id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,601 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း-ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ |
1,329,602 | Uncategorized | ဣတိဝုတ်ပါဠိတော် | “တည်ကြည်မှု ‘သမာဓိ’ ဆင်ခြင်ဉာဏ်'သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည်ဖြစ်၍ မြတ်စွာဘုရား၏တပည့်သည် အာသဝတို့ကိုလည်းကောင်း၊ အာသဝတို့၏ ဖြစ် ကြောင်း'သမုဒယ'ကိုလည်းကောင်း၊ အာသဝတို့၏ချုပ်ရာ'နိရောဓ'ကိုလည်းကောင်း၊ အာသဝတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ |
1,329,603 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းသည် အာသဝတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,604 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-ဒုတိယအာသဝသုတ် |
1,329,605 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၅၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,606 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- ကာမာသဝ ဘဝါသဝအဝိဇ္ဇာသဝတို့တည်း။ |
1,329,607 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ပုဂ္ဂိုလ်အား ကာမာသဝသည်ကုန်ခဲ့ပြီ။ |
1,329,608 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဝိဇ္ဇာသဝသည်လည်း ကင်း ပျောက်ပြီ။ |
1,329,609 | Uncategorized | ဣတိဝုတ်ပါဠိတော် | ့ဘဝါသဝသည်လည်းကုန်ခန်းပြီ။ |
1,329,610 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုပုဂ္ဂိုလ်သည် (ကိလေသာမှ) ကင်း လွတ်ပြီးလျှင် ဥပဓိမရှိမူ၍စစ်သည်နှင့် တကွသော မာရ်ကို အောင်လျက် အဆုံး စွန်သော ကိုယ်အတ္တဘောကို ဆောင်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,611 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၅၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,612 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တဏှာတို့သည် ဤသုံးပါးတို့တည်း။ |
1,329,613 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- ကာမတဏှာ၊ ဘဝ တဏှာ၊ ဝိဘဝတဏှာတို့တည်း။ |
1,329,614 | Uncategorized | ဣတိဝုတ်ပါဠိတော် | “တဏှာယောဂနှင့် ယှဉ်၍ ဘဝကြီးငယ်၌ တပ်သော စိတ်ရှိကြသူ နိဗ္ဗာန် အရဟတ္တဖိုလ်ကို မရကြသည့်ထိုသတ္တဝါတို့သည် မာရ်နတ်၏ ကျော့ကွင်းတည်းဟူသော ယောဂနှင့် ယှဉ်ကုန်၍ ပဋိသန္ဓေနေခြင်းသေခြင်းသို့ ရောက်ကုန်သည် ဖြစ်ရကား သံသရာသို့ သွားကုန်၏။ |
1,329,615 | Uncategorized | ဣတိဝုတ်ပါဠိတော် | လောက၌ အကြင်သူတို့သည်ကား တဏှာကို ပယ်သတ်ပြီး၍ ဘဝကြီးငယ်၌ တဏှာကင်းကုန်၏။ |
1,329,616 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည်လည်း အာသဝကုန်ခြင်းသို့ ရောက်ကုန်၏။ |
1,329,617 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသူအားလုံးတို့သည် နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကမ်းသို့ မုချရောက်ကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,618 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-မာရဓေယျသုတ် |
1,329,619 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၅၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,620 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားသုံးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏။ |
1,329,621 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နှင့်နည်း- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ရဟန္တာတို့၏ဥစ္စာ) အသေက္ခဖြစ်သော သီလအစုနှင့် ပြည့်စုံ၏။ |
1,329,622 | Uncategorized | ဣတိဝုတ်ပါဠိတော် | အသေက္ခဖြစ်သော သမာဓိအစုနှင့် ပြည့်စုံ၏။ |
1,329,623 | Uncategorized | ဣတိဝုတ်ပါဠိတော် | အသေက္ခဖြစ်သော ပညာအစုနှင့် ပြည့်စုံ၏။ |
1,329,624 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားသုံးပါတို့နှင့် ပြည့်စုံသော ရဟန်းသည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏ဟု ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ |
1,329,625 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာဟူကုန်သော ဤတရားတို့ကို ကောင်း စွာပွါးများအပ်ကုန်၏။ |
1,329,626 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုပုဂ္ဂိုလ်သည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,627 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ပုညကိရိယဝတ္ထုသုတ် |
