id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,326,801 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ။ အားငယ်သူ၊ အားနည်းသူများကိုအနိုင်ကျင့်ခြင်း၊ နှိမ်ချဆက်ဆံခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း သိရှိစေရန်။ |
1,326,802 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ။ အားနည်းသူကို ကူညီပါ သီချင်းကဗျာ၊ ကလေးတစ်ဦးကို အခြားကလေးများက အနိုင်ကျင့်နေပုံနှင့် ခြေထောက်မသန်သော ကလေးတစ်ဦးကို ဝိုင်းဝန်းကူညီ အားပေးနေပုံများ။ |
1,326,803 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ရုပ်ပုံနှစ်ခုကို ပြပြီး ကလေးများ၏ ထင်မြင်ချက်များကို မေးမြန်းပါ။ |
1,326,804 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ကလေးများကို တစ်ဦးချင်း လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားခွင့်ပေးပါ။ |
1,326,805 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ကလေးများဖြေဆိုသော အကြောင်းအရင်းအပေါ် မူတည်၍ “ဘာကြောင့်” ဟူသော မေးခွန်းဖြင့် ဆက်ကာဆက်ကာ ဖော်ထုတ်ပေးပါ။ |
1,326,806 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ထို့နောက် အောက်ပါသီချင်းကဗျာကို အဓိပ္ပာယ်ရှင်းလင်းပြောပြပြီး အသံနေ အသံ ထား မှန်မှန်ဖြင့် ရွတ်ဆိုကြပါစေ။ |
1,326,807 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆိုးသွမ်းကာ ရိုင်းစိုင်းတာ၊ရှောင်ကြဉ်ပါမယ်လေး။ |
1,326,808 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ကြမ်းတမ်းစွာ မပြုကြပါ။ |
1,326,809 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ။ အားငယ်သူအားပေးပါဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။ |
1,326,810 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဟန်ပန်အမူအရာ၊ အသံ အနိမ့်အမြင့် တို့ဖြင့် ဖန်တီးပြောပြပါ။ |
1,326,811 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ဇာတ်လမ်း၏ နောက်ဆုံးအပိုဒ်ကို မပြောမီ ကလေးငယ်များအား “ဘာဆက်ဖြစ်မယ် ထင်သလဲ” ဟူသော မေးခွန်းများမေး၍ ထင်မြင်ချက်ကို ခန့်မှန်းပြောဆိုပါစေ။ |
1,326,812 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ကလေးများ နားမလည်သော စကားလုံးများကို ဆရာက ပြန်လည်ရှင်းပြပေးရန် လိုသည်။ |
1,326,813 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုမှာ တိရစ္ဆာန်မျိုးစုံတို့ နေထိုင်ကြတယ်။ |
1,326,814 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | အားလုံးထဲမှာ ခွန်အားကြီးမားတဲ့ ဆင်ကြီးမဲလုံးဟာ ခွန်အားနည်းတဲ့ တိရစ္ဆာန်လေးတွေ အပေါ် အနိုင်ကျင့်တတ်တယ်။ |
1,326,815 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးဟာ တောထဲက သဘာဝအတိုင်းရှိနေတဲ့ ရေကန် ကြီးအနားမှာ တစ်နေ့လုံးထိုင်စောင့်ပြီး တိရစ္ဆာန်ငယ်လေးတွေ ရေလာသောက်ရင် ခွင့်မ ပေးဘဲ နှာမောင်းကြီးရမ်းပြီး မောင်းထုတ်တယ်။ |
1,326,816 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဒါကြောင့် တိရစ္ဆာန်ငယ်လေးတွေဟာ ရေဘယ်လောက်ဆာဆာ ..အနိုင်ကျင့်တတ်တဲ့ ဆင်ကြီးရှိရင် ရေမသောက်ရဲကြဘူး။ |
