id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,327,901 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့သော် အာဠဝကသည် ကာလရှည်ကြာသဖြင့် အဖြေကို မေ့နေသည်။ |
1,327,902 | Uncategorized | အောင်ခြင်းရှစ်ပါး | ပုစ္ဆာကိုမူကား မမေ့ရလေအောင် ရွှေပြားထက်၌ ဆေးဒန်းမြင်းသီလာဖြင့် သေချာစွာ ရေးကူး၍ ဗိမာန်ဦး၌ ထားလေသည်။ |
1,327,903 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် အာဠဝကသည် အောက်ပါပုစ္ဆာများကို ဘုရားရှင်အား သေချာကျနစွာ မေးမြန်းနိုင်ခြင်း ဖြစ်သည်။ |
1,327,904 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝက က မေးမြန်းသည်မှာ - |
1,327,905 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁) လောကသုံးပါး၌ ယောက်ျား၊ မိန်းမ ဟူသမျှတို့၏ မြတ်လှစွာသော ဥစ္စာရတနာကား အဘယ်နည်း။ |
1,327,906 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) လေ့ကျက်ထားခြင်းတကာဝယ် မည်သည့် အလေ့အကျက်သည် ချမ်းသာကို ဆောင်သနည်း။ |
1,327,907 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) အရသာတို့တွင် မည်သည့်အရသာကို သာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်သနည်း။ |
1,327,908 | Uncategorized | အောင်ခြင်းရှစ်ပါး | (၄) အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုအပ်သနည်း။ |
1,327,909 | Uncategorized | အောင်ခြင်းရှစ်ပါး | ဟူသည်တို့ ဖြစ်သည်။ |
1,327,910 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်သည် ကဿပဘုရား ဖြေကြားတော်မူခဲ့သကဲ့သို့ပင် ဤသို့ ဖြေကြားတော်မူသည်။ |
1,327,911 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁) ဤလူ့ရွာ၌ ယောက်ျား၊ မိန်းမ ဟူသရွေ့၏ မြတ်လှစွာသော ဥစ္စာရတနာကား ရတနာသုံးပါးတို့၏ ဂုဏ်၌ မတုန်မလှုပ် ယုံကြည်ခြင်း သဒ္ဓါ ဖြစ်သည်။ |
1,327,912 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) လေ့ကျက်ခြင်းတို့အနက် ကောင်းစွာ လေ့ကျက်ကျင့်သုံးအပ်သော ကုသိုလ် ၁၀-ပါး ကောင်းမှုတရားသည် (ဝါ) ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ကောင်းမှုတရားသည် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာသုံးတန်ကို ဆောင်ရွက်နိုင်ပေသည်။ |
1,327,913 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) အရသာတကာတို့တွင် မှန်ကန်ဖြောင့်မတ်သော စကားသည် အလွန် ကောင်းမြတ်သော အရသာ ဖြစ်သည်။ |
1,327,914 | Uncategorized | အောင်ခြင်းရှစ်ပါး | (၄) အသက်မွေးခြင်းတကာတို့တွင် ပညာဖြင့် အသက်မွေးခြင်းကို လိမ္မာကုန်သော ပညာရှိတို့က မြတ်၏ဟု ဆိုကုန်သည်။ |
1,327,915 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသို့ ဘုရားရှင် ဖြေဆိုသည်ကို ကြားရသောအခါ အာဠဝကသည် အလွန်နှစ်သက်ဝမ်းမြောက်သွားသည်။ |
1,327,916 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျန်ပုစ္ဆာ ပြဿနာတို့ကို ဆက်လက် မေးမြန်းပြန်သည်။ |
