id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,327,801 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ဝါကျွတ်သောအခါ လူ၊ နတ်၊ ဗြဟ္မာတို့ကို တရား ဟောကြား ဆုံးမတော်မူရန် ဒေသစာရီ ကြွချီတော်မူခဲ့ရာ အာဠဝီပြည် သို့ ရောက်တော်မူသည်။ |
1,327,802 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝီပြည်သည် ဟိမဝန္တာအနီးတွင် ရှိသည်။ |
1,327,803 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုပြည်အတွင်း မင်းနေပြည်နှင့် မနီးမဝေးသောအရပ်၌ ညောင်ပင်ကြီးတစ်ပင် ရှိသည်။ |
1,327,804 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုညောင်ပင်အနီးရှိ ဗိမာန်၌ အာဠဝကဘီလူး နေထိုင်သည်။ |
1,327,805 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုဗိမာန်ကို သာမန်လူတို့ မမြင်နိုင်။ |
1,327,806 | Uncategorized | အောင်ခြင်းရှစ်ပါး | တန်ခိုးရှိသူတို့သာ မြင်နိုင်သည်။ |
1,327,807 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝကဘီလူးသည် စတုမဟာရာဇ် နတ်မင်းတို့ထံတွင် ကျိုးနွံခယလေ့ရှိသည်။ |
1,327,808 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် မွန်းတည့်ကာလ ထိုညောင်ပင်ရိပ် ကျရာနေရာသို့ ရောက်ရှိ လာသော သတ္တဝါတို့ကို စားပိုင်ခွင့် ရရှိလေသည်။ |
1,327,809 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် အာဠဝကဘီလူးသည် ညောင်ပင်ရိပ်သို့ ရောက်လာသော သတ္တဝါတို့ကို စားသောက်နေထိုင်၏။ |
1,327,810 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်နေ့တွင် အာဠဝီပြည့်ရှင် အာဠဝီဘုရင်သည် နောက်ပါ အခြွေအရံတို့နှင့်အတူ တောကစား ထွက်တော်မူသည်။ |
1,327,811 | Uncategorized | အောင်ခြင်းရှစ်ပါး | အခြွေအရံတို့အား “မိမိတို့တာမှ သားကောင်ကို မလွတ်အောင် ဖမ်းကြစတမ်း” ဟု ဆိုကာ သားကောင်များကို လိုက်လံ ရှာဖွေကြသည်။ |
1,327,812 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ သမင်တစ်ကောင်ကို တွေ့လေသည်။ |
1,327,813 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသမင်ကို ဝိုင်းဝန်းဖမ်းကြရာ သမင်သည် မင်းကြီးတာမှ လွတ်ထွက်ပြေးလေသည်။ |
1,327,814 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် မင်းကြီးသည် လေး၊ မြား၊ သန်လျက်တို့ကို ကိုင်ဆောင်လျက် သမင်နောက်သို့ အပြေးလိုက်လေ၏။ |
1,327,815 | Uncategorized | အောင်ခြင်းရှစ်ပါး | မကြာမီပင် သမင်ကို မိရာ မောပန်းစွာဖြင့် ပြန်လာခဲ့သည်။ |
1,327,816 | Uncategorized | အောင်ခြင်းရှစ်ပါး | လမ်းခရီးအကြားတွင် နားနေဦးမည်ဟု နှလုံးပိုက်၍ အာဠဝကဘီလူး၏ ညောင်ပင်ရိပ်သို့ ဝင်ခဲ့လေသည်။ |
1,327,817 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အာဠဝကဘီလူးသည် ညောင်ပင်ပေါ်က ဆင်းသက်လာသည်။ |
1,327,818 | Uncategorized | အောင်ခြင်းရှစ်ပါး | “အသင်မင်းကြီး၊ မသွားနှင့်တော့၊ သင်ကား ငါ၏အစာ ဖြစ်ချေပြီ” ဟု ဆို၏။ |
1,327,819 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးလည်း များစွာ ကြောက်ရွံ့သွားသည်။ |
1,327,820 | Uncategorized | အောင်ခြင်းရှစ်ပါး | သူ၏ကိုယ်စား သမင်ကို စားရန် ပြောသည်။ |
1,327,821 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝက က “သမင်ရော လူပါ ငါ့အရိပ်သို့ ဝင်လာကြပြီ၊ နှစ်ဦးစလုံးကို ငါ ပိုင်ပြီ” ဟု ဆို၏။ |
