id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,801 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား ထိုမြတ်စွာဘုရား၏ တပည့် ‘သာဝက'သည် ပူဇော်အထူးကို ခံထိုက်သူအာသဝေါကုန်ခန်းသူ ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုတပည့် ‘သာဝက'သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်... |
1,329,802 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား ထိုမြတ်စွာဘုရား၏ တပည့် ‘သာဝက'သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ဖြစ်၏၊ မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသူ အကြားအမြင်များသူ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်၏၊ ထိုတပည့် ‘သာဝက'သည်လည်း အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံပြည့်စ... |
1,329,803 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တတိယဖြစ်သော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်သည်ရှိသော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ |
1,329,804 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,805 | Uncategorized | ဣတိဝုတ်ပါဠိတော် | “လောက၌ ဂုဏ်ကျေးဇူးကို ရှာမှီးသော ရှေးဦးပဌမဖြစ်သော မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုမြတ်စွာဘုရားသို့ အတုလိုက်၍ ကျင့်သော ပွါးများအပ် ပြီးသော အရဟတ္တဖိုလ်စိတ်ရှိသောတပည့် ‘သာဝက'သည်လည်းကောင်း ထို့ပြင် မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသော အကြားအမြင်များ၍သီလနှင့် ပြည့်စုံသော ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်သည် လည်းကောင်း နတ်လူတို့ထက်မြတ်ကုန်... |
1,329,806 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အကြင်သူတို့သည် အတုမရှိမြတ်သော လှည်းမှူးသဖွယ်ဖြစ်တော်မူသော မြတ်စွာဘုရားကောင်းစွာဟောတော်မူအပ်သော အရိယမဂ်ကို အတုလိုက်၍ ကျင့်ကုန်၏၊ အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူနှစ်ဦးတို့သည် ဤဘဝ၌ပင် ဆင်းရဲ၏အဆုံးကို ပြုကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,807 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆-အသုဘာနုပဿီသုတ် |
1,329,808 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,809 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်လော့၊ အာနာပါနဿတိသည်လည်းသင်တို့၏ ကမ္မဋ္ဌာန်းအာရုံ၌ ေ ရှးရှုတည်စေကြကုန်လော့၊ အလုံးစုံသော သင်္ခါရတရားတို့၌ အနိစ္စဟု ရှုလျက် နေကြကုန်လော့၊ ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်သောသူတို့အား တင့်တယ်သည့်အဖြစ်ဟူသော သုဘဓာတ်ကြောင့် ရာဂကိန်းဝပ်မှု ရာဂါနုသယသည... |
1,329,810 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသောအခါ ခပ်သိမ်း ကောင်းစွာ မြင်သော ထိုရဟန်းသည် ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုသည်ဖြစ်၍လည်းကောင်း၊ ထွက်သက်ဝင်သက်၌ ထင်သော သတိရှိသည်ဖြစ်၍လည်းကောင်း၊ အလုံးစုံသော သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို ရှုသည်ဖြစ်၍လည်းကောင်းထိုအလုံးစုံသော သင်္ခါရတို့ ချုပ်ငြိမ်းရာ၌ အရဟတ္တဖလဝိမုတ္တိဖြင့် လွတ်မြောက်၏၊ ... |
1,329,811 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၇-ဓမ္မာနုဓမ္မပဋိပန္နသုတ် |
1,329,812 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,813 | Uncategorized | ဣတိဝုတ်ပါဠိတော် | လောကုတ္တရာတရားကိုးပါးအားလျော်သောအကျင့်ကို ကျင့်သော ရဟန်းအား ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဟု ပြောကြားရန် ဤအလျော်သဘောသည် ဖြစ်ပေါ်လာ၏၊ ထိုဓမ္မာနုဓမ္မပဋိပန္နရဟန်းသည် ပြောဆိုသည်ရှိသော် တရားနှင့်စပ်ယှဉ်သော စကားကိုသာလျှင် ပြောဆို၏၊ တရားနှင့်မစပ်ယှဉ်သော စကားကို မပြောဆို၊ ကြံစည်သည်ရှိသော် တရားနှင့်စပ်ယှဉ်သော အကြံအစည်ကိုသာလျှင် ကြ... |
1,329,814 | Uncategorized | ဣတိဝုတ်ပါဠိတော် | “တရားလျှင် မွေ့လျော်ရာရှိသောတရား၌ မွေ့လျော်တတ်သောတရားကို ကြံစည်တတ်သောတရားကို အစဉ်အောက်မေ့သော ရဟန်းသည် သူတော်ကောင်း တရားမှ မဆုတ်ယုတ်။ |
