategorized | အာဟာရဒီပနီ | လ။ စိတ်ကြံမှု သိမှုကို မင်္ဂလာကြီး ထင်ရ သည်၊ ဒါနမှုကို မင်္ဂလာကြီးထင်ရသည်၊ သီလမှုကို မင်္ဂလာကြီးထင် ရသည်၊ ဘာဝနာမှုကို မင်္ဂလာကြီးထင်ရသည်၊ ဤကား သုခသာရ ရှင်းလင်းချက်တည်း။ |
1,326,558 | Uncategorized | အာဟာရဒီပနီ | ။ ဤသုခသာရ ထင်မြင်စွဲလမ်းမှုသည် အလွန်ကြီး ကျယ်လှ၏။ |
1,326,559 | Uncategorized | အာဟာရဒီပနီ | ဝိညာဏ်ခြောက်ပါး၌ ပြဆိုလိုက်သောနည်းကို အစဉ်မှီးသဖြင့် အလုံးစုံသော သတိ ပညာ သဒ္ဓါ စေတနာစသော နာမ်တရားစုကို အကောင်းထင်မှု ပထဝီ အာပေါအစရှိသော ရုပ်တရားစုကို အကောင် ထင်မှု ဦးခေါင်းခြေ လက် မျက်စိ နား နှာ ကိုယ်အင်္ဂါစုကို အကောင်းထင်မှု လောဘတဏှာ သံသရာမီးစကြီး ရှိနေ့သည့်အတွက်ကြောင့် သားမယား အိမ်ယာ ရတနာရွှေငွေ ခြွေရံသင်းပင်း လူမင်း... |
1,326,560 | Uncategorized | အာဟာရဒီပနီ | အတ္တသာရမှာ ရှေး၌ပြဆိုခဲ့ပြီ။ |
1,326,561 | Uncategorized | အာဟာရဒီပနီ | အနတ္တ=ကိုယ်မဟုတ်ဟူရာ၌ ဝိညာဏ်ခြောက်ပါးသည် နိစ္စသာရလည်းမဟုတ်၊ ဓုဝသာရလည်းမဟုတ်၊ အတ္တသာရလည်းမဟုတ်၊ နိစ္စအရာ၌လည်း အမာခံ အထည်ကိုယ်မဟုတ်၊ ဓုဝအရာ၌လည်း အမာခံ အထည်ကိုယ်မဟုတ်၊ သုခအရာ၌လည်း အမာခံ အထည်ကိုယ် မဟုတ်၊ အတ္တအရာ ဇီဝအရာတို့၌လည်း အမာခံ အထည်ကိုယ် မဟုတ်ဟူသော အနက်ကို ပြဆိုချက်တည်း။ |
1,326,562 | Uncategorized | အာဟာရဒီပနီ | အနတ္တ အစိုးမရဟူရာ၌ အဘယ့်ကြောင့် အစိုးမရသနည်း၊ ကြည့်လိုလျှင် ကြည့်နိုင်သည်၊ မြင်လိုလျှင် မြင်နိုင်သည်၊ သွားလေရာ နေလေရာ ပါနိုင်သည် မဟုတ်လောဟူငြားအံ့။ |
1,326,563 | Uncategorized | အာဟာရဒီပနီ | သူသတ် ယောက်ျားကြီး ဥပမာ၌ ကိုယ်တွင်းမှာ ဆေးဝါးဓာတ်စာ အခံရှိနေခဲ့လျှင် ခဏစဉ်အတိုင်း အသားနုတက်၍ အသက်မသေ နေရ၏ဟူသော စကားနှင့်သွားလေရာ နေလေရာ ပါနိုင်သည်ဟူသော အချက် သိရမည်၊ ဥပမာ၌ အသားနု တက်မှုသည် ထိုသူ အစိုးရချက်ရှိ၍ တက်သည်မဟုတ်၊ ထိုသူ့အာဏာ အရှိန်အဝါကို ကြောက်ရွံ့ငြား၍ တက်သည်မဟုတ်၊ ဆေးဝါးဓာတ်စာမှုသည် အသားနု၏ အစီးအပွား တည်း၊ အ... |
