id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,326,701
Uncategorized
အာဟာရဒီပနီ
လှုပ်ရှားမှု ရွေ့လျားမှုသည် မူကား ပျက်မှုမဟုတ်၊ တစ်မျိုး အသစ်ဖြစ်ပေါ်မှုသာတည်း။
1,326,702
Uncategorized
အာဟာရဒီပနီ
ထိုနှစ်လမ်း တွင် ချုပ်ပျောက်ကွယ်ပျက်လမ်းသို့ သွားလေသည်လည်း ချိန် ဝန်ငါး ပိဿာပင်၊ ယခုထုနှက်ရာတွင်မှ အသစ်ဖြစ်ပေါ်ကြသော နုံးမြေမှုန့် ရုပ် ကလာပ်စုသည် ချိန်ဝန် ငါးပိဿာပင်ရှိလတ္တံ့၊ ဤကား ဉာဏ်မြင်တည်း။
1,326,703
Uncategorized
အာဟာရဒီပနီ
ထိုနှစ်လမ်းတွင် အသစ်ပေါ်ရှိနေသော ရုပ်ကလာပ်တို့၏အသစ် ဖြစ်ပေါ်မှုဥပါဒ်ကို မြင်သည်ကား ဥဒယကိုမြင်သော ဉာဏ်တည်း။
1,326,704
Uncategorized
အာဟာရဒီပနီ
ရုပ်ကလာပ်အဟောင်းငါးပိဿာလုံး၏တစ်ပြိုင်နက် တစ်ချက်တည်းကဲ့သို့ အကုန်အစင်ပျက်ဆုံးကွယ်ပျောက် မှုကိုမြင်သည်ကား ဝယဉာဏ်တည်း။
1,326,705
Uncategorized
အာဟာရဒီပနီ
အကုန်လုံးလှုပ်ရှားရွေ့လျားပြီးလျှင် ငြိမ်မြဲငြိမ်၊ ဝပ်မြဲဝပ်၍ နေပြန်၏၊ ဤ၌လည်း လှုပ်ရုပ်ငါးပိဿာတို့၏အကုန်အစင် ကွက်ပျက်မှု ငြိမ်ရုပ် ဝပ်ရုပ် ငါးပိဿာတို့၏ ယခုအသစ်ဖြစ်ပေါ်မှုနှစ်လမ်းတည်း။
1,326,706
Uncategorized
အာဟာရဒီပနီ
စိတ်မြင်မှာ ထိုသို့လမ်း မခွဲနိုင်သည်ကား အသစ်ဖြစ်ပေါ်ရွေ့ လျားသော သန္တတိပညတ်သည် ချုပ်ကွယ်မှု အားလုံးကို ဖုံးလွှမ်း၏၊ ရုပ်ဟောင်းချုပ်ကွယ်ရာ၌ ချုပ်ကွယ်မှုမပေါ်ရအောင် တစ်ပြိုင်နက် တစ်ချက်တည်းအစား ထူထောင်မိအောင် ဖြစ်ပေါ်သော အမှုကို ဖုံးလွှမ်း သည်ဟုဆိုသည်၊ ထိုစကားသည်မှန်၏၊ အကုန်ချုပ်ကွယ်ပြီး နောက် အတန်ငယ်ကြာမှ ဖြစ်ပေါ်မှုကား...
1,326,707
Uncategorized
အာဟာရဒီပနီ
ဤမျှလောက် ကြီးမားသော အထည်ဒြဗ်သည် ဤမျှလောက်လျင်မြန်စွာ တစ်ပြိုင်နက် တစ်ချက်တည်း ကွယ်ပျောက်နိုင်ပါမည်လောဟု ဝိစိကိစ္ဆာသံသယ ပေါ် ပေါက်နှောက်ယှက်၍လာသည်ရှိသော် ရှေးသမ္မသနဉာဏ်တွင် သိမြင် ဆုံးဖြတ်ခဲ့ပြီးသော အနိစ္စအခြင်းအရာနှင့် ကောင်းစွာရှင်းလင်း၍ ဝိစိကိစ္ဆာကို ပယ်ရှားရမည်။
1,326,708
Uncategorized
အာဟာရဒီပနီ
သိမြင် ဆုံးဖြတ်ခဲ့ပြီးသော အနိစ္စအခြင်း အရာဆိုသည်ကား ရုပ်တရားတို့၏ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်ခြင်းဟု သိမြင်ဆုံးဖြတ်မှုတည်း၊ ဤ၌ထုနှက်မှုတစ်ချက်တည်း လှုပ်ရှား၍ အခြေအနေပျက်၍ သွားမှုသည်လည်း မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှပင်ရှိရာသည်။
1,326,709
Uncategorized
အာဟာရဒီပနီ
ထိုသို့တစ်ပြိုင်နက် တစ်ချက်တည်း လှုပ်ရှား၍ သွားအောင် စွမ်းနိုင်သော ပယောဂနှင့်ကြုံခဲ့မူကား မြင်းမိုရ် တောင်ကြီး တစ်ခုလုံးသည်ပင်လျှင် ဤနုံးခဲအတူ ကွယ်ပျောက်နိုင် သည်သာဖြစ်ရာသတည်း၊ ကြီးသည် ငယ်သည် ပမာဏမဟုတ်၊ ပယောဂ မှုသည်သာ ပမာဏတည်း။
1,326,710
Uncategorized
အာဟာရဒီပနီ
မြတ်စွာဘုရားတို့၏ ဘုန်းတန်ခိုးတော်ကြောင့် ပဋိသန္ဓေယူတော်မူ သောအခါ စသည်တို့၌ စကြဝဠာပေါင်း တစ်သောင်းတိုင်အောင် မဟာပထဝီပဲ့တင်ဟီး၍ အောက်ခြေသို့အဆိုက်တုန်လှုပ်ရာ၌ ထိုနည်းတူ မြင်လေ၊ ပျောက်ကွယ်လေသော ရုပ်ကလာပ်စုကို ပျောက်ကွယ်မှု ဘင်ကြီးနှင့်တကွ ခြားခြားနားနား ထင်မြင်နိုင်မှသာလျှင် လှုပ်ရှား ရွေ့လျားသည်ဟု ထင်မြင်ရသော ရုပ်ကလာပ်တ...
1,326,711
Uncategorized
အာဟာရဒီပနီ
ထိုနုံးခဲအတွင်းမှာ ထုနှက်မှုဒဏ်ကို ခုခံ၍ မချုပ်မပျက်ပဲ တည်နေနိုင်သော ရုပ်တစ်စုံတစ်ခုမျှ မရှိသည်ကိုအသိဉာဏ် ထင်ရှားအောင် ပြောပြရန် အခွင့်အလွန်ပင်များပြား၏၊.
