id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,901 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ ‘သာသနာတော်’၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောက်ျားမြတ်”... |
1,329,902 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းသော သီလရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် ‘အာစာရ'ကျက်စားရာ ‘ဂေါစရ'နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက်သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သီ... |
1,329,903 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သို့လျှင် ကောင်းသောတရားရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွါးများအားထုတ်ခြင်းနှင့် ယှဉ်သည်ဖြစ်၍ နေ၏၊ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကောင်းသောတရားရှိသူ ဖြစ်၏၊ ဤသို့လျှင် ကောင်းသော သီလ ကောင်းသောတရား ရှိ၏။ |
1,329,904 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်သို့လျှင် ကောင်းသော ပညာရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင... |
1,329,905 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤသို့လျှင် ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ ‘သာသနာတော်’၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောက်ျားမြတ်”ဟူ၍ ဆိုအပ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,906 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ရဟန်းအားကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်းမကောင်းပြုခြင်း မရှိ၊ ရှက်စိတ်ရှိသော ထိုရဟန်းကို စင်စစ် ကောင်းသော သီလရှိသူဟူ၍ ဆိုကြကုန်၏။ |
1,329,907 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ရဟန်းအား အရဟတ္တမဂ်သို့ ရောက်စေတတ်သောတရားခုနစ်ပါးတို့ကို ကောင်းစွာပွါးအပ်ကုန်၏၊ ရာဂပွါးခြင်းစသည် ကင်းသော ထိုရဟန်းကို ကောင်းသောတရားရှိသူဟူ၍ဆိုကြကုန်၏။ |
1,329,908 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ရဟန်းသည် ဤဘဝ၌ပင် မိမိ၏ ဆင်းရဲကုန်ခြင်းကို သိ၏၊ အာသဝေါကုန်ခန်းသော ထိုရဟန်းကို ကောင်းသော ပညာရှိသူဟူ၍ ဆိုကြကုန်၏။ |
1,329,909 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုတရားတို့နှင့် ပြည့်စုံ၍ ဆင်းရဲကင်းသော ယုံမှားမှုကင်းပြတ်ပြီးသောတဏှာ ဒိဋ္ဌိတို့၌ မမှီသောသူကို အလုံးစုံသော လောက၌ အလုံးစုံကို ပယ်ပြီးသူဟူ၍ ဆိုကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,910 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-ဒါနသုတ် |
1,329,911 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,912 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပေးလှူခြင်းတို့သည် - ပစ္စည်းလေးပါး ‘အာမိသ'ကို ပေးလှူမှု ‘အာမိသဒါန'လည်းကောင်း၊ တရားဟောခြင်းစသော ပေးလှူမှု ‘ဓမ္မဒါန'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော ‘ဓမ္မဒါန'သည် မြတ်၏။ |
1,329,913 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် -ပစ္စည်းလေးပါးကို ခွဲခြမ်းဝေဖန်ခြင်း ‘အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း ‘ဓမ္မသံဝိဘာဂ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော ‘ဓမ္မ သံဝိဘာဂ'သည်မြတ်၏။ |
1,329,914 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ချီးမြှောြက်ခင်းတို့သည် - ပစ္စည်းလေးပါးဖြင့် ချီးမြှောြက်ခင်း ‘အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောြက်ခင်း ‘ဓမ္မာနုဂ္ဂဟ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ချီးမြှောြက်ခင်းတို့တွင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောက်ခြင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟေ... |
1,329,915 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ဒါနကို အတုမရှိ မြတ်၏ဟု ဆိုကုန်၏၊ အကြင်ခွဲခြမ်းဝေဖန်ခြင်းကို (အတုမရှိ) မြတ်၏ဟု မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏၊ သီလစသော ဂုဏ်တို့ဖြင့် မြတ်သော ကောင်းမှု၏တည်ရာရတနာသုံးပါး၌ ကြည်ညိုစိတ်ရှိ၍ ဒါန အကျိုးကို ပိုင်းခြားသိသော အဘယ်မည်သော ပညာရှိသည်သင့်တင့်သော ကာလ၌ မပေးလှူဘဲ ရှိမည်နည်း။ |
