id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,326,601 | Uncategorized | အာဟာရဒီပနီ | (ဤတွင်ရွေ့ကား ဝိညာဏာဟာရ ကမ္မဋ္ဌာန်းအစီအရင်ပြီး၏၊) |
1,326,602 | Uncategorized | အာဟာရဒီပနီ | --- ၉-ဖဿာဟာရ၌ ပရိညာ |
1,326,603 | Uncategorized | အာဟာရဒီပနီ | ယခုအခါ ဖဿကမ္မဋ္ဌာန်း အစီအရင်ကို ပြဆိုပေအံ့။ |
1,326,604 | Uncategorized | အာဟာရဒီပနီ | ဤ ဖဿာဟာရ၌ ဉာတပရိညာအမှုမှာရှေး၌ ဉာတပရိညာအမှုမှာ ရှေး၌ နာမ်အာဟာရသုံးပါးခွဲခန်းမှာ ပါရှိလေပြီ။ |
1,326,605 | Uncategorized | အာဟာရဒီပနီ | “အာဟာရံ ဇာနာတိ” ၏အရ ဒုက္ခသစ္စာ ပိုင်းခြားမှုမှာလည်း ဝိညာဏာဟာရဒုက္ခ၌ ပြခဲ့ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါး အတိုင်းပြလေ၊ ဝိညာဏ်နှင့် ဖဿသည် ဖြစ်အတူ ပျက်အတူ အမြဲမကွာ ယှဉ်ဖက်၍ဖြစ်ကြ၏၊ ကိစ္စအလိုအား ဖြင့်သာ ရှေ့နောက်ကဲ့သို့ပြု၍ ပြောရသည်၊ ဝိညာဏ်သည် ဟင်းလင်းဖွင့် ထားသော တံခါးပေါက်အတွင်းသို့ ရောက်လာသမျှသောသူတို့ကို အဆိုး အကောင... |
1,326,606 | Uncategorized | အာဟာရဒီပနီ | ဉာတပရိညာ အမြွက်ပြီး၏၊ |
1,326,607 | Uncategorized | အာဟာရဒီပနီ | --- တီရဏပရိညာ သုံးပါးလည်း ဝိညာဏ်နှင့်တူပြီ၊ ဝိညာဏ် ခြောက် ပါးဆိုရာ၌ ဖဿခြောက်ပါး ဆိုရုံမျှသာ ထူးတော့သည်။ |
1,326,608 | Uncategorized | အာဟာရဒီပနီ | ပဟာန ပရိညာလည်း ဝိညာဏ်နှင့် တူပြီ၊ ဤဖဿဟာရကမ္မဋ္ဌာန်းလည်း အရဟတ္တဖိုလ် တိုင်အောင်ပေါက်၏၊ ဖဿ၏ ဒုက္ခပရိညာမှုသည် အရဟတ္တမဂ်သို့ကျမှ အပြီးတိုင်၏၊ ဝိညာဏ်အတိုင်းပင် ဖဿာဟာရ၌ ပရိညာကိစ္စ အပြီးတိုင်လျှင် ဝေဒနာသုံးပါး၌လည်း အပြီးတိုင်တော့သည် ဟူရာ၌ ဖဿ၌ အနိစ္စပိုင်လျှင် ဝေဒနာသုံးပါး၌လည်းပိုင်တော့သည်၊ ဖဿ၌ ဒုက္ခအနတ္တပိုင်လျှင် ဝေဒနာသုံးပါ... |
1,326,609 | Uncategorized | အာဟာရဒီပနီ | အကြောင်းမူကား ဖဿနှင့် ဝေဒနာသည် ကိစ္စအခြင်းအရာချင်း အလွန်နီး ကြ၏၊ သုခသမ္ဖဿနှင့် သုခဝေဒနာသည် သဘောတစ်လုံးတည်းကဲ့သို့ထင်ရ၏၊ ချမ်းသာသော အတွေ့ဟုဆိုအပ်သော သုခသမ္ဖဿ၌ ဒုက္ခပရိညာပိုင်နိုင်ခဲ့လျှင် ချမ်းသာ မှုဟု ဆိုအပ်သော သုခဝေဒနာ၌လည်း ပိုင်နိုင်တော့မည် ဧကန် ဖြစ်၏၊ ထို့ကြောင့် နောက်ပရိညာ ကိစ္စတစ်လုံးတည်း ဖြစ်ကြလေသတည်း၊ ဝေဒနာမည်သည... |
1,326,610 | Uncategorized | အာဟာရဒီပနီ | ဖေဿာ ဘိက္ခဝေ အာဟာရေ ပရိညာတေတိဿော ဝေဒနာပရိညာတာဟောန္တိ၊ တီသု ဝေဒနာသု ပရိညာ တာသု အရိယသာဝကဿ နတ္ထိကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။ |
1,326,611 | Uncategorized | အာဟာရဒီပနီ | ဟူ၍ ဟောတော်မူပေသတည်း။ |
1,326,612 | Uncategorized | အာဟာရဒီပနီ | ပညာရှိသုံးပါး အဆုံးတိုင်ပြီးစီးပုံကို စံပြုရန် ဥပမာကား အရေမရှိသော နွားမဥပမာတည်း၊ ထိုနွားမသည် တစ်ကိုယ်လုံး အရေမရှိ၊ နီနီချင်းချင်း အသားကောင်ကြီးဖြစ်၍နေသည့်အတွက် ဟင်းလင်းအပြင် မှာ နေပြန်လျှင်လည်း ခွေး, ကျီးလင်းတ ယင်မ, ယင်ငယ် တစ်ရုန်းရုန်း ကိုက်ကြ, ဆွဲကြ, ထိုးကြ, ဆိတ်ကြ ဒုက္ခပင်လယ်ဝေကြီးဖြစ်ရလေ၏၊ တောချုံရှိရာသို့ ဝင်ပြန်ပ... |
1,326,613 | Uncategorized | အာဟာရဒီပနီ | သူသူငါငါ သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာလည်း နေပူ, လေပူ, မီးပူ, မှက်, ခြင်း, သန်း, ကြမ်းပိုး အစရှိသော ဒုက္ခဖြစ်လောက်သော အာရုံ ထိုခိုက်လာလျှင် ဘယ်နေရာမှာမှ ဖဿနှင့်တကွ ဒုက္ခဝေဒနာ မပေါ် သည်မရှိ၊ ခြင်တရုန်းရုန်း, ယင်တရုန်းရုန်း, မှက်တရုန်းရုန်း, ဖြုတ် တရုန်းရုန်း, သန်း, ကြမ်းပိုး, ပိုး ပုရွက် တရုန်းရုန်း နေပူ, လေပူစသည် တရုန်းရုန... |
1,326,614 | Uncategorized | အာဟာရဒီပနီ | ဖဿာဟာရ ကမ္မဋ္ဌာန်းပြီး၏။ |
1,326,615 | Uncategorized | အာဟာရဒီပနီ | --- ၁၀-မနောသေဉ္စတနာဟာရ၌ ပရိညာ |