1,326,712
Uncategorized
အာဟာရဒီပနီ
(ဤကား ဥဒယဗ္ဗယဉာဏ်ပုံစံထုတ်ပြချက်တည်း၊ ပုံစံဆိုသော် လည်း အလွတ်ဗာဟိရ ဆောင်ပြသော ပုံစံမျိုးမဟုတ်၊ ထင်ရှားလှသော ဥဒယဗ္ဗယမှုကို ထုတ်ပြခြင်းသာတည်း။
1,326,713
Uncategorized
အာဟာရဒီပနီ
) ပုံစံနှင့်တူစွာ ကိုယ်ခန္ဓာ၌လည်း ထင်ရှားရာအချက်ကိုပြဆိုအံ့။
1,326,714
Uncategorized
အာဟာရဒီပနီ
။ ရှေးဦးစွာ ကိုယ်အင်္ဂါမှာ ဉာဏ်နိုင်လောက်ရုံ ကွက်ခြား၍ ရှုရာ၏၊ ဦးခေါင်းမှာတစ်ခုသောနေရာ၌ လက်ဆုပ်စသည်ဖြင့် အနှံ့အပြား လှုပ်ရှား အောင် ထိပါးတိုက်ခိုက်သော နေရာ၌ ဦးခေါင်းတစ်ခုလုံးလှုပ်ရှားမှုသည် ပြဆိုခဲ့ပြီးသော ပုံစံဥပမာအတိုင်းပင် ထိပါး၍ အကုန်အနှံ့အပြား ရုပ် တရားတို့ လှုပ်ရှားထကြွရာ၌ ရုပ်ဟောင်းချုပ်ကွယ်မှု ရှုပ်သစ်ဖြစ်ပေါ် ...
1,326,715
Uncategorized
အာဟာရဒီပနီ
ပြောင်းလဲမှုဟုတ်ကြောင်း မှန်ကြောင်း မြန်ကြောင်းကို အသိဉာဏ် နှင့်ဆုံးဖြတ်၍ထားပြီးလျှင် ရှုသောအခါမြင်သာရုံ မြင်နိုင်ရုံ တစ်ဖြည်းဖြည်းအနေနှင့် ကြံဖန်၍ သော်လည်းရှု အလွန်ရှုဖွယ် ကျယ်ဝန်းများပြားလှ၏။
1,326,716
Uncategorized
အာဟာရဒီပနီ
လိုရင်းအဓိပ္ပါယ်ကား အကြင်ကိုယ်အင်္ဂါအစိတ်၌ တစ်စုံတစ်ခု သော အေးမှု မူမှု လှုပ်မှု ရှားမှု စသည်ဖြင့် ထင်ရှား သိသာသော ဝိသဘာဂရုပ်သစ် ဝိသဒိသရုပ်သစ် ဝိကာရရုပ်သစ် အခြင်းအရာ ဖြစ်ပေါ်ပွားများ၍ လာသည်ကို သိမြင် ထင်ရှား၏၊ ထိုအင်္ဂါ အစိတ်၌ ရုပ်ဟောင်းချုပ်ကွယ်မှု ဧကန်ရှိသည်သာဖြစ်၏၊ မုန့်ညင်းစေ့ခန့် ရုပ် သစ်ဖြစ်ပေါ်မှု ထင်မြင်လျှင် ထ...
1,326,717
Uncategorized
အာဟာရဒီပနီ
ဥဒယဗ္ဗယဉာဏ် အစီအရင် အမြွက်ပြီး၏။
1,326,718
Uncategorized
အာဟာရဒီပနီ
--- ၁၄-ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း အစီအရင်
1,326,719
Uncategorized
အာဟာရဒီပနီ
အသစ်အသစ်ဖြစ်ပေါ်မှုဟူသော ဥဒယ၊ အဟောင်း အဟောင်း ချုပ်ကွယ်မှုဟူသော ဝယ၊ ဤနှစ်ပါးတို့တွင် ဖြစ်ပေါ်မှုကား ထင်ရှား လွယ်၏၊ ချုပ်ကွယ်မှုကား အလွန်ထင်မြင် တည့်နိုင်ခဲ၏၊ အနိစ္စ လက္ခဏာ မှာ ချုပ်ကွယ်မှုသည်သာလိုရင်း ပဓာနဖြစ်၏၊ ထို့ကြောင့် ဥဒယမှုကို လွှတ်ထား၍ အထင်အမြင်အားနည်းနေသေးသော ဝယမှုကိုသာ ကွက်ခြား၍အထူး အားထုတ်ပြန်သော ဉာဏ်သည် ဘင်...
1,326,720
Uncategorized
အာဟာရဒီပနီ
ပညာနုံ့သော ပုဂ္ဂိုလ်ဖြစ်ခဲ့၍ ရုပ်သာမညတစ်ခုတည်းနှင့် ဉာဏ်အမြင်မပေါ်နိုင်ရှိခဲ့လျှင် ရှေး၌ ဆိုခဲ့ပြီး သောခန္ဓဝဂ္ဂသုတ္တန်မှာ ဝေဖန်တော်မူသောနည်းအားဖြင့် ရုပ်တရားကို ငါးပုံ ငါးစု ပြု၍ဉာတပရိညာမှု တစ်ခန်းထုတ်ရမည်။
1,326,721
Uncategorized
အာဟာရဒီပနီ
ပရမတ်မြေ၊ ပရမတ်ရေ၊ ပရမတ်မီး၊ ပရမတ်လေတို့ကို သဘောလက္ခဏာ ထင်ထင် ရှားရှားကွဲပြားအောင် အားထုတ်ရမည်၊ စက္ခုသောတ စသည် တို့ကိုမူကား အပေါင်းအားဖြင့် ဥပါဒါရုပ်စု ဟူ၍သာ ခြားနား၍ ထားရမည်။
1,326,722
Uncategorized
အာဟာရဒီပနီ
ဤဝိပဿနာအရာ၌ ကိုယ်ခန္ဓာမှာ အနိစ္စအနေနှင့်အကြွင်း အကျန်မရှိပဲ ဖြစ်မှု ပျက်မှုကိုမြင်နိုင်သည်သာ ပဓာနတည်း၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ နှင့်ပင် ထိုအမှုတို့ကို ကိုယ်လုံးကျွတ်ခြုံ၍ မြင်နိုင်ပါလျှင် သင်္ခါရတစ်လုံးနှင့်ပင်ပြီးစီးပါ၏၊ အာဟာရလေးပါးမှာ ဟောတော်မူသော တရားတစ်လုံး တစ်လုံးနှင့်ပင် ပြီးစီးနိုင်ပါ၏၊ ဝေဒနာတစ်လုံးနှင့်သော် လည်း...
1,326,723
Uncategorized
အာဟာရဒီပနီ
ရုပ်နာမ် နှစ်ခုလုံးနှင့်သော်လည်းကောင်း ပြီးစီးနိုင်၏၊ ဤမန္ဒ ပုဂ္ဂိုလ်မှာလည်း ဖြစ်မှု ပျက်မှု ရှုခန်းသို့ရောက်ရာ မဟာဘုတ်လေးပါးတို့၏ ဖြစ်မှု ပျက်မှုကို ထင်မြင်လျှင် ဥပါဒါရုပ်စု အပြီးပါ၍ သွားလတ္တံ့၊ ဥပါဒါ ရုပ်စုတို့ တစ်ခြားရှုဖွယ် ကိစ္စမရှိပြီ၊ စိတ်နှင့် စေတသိက်တို့မှာကဲ့သို့တည်း။
1,326,724
Uncategorized
အာဟာရဒီပနီ
မဟာဘုတ်လေးပါးတို့ကိုမူကား တစ်လုံးတည်းဉာဏ်မနိုင်၍ တစ်ခုတစ်ခု အတွက် ဖြစ်မှု ပျက်မှု ခုခံ၍နေပုံရလျှင် အသီးအသီးခွဲ၍ရှုလေ၊ ပထဝီ ခုခံ၍နေတတ်သည်၊ ပထဝီကို ကွက်ခြား၍ အထူးအားထုတ်လေ၊ ဓာတ်လေးပါး မထူးမခြားသကဲ့သို့ ဖြစ်မှု ပျက်မှု နှစ်ခုလုံးနိုင်သောအခါ ခွဲဖွယ် ကိစ္စမရှိပြီ၊ ရုပ်တစ်ခုလုံးတည်းမှာကဲ့သို့ တစ်လုံးတစ်ချက်တည်း ပေါင်း၍ရှုလေ၊...