1,329,916 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည် တရားလည်း ဟောကုန်၏၊ တရားလည်း နာကုန်၏၊ ဟောသူ နာသူထိုနှစ်ဦးတို့သည် မြတ်စွာဘုရား သာသနာတော်၌ ကြည်ညိုစိတ် ရှိကြကုန်၏၊ အကြင်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူတို့၏ မြတ်သော ထို (ဓမ္မဒါန ဓမ္မသံဝိဘာဂဓမ္မာနုဂ္ဂဟ) အကျိုးသည် အရဟတ္တဖိုလ်ဟူသော စင်ကြယ်ခြင်းဖြင့် စင်ကြယ်၏”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,917 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-တေဝိဇ္ဇသုတ် |
1,329,918 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၉၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,919 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ငါဘုရား ပညတ်၏၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။ |
1,329,920 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အဘယ်သို့လျှင် သင့်သော အကြောင်းဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်သနည်း၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု မပညတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကေ... |
1,329,921 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန်းအား ဤပဌမဖြစ်သော အသိဉာဏ်ဝိဇ္ဇာကိုရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှေ... |
1,329,922 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သ... |
1,329,923 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊မှားသော အယူရှိကုန်၏၊မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကားကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့်'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်... |
1,329,924 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်၍ နေ၏၊ ထိုရဟန်းအား ဤတတိယမြောက်ဖြစ်သော ဝိဇ္ဇာကိုရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက... |
1,329,925 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်တော်မူ၏၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိ ဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။ |
1,329,926 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ရဟန်းသည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့လည်း ရောက်၏၊ ထူးသော မဂ်ပညာဖြင့် သိမှုကိစ္စ ပြီးဆုံးပြီးသော ထိုရဟန်းသည် - |
1,329,927 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသောကြောင့် တေဝိဇ္ဇဗြာဟ္မဏဖြစ်၏၊ ထိုသူကိုသာ တေဝိဇ္ဇဗြာဟ္မဏဟု ငါဟော၏၊ တစ်ပါးသော မန္တန်ရွတ်ဆိုတတ်ကာမျှဖြစ်သော ဇာတိဗြာဟ္မဏမျိုးဖြစ်သူကို တေဝိဇ္ဇဗြာဟ္မဏဟု ငါမဟော”ဟု ဤဂါထာဖြင့် ဆို အပ်၏။ |
1,329,928 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပဉ္စမဝဂ် ပြီး၏။ |
1,329,929 | Uncategorized | ဣတိဝုတ်ပါဠိတော် | တိကနိပါတ် မြန်မာပြန် ပြီး၏။ |
1,329,930 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၄-စတုက္ကနိပါတ် |
1,329,931 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ဗြာဟ္မဏဓမ္မယာဂသုတ် |
1,329,932 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,933 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ဗြာဟ္မဏအစစ် ဖြစ်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်နေသူ ဖြစ်၏၊ အခါ ခပ်သိမ်း ပေးလှူရန် ဆေးကြောပြီးသော လက်ရှိသူ ဖြစ်၏၊ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်သူဖြစ်၏၊ အတုမရှိသော ဆေးဆရာဖြစ်၏၊ (အတုမရှိမူ၍) ငြောင့်ကို နုတ်တတ်သူ ဆရာဖြစ်၏၊ သင်တို့သည် ထိုငါဘုရား၏ ရင်၌ ဖြစ်သူ ခံတွင်းမှဖြစ်သူ အရိယမဂ်တရား၌ ဖြစ်သူ အရိယမဂ်တ... |
1,329,934 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဒါနတို့သည် (ပစ္စည်းလေးပါး) အာမိသကို ပေးလှူမှု ‘အာမိသဒါန'လည်းကောင်းတရားဟောခြင်းစသော ပေးလှူမှု ‘ဓမ္မဒါန'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော ‘ဓမ္မဒါန'သည် မြတ်၏။ |