1,326,616 | Uncategorized | အာဟာရဒီပနီ | မနောသေဉ္စတနာဟာရ၌လည်း ဉာတပရိညာအစီအရင်မှာ နာမ်အာဟာရ သုံးပါးခွဲခန်း၌ ဆိုခဲ့ပြီးသော သဘာဝပရိညာနှင့်တကွ ဝိညာဏာဟာရ၌ ပြခဲ့ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးတည်း။ |
1,326,617 | Uncategorized | အာဟာရဒီပနီ | တီရဏပရိညာ ပဟာနပရိညာတို့မှာလည်း ဝိညာဏာဟာရအတိုင်းပင်။ |
1,326,618 | Uncategorized | အာဟာရဒီပနီ | ဝိညာဏ်ခြောက်ပါးဆိုရာမှာ ရူပသေဉ္စတနာအစရှိသော စေတနာ ခြောက်ပါးကိုပြဆိုလေ။ |
1,326,619 | Uncategorized | အာဟာရဒီပနီ | စေတနာဟာရ၌ ပရိညာသုံးပါး ပိုင်နိုင်လျှင် တဏှာသုံးပါးလည်း ပိုင်တော့သည်ဟူရာ၌ တဏှာသုံးပါးဆိုသည်ကား ကာမတဏှာ, ရူပ တဏှာ, အရူပတဏှာ ဤသုံးပါးတည်း။ |
1,326,620 | Uncategorized | အာဟာရဒီပနီ | ဘုံသုံးပါးကို ပစ်ချမှုစေတနာနှင့်တဏှာ တွဲဖက်၍ နေပုံကို ပြဆိုဦးအံ့။ |
1,326,621 | Uncategorized | အာဟာရဒီပနီ | နာမ်အာဟာရ သုံးပါးခွဲခန်း၌ သံချွန်တပ်သော နှင်တံဖြင့် ရထား၌ ကအပ်သောမြင်းတို့ကို အတွင်ထိုး၍ အပြေးနှင်ရသော ရထားဦးစီး ဥပမာကဲ့သို့ စေတနာသည် တစ်ဘဝ တစ်ဘဝမှာ တစ်ခါတစ်ခါ သတ္တဝါ သေ၍ မရပ်မနား ခဏမခြား ဘဝတစ်ပါး ဆက်လက်မိအောင် နာမ် ခန္ဓာလေးပါးတို့ကို အတွင်စိုင်းနှင်သည်ဟူရာ၌ သမုဒယသစ္စာတဏှာ အဖော်သဟဲရှိမှ ဘဝတစ်ပါးဆက်နိုင်သည်၊ တဏှာအဖော်သဟ... |
1,326,622 | Uncategorized | အာဟာရဒီပနီ | အဘယ့်ကြောင့်နည်း၊ အစေးအဖွဲ့ ကောင်းလှလေသောကြောင့် တည်း၊ ဤဥပမာအတိုင်းမှတ်လေ၊ ရဟန္တာတို့၏စေတနာသည် အစေး အဖွဲ့ မရှိသော ပကတိမြေမှုန့်နှင့်တူ၏၊ ကာယကံ, ဝစီကံ, မနောကံ လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း စေ့ဆော်ခြင်း စေတနာမှုရှိပါသော်လည်း တဏှာ အစေးအဖွဲ့မရှိသည့်အတွက် တစ်ခုတစ်ခုသော ဇောဝီထိအဆုံး အဆုံးတွင် အငွေ့အသက်မျှမကျန်၊ ကမ္မသမင်္ဂိ... |
1,326,623 | Uncategorized | အာဟာရဒီပနီ | ထို့ကြောင့် ဘဝတစ်ပါးသို့ ပစ်ချတတ်သည့်အတွက် နှင့် စေတနာ၌ ကြီးစွာသော ဒုက္ခအိုးကြီး, ဒုက္ခမျိုးကြီးထင်မြင်နိုင်ခဲ့သည်ရှိ သော် တဏှာ ၃-ပါးကိုလည်း ထင်မြင်နိုင်တော့သည်၊ သူတို့နှစ်ပါးကြောင့် ဖြစ်ပေါ်ရသော ဘဝနာမ်ရုပ်တို့မှာ ဆိုဖွယ်မရှိပြီ။ |
1,326,624 | Uncategorized | အာဟာရဒီပနီ | မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေပိရိညာတေ |
1,326,625 | Uncategorized | အာဟာရဒီပနီ | တိဿောတဏှာ ပရိညာတာ ဟောန္တိ၊ တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿနတ္ထိကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။ |
1,326,626 | Uncategorized | အာဟာရဒီပနီ | ဟူ၍ဟောတော်မူပေသည်။ |
1,326,627 | Uncategorized | အာဟာရဒီပနီ | ပရိညာပုံစံ ဥပမာကား လူအများုတို့သွားလာရာ လမ်းခရီးဆုံကြီး တစ်ခု၏ နံပါး၌ နက်လှကျယ်လှစွာသော ရှားမီးကျီးတွင်းကြီး ၂-ခု ရှိသတတ်၊ အားခွန်ဗလကြီးလှသော ယောက်ျား ၂-ယောက်သည်လည်း ထိုတွင်းကြီး အနီး၌နေ၍ လာလာသမျှသော လူအပေါင်းတို့ကို အမိဖမ်း ဆီးဆွဲငင်၍ ထိုမီးကျီးတွင်း ၂-ခုထဲသို့ ပစ်ချသတတ်။ |
1,326,628 | Uncategorized | အာဟာရဒီပနီ | (ဤကား ဥပမာတည်း။ |
1,326,629 | Uncategorized | အာဟာရဒီပနီ | ) ဒုက္ခဝေဒနာအိုးကြီးဖြစ်သော ဒုဂ္ဂတိဘုံ၊ ကိလေသာမီး တစ်ဟုန်း ဟုန်းတောက်လောင်၍ နေကြရာဖြစ်သော သုဂတိဘုံ ၂-ပါးသည် ယောက်ျားအားကောင်း ၂-ယောက်နှင့်တူသည်၊ ပြဆိုခဲ့ပြီးသောအတိုင်း ဘဝတစ်ပါး ဆက်လက်မိအောင် နာမ်တရားတိုပကို အတွင်စိုင်းနှင်မှု သည် မီးကျီးတွင်းကြီး ၂-ခုသို့ပစ်ချမှုနှင့်တူသည်၊ လာလာသမျှ လူ အပေါင်းတို့ကို ဖမ်းမှု, မိမှု, ဆွ... |