1,326,725
Uncategorized
အာဟာရဒီပနီ
ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း အစီအရင် အမြွက်ပြီး၏။
1,326,726
Uncategorized
အာဟာရဒီပနီ
--- ၁၅-ခန္ဓာငါးပါးတို့၏ ဥပမာများ
1,326,727
Uncategorized
အာဟာရဒီပနီ
“ဖေဏပိဏ္ဍူပမံ ရူပံ” စသည်ဖြင့်လာသော ခန္ဓာငါးပါးဥပမာတို့၌ ရူပက္ခန္ဓာရေမြုှပ်နှင့်တူပုံမှာ သမ္မသနဉာဏ် အစီအရင်၌ပြဆိုခဲ့ပြီးသော အတိုင်း ထင်ရှားနိုင်ပါလျှင် အနှစ်သာရမရှိမှုနှင့် ရေမြှုပ်အသွင် ထင်မြင် နိုင်တော့သည်။
1,326,728
Uncategorized
အာဟာရဒီပနီ
ဝေဒနာ ရေပွက်အသွင် သညာတံလျှပ်အသွင် ထင်မြင် ရန်အချက်စုမှာ ရှေး၌ပြဆိုခဲ့ပြီ။
1,326,729
Uncategorized
အာဟာရဒီပနီ
သင်္ခါရက္ခန္ဓာကို ငှက်ပျောတုံးအသွင် ထင်မြင်အောင် ရှုရမည်ဟူသော ဒေသနာတော်၌ကား စေတနာတစ်ခု ကိုသာ ပဓာနပြု၍ဆိုလိုလျှင် စေတနာသည် ကာယကံမှု ဝစီကံမှု မနောကံမှု ဟူ၍သုံးပါး၊ ပါဏာတိပါတမှုစသော ဒုစ္စရိုက်မှုဆယ်ပါး၊ ပါဏာတိပါတဝေရာမဏိအစရှိသော သုစရိုက်မှု ဆယ်ပါး၊ ဒါန, သီလ, ဘာဝနာအစရှိသော ပုညကိရိယာမှု ဆယ်ပါး ဤသို့ခွဲခြမ်းရာ၏၊ ပါဏာတိပါတမှုတ...
1,326,730
Uncategorized
အာဟာရဒီပနီ
ဒါနကုသိုလ်မှု တစ်ခုမှာလည်း ထိုအတူ ကိုယ်အင်္ဂါ အမူအရာ များပြားသည်သာ ဖြစ်၏၊ ပါဏာတိပါတ နည်းတူဆိုလေ၊ ကြွင်းသော ကုသိုလ်မှု အကုသိုလ်မှုတို့မှာလည်း ဤနည်းတူသိလေ။
1,326,731
Uncategorized
အာဟာရဒီပနီ
ဤသို့လျှင် လောက၌ နေ့နေ့ညည တရွရွ တကြွကြွ နေကြသော ကာယသင်္ခါ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရမှုစုသည် အလွန်ကြီးကျယ်များ ပြား၏၊ ထိုသို့ တစ်လောကလုံး အုံးအုံး ဆူကြွ ကြီးကျယ်လှငြားသော် လည်း အနှစ်သာရဟူ၍ တစ်စုံတစ်ခုမျှ မရှိရကား အထပ်ထပ် အလွှာလွှာ သဏ္ဍာန်သာ ကြီးမား၍ အနှစ်သာရဟူ၍ ရှာကြံ၍ မရသော ငှက်ပျောတုံး တွေနှင့် တူလှလေသတည်း ထို့ကြောင့်...
1,326,732
Uncategorized
အာဟာရဒီပနီ
ဝိဉာဏက္ခန္ဓာသည် မျက်လှည့်နှင့် တူသည်ဟူရာ၌ မျက်လှည့် သည်နှင့် တူသည်၊ မျက်လှည့်သည် ပြုအပ်သော မာယာမှုနှင့်တူသည် ဟူ၍ နှစ်ထွေရ၏၊ စိတ်မြင် ဉာဏ်မြင် နှစ်ပါးခွဲခန်း၌ စိတ်မြင်မှောက်မှား လှည့်စားလှည့်ပတ် ပြုပုံကို ပြဆိုခဲ့ပြီးသည့်အတိုင်း မျက်လှည့်သည်နှင့် တူကြောင်း၊ သတ္တဝါမဟုတ်သော ခန္ဓာငါးပါးကို ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝ ဣတ္ထိ ပ...
1,326,733
Uncategorized
အာဟာရဒီပနီ
မျက်လှည့်မှုနှင့်တူသည် ဟူရာ၌ ရွှေမဟုတ်သော မြေဆိုင်ခဲကို ရွှေခဲကြီး ပြုလုပ်ပြရာ၌ မြင်သမျှ လူအပေါင်းက ရွှေခဲကြီး ထင်ကြရသော မြေစိုင်ခဲကြီးနှင့် တူ၏ဟု ဆိုလိုသည်၊ အဘယ်ကဲ့သို့ တူသနည်းဟူမူကား ထိုမြေစိုင်ခဲကို ရသောသူသည် ရွှေဟုထင်မြင်သည်၊ အလွန်လျှင် ဝမ်းမြောက်ခြင်းဖြစ်၏၊ သူဌေးစိတ် သူကြွယ် စိတ်ကပ်၏၊ ပြိုင်လိုသော မာန်တက်၏၊ ထိုသို...
1,326,734
Uncategorized
အာဟာရဒီပနီ
ခန္ဓာငါးပါးတို့၏ ဥပမာတို့ကို ပြဆိုသည်ကား ပြီး၏။
1,326,735
Uncategorized
အာဟာရဒီပနီ
--- ၁၆-သမထနှင့် ဝိပဿနာ
1,326,736
Uncategorized
အာဟာရဒီပနီ
အာဟာရကမ္မဋ္ဌာန်းလေးပါး၊ ခန္ဓကမ္မဋ္ဌာန်းငါးပါး၊ ဤခန္ဓကမ္မဋ္ဌာန်း ငါးပါးတွင် သင်္ခါရက္ခန္ဓာသည် မနောသေဉ္စတနာဟာရပင် တည်း၊ ဝိညာဏက္ခန္ဓာသည် ဝိညာဏာဟာရပင်တည်း။
1,326,737
Uncategorized
အာဟာရဒီပနီ
ဤဝိပဿနာကမ္မဋ္ဌာန်း အရာမည်သည် အလွန်နက်နဲ သိမ်မွေ့လှ၏၊ ဟောပြော ပြသ ဆုံးမ သွန်သင်သော ဆရာ နေရာကျလိုလှ၏၊ သိသင့်သောအရာ၌ နေရာ ကျသိနိုင်အောင် ပြောဟောမှု ထင်မြင်အောင် အားထုတ်ရမည့်အရာ၌ နေရာကျထင်ကွက်, မြင်ကွက်ပေါ်အောင် ပြသမှုသည်ကား ဆရာ့တာဝန် တည်း၊ ထင်ကွက်, မြင်ကွက်ပေါ်ရုံမျှနှင့် ကမ္မဋ္ဌာန်းကိစ္စ ခရီးရောက် နိုင်တည့်သေးသည်မဟုတ်၊ ထ...