1,326,564 | Uncategorized | အာဟာရဒီပနီ | သင်သည် တစ်သက်လုံး ကျွန်ခံနိုင်သည်ဖြစ်အံ့၊ သင့်သန္တာန်မှာ ငါအစဉ်မပြတ် ဖြစ်၍နေမည်ဟု ဆိုဘိသကဲ့သို့ အစာအာဟာရ တည် ထောင်မှု သင်္ခါရဒုက္ခနှင့်တကွ သူ့ကျွန်ခံ၍နေနိုင်မှ တက်လာသော အသားနုပေတည်း၊ ထိုသူက အစိုးရမှုမဟုတ်၊ သူ့ကို သာယာသည့်အတွက် သူ့ကျွန်ခံမှုသက်သက်သာတည်း။ |
1,326,565 | Uncategorized | အာဟာရဒီပနီ | မီးရောင်စုသည် မီးတောက်နှင့်ဖြစ်အတူ ပျက်အတူ ဖြစ်လေသ ကဲ့သို့ ဝိညာဏ်မှာ ဖြစ်ရသော ထိုနာမ်စုသည် ဝိညာဏ်နှင့် ဖြစ်အတူ ပျက်အတူ ဖြစ်ကြရကုန်ရကား ဝိညာဏ်၌ အနိစ္စထင်နိုင်လျှင် ထိုနာမ်စုမှာ အနိစ္စထင်နိုင်ပြီး ဖြစ်လေတော့သည်၊ ဝိညာဏ်နှင့် ဒုက္ခ အနတ္တထင် နိုင်လျှင် ထိုနာမ်စုမှာလည်း ဒုက္ခ အနတ္တ ထင်နိုင်ပြီးဖြစ်လေ တော့သည်၊ ပဟာနပရိညာမှာလည်... |
1,326,566 | Uncategorized | အာဟာရဒီပနီ | (ဤကား နာမ်၌ ပရိညာကိစ္စ အလိုလို ပြီးစီး၍ သွားပုံတည်း။ |
1,326,567 | Uncategorized | အာဟာရဒီပနီ | ) အဘိဓမ္မာ မတတ်ရှာကုန်သော သူတို့သည်ကား ဝိညာဏ်နှင့် နာမ်မပြားမကွဲ တစ်ခုတည်းသိ၍ နေကြကုန်၏၊ လောဘ ဆိုသော်လည်း စိတ်ပင်တည်း၊ ဒေါသဆိုသော်လည်း စိတ်ပင်တည်းဟု ထင်မှတ်၍ နေကြကုန်၏၊ ထိုအထင်သည် ဝိပဿနာအခန်းမှာ နေရာကျသည်သာ ဖြစ်၏၊ ထိုသူတို့ကို ဝိပဿနာ ကမ္မဋ္ဌာန်းသွန်သင်ပြသသော ဆရာသည် စိတ်တစ်လုံးနှင့်ပြီးစီးအောင် ပြသရမည်၊ နာမ်တရားကို တစ်ခ... |
1,326,568 | Uncategorized | အာဟာရဒီပနီ | လောဘ, ဒေါသ, မောဟ စသည်ဖြင့် သူကြားဖူးသော နာမ်များကို ကွက်ခြား၍ မေးမြန်းခဲ့လျှင် သဘာဝကို နေရာ ကျပြောပြ၍ စိတ်ဝိညာနှင့် ပေါင်း၍ပေးလေ။ |
1,326,569 | Uncategorized | အာဟာရဒီပနီ | နာမ်ပရိညာ ပြီး၏။ |
1,326,570 | Uncategorized | အာဟာရဒီပနီ | --- ရုပ်ပရိညာ |
1,326,571 | Uncategorized | အာဟာရဒီပနီ | ရုပ်ပရိညာ၌ ဝိညာဏ်ကို ရုပ်တရားနှင့် ခြားနားစွာ မြင်နိုင် အောင်ပြခန်းမှာ ခြားနားစွာ ထင်နိုင်မြင်နိုင်သည်ရှိသော် ထိုအမြင် နှင့်ပင်ရုပ်၌ အနတ္တပရိညာ ဆိုက်၍သွားရာ၏၊ ငှက်ပျောတုံး လက်ပံတုံး ကဲ့သို့ အသုံးမကျနိဿတ္တ နိဇ္ဇီဝ အနတ္တ ဟုထင်မြင်၍လာရာ၏၊ ရူပက္ခန္ဓာ ကြီးသည် စက်ရုပ်ကြီး ရုပ်သေး ရုပ်ကြီးနှင့် တူ၏၊ ဝိညာဏ်သည် အတွင်း၌ အတွင်း၌ ... |
