id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,001 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း နာဠာဂိရိဆင်၏ ဦးကင်းကို လက်တော်ဖြင့် သပ်လျက် “ဆင်မြတ် နာဠာဂိရိ၊ သင်သည် ယနေ့မှစ၍ ကြမ်းတမ်းရုန့်ရင်းခြင်းကို မပြုလင့်၊ လူတို့အား သတ်ဖြတ်ညှဉ်းဆဲခြင်းကို မပြုလင့်၊ မေတ္တာစိတ်ကိုသာ များစွာ ပွားစေလော့၊ မေတ္တာမပွားဘဲ သူ့အား နှိပ်စပ် ဖျက်ဆီးတတ်သော သတ္တဝါတို့သည် လူ့ရွာဘဝ၊ မျက်မှောက်ဘဝ၌ များလှသော ဘေးရန်တို့ကိုလည်း က... |
1,328,002 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘဝပြောင်းသော် ဆင်းရဲသောဘဝ အပါယ်လေးပါး၌သာ ကာလရှည်ကြာ ခံရပေသည်” စသည်ဖြင့် တရားဟောပြော ဆုံးမတော်မူသည်။ |
1,328,003 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်၏ တရားတော်ကို နာကြားရသော နာဠာဂိရိဆင်လည်း သဒ္ဓါပွားလျက် ချမ်းမြေ့ကြည်လင်သွားသည်။ |
1,328,004 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားခြေတော်ကို ဦးတိုက်၍ နှာမောင်းဖြင့် ပိုက်ထွေးသည်။ |
1,328,005 | Uncategorized | အောင်ခြင်းရှစ်ပါး | ခြေတော်ရင်း၌ရှိသော မြေကိုယူ၍ မိမိဦးခေါင်း၌ ကြဲဖြန့်ပြီးလျှင် သရဏဂုံ၊ ပဉ္စသီကို ယူလေသည်။ |
1,328,006 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ရာဇဂြိုဟ်ပြည်သူ၊ ပြည်သားတို့လည်း အားရဝမ်းသာ ဟစ်ကြွေး၍ ကောင်းချီးပေးကြသည်။ |
1,328,007 | Uncategorized | အောင်ခြင်းရှစ်ပါး | အနီးသို့လာ၍ ရတနာခုနစ်ပါးတို့ဖြင့် ကြဲချ ပူဇော်ကြသည်။ |
1,328,008 | Uncategorized | အောင်ခြင်းရှစ်ပါး | ကြဲချသဖြင့် စုပုံနေကြသော ရွှေ၊ ငွေ၊ ကျောက်သံရတနာတို့သည် နာဠာဂိရိဆင်၏ ကိုယ်အလုံးကို ဖုံးလွှမ်းမိလေသည်။ |
1,328,009 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါမှစ၍ နာဠာဂိရိဆင်လည်း “ဓနပါလ”ဟု အမည်တွင်လေသည်။ |
1,328,010 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုဆင်မင်းအား တရားဟောရာတွင် အနီးဝန်းကျင်မှ ကြားနာရသော ပရိသတ်တို့သည်လည်း အကျွတ်တရား ရကြလေသည်။ |
1,328,011 | Uncategorized | အောင်ခြင်းရှစ်ပါး | နာဠာဂိရိဆင်သည် ဘုရားရှင်၏ ခြေတော်ကို ပူဇော်ဦးခိုက်လျက် နောက်ဆုတ်၍ သွားပြီးလျှင် မိမိ တင်းကုတ်သို့ ဝင်လေသည်။ |
1,328,012 | Uncategorized | အောင်ခြင်းရှစ်ပါး | မည်သည့်သတ္တဝါကိုမျှ ညှဉ်းဆဲခြင်းမပြု။ |
1,328,013 | Uncategorized | အောင်ခြင်းရှစ်ပါး | လိမ္မာယဉ်ကျေးစွာ နေလေသည်။ |
1,328,014 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသည်လျှင် ဘုရားရှင်၏ တတိယအောင်ခြင်းပေတည်း။ |
1,328,015 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် ထိုနေရာတွင် ရပ်တော်မူကာ ပူဇော်သမျှသော ဤရတနာတို့သည် ဥစ္စာရှင်တို့လက်သို့သာ ရောက်စေသော်ဟု အဓိဋ္ဌာန်ပြုသည်။ |