1,326,738
Uncategorized
အာဟာရဒီပနီ
ထိုစကားမှန်၏၊ သမထကမ္မဋ္ဌာန်း ပေါက်ရောက်သူလူ၌ အလွန် နည်းလှ၏၊ ရဟန်းတို့၌သာများ၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းပေါက်ရောက်၍ သောတာပန် အရိယာဖြစ်ကြသူကား လူ၌အလွန်များလှ၏၊ လူသောတာပန် တစ်ထောင်ကို ရဟန်းသောတာပန်တစ်ယောက်ကျထား ရေ တွက်သော်လည်း ရဟန်းဘက်ကသာ ကုန်လေရာ၏၊ လူဘက်က မကုန်လေရာ၊ ဤမျှလောက်ပင် များရိပ်ထင်၏၊ အဘယ့်ကြောင့်နည်း၊ လောက၌ရှိရင်းကပင်...
1,326,739
Uncategorized
အာဟာရဒီပနီ
ဤတွင်ရွေ့ကား မုံရွာမြို့လယ်တီတောရဆရာ ငါသည် သက္ကရာဇ် ၁၂၆၃-ခုနှစ်အတွင်း အလုံမြို့မ၏ တစ်ဖက် သလ္လာဝတီ မြစ်ကမ်း ရွှေတောင်ဦး တောင်ထိပ်မှာ တောဝါကပ်ဆိုနေထိုင်စဉ် ဝါတွင်းအခါ မုံရွာမြို့, အလုံမြို့တို့မှ လာရောက်ဆည်းကပ်ကြကုန်သော ဥပုသ်သည် ဥပါသကာအပေါင်းတို့ကား အသက်ထက်ဆုံးစွဲမြဲကြရန် နိဒါန ဝဂ္ဂ သံယုတ်, ခန္ဓဝဂ္ဂသံယုတ် သုတ္တန်ဒေသနာတော...
1,326,740
Uncategorized
အာဟာရဒီပနီ
--- ၁၇-ဩဝါဒခန်း
1,326,741
Uncategorized
အာဟာရဒီပနီ
ယခုအခါ ဥပါသကာအပေါင်းတို့အား သတိသံဝေဂတရား ဖြစ်ပွား စေရန် ရံဖန် ရံခါ ပြေဟောအပ်သော ကာဏကစ္ဆ ပေါပမသုတ္တန် ဒေသနာတော်၏အနက်အဓိပ္ပါယ်ကို ပြဆိုဦးအံ့။
1,326,742
Uncategorized
အာဟာရဒီပနီ
သတ္တဝါအပေါင်းတို့အား အပါယဒုက္ခဟု ဆိုအပ်သော အပါယ် ဆင်းရဲ၏ နက်နဲပုံကို ပြတော်မူလိုက်သည်ဖြစ်၍ ဥပရိပဏ္ဏာသ ပါဠိတော် ဗာလပဏ္ဍိတသုတ်၌
1,326,743
Uncategorized
အာဟာရဒီပနီ
“သေယျထာပိ ဘိက္ခဝေ ပုရိသော ဧကစ္ဆိဂ္ဂလံ ယုဂံ မဟာသမုဒ္ဒေ ပက္ခိပေယျ”
1,326,744
Uncategorized
အာဟာရဒီပနီ
အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။
1,326,745
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=သံသရာဘေး၊ လာမည့်ဘေးကို၊ မျှော်တွေးသမှု၊ အမြဲရှုလေ့ရှိကြပေကုန်သော တရားနာ ပရိသတ်အပေါင်း သူတော် ကောင်းတို့၊ သေယထာပိ=နှိုင်းချင့်စရာ ဥပမာဆိုသည်ရှိသော်ကား၊ ပုရိသော=တစ်ဦးယောက်ျားသည်၊ ဧကစ္ဆိဂ္ဂလံ=အပေါက်တစ်ခုသာ ရှိသော၊ ယုဂံ=ရထားထမ်းပိုးတစ်ခုကို၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ အလယ်၌၊ ပက္ခိပေယျ=ထည့်ပစ်ချထားလေရာ၏၊ တမေနံ-တံဧနံ= ထိ...
1,326,746
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ တံ=ထိုပြဆိုလတ္တံ့သော အကြောင်းအရာကို၊ ကိံမညထ=အဘယ်သို့ သင်တို့ ထင်မြင်ကြကုန်မည်နည်း၊ ကာဏော= မျက်စိနှစ်ဖက် အစုံပျက်သော၊ သောကစ္ဆပေါ=ထိုလိပ်ငယ်သည်၊ ဧကစ္ဆိဂ္ဂလေ=အပေါက်တစ်ခုသာရှိသော၊ အမုကသ္မိံယုဂေ=ပြဆိုခဲ့ပြီးသော ထမ်းပိုးပေါက်၌၊ ဂီဝံ=လည်ပင်းကို၊ ပဝေသေယျအပိနု=သွင်းမိနိုင် မည်လော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏...
1,326,747
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ ကာဏော=မျက်စိနှစ်ဖက်အစုံပျက်သော၊ သောကစ္ဆပေါ=ထိုလိပ်ငယ်တစ်ကောင်သည်၊ ဧကစ္ဆိဂ္ဂလေ=အပေါက် တစ်ခုသာရှိသော၊ ယုဂေ=ရထားထမ်းပိုးတစ်ခု၌၊ ဂီဝံ=လည်ပင်းကို၊ ပဝေသေယျ=သွင်းမိ စွပ်မိရာသော အခွင့်သည်၊ ခိပ္ပတရံခေါ=အလွန် ခဲယဉ်းသည်ဟု မမည်စဖွယ် အလွန်လွယ်လှသေး၏၊ သကိံ=တစ်ကြိမ် တစ်ခါ၊ ဝိနိပါတေန=အပါယ်သို့ကျရောက်လေသော၊ ဗာလေန=သူမ...
1,326,748
Uncategorized
အာဟာရဒီပနီ
တံ=ထိုသို့ ရနိုင်ခဲမှုသည်၊ ကိဿဟေတု=အဘယ့်ကြောင့်နည်း ဟူမူကား၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧတ္ထ=ဤ အပါယ်ဘုံ၌၊ ဓမ္မစရိယာ= သူတော်ကောင်း တရားကို ကျင့်မှုမည်သည်၊ နဟိအတ္ထိ=မရှိတော့သည် သာလျှင်တည်း၊ သမစရိယာ=ညီညွတ်ငြိမ်သက်သော သုစရိုက်တရား ဆယ်ပါးကိုကျင့်မှုမည်သည်၊ နဟိအတ္ထိ=မရှိတော့သာလျှင်တည်း၊ ကုသလ ကိရိယာ=ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ပြုရန်အ...