1,326,817 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးမရှိတဲ့ ညအခါမှသာ ရေသောက်ကြရတယ်။ |
1,326,818 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | အားချင်းယှဉ်ရမှာလည်း ဆင်ကြီးက ခွန်အားကြီးမားနေတော့ အားလုံးကကြောက်ကြလို့ ဆင်ကြီးဟာ ဆိုးချင်တိုင်း ဆိုးနေပါ တော့တယ်။ |
1,326,819 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | နွေရာသီရောက်လာတော့ နေက ပိုပြီး ပူလာတယ်။ |
1,326,820 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | နေပူလွန်းလို့ ရေပိုဆာတဲ့ အခါ သောက်စရာရေရှိပေမဲ့ သောက်ခွင့်မရကြလို့ တိရစ္ဆာန်လေးတွေ စိတ်ဆင်းရဲကြရ တယ်။ |
1,326,821 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးအပေါ်လည်း စိတ်ဆိုးကြတယ်။ |
1,326,822 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးကတော့ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို ကြည့်ပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ နှာမောင်းကြီးကို မြှောက်ကာ မြှောက် ကာ သဘောကျနေပါတယ်။ |
1,326,823 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | တိရစ္ဆာန်လေးတွေက ရေသောက်ခွင့်ပြုဖို့ တောင်းပန်ပေမဲ့ ဆင်ကြီးက ခွင့်မပြုပါဘူး။ |
1,326,824 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ရေကိုသောက်မှာစိုးလို့လည်း နေ့ခင်းမှာ အစာရှာမထွက် တော့ဘဲ ညအခါမှသာ အစာရှာထွက်ပါတော့တယ်။ |
1,326,825 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | တစ်ညမှာတော့ အစာရှာထွက်တဲ့ ဆင်ကြီးရဲ့ ခြေထောက်ကို သစ်ငုတ်ကြီး စူးမိတယ်။ |
1,326,826 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးဟာ ဒဏ်ရာကြောင့် ရှေ့ဆက်မသွားနိုင်တော့ဘဲ သူနေတဲ့ ရေကန် ကြီး နားရောက်အောင် မနည်းအားတင်းပြီး ပြန်လာခဲ့တယ်။ |
1,326,827 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | သူ့နေရာရောက်တော့ လဲကျ သွားလိုက်တာ နောက်တစ်နေ့ည အစာရှာထွက်ချိန်ရောက်တဲ့အထိ မထနိုင်တော့ဘူး။ |
1,326,828 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | နာလွန်းလို့ အော်ဟစ်နေရတယ်။ |
1,326,829 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | တိရစ္ဆာန်ငယ်လေးတွေက ဆင်ကြီး ဒုက္ခရောက်နေတာ ကို သိကြပေမဲ့ သူတို့ကို အနိုင်ကျင့်ခဲ့တဲ့ ဆင်ကြီးကို ကြောက်တာနဲ့ အဝေးကနေပဲ ကြည့်နေကြတယ်။ |
1,326,830 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးဟာ ဒဏ်ရာကလည်း နာ၊ ဗိုက်ကလည်း ဆာနဲ့ အော်ဟစ်နေရင်း ကူညီ သူမရှိတဲ့ သူ့အဖြစ်ကို တွေးမိပြီး ဝမ်းနည်းလို့ မျက်ရည်တွေ ကျနေပါတယ်။ |
1,326,831 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | အဲဒီအချိန်မှာ သနားကြင်နာတတ်တဲ့ တိရစ္ဆာန်လေးတွေဟာ စည်းဝေးတိုင်ပင်ကြပြီး ဆင်ကြီးရှိရာကို လာကြတယ်။ |
