id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,701 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၃-နိဿရဏိယသုတ် |
1,329,702 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,703 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ထွက်မြောက်ကြောင်းနှင့် စပ်ကုန်သော ဓာတ်တို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- ကာမတို့မှ ထွက်မြောက်ကြောင်းဖြစ်သော ပဌမဈာန်ဟူသော ‘နေက္ခမ္မ’ ဓာတ်၊ ရူပါဝစရတရားတို့မှ ထွက်မြောက်ကြောင်းဖြစ်သော အရူပဈာန်ဟူသော ‘အရူပ’ ဓာတ်၊ ထင်ရှားဖြစ်ပေါ်လာသော အကြောင်းတရားတို့ ပြုပြင်စီရင်အပ်သော အကြောင်းကို စွဲ၍ ဖြစ်သော အလုံးစုံ... |
1,329,704 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လရှိသောအခါ ခပ်သိမ်း နိဿရဏ သုံးပါးတို့ကို ကောင်းစွာမြင်သော ပုဂ္ဂိုလ်သည် ကာမတို့မှ ထွက်မြောက်ကြောင်းကိုလည်းကောင်း ရူပါဝစရတရားတို့မှလွန်မြောက်ကြောင်းကိုလည်းကောင်း သိသောကြောင့် သင်္ခါရအားလုံးတို့၏ ငြိမ်းအေးရာ နိဗ္ဗာန်ကို တွေ့ထိသိမြင်ရ၍ ထိုကာမရူပသင်္ခတတို့၌ သမုစ္ဆေဒဝိမုတ္တိအားဖြင့် လွတ်မြောက... |
1,329,705 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၄-သန္တတရသုတ် |
1,329,706 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,707 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရူပါဝစရတရားတို့ထက် အရူပါဝစရတရားတို့သည် အထူးငြိမ်းအေးကုန်၏၊ အရူပါဝစရတရားတို့ထက် (ရုပ်နာမ်ချုပ်ရာ) နိဗ္ဗာန်သည် အထူးငြိမ်းအေး၏၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,708 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ရူပဘဝသို့ ကပ်ရောက်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အရူပဘဝ၌ တည်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း နိဗ္ဗာန်ကို မသိကြကုန်သောကြောင့် တစ်ဖန်ဘဝသစ်သို့ လားရောက်ရကုန်၏။ |
1,329,709 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည် ရူပါဝစရတရားတို့ကို ပိုင်းခြားသိကုန်၍ အရူပါဝစရတရားတို့၌ မတည်ကြကုန်ဘဲနိရောဓ၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ် မြောက်ကုန်၏၊ ထိုသူတို့သည် သေမင်းမှလွန်မြောက်ကုန်၏။ |
1,329,710 | Uncategorized | ဣတိဝုတ်ပါဠိတော် | အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,711 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-ပုတ္တသုတ် |
1,329,712 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,713 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသားသုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အဘယ်သုံးယောက်တို့နည်း- (အမိအဖတို့ထက်) ဂုဏ်လွန်သော အတိဇာတသားလည်းကောင်း၊ (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတ သားလည်းကောင်း၊ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော အဝဇာတသားလည်းကောင်းတည်း။ |
1,329,714 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အတိဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊... |
1,329,715 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အနုဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊... |
1,329,716 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအမိအဖတို့၏သားသည်လည်း မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ မမှန်စကားပြောခြင်းမှ ရှောင်ကြဉ်သူ ဖြ... |
1,329,717 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ရဟန်းတို့ အဝဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ တရားတော်ကို ကိုးကွယ်ဆည်း ကပ်သူတို့ ဖြစ်ကုန်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ အသက်သတ်ခြင်းမှ ရှောင် ကြဉ်သူတို့ ဖြစ်ကုန်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှရှောင်ကြဉ်သူတို့ ဖြစ်ကု... |