1,329,935 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် (ပစ္စည်းလေးပါး) အာမိသကို ခွဲခြမ်းဝေဖန်ခြင်း ‘အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း ‘ဓမ္မသံဝိဘာဂ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော ‘ဓမ္မသံဝိဘာဂ'သည် မြတ်၏။ |
1,329,936 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ချီးမြှောြက်ခင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ချီးမြှောြက်ခင်း ‘အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောြက်ခင်း ‘ဓမ္မာနုဂ္ဂဟ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ဤနှစ်မျိုးသော ချီးမြှောြက်ခင်းတို့တွင် အကြင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောြက်ခင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏။ |
1,329,937 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်ခြင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ပူဇော်ခြင်းလည်းကောင်း၊ တရားဟောခြင်း့စသည်ဖြင့် ပူဇော်ခြင်းလည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤနှစ်မျိုးသော ပူဇောြ်ခင်းတို့တွင်တရားဟောခြင်းစသည်ဖြင့် ပူဇောြ်ခင်းသည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,938 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အလုံးစုံသော သတ္တဝါတို့ကို သနားတော်မူလေ့ရှိသော အကြင်မြတ်စွာဘုရားသည် ဝန်တိုစိတ် မရှိမူ၍တရားဟောတော်မူခြင်းဟူသော ယဇ်ပူဇော်ခြင်းကို ပေး လှူပူဇော်ခဲ့ပြီ။ |
1,329,939 | Uncategorized | ဣတိဝုတ်ပါဠိတော် | နတ်လူတို့ထက် မြတ်တော်မူသော ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,940 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-သုလဘသုတ် |
1,329,941 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,942 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကိစ္စလည်းနည်းကုန် ရလည်းရလွယ်ကုန် အပြစ်လည်းကင်းကုန်သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း-ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည်ကိစ္စလည်းနည်း၏၊ ရလည်းရလွယ်၏၊ ထိုပံ့သကူသင်္ကန်းသည် အပြစ်လည်းမရှိ၊ ရဟန်းတို့ ဘောဇဉ်တို့တွင် သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရအပ်သော ဆွမ်းသည် ကိစ္စလည်းနည်း၏... |
1,329,943 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အပြစ်မရှိသဖြင့်လည်းကောင်း၊ ကိစ္စနည်းသဖြင့်လည်းကောင်း၊ ရလွယ်သဖြင့်လည်းကောင်းရောင့်ရဲသော ရဟန်းအား ကျောင်း သင်္ကန်း အဖျော်ဘောဇဉ်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု မဖြစ်၊ အရပ်မျက်နှာကို မညှဉ်းဆဲ။ |
1,329,944 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရိယမဂ်အားလျော်ကုန်သော အကြင်တရားတို့ကို မြတ်စွာဘုရား ဟောကြား တော်မူအပ်ကုန်၏၊ ထိုတရားတို့ကို မမေ့မလျော့ကျင့်သော ရောင့်ရဲလွယ်သော ထို ရဟန်းသည် သိမ်းကျုံးယူနိုင်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,945 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၃-အာသဝက္ခယသုတ် |
1,329,946 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,947 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သိသူ မြင်သူအားသာ အာသဝေါတရားတို့ကုန်ခြင်းကို ငါဆို၏၊ မသိသူ မမြင်သူအား့အာသဝေါတရားတို့ကုန်ခြင်းကို ငါမဆို၊ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်သနည်း၊ ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့ “ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း”ဟု သိသူ မြင်သူအ... |
1,329,948 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဖြောင့်မှန်သော လမ်းသို့ အစဉ်လိုက်သော ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ကိလေသာကုန်ရာ နိဗ္ဗာန်၌ ပဌမအရဟတ္တမဂ်ဉာဏ် ဖြစ်၏၊ ထိုအရဟတ္တမဂ်ဉာဏ်မှ အခြားမဲ့၌ အရဟတ္တဖိုလ်ဖြစ်၏။ |