1,326,630 | Uncategorized | အာဟာရဒီပနီ | ထိုသို့သာယာတွယ်တာသောသူသည် မီးကျီးတွင်း သို့ပစ်ချသော ယောက်ျားကိုသွား၍ ကိုင်ဖက်သော ခရီးသည် ဗာလကဲ့သို့ ထိုဒါန, ထိုသီလ, ထိုကောင်းမှု, ထိုကုသိုလ် စေတနာတို့ကို ဖက်တွယ်သော သူတည်း၊ ထိုသို့ ဖက်တွယ်သော သူကိုဖက်တွယ်မြဲတိုင်း မရဏာသန္န တိုင်အောင် အတင်းဆွဲငင်လေ၍ သေသည်၏အခြားမဲ့ဘဝတစ်ပါးသို့ ပစ်ချလေ၏၊ အတင်းဆွဲငင်မှုဆိုသည်ကား ထိုစိတ်စေတ... |
1,326,631 | Uncategorized | အာဟာရဒီပနီ | (ဤတွင်းရွေ့ကား မနောသေဉ္စတနာဟာရ |
1,326,632 | Uncategorized | အာဟာရဒီပနီ | ကမ္မဋ္ဌာန်းအစီအရင် ပြီး၏၊) |
1,326,633 | Uncategorized | အာဟာရဒီပနီ | ဤသို့လျှင် ဆေးတစ်မြစ်တည်းနှင့်ပင် ခပ်သိမ်းသောအနာ ရောဂါကို အပြီးတိုင်ပျောက်ငြိမ်းစေနိုင်သော မြစ်ချင်းပြီး ဆေးထူး ဆေးမြတ်ကဲ့သို့ တရားကိုယ်တစ်ပါးတည်းနှင့်ပင် ဒုက္ခခပ်သိမ်းတို့ကို အပြီးတိုင် ပျောက်ငြိမ်းစေနိုင်သော အာဟာရ ၄-ပါး ကမ္မဋ္ဌာန်းအစီ အရင်သည် ဤတွင်ပြီး၏။ |
1,326,634 | Uncategorized | အာဟာရဒီပနီ | --- ၁၁-နာမ်သက် ရုပ်သက် စစ်တမ်း |
1,326,635 | Uncategorized | အာဟာရဒီပနီ | ယခုအခါ ခန္ဓာငါးပါး ကမ္မဋ္ဌာန်းကို အမြွက်မျှဆိုဦးအံ့။ |
1,326,636 | Uncategorized | အာဟာရဒီပနီ | ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဤကား ခန္ဓာငါးပါးတည်း၊ ထိုငါးပါး တွင် ဝိညာဏ်ဆိုသည်ကား ဝိညာဏာဟာရပင်တည်း၊ သင်္ခါရဆိုသည် ကား ပဓာနအားဖြင့် မနောသေဉ္စတနာဟာရပင်တည်း၊ ထို့ကြောင့် ဝိညာဏက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၂-ပါးတို့၌ အထူးဆိုဖွယ်ကိစ္စ မရှိ။ |
1,326,637 | Uncategorized | အာဟာရဒီပနီ | ရုပ်သည် ကဗဠီကာရာအာဟာရနှင့်လွန်စွာ စပ်၏၊ ကဗဠီကာရ အာဟာရအစီအရင်၌ အတွင်းဝင်နိုင်၏၊ ဝေဒနာ သညာသည် ဖဿနှင့် လွန်စွာစပ်၏၊ ဖဿာဟာရ အစီအရင်၌ အတွင်းဝင်နိုင်၏၊ “သလ္လသုတ် ပါဠိတော်” “တဏှာသင်္ခယသုတ် ပါဠိတော်” စသည်တို့၌ ဝေဒနာတစ်ခုနှင့် ကမ္မဋ္ဌာန်းကိစ္စအပြီးတိုင်လာ၏၊ ဝေဒနာပုရိဂ္ဂဟသုတ်၌ ဒီဃနခပရိဗိုဇ် သည် ဝေဒနာတစ်ခုနှင့် မဂ်ဖိုလ်ရလေ၏၊ ဝေဒန... |
1,326,638 | Uncategorized | အာဟာရဒီပနီ | သညာဆိုသည်ကား အာရုံကိုမှတ်ခြင်း အမှုတည်း၊ အမိဝမ်းက ဖွားမြင်သည်မှစ၍ ဤကား အမိ, ဤကားအဖ အစရှိသည်ဖြင့် တွေ့ကြုံ သမျှ အထည်ဝတ္ထုစသည်တို့ကို တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း မှတ်မှုတည်း၊ ထိုသို့ မှတ်ခဲ့မှုကြောင့် ယခုပြန်၍ အောင့်မေ့လိုက်လျှင် စိတ်ထဲတွင်ပေါ် လာကုန်၏၊ စိတ်ဆိုသည်ကား မှတ်မှုမဟုတ်၊ ရှေးရှုမိသော အာရုံကို သိမှု ထင်မြင်အော... |
1,326,639 | Uncategorized | အာဟာရဒီပနီ | သညာမရှိလျှင် မိမိနာမည်ကိုပင် မှတ်မိနိုင်ဖွယ်မရှိ။ |
1,326,640 | Uncategorized | အာဟာရဒီပနီ | စိတ်သည် ရှေးရှုမိတိုင်းသော အာရုံကိုပြပေ၏၊ စိတ်ပြတိုင်း ပြတိုင်းကို သညာက မှတ်၏၊ စိတ်မမှီနိုင်သော သဘောအချက်စုကို ပြနိုင်သည်ကား ပညာပေ တည်း၊ ပညာပြတိုင်း ပြတိုင်းကိုလည်း သညာမှတ်၏၊ ပညာလည်း မှတ်သမားမဟုတ်၊ သိသမားသာတည်း၊ စိတ်သည် မျက်လှည့်သည်နှင့် တူ၏၊ မဟုတ်သည်ကို အဟုတ်ကြီးလုပ်၍ ပြတတ်၏၊ မရှိသည်ကို အရှိကြီးလုပ်၍ပြတတ်၏၊ သညာသည် စိတ... |
1,326,641 | Uncategorized | အာဟာရဒီပနီ | သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသ ဤကားမိစ္ဆာ အနု အလတ် အရင့် သုံးပါး တည်း၊ သညာကား မိစ္ဆာ အနုတည်း၊ စိတ်ကား မိစ္ဆာ အလတ်တည်း၊ ဒိဋ္ဌိကား မိစ္ဆာအရင့်တည်း၊ အနုမှ အလတ်ဖြစ်၏၊ အလတ်မှ အရင့်ဖြစ်၏၊ စိတ်သညာ အလိမ်မမိကြရအောင် သတိကြီးကြီး ထားကြလေ။ |
1,326,642 | Uncategorized | အာဟာရဒီပနီ | သညာသဘောကို ပြဆိုချက်ပြီး၏။ |
1,326,643 | Uncategorized | အာဟာရဒီပနီ | --- ကြွင်းသော ပရိညာသုံးပါး အစီအရင်မှာ ဝိညာဏ် ဖဿတို့နှင့် မထူးပြီ။ |