1,327,822 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးက “ငါ့ကို လွှတ်လော့၊ ငါသည် သင့်အား နေ့တိုင်း၊ နေ့တိုင်း လူတစ်ယောက်နှင့် ထမင်းချက်ပြီး ထမင်းအိုး တစ်အိုး ပို့ဆက်ပါမည်၊ မပို့ဆက်သောနေ့၌ ငါ့ကိုဖမ်း၍ စားလော့” ဟု ကတိပေး ပြောဆို၏။ |
1,327,823 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝကလည်း မင်းကြီး၏ ကတိစကားကို လက်ခံကာ သွားခွင့်ပြုလိုက်လေ၏။ |
1,327,824 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးသည် နန်းတော်သို့ ရောက်သောအခါ မြို့ဝန်ကို ခေါ်သည်။ |
1,327,825 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘီလူးနှင့် ကတိကဝတ် ထားခဲ့ရသော အကြောင်းကို လျှို့ဝှက်စွာ ပြောကြားသည်။ |
1,327,826 | Uncategorized | အောင်ခြင်းရှစ်ပါး | မြို့ဝန်က “ဘီလူးထံ လူများကို နေ့စဉ် ပို့လွှတ်ရန် နေ့ရက် အပိုင်းအခြား ပြုခဲ့ပါလော” ဟု မေးမြန်း၏။ |
1,327,827 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးလည်း “နေ့ရက် အပိုင်းအခြား မထားမိခဲ့ပါ” ဟု ပြန်ပြောသည်။ |
1,327,828 | Uncategorized | အောင်ခြင်းရှစ်ပါး | မြို့ဝန်က “ဤသို့ဖြစ်လျှင် အရှင်မင်းကြီး အပြုမှားခဲ့လေပြီ၊ နေ့ရက် အပိုင်းအခြား မထားသဖြင့် လူပေါင်းများစွာ ဒုက္ခရောက်တော့မည်။ |
1,327,829 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ရာတွင် မည်သို့မျှ မတတ်နိုင်၊ ဇွတ်မှိတ်၍ ပြုရချေတော့မည်” ဟု ဆို၏။ |
1,327,830 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ဆိုကာ မြို့ဝန်သည် နေ့စဉ် နှောင်အိမ်မှ ရာဇဝတ်သားတစ်ယောက်ကျ ထုတ်သည်။ |
1,327,831 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုရာဇဝတ်သားကို အိမ်သို့ ခေါ်ဆောင်သွား၍ ရေချိုးပေးသည်။ |
1,327,832 | Uncategorized | အောင်ခြင်းရှစ်ပါး | ထမင်းကျွေးသည်။ |
1,327,833 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် “ဤထမင်းချက်အိုးကို ဘီလူးအား သွားရောက်ပေးလော့” ဟု ပြောဆိုကာ လွှတ်လိုက်သည်။ |
1,327,834 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို ရာဇဝတ်သားသည် ညောင်ပင်ရိပ်သို့ ဝင်မိလျှင် ဝင်မိချင်းပင် အာဠဝကသည် ကြောက်မက်ဖွယ် ကိုယ်အတ္တဘောကို ဖန်ဆင်း၍ ထိုသူကို ကျွတ်ကျွတ်ဝါးကာ စားလေတော့သည်။ |
1,327,835 | Uncategorized | အောင်ခြင်းရှစ်ပါး | နှောင်အိမ်တွင်းမှ လူကုန်လတ်သော် မြို့ဝန်သည် ဥစ္စာထုပ်ကို တစ်နေရာတွင် ချထားစေသည်။ |
1,327,836 | Uncategorized | အောင်ခြင်းရှစ်ပါး | ကောက်ယူသူကို ခိုးသူဟု စွပ်စွဲကာ နှောင်အိမ်သို့ ပို့သည်။ |
1,327,837 | Uncategorized | အောင်ခြင်းရှစ်ပါး | ရှေးနည်းအတိုင်း ဘီလူးထံ စေလွှတ်ပြန်သည်။ |
1,327,838 | Uncategorized | အောင်ခြင်းရှစ်ပါး | ကာလကြာသော် ထိုအကြောင်းကို ပြည်သူတို့ သိကြသဖြင့် ဥစ္စာထုပ်ကို မကောက်ယူကြတော့ပေ။ |
1,327,839 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် မွေးဖွားစ ပုခက်တွင်းရွယ် သူငယ်များကို ဘီလူးထံ ပို့ပြန်လေသည်။ |
1,327,840 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနည်းအားဖြင့် ၁၂-နှစ်တိုင်ကြာမျှ လူပေါင်းများစွာတို့ ဘီလူးစားခံရလေသည်။ |