1,326,832 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ပြီးတော့ ခပ်လှမ်းလှမ်းကနေ “အို ... ဆင်ကြီးမဲလုံး၊ ငါတို့ ဆင်ကြီးမဲလုံးကို ကူညီပါ့မယ်၊ ငါတို့ကို ရန်မလုပ်ပါဘူးလို့ ကတိပေးနိုင်မလား”လို့ မေးကြတော့ အားငယ် နေတဲ့ ဆင်ကြီးက အားကိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ |
1,326,833 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | အဲဒီအခါ တိရစ္ဆာန်လေးတွေဟာ ပြေးလာကြပြီး ယုန်လေးက သွက်သွက်လက်လက်နဲ့ ဆေးပင်ရှာပေးတယ်။ |
1,326,834 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ကျားလေးက ဆေးပင်ကို အရည်ညှစ်ပြီး အနာထဲ ထည့်ပေးတယ်။ |
1,326,835 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | တောဝက်လေးက ဆင်ကြီးစားဖို့ ဝါးမျှစ်နုနုလေးတွေ ရှာပေးတယ်။ |
1,326,836 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | သမင်လေးကလည်း အားကျမခံ ကြံချောင်းချိုချိုလေးတွေ ယူလာပေးပြန်တယ်။ |
1,326,837 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | တခြားတိရစ္ဆာန်လေးတွေက လည်း အားပေးစကားတွေ ပြောပြီး ဝိုင်းဝန်းပြုစုကြပါတယ်။ |
1,326,838 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးဟာ သူက သူများတွေအပေါ် မကောင်းခဲ့ပေမဲ့ သူဒုက္ခရောက်တဲ့အခါ တိရစ္ဆာန်လေးတွေက ပစ်မထားကြဘဲ ဝိုင်းဝန်းပြုစုကြတော့ နောင်တတွေရလို့ သူ့ရဲ့ အမှားတွေကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။ |
1,326,839 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | . တိရစ္ဆာန်လေးတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်ပါတယ်လို့ပြောပြီး ဆင်ကြီးရဲ့ အနာပျောက်တဲ့အထိ ကြင်နာစွာ ပြုစုကူညီကြပါတယ်။ |
1,326,840 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဆင်ကြီးရဲ့ အနာ ပျောက်သွားတဲ့အချိန်ကစပြီး ဆင်ကြီးမဲလုံးနဲ့ တိရစ္ဆာန်ငယ်လေးတွေ ရေကန်ထဲမှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေ ကြတဲ့ အသံတွေဟာ တောနက်ကြီးထဲမှာ ဆူညံနေပါတော့တယ်။ |
1,326,841 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ဆရာ့အနီးတွင်ရှိသော ကလေးမှစ၍ အားလုံး ကုန်သည်အထိ ၁၊ ၂၊ ၃၊ ၄၊ ၅- ဟု ရေတွက်၍ နံပါတ်တူရာ နေစေပြီး အုပ်စုဖွဲ့ ပေးပါ။ |
1,326,842 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဥပမာ ... ကလေးအယောက် (၃၀) ဆိုပါစို့။ |
1,326,843 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ၎င်းအယောက် (၃၀) ကို ၆-အုပ်စု ဖွဲ့လိုလျှင် (၁) မှ (၅) အထိ ဦးစွာ ရေတွက်ရမည်။ |
1,326,844 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ထို့နောက် (၁) နံပါတ်တူသူများ တစ်အုပ်စု၊ (၂) နံပါတ်တူသူများ တစ်အုပ်စုဟု အသီးအသီး အုပ်စုဖွဲ့ရမည်။ |
1,326,845 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ဇာတ်လမ်းထဲမှ ဆင်ကြီး၊ ယုန်၊ ကျား၊ တောဝက်၊ သမင်တို့၏ အမည်များကို မဲလိပ်ပြု လုပ်ပြီး အုပ်စုအားလုံး မဲနှိုက်ကြပါစေ။ |
1,326,846 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ထို့နောက် မိမိအုပ်စုရရှိသော ဇာတ်ကောင်၏ လုပ်ဆောင်ချက်များကို အချင်းချင်း ဆွေးနွေးစေပြီး အုပ်စုအလိုက် ပြန်လည်ပြောပြပါစေ။ |