1,326,644 | Uncategorized | အာဟာရဒီပနီ | ဤဝေဒနာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာ လေးပါးတို့မှာလည်း တစ်ပါးတစ်ပါးနှင့်ပင် အရဟတ္တမဂ်သို့ ဆိုက်နိုင် သည်ချည်းမှတ်လေ၊ ရူပက္ခန္ဓာနှင့်မူကား အနာဂါမိမဂ်သို့သာဆိုက် နိုင်သည်၊ အနာဂါမိ မဂ်သို့ဆိုက်လျှင်လည်း အရဟတ္တမဂ်သို့ကူးရန် မျက်စိပေါက်ပြီ လမ်းပေါက်ပြီဖြစ်၍ မခဲယဉ်းလှပြီ၊ ယခုဘဝပင် မရသော် လည်း ဗြဟ္မာ့ပြည... |
1,326,645 | Uncategorized | အာဟာရဒီပနီ | ထိုငါးပါးတွင် နာမက္ခန္ဓာ လေးပါးတို့မှာ ပြဆိုခဲ့ပြီးသော နာမ် အာဟာရတို့၌ ပါဝင်ကြကုန်ပြီးဖြစ်၍ ကမ္မဋ္ဌာန်းအစီအရင် ပြဆိုခွင့် မရှိကြကုန်ပြီ။ |
1,326,646 | Uncategorized | အာဟာရဒီပနီ | ရူပက္ခန္ဓာမှာ ကဗဠီကာရ အာဟာရ၌ ပါဝင်ခဲ့သော်လည်း မထင်ရှားလှသေးသည်ဖြစ်၍ ဤအရာ၌သိသာ ထင်ရှားရုံ ၌ပြဆိုဦးအံ့။ |
1,326,647 | Uncategorized | အာဟာရဒီပနီ | ရုပ်ကမ္မဋ္ဌာန်းကို အားထုတ်သောသူသည် ဉာဏ်ထက်သောသူ ဉာဏ်နုံ့ သောသူဟူ၍ နှစ်သူရှိ၏၊ ဉာဏ်ထက်သောသူမှာ ရုပ်ဟူ၍ တစ်လုံး တည်းနှင့်ပြီးနိုင်၏၊ ဉာဏ်နုံ့သောသူမှာ သုတ္တန်ဒေသနာ၌ ဝေဖန်သော နည်းအတိုင်း ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်ကြီး လေးပါးနှင့် ကြွင်းသမျှ ရုပ်သေး, ရုပ်ငယ်စုကို ဥပါဒါရုပ်ဟူ၍ ငါးလုံးစေ့ အောင် သင်ကြားမှတ်သားရာ၏၊ မြန... |
1,326,648 | Uncategorized | အာဟာရဒီပနီ | တစ်လုံးတည်း အစီအရင်၌ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်ပါးတွင် သမ္မသနဉာဏ်အစီအရင်ကို ရှေးဦးစွာ ဆုံးမရာ၌ မီးဓာတ်ကို အမွန်ပြု၍ ဆုံးမမှုသည် မြင်လွယ်လှ၏၊ ရဲရဲညီးသော ရှားမီးကျီးခဲမှာ မီးသဘောကို ထင်မြင်အောင် ပြရာ၏၊ မီးသဘောဆိုသည်ကား တေဇော ဆိုသည်နှင့်အညီ တစ်ရှိန်ရှိန် တစ်ရွရွ ထမြဲ ကြွမြဲ ပွားစီးမြဲဓမ္မတာတည်း၊ ထိုသို့ တစ်ရှိန်ရှိန် တစ်... |
1,326,649 | Uncategorized | အာဟာရဒီပနီ | တစ်ရှိန်ရှိန် တစ်ရွရွ ထမှု ကြွမှု ဆိုသည်ကား မီးပွားမှုတည်း၊ မီးပွားမှုဆိုသည်ကား အမိမှသည် သား သမီးပွား၏၊ ထိုသားသမီးမှလည်း သားသမီးတစ်ဆင့်ပွားပြန်၏၊ ဤသို့ အဆင့်ဆင့် ပေါက်ပွားမှုကို မီးပွားသည်ဆိုသတည်း။ |
1,326,650 | Uncategorized | အာဟာရဒီပနီ | ဤသို့ပွား၍ နေသည်ကို တစ်ရှိန်ရှိန် တစ်ရွရွ ထကြွမှု ဆိုသတည်း။ |
1,326,651 | Uncategorized | အာဟာရဒီပနီ | အဟောင်း အဟောင်း တစ်သုတ် တစ်သုတ် ချုပ်ကွယ်မှုနှင့် အသစ်အသစ်စု တစ်သုတ်တစ်သုတ် ဘွားခနဲဘွားခနဲ ဖြစ်ပေါ်မှု အကူး အယှက်အတွက် ရွရွရွရွ ထမှု ကြွမှု ဖြစ်၍နေသည်၊ အနီးအနားသို့ ချဉ်းကပ်၍စေ့စေ့ ကြည့်ခဲ့မှု ရွမှု ထကြွမှု မြန်ပုံကိုသိသာလှ၏၊ ရွမှု ထကြွမှု ပွားစီးမှု မြန်ပုံကို မြင်လေလေ ချုပ်ကွယ် ပျောက်ဆုံးမှု မြန်ချက်ကို သိသာလေလေတည်း၊... |
1,326,652 | Uncategorized | အာဟာရဒီပနီ | တစ်ခုတစ်ခုသော ပရမတ္ထ သဘောတရား မည်သည် မျက်စိမြင် လောက်အောင် ရွသည်ကြွသည် လှုပ်ရှားသည်ဟူ၍ မရှိ၊ တစ်သုတ် တစ်သုတ် အသစ် အသစ်ဖြစ်ပေါ်ပေါက်ပွားမှုအတွက်နှင့် လှုပ်ရှားခြင်း သာတည်း။ |
1,326,653 | Uncategorized | အာဟာရဒီပနီ | ဤအရာ၌ စိတ်သိ ဉာဏ်သိ နှစ်ပါးရှင်းလင်း၍ပြဆိုရာ၏၊ ဥပမာတစ်ခုကို ပြဆိုဦးအံ့၊ ညဉ့်အမှောင်တွင်းမှာ မီးအိမ်ထွန်း၍ ခရီး သွားလာရာ၌ လမ်းမြေအစဉ်မှာ မီးရောင် အကွင်းကြီးသည်စိတ်သိမှာ ချုပ်ကွယ်ခြင်းမရှိပဲ ထိုသူသွားရာအစဉ်လိုက်နေသည်ဟု သိ၏၊ မြင်၏၊ ဉာဏ်သိမှာ ရောက်ရာ ရောက်ရာ၌ အစဉ်တစ်စိုက် အသစ်အသစ်ဖြစ် ပေါ်မှုခြင်း စပ်၍ဆက်၍ သွားခြင်းသည်သာ ဖ... |
1,326,654 | Uncategorized | အာဟာရဒီပနီ | တစ်နည်း ဥပမာကား စာပို့မီးရထားစက်ကုန်လွှတ်၍သွားရာ၌ မျက်မြင်ဥပမာတွင်ရှိသော တောတောင် သစ်ပင် မြေပြင် လယ်ယာတို့ကို စိတ်မြင်မှာ ချာချာ ချာချာလည်၍ပြေးနေကြသည်ဟု မြင်၏၊ ဉာဏ်မြင်မှာ ဆင်ခြင်ခြင်းရှိသော ကြောင့် မီးရထားကသာ ပြေးနေသည်၊ တောတောင် စသည်က ရွေ့ကြသည်မဟုတ် ဟုသိမြင်၏၊ ဤသို့ အရာတိုင်း အရာတိုင်း မှာ စိတ်မြင်ကား မဟုတ်မမှန်သည်သာမ... |