1,326,572 | Uncategorized | အာဟာရဒီပနီ | (ဤကားရုပ်၌ ပရိညာကိစ္စ အလိုလိုပြီးစီးနိုင်ရာသော အခွင့်ကို ပြဆိုချက်တည်း။ |
1,326,573 | Uncategorized | အာဟာရဒီပနီ | ) ထိုသို့ ပြီးစီးလေသော ပုဂ္ဂိုလ်အားပြီးစီးသော ခဏမှာစ၍ ဗြဟ္မ စရိယကိစ္စ အပြီးတိုင်လေ၏၊ ရှေးရှေးသော အနမတဂ္ဂဘဝတို့၌ ဗြဟ္မစရိယအမှုကို ဘဝအသင်္ချေမက အကြိမ်ကြိမ် အဖန်ဖန် အားထုတ်ခဲ့ သော်လည်း ဝိညာဏ်၌ အတ္တစွဲလမ်းမှု တန်းလန်းရှိနေသည့်အတွက် ဝိညာဏ်၌တပ်စွန်းသော တဏှာကိုအပြီးတိုင် ပယ်သတ်မှု ပယ်ဖြတ်မှု ဟူသော ပရိညာလမ်းကို မလိုက်၊ လူ့ဝိညာ... |
1,326,574 | Uncategorized | အာဟာရဒီပနီ | မိမိသန္တာန်တွင် အစဉ်ဖြစ်ပွား၍ နေသောဝိညာဏ် ခြောက်ပါးကို တဏှာနှင့်တကွ နောက်တစ်ဖန် မပေါ်လာရအောင် ဉာဏဒဿန ဓားသန်လျက်နှင့်တစ်ချက်တည်းပိုင်ပိုင် ဖြတ်စွမ်းနိုင်သော အရဟတ္တမဂ် ပရိညာသို့ ရောက်သည်ရှိသော် အဝီစိငရဲနှင့်တကွ ဝဋ်ဒုက္ခခပ်သိမ်း အကုန်လုံး ပြတ်ငြိမ်းသဖြင့် ဗြဟ္မစရိယဒုက္ခ နောင်ပြုဖွယ် ကိစ္စလည်း မြူခြမ်းမျှမရှိပြီ၊ ဤသို့သော ... |
1,326,575 | Uncategorized | အာဟာရဒီပနီ | ဟူသော ဒေသနာတော်မြတ်ကို ဟောတော်မူပေသည်။ |
1,326,576 | Uncategorized | အာဟာရဒီပနီ | ပရိညာ ကိစ္စပြီးစီးပုံ ဥပမာ၌ ပုန်ကန် ပုန်စားမှုနှင့် မင်းပြစ် မင်းဒဏ်သင့်သောသူကို တစ်နေ့တစ်ရက်တွင် နံနက်၌ လှံချက်တစ်ရာ အထိုးခံရသော ဥပမာပေတည်း။ |
1,326,577 | Uncategorized | အာဟာရဒီပနီ | ဤကိုယ်ခန္ဓာ၌ နာမကာယ ရူပကာယ ဟူ၍ နှစ်ကာယ ရှိသည်တွင် နာမကာယ၏တံခါးဝကား ဝိညာစ်ခြောက် ပါးတည်း။ |
1,326,578 | Uncategorized | အာဟာရဒီပနီ | အာရုံခြောက်ပါးသည် ဝိညာဏ်ခြောက်ပါး တံခါးပေါက်မှာ နာမကာယသို့ဝင်ကြရကုန်၏၊ တစ်ရွာလုံး တစ်မြို့လုံးကို တိုက်လို ခိုက်လို သတ်လို ဖြတ်လို မီးတိုက်လိုသော သူပုန် ဓားပြတို့သည် ဟင်းလင်းပွင့်ရာ ရွာတံခါး ပေါက်မြို့တံခါးပေါက်တို့မှာ ရွာတွင်း မြို့တွင်းသို့ အတင်း ဝင်ကြကုန်သကဲ့သို့တည်း။ |