1,329,949 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအရဟတ္တဖိုလ်မှနောက် အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်အား မြတ်သော နိဗ္ဗာန်နှင့်အရဟတ္တဖိုလ်၌ ဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏၊ သံယောဇဉ်တို့ကုန်ခြင်းကို ပြုတတ်သော အရဟတ္တမဂ်၌ ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏၊ သံယောဇဉ်တို့ကုန်ပြီဟု သိသော ပစ္စဝေက္ခဏာဉာဏ် ဖြစ်၏။ |
1,329,950 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပျင်းရိမိုက်မဲ၍ အသိဉာဏ်မဲ့သူသည် အလုံးစုံအနှောင်အဖွဲ့မှ လွတ်သော ဤနိဗ္ဗာန်ကို မရထိုက်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,951 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,952 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ “ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း”ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ “ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)တည်း”ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ “ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား မသ... |
1,329,953 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ “ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း”ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ “ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)တည်း”ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ “ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား သမုတ်အ... |
1,329,954 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူတို့သည် ဆင်းရဲကို မသိကြကုန်၊ ထို့ပြင် ဆင်းရဲ၏ဖြစ်ကြောင်းကို မသိကြကုန်၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းလမ်းစဉ်ကိုလည်းကောင်း မသိကြကုန်။ |
1,329,955 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှလွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာမှ ယုတ်ကုန်၏၊ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မထိုက်ကုန်၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ဧကန် ရောက်ကြရကုန်၏။ |
1,329,956 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့သည်ကား ဆင်းရဲကို သိကြကုန်၏၊ ထို့ပြင် ဆင်းရဲ၏ဖြစ်ကြောင်းကို သိကြကုန်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း လမ်းစဉ်ကိုလည်းကောင်း သိကြကုန်၏၊ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ် ကိလေသာမှ လွတ်မြော... |
1,329,957 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-သီလသမ္ပန္နသုတ် |
1,329,958 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,959 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သီလနှင့်ပြည့်စုံကြသူ သမာဓိနှင့်ပြည့်စုံကြသူ ပညာနှင့်ပြည့်စုံကြသူ အရဟတ္တဖိုလ် ဝိမုတ္တိနှင့်ပြည့်စုံကြသူ အရဟတ္တဖိုလ် ‘ဝိမုတ္တိ'ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့်ပြည့်စုံကြသူသူတစ်ပါးတို့ကို ဆုံးမတတ်သူ တရားကို သိစေတတ်သူ တရားကို ကောင်းစွာ ပြတတ်သူ ဆောက်တည်စေတတ်သူ ထက်သန်စေတတ်သူ ရွှင်လန်းစေတတ်သူ သူတော်ကောင်းတရာ... |
1,329,960 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်းတို့ကို “ဆုံးမတတ်သူ ဆရာတို့”ဟူ၍လည်း ဆိုရကုန်၏၊ “လှည်းမှူးသဖွယ် ခေါင်းဆောင်ပုဂ္ဂိုလ်တို့”ဟူ၍လည်း ဆိုရကုန်၏၊ “ကိလေသာမြူ အညစ် အကြေးကို ပယ်စွန့်ပေးသူတို့”ဟူ၍လည်း ဆိုရကုန်၏၊ “အမိုက်မှောင်ကို ပယ်ဖျောက်တတ်သူတို့”ဟူ၍လည်းဆိုရကုန်၏၊ “အလင်းကို ပြုတတ်သူတို့”ဟူ၍လည်း ဆိုရကုန်၏၊ “အရောင်ကို ပြုတတ်သူတို့... |
1,329,961 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပွါးများပြီးသော ကိုယ်စိတ်ရှိကုန်သောတရားသဖြင့် အသက်မွေးကုန်သော အရိယာပညာရှိတို့ကို ဖူးမြင်ရခြင်းသည် ဝမ်းမြောက်ခြင်းကို ပြုတတ်သော အကြောင်းဖြစ်၏။ |
1,329,962 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဉာဏ်အရောင်ကို ပြုတတ်ကုန်သောဉာဏ်အလင်းကို ပြုတတ်ကုန်သော ပညာ မျက်စိအမြင်ရှိကုန်သော ကိလေသာမြူအညစ်အကြေးကို ပယ်စွန့်တတ်ကုန်သော ထိုအရိယာပညာရှိတို့သည် သူတော်ကောင်းတရားကို ထွန်းလင်းစေကုန်၏၊ သူတော် ကောင်းတို့၏ တရားအရောင်ဖြင့် လောကကို တောက်ပစေကုန်၏။ |