1,326,749
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ ဧတ္ထ=ဤအပါယ်ဘုံ၌၊ အညမည ဃာတိကာ= နိုင်ရာနိုင်ရာ အချင်းချင်း ညှဉ်းဆဲမှုသည်သာလျှင်၊ ဝတ္တိတိ=အမြဲဖြစ် ပွားချေ၏၊ ဒုဗ္ဗလဃာတိကာ=အားရှိအားမဲ့ နှိပ်စက်ညှဉ်းပန်းခြင်း အမှုသည်သာလျှင်၊ ဝတ္တတိ=အမြဲဖြစ်ပွားချေ၏၊ တသ္မာ=ထို့ကြောင့်၊ သကိံ=တစ်ကြိမ်၊ ဝိနိပါတေန=အပါယ်သို့ ကျလေသော၊ ဗာလေန= သူမိုက်၏၊ မနုဿတ္တံ=လူ့ဘုံ, လူ့ဘဝသို...
1,326,750
Uncategorized
အာဟာရဒီပနီ
ဤဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်သော်ကား- ကျွန်းကြီး ၄-ကျွန်း, ကျွန်းငယ် ၂၀၀၀-တို့ကို အပြင်အဖို့မှ ပတ်ဝိုက်လျက် တစ်ဆက် တည်း, တစ်ပြင်တည်းတည်ရှိသော မဟာသမုဒ္ဒရာကြီးသည် အောက်သို့ အနက်အားဖြင့်လည်း ယူဇနာပေါင်း ရှစ်သောင်းနှစ်ထောင်ရှိ၏၊ အတွင်း အပြင် အနံအားဖြင့်လည်း ယူဇနာပေါင်း ရှစ်သောင်းနှစ်ထောင်ရှိ၏၊ ပတ်လည် အဝန်းအလျားအားဖြင့်လ...
1,326,751
Uncategorized
အာဟာရဒီပနီ
ဥတ္တရကုရုအမည်ရှိသော မြောက်ကျွန်း၏ မြောက်ဘက်မျက်နှာ သမုဒ္ဒရာ၏အလယ်၌ မျက်စိနှစ်ဖက် အစုံပျက်သော လိပ်ငယ်တစ်ခု သည်ရှိရာ၏၊ ယင်းလိပ်ငယ်သည်လည်း သမုဒ္ဒရာအတွင်း၌သာ ရောက်မိ ရောက်ရာအရပ် ၄-မျက်နှာ သွား၍နေရာ၏၊ အနှစ်တစ်ရာ, အနှစ်တစ် ထောင်ကို လွန်သောအခါမှ ရေပေါ်အပြင်သို့ တစ်ကြိမ်တစ်ခါ ပေါ်လာ ရ၏၊ ချစ်သားရဟန်းတို့ ဤလိပ်ငယ်နှင့် ဤထမ်းပိုးသ...
1,326,752
Uncategorized
အာဟာရဒီပနီ
ဘုန်းတော် အလွန်ကြီးလှသော မြတ်စွာဘုရား၊ ထိုသို့ ကြုံကြိုက်နိုင် ရာသော အခွင့်သည်မရှိပါ၊ သို့ရာတွင် ထိုလိပ်ငယ်, ထိုထမ်းပိုးတို့သည် ဝိဝဍ္ဍဌာယီ တစ်ကမ္ဘာပတ်လုံး မပျက်မဆုံး တည်ကြပါမူကား အသင်္ချေ အသင်္ချေ အနှစ်များစွာ ကြာမြင့်သောအခါ တစ်ကြိမ် တစ်ဖန် ကြုံကြိုက် သော် ကြုံကြိုက်ရာ ပါသေးသည်ဘုရားဟု လျှောက်ထားကြပေကုန်၏။
1,326,753
Uncategorized
အာဟာရဒီပနီ
ချစ်သားရဟန်းတို့ ဤလိပ်ငယ်နှင့် ထမ်းပိုးတို့ တိုးမိတိုက်မိ, စွပ်မိရာသော အခွင့်သည် ခဲယဉ်းလှသည်ဟု မဆိုလောက်ချေသေး၊ ဤလူ့ပြည်မှစုတေသေလွန်၍ အပါယ်ဘုံသို့ ကျရောက်သောသူသည် ဤလူ့ပြည်သို့ တစ်ဖန်ပြန်လာနိုင်ရာအခွင့်သည်မူကားထို့ထက် အဆ ရာထောင်မက ခဲယဉ်းလှ၏ဟူ၍ ငါဘုရားဟောကြားတော်မူ၏၊ အဘယ့် ကြောင့် အဆရာထောင် ခဲယဉ်းလှလေသနည်းဟူမူကား လူ့ပြည်...
1,326,754
Uncategorized
အာဟာရဒီပနီ
ပြိတ္တာဘုံ, အသုရကာယ်ဘုံတို့၌ ဖြစ်ကြကုန်သောသူတို့သည် ငတ်မွတ်ခြင်း, ဆာလောင်ခြင်း, ပူပန်ခြင်း, ကျင်နာခြင်း အမျိုးမျိုးသော ဒုက္ခဘေး, ဒုက္ခဒဏ်တို့ကိုတရံမစဲ အမြဲခံစားကြရကုန်သည်ဖြစ်၍ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ စိတ်တို့သည် အမြဲတည်ကုန်လျက် နေ့ရက်, နှစ်, လ ကုန်ကြရကုန်၏၊ ငရဲဘုံ၌ ဖြစ်ကြကုန်သော သူတို့သည် လည်း ထို့အတူ အနှစ်တစ်သိန်း...
1,326,755
Uncategorized
အာဟာရဒီပနီ
တစ်ခုတစ်ခုသော ဘဝ၌ အသက်ရှည်သမျှ ကာလပတ်လုံး မကောင်းသောစိတ်တို့သည်သာလျှင် မြစ်ရေအလျှဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်ပွား၍နေကြကုန်သော ထိုအပါယ်ဘုံသားတို့အား ဘူ့ဘုံ, လူ့ဘဝသို့ တစ်ဖန်ပြန်နိုင်ရန် ကောင်းသော နှလုံးနှင့် သေဆုံးရသည်ဟူ၍ မရှိနိုင်ကြ လေကုန်၊ တစ်ဘဝထက် တစ်ဘဝ ကုသိုလ်ကောင်းမှုနှင့် ဝေးကွာ၍ ဝေးကွာ၍ တစ်ဘဝထက်တစ်ဘဝ မကောင်းမှု အကုသိ...