1,329,718 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအမိအဖတို့၏သားသည်ကား မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူ မဟုတ်၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊ သံဃာတော်ကို ကိုးကွယ်ဆည်း ကပ်သူ မဟုတ်၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင် ကြဉ်သူမဟုတ်၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊ မမှန်စကားပြောခြင်းမှရှောင်ကြဉ်သူ မဟ... |
1,329,719 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသားသုံးယောက်တို့သည် ဤလောက၌ ထင်ရှားရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,720 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပညာရှိတို့သည် (အမိအဖထက်) ဂုဏ်လွန်သော အတိဇာတသားနှင့် (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတသားကို အလိုရှိကုန်၏၊ အကြင်သားသည် အမျိုး အနွယ်ကို ဖျက်၏၊ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော ထိုအဝဇာတသားကို အလိုမရှိကုန်။ |
1,329,721 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤသုံးယောက်သော သားတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အကြင်သားတို့သည် ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ သဒ္ဓါသီလနှင့် ပြည့်စုံကုန်၏၊ တောင်း ဆိုသူတို့၏ စကားကို သိကုန်၏၊ ဝန်တိုခြင်းကင်းကုန်၏၊ ထိုသားတို့သည် တိမ် တိုက်မှ လွတ်သော လသည် တင့်တယ်သကဲ့သို့ ပရိသတ်တို့၌ တင့်တယ်ကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,722 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၆-အဝုဋ္ဌိကသုတ် |
1,329,723 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,724 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အဘယ်သုံးယောက်တို့ နည်း-မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်တို့တည်း။ |
1,329,725 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်း ပေးလှူတ... |
1,329,726 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အချို့သော သမဏဗြာဟ္မဏ အထီးကျန်သူဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်းပေးလှူတတ်သူဖြ... |
1,329,727 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏအထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမ... |
1,329,728 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသုံးယောက်သော ပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,729 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူသည် ထမင်းအဖျော်ဘောဇဉ်ကို ရ၍ သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစားသူတောင်းစားတို့ကို ထမင်းအဖျော်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ရသည် ဖြစ်လျက်မဝေဖန်၊ စင်စစ် ထိုသို့ သဘောရှိသော ထိုယောက်ျားယုတ်ကို မရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။ |
1,329,730 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် အလှူခံအချို့တို့အား ပေးလှူ၏၊ အလှူခံအချို့တို့အား မပေး လှူ၊ ထိုသို့ သဘောရှိသောသူကို ပညာရှိတို့သည် ကွက်ကျားရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။ |
1,329,731 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထမင်းရလွယ်သည့် စကားကို ပြောတတ်သော အလုံးစုံသော သတ္တဝါတို့ကို သနားစောင့်ရှောက်တတ်သော ယောက်ျားသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ဖြန့်ကြဲပေးလှူတတ်၏၊ ပေးလိုက်ကြပါကုန်၊ ပေးလိုက်ကြပါကုန်ဟု ဆိုတတ်၏။ |
1,329,732 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- မိုးသည် ထစ်ကြိုးမြည်ဟည်း၍ ရွာပြီးလျှင် ရေဖြင့် စီးလျက်သာလျှင် ကြည်းကုန်းကိုလည်းကောင်း၊ ချိုင့်ဝှမ်းရာကိုလည်းကောင်း ပြည့်စေသကဲ့သို့ ဤအတူသာလျှင် ဤလောက၌ ထိုသို့ သဘောရှိသောအချို့ပုဂ္ဂိုလ်သည် တရားသဖြင့် စုဆောင်း၍ ထကြွမှု လုံ့လကြောင့် ရသော ဥစ္စာကို ရှေ့မှောက်ရောက်လာကုန်သောသူဖုန်းစားတို့အား ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏”ဟု ... |
1,329,733 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇-သုခပတ္ထနာသုတ် |