1,329,628 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,629 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ |
1,329,630 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- ပေးကမ်းမှု ‘ဒါန’ဟူသော ပုညကိရိယဝတ္ထု၊ ကျင့်သုံးမှု ‘သီလ’ဟူသော ပုညကိရိယဝတ္ထု၊ ပွါးများမှု ‘ဘာဝနာ’ဟူသော ပုညကိရိယဝတ္ထုတို့တည်း။ |
1,329,631 | Uncategorized | ဣတိဝုတ်ပါဠိတော် | နောင်အခါ၌ မြင့်မြတ်၍ ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။ |
1,329,632 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာရှိသူသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ ဆင်းရဲကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,633 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂-စက္ခုသုတ် |
1,329,634 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,635 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စက္ခုတို့သည် ဤသုံးပါးတို့တည်း။ |
1,329,636 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း-မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုတို့တည်း။ |
1,329,637 | Uncategorized | ဣတိဝုတ်ပါဠိတော် | “မံသစက္ခု ဒိဗ္ဗစက္ခုနှင့် အတုမရှိသော ပညာစက္ခုဟူကုန်သော စက္ခုသုံးပါးတို့ကို ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ |
1,329,638 | Uncategorized | ဣတိဝုတ်ပါဠိတော် | မံသစက္ခု၏ ဖြစ်ခြင်းသည် ဒိဗ္ဗစက္ခု၏ အကြောင်းတည်း။ |
1,329,639 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်အခါ အတု မရှိသော ပညာစက္ခုဟူသော အာသဝက္ခယဉာဏ်သည် ထင်ရှားဖြစ်၏။ |
1,329,640 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအခါ ယင်းပညာစက္ခုဟူသော အာသဝက္ခယဉာဏ်ကို ရခြင်းကြောင့် ဆင်းရဲအားလုံးမှ ကင်းလွတ်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,641 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,642 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ |
1,329,643 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း-သောတာပတ္တိမဂ်ဉာဏ်ဟူသော အနညာတညဿာမီတိန္ဒြေ၊ အထက်မဂ်သုံးပါးနှင့် အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ၊ အရဟတ္တ ဖိုလ်ဟူသော အညာတာဝိန္ဒြေတို့တည်း။ |
1,329,644 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဖြောင့်မှန်သော လမ်းသို့ အစဉ်လိုက်သော ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်အား ကိလေသာကုန်ရာ နိဗ္ဗာန်၌ ပဌမအနညာတညဿာမီတိန္ဒြေဉာဏ် ဖြစ်၏။ |
1,329,645 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုဉာဏ်မှ အခြားမဲ့၌ အထက်မဂ်သုံးပါးနှင့်အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ ဖြစ်၏။ |
1,329,646 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအရဟတ္တမဂ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်ဟူသော အညာတာဝိန္ဒြေ ဖြစ်၏။ |
1,329,647 | Uncategorized | ဣတိဝုတ်ပါဠိတော် | ကိလေသာမှလွတ်ပြီးသောတာဒိဂုဏ်ရှင် ရဟန္တာပုဂ္ဂိုလ်အား ဘဝသံယောဇဉ်ကုန်ခန်းခြင်းကြောင့် ငါ၏အရဟတ္တဖိုလ်သည် မပျက်စီးဟု ပစ္စဝေက္ခဏာဉာဏ်သည် မုချဖြစ်၏။ |
1,329,648 | Uncategorized | ဣတိဝုတ်ပါဠိတော် | စင်စစ် ဣန္ဒြေနှင့် ပြည့်စုံ၍ ငြိမ်းအေးလျက် ငြိမ်းအေးရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုပုဂ္ဂိုလ်သည် စစ်သည်နှင့်တကွ မာရ်ကို အောင်လျက် အဆုံးစွန်သော ကိုယ်အတ္တဘောကို ဆောင်၏”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,649 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၄-အဒ္ဓါသုတ် |
1,329,650 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,651 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာလတို့သည် ဤသုံးပါးတို့တည်း။ |
1,329,652 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလတို့တည်း။ |
1,329,653 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ခန္ဓာငါးပါး၌ ငါ သူတစ်ပါးဟု အမှတ်ရှိကုန်သော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ တည်ကုန်လျက်ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်းနှင့် စပ်ယှဉ်ခြင်းသို့ ရောက်ကုန်၏။ |
1,329,654 | Uncategorized | ဣတိဝုတ်ပါဠိတော် | (ရဟန္ထာပုဂ္ဂိုလ်သည် ) ခန္ဓာငါးပါးကို ပိုင်းခြားသိသောကြောင့် ခန္ဓာငါးပါးကို ငါ သူတစ်ပါးဟု မအောက်မေ့၊ ကိလေသာမှ လွတ်သည်ဖြစ်၍ အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်ကို စိတ်ဖြင့်တွေ့ထိသိမြင်၏။ |