1,327,841 | Uncategorized | အောင်ခြင်းရှစ်ပါး | နောက်ဆုံး၌ အာဠဝီပြည်၌ သူငယ်တစ်ယောက်ကိုမျှ ရှာ၍မရနိုင်သောအဖြစ်သို့ ရောက်လေသည်။ |
1,327,842 | Uncategorized | အောင်ခြင်းရှစ်ပါး | မြို့ဝန်သည် မင်းကြီး၏ သားတော် အာဠဝကကုမာရ မင်းသားငယ်တစ်ယောက်သာလျှင် ပြည်တော်တွင် ကျန်ရှိကြောင်း ဘုရင်ကို လျှောက်ထားသည်။ |
1,327,843 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးလည်း ထို မင်းသားငယ်ကိုပင် ပို့ရန် အမိန့်ချမှတ်လိုက်လေသည်။ |
1,327,844 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝကမင်းသားကို ဘီလူးစာအဖြစ် မပို့မီ တစ်နေ့နံနက်ကပင် ဘုရားရှင်သည် မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူ၍ သဗ္ဗညုတဉာဏစက္ခုဖြင့် လောကကို ရှုတော်မူသည်။ |
1,327,845 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အာဠဝကမင်းသား၏ အနာဂါမိဖိုလ်သို့ ရောက်မည့်အကြောင်း၊ အာဠဝကဘီလူး၏ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်မည့်အကြောင်းနှင့် သတ္တဝါအများ တရားရအံ့သော အကြောင်းတို့ကို မြင်တော်မူသည်။ |
1,327,846 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် လကွယ်နေ့ ညချမ်းအချိန်ကပင် ပရိက္ခရာရှစ်ပါးကို ယူဆောင်လျက် အာဠဝကဘီလူး၏ ညောင်ပင်သို့ တစ်ပါးတည်း ကြွတော်မူသည်။ |
1,327,847 | Uncategorized | အောင်ခြင်းရှစ်ပါး | ညောင်ပင်အနီးသို့ ရောက်သောအခါ သာမန်လူတို့ မမြင်နိုင်သော အာဠဝကဘီလူး၏ ဗိမာန်ကို ဘုရားရှင် ကောင်းစွာ မြင်တော်မူသည်။ |
1,327,848 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် ဗိမာန်တံခါးဝ၌ ရပ်လျက် တံခါးစောင့် ဂဒြဘဘီလူးအား တစ်ညဉ့်မျှ တည်းခိုခွင့်ပြုရန် မိန့်ကြားသည်။ |
1,327,849 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအချိန်၌ အာဠဝကဘီလူးသည် ဗိမာန်၌ မရှိ။ |
1,327,850 | Uncategorized | အောင်ခြင်းရှစ်ပါး | နတ်သဘင် အစည်းအဝေးသို့ တက်နေသည်။ |
1,327,851 | Uncategorized | အောင်ခြင်းရှစ်ပါး | တံခါးစောင့် ဂဒြဘဘီလူးက “ကျွန်ုပ်မှာ ခွင့်မပိုင်၊ အာဠဝကဘီလူးထံ ယခုပင် သွားရောက် ခွင့်ပန်ကြားပေးပါမည်” ဟု ဘုရားရှင်အား လျှောက်ထားသည်။ |
1,327,852 | Uncategorized | အောင်ခြင်းရှစ်ပါး | ချက်ချင်းပင် အာဠဝကဘီလူးရှိရာသို့ ထွက်ခွာသွားသည်။ |
1,327,853 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် ဘုရားရှင်သည် အာဠဝက၏ ဗိမာန်တွင်းသို့ ဝင်လိုက်သည်။ |
1,327,854 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝက၏ ရာဇပလ္လင်ထက်သို့ တက်၍ ထိုင်တော်မူသည်။ |
1,327,855 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အာဠဝကဘီလူး၏ မောင်းမမိဿံ အခြွေအရံ ဘီလူးမများသည် စုရုံးလာရောက်ကြသည်။ |
1,327,856 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကို ရှိခိုးကြပြီးလျှင် ဝိုင်းဝန်းခြံရံလျက် ထိုင်နေကြသည်။ |
1,327,857 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကလည်း သင့်တော်သည့် တရားစကားများကို မိန့်ကြားဟောပြောနေလေသည်။ |
1,327,858 | Uncategorized | အောင်ခြင်းရှစ်ပါး | နတ်သဘင် အစည်းအဝေးတွင် သာတာဂိရိနှင့် ဟေမဝတ နတ်ဘီလူးနှစ်ယောက်တို့က အာဠဝကဘီလူးအား သူ့ဗိမာန်၌ ဘုရားရှင် စံပယ်တော်မူနေကြောင်း၊ လျင်မြန်စွာသွား၍ ရှိခိုးပူဇော်သင့်ကြောင်း ပြောကြားကြသည်။ |