1,329,734 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,735 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ အဘယ်သုံးပါးတို့နည်း- ကျော်စောသတင်း ချီးမွမ်းခြင်းသည် ငါ့ထံသို့ ရောက်ပါစေဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ စည်းစိမ်ချမ်းသာတို့သည် ငါ့အား ဖြစ်ပေါ်ပါစေကုန်သတည်းဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မ... |
1,329,736 | Uncategorized | ဣတိဝုတ်ပါဠိတော် | ချီးမွမ်းခြင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကိုလည်းကောင်း၊ တမလွန်ဘဝ ဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာ လားရောက်ရခြင်းကိုလည်းကောင်း (ဤ) ချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ |
1,329,737 | Uncategorized | ဣတိဝုတ်ပါဠိတော် | မကောင်းမှုကို (မိမိ) မပြုသော်လည်း မကောင်းမှု ပြုသူကိုမှီဝဲဆည်းကပ်မူ မကောင်းမှု၌ ပြုလေသလော မပြုလေသလောဟု တွေးတောယုံမှားခံရ၏၊ မကောင်းသတင်း ကျော်စောခြင်းသည်လည်းထိုသူ့အပေါ်သို့ ရောက်၏။ |
1,329,738 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် အကြင်ကောင်း မကောင်း သဘောရှိသောသူကို အဆွေခင်ပွန်း ပြု၍မှီဝဲဆည်းကပ်၏၊ ထိုသူသည် ထိုကောင်း မကောင်းရှိသူသာ ဖြစ်၏၊မှန်၏၊ အတူတကွ ပေါင်းဖော်နေထိုင်သူသည် ထိုအတူတကွ နေထိုင်သူနှင့် တူသော သဘော ရှိသည်သာ ဖြစ်၏။ |
1,329,739 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဆိပ်လူးမြားသည် အဆိပ်မလိမ်းကျံသေးသော မြားစည်းကို မိမိအဆိပ်ဖြင့် လိမ်းကျံကူးစက်သကဲ့သို့မှီဝဲဆည်းကပ်ခံရသူ သူယုတ်မာသည် မိမိသို့မှီဝဲဆည်း ကပ်လာသူ သူတော်ကောင်းကို မိမိ၏ယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏၊ အတူ တကွ ပေါင်းသင်း ဆက်ဆံလက်ခံသူ သူယုတ်မာသည် မိမိသို့ ပေါင်းသင်းဆက်ဆံ လာသူ သူတော်ကောင်းကို မိမိယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏၊... |
1,329,740 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်၏၊ ထိုသူ၏ သမန်းမြက်တို့သည်လည်းအပုပ်နံ့လှိုင်ကုန်သကဲ့သို့ သူမိုက်ကိုမှီဝဲသူတို့သည် ဤအတူ အပုပ်နံ့ လှိုင်ကုန်၏၊ အကြင်သူသည် ပေါက်ရွက်ဖြင့် တောင်ဇလပ်ပန်းကို ထုပ်၏၊ ထိုသူ၏ ပေါက်ရွက်တို့သည်လည်း အမွှေးနံ့လှိုင်ကုန်သကဲ့သို့ ပညာရှိကိုမှီဝဲသူတို့သည် ဤအတူ အမွှေးနံ့လှိုင်ကုန်၏။ |
1,329,741 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် ဖက်ရွက်ထုပ်ကဲ့သို့ မိမိကောင်းကျိုး မကောင်းကျိုးကို သိ၍ ပညာရှိသည် သူယုတ်မာတို့ကို မမှီဝဲရာ၊ သူတော်ကောင်းတို့ကိုသာမှီဝဲရာ၏၊ သူယုတ်မာတို့သည် ငရဲသို့ ဆောင်တတ်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ ရောက်စေတတ်ကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,742 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈-ဘိဒုရသုတ် |
1,329,743 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,744 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤခန္ဓာကိုယ်သည် ကွဲပြိုခြင်းသဘောရှိ၏၊ ဝိညာဏ်သည် ကင်းပြတ်ခြင်းသဘောရှိ၏၊ ခန္ဓ-ကိလေသ-အဘိသင်္ခါရ-ကာမဂုဏ်ဟူသော ဥပဓိ၁အားလုံးတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘောရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,745 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကွဲပြိုခြင်းသဘောရှိသော ခန္ဓာကိုယ်ကိုလည်းကောင်း၊ ကင်းပြတ်ခြင်း သဘောရှိသော ဝိညာဏ်ကိုလည်းကောင်း သိ၍ ဥပဓိအားလုံးတို့၌ ဘေးကိုလည်း တွေ့မြင်လျက် ပွါးများပြီးသော ကိုယ်စိတ်ရှိသူသည် မြတ်သော ငြိမ်းအေးရာနိဗ္ဗာန်သို့ ရောက်၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်ပြီးဖြစ်ရကား မိမိအသက်ကို မနှစ်သက်ဘဲ ပရိနိဗ္ဗာန်ပြုရ မည့်ကာလကို ကြည့်ရှု... |
1,329,746 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁။ ဥပဓိလေးပါး (၁) ခန္ဓာငါးပါးသည် ခန္ဓုပဓိ (၂) ကိလေသာဟူသမျှသည် ကိလေသုပဓိ (၃) ကုသိုလ်ကံ အကုသိုလ်ကံသည် အဘိသင်္ခါရုပဓိ (၄) ကာမဂုဏ်ငါးပါးသည် ကာမဂုဏုပဓိ။ |
1,329,747 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-ဓာတုသော သံသန္ဒနသုတ် |
1,329,748 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,749 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြ... |