1,326,756
Uncategorized
အာဟာရဒီပနီ
ထို့ကြောင့်ဤလူ့ပြည်မှ အပါယ်သို့တစ်ကြိမ်ကျလေသောသူ၏ လူ့ပြည်သို့တစ်ဖန် ပြန်လာရာ၌ အခွင့်သည် ပြဆိုခဲ့ပြီးသော လိပ်ကန်း ဥပမာထက်ပင် အဆရာထောင်မက ခဲယဉ်းလှချေသည်ဟူ၍ ထိုဒေသနာ တော်မြတ်ပါဌ်ဝယ် အဓိပ္ပါယ်လာချေသည်။
1,326,757
Uncategorized
အာဟာရဒီပနီ
ဤသို့လာသော ဒေသနာ တော်မြတ်ကို အဆင့်ဆင့် နှလုံးသွင်းမိကြကုန်သာ တရားနာပရိသတ် အပေါင်းသူတော်ကောင်းတို့သည် အလွန်ရခဲလှစွာသော မနုဿတ္တ ဒုလ္လဘ, ဗုဒ္ဓုပ္ပါဒဒုလ္လဘကို ရကြကုန်ပြီးမှ တစ်ဖန် အပါယ်သို့ ကျရောက်ကြ ကြောင်း မကောင်းသော ကာယကံမှု မကောင်းသော ဝစီကံမှု မကောင်း သော မနောကံမှုများကို ဝေးသည်ထက် ဝေးလေအောင် ကြဉ်ရှောင်ပယ် ခွာ၍ ယခုဘဝစု...
1,326,758
Uncategorized
အာဟာရဒီပနီ
ယခုအခါဝယ် နတ် ရွာသုဂတိ ဘဝများသို့လားကြရာ၌ အခွင့် သင့်မြတ်သည့်အကြောင်းကို ကောင်းစွာပြဆိုဦးအံ့။
1,326,759
Uncategorized
အာဟာရဒီပနီ
မြတ်စွာဘုရား လက်ထက်တော်၌ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအရိယာ ပုဂ္ဂိုလ်အဖြစ်သို့ရောက်၍ အကျွတ်ရကြကုန်သော အသင်္ချေ အသင်္ချေ မရေမတွက်သာ များလှစွာကုန်သော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော တိုင်းကြီးသောဠ မဇ္ဈိမတိုက်သား ဘုရားသားတော် သမီးတော်အပေါင်းတို့တွင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလွန်သောသူ တို့သည် အနည်းငယ်မျှသာရှိ...
1,326,760
Uncategorized
အာဟာရဒီပနီ
သောတာပန်ဖြစ်၍ သကဒါဂါမ်ဖြစ်၍ နတ်ပြည်သို့သွားသော သူတို့သည်မူကား ယခုအခါ စတုမဟာရာဇ်နတ်ပြည်မှာ အပြည့်ရှိကြကုန်သည်၊ တာဝတိံသာဘုံမှာ အပြည့်ရှိကြကုန်သည်၊ ယာမာဘုံမှာ အပြည့်ရှိကြကုန်သည်၊ တုသိတာ ဘုံမှာ အပြည့်ရှိကြကုန်သည်၊ နိမ္မနရတိဘုံမှာ အပြည့်ရှိကြကုန်သည်၊ ပရိနိမ္မိတ ဝသဝတ္တိဘုံမှာ အပြည့်ရှိကြကုန်သည်၊ ထိုအတူ ဘုရားပရိနိဗ္ဗာန် စံလွန...
1,326,761
Uncategorized
အာဟာရဒီပနီ
သာသနာတော်အတွင်းမှ စုတေ၍ နတ်ပြည်သို့ ရောက်ကြလေ ကုန်သော သူအပေါင်းတို့သည် ရောက်ရာ နတ်ပြည်၌ ရှိကြလေကုန်သော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော မဇ္ဈိမတိုင်းသူ ရှင် လူအများ ဘုရားသားတော် သမီးတော် သောတာပန် သကဒါဂါမ် အရိယာသူမြတ် နတ်သူတော်ကောင်း အပေါင်းတို့နှင့် ဇာတ်ပေါင်းကြရ ကုန်လတ္တံ့။
1,326,762
Uncategorized
အာဟာရဒီပနီ
ထိုအခါ သက်တော် ထင်ရှားရှိသော မြတ်စွာဘုရား၏ ဘုန်းတန်ခိုး တော် ကျက်သရေတော်တို့ကို အသက်ထက်ဆုံး ကိုယ်တွေ့မျက်မြင် ကြည်ညိုလေးမြတ်ဆည်းကပ် ကိုးကွယ်၍လာကြကုန်သော ထိုအရိယာ သူမြတ် နတ်သူတော်ကောင်းတို့၏ တအုံးအုံး တညံညံ တစ်ရံမဆိတ် ပြောဆိုကြသော ဘုရားဂုဏ်ကျေးဇူးတော် တရားဂုဏ်ကျေးဇူးတော် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်အစရှိသော အရိယာ...
1,326,763
Uncategorized
အာဟာရဒီပနီ
“တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပလဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထခေါ သော သတ္တော ခိပ္ပမေဝ ဝိသေသဘာဂီ ဟောတိ။
1,326,764
Uncategorized
အာဟာရဒီပနီ
” ဟူ၍ဟောတော်မူသည်။
1,326,765
Uncategorized
အာဟာရဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ တဿ=ထိုဤလူ့ပြည်မှ စုတေ၍ နတ်ပြည်မှာ ဖြစ်ရလေသော သီလသိက္ခာ ပညာ ဗဟုသုတနှင့် ပြည့်စုံသောသူအား၊ တတ္ထ=ထိုရောက်လေရာရာနတ်ပြည်တို့၌၊ သုခိနော=ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနှစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍၊ ဓမ္မပဒါနိ=လူတို့ရွာက လေ့လာ မှတ်သား သင်ကြားပို့ချ ကြားနာခဲ့ရကုန်သော ဓမ္မအစုတို့သည်၊ ပလဝန္တိ= အိပ်ပျော်ယောက်ျား နှိုးသ...
1,326,766
Uncategorized
အာဟာရဒီပနီ
ဤဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်သော်ကား ယခုအခါ သာသနာတော်တွင်းရှိ သီလသိက္ခာ ပညာ ဗဟုသုတနှင့်ပြည့်စုံကြသသူ ရှင်လူအပေါင်းတို့သည် ဤလူ့ပြည်မှ စုတေမနေ သေလွန်သည်၏ အခြားမဲ့မှာ နတ်ရွာ သုဂတိဘုံ၌ ဖြစ်ကြကုန်သည်ရှိသော် လူ့ပြည်က ပို့ချသင်ကြားမှတ်သားလေ့လာ ကြားနာဆောင်ရွက်ခဲ့ဖူးကြကုန်သော ဝိနည်း သုတ္တန် အဘိဓမ္မာ ဂါထာ စုဏ္ဏိယ ဒေသနာဓမ္မတို...
1,326,767
Uncategorized
အာဟာရဒီပနီ
ယခု ဘုရားသာသနာဝယ် လူအဖြစ်နှင့်ကျွတ်တမ်းမဝင်နိုင်သော သူတို့သည် နတ်ပြည်သို့ ရောက်ကြသည်ရှိသော် နတ်အဖြစ်နှင့် ကျွတ် တမ်းဝင်နိုင်ကုန်၏၊ နတ်အဖြစ်နှင့် ကျွတ်တမ်းမဝင်နိုင်သောသူတို့သည် နတ်ပြည်သို့ရောက်သည် ဗြဟ္မာ့ပြည်သို့ရောက်ကြကုန်သည်ရှိသော် ဗြဟ္မာ့အဖြစ်နှင့် ကျွတ်တမ်းဝင်နိုင်ကုန်၏ ဟူ၍ ဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်လာချေသည်။
1,326,768
Uncategorized
အာဟာရဒီပနီ
ဤသို့လာသော အပါယ်ဒုဂ္ဂတိလမ်း၏ နက်နဲသော အခြင်းအရာ နတ်ရွာသုဂတိလမ်း၏နက်နဲသော အခြင်းအရာ နတ်ရွာသုဂတိ လမ်း၏ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အခြင်းအရာ ဒေသနာနှစ်ပါးကို ကြားနာကြရကုန်သော တရားနာပရိသတ် အပေါင်းသူတော်ကောင်း တို့သည် အပါယ်သို့တစ်ကြိမ်ကျက တစ်ဘဝထက်တစ်ဘဝ ဒါနနှင့် ကွာဝေး သီလနှင့်ကွာဝေး ဘာဝနာနှင့်ကွာဝေးပြီးလျှင် အကုသိုလ်...