1,327,859 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် အာဠဝကထံ ဂဒြဘ ရောက်ရှိလာသည်။ |
1,327,860 | Uncategorized | အောင်ခြင်းရှစ်ပါး | ဗိမာန်၌ ဘုရားရှင် ကြွရောက်တော်မူနေကြောင်း အကျိုးအကြောင်း လျှောက်ထားသည်။ |
1,327,861 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝကဘီလူးကား မခံမရပ်နိုင်။ |
1,327,862 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကို ရန်ပြုရန်အတွက် မိမိ ဗိမာန်သို့ အလျင်အမြန် ပြန်သွားသည်။ |
1,327,863 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိ၏ ပလ္လင်ထက်၌ စံပယ်တော်မူနေသော ဘုရားရှင်ကို မြင်သော် ဒေါသအမျက် ခြောင်းခြောင်းထွက်သည်။ |
1,327,864 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် ဘုရားရှင်အား ကြိမ်းမောင်း ခြိမ်းခြောက်ကာ ထိုဗိမာန်အတွင်းမှ လွင့်စဉ်သွားရန် အစွမ်းရှိသမျှ ပြုလုပ်လေသည်။ |
1,327,865 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝကသည် လေကြီး၊ မိုးကြီး တိုက်စေခြင်း၊ ကျောက်ခဲမိုး ရွာစေခြင်း စသည်ဖြင့် အမျိုးမျိုး ရန်ပြုသည်။ |
1,327,866 | Uncategorized | အောင်ခြင်းရှစ်ပါး | မအောင်မြင်။ |
1,327,867 | Uncategorized | အောင်ခြင်းရှစ်ပါး | နောက်ဆုံးတွင် သူ၏ လက်စွဲဖြစ်သော ဘွတ်ဖြူပုဆိုးလက်နက်ဖြင့် ပစ်လေသည်။ |
1,327,868 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုလက်နက်သည်ကား သမုဒ္ဒရာထဲသို့ ပစ်ချပါက မီးဟုန်းဟုန်း ထတောက်စေနိုင်သည့် လက်နက် ဖြစ်သည်။ |
1,327,869 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုလက်နက်သည် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အစွမ်းမထက်တော့။ |
1,327,870 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်၏ ခြေတော်ရင်း၌ ခြေသုတ်ပုဆိုးပမာ ကျရောက်နေလေသည်။ |
1,327,871 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ အစွမ်းရှိသမျှ တိုက်ခိုက်၍ မရသောအခါ အာဠဝကသည် အလွန်ပြင်းထန်သော အသံကြီးဖြင့် “ရဟန်း ဂေါတမ၊ အခုချက်ချင်း ထွက်သွားလော့” ဟု ကြိမ်းမောင်း နှင်ထုတ်လေသည်။ |
1,327,872 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် မည်သို့မျှပင် မဆိုဘဲ ညင်သာစွာ ထွက်သွားလေသည်။ |
1,327,873 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အာဠဝက အံ့ဩသွားသည်။ |
1,327,874 | Uncategorized | အောင်ခြင်းရှစ်ပါး | သူသည် ဘုရားရှင်က သူ့အား ငြင်းဆန် ခုခံလိမ့်မည်ဟု မှတ်ထင်ထားခဲ့သည်။ |
1,327,875 | Uncategorized | အောင်ခြင်းရှစ်ပါး | ယခုမူ သူထင်ထားသကဲ့သို့ မဟုတ်။ |
1,327,876 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ခွန်းတည်း ပြောရုံမျှနှင့် ထွက်သွားသည်ကို တွေ့ရသောအခါ အံ့ဩသွားသည်။ |
1,327,877 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤမျှလောက် အပြောရလွယ်သော ဘုရားရှင်အား တန်ခိုးအမျိုးမျိုးဖြင့် သူ ပြုမူတိုက်ခိုက်ခဲ့သည်ကို နောင်တရကာ ရှက်သွားလေသည်။ |
1,327,878 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ရာတွင် သူသည် ရှက်ရှက်ဖြင့်ပင် ဘုရားရှင်၏စိတ်ကို သိလိုသဖြင့် “ရဟန်း ဂေါတမ၊ ဗိမာန်ထဲသို့ ပြန်ဝင်လော့” ဟု ဆိုပြန်သည်။ |