1,326,655 | Uncategorized | အာဟာရဒီပနီ | အဝေးမှနေ၍ တောင်ကြီးကိုကြည့်ရာ၌ ညိုညိုမဲမဲ တစ်ခုတည်း တစ်လုံးတည်း အနေကြီးမြင်သည်ကား စိတ်မြင်တည်း၊ အဝေးမှနေ၍ပင် ဉာဏ်ဖြင့် ထိုတောင်ပေါ်သို့ရောက်၍ ကြည့်သည်ရှိသော် ညိုညိုမဲမဲလည်း မတွေ့ပြီ၊ တစ်ခုတည်း တစ်လုံးတည်းလည်း မဟုတ်၊ သိန်း သန်း အသင်္ချေ မကသော ကျောက်အမျိုးမျိုး သစ်ပင်အမျိုးမျိုး သစ်ကိုင်း သစ်ခက် သစ်ရွက် အမျိုးမျိုးတွေကို... |
1,326,656 | Uncategorized | အာဟာရဒီပနီ | ထိုအဟုတ်ရှိ အမှန်ရှိ ဧကန်ရှိဖြစ်သော ရုပ်တရား နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကား တစ်မျိုး၊ စိတ်မြင်ဖြစ်မှုကားတစ်မျိုး၊ နာမ်တရားကား ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏဟူ၍ သုံးမျိုး သုံးခဏ အသက်ရှည်မြဲ ဓမ္မတာတည်း၊ ထိုသုံးခဏသည်လည်း မျက်တောင် တစ်ခတ် လျှပ်တစ်ပြက် ခဏအားဖြင့် အစိတ်တစ်ထောင် စိတ်သော် လည်း တစ်စိတ်စာမျှ ရှည်ကြာမှုမရှိ။ |
1,326,657 | Uncategorized | အာဟာရဒီပနီ | နာမ်တရားတို့၏ ထိုခဏ သုံးခု ရှည်သောအသက်သည် တစ်ကယ်ရှိ၊ တစ်ကယ်ဟုတ်၊ တစ်ကယ်မှန်၏၊ တစ်ကယ်ရှိ တစ်ကယ်ဟုတ်သော အသက်မည်သည် သူ့ခဏ, သူ့အချိန် မစေ့စုံသမျှကို ချုပ်သည် ပျက်သည် သေသည် ဆုံးသည်ဟူ၍မရှိ၊ မသေ မဆုံးသည်ဟူ၍ မရှိ၊ ဤကား အဟုတ်ရှိ၊ အမှန်ရှိ၊ ဧကန်ရှိဖြစ်သော အသက်၏လက္ခဏာပေတည်း။ |
1,326,658 | Uncategorized | အာဟာရဒီပနီ | နာမ်တရားတို့မှာ ခဏသုံးခုမျှသာ အဟုတ်သက် အမှန်သက် ချုပ်ပျက်လေအောင် ဌီခဏသို့ မရောက်လေ အောင် သဗ္ဗညုဘုရား, သိကြား, ဗြဟ္မာတို့မှသော်လည်း မတတ်နိုင် ကောင်း၊ ဌီခဏသို့ရောက်ပြန်လျှင် ချုပ်ခြင်း ပျက်ခြင်း သေပျောက်ကွယ် ဆုံးခြင်းဟူသော ဘင်ခဏသို့ မရောက်လေအောင် သဗ္ဗညုဘုရား, သိကြား, ဗြဟ္မာတို့မှသော်လည်း မတတ်နိုင်ကောင်း၊ ဘင်ခဏသို့ ရောက် ... |
1,326,659 | Uncategorized | အာဟာရဒီပနီ | (ဤကား ၃၁-ဘုံမှာ သက်ရှိ သက်မဲ့ အလုံးစုံတို့၌ ဉာဏ်ဖြင့်သိ အပ်သော အဟုတ်ရှိ အမှန်ရှိ ဧကန်ရှိဖြစ်သော အသက်၏ အပိုင်း အခြားတည်း။ |
1,326,660 | Uncategorized | အာဟာရဒီပနီ | ) စိတ်မြင်မှာမူကား သတ္တဝါတို့၏ အသက်သည် တစ်ဘဝလုံး ရှည်၏၊ တစ်ဘဝ အဆုံးအဆုံးတွင် သေသောအခါမှ ချုပ်၏၊ ပျက်၏၊ မသေမီအတွင်းမှာ ချုပ်သည် ပျက်သည် သေသည် ဆုံးသည်ဟူ၍ မရှိဟု မြင်သတည်း။ |
1,326,661 | Uncategorized | အာဟာရဒီပနီ | ထိုစိတ်မြင်သော အသက်သည် အကယ်၍ ဧကန်ရှိ ဖြစ်ငြားအံ့၊ အသက်တစ်ရာတမ်းမှာ လူသတ္တဝါတို့သည် အနှစ်တစ်ရာ စီချည်း အမြဲတည်နိုင်ရာ၏၊ အနှစ်တစ်ရာ အသက်အတိုင်းအရှည် မစေ့စုံမီအတွင်းမှာ မိုးကြိုးနှင့်ပင် ပစ်သော်လည်းကောင်း၊ မီးနှင့်ပင် တိုက်သော်လည်းကောင်း၊ ဓားလက်နက်နှင့်ပင် ခုတ်စဉ်းသော်လည်း ကောင်း၊ လူတို့၏ ကို်ယ်ခန္ဓာသည်ပျက်သည်ဟူ၍မရှိရာ၊ ရ... |
1,326,662 | Uncategorized | အာဟာရဒီပနီ | ချုပ်မှု သေမှုကို စစ်၍ပြအံ့။ |
1,326,663 | Uncategorized | အာဟာရဒီပနီ | သတ္တဝါတို့၏ခန္ဓာကိုယ်၌ နာမ်သေမှု ရုပ်သေမှု ဟူသောသေမှုနှစ်ပါးလည်း ပဋိသန္ဓေနေသည်မှစ၍ တစ်ဘဝ လုံးမှာ မျက်တောင်တစ်ခတ်မျှ လစ်လပ်သော အခွင့်မရှိပြီ၊ ရှေး၌ပြဆိုခဲ့ပြီး သော နာမ်သက် ရုပ်သက် အပိုင်းအခြားအတိုင်း ခဏမစဲ အစဉ်ဖြစ်၍ နေ၏၊ ဝိညာဏာဟာရ၌ ပြခဲ့ပြီးသော ပဋိသန္ဓေတည်နေသည်မှစ၍ ဓားရာ ဓားချက်ချင်းစပ်အောင် အမြဲခုတ်နေသောသူသတ်ယောက်ျား ဥ... |