1,327,917 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁) အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာဟူသော ဝဲဩဃကို ကူးမြောက်နိုင်ပါအံ့နည်း။ |
1,327,918 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) အဘယ်သို့သော အကြောင်းအားဖြင့် ဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာကို ကောင်းစွာ လွန်မြောက်နိုင်ပါအံ့နည်း။ |
1,327,919 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါအံ့နည်း။ |
1,327,920 | Uncategorized | အောင်ခြင်းရှစ်ပါး | (၄) အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်အကြေးကို ဆေးကြော သုတ်သင်၍ စင်ကြယ်စေပါအံ့နည်း။ |
1,327,921 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်က ဤသို့ ဖြေဆိုတော်မူသည်။ |
1,327,922 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁) သဒ္ဓါတရားဖြင့် သံသရာတည်းဟူသော ဝဲဩဃကို ကူးမြောက်နိုင်သည်။ |
1,327,923 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) ကုသိုလ်ကောင်းမှု ပြုရာ၌ ပျော်မွေ့၍ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာပမာထက် ကဲလွန်သော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်သည်။ |
1,327,924 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) ပါရမီ ၁၀-ပါး၊ တရားမြတ်ဓမ္မ၌ ကြိုးကုတ်အားထုတ်ခြင်းဖြင့် ဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သည်။ |
1,327,925 | Uncategorized | အောင်ခြင်းရှစ်ပါး | (၄) ဝိပဿနာပညာ၊ ဉာဏ်တရားဖြင့် ကိလေသာမြူမွှား အညစ်အကြေးကို စင်ကြယ်စေနိုင်သည်။ |
1,327,926 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသို့ ဘုရားရှင် ဖြေဆိုတော်မူသည်ကို အာဠဝကဘီလူးကြားသိသောအခါ ပါရမီဘုန်းကံ ရှိသည့်အလျောက် သောတာပတ္တိဖိုလ်၌ တည်လေသည်။ |
1,327,927 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသို့ အာဠဝကဘီလူးအား ဘုရားရှင် တရားဟော၍ ပြီးဆုံးခြင်း၊ ထိုညဉ့်ကုန်၍ နေအရုဏ်တက်လျက် မိုးသောက်ခြင်းနှင့် အာဠဝီပြည်သားတို့က အာဠဝကမင်းသားငယ်ကို ဘီလူးစာအဖြစ် ပို့လာ၍ ရောက်ခြင်းတို့သည် တစ်ပြိုင်နက် ဖြစ်လေသည်။ |
1,327,928 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းချင်းတို့သည် အာဠဝကမင်းသားကလေးကို ဘီလူး အလိုရှိသလို ပြုလုပ်ရန် ပေးအပ်လိုက်လေသည်။ |
1,327,929 | Uncategorized | အောင်ခြင်းရှစ်ပါး | သောတာပန်အဖြစ် တည်ပြီးဖြစ်သော ဘီလူးက သူငယ်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ချီယူလိုက်သည်။ |
1,327,930 | Uncategorized | အောင်ခြင်းရှစ်ပါး | “အရှင်ဘုရား .. ဤသူငယ်ကို အလိုရှိရာ ပြုတော်မူပါ၊ အကျွန်ုပ် ကပ်လှူပါသည်”ဟု ဆိုပြီးလျှင် ဘုရားရှင်အား သူငယ်ကို ကပ်လှူလေသည်။ |
1,327,931 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်က သူငယ်ကို ချီယူလက်ခံတော်မူ၍ မင်းချင်းများကို ခေါ်သည်။ |