1,326,847 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | (အုပ်စုတစ်စုမှ တစ်ယောက်စီ ထစေပြီး ဇာတ်လမ်းထဲမှ မှတ်မိသော အကြောင်းအရာ၊ စာသား၊ စကားလုံးများကို ပြောတတ်သလို ပြောပါစေ။ |
1,326,848 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ) ֍ကလေးများ အခြေအနေကိုကြည့်၍ လိုအပ်သော အုပ်စုများကို ဆရာက ဝင်ရောက် ဆွေးနွေးပေးပါ။ |
1,326,849 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍တစ်အုပ်စုပြောပြီးတိုင်း လက်ခုပ်တီး၍ အားပေးပါ။ |
1,326,850 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍အနှစ်ချုပ်အနေဖြင့် “သားတို့၊ သမီးတို့အနေနဲ့ ကိုယ့်အတန်းထဲက ကိုယ့်သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ကိုယ်ထက်ငယ်တဲ့ မောင်လေး၊ ညီမလေးတွေကိုပဲဖြစ်ဖြစ်၊ အနိုင်ကျင့်တာ၊ နှိမ်ပြောတာတွေ မလုပ်သင့်ကြောင်း၊ ကိုယ့်ထက်အားနည်း၊ အားငယ်တဲ့သူတွေကို ကူညီသင့်၊ ချစ်ခင်သင့်ကြောင်း” ပြောရင်း စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,326,851 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ကလေးများကို စက်ဝိုင်းပုံ ၂-ထပ်ဝိုင်းပါစေ။ |
1,326,852 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | အတွင်းစက်ဝိုင်းမှ ကလေးများကို လက်တွဲလျက် ညာဘက်သို့လည်စေပြီး အပြင်စက်ဝိုင်းမှ ကလေးများကို ဘယ်ဘက်သို့ လည်နေကြပါစေ။ |
1,326,853 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍အားငယ်သူ၊ အားကြီးသူ၊ ကူညီသူများအဖြစ် သရုပ်ဆောင်ပြရမည်ဖြစ်ကြောင်း၊ အားလုံး ညီညီညာညာဖြင့် သရုပ်ဆောင်ပြရမည်ဖြစ်ကြောင်း ဦးစွာ ပြောပြထားပါ။ |
1,326,854 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | စကားလုံးသုံးလုံး၏ အမူအရာများကို ကလေးများနှင့် ကြိုတင် သဘောတူညီမှု ယူ၍ ပြုလုပ်ထားရမည်။ |
1,326,855 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ထို့နောက် ဆရာက “အားငယ်သူ၊ အားကြီးသူ၊ ကူညီသူ”ဟူသော စကားလုံး သုံးလုံးတွင် တစ်ခုခုကို အော်ပြောလိုက်သည်နှင့် ကလေးအားလုံး သရုပ်ဆောင်ပြ ရမည်။ |
1,326,856 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | သရုပ်ဆောင်ရာတွင် ပါးစပ်ကလည်း အော်၊ အမူအရာလည်း လုပ်ကာ သရုပ် ဆောင်ရမည်။ |
1,326,857 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ဥပမာ ပါးစပ်က “အားငယ်သူ”ဟု အော်နေရင်း အားငယ်နေသူ တစ်ယောက်၏ အမူအရာများကို သရုပ်ဆောင်ပြရမည်။ |
1,326,858 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားငယ်သူ အားပေးပါ -ဆရာ | ֍ထို့နောက် စာသင်ချိန် (၁) တွင် ပါဝင်သော ကဗျာကို ကလေးများ မှတ်မိသွားစေရန် ပျော်ရွှင်စွာ ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,326,859 | Uncategorized | အားပေးစကား | အားပေးစကား |