1,329,815 | Uncategorized | ဣတိဝုတ်ပါဠိတော် | သွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ အိပ်သော်လည်းကောင်းကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို ကိလေသာတို့မှ ငြိမ်းအေးစေသော ရဟန်းသည် ငြိမ်းအေးရာ (နိဗ္ဗာန်)သို့သာလျှင် ရောက်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,816 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈-အန္ဓကရဏသုတ် |
1,329,817 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,818 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏၊ ပညာ စက္ခုကို့မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့ရှိကုန်၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။ |
1,329,819 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ကာမဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏၊ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်၏၊ ဆင်းရဲခြင်းအဖို့ရှိ၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ရဟန်းတို့ ဗျာပါဒဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏၊ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်၏၊ ဆင်... |
1,329,820 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏၊ ပညာစက္ခုကို မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့ရှိကုန်၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။ |
1,329,821 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ရဟန်းတို့ ဤကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို မပြုတတ်ကုန်၊ ပညာစက္ခုကို ပြုတတ်ကုန်၏၊ သိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို ပွါးစေတတ်ကုန်၏၊ ဆင်းရဲခြင်း အဖို့မရှိကုန်၊ ကိလေသာ ငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ နေက္ခမ္မဝိတက်သည်ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏၊ သိခြင်းကို ပြုတတ... |
1,329,822 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ယောဂါဝစရပုဂ္ဂိုလ်သည် ကုသလဝိတက်သုံးပါးတို့ကိုသာ ကြံစည်ရာ၏၊ အကုသလဝိတက်သုံးပါးတို့ကို မူကား နှင်ထုတ်ပယ်စွန့်ရာ၏၊ အခါ မဲ့ရွာသော မိုးကြီးသည် မြေမှ ထသော မြူမှုန့်အပေါင်းကို တစ်ခဏခြင်း ငြိမ်းပျောက်စေသကဲ့သို့ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကုသလဝိတက်တို့ကိုလည်းကောင်း၊ ထိုနှင့်ယှဉ်သော ဝိစာရတို့ကိုလည်းကောင်းငြိမ်းအေးကင်းပျောက်စေပြီးလျ... |
1,329,823 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-အန္တရာမလသုတ် |
1,329,824 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,825 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသုံးပါးတို့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သားတို့ ဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ လော ဘ့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏၊ ရဟန်းတို့ ဒေါသသည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူစိတ်၏သူသတ်သမား ... |
1,329,826 | Uncategorized | ဣတိဝုတ်ပါဠိတော် | “လောဘသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ လောဘသည် စိတ်ကို ချောက်ချား စေတတ်၏၊ အတွင်းစိတ်၌ ဖြစ်သော ထိုလောဘဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ |
1,329,827 | Uncategorized | ဣတိဝုတ်ပါဠိတော် | တပ်မက်သောသူသည် အကျိုးကို မသိ၊ တပ်မက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ လောဘသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။ |
1,329,828 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် လောဘကို ပယ်နိုင်သောကြောင့် တပ်မက်ဖွယ် ရူပါရုံစသည်၌ မတပ်မက်၊ ရေပေါက်သည် ကြာရွက်မှ လျှောကျဘိသကဲ့သို့ ထိုသူ၏ လောဘသည် ထိုတပ်မက်ဖွယ်အာရုံမှ ကင်းပျောက်၏။ |
1,329,829 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဒေါသသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ ဒေါသသည် စိတ်ကို ချောက်ချားစေ တတ်၏၊ အတွင်းစိတ်၌ ဖြစ်သော ထိုဒေါသဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ |
1,329,830 | Uncategorized | ဣတိဝုတ်ပါဠိတော် | အမျက်ထွက်သောသူသည် အကျိုးကို မသိ၊ အမျက်ထွက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ ဒေါသသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက် တိုက်သဖွယ် ဖြစ်၏။ |
1,329,831 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် ဒေါသကို ပယ်သောကြောင့် အမျက်ထွက်ဖွယ် ရူပါရုံစသည်၌ အမျက်မထွက်၊ ထန်းသီးမှည့်သည် အညှာမှ ကြွေကျရသကဲ့သို့ ထိုသူ၏ ဒေါသသည် ထိုအမျက်ထွက်ဖွယ်အာရုံမှ ကင်းပျောက်၏။ |
1,329,832 | Uncategorized | ဣတိဝုတ်ပါဠိတော် | မောဟသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ မောဟသည် စိတ်ကို ချောက်ချားစေ တတ်၏၊ အတွင်းစိတ်၌ ဖြစ်သော မောဟဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ |
1,329,833 | Uncategorized | ဣတိဝုတ်ပါဠိတော် | တွေဝေသူသည် အကျိုးကို မသိ၊ တွေဝေသူသည် တရားကို မမြင်၊ အကြင် အခါ၌ မောဟသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။ |
1,329,834 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် မောဟကို ပယ်သောကြောင့် တွေဝေဖွယ် ရူပါရုံစသည်၌ မတွေဝေ၊ ထွက်ပေါ်လာသော နေမင်းသည် အမိုက်တိုက်ကို ပယ်ဖျောက်သကဲ့သို့ ထိုသူသည် အလုံးစုံသော မောဟကို အကြွင်းမဲ့ပယ်ဖျောက်နိုင်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,835 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-ဒေဝဒတ္တသုတ် |
1,329,836 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၈၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,837 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း- ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံ... |
1,329,838 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့်စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,839 | Uncategorized | ဣတိဝုတ်ပါဠိတော် | “လောက၌ တစ်စုံတစ်ယောက်သောသူသည် အဘယ်အခါ မျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ ‘ဂတိ'ကဲ့သို့ ထိုသို့ သော လားရာ ‘ဂတိ'ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။ |
1,329,840 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့ တည်၏ဟု ထင်ရှားခဲ့၏။ |
1,329,841 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍တံခါးလေးပေါက်ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။ |
1,329,842 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် မကောင်းမှုကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ်မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်းမှုသည် တွေ့ထိကျရောက်၏။ |
1,329,843 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည်အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊မှန်လှ၏- ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။ |
1,329,844 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိသော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲနှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။ |
1,329,845 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ကောင်းသောအကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသောအကျင့်ရှိသူကို အဆွေခင်ပွန်းပြုရာ၏၊ ထိုကောင်းသောအကျင့်ရှိသူကိုလည်းမှီဝဲရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,846 | Uncategorized | ဣတိဝုတ်ပါဠိတော် | စတုတ္ထဝဂ် ပြီး၏။ |
1,329,847 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-ပဉ္စမဝဂ် |
1,329,848 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-အဂ္ဂပ္ပသာဒသုတ် |
1,329,849 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,850 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ အခြေလေးချောင်းရှိသော သတ္တဝါ များသော အခြေရှိသော သတ္တဝါ ရူပသတ္တဝါ အရူပသတ္တဝါ သညီသတ္တဝါ အသညီသတ္တဝါ နေဝသညီနာသညီသတ္တဝါဟူသမျှတို့တွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့... |