1,329,750 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အတိတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါ... |
1,329,751 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့... |
1,329,752 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ယခု ပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အ... |
1,329,753 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ရောနှောခြင်းကြောင့် ကိလေသာဖြစ်၏၊ မရောနှောခြင်းကြောင့် ကိလေသာ ပျက်စီး၏၊ သေးငယ်သော သစ်သားဖောင်ကို တက်စီး၍ မဟာသမုဒ္ဒရာ၌ နစ်မြုပ် ရသကဲ့သို့ ဤအတူ ပျင်းရိသူကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်း ရှိသောသူသည်လည်း သံသရာ၌ နစ်မြုပ်ရ၏၊ ထို့ကြောင့် ယုတ်လျော့သော ဝီရိယ ရှိသော ထိုပျင်းရိသူကို ရှောင်ကြဉ်ရာ၏။ |
1,329,754 | Uncategorized | ဣတိဝုတ်ပါဠိတော် | ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ အမြဲထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့် အတူတကွနေထိုင်မှီဝဲရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,755 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-ပရိဟာနသုတ် |
1,329,756 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၇၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,757 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မတိုးတက် မကြီးပွါးရန်သာဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏၊ အမှုကိစ္စ၌ မွေ့လျော်သူ ဖြစ်၏၊ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူ ဖြစ်၏၊ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏၊ စကားပြော... |
1,329,758 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား တိုးတက်ကြီးပွါးရန်သာ ဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အမှုကိစ္စလျှင်မွေ့လျော်ရာရှိသူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်သူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူမဟုတ်၊ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ မဟုတ်၊ စကားပြောခြင်... |
1,329,759 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာ ရှိ၏၊ စကားပြောခြင်းလျှင် မွေ့လျော်ရာ ရှိ၏၊ အိပ်ခြင်းလျှင် မွေ့လျော်ရာ ရှိ၏၊ တုန်လှုပ်ပျံ့လွင့်တတ်၏၊ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မထိုက်။ |
1,329,760 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် ပင် အမှုကိစ္စနည်းသူ အိပ်ခြင်းနည်းသူ မပျံ့လွင့်သူ ဖြစ်ရာ၏၊ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,761 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၄-စတုတ္ထဝဂ် |
1,329,762 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,763 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိတက်'တို့သည် ဤသုံးပါးတို့တည်း။ |
1,329,764 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိတက်’၊ လာဘ်ပူဇော်သကာ အကျော်အစောနှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိတက်’၊ သူတစ်ပါးတို့၌ ချစ်ခင်မှု ‘ဂေဟဿိတပေမ'နှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိတက်'တို့တည်း၊ ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိတက်'တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကိ... |
1,329,765 | Uncategorized | ဣတိဝုတ်ပါဠိတော် | “သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သူ၊ လာဘ်ပူဇော်သကာ အကျော်အစော၌ လေးစားသူ၊ ချစ်ကျွမ်းဝင်သူတို့နှင့်တကွ (ဂေဟဿိတပေမဖြင့်) နှစ်သက်ဝမ်းမြောက်လေ့ရှိသူသည် သံယောဇဉ်ကုန်ခန်းရန် ဝေးကွာလှ၏။ |
1,329,766 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည်ကား သားသမီး ကျွဲနွားကိုလည်းကောင်း၊ ထိမ်းမြားခြင်းအမှုတို့ကိုလည်းကောင်း၊ ပစ္စည်းပရိက္ခရာ သိမ်းဆည်းမှုတို့ကိုလည်းကောင်း ပယ်စွန့်၍ ရှင်ရဟန်းပြု၏၊ ထိုသို့ သဘောရှိသော ထိုရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,767 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-သက္ကာရသုတ် |