1,328,016 | Uncategorized | အောင်ခြင်းရှစ်ပါး | ယင်းသို့ အဓိဋ္ဌာန်ပြုသည့်အတိုင်းပင် ရတနာတို့သည် သက်ဆိုင်ရာ ဥစ္စာရှင်တို့လက်သို့ ပြန်ရောက်လေသည်။ |
1,328,017 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း ဆက်လက်၍ ဆွမ်းခံကြွတော်မမူဘဲ ကျောင်းတော်သို့ ပြန်ခဲ့လေသည်။ |
1,328,018 | Uncategorized | အောင်ခြင်းရှစ်ပါး | ပြည်သူ၊ ပြည်သားတို့လည်း ကျောင်းတော်သို့သွား၍ များစွာသော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကပ်လှူပူဇော်ကြလေသည်။ |
1,328,019 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျမ်းကိုး (၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်) |
1,328,020 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅) |
1,328,021 | Uncategorized | အောင်ခြင်းရှစ်ပါး | ၄။ အင်္ဂုလိမာလကို အောင်ခြင်း |
1,328,022 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိမာလ၏ အမည်အရင်းမှာ အဟိံသက ဖြစ်သည်။ |
1,328,023 | Uncategorized | အောင်ခြင်းရှစ်ပါး | သူ၏ဖခင်သည် သာဝတ္ထိပြည်ကြီးကို အစိုးရသော ပသေနဒီကောသလမင်း၏ ပုရောဟိတ် ပုဏ္ဏားကြီး ဘဂ္ဂဝ ဖြစ်သည်။ |
1,328,024 | Uncategorized | အောင်ခြင်းရှစ်ပါး | မိခင်မှာ မန္တာနီပုဏ္ဏေးမ ဖြစ်သည်။ |
1,328,025 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသကကို ဖွားမြင်သည့်ညဉ့်၊ ဖွားဆဲခဏ၌ သာဝတ္ထိပြည် အားလုံး၌ရှိသော လေး၊ မြား၊ ဓား၊ လှံ၊ သန်လျက်၊ ခက်ရင်း စသော လက်နက်တို့သည် တစ်ပြိုင်နက် အလျှံတပြောင်ပြောင် တောက်ပကုန်၏။ |
1,328,026 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီး၏ အိပ်ရာဘေး၌ထားသော လက်စွဲတော် မင်္ဂလာသန်လျက်သည်လည်း အလျှံတပြောင်ပြောင် တောက်ပ၏။ |
1,328,027 | Uncategorized | အောင်ခြင်းရှစ်ပါး | ဖခင်ပုဏ္ဏားကြီးသည် သားဖွားသည့်အခိုက် ကောင်းကင်နက္ခတ်ကို ကြည့်သော် ခိုးသူနက္ခတ် ယှဉ်သည်ကို မြင်လေသည်။ |
1,328,028 | Uncategorized | အောင်ခြင်းရှစ်ပါး | ပုဏ္ဏားကြီးလည်း မိမိ၌ အန္တရာယ် မရှိစေလိုသဖြင့် နံနက်လင်းလျှင်လင်းချင်း မင်းကြီးထံသို့ အကျိုးအကြောင်း သွားရောက် လျှောက်ထားသည်။ |
1,328,029 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ မင်းကြီးက “ဤသူငယ်သည် တစ်ယောက်တည်းသော ခိုးသား ဖြစ်အံ့လော၊ သို့တည်းမဟုတ် အခြွေအရံအများနှင့် စုပေါင်းကာ နိုင်ငံကို ပုန်ကန်သော ခိုးသား ဖြစ်အံ့လော” ဟု မေးသည်။ |
1,328,030 | Uncategorized | အောင်ခြင်းရှစ်ပါး | ပုဏ္ဏားကြီးက “အရှင်မင်းကြီး ဤသူငယ်သည် တစ်ယောက်တည်းသော ခိုးသားသာ ဖြစ်လိမ့်မည်၊ ဤသူငယ်ကို အရှင်မင်းကြီး အလိုရှိရာ ပြုတော်မူပါ” ဟု အပ်နှံ၏။ |