1,329,851 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပြုပြင်အပ်သော ‘သင်္ခတ'တရား၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသမျှတို့တွင်မာန်ယစ်ခြင်းကို ဆုံးမရာ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အာလယကို ပယ်ခွါရာ ဝဋ်ကို ဖြတ်ရာ တဏှာကုန်ရာ ကိလေသာတို့ကင်းပြတ်ရာ ဝါနတဏှာမှ ထွက်မြောက်ရာဖြစ်သော ဝိရာဂဟု ဆိုအပ်သော နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ရဟန်းတို့ ရာဂကင်းရာ နိဗ္ဗာန်တရား၌ ကြည်ညိုသ... |
1,329,852 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သံဃာဂိုဏ်းဟူသမျှတို့တွင် အစုံအားဖြင့် လေးယောက်သော ယောက်ျားမြတ်အစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ယောက်ျားမြတ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော မြတ်စွာဘုရား၏ တပည့်သားသံဃာသည် အဝေးမှ ဆောင်ယူလာသော အလှူကို ခံထိုက်၏၊ ဧည့်သည်အလို့ငှါ ထားသော အလှူကို ခံထိုက်၏၊ မြတ်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်၏၊ လူအ... |
1,329,853 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အမြတ်ဆုံး ရတနာသုံးပါး၌ ကြည်ညိုကုန်သော ရတနာသုံးပါး၏ အမြတ်ဆုံး သဘောကို သိကုန်သော မြတ်သော အလှူကို ခံထိုက်၍ အတုမရှိသည့် အမြတ်ဆုံး ဘုရား၌ ကြည်ညိုကုန်သောသူတို့အားလည်းကောင်း- |
1,329,854 | Uncategorized | ဣတိဝုတ်ပါဠိတော် | အလုံးစုံသော ကိလေသာတို့ ကင်းပြတ်ကြောင်း ငြိမ်းအေးကြောင်းဖြစ်၍ ဝဋ် ဆင်းရဲကုန်ခြင်းဖြင့်ချမ်းသာသည့် အမြတ်ဆုံးတရား၌ ကြည်ညိုသူတို့အားလည်းကောင်း အတုမရှိ ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်သည့် အမြတ်ဆုံးသံဃာ၌ ကြည်ညိုသူတို့အားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ အလှူကို ပေးလှူကုန်သောသူတို့အာ... |
1,329,855 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အမြတ်ဆုံးဖြစ်သော ရတနာသုံးပါအား ပေးလှူတတ်သော အမြတ်ဆုံးဖြစ်သော ကြည်ညိုမှုပေးလှူမှုစသောတရားနှင့်ပြည့်စုံသော ပညာရှိသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အမြတ်ဆုံးဖြစ်သော မဂ်ဖိုလ်ကို ရသည်ဖြစ်၍ ဝမ်းမြောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,856 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂-ဇီဝိကသုတ် |
1,329,857 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,858 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏၊ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် “ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏”ဟု အဆဲရေးခံရတတ်၏၊ ထိုသို့ ပင် ဆဲရေးခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသား့တို့သည် အကျိုးရှိမှုကို စွဲ၍ ထိုဆွမ်းခံလှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏... |
1,329,859 | Uncategorized | ဣတိဝုတ်ပါဠိတော် | စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာဝဋ်တွင်းသို့ သက်ဆင်းကျရောက်ကုန်၏၊ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ခဲ့ကြ... |
1,329,860 | Uncategorized | ဣတိဝုတ်ပါဠိတော် | “လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်းဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။ |
1,329,861 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။ |
1,329,862 | Uncategorized | ဣတိဝုတ်ပါဠိတော် | သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏”ဟု ဤဂါထာဖြင့် ဆို အပ်၏။ |
1,329,863 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃-သင်္ဃာဋိကဏ္ဏသုတ် |
1,329,864 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,865 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန်းသည် အဘိဇ္ဈာများသူ ကာမတို့၌အားကြီးသော ရာဂရှိသူ ဖောက်ပြန်သော စိတ်ရှိသူပြစ်မှားလိုသော စိတ်အကြံရှိသူ လွတ်သော သတိရှိသူ ဆင်ခြင်ဉာဏ်မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ မစောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရားခြေရာ၌ ခြေကို ချနင်းလျက် နောက်မှ နောက်မှ လိုက်ပင်လ... |