1,327,932 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းသားအား ကောင်းစွာ ကျွေးမွေး၍ ကြီးရင့်သည့်အခါမှ မိမိထံသို့ ယူဆောင်လာရန် မှာကြားသည်။ |
1,327,933 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းချင်းတို့၏ လက်သို့ မင်းသားသူငယ်အား ပြန်၍ ပေးအပ်လေသည်။ |
1,327,934 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤကဲ့သို့ မင်းချင်းတို့လက်မှ အာဠဝကလက်၊ အာဠဝကလက်မှ တစ်ဆင့် ဘုရားရှင်လက်တော်၊ ဘုရားရှင် လက်တော်မှ မင်းချင်းတို့လက်သို့ ပြန်ရောက်သည်ကို အစွဲပြု၍ ထိုမင်းသားငယ်သည် ထိုအခါမှစ၍ ဟတ္ထာဠဝကမင်းသားဟု တွင်လေသည်။ |
1,327,935 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် အာဠဝကဘီလူးအား သပိတ်ကို ပိုက်စေလျက် အာဠဝီပြည်တွင်းသို့ ဆွမ်းခံဝင်လေသည်။ |
1,327,936 | Uncategorized | အောင်ခြင်းရှစ်ပါး | ယင်းသို့ ဘုရားရှင်သည် အလွန်ကြမ်းတမ်းခက်မာသော အာဠဝကဘီလူးကို အောင်တော်မူခြင်းသည် ဘုရားရှင်၏ ဒုတိယမြောက် အောင်ခြင်း ဖြစ်ပေသည်။ |
1,327,937 | Uncategorized | အောင်ခြင်းရှစ်ပါး | ဟတ္ထာဠဝကမင်းသား အရွယ်သို့ ရောက်သောအခါ ခမည်းတော် မင်းကြီးနှင့်တကွ မှူးမတ်တို့က ထိုအကြောင်းကို ပြောပြကြသည်။ |
1,327,938 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကို ဆည်းကပ်ကိုးကွယ်ရန် တိုက်တွန်းကြသည်။ |
1,327,939 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် မင်းသားသည် ဘုရားရှင်ထံသို့ အခြံအရံ ငါးရာနှင့်တကွ သွားရောက်သည်။ |
1,327,940 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆည်းကပ် ကိုးကွယ်သည်။ |
1,327,941 | Uncategorized | အောင်ခြင်းရှစ်ပါး | မကြာမီပင် အနာဂါမိဖိုလ်၌ တည်လေသည်။ |
1,327,942 | Uncategorized | အောင်ခြင်းရှစ်ပါး | ဟတ္ထာဠဝကမင်းသားသည် အခြံအရံငါးရာနှင့်အတူ ယဉ်ကျေးသိမ်မွေ့သော ဣန္ဒြေအမှုအပြင် သွားလာလှုပ်ရှားသည်။ |
1,327,943 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် မင်းသားနှင့် သူ၏ အခြံအရံတို့ကို မြင်၍ များစွာ အားရနှစ်သက်တော်မူသည်။ |
1,327,944 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် “ချစ်သား ဟတ္ထာဠဝက၊ သင်၏ ပရိသတ်ကား များလည်း များ၏။ |
1,327,945 | Uncategorized | အောင်ခြင်းရှစ်ပါး | ယဉ်ကျေးသိမ်မွေ့ခြင်းလည်း ရှိ၏။ |
1,327,946 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်သည် အဘယ်သို့ ပရိသတ်ကို ချီးမြှောက်သနည်း” ဟု မေးတော်မူ၏။ |
1,327,947 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းသားက “အရှင်ဘုရား...တပည့်တော်သည် ဒါန၌ နှစ်သက်သူကို ဒါနဖြင့် ချီးမြှောက်ပါသည်။ |
1,327,948 | Uncategorized | အောင်ခြင်းရှစ်ပါး | ချစ်ဖွယ်သောစကားကို ဆိုခြင်း၌ နှစ်သက်သူကို ချစ်ဖွယ်သောစကားကို ဆိုခြင်းဖြင့် ချီးမြှောက်ပါသည်။ |
1,327,949 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ပါးသူအား ကူညီခြင်း၌ နှစ်သက်သူကို တစ်ဖန် ပြန်လည်ကူညီခြင်းဖြင့် ချီးမြှောက်ပါသည်။ |