1,328,031 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်းကြီးလည်း “တစ်ယောက်တည်းသော ခိုးသားဖြစ်မူ ငါမရွံ့၊ ဂရုမပြု၊ စပါးတစ်သိန်း ထွက်သောလယ်၏ အတွင်း၌ တစ်နှံတည်းသော အဖျင်းသီးသကဲ့သို့ ဖြစ်ရသည် မဟုတ်လော၊ စိုးရိမ်ရန်မရှိ၊ သင့်သားကို ကောင်းမွန်စွာလျှင် ကျွေးမွေးစောင့်ရှောက်ပါလော့” ဟု ဆိုလေသည်။ |
1,328,032 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ဖြင့် ပုဏ္ဏားကြီး ဇနီးမောင်နှံသည် သားငယ်ကို ကောင်းစွာ မွေးမြူ၍ စောင့်ရှောက်လာခဲ့သည်။ |
1,328,033 | Uncategorized | အောင်ခြင်းရှစ်ပါး | အမည်မှည့်မည့်နေ့သို့ ရောက်သောအခါ “ဤသူငယ်သည် ငါတို့၏ အမျိုးအနွယ်ကို မညှဉ်းဆဲလတ္တံ့” ဟူသော ပုဗ္ဗနိမိတ်ကိုယူ၍ အဟိံသက ဟူသော အမည်ကို မှည့်၏။ |
1,328,034 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသကသည် အရွယ်သို့ ရောက်လတ်သော တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာထံ၌ တပည့်ခံ၍ အတတ်ပညာ သင်ယူလေသည်။ |
1,328,035 | Uncategorized | အောင်ခြင်းရှစ်ပါး | စင်စစ် သူသည် စိတ်ကောင်းနှလုံးကောင်းရှိသူ ဖြစ်သည်။ |
1,328,036 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆရာကို ချစ်ခင်ရိုသေသည်။ |
1,328,037 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျိုးနွံသည်။ |
1,328,038 | Uncategorized | အောင်ခြင်းရှစ်ပါး | လေးစားချစ်ခင်ဖွယ်ကောင်းသော အမူအကျင့်နှင့် ပြည့်စုံသည်။ |
1,328,039 | Uncategorized | အောင်ခြင်းရှစ်ပါး | လုံ့လဝီရိယလည်း ရှိသည်။ |
1,328,040 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်နေ့တစ်ရက်မျှ မပြတ်အောင် အတတ်ပညာကိုလည်း နာယူမှတ်သားသည်။ |
1,328,041 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသက ရောက်သည်မှစ၍ အခြားသော တပည့်တို့သည် ဆရာ့ကိစ္စကို ဆောင်ရွက်ခွင့်မရ။ |
1,328,042 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသကကသာ အားလုံး ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးသည်။ |
1,328,043 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆရာလည်း အဟိံသကအား သားအရင်းကဲ့သို့ ချစ်ခင်လေးမြတ်သည်ဖြစ်၍ အတတ်အမျိုးမျိုးကို သင်ပေးသည်။ |
1,328,044 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် အဟိံသကသည် သူတစ်ပါးထက် ကဲလွန်၍ တတ်မြောက်၏။ |
1,328,045 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ တပည့်အချို့သည် ဝန်တိုစိတ် ဖြစ်လာကြသည်။ |
1,328,046 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသက နှင့် ဆရာ ကွဲပြားအောင် ယုတ်မာသော အကြံကို ကြံစည်ကြသည်။ |
1,328,047 | Uncategorized | အောင်ခြင်းရှစ်ပါး | “အဟိံသကသည် ဆရာ၏ မယားနှင့် ဖောက်ပြန်နေပြီ” ဟူ၍ ဆရာ့ကို ကုန်းချောကြသည်။ |
1,328,048 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ အကြိမ်ကြိမ် ကုန်းချောစကား ပြောပါများသော် ဆရာသည် နားယောင်လာသည်။ |