1,326,769
Uncategorized
အာဟာရဒီပနီ
ဩဝါဒအခန်း ပြီး၏။
1,326,770
Uncategorized
အာဟာရဒီပနီ
ဧတော ဝ ဧတ္တာ ဝတာစ
1,326,771
Uncategorized
အာဟာရဒီပနီ
နဒီသဝန္တိသောမ္ဘေဟိ၊ ပရိက္ခိတ္တော သမန္တတော။
1,326,772
Uncategorized
အာဟာရဒီပနီ
ကူဋဗာဟကန္ဒရေဟိ၊ ဒုမဂစ္ဆဇာလယော။
1,326,773
Uncategorized
အာဟာရဒီပနီ
ထူပဂုဟာ သောပါဏေဟိ၊ သောဘိတော ယေသ ပဗ္ဗတော။
1,326,774
Uncategorized
အာဟာရဒီပနီ
နာတိဒူရေ ပရိက္ခတ္တော၊ ဂါမေဟိ စ သမန္တတော။
1,326,775
Uncategorized
အာဟာရဒီပနီ
ဝသတာ တတ္တ ရစိတာ၊ ဧသာ အာဟာရဒီပနီ။
1,326,776
Uncategorized
အာဟာရဒီပနီ
စ=ဆက်ဦးအံ့၊ ဧတ္တာဝတာ=ဤမျှသော စကားရပ်အလုံးစုံဖြင့်၊ ယေသယော ဧသပဗ္ဗတော=အကြင်ရွှေတောင်ဦးအမည်ရှိသောတောင် ကို၊ နဒီသဝန္တိသောမ္ဘေဟိစ=မြောက်ဘက်တောင်ခြေ၌ ဦးခိုက်၍ အရှေ့ ဘက်တောင်ခြေကို ပတ်ဝိုက်ပြီးလျှင် တောင်မျက်နှာ အရပ်သို့ စီးသွား သော သလ္လာဝတီမြစ်ကြီး ဦးခိုက်ရာဌာနမှ ထွက်၍ မြောက်ဘက် တောင်ခြေတစ်လျှောက် စီးသွားသော ရေယဉ်ချောင်း၊ ထိ...
1,326,777
Uncategorized
အာဟာရဒီပနီ
ထူပဂုဟာ သောပါဏေဟိ=နှစ်စဉ်အမြဲ ပွဲရအကျော် ရွှေတောင်ဦး အမည်ရှိသော စေတီတော်ကြီးနှင့်တကွ ထိုထိုတောင်ထွတ် တောင်ငူ၌ တည်ရှိသော စေတီပုထိုးအမျိုးမျိုး, ရဟန်းသူတော် ရသေ့သူတော် လူသူတော်တို့ နေပျော်ကိန်းအောင်းရာ အစဉ်ထာဝရရှိနေသော ကျောက် ဂူ ကျောက်လှိုဏ်အမျိုးမျိုး, တောင်ထိပ်စေတီတော်ကြီးမှ လေးမျက်နှာ ဖြာဆင်းသော အုတ်စောင်းတန်း ကျောက်စ...
1,326,778
Uncategorized
အာဟာရဒီပနီ
နာတိဒူရေ=ငါးရာတွင်းခရီး သုံးမတ်ခရီးထက် ပိုမို၍ မဝေးလှသော အရပ်၌၊ ဌိတေဟိ=တည်ရှိကြကုန်သော၊ ဂါမေဟိစ=အကြီး, အငယ် အသွယ်သွယ်သော ဂေါစရဂါမ် ဆွမ်းခံရွာတို့သည်လည်း၊ သမန္တတော= တောင်နှင့် အနောက်မြောက်ဘက်တစ်ခွင် ထက်ဝန်းကျင်မှ၊ ပရိက္ခိတော= ဝန်းရံအပ်၏။
1,326,779
Uncategorized
အာဟာရဒီပနီ
(သင်္ဘောဆိပ်, မီးရထားဆိပ်ဖြစ်သော အလုံမြို့မအစရှိသော အလွန်ပင်နီးသော်လည်း သလ္လာဝတီမြစ် ခြားဆီးလျက်ရှိနေသောကြောင့် အရှေ့မျက်နှာ မြို့ရွာဂေါစရဂါမ်များကို မဆိုလိုက်သည်။
1,326,780
Uncategorized
အာဟာရဒီပနီ
တတ္ထ=ထိုရွှေတောင်ဦး တောင်ထိပ်ဝါဆိုကျောင်း၌၊ ဝသတာ= နေ့ခါကျောက်ဂူ ညဉ့်မူစင်္ကြံ လေးတန်ယာပထ မျှတမှီတင်း သီတင်းသုံး နေသော မုံရွာမြို့လယ်တီဆရာ ငါသည်၊ ဧသာ အာဟာရဒီပနီ= အာဟာရဒီပနီ ဤစာကျမ်းသစ်ကို၊ ရစိတာ=၆၃-ခု၊ တန်ဆောင်မုန်း လဆန်း ၁၁-ရက်နေ့တွင် စီရင်ပြီးပြတ် အဆုံးသတ်သတည်း။
1,326,781
Uncategorized
အာဟာရဒီပနီ
--- အာဟာရဒီပနီ ပြီးပြီ။ ---
1,326,782
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
စာသစ် စာကျက် အောက်ထက်ဝန်းရံ ပုပ်နံညီလှောင်း၊ ကျဉ်းမြောင်း မဲမိုက် မိဝမ်းတိုက်ဝယ် ဘင်၌ လောက်လို ကျောက်ကိုဝမ်းပြု ဒူးနှစ်ခုကြား ဦးခေါင်းထားလျက် မေးကြားလက်ဆုပ် သစ်ခွတိုမှာ မျောက်အိုကုပ်သို့ မလှုပ်မယှက် သေသောက်လက်ဝယ် ဆိတ်သူငယ်လို အလမ္ပယ်မိ မြွေငယ်ချည့်သို့ အမိစပ်,ခါး ပူအေးစားလည်း ကိုယ်သားဆတ်ဆတ် သက်ပြတ်တစေ ဆယ်လနေ၍ လေကမ္မဇ ဦ...