1,326,579 | Uncategorized | အာဟာရဒီပနီ | ထို့ကြောင့် မြတ်စွာဘုရားသည်“ဂါမဃာတ ကာ စောရာတိခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာယတနာနံ အဓိဝစနံ” |
1,326,580 | Uncategorized | အာဟာရဒီပနီ | ဟူ၍ ဟောတော်မူပေသည်၊ အာရုံခြောက်ပါးသည် မြို့ရွာကို တိုက်ခိုက် ဖျက်ဆီးသော သူပုန် ဓားပြတွေမည်၏ ဆိုလိုသည်။ |
1,326,581 | Uncategorized | အာဟာရဒီပနီ | တစ်ကိုယ်လုံးမှာ ဘယ်နေရာမဆို အာရုံဆိုက်ရာ ဆိုက်ရာ၌ ဝိညာဏ်စိတ်ကွင်းကနဲ ကွင်းကနဲ ပေါ်၍နေသည်ကို တံခါးဝတွေဆို သည်၊ မှန်တံခါးမျိုးကဲ့သို့ အကြည်အလင် တံခါးမျိုးတည်း၊ ဟင်းလင်း ပေါက် တံခါးမျိုးမဟုတ်၊ အာရုံကို သိမှုပင်တည်း၊ ဆိုက်လာသမျှသော အာရုံစုသည် ဝိညာဏ်သိမှုနှင့်ပေါင်းမိလျှင် ဖဿဝေဒနာ အစရှိသော နာမကာယသို့ပေါက်ရောက်လေတော့သည်၊ ပေါ... |
1,326,582 | Uncategorized | အာဟာရဒီပနီ | ဟောတော်မူရင်း ဥပမာ၌ကား ဝိညာဏ်အချက် သက်သက်ကို ပြတော်မူလို၍ လှံချက်မျှကိုသာ ဟောတော်မူသည်၊ ရာဇဝတ်ကောင်နှင့် ပုဂ္ဂိုလ်သတ္တဝါတူသည်၊ တစ်နေ့တစ်နေ့လျှင် အချက်သုံးရာ သုံးရာ ထိုးသော လှံစုနှင့် အာရုံခြောက်ပါးတူသည်၊ လှံစူးဝင်ရာ အပေါက်ဝစုနှင့် တစ်ကိုယ်လုံးမှာ ဝိညာဏ်ခြောက်ပါးဖြစ်ပေါ်မှု တူသည်၊ လှံသွား ထိသမျှ အတွင်း သားစုနှင့် နာမကာယ... |
1,326,583 | Uncategorized | အာဟာရဒီပနီ | တစ်နည်းမူကား ဤဥပမာသည်လည်း အရဟတ္တမဂ်သို့ ရောက် ၍ဝိညာဏ်၌ ဒုက္ခပရိညာကိစ္စအလုံးစုံ ချောမောပြီးသော အခွင့်နှင့် တိုက်ဆိုင်၍ဟောသောဥပမာပင်တည်း၊ ထိုလှံချက်တို့ကို ခံရသော ရာဇဝတ်ကောင်သည် လှံထိုးသော အာဏာသားတို့၌လည်းကောင်း၊ လှံတို့၌လည်းကောင်း၊ လှံချက်မိမိ ကိုယ်သို့ရောက်၍ပေါက်မှု စူးမှုတို့ ၌လည်းကောင်း၊ သာယာခြင်းဟူ၍ အဏုမြူမျှမရှိ၊ က... |
1,326,584 | Uncategorized | အာဟာရဒီပနီ | ထွန်မှု ယက်မှု လုပ်ဆောင်မှု နှင့်တင်ကူး၍ စပါးကျွန်ခံနိုင်မှ စပါးကိုရသည်၊ ချက်ပြုတ် မှုနှင့် တင်ကူး၍ ထမင်းကျွန်ခံနိုင်မှ ထမင်းပေါ်လာသည်၊ ဤနည်း ချည်းမှတ်လေ။ |