1,326,860 | Uncategorized | အားပေးစကား | မှတ်တမ်း သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော်(၈)ရက်၊ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘုရားကြီးကျောင်းတိုက်အတွင်း၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ရွှေကျင်နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီး၏ ညဉ့်ဦးယာမ် ဓမ္မသဘင်အခမ်းအနား၌ ဟောကြားသည်။ |
1,326,861 | Uncategorized | အားပေးစကား | လူတွေဟာ တစ်ခါတစ်ရံ စိတ်အားတွေ တက်ကြွပြီးနေတဲ့အခါမျိုးရှိတယ်။ |
1,326,862 | Uncategorized | အားပေးစကား | သို့သော် တစ်ခါတစ်ရံ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ စိတ်ဓာတ်တွေ ဆုတ်နစ်သွားတတ်ကြတယ်။ |
1,326,863 | Uncategorized | အားပေးစကား | ဒီလို စိတ်ဓာတ်တွေ ကျနေတဲ့အခါမှာ ဝိုင်းဝန်းပြီးတော့ အားပေးစကားပြောကြရတယ်။ |
1,326,864 | Uncategorized | အားပေးစကား | စိတ်ဓာတ်အကျဆုံးအချိန် |
1,326,865 | Uncategorized | အားပေးစကား | လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ သိဖို့ လိုတယ်နော်၊ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာ ဘယ်အချိန်လဲ? သေခါနီးအချိန်ပေါ့။ |
1,326,866 | Uncategorized | အားပေးစကား | လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်လို့ ဆိုလိုတယ်။ |
1,326,867 | Uncategorized | အားပေးစကား | ပညာနဲ့ဆင်ခြင်ပြီးမှ လုပ်သင့်ပုံ |
1,326,868 | Uncategorized | အားပေးစကား | အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ၊ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ၊ ခုခေတ်မှာ ဘာတွေလုပ်နေကြလဲ၊ ဒါကို လေ့လာသုံးသပ်ပြီး ကြည့်ဖို့လိုတယ်၊ ကိုယ်လုပ်တဲ့အလုပ်တွေဟာ မှန်ကန်မှု ရှိရဲ့လား၊ ခုခေတ်လူတွေ လုပ်နေကြတာ မှန်ကန်မှုရှိရဲ့လား၊ တကယ် “အားပေးစကား” ပြောတာ ဟုတ်ရဲ့လား၊ အားပေးစကားပြောတာမျိုး မဟုတ်ဘဲ ချောက်တွန်းတာမျိုး ... |
1,326,869 | Uncategorized | အားပေးစကား | မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုးချမ်းသာကို မပေးနိုင်ဘူး၊ အရာရာဟာ ပညာနဲ့ ဆင်ခြင်ပြီးတော့မှ လုပ်သင့်တယ်။ |
1,326,870 | Uncategorized | အားပေးစကား | မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာ မြတ်စွာဘုရားနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်တယ်၊ ရှင်အနုရုဒ္ဓါ မထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။ |
1,326,871 | Uncategorized | အားပေးစကား | အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာ ကပိလဝတ်ကို အုပ်ချုပ်တဲ့ နောက်ဆုံးမင်းလို့ ပြောရမှာပေါ့။ |
1,326,872 | Uncategorized | အားပေးစကား | အဲဒီ မဟာနာမမင်းဟာ သာသနာတော်အဆင့်အတန်းနဲ့ ပြောရမယ်ဆိုရင် သကဒါဂါမ်အဆင့်ဖြစ်တယ်။ |
1,326,873 | Uncategorized | အားပေးစကား | သကဒါဂါမ်အဆင့်နဲ့ ကံကုန်သွားတယ်။ |
1,326,874 | Uncategorized | အားပေးစကား | ဘဝတစ်သက်တာမှာ သကဒါဂါမ်အဆင့်အနေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ |
1,326,875 | Uncategorized | အားပေးစကား | နောက်ဆုံး ဝိဋဋူပ ကျူးကျော် တိုက်ခိုက်ပြီး သာကီဝင်မင်းတွေ အပြတ်ချေမှုန်းရေးစစ်ပွဲမှာ မဟာနာမ မင်းကြီး အဖမ်းခံရတယ်၊ အဖမ်းခံရတယ်ဆိုသော်လည်း ဝိဋဋူပက သူ့ရဲ့မြေး တော်နေသည့်အတွက်ကြောင့် ကောင်းကောင်းမွန်မွန် ထားတယ်၊ သို့သော်လည်း စာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ ဆံထုံးကို ခြေမကြားမှာညှပ်ပြီး ရေအိုင်ထဲမှာ ငုပ်လျှိူးသွားတယ်လို့ ပ... |
1,326,876 | Uncategorized | အားပေးစကား | ဒီနေရာမှာ စဉ်းစားစရာကောင်းတာက သူက သကဒါဂါမ်လို့လည်းဆိုသေးတယ်၊ ရေထဲမှာ နှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ် Suicide လုပ်တယ်၊ ဒါမျိုး မဖြစ်နိုင်ဘူးလို့ထင်တယ်၊ သောတာပန်ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကို လုပ်ကြံသတ်ဖြတ်တာမျိုး မလုပ်တော့ဘူး။ |
1,326,877 | Uncategorized | အားပေးစကား | ဒီတော့ မဟာနာမမင်းကြီးဟာ သူ့ကိုယ်သူ သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။ |
1,326,878 | Uncategorized | အားပေးစကား | ရေကန်ထဲ ရေဆင်းချိုးရင်း သူ့ရဲ့ သီလအစွမ်းတန်ခိုးတွေကြောင့် သူ့ကိုကြည်ညိုတဲ့, လူသားမဟုတ်တဲ့ ရေကန်စောင့်နတ်တွေ နဂါးတွေက (စာထဲမှာပါတာ နဂါးတွေက နဂါးပြည်ကို) ခေါ်သွားပြီးတော့ နဂါးပြည်မှာ ၁၂-နှစ်ကြာ နေထိုင်တယ်လို့ ပြောတယ်။ |
1,326,879 | Uncategorized | အားပေးစကား | အဲဒီလို ခေါ်သွားတာ ဖြစ်လောက်တယ်၊ ရေကန်ထဲမှာ ဆင်းပြီးတော့ ရေချိုးရင်းကနေပြီး ပျောက်ဆုံးသွားတယ်ပေါ့။ |
1,326,880 | Uncategorized | အားပေးစကား | အဲဒီ မဟာနာမမင်းကြီးနဲ့ ပတ်သက်တဲ့ သုတ္တန်တွေဟာ စာပေကျမ်းဂန်မှာ တော်တော်များများ ရှိတယ်။ |
1,326,881 | Uncategorized | အားပေးစကား | အားပေးစကား အလိုအပ်ဆုံးအချိန် |
1,326,882 | Uncategorized | အားပေးစကား | မြတ်စွာဘုရားက မဟာနာမကို ဘာ အဆုံးအမ ပေးထားသလဲဆိုရင် “အမျိုးသား ဥပါသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီး ဥပါသိကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အချိန်အခါမျိုးမှာ အားပေးစကား ပြောရမယ်၊ ဆုံးမစကားပြောရမယ်” လို့ပြောတာ။ |
1,326,883 | Uncategorized | အားပေးစကား | အဲဒီအချိန်မှာ စိတ်ဓါတ်အကျဆုံး၊ အားအငယ်ဆုံးဖြစ်တတ်သည့်အတွက် အားပေးစကားပြောဖို့လိုတယ်၊ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပဲ။ |
1,326,884 | Uncategorized | အားပေးစကား | လူတိုင်း လူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်းဆီ သွားနေတာ။ |
1,326,885 | Uncategorized | အားပေးစကား | အိုခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင် နာခြင်းဆီ သွားနေတာ၊ နာခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင် သေခြင်းဆီ သွားနေတာ၊ ဒါ ကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး နိမိတ်မရှိဘူး၊ ဒီလို ထင်တယ်၊ မသေမှာ ကျနေတာပဲနော်။ |
1,326,886 | Uncategorized | အားပေးစကား | ကိုယ်ဘယ်ကိုသွားနေတာတုန်းဆိုတာ သိဖို့မလိုဘူးလား၊ ကိုယ်ဘယ်သွားနေတယ်ဆိုတာ သိရမယ်၊ မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။ |
1,326,887 | Uncategorized | အားပေးစကား | လူတွေက ပြောကြတယ် “ဘယ်မှ မသွားဘူး, အိမ်မှာ နေတာ”။ |