1,327,879 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကလည်း မည်သို့မျှမဆို ပြန်ဝင်တော်မူသည်။ |
1,327,880 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့လျှင် ဘုရားရှင်သည် သုံးကြိမ်တိုင် ထွက်ခြင်း၊ ဝင်ခြင်းကို ပြုတော်မူသည်။ |
1,327,881 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ ပြုသည်မှာ ဘီလူး၏ ဒေါသစိတ်ကို တားမြစ်၍ တရားတည်လွယ်စိမ့်သောငှာ ပြုခြင်းဖြစ်သည်။ |
1,327,882 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် အာဠဝက က “ဤရဟန်းကား ငါ့စကားကို နားထောင်ပေသည်။ |
1,327,883 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ နားထောင်သည်ကို ယခင့်ယခင်က ငါ သိရမူ တစ်ညဉ့်လုံး ထွက်စေ ဝင်စေ ပြုစေမည်။ |
1,327,884 | Uncategorized | အောင်ခြင်းရှစ်ပါး | မောပန်းသောအခါမှ ခြေနှစ်ချောင်းကို ကိုင်လျက် မြစ်တစ်ဖက်သို့ ပစ်ရသော် ငါ အောင်မြင်ရာ၏။ |
1,327,885 | Uncategorized | အောင်ခြင်းရှစ်ပါး | ယခုတစ်ကြိမ် ထွက်ခါမှ ခြေကို ကိုင်၍ ငါ ပစ်တော့မည်” ဟု ကြံသည်။ |
1,327,886 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် “ရှင်ကြီး ဂေါတမ၊ ထွက်ဦးလော့” ဟု ဆို၏။ |
1,327,887 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤအကြိမ်တွင်ကား ဘုရားရှင်သည် မထွက်တော့။ |
1,327,888 | Uncategorized | အောင်ခြင်းရှစ်ပါး | “ငါ မထွက်လိုပြီ။ |
1,327,889 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်ဘီလူးသည် ငါဘုရားကို ခြေဖျားနှစ်ဖက်ကို ကိုင်လျက် မြစ်တစ်ဖက်သို့ ပစ်အံ့ဟု ကြံနေပြီ။ |
1,327,890 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် ငါ မထွက်လို” ဟု မိန့်တော်မူသည်။ |
1,327,891 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် အာဠဝက က “ဤရဟန်းကား တန်ခိုးကြီးမားရုံသာမက ငါ့စိတ်အကြံကိုလည်း သိနေပြီ။ |
1,327,892 | Uncategorized | အောင်ခြင်းရှစ်ပါး | ပညာဉာဏ် ရှိလှသည်။ |
1,327,893 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသို့ ပညာဉာဏ်ရှိသော သူမြတ်ကို ပြဿနာများ မေးရသော် ကောင်း၏။ |
1,327,894 | Uncategorized | အောင်ခြင်းရှစ်ပါး | ပြဿနာများကို မဖြေနိုင်သောအခါတွင်မှ သူ၏စိတ်ကို ရူးသွပ်သွားအောင်သော်လည်း ပြုအံ့။ |
1,327,895 | Uncategorized | အောင်ခြင်းရှစ်ပါး | သူ့အသက်ကိုသော်လည်း ခွင်းအံ့။ |
1,327,896 | Uncategorized | အောင်ခြင်းရှစ်ပါး | သမုဒ္ဒရာထဲသို့သော်လည်း ပစ်အံ့” ဟု ကြံ၏။ |
1,327,897 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် ဤအကြံကို သိတော်မူလျှင် “အချင်း အာဠဝက၊ ငါဘုရားအား ဤလောကတွင် မည်သူမျှ ရန်မပြုနိုင်။ |
1,327,898 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်မေးလိုသမျှသော ပြဿနာကိုသာ လျင်စွာ မေးလော့” ဟု မိန့်တော်မူသည်။ |
1,327,899 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝက မေးလိုသော ပြဿနာကို အာဠဝကဘီလူး၏ အမိအဖများသည် ကဿပဘုရားထံမှ အဖြေနှင့်တကွ သင်ကြားခဲ့သည်။ |
1,327,900 | Uncategorized | အောင်ခြင်းရှစ်ပါး | သားဖြစ်သူ အာဠဝကအား ငယ်စဉ်ကပင် သင်ကြားပေးခဲ့ကြသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.