1,328,049 | Uncategorized | အောင်ခြင်းရှစ်ပါး | စူးစမ်း ဆင်ခြင်ခြင်း မပြု။ |
1,328,050 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသက ကို အထင်လွဲမှားလေတော့သည်။ |
1,328,051 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် အဟိံသက ကို သတ်ရန် ကြံစည်လေတော့သည်။ |
1,328,052 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ရာတွင် မိမိထံ အတတ်သင်လာသော တပည့်ကို သတ်သည် ဟူသော သတင်းသည် လူကြား၍မလျော်ဟု ဆင်ခြင်မိသည်။ |
1,328,053 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသက ကို ဥပါယ်တံမျဉ်ဖြင့် သေစေရန် ကြံစည်လေသည်။ |
1,328,054 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆရာမိုက်သည် တပည့်လိမ္မာအား ခေါ်ယူ၍ “တပည့် အဟိံသက၊ ငါ့အား လူတို့၏ လက်ညှိုးတစ်ထောင်ဖြင့် ပူဇော်ပါ၊ ပညာအားလုံးကို အကြွင်းမထား၊ တတ်သိသမျှသော အတတ်ဟူသရွေ့ကို လွန်ကဲ ထူးမြတ်စွာ သင်ပေးမည်” ဟု ဆို၏။ |
1,328,055 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟိံသက သည် ဆရာ၏ အကြံကို မရိပ်မိ။ |
1,328,056 | Uncategorized | အောင်ခြင်းရှစ်ပါး | မသိရှိ။ ဆရာ စေခိုင်းတိုင်း ပြုမည်ဟု ဆုံးဖြတ်လိုက်သည်။ |
1,328,057 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် လက်နက် ငါးပါးကို ယူ၍ ဆရာကို ရှိခိုးကာ တောအုပ်သို့ ဝင်သည်။ |
1,328,058 | Uncategorized | အောင်ခြင်းရှစ်ပါး | တွေ့သမျှသော ခရီးသွား မိန်းမ၊ ယောက်ျားတို့ကို ဖမ်း၍ သတ်သည်။ |
1,328,059 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ဦးစီ၏ လက်ညှိုး နှစ်ချောင်းစီကို ဖြတ်၍ယူသည်။ |
1,328,060 | Uncategorized | အောင်ခြင်းရှစ်ပါး | ရရှိသော လက်ချောင်းများကို မရေမတွက်၊ သစ်ရွက်၊ သစ်ခွ စသည်တို့၌သာ စုထားလေသည်။ |
1,328,061 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ လက်ညှိုးတို့ကို ကျီးငှက် စသည်တို့ စားကြသဖြင့် ပျောက်ပျက်ကုန်ကြသည်။ |
1,328,062 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် အဟိံသက သည် နောက်ထပ် ရသမျှသော လက်ညှိုးများကို ဖောက်၍ ကြိုးဖြင့် သီကုံးကာ လည်၌ ပန်းကုံးသဖွယ်ပြု၍ ဆောင်ထား၏။ |
1,328,063 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ လက်ညှိုးတို့ကို ပန်းကုံး ကဲ့သို့ လည်တွင် ဆွဲထားသည်မှ အစပြု၍ အဟိံသက ဟူသော အမည် ပျောက်၍ ‘အင်္ဂုလိမာလ’ ဟူသော အမည်တွင်လေသည်။ |
1,328,064 | Uncategorized | အောင်ခြင်းရှစ်ပါး | တောအုပ်၌ အင်္ဂုလိမာလ နှောင့်ယှက်ဖန်များသော် လူတို့သည် တောသို့ မသွားဘဲ နေကြ၏။ |
1,328,065 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အင်္ဂုလိမာလ သည် ရွာတွင်းသို့ ဝင်၍ လူတို့ကို သတ်ပြန်၏။ |