1,329,655 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာငါးပါးကို ပိုင်းခြား၍ သိခြင်းနှင့် ပြည့်စုံလျက် သူတော်ကောင်းဖြစ်၍ ငြိမ်း အေးရာ နိဗ္ဗာန်၌ မွေ့လျော်ကာ ဆင်ခြင်၍မှီဝဲလေ့ရှိသောတရား၌ တည်သူ ထို ရဟန္တာပုဂ္ဂိုလ်သည် သတ္တဝါဟူသော ရေတွက်ခြင်းသို့ မရောက်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,656 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၅-ဒုစ္စရိတသုတ် |
1,329,657 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,658 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- ကာယဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနောဒုစရိုက်တို့တည်း။ |
1,329,659 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ |
1,329,660 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို ပြုခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားသော အမှုကို ပြုခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကပ်ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,661 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ ရပါသည်။ |
1,329,662 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၆-သုစရိတသုတ် |
1,329,663 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,664 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ |
1,329,665 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း - ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်တို့တည်း။ |
1,329,666 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပညာရှိသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားအမှုကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုမူ၍ကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,667 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇-သောစေယျသုတ် |
1,329,668 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,669 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးပါးတို့တည်း။ |
1,329,670 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း-ကိုယ်၏စင်ကြယ်ခြင်း၊ နှုတ်၏စင်ကြယ်ခြင်း၊ စိတ်၏စင်ကြယ်ခြင်းတို့တည်း။ |
1,329,671 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကိုယ်စင်ကြယ်မှု နှုတ်စင်ကြယ်မှု စိတ်စင်ကြယ်မှုရှိသော အလုံးစုံသော ကိလေသာအညစ်အကြေးတို့ကို ပယ်ပြီးဖြစ်၍ ဖြူစင်မှု ‘သောစေယျ’ တရားနှင့် ပြည့်စုံသော အာသဝေါကင်းသူရဟန္တာပုဂ္ဂိုလ်ကို စင်ကြယ်သူဟူ၍ ဆိုကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,672 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-မောနေယျသုတ် |
1,329,673 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,674 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန္တာအဖြစ်ကို ပြုတတ်သော ‘မောနေယျ’ အကျင့်တို့သည် ဤသုံးပါးတို့တည်း။ |
1,329,675 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- ကာယမောနေယျ၊ ဝစီမောနေယျ၊ မနောမောနေယျတို့တည်း။ |
1,329,676 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ရဟန္တာအဖြစ်ကို ပြုတတ်သော ‘မောနေယျ’ အကျင့်တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,677 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကာယဒုစရိုက်ကို ပယ်ဖျက်မှု ဝစီဒုစရိုက်ကို ပယ်ဖျက်မှု မနောဒုစရိုက်ကို ပယ် ဖျက်မှုရှိသော မဂ်ရေစင်ဖြင့် မကောင်းမှုကို ဆေးကြောပြီးသော မြင့်မြတ်သော မောနေယျတရားနှင့် ပြည့်စုံသော အာသဝေါမရှိသူ ရဟန္တာကို မုနိဟူ၍ ဆိုကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,678 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉-ပဌမရာဂသုတ် |
1,329,679 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,680 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို မပယ်နိုင်သေး ဒေါသကို မပယ်နိုင်သေးမောဟကို မပယ်နိုင်သေး၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မာရ်သည် နှောင်ဖွဲ့ထားသူ မာရ်၏ ကျော့ကွင်းအစွပ် ခံရသူ မာရ်နတ်အလိုရှိတိုင်း အပြုခံရသူဟု ဆိုအပ်၏၊ ရဟန်းတို့အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို ပယ်နိုင်၏၊ ဒေါသကို ပယ်နိုင်၏၊ မောဟကို ပယ်နိုင်၏၊ ရဟန်းတို့... |