1,326,888 | Uncategorized | အားပေးစကား | သို့သော် အိမ်နေရင်း အသက်က ကြီးကြီးမသွားဘူးလား၊ ကြီးသွားနေတော့ ဘယ်သွားနေသလဲ လို့ ထင်တုန်း၊ အိုတဲ့ဆီ သွားနေတာ၊ အိုတဲ့ဆီကနေပြီးတော့ နာတဲ့ဆီ မရောက်ဘူးလား၊ အေး နာတဲ့ဆီကနေ နောက် ဘယ်ရောက်သွားတုန်း။ |
1,326,889 | Uncategorized | အားပေးစကား | ဆရာတော်ကြီးတစ်ပါးက ကမ္မဋ္ဌာန်း နှလုံးသွင်းခိုင်းသလိုပဲ၊ “ခံနိုင်ရင်ခံ မခံနိုင်ရင်သေ” ဆိုတာ၊ ဟုတ်တယ် မဟုတ်လား၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာ ခံနေပြီးတော့ မခံနိုင်တဲ့ အခြေအနေမှာ သေသွားတာပေါ့။ |
1,326,890 | Uncategorized | အားပေးစကား | အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘဝဟာ အဆုံးသတ်ကြရတယ်၊ မြတ်စွာဘုရားလည်း ဒီလိုပဲ အဆုံးသတ်တယ်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်း ဒီလိုပဲ အဆုံးသတ်တယ်။ |
1,326,891 | Uncategorized | အားပေးစကား | သို့သော် အဆုံးသတ်ကလေးကောင်းအောင် လုပ်ပေးလို့ရတယ်။ |
1,326,892 | Uncategorized | အားပေးစကား | လူတွေဟာ အဆုံးသတ်ကောင်းဖို့အတွက်၊ အသေကောင်းဖို့အတွက် အနေကောင်းဖို့ဆိုတာလည်း လိုအပ်တယ်လို့ ပြောကြတယ်နော်။ |
1,326,893 | Uncategorized | အားပေးစကား | လူတွေရဲ့စိတ်ဓာတ်ဆိုတာက နောက်ဆုံးအချိန်ရောက်လို့ရှိရင် အားငယ်တတ်တယ်၊ ဒီလို အားငယ်လာလို့ရှိရင် အားပေးစကားပြောရမယ်။ |
1,326,894 | Uncategorized | အားပေးစကား | ဆေးရုံတွေမှာ |
1,326,895 | Uncategorized | အားပေးစကား | တချို့ တိုးတက်တဲ့နိုင်ငံကြီးတွေရှိ ဆေးရုံတွေမှာ ဘာသာရေးဆိုင်ရာ အားပေးစကားပြောမယ့် ပုဂ္ဂိုလ်တွေကို ခန့်ထားလေ့ရှိတယ်။ |
1,326,896 | Uncategorized | အားပေးစကား | အင်္ဂလန်ဆေးရုံကြီးတွေမှာ ဒီလိုရာထူးခန့်ထားတာရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းကြီးတစ်ပါး၊ ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်ယာန်တရားဟောဆရာ၊ အစ္စလာမ်ဘာသာဝင်တွေအတွက် အစ္စလာမ်တရားဟောဆရာ ခန့်ထားတယ်၊ ဒီလို ဆိုင်ရာဆိုင်ရာဘာသာတရားအရ အားပေးစကားပြောဖို့ ခန့်ထားတာ၊ hospital chaplain လို့ခေါ်တဲ့ပုဂ္ဂိုလ်တွေ ခန့်ထားတာရှိတယ်၊ ဘာဖြစ်လို့တ... |
1,326,897 | Uncategorized | အားပေးစကား | ကိုယ့်ကိုယ်ကို လိမ်တာက ပိုဆိုးတယ် |
1,326,898 | Uncategorized | အားပေးစကား | ဒီလိုလုပ်တာကိုလည်း လက်ခံတဲ့လူ ရှိသလို လက်မခံတဲ့လူလည်း ရှိတယ်၊ လက်မခံတဲ့လူက ကိုယ့်ကိုယ်ကို လိမ်တဲ့သူနဲ့ ပတ်ဝန်းကျင်ကို လိမ်တဲ့သူ။ |
1,326,899 | Uncategorized | အားပေးစကား | သူများကို လိမ်တာထက် ကိုယ့်ကိုယ်ကို လိမ်တာက ပိုဆိုးတယ်၊ မြန်မာပြည်မှာ လူတော်တော်များများက နေမကောင်းဖြစ်ပြီဆိုရင် နေမကောင်းတဲ့ပုဂ္ဂိုလ်ကို ဘာရောဂါလဲလို့အသိပေးတာနည်းတယ်၊ ဥပမာ-ဆရာဝန်က ရောဂါအမည် တပ်လိုက်ရင် ဒီရောဂါကို လူနာမသိအောင်လို့ ဖုံးထားကြတယ်၊ လိမ်ထားကြတယ်ပေါ့။ |
1,326,900 | Uncategorized | အားပေးစကား | လိမ်တာ ကောင်းလား မကောင်းဘူးလား၊ စေတနာကတော့ သူသိရင် စိတ်ဆင်းရဲလိမ့်မယ်ဆိုတဲ့ စေတနာကောင်းပေ့ါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.