1,326,585 | Uncategorized | အာဟာရဒီပနီ | လောက၌ ကျေးကျွန်ဟူရာမှာလည်း အရှင်သခင်ဆိုသောသူက ရှေးဦးစွာကြွေးမြီဥစ္စာ ချေးမှု, ပေးမှုနှင့် သူ့ကျွန်ခံခဲ့ရသည်၊ အိမ်၌နေ ပြန်လျှင် ကျွေးမှု, မွေးမှု, ဝတ်ဆင်မှုနှင့် သူ့ကျွန်ခံနိုင်မှ နေရသည်၊ မင်းစိုး ရာဇာတို့ အစိုးရမှုမှာ အသက်ခန္ဓာ ကိုပိုင်သော အရှင်သခင်ဟုဆိုကြရာ၌ ထိုသူ့အသက်ကို မအို မသေ အမြဲနေရအောင် ထိုသူ့ခန္ဓာကို သင်္ခါရဒု... |
1,326,586 | Uncategorized | အာဟာရဒီပနီ | စိတ်နှင့် ကြံလိုရာရာ၌ ကြံနိုင်မှု၊ နှုတ်ဖြင့် ပြောဆိုလိုရာ ပြောဆိုနိုင် မှု၊ ကိုယ်အင်္ဂါ လှုပ်ရှားမှု၊ သွားလိုရာရာ သွားနိုင်မှု၊ လာလိုရာရာ လာနိုင် မှုတို့ကိုစွဲ၍ မိမိကိုယ်ကို မိမိအစိုးရသည်ထင်၍ နေကြရာ၌လည်း အသား နုတက်မှု ဥပမာကဲ့သို့ မိမိကိုယ်ခန္ဓာကို အစာဟာရ ကျွေးမွေးမှုစသော သင်္ခါရဒုက္ခ အမျိုးမျိုးတို့နှင့်တင်ကူး၍ သူ့ကျွ... |
1,326,587 | Uncategorized | အာဟာရဒီပနီ | (ဤတွင်ရွေ့ကား ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့မလိုက်မှု အကြောင်းတရားနှင့် စပ်၍သာဖြစ်မှုကို မြင်သဖြင့် |
1,326,588 | Uncategorized | အာဟာရဒီပနီ | သိအပ်သော အနတ္တ အမြွက်တည်း။ |
1,326,589 | Uncategorized | အာဟာရဒီပနီ | အနိစ္စပရိညာ၌ ပြဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ် အခြင်းအရာစု သည်လည်း အကြောင်းတရားနှင့် စပ်၍သာဖြစ်နိုင်မှု ထင်ရှားလှသော အခြင်းအရာစုပင်တည်း၊ ထိုမှတစ်ပါး ပဋ္ဌာန်းဒေသနာတော်အရနှင့် အနတ္တအချက်ကို ပြဆိုရန် အလွန်ကြီးကျယ်လှ၏၊ သဗ္ဗညုတဉာဏ်တော် အရာသာဖြစ်သည်၊ ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာ အကုန်လိုရင်းမဟုတ်၊ တစ်စိတ် တစ်ဒေသနှင့်အနတ္တထင်လျှင်ပ... |
1,326,590 | Uncategorized | အာဟာရဒီပနီ | ရှေးအနိစ္စပရိညာ ၌ ပဋိစ္စသမုပ္ပါဒအချက်ကို အာရမ္မဏပစ္စည်းတစ်ခုနှင့် ပြဆိုခဲ့သည်၊ ထိုအတိုင်း ပိုင်းပိုင်းခြားခြား ထင်မြင်နိုင်လျှင် ပြီးတော့သည်။ |
1,326,591 | Uncategorized | အာဟာရဒီပနီ | အနတ္တ ပရိညာ အမြွက်ပြီး၏။ |
1,326,592 | Uncategorized | အာဟာရဒီပနီ | --- အနိစ္စ, ဒုက္ခ, အနတ္တ, ပရိညာသုံးပါးတွင် အနိစ္စပရိညာ ပိုင်ပိုင် နိုင်နိုင်လိုလှ၏၊ အနိစ္စပရိညာ ပိုင်နိုင်မှ နောက်နောက် ပရိညာပိုင်နိုင်မည်။ |