1,329,681 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏၊ ထိုသူကို ပွါးများပြီးသူတို့တွင် တစ်ယောက်အပါ အဝင်ဖြစ်၍ မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ရှေးရှေးရဟန္တာတို့ကဲ့သို့ ကြွရောက်လာသူ အလုံးစုံသော ကိလေသာတို့ကို ပယ်ပြီးဖြစ်သူ ဘေးအပေါင်း ရန် အပေါင်းကို လွန်ပြီးသူ သစ္စာလေးပါးကို သိပြီးသူဟု ဆိုကု... |
1,329,682 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-ဒုတိယရာဂသုတ် |
1,329,683 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,684 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန်းယောက်ျားဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ အကြင်တစ်စုံတစ်ယောက်သည် ရာဂကို မပယ်နိုင်သေး၊ ဒေါသကို မပယ်နိုင်သေး၊ မောဟကို မပယ်နိုင်သေး။ |
1,329,685 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ်နှင့်တကွ ဖြစ်သော သမုဒ္ဒရာကို မကူးမြောက်နိုင်သေးသူဟု ဆိုအပ်၏၊ ရဟန်းတို့ ရဟန်းယောက်ျားဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေအကြင်တစ်စုံတစ်ယောက်သည် ရာဂကို ပယ်နိုင်၏၊ ဒေါသကို ပယ်နိုင်၏၊ မောဟကို ပယ်နိုင်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး... |
1,329,686 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ပုဂ္ဂိုလ်သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏၊ ထိုပုဂ္ဂိုလ်သည် ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ် ကြောက်မက်ဖွယ်လှိုင်းတံပိုးနှင့်တကွ ဖြစ်၍ လွန်မြောက်နိုင်ခဲသော ဤသမုဒ္ဒရာကို လွန်မြောက်ပြီ။ |
1,329,687 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် ရာဂစသော ငါးပါးအပေါင်းကို လွန်မြောက်လျက် သေမင်းကို စွန့်ပြီးလျှင်ကိလေသာစသော ဥပဓိမရှိမူ၍ တစ်ဖန် ပဋိသန္ဓေနေခြင်းဆင်းရဲကို ပယ်စွန့်နိုင်၏၊ ရာဂစသည်တို့၏ချုပ်ခြင်းသို့ ရောက်သော ထိုသူသည် သီလ စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် နှိုင်းယှဉ်ထိုက်သူ၏အဖြစ်သို့ မရောက်၊ သေမင်းကို တွေဝေစေ၏ဟု ငါဆို၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,688 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-မိစ္ဆာဒိဋ္ဌိကသုတ် |
1,329,689 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,690 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလ... |
1,329,691 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်ပေ၊ ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက်မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့်တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက... |
1,329,692 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါ... |
1,329,693 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဤလောက၌ အကြားအမြင်နည်းသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ပါလျက်ကိုယ်ဖြင့်မှားသော အမှုတို့ကို ပြု၍မှားသော စကားကိုလည်း ပြောဆို၍မှားသော စိတ်ကိုလည်းဆောက်တည်၍ မကောင်းမှုတို့ကို ပြု၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,694 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-သမ္မာဒိဋ္ဌိကသုတ် |
1,329,695 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,696 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ့်သော နတ်ပြည်သို့ ကပ်ရောက်သည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။ |
1,329,697 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်၊ ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက်မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း ထိုသတ္တဝါတို့ ခန္ဓာကို... |
1,329,698 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူသတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရားမြင်တော်မူ၏။ |
1,329,699 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,700 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဤလောက၌ အကြားအမြင်များသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ရကားကိုယ်ဖြင့် ကောင်းသော အမှုတို့ကို ပြု၍မှန်ကန်သော စကားကိုလည်း ပြောဆို၍ကောင်းသော စိတ်ကိုလည်း ဆောက်တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြု၏၊ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.