1,327,950 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ပါးသူအား ကိုယ်တူထပ်မျှ ချီးမြှောက်ခြင်း၌ နှစ်သက်သူကို ကိုယ်တူထား၍ ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်ပါသည်” ဟူ၍ လျှောက်ထားသည်။ |
1,327,951 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် ဘုရားရှင်သည် နောင်အခါ အရိယာသာဝကတို့၏ အလယ်၌ ဧတဒဂ်ဆု ချီးမြှင့်ရာတွင် ဟတ္ထာဠဝကမင်းသားကိုလည်း ပရိသသင်္ဂဏှန္တအရာ၌ ဧတဒဂ်ထား၍ ဆုချီးမြှင့်တော်မူသည်။ |
1,327,952 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ချီးမြှင့်ရာ၌ ဘုရားရှင်က “ရဟန်းတို့ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် ဟတ္ထာဠဝကသည် အမြတ်ဆုံး ဖြစ်၏” ဟူ၍ မိန့်တော်မူသည်။ |
1,327,953 | Uncategorized | အောင်ခြင်းရှစ်ပါး | အကိုး ၁။ |
1,327,954 | Uncategorized | အောင်ခြင်းရှစ်ပါး | မဟာဗုဒ္ဓဝင် (မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ) |
1,327,955 | Uncategorized | အောင်ခြင်းရှစ်ပါး | ၂။ ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်) |
1,327,956 | Uncategorized | အောင်ခြင်းရှစ်ပါး | ၃။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၄) |
1,327,957 | Uncategorized | အောင်ခြင်းရှစ်ပါး | ၄။ ဂေါတမဗုဒ္ဓ (ဒဂုန်ဦးထွန်းမြင့်) |
1,327,958 | Uncategorized | အောင်ခြင်းရှစ်ပါး | ၅။ ဧတဒဂ်ဝတ္ထု (ဦးသော်ဇင်) |
1,327,959 | Uncategorized | အောင်ခြင်းရှစ်ပါး | နိဒါန်း: ဤစာစုသည် မြတ်စွာဘုရားရှင်၏ ဘုရားဖြစ်တော်မူပြီးနောက် အဓိကအောင်ခြင်းကြီး သုံးပါးအကြောင်း ဖြစ်ပါသည်။ |
1,327,960 | Uncategorized | အောင်ခြင်းရှစ်ပါး | ၃။ နာဠာဂိရိဆင်မင်းကို အောင်ခြင်း |
1,327,961 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် အာဠဝကဘီလူးကို အောင်တော်မူပြီးနောက် အာဠဝီပြည်အနီး မဟာဝုန်တော၌ (၁၆) ဝါမြောက် ဝါကပ်တော်မူသည်။ |
1,327,962 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝါကျွတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသည်။ |
1,327,963 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁၇) ဝါမြောက် ဝါကပ်တော်မူသည်။ |
1,327,964 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ရာဇဂြိုဟ်ပြည်အနီး စာလိယတောင်၌ (၁၈) ဝါနှင့် (၁၉) ဝါမြောက်ကို ဝါကပ်တော်မူသည်။ |
1,327,965 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝါ (၂၀) မြောက်ကိုကား ရာဇဂြိုဟ်ပြည်၌ပင် ဝါကပ်တော်မူသည်။ |
1,327,966 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် ဘုရားရှင်အပေါ် အမျက်အာဃာတ ပြင်းစွာထားလျက်ရှိသော ဒေဝဒတ်သည် အဇာတသတ်မင်းသားကို ဦးဆောင်၍ ဘုရားရှင်အား သတ်ရန် အမျိုးမျိုး အားထုတ်လေသည်။ |
1,327,967 | Uncategorized | အောင်ခြင်းရှစ်ပါး | ဒေဝဒတ်သည် သူတစ်ပါးအား စေခိုင်း၍လည်း ဘုရားရှင်အား သတ်ရန် ရန်ပြုသည်။ |