1,329,963 | Uncategorized | ဣတိဝုတ်ပါဠိတော် | ယင်းအရိယာတို့၏ အဆုံးအမကို ကြားနာရ၍ ပညာရှိတို့သည် ဝိပဿနာဉာဏ်ဖြင့်ကောင်းစွာသိပြီးလျှင် ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသောဉာဏ်ဖြင့် သိခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,964 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၆-တဏှုပ္ပါဒသုတ် |
1,329,965 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,966 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ရဟန်းအား တဏှာဖြစ်သည်ရှိသော် အကြင်အကြောင်းဝတ္ထုတို့ကြောင့် ဖြစ်၏၊ တဏှာဖြစ်ရာ ထိုအကြောင်းဝတ္ထုတို့သည် ဤလေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း-ရဟန်းတို့ ရဟန်းအား တဏှာဖြစ်သည်ရှိသော် သင်္ကန်းဟူသော အကြောင်းကြောင့် တဏှာဖြစ်၏၊ ရဟန်းတို့ ရဟန်းအားတဏှာဖြစ်သည်ရှိသော် ဆွမ်းဟူသော အကြောင်းကြောင့် တဏှာဖြစ်၏၊ ရဟန်းတို့ ရဟန်းအားတဏ... |
1,329,967 | Uncategorized | ဣတိဝုတ်ပါဠိတော် | “တဏှာလျှင် အဖော်ရှိသော ယောက်ျားသည် ရှည်ကြာစွာသော ကာလပတ်လုံး ကျင်လည်ရသည်ဖြစ်၍ဤလူ့အဖြစ် တစ်ပါးသော သတ္တဝါအဖြစ်ဟူသော သံသရာကို မလွန်မြောက်နိုင်။ |
1,329,968 | Uncategorized | ဣတိဝုတ်ပါဠိတော် | သတိရှိသော ရဟန်းသည် ဆင်းရဲ၏ အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူတော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,969 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၇-သဗြဟ္မကသုတ် |
1,329,970 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,971 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏၊ ထိုအမျိုးတို့သည် အိမ်ဦးနတ်နှင့်အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို... |
1,329,972 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ဗြဟ္မာ”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ “အိမ်ဦးနတ်”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ “လက်ဦးဆရာ”ဟူသော ဤအမည်သည် အမိ အဖတို့၏ အမည်တည်း၊ ရဟန်းတို့ “အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်း၊ ရဟန်းတို့ အမိအဖတို့သည်သာ... |
1,329,973 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အမိအဖတို့ကိုသားသမီးတို့၏ ဗြဟ္မာဟူ၍လည်းကောင်း၊ အိမ်ဦးနတ်ဟူ၍လည်းကောင်း၊ လက်ဦးဆရာဟူ၍လည်းကောင်း၊ အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူခံထိုက်သူတို့ဟူ၍လည်းကောင်း ဆိုရကုန်၏၊ သား သမီးတို့အား စောင့်ရှောက်တတ်ကုန်၏။ |
1,329,974 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် ပညာရှိသည် ထိုအမိအဖတို့ကို ရှိခိုးရာ၏၊ ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ အဝတ်ဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ နံ့သာပျောင်းစသည်တို့ဖြင့် လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုရာ၏။ |
1,329,975 | Uncategorized | ဣတိဝုတ်ပါဠိတော် | အမိအဖတို့၌ ထိုလုပ်ကျွေးခြင်းဖြင့် ထိုသူကို ဤဘဝ၌ပင် ပညာရှိတို့ ချီးမွမ်းကုန်၏၊ တမလွန်ဘဝ၌ နတ်ပြည်သို့ ရောက်ကာ ဝမ်းမြောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,976 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-ဗဟုကာရသုတ် |
1,329,977 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,978 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးတည်းဟူသော အသုံးအဆောင်တို့ဖြင့် လုပ်ကျွေးကြကုန်သော ပုဏ္ဏားနှင့် အမျိုးသားတို့သည် သင်တို့အား ကျေးဇူးများကုန်၏၊ ရဟန်းတို့ ထိုပုဏ္ဏားနှင့် အမျိုးသားတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောက... |
1,329,979 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အိမ်ရာထောင်သူ အိမ်ရာမထောင်သူ လူနှင့်ရဟန်းနှစ်ဦးတို့သည် အချင်းအချင်းမှီကြကုန်၍ ယောဂလေးဖြာကုန်ရာဖြစ်သော အတုမရှိ မြတ်သောသူတော်ကောင်း တရားကို ပြီးစေနိုင်ကြကုန်၏။ |
1,329,980 | Uncategorized | ဣတိဝုတ်ပါဠိတော် | အိမ်ရာထောင်သူ လူတို့ထံမှ အိမ်ရာမထောင်သူ ရဟန်းတို့သည် ဥတုဘေးရန်ကို ပယ်ဖျောက်တတ်