1,328,066 | Uncategorized | အောင်ခြင်းရှစ်ပါး | ရွာနေသူတို့လည်း နိဂုံးဇနပုဒ်သို့ ရွှေ့နေကြပြန်၏။ |
1,328,067 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိမာလ သည် နိဂုံးဇနပုဒ်သို့ဝင်၍ သတ်ပြန်၏။ |
1,328,068 | Uncategorized | အောင်ခြင်းရှစ်ပါး | နိဂုံးဇနပုဒ် နေသူတို့လည်း မြို့၌ ပေါင်းဆုံ စုဝေးနေလာကြ၏။ |
1,328,069 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ဖန် မြို့၌နေသော သူတို့သည်လည်း အိမ်တို့ကိုစွန့်၍ သားမြေးတို့ကို လက်ဆွဲလျက် သာဝတ္ထိမြို့ကို လာကြသည်။ |
1,328,070 | Uncategorized | အောင်ခြင်းရှစ်ပါး | သာဝတ္ထိမြို့ကို ရံ၍ သစ်ခက်တဲတို့ကို ဆောက်၍ နေပြီးနောက် မင်းရင်ပြင်၌ စည်းဝေးကြသည်။ |
1,328,071 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရင်ကြားအောင် အင်္ဂုလိမာလ အကြောင်း ငိုကြွေးဟစ်တမ်း ကြကုန်၏။ |
1,328,072 | Uncategorized | အောင်ခြင်းရှစ်ပါး | ကောသလမင်းသည် အလွန် ထိတ်လန့်သွားသည်။ |
1,328,073 | Uncategorized | အောင်ခြင်းရှစ်ပါး | သူကိုယ်တိုင် မဖမ်းဝံ့။ |
1,328,074 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့သော် ပြည်သူပြည်သားတို့ နှလုံးသက်သာရာ ရစိမ့်သောငှာ နောက်တစ်နေ့တွင် “မြင်းစီးသူရဲ ၅ဝဝ ဖြင့် အင်္ဂုလိမာလ ကို ဖမ်းယူမည်” ဟု နှစ်သိမ့်ပြောဆိုလိုက်လေသည်။ |
1,328,075 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအကြောင်းကို အင်္ဂုလိမာလ မိခင် မန္တာနီပုဏ္ဏေးမကြီးသည် ခင်ပွန်းသည် ပုဏ္ဏားကြီးထံမှ တစ်ဆင့် ကြားသိသွားသည်။ |
1,328,076 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ မိမိသား ဘေးဖြစ်မည်ကို စိုးရိမ်မိသည်။ |
1,328,077 | Uncategorized | အောင်ခြင်းရှစ်ပါး | မိခင်၏ ချစ်ခြင်းဖြင့် သားကို ခေါ်ရန် တိတ်တဆိတ် ထွက်ခဲ့လေသည်။ |
1,328,078 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအချိန်၌ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်။ |
1,328,079 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားသည် လောကကို ကြည့်တော်မူသော် အင်္ဂုလိမာလ၏ ဥပနိဿယ သမ္ပတ္တိကို မြင်တော်မူ၏။ |
1,328,080 | Uncategorized | အောင်ခြင်းရှစ်ပါး | “ငါဘုရား ကြွသွားသည်ရှိသော် ထိုခိုးသူသည် ချမ်းသာခြင်း ဖြစ်ပေလတ္တံ့၊ ရွာမဟုတ်သော တော၌ နေလျက်ပင် ဂါထာလေးပုဒ်ကို ကြားနာရရုံမျှဖြင့် ငါဘုရား၏ထံ၌ ရဟန်းပြုလိမ့်မည်။ |
1,328,081 | Uncategorized | အောင်ခြင်းရှစ်ပါး | ခြောက်ပါးသော အဘိညာဉ်တို့ကို မျက်မှောက်ပြုရလိမ့်မည်။ |
1,328,082 | Uncategorized | အောင်ခြင်းရှစ်ပါး | အကယ်၍ ငါဘုရား မကြွသွားသော် အမိကို ပြစ်မှားသတ်မိကာ သံသရာဝဋ်ဒုက္ခမှ မလွတ်မြောက်နိုင်၊ မည်သို့မျှ မထုတ်ဆောင် မကယ်နိုင်သည့် ဘဝကို ရောက်ပေတော့မည်။ |