1,327,968 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ရာတွင် ဘုရားရှင်၏ ကြီးမားသော တန်ခိုးနှင့် မေတ္တာတော်တို့ကြောင့် မအောင်မြင်ခဲ့။ |
1,327,969 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် ဒေဝဒတ်ကိုယ်တော်တိုင် ဘုရားရှင်အား သတ်ရန် အားထုတ်ပြန်သည်။ |
1,327,970 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင် စင်္ကြံကြွနေစဉ် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်ကို လှိမ့်ချခဲ့သည်။ |
1,327,971 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကိုယ်တော်ကို မထိ။ |
1,327,972 | Uncategorized | အောင်ခြင်းရှစ်ပါး | ခြေမတော်မှ ဒဏ်ရာသည်လည်း နှစ်ရက်၊ သုံးရက်နှင့် ပျောက်ကင်းသွားလေသည်။ |
1,327,973 | Uncategorized | အောင်ခြင်းရှစ်ပါး | နောက်ဆုံး၌ ဘုရားရှင်အား အဇာတသတ်မင်း၏ အလွန်ကြမ်းကြုတ်သော နာဠာဂိရိဆင်ဖြင့် တိုက်သတ်ရန် ကြံလေ၏။ |
1,327,974 | Uncategorized | အောင်ခြင်းရှစ်ပါး | ယခင်က နာဠာဂိရိဆင်ကို အရက် ရှစ်အိုး နေ့စဉ် တိုက်နေကျ ဖြစ်သည်။ |
1,327,975 | Uncategorized | အောင်ခြင်းရှစ်ပါး | ယခုမူ ဒေဝဒတ်က နာဠာဂိရိဆင်ကို အရက် ၁၆ အိုး တိုက်၍ ရှင်ဂေါတမ လာသောအခါ လွှတ်တော့ဟု မှာကြား၏။ |
1,327,976 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆင်ထိန်းတို့ကလည်း “အရှင်ဘုရား ... မစိုးရိမ်လင့်၊ ရှင်ဂေါတမ အသက်သည် ဆင်စွယ်ဖျားထက်သို့ မနက်ဖြန် ရောက်လတ္တံ့” ဟု ဆို၍ ဝန်ခံလိုက်၏။ |
1,327,977 | Uncategorized | အောင်ခြင်းရှစ်ပါး | အဇာတသတ်မင်းလည်း မင်းချင်းတို့ကိုခေါ်၍ မှာကြား၏။ |
1,327,978 | Uncategorized | အောင်ခြင်းရှစ်ပါး | “ဤနေပြည်တော်၌ နေကုန်သော လူအပေါင်းတို့သည် မနက်ဖြန်နံနက်၌ မိမိတို့အိမ်မှ အပြင်သို့ မထွက်ကြလင့်” ဟု စည်လည်စေ၏။ |
1,327,979 | Uncategorized | အောင်ခြင်းရှစ်ပါး | ရာဇဂြိုဟ်ပြည်သားတို့လည်း ဒေဝဒတ်၏ အကြံကို ရိပ်မိသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ဆွမ်းတော်မကြွရန် လျှောက်ထားသည်။ |
1,327,980 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း ဆင်ခြင်တော်မူလတ်သော် အကြောင်းစုံကို သိရှိတော်မူသည်။ |
1,327,981 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ရာတွင် နာဠာဂိရိဆင်ကြီးကို ရင်ဆိုင်ရန် ဆုံးဖြတ်တော်မူလိုက်သည်။ |
1,327,982 | Uncategorized | အောင်ခြင်းရှစ်ပါး | “ဥပါသကာတို့ ... နက်ဖြန်နံနက် ရောက်သောအခါ ငါသည် နာဠာဂိရိဆင်ကို ယဉ်ကျေးအောင် ဆုံးမ၍ ကြွတော်မူမည်။ |
1,327,983 | Uncategorized | အောင်ခြင်းရှစ်ပါး | ရာဇဂြိုဟ်ပြည်သူ၊ ပြည်သားတို့ ကျောင်းသို့လာ၍ ကပ်သော ဆွမ်းသြဇာကို ငါ ဆွမ်းဘုဉ်းပေးတော်မူမည်” ဟု မိန့်တော်မူလိုက်သည်။ |
1,327,984 | Uncategorized | အောင်ခြင်းရှစ်ပါး | နောက်တစ်နေ့ မိုးသောက်သော် ဘုရားရှင်သည် ရာဇဂြိုဟ်အနီး ကျောင်းကြီး ၁၈-ရပ်၌ နေကုန်သော ရဟန်းသံဃာတို့ ခြံရံ၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွှတ်လျက် ရာဇဂြိုဟ်ပြည်၏ အချက်အချာဖြစ်သော မင်းလမ်းသို့ ကြွ၍ ဆွမ်းခံဝင်တော်မူသည်။ |