1,329,768 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,769 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။ |
1,329,770 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။ |
1,329,771 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရားမြင်တော်မူ၏။ |
1,329,772 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို အခြားတစ်ပါးသော သမဏထံမှလည်းကောင်း၊ ဗြာဟ္မဏထံမှလည်းကောင်း ကြား၍ ဟောတော်မူသည် မဟုတ်၊ ရဟန်းတို့ စင်စစ်မှာမူ ငါဘုရားသည် ကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ဟောတော်မူ၏။ |
1,329,773 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ့ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။ |
1,329,774 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။ |
1,329,775 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင် တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏၊ ထိုသုတ်... |
1,329,776 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပူဇော်သက္ကာရ ပြုမှုကြောင့်လည်းကောင်း၊ ပူဇော်သက္ကာရ မပြုမှုကြောင့်လည်းကောင်း၊ နှစ်ပါးစုံကြောင့်လည်းကောင်း ပူဇော်သက္ကာရအပြုခံရသော မမေ့မလျော့ နေလေ့ရှိသော အကြင်ပုဂ္ဂိုလ်၏သမာဓိသည် မတုန်လှုပ်။ |
1,329,777 | Uncategorized | ဣတိဝုတ်ပါဠိတော် | သိမ်မွေ့သော ပညာဖြင့် ရှုလေ့ရှိသော အမြဲမပြတ် သမထဝိပဿနာဖြင့် ရှုလေ့ရှိသော ဥပါဒါန်တို့၏ကုန်ရာ အရဟတ္တဖိုလ်လျှင် မွေ့လျော်ရာရှိသော ထိုပုဂ္ဂိုလ်ကို သူတော်ကောင်းဟု ဆိုကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,778 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၃-ဒေဝသဒ္ဒသုတ် |
1,329,779 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,780 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဤသုံးမျိုးသော နတ်တို့အချင်းချင်း ပြောဆိုသံတို့သည် ဖြစ်ပေါ်လာကုန်၏။ |
1,329,781 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါတို့နည်း- ရဟန်းတို့အကြင်အခါ၌ အရိယာတပည့်သည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ရန် ကြိုးစားအားထုတ်၏၊ ထိုအခါ “ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်ရန် ကြိုးစားအားထုတ်၏”ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်းပြောဆိုသံသည် ဖြစ်ပေါ်လာ၏၊ ရဟန်းတို... |
1,329,782 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် ဗောဓိပက္ခိယတရားခုနစ်ပါးတို့ကို ပွါးများအားထုတ်မှုနှင့် မပြတ်ယှဉ်လျက် နေ၏၊ ထိုအခါ ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်နေ၏ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဒုတိယဖြစ်သ... |
1,329,783 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်လျက်နေ၏၊ ထိုအခါ “ဤအရိယာတပည့်သည် အောင်အပ်ပြီးသော စစ်မြေပြင်ရှိ၍ ထိုစစ်မြေဦးကိုပ... |
1,329,784 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အောင်အပ်ပြီးသော စစ်မြေပြင်ရှိသော သီလစသော ဂုဏ်အားဖြင့် ကြီးမြတ်သော ကြောက်ရွံ့ခြင်းကင်းသော မြတ်စွာဘုရား၏ တပည့်သားကို တွေ့မြင်ကြရကုန်၍ နတ်တို့သည်လည်းရှိခိုးကုန်၏။ |
1,329,785 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ယောက်ျားအာဇာနည်ဖြစ်သော အသျှင်ဘုရား အသျှင်ဘုရားသည် တားမြစ်ခြင်းငှါ ခဲယဉ်းလှစွာသော သေမင်း၏ စစ်သည်ကို အရဟတ္တမဂ်ဖြင့် အောင်နိုင်သောကြောင့် လူများစွာတို့၏ အောင်နိုင်ခဲသည်ကို အောင်တော်မူပေပြီ၊ ထိုအသျှင်ဘုရားအား ရှိခိုးပါ၏။ |
1,329,786 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးသော ဤရဟန္တာပုဂ္ဂိုလ်ကို နတ်တို့သည် ဤသို့ ရှိခိုးကြကုန်၏၊မှန်၏-အကြင်အကြောင်းကြောင့် ယောက်ျားအာဇာနည်သည် သေမင်း၏ အလိုသို့ လိုက်နာရ၏၊ ထိုယောက်ျားအာဇာနည်၏ သေမင်းအလိုသို့ လိုက်နာရမည့် ထိုအကြောင်းကို နတ်တို့သော်မှလည်းမမြင်နိုင်ကြကုန်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,787 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄-ပဉ္စပုဗ္ဗနိမိတ္တသုတ် |