1,326,664 | Uncategorized | အာဟာရဒီပနီ | ထိုဥပမာ၌ ကိုယ်တွင်းမှာ ဓာတ်စာဆေးဝါးအခံ အမြဲရှိ၍နေ အောင် အစဉ်အားထုတ်၍ အားထုတ်၍ သွားနိုင်ပါလျှင် သေခွင့်ဆိုက် သော ဓားချက်တိုင်းမှာပင် အသားနုတက်၍ နေသဖြင့် အသက်ရှည် ကြာစွာ နေပြန်ရ၏ဟူသော ဥပမာကဲ့သို့ နာမ်သေမှု ရုပ်သေမှု ခဏမစဲ အစဉ်မြဲ၍ နေငြားသော်လည်း အသစ်အသစ်ဖြစ်ပေါ်မှုလည်း ခဏမစဲ အစဉ်မြဲ၍နေလျက်ရှိ ပြန်၏၊ အနှစ်တစ်ရာ ဆိုက်အောင်... |
1,326,665 | Uncategorized | အာဟာရဒီပနီ | အသက်မည်သည် အဟုတ်အမှန်အားဖြင့် နာမ်သက်ရုပ်သက်သာ ရှိကြောင်း သတ္တဇီဝဟု ထင်မှတ်ကြသော သတ္တဝါသက်မရှိကြောင်း၊ သေခြင်းဟူသည်လည်း အဟုတ်အမှန်အားဖြင့် နာမ်၏သေခြင်း၊ ရုပ်၏ သေခြင်းသည်သာ ရှိကြောင်း၊ သတ္တဇီဝ၏သေခြင်းဟူ၍ အသီးအခြား မရှိကြောင်းကိုစစ်၍ပြဦးအံ့။ |
1,326,666 | Uncategorized | အာဟာရဒီပနီ | နာမ်သက် ခဏသုံးခုပမာဏရှိသည်ဟူရာ၌ တတိယခဏမူကား ချုပ်ခဏ, သေခဏသာတည်း။ |
1,326,667 | Uncategorized | အာဟာရဒီပနီ | သို့သော်လည်း နာမ်၏နောက်ဆုံး အစွန်းပါရှိလျက်နေသောကြောင့် နာမ်သည် ခဏ ၃-ခုစာ အသက် ရှည်၏၊ တည်နေ၏ဟု ဆိုရသည်၊ ထိုခဏ ၃-ခုစာ တည်နိုင်သော နာမ်သက် အဟုတ်ရှိမရှိကို ယုတ္တိစွမ်းလိုသော် ဖြစ်ပေါ်သော နာမက္ခန္ဓာ လေးပါးကို ဥပါဒ်ခဏတွင် မိုးကြိုးနှင့်ခွင်း၍စမ်း၊ ဌီခဏတွင်မိုးကြိုး ခွင်း၍စမ်း၊ ထိုအသက်တစ်ကယ်ရှိ မဟုတ်ခဲ့လျှင် ဥပါဒ်မှုမှာပင် ထ... |
1,326,668 | Uncategorized | အာဟာရဒီပနီ | (ဤကား တစ်ကယ်ရှိသော အသက်မှန်၏ သဘောလက္ခဏာ တည်း။ |
1,326,669 | Uncategorized | အာဟာရဒီပနီ | နာမ်သက် ရုပ်သက် အမှန်ရှိကြောင်း စစ်တမ်းပြီး၏၊) |
1,326,670 | Uncategorized | အာဟာရဒီပနီ | ၁၂-ရူပက္ခန္ဓာကမ္မဋ္ဌာန်း၌ သမ္မသနဉာဏ်အစီအရင် |
1,326,671 | Uncategorized | အာဟာရဒီပနီ | အသီးအသီး နောက်ဆုံးခဏ၏ အနန္တရ ရှေ့ခဏ၌ ရောက်ဆိုက် ၍နေသော နာမ်ရုပ်ကို ဘင်ခဏသို့ မရောက်စေခြင်းငှာ သဗ္ဗညုဘုရား သိကြား ဗြဟ္မာတို့သည် တန်ခိုးအာနုဘော် နတ်ဆေး, နတ်ဝါးတို့နှင့် အားထုတ်ကြကုန်သော်လည်း ဘင်ခဏသို့မရောက်ပဲ ဌီခဏတွင်တည် နေအောင် မတတ်နိုင်ကုန်လတ္တံ့၊ အားထုတ်ကြဆဲမှာပင် ဘင်ခဏ သို့ရောက်၍ ချုပ်ပျောက် သေဆုံးကြကုန်လတ္တံ့၊ ဤကား ... |
1,326,672 | Uncategorized | အာဟာရဒီပနီ | သတ္တဇီဝဟု ဆိုအပ်သော သတ္တဝါ အသက်ဟူ၍ အဏုမြူမျှ လောကသုံးပါး၌ မရှိ၊ အသက်ဆိုသည်ကား ရုပ်သက်, နာမ်သက်တို့မှာ ပြဆိုခဲ့ပြီးသော လက္ခဏာအတိုင်း သူ့အပိုင်းအခြားသို့ မရောက်မီ အတွင်း၌ မိမိအပေါ်သို့ ပြင်းထန်စွာ မိုးကြိုးပင်ကျသော်လည်း ကိစ္စမရှိ သောလှုပ်ရှားဖောက်ပြန်ခြင်းမရှိ၊ ပကတိအနေဖြင့် တည်နေနိုင်သော သဘောအထူးသည် အသက်မည်သတည်း။ |
1,326,673 | Uncategorized | အာဟာရဒီပနီ | ရုပ်သက် နာမ်သက်မှတစ်ပါး တစ်ဘဝလျှင် တစ်သက်ဟူ၍ လည်းကောင်း၊ မည်သူ အသက်ဆယ်နှစ်ရှည်၏၊ အနှစ် ၂၀ ရှည်၏၊ ၃၀-၄၀-၅၀-၆၀-၇၀-၈၀-၉၀-တစ်ရာ ရှည်၏၊ စတုမဟာရာဇ် ဘုံမှာ နတ်သက် အနှစ်ငါးရာရှည်သည်၊ တာဝတိံသာဘုံမှာ နတ်သက် အနှစ် တစ်ထောင်ရှည်သည် အစရှိသည်ဖြင့် ခေါ်ဝေါ်ပြောဆို ထင်မှတ်စွဲလမ်း ကြသော သတ္တဇီဝအသက်သည် အကယ်၍ အသီးအခြားရှိခဲ့ငြားအံ့၊ ထိုထိ... |
1,326,674 | Uncategorized | အာဟာရဒီပနီ | ဆယ်နှစ်စသည်ကိုပင် မဆိုထားနှင့်ဦး၊ အာဟာရပြတ်မှု ထိုထို ဘေးကြီးထိမှုတို့သည် ထိခိုက် ဆိုက်ရောက်လာငြားသော်လည်း တစ်နှစ် အတွင်းမှာ ကိစ္စမရှိဟု တစ်နှစ်တာမျှ အားကိုးရသောအသက်ဟူ၍မရှိ၊ ထို့အတူ တစ်ဥတု စိတ်ချရသော အသက်ဟူ၍မရှိ၊ တစ်လစိတ်ချရသော အသက်ဟူ၍ မရှိ၊ တစ်ရက်လုံးလုံး စိတ်ချရသော အသက်ဟူ၍မရှိ၊ တစ်ရက်လုံးလုံး စိတ်ချရသော အသက်ဟူ၍မရှိ၊ ... |
1,326,675 | Uncategorized | အာဟာရဒီပနီ | ဤကား စိတ်မြင် စိတ်ထင်နှင့် ခေါ်ဝေါ်ပြောဆိုထင်မှတ် စွဲလမ်း ၍နေကြသော ဇီဝအသက်ဟူ၍ အဟုတ်မရှိ အမှန်မရှိကြောင်းကို ပြဆိုချက်တည်း။ |
1,326,676 | Uncategorized | အာဟာရဒီပနီ | ရုပ်သေး, နာမ်သေမှုမှ တစ်ပါးပုဂ္ဂိုလ်သေမှု, သတ္တဝါသေမှု ဟူ၍ အသီးအခြားမရှိကြောင်းကား ထင်ရှားသိသာလောက်ပြီ၊ ရှေး၌ပြဆို ခဲ့ပြီးသော သူသတ်ယောက်ျား ဓားချက် ဥပမာအတိုင်းသိလေ။ |