1,326,783
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
မဟာနုဘော် ရဟန်းတော်သို့ ရွှင်ပျော်ညဉ့်သုံး ကျင့်သုံးဓမ္မ စောစောထ၍ စေတီယင်္ဂဏ စသည်ဝတ်ဝတ် မချွတ်ပြုကာ ချိန်ခါလင့်ထ အာသန၌ ဝီသ, တိံသာ ဝါရာပတ်လုံး ပိုက်ကျုံးစီးဖြန်း သင်္ကန်း သပိတ် ပရိက္ခရာ ယူဆောင်ကာလျှင် သာယာပျူးပျူး ဆန်းထူးစိမ့်စုံ ရဂုံမြိုင်ဝ ဝိဝေကကို အာဟာရတွက် မငဲ့ကွက်ဘဲ စာမက်ရှာရေး သုသာန်ပြေးသည့် တောခွေးအလား ရွာသို့သွာ...
1,326,784
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
အိုးတိုလက်စွဲ ဖုန်စားနည်းသို့ ရှင်မွဲရောင်ခြောက် အိမ်စဉ်လျှောက်၍ ညှိုးအောက်မျက်နှာ ခွါရာရွံဗွက်၊ တင်ရောက်တက်သား တစ်ဖက်ဖြင့်ကျ တစ်ဖက်မ,တည်း ကာလနွေမူ လေဆောင်ယူသည် ဖုံမြူမြက်မှိုက် ကိုယ်၌ရစ်ဝိုင်း အိမ်ဝတိုင်း၌ ပင်းရိုင်းသဲသဲ ငါးမဲပုပ်စပ် ချွဲနှပ်တံထွေး လူသေး ခွေဘင် နွားမစင်စသည်များစွာ ရွံဖွယ်ရာကို မှိတ်ကာချဉ်းကပ် မှိုင်ကာ...
1,326,785
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
စားမည်စိတ်ရှိ လက်နှိုက်မိမူ မြတ်ဘိသူတို့ ဖိတ်လှူမတင် ပူရှိန်သင့်၍ ချွေးနှင့်စိုရွဲ လက်ဆုပ်ထဲမှ ချေခွဲတစ်တန် အာသို့နှံ့သော် ညှီနံတံထွေး ကြေးညစ်မြှေးကို လုံးထွေးပေါင်းစု ထောင်းထုဝါးလျှင်း၊ ခွေးစားကျင်းမှာ ထည့်ခွေးစာသို့ ရှုရာမလှ မမြင်ရလို မြိန်ကြနိုင်ပါ မျိုသောခါလည်း ဝင်ကာသင်းလျှောက် စာအိမ်ပေါက်သို့ မရောက်ခင်သေး ပြည်,သွေ...
1,326,786
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
ရွာဒွန်းစဏ္ဍား တံခါးအထွက် တစိပွက်သို့ စက်ဆုပ်ဖွယ်ရာ မိုက်မဲစွာသွား အစာအိမ်ထဲ ဟိုလဲဤနေ စားသရွေ့ကို ခေါင်းပွေ့စုလျက် ဓာတ်မီးချက်၍ ပရပွက်အူ ကျိုက်ကျိုက်ဆူပွ အမြုပ်ထလျက် အူခေါင်းသက်၍ ချက်မြစ်ကျောက်ကုန်း အူအဆုံးဟု မတုန်းပိတ်ဝယ် ကျင်ငယ်ကျင်ကြီး ဖြစ်ထပြီးလေ ကောင်းစွာကြေက ကေသာလောမ စသည်ရောရှု အပုပ်စုကို ပြီးမှုစေပါ မကြေခါမူ နူန...
1,326,787
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
ဝမ်းမြောက်ရွှင်ပြယ် လူပုံလယ်မှာ တင့်တယ်ဘိခြင်း တစ်ခံတွင်းက သွင်းသည့်အစာ တစ်ညဉ့်ကြာလျှင် မျက်နှာညှိုးမှိတ် နှားခေါင်းပိတ်၍ လူဆိတ်ကွယ်ရာ စွန့်ရရှာသည် ကြည့်ကာ တောင်မြောက် ကိုးပေါက်ဒွါရ အမာဝက ယိုကျဖျင်းဖျင်း ဆံမွှေးတင်းက သက်ဆင်းကျလျှော အာဟာရောသည် အဟော စက်ဆုပ်ဖွယ်တကား။
1,326,788
မြန်မာဘာသာ, ဝတ်ရွတ်စဉ်, မြန်မာကဗျာများ, လင်္ကာ
အာဟာရေပဋိကူလသညာ
စားသောအခါ ခံတွင်းမှာလည်း ရွံရှာမသိ ထွက်ပြန်ဘိလည်း တစိပွက်တွင်း ချက်ထမင်းမှ အမြုပ်ထ၍ ဝါဋနှုတ်ခမ်း အိုးနှုတ်ခမ်းမှာ လူးလဲပါသို့ ကိုးဒွါရပေါက် ဆံမွေးပေါက်မှ စီးလျှောက်ယိုကျ ခေဠမျက်ချေး နှပ်စေးနဖား သွားမှာ သွားမြှေး ညစ်ကြေးမစင် ကျင်ငယ်ဘင်တို့ ဝန်းကျင်လိမ်းကပ် ရေသုံးသပ်လည်း ကြပ်ကြပ်မပြယ် ထွီဖွယ်သဘော အာဟာရောသည် အဟောစက်ဆုပ်ဖွ...
1,326,789
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
အားငယ်သူ အားပေးပါ
1,326,790
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ဆင်ကြီးမဲလုံးသည် တိရစ္ဆာန်ငယ်လေးများကို အနိုင်ကျင့်ကာ တိရစ္ဆာန်ငယ်လေးများအား ရေသောက်ခွင့် မပေးပေ။
1,326,791
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ညဘက်တွင် အစာရှာသွားသော ဆင်ကြီးမဲလုံး၏ ခြေထောက်ကို ငုတ်စူးခဲ့သည်။
1,326,792
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ဆင်ကြီးမဲလုံးသည် မထနိုင်ဘဲ နာကျင်စွာ အော်ဟစ်နေရသည်။
1,326,793
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
တိရစ္ဆာန်လေးများသည် သူတို့ကို အနိုင်ကျင့်သော ဆင်ကြီးမဲလုံးကို သနားပြီး ကူညီရန် ရောက်လာကြသည်။
1,326,794
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ဒဏ်ရာရနေသော ဆင်ကြီးမဲလုံးကို ကြင်ကြင်နာနာ ပြုစုကြသည်။
1,326,795
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ထိုအခါမှစ၍ ဆင်ကြီးမဲလုံးက တိရစ္ဆာန်လေးများကို ရေသောက်ခွင့်ပေးလိုက်လေသည်။
1,326,796
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
သို့ဖြစ်၍ ဆင်ကြီးမဲလုံးသည် တိရစ္ဆာန်လေးများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားခဲ့လေသည်။
1,326,797
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
သားတို့တွေ သမီးတို့တွေ၊ လိမ္မာပါတယ်လေ။
1,326,798
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
အားနည်းသူ ဖေးမကူ၊ အနိုင်မယူရဘူးလေ။
1,326,799
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ဆိုးသွမ်းကာ ရိုင်းစိုင်းတာ၊ ရှောင်ကြဉ်ပါမယ်လေ။
1,326,800
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားငယ်သူ အားပေးပါ
ကြမ်းတမ်းစွာ မပြုကြပါ၊ ယဉ်ကျေးကြမယ်လေ။