1,329,788 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,789 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နတ်တို့သည် နတ်ပြည်မှ စုတေချိန်နီးသောအခါ ထိုနတ်သားအား “ပန်ဆင်သော ပန်းတို့ညှိုးနွမ်းကုန်၏၊ အဝတ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊ လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊ ကိုယ်၌ အရေအဆင်းမလှခြင်းသို့ ရောက်ရ၏၊ နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်”ဟူသော ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ |
1,329,790 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ထိုနတ်သားကို နတ်တို့သည် “ဤနတ်သားကား စုတေချိန်နီး၏”ဟု သိ၍ “အရှင် ဤနတ်ဘုံမှ သုဂတိဘဝသို့ သွားပါလော့၊ သုဂတိဘဝသို့ သွားပြီးလျှင် ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပါလော့၊ ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပြီး၍ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်သူဖြစ်ပါလော့”ဟု စကားသုံးခွန်းတို့ဖြင့် ဝမ်းမြောက်စေကြကုန်၏။ |
1,329,791 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤသို့ ဟောတော်မူအပ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား နတ်တို့၏သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ကောင်းစွာ ရနိုင်သော လာဘ်ဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း”ဟု လျှောက်၏။ |
1,329,792 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်း နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် လူ့အဖြစ်ပင်တည်း၊ နတ်သည်လူဖြစ်သည်ရှိသော် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ယုံကြည်မှု ‘သဒ္ဓါ'ကိုရ၏၊ ရဟန်း နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ကို ရခြင်းဟု ဆိုခြင်းသည် ယုံကြည်မှု ‘သဒ္ဓါ'ကို ရခြင်းပင်တည်း၊ ထိုယုံကြည်မှု ‘သဒ္ဓါ'သည် ထိုနတ်သား၏ စိတ်အ... |
1,329,793 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- “အကြင်အခါ၌ နတ်သည် အသက်တမ်းကုန်ခြင်းကြောင့် နတ်ပြည်မှ စုတေ၏၊ ထိုအခါ ဝမ်းမြောက်စေသော နတ်တို့၏ သုံးမျိုးသောမှာကြားသံတို့သည် ဖြစ်ပေါ် လာကုန်၏။ |
1,329,794 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရှင် ဤနတ်ဘုံမှ သုဂတိဘဝဖြစ်သော လူတို့၏ အသင်းဝင်အဖြစ်သို့ သွားပါ လေလော့၊ လူဖြစ်သော သင်သည် သူတော်ကောင်းတရား၌ အတုမရှိ မြတ်သော ယုံကြည်မှု ‘သဒ္ဓါ'ကို ရယူပါလော့။ |
1,329,795 | Uncategorized | ဣတိဝုတ်ပါဠိတော် | သင်၏ ထိုယုံကြည်မှု ‘သဒ္ဓါ’ တရားသည် အမြဲ စိတ်အစဉ်သို့ သက်ဝင်၍ အမြစ် အရင်းဖြစ်ကာမတုန်မလှုပ် ကောင်းစွာ တည်ပြီးလျှင် ကောင်းစွာ ဟောကြားအပ်သောသူတော်ကောင်းတရားဟူသော သာသနာ၌ အသက်ထက်ဆုံး တစ်စုံတစ် ယောက်ကမျှ မဖယ်ရှားနိုင်သော သဒ္ဓါတရား ဖြစ်ပါစေ။ |
1,329,796 | Uncategorized | ဣတိဝုတ်ပါဠိတော် | ကာယဒုစရိုက်ကိုလည်းကောင်း၊ ဝစီဒုစရိုက်ကိုလည်းကောင်း၊ မနောဒုစရိုက်ကိုလည်းကောင်း ပယ်စွန့်၍အခြားတစ်ပါးသော ဒေါသနှင့်ယှဉ်သော အမှုကိုလည်း ပယ်စွန့်ပြီးလျှင် အတိုင်းအရှည်ပမာဏမရှိသော ကိလေသာ (ဥပဓိ) ကင်းစင်သော ကုသိုလ်ကောင်းမှုကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အကြိမ်များစွာ ပြု၍ ထိုနတ်ပြည် လောက၌ ပေ... |
1,329,797 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်အခါ၌ နတ်တို့သည် စုတေမည့် နတ်ကို သိကြကုန်၏၊ ထိုအခါ ဤသနားစောင့်ရှောက်မှုဖြင့်အချင်းနတ်သား ဤနတ်ပြည်သို့ အဖန်ဖန်လာလှည့်ပါဟု ဝမ်းမြောက်စေကုန်၏”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,798 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-ဗဟုဇနဟိတသုတ် |
1,329,799 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,800 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာအကျိုးငှါ ဖြစ်ကုန်၏၊ အဘယ်သုံးယောက်တို့နည်း- ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် ‘ဝိဇ္... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.