1,329,866 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန်းသည် လည်း အဘိဇ္ဈာမများသူ ကာမတို့၌အားကြီးသော ရာဂမရှိသူ ဖောက်ပြန်သော စိတ်မရှိသူ ပြစ်မှားလိုသော စိတ်အကြံမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူမတုန်လှုပ်သော စိတ်ရှိသူ စောင့်စည်းသော ဣန္ဒြေရှိသူဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးသောအရပ်၌ နေပင်နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း၊ ငါဘုရားသည် လည်း ထိုရ... |
1,329,867 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အလိုကြီး၍ ညှဉ်းဆဲတတ်သောတဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန် လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထို မြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း ထိုမြတ်စွာဘုရားနှင့်အလွန့... |
1,329,868 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ်အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင်ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ငြိမ်သက်၏။ |
1,329,869 | Uncategorized | ဣတိဝုတ်ပါဠိတော် | တဏှာကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့်ဝေးနေငြားသော်လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) အလွန့်အလွန်နီးသည်သာတ... |
1,329,870 | Uncategorized | ဣတိဝုတ်ပါဠိတော် | (ထိုအခြင်း အရာကို) ရှုပါလော့”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,871 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄-အဂ္ဂိသုတ် |
1,329,872 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,873 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရာဂမီး ဒေါသမီး မောဟမီးတို့တည်း၊ ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,874 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကာမတို့၌ တပ်စွန်းသူ တွေဝေသူသတ္တဝါတို့ကို ရာဂမီးသည် လောင်မြိုက်၏၊ သူ့အသက်ကို သတ်လေ့ရှိသူ ဖောက်ပြန်သော စိတ်ရှိသူတို့ကို ဒေါသမီးသည် လောင် မြိုက်၏။ |
1,329,875 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရိယာတရား၌ မလိမ္မာသူ တွေဝေသူတို့ကို မောဟမီးသည် လောင်မြိုက်၏၊ ဤမီးသုံးပါးတို့ကို မသိကြသော သတ္တဝါတို့သည် ခန္ဓာငါးပါး (သက္ကာယ)၌ အလွန် မွေ့လျော်ကြကုန်၏။ |
1,329,876 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသူတို့သည် မာရ်အနှောင်အဖွဲ့မှ မလွတ်ကြကုန်မူ၍ ငရဲ တိရိစ္ဆာန် အသုရ ကာယ် ပြိတ္တာဘုံတို့ကို ပွါးများစေကုန်၏။ |
1,329,877 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည်ကား မြတ်စွာဘုရား သာသနာတော်၌ ညဉ့်နေ့ပတ်လုံးအား ထုတ်ကုန်၏၊ ပုဂ္ဂိုလ်မြတ်ဖြစ်ကြသော ထိုသူတို့သည် အသုဘဟု အမြဲရှုမှတ်ကုန်သည်ဖြစ်၍ ရာဂမီးကို ငြိမ်းအေးစေကြကုန်၏။ |
1,329,878 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဒေါသမီးကို မူကား မေတ္တာဖြင့် ငြိမ်းအေးစေကြကုန်၏၊ အကြင်ပညာသည် ကိလေသာကို ဖောက်ခွဲနိုင်၏၊ ထိုပညာဖြင့် မောဟမီးကို ငြိမ်းအေးစေကြကုန်၏။ |
1,329,879 | Uncategorized | ဣတိဝုတ်ပါဠိတော် | ညဉ့်နေ့ပတ်လုံး မပျင်းရိကုန်သော ရင့်ကျက်သော ပညာရှိတို့သည် ထို ကိလေသာတို့ကို ငြိမ်းစေကြကုန်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ |
1,329,880 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,881 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၅-ဥပပရိက္ခသုတ် |
1,329,882 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,883 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အကြင်အကြင်အပြားအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း၏ စိတ်ဝိညာဉ်သည်ပြင်ပအာရုံ၌လည်း မပျံ့လွင့် မကျယ်ပြန့်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌လည်း မတည်သည် ဖြစ်ခဲ့မူ တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တရာ၊ ရဟန်းသည် ထိုထိုအပြားအားဖြင့် စူးစမ်းဆင်ခြင်ရာ၏။ |