1,328,083 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုခိုးသူကို ငါဘုရား ကယ်တင်အံ့”ဟု ဆင်ခြင်တော်မူသည်။ |
1,328,084 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် သပိတ်၊ သင်္ကန်းကို ပြင်၍ သာဝတ္ထိမြို့တွင်း ဆွမ်းခံ ဝင်တော်မူ၏။ |
1,328,085 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆွမ်းခံပြီးသော် တစ်ပါးတည်းသာလျှင် အင်္ဂုလိမာလ ရှိရာ တောအုပ်သို့ ရှေးရှု ကြွတော်မူ၏။ |
1,328,086 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုနေ့၌ပင် အင်္ဂုလိမာလ သည် လည်၌ ဆွဲထားသော လက်ညှိုးများကို ရေတွက်ကြည့်သည်။ |
1,328,087 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ထောင်ပြည့်ရန် တစ်ချောင်းသာ လိုကြောင်း တွေ့ရှိရသည်။ |
1,328,088 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုနေ့အဖို့ ရှေးဦးစွာ မြင်သောသူ တစ်ယောက်ယောက်ကို မရရအောင် သတ်မည်။ |
1,328,089 | Uncategorized | အောင်ခြင်းရှစ်ပါး | လက်ညှိုးအရေအတွက် တစ်ထောင်ပြည့်အောင် ဖြည့်ပြီးသော် ဆရာကို ပူဇော်မည်။ |
1,328,090 | Uncategorized | အောင်ခြင်းရှစ်ပါး | ကြီးမြတ်သော အတတ်ကို လျင်စွာသင်ပြီးလျှင် မိခင်၊ ဖခင်တို့ထံ ပြန်တော့အံ့ဟု ကြံသည်။ |
1,328,091 | Uncategorized | အောင်ခြင်းရှစ်ပါး | တောအုပ်လယ်မှထွက်၍ တစ်ခုသောနေရာ၌ ပုန်းကွယ်၍ စောင့်နေသည်။ |
1,328,092 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် မိခင်ဖြစ်သော မန္တာနီပုဏ္ဏေးမ သည် တောအနီးသို့ ရောက်လာသည်။ |
1,328,093 | Uncategorized | အောင်ခြင်းရှစ်ပါး | “ချစ်သား အဟိံသက... ကောသလမင်းကြီးသည် ယနေ့ပင် မောင့်ကို ဖမ်းယူရန် မြင်း ၅၀၀-ဖြင့် ထွက်လာလိမ့်မည်။ |
1,328,094 | Uncategorized | အောင်ခြင်းရှစ်ပါး | ငါ့သား သတ်ဖြတ်ခြင်း ခံရတော့မည်။ |
1,328,095 | Uncategorized | အောင်ခြင်းရှစ်ပါး | မိခင်ထံသို့ အမြန်လာခဲ့လော့” ဟု ဟစ်အော်၍ လာ၏။ |
1,328,096 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိမာလ ကလည်း မိခင်၏ အော်သံကို မကြားရသေး။ |
1,328,097 | Uncategorized | အောင်ခြင်းရှစ်ပါး | အဝေးက မိန်းမတစ်ယောက် လာနေသည်ဟုသာ ထင်မှတ်သည်။ |
1,328,098 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် ဤမိန်းမကို သတ်၍ လက်ညှိုးကို ဖြတ်ယူအံ့ဟု ကြံလျက် စောင့်နေ၏။ |
1,328,099 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် မြတ်စွာဘုရားသည် အင်္ဂုလိမာလ နှင့် မိခင်၏ အကြားသို့ စင်္ကြံ ကြွလာတော်မူသည်။ |
1,328,100 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိမာလ လည်း မထင်ရှားသော အသွင်ဖြင့် ကြွလာသော မြတ်စွာဘုရားကို မြင်လျှင် “ဤရဟန်းကိုပင် သတ်တော့အံ့” ဟု ကြံလျက် ပုန်းကွယ်ရာမှ လျင်စွာ ထွက်လာ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.