1,326,677 | Uncategorized | အာဟာရဒီပနီ | ဤသည်ကား အလွန်ကြီးကျယ်မှောက်မှားသော စိတ်မြင်မှုနှင့် အလွန် ကြီးကျယ်မှန်ကန်လှသော ဉာဏ်မြင်မှု နှစ်ပါးတို့၏ အထူးကို ပြဆိုသော အချက်တည်း။ |
1,326,678 | Uncategorized | အာဟာရဒီပနီ | ဤစိတ်မြင် စိတ်ထင်မှုသည် အနိစ္စကိုအချက်ရှာကြံသော ပုဂ္ဂိုလ် အနိစ္စ မနသိကာရကို အားထုတ်သောပုဂ္ဂိုလ်တို့မှာ အလွန်ကြီးကျယ် စွာသော ဓမ္မန္တရာယ်ကြီးပေတည်း၊ ထို့ကြောင့် အတန်ငယ် အကျယ် ချဲ့၍ အထပ်ထပ်အခါခါ ပြဆိုလိုက်ပေသည်။ |
1,326,679 | Uncategorized | အာဟာရဒီပနီ | ရှေးဦးစွာပြခဲ့သော ရှားမီးခဲမှ စိတ်မြင်, ဉာဏ်မြင် နှစ်ပါးခွဲနည်းကို ပြဆိုအံ့၊ ထိုရှားမီးခဲမှာ စွဲသည်မှစ၍ အကုန်လုံး မီးသေဆုံးသည့် တိုင်အောင် မီးသက်ရှည်၏ဟု ထင်မြင်သည်ကား စိတ်မြင်တည်း၊ ထမှု, ကြွမှု, ရွမှု, တိုးမှု, ဆုတ်မှု, ငုတ်မှု, ပေါ်မှု, ပျောက်ကွယ်မှု, မျက်မြင် အစိတ်တွေကို ထောက်၍လည်းကောင်း၊ ရေနှင့်လောင်းလျှင် ဘယ်ခဏ မှာ... |
1,326,680 | Uncategorized | အာဟာရဒီပနီ | တစ်ဖန် ရွရွ ရွရွ တစ်သုတ် တစ်သုတ် ထကြွသည်ကို မျက်စိနှင့် မြင်ရာ၌ တစ်သုတ်ထတွင် အစ, အလယ်, အဆုံးတိုင် တစ်မီးတည်းသာ တည်းဟု ထင်မြင်သည်ကားစိတ်ထင်စိတ်မြင်တည်း။ |
1,326,681 | Uncategorized | အာဟာရဒီပနီ | တစ်သုတ်ထဆိုသည်ကား မျက်တောင်တစ်ခတ် အနည်းမြင်ရာ၏၊ ထိုမီးသည် အကယ်၍ မျက်တောင်တစ်ခတ် ရှည်ကြာအောင်တည် နေနိုင်သော မီးသက်ရှိခဲ့သည်ဖြစ်အံ့၊ ရေများစွာနှင့်လောင်းသော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာ ပင်သေဆုံးနိုင်ရာသော အခွင့်မထင် လေရာ၊ ဉာဏ်နှင့်ဆင်ခြင်သည်ရှိသော် မျက်တောင်တစ်ခတ်အတွင်းမှာ ရေဘေးထိသည်ကို ခုခံ၍ တည်နေနိုင်ရာသော အသက်ဇီဝ အ... |
1,326,682 | Uncategorized | အာဟာရဒီပနီ | ဉာဏ်မြင်ဆိုသော်လည်း သဘောယုတ္တိကိုမြော်၍ အတပ်မုချ အမှန်ဆသော အနုမာနဉာဏ်အမြင်ပေတည်း၊ ဤဝိပဿနာအရာ၌မူ ကား မျက်တောင်တစ်ခတ်လျှပ်တစ်ပြက်မျှထက် အသက်မရှည်မှုကို ထင်မြင်နိုင်လျှင်ပင် ပြီးစီးရာပါ၏၊ ထိုမျှလောက်အသက်တိုသည်ကို ကောင်းစွာမြင်နိုင်လျှင်ပင် ခိုကိုးစရာမရှိကြောင်း သတ္တ, ဇီဝ, အတ္တမဟုတ် ကြောင်းထင်ရှားလှလေပြီ၊ ဝိပဿနာ ဉာဏဒဿနမှုမ... |
1,326,683 | Uncategorized | အာဟာရဒီပနီ | သတ္တဝါတို့၏ စိတ်မှာလည်း မျက်တောင်တစ်ခတ်ဆိုလျှင်ပင် မြန်လှပြီ၊ ထိုထက်အသေးစိတ် ရှုရမည်ဆိုလျှင် ပိုင်းပိုင်းခြားခြား ထင်မြင်နိုင်တော့မည်မဟုတ်ပြီ၊ ပိုင်းပိုင်းခြားခြား မထင်မမြင်နိုင်ကလည်း ဝိပဿနာဉာဏဒဿနမျိုး မဟုတ်၊ ပြဆိုခဲ့ပြီးသော အနုမာနဉာဏ ဒဿနမျိုးသာဖြစ်ရာ၏၊ ဤလည်းတစ်ကြောင်း၊ ဝိပဿနာဉာဏ ဒဿနအလုပ်မည်သည် ပြဆိုခဲ့ပြီးသော သညာ စိတ္... |
1,326,684 | Uncategorized | အာဟာရဒီပနီ | (ဤကား ပုံစံပြုရန် ထုတ်ပြလိုက်သော ရှားမီးခဲရှိ မီးဥပမာ စစ်တမ်းတည်း။ |
1,326,685 | Uncategorized | အာဟာရဒီပနီ | ) မိမိ၏ ရူပကာယခန္ဓာကြီးသည် အပ်သွားရာမျှ အဏုမြူမျှ မလပ် ရအောင် ကိုယ်ခန္ဓာကြီးနှင့် အပြည့်အနှက်ရှိနေသော ပရမတ္ထမီးစု သည်လည်း ထိုရှားမီးခဲရှိ မီးနှင့်အတူ တစ်ထပ်တည်းပင်ဖြစ်၍လည်း ကောင်း၊ ဤခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်မီး၏ အစီးအပွားကြီးဖြစ် ချေ၍လည်းကောင်း၊ ရှားမီးခဲရှိ မီးသည်လည်း ခဏမစဲတစ်ကြွတည်းကြွ၊ တစ်ရွတည်းရွ၍ နေဘိသကဲ့သို့ မိမ... |
1,326,686 | Uncategorized | အာဟာရဒီပနီ | ရေပွက်ငယ်စုမှာထင်မြင်ရသော လူရိပ် မျက်နှာငယ်စုသည် ထို ထိုမှီရာ ရေပွက်ငယ်စုပျက်ဆုံးခဲ့လျှင် တည်ရာမရ ဧကန္တပျက်ဆုံးကြရန် အခွင့်ကို ကောင်းစွာမြင်နိုင်သကဲ့သို့ ဤကိုယ်ခန္ဓာတစ်ခု ထင်မြင်နိုင်ပါ သော် သတ္တဝါ အနန္တ ရုပ်ခန္ဓာ ဟူသမျှပြီးလေတော့သည်၊ မြင်းမိုရ်စကြာ ဝဠာ မဟာပထဝီအစရှိသော တေဇောမီးဓာတ်မီး၏ အစီးအပွား ဟူ သမျှလည်း ပြီးလေတော့သ... |