1,329,884 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌ မပျံ့လွင့် မကျယ်ပြန့်သည်ရှိသော် ကမ္မဋ္ဌာန်းအာရုံ၌လည်းမတည်လတ်သော် တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တသောသူအား နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုဟူသော ဝဋ်ဆင်းရဲအပေါင်းတို့ မဖြစ်နိုင်တော့ချေ၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သ... |
1,329,885 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကပ်ငြိမှု ‘သင်္ဂ’ ခုနစ်ပါးတို့ကို ပယ်ပြီး၍ တဏှာကို ဖြတ်တောက်ပြီးသော ထိုရဟန်းအားပဋိသန္ဓေနေခြင်းတည်းဟူသော သံသရာသည်ကုန်ခန်းပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်သည်မရှိတော့ပြီ”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,886 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၆-ကာမူပပတ္တိသုတ် |
1,329,887 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,888 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- အမြဲထင်ရှား ရှိသော ကာမကိုမှီဝဲသူတို့လည်းကောင်း၊ ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့လည်းကောင်း သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတဝသဝတ္တီနတ်တို့လည်းကောင်းတို့တည်း၊ ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို... |
1,329,889 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါးဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏၊ အကြင်နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏၊ ဆိုခဲ့ပြီးသော နတ်တို့မှတစ်ပါးကုန်သော အကြင် လူ အစရှိသော ကာမခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကိုမှီဝဲကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသော ဘဝဟု ဆိုအပ်သော သံသရာကို ... |
1,329,890 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာရှိသည် ကာမခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။ |
1,329,891 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကိုသာယာမှုဖြင့်တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာအလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ |
1,329,892 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,893 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၇-ကာမယောဂသုတ် |
1,329,894 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,895 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းယှဉ် ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းယှဉ်သူသည် ဤလူ့ပြည်သို့ လာတတ်သူ အာဂါမီပုဂ္ဂိုလ်ဖြစ်၏၊ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့် မယှဉ်မူ၍ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်သာယှဉ်သူသည် ဤလူ့ပြည်သို့ မလာတတ်သူ အနာဂါမီပုဂ္ဂိုလ်ဖြစ်၏၊ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းမယှဉ် ရူ... |
1,329,896 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းကောင်း၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းကောင်းဤနှစ်ပါးစုံနှင့် ယှဉ်ကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း သေခြင်းသို့ ရောက်ကြရကုန်သည်ဖြစ်၍သံသရာ၌ ကျင်လည်ကြရကုန်၏။ |
1,329,897 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သတ္တဝါတို့သည် ကိလေသာကာမဂုဏ်တို့ကို ပယ်ပြီး၍လည်း အာသဝေါကုန်ခြင်းသို့ မရောက်နိုင်ကြကုန်သေး၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်ယှဉ်ကုန်၏၊ ထိုသတ္တဝါတို့ကို အနာဂါမ်တို့ဟူ၍ ဆိုအပ်ကုန်၏။ |
1,329,898 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည် ယုံမှားသံသယပြတ်ပြီး ဖြစ်ကုန်၏၊ မာနကုန်ပြီး တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ပြီးဖြစ်ကုန်၏၊ အာသဝေါကုန်ရာ အရဟတ္တဖိုလ်သို့ ရောက် ပြီးဖြစ်ကုန်၏၊ ထိုသူတို့သည် လောက၌ အမှန်စင်စစ် နိဗ္ဗာန်ဟူသော ကမ်း တစ်ဖက်သို့ ရောက်ပြီးသူတို့ ဖြစ်ကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,899 | Uncategorized | ဣတိဝုတ်ပါဠိတော် | တတိယဘာဏဝါရ ပြီး၏။ |
1,329,900 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-ကလျာဏသီလသုတ် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.