1,326,593 | Uncategorized | အာဟာရဒီပနီ | တီရဏပရိညာ သုံးပါး အစီအရင် ပြီး၏၊ |
1,326,594 | Uncategorized | အာဟာရဒီပနီ | ၈-ဝိညာဏဟာရ၌ ပဟာနပရိညာ |
1,326,595 | Uncategorized | အာဟာရဒီပနီ | ဘယဉာဏ် အာဒီနဝဉာဏ် အစရှိသော လောကီ လောကုတ္တရာ ပဟာနပရိညာ အစီအရင်မှာ ကဗဠီကာရ အာဟာရကမ္မဋ္ဌာန်းမှာ ပြဆိုခဲ့ပြီးသောနည်းအတိုင်းသိလေ။ |
1,326,596 | Uncategorized | အာဟာရဒီပနီ | ဤဝိညာဏာဟာရ ကမ္မဋ္ဌာန်းအလုပ်သည်ကား အရဟတ္တမဂ် တိုင်အောင်ပေါက်၏၊ အရဟတ္တမဂ်သို့ကျ၍ ရဟန္တာအဖြစ်သို့ရောက်မှ ဝိညာဏ်၌ သာယာတွယ်တာခြင်း ပြတ်ကင်းသော ပဟာနပရိညာ အခွင့်တုံးသည်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့မှာ ဝိညာဏ်ခြောက်ပါးတို့၌ အခွင့်မတုံး, အဆုံးမတိုင်သေး၊ စိတ်ဝိညာဏ်ကို သုခအနေနှင့် သာယာသောတဏှာ တန်းလန်းနှင့်ပင်ရှိ ကြသေး... |
1,326,597 | Uncategorized | အာဟာရဒီပနီ | အဆိပ်ပင်ကြီး နှစ်ခုသည်ရှိရာ၏၊ တစ်ပင်မှာ ရေသောက်မြစ် အကုန်ပြတ်ပြီးတည်း၊ တစ်ပင်မှာ ပကတိအနေအတိုင်းပင်၊ ရှေ့အပင်မှာ ရေသောက်မြစ်ကြီး ပြတ်ကြီးဖြစ်သော်လည်း မြေထဲမှာ မြစ်သေး မြစ်မြွား ကျန်ရှိသေးသည် တစ်ကြောင်း၊ မြေပေါ်ရှိ တစ်ပင်လုံးမှာရှိနေသော အစေးတို့ခြောက်ခန်း၍ မကုန်သေးတည့် သေးသည်တစ်ကြောင်း၊ သို့အကြောင်းကြောင့် ပကတိအပင်နှင့် ... |
1,326,598 | Uncategorized | အာဟာရဒီပနီ | ဝိညာဏာဟာရ၌ ပဟာနပရိညာအမြွက်ပြီး၏၊ ဝိညာဏာဟာရ၌ ပရိညာသုံးပါး အဆုံးတိုင်ပြီးပိုင်လျှင် နာမ်ရုပ် တို့၌လည်း အဆုံးတိုင် ပြီးပိုင်လေတော့သည်၊ ဝိညာဏ်, နာမ်, ရုပ်သုံးပါး၌ ပရိညာသုံးပါးလည်း အဆုံးတိုင်ပြီးလျှင် မဂ္ဂဗြဟ္မစရိယကိစ္စ သာသန ဗြဟ္မစရိယကိစ္စ အလုံးစုံ အခွင့်တုံးလေ၏၊ ဤသို့သောအချက်ကို ပြတော် မူခြင်းငှာ |
1,326,599 | Uncategorized | အာဟာရဒီပနီ | ဝိညာဏေဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ |
1,326,600 | Uncategorized | အာဟာရဒီပနီ | ပရိညာတံ ဟောတိ၊ နာမရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.