1,326,687 | Uncategorized | အာဟာရဒီပနီ | ဤသည်ကား အနိစ္စလက္ခဏာကို သန္တတိ ဖုံးလွှမ်းသည်၊ သန္တတိကို ခွာ၍ရှုမှ အနိစ္စလက္ခဏာထင်နိုင်သည်ဟူသော အဋ္ဌကထာများအတိုင်း တေဇောကို အရင်းတည်၍ သန္တတိဖြတ်ပုံနှင့်တကွ သမ္မသနဉာဏ် အစီ အရင်တည်း။ |
1,326,688 | Uncategorized | အာဟာရဒီပနီ | သန္တတိခွာနည်း ဖြတ်နည်းသည် အလွန်ပင် များပြား၏၊ ကမ္မဋ္ဌာန်း ကို သွန်သင်ပြသသော ဓမ္မကထိကဆရာ၏ ဉာဏ်စွမ်းပဋိဘာန်သည်သာ ပမာဏဖြစ်ချေသည်၊ ဤစာအုပ်မှာ တေဇောကိုမူတည်၍ ပြသည်မှာ ဥပလက္ခဏ နည်းမျှသာတည်း။ |
1,326,689 | Uncategorized | အာဟာရဒီပနီ | ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း၌ သမ္မသနဉာဏ် |
1,326,690 | Uncategorized | အာဟာရဒီပနီ | အစီအရင်ပြီး၏ |
1,326,691 | Uncategorized | အာဟာရဒီပနီ | ၁၃-ဥဒယဗ္ဗဉာဏ်အစီအရင် |
1,326,692 | Uncategorized | အာဟာရဒီပနီ | ယခုအခါ ရူပက္ခန္ဓာ၌ ဥဒယဗ္ဗဉာဏ် အစီအရင်ကို အမြွက်မျှပြ ဆိုအံ့။ |
1,326,693 | Uncategorized | အာဟာရဒီပနီ | သမ္မသနဉာဏ်ဆိုသည်ကား ရုပ်တရား နာမ်တရားတို့၏ မျက် တောင်တစ်ခတ်လျှပ်တစ်ပြက်မျှ အသက်ရှည်၍တည်နေနိုင်သော တရားမျိုး မဟုတ်ကြောင်းကို အဖန်ဖန် သုံးသပ်၍ ဆုံးဖြတ်နိုင်သော ဉာဏ်တည်း၊ ကိုယ်ခန္ဓာ၌ ခဏမစဲ အလုံအခဲတစ်သဲသဲဖြစ်ပေါ်မှု ချုပ် ကွယ်မှုတို့ကို ပိုင်းပိုင်းခြား ခြားထင်မြင်နိုင်သောဉာဏ် မဟုတ်သေး၊ ဥဒယဗ္ဗယဉာဏ်သည်သာ ထိုကဲ့သို့မြင်နိုင်... |
1,326,694 | Uncategorized | အာဟာရဒီပနီ | ဥဒယဗ္ဗယဉာဏ် ပုံစံပြုရန် ဥပမာကို ရှေးဦးစွာ ဆိုပေအံ့။ |
1,326,695 | Uncategorized | အာဟာရဒီပနီ | ချိန်ဝန်ငါးပိဿာ ပမာဏ သပိတ်လုံးခန့်ရှိသော အလွန်သိမ်မွေ့လှစွာ သော နုံးမြေဖြင့်ပြီးသော ခြောက်သွေ့ပြီးသော နုံးမြေခဲကြီးတစ်ခုကို စံပြုရာ၏၊ ထိုနုံးမြေခဲကို ဆေးကြိတ် ကျောက်လုံးဖြင့် အနှံ့အပြား လှုပ်ရှားရုံမျှ ထိပ်လယ်တည့်တည့်က ထုနှက်ရာ၏၊။ |
1,326,696 | Uncategorized | အာဟာရဒီပနီ | ထိုသို့ ထုနှက်လိုက် သည်ရှိသော် ထုနှက်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း နုံးခဲကြီး တစ်ခဲလုံး နုံးမြေမှုန့်တို့သည် တစ်မှုန်မကျန် အတန်ငယ်စီ လှုပ်ကြွ ရွှေ့ရှားကြသည်ကို စိတ်ထဲတွင် အတပ်မြင်နိုင်၏။ |
1,326,697 | Uncategorized | အာဟာရဒီပနီ | ဤ၌ စိတ်မြင် ဉာဏ်မြင် နှစ်ပါးခွဲနည်းကား-ထုနှက်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း တစ်ခဲလုံး နုံးမြေနုတွေ အခြေပျက် အနေ ပျက် လှုပ်ရှားရွေ့လျား၍ သွားသည်ကိုသား လူတိုင်းပင် မြင်နိုင်ကြ၏၊ တစ်ခဲလုံး အခြေပျက်၏လော၊ အနေပျက်၏လောဟု မေးသည်ရှိသော် အခြေပျက်ပါ၏၊ အနေပျက်ပါ၏ဟုပြောကြပေလတ္တံ့၊ အဘယ်သို့ အခြေ ပျက်သနည်း၊ အနေပျက်သနည်းဟုမေးသည်ရှိ... |
1,326,698 | Uncategorized | အာဟာရဒီပနီ | လှုပ်ရှားမှု ရွေ့လျားမှုကား အသစ်ဖြစ်ပေါ်မှုထင်ရှားသော အဖို့တည်း၊ ထိုဖြစ် ပေါ်မှုအဖို့ကို အပျက် သရုပ်ပြု၍ပြောဆိုခြင်းတည်း။ |
1,326,699 | Uncategorized | အာဟာရဒီပနီ | ဉာဏ်အမြင် မူကား ထုနှက်လိုက်သည်နှင့် တစ်ပြိုင်နက်တစ်ချက်တည်း ပျက်မှုတစ်လမ်း ဖြစ်ပေါ်မှုတစ်လမ်း နှစ်လမ်းမြင်၍ သွားသတည်။ |
1,326,700 | Uncategorized | အာဟာရဒီပနီ | အနေပျက်မှု အခြေပျက်မှုဟူရာမှာလည်း အနေအခြေဆိုသည်ကား မထုမီ မနှက်မီ ရှေးအဖို့ကရှိနေသော နုံးမြေမှုန့် ရုပ်ကလာပ်စုပေတည်း၊ ထိုနုံးမြေမှုန့် ရုပ်ကလာပ်စု၏ တစ်ခုမကျန် အကုန်ချုပ်ပျက် ကွယ်ပျောက်၍ သွား သည်ကို အခြေပျက် အနေပျက် ဆိုသတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.