1,327,985 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆင်ထိန်းတို့လည်း ဒေဝဒတ် စီစဉ်သည့်အတိုင်းပင် နာဠာဂိရိဆင်ကို အရက် ၁၆-အိုး တိုက်ကာ လွှတ်လိုက်ကြသည်။ |
1,327,986 | Uncategorized | အောင်ခြင်းရှစ်ပါး | နာဠာဂိရိဆင်လည်း ဘုရားရှင် ကြွလာသည်ကို အဝေးကပင် မြင်သည်။ |
1,327,987 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် ပြင်းစွာ အသံပြု၍ ဘုရားရှင်ကို ရန်ပြုရန် တစ်ဟုန်တည်း ပြေးလာလေသည်။ |
1,327,988 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော နောက်ပါ သံဃာများက ဘုရားရှင်အား “လမ်းလွှဲ၍ ကြွတော်မူပါ။ |
1,327,989 | Uncategorized | အောင်ခြင်းရှစ်ပါး | အကယ်၍ မကြွလျှင် နာဠာဂိရိဆင်ကို တပည့်တော်တို့ ယဉ်ကျေးအောင် အရှင်ဘုရားကိုယ်စား ဆုံးမပါရစေ” ဟု လျှောက်ထားကြသည်။ |
1,327,990 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်က ခွင့်မပြုပေ။ |
1,327,991 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်အာနန္ဒာကမူ သေချင်းသေလျှင် ငါ အသေခံမည် ဟူသော စိတ်ဓာတ်ဖြင့် ဘုရားရှင်၏ ရှေ့တော်သို့ တက်၏။ |
1,327,992 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်က “ချစ်သား အာနန္ဒာ ... ဖယ်ရှားလော့” ဟု ဆိုတော်မူကာ အရှင်အာနန္ဒာကို ဖယ်ရှား၍ ဆင်အပါးသို့ ကပ်တော်မူ၏။ |
1,327,993 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခိုက် သားငယ်ကို ပိုက်၍လာသော မိန်းမတစ်ယောက်သည် အလွန်ကြောက်လန့်သဖြင့် သားငယ်ကို ဘုရားရှင် ရှေ့တော်၌ ချ၍ ပြေးလေသည်။ |
1,327,994 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆင်လည်း ထိုမိန်းမနောက်သို့ လိုက်လေသည်။ |
1,327,995 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း ရပ်တန့်တော်မူလျက် နာဠာဂိရိဆင်ကို မေတ္တာပို့လျက် “ချစ်သား နာဠာဂိရိ ... သင့်အရှင်တို့သည် သင့်အား သေအရက်တို့ကို အလွန်အကြူးတိုက်၍ လွှတ်လိုက်သည်မှာ အခြားသူများအား သတ်ဖြတ်ရန် မဟုတ်၊ ငါဘုရားကိုသာ သတ်ရန် ဖြစ်သည်၊ သင့်အရှင်စကားကို လိုက်နာသည့်အနေဖြင့် ငါဘုရားထံသို့သာ လျင်စွာလာလော့” ဟု ခေါ်တော်မူသည်။ |
1,327,996 | Uncategorized | အောင်ခြင်းရှစ်ပါး | နာဠာဂိရိဆင်လည်း ဘုရားရှင် စကားကိုကြားသော် မှိတ်ထားသော မျက်စိကို ဖွင့်၍ ကြည့်ရှုသည်။ |
1,327,997 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်၏ အရှိန်အဝါတော်ကို တွေ့မြင်သွားသည်။ |
1,327,998 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် ကြည်လင်သော စိတ်စေတနာ ဖြစ်ကာ သေအရက်မူးခြင်း ပျောက်သွားသည်။ |
1,327,999 | Uncategorized | အောင်ခြင်းရှစ်ပါး | သတိဝင်လာသည်။ |
1,328,000 | Uncategorized | အောင်ခြင်းရှစ်ပါး | ချက်ချင်းပင် အမြီး၊ နားရွက်တို့ကို ချလျက် ခံတွင်းဝသို့ နှာမောင်းကိုသွင်းကာ ဘုရားခြေတော်ရင်း၌ ငုပ်ဆင်းတုပ်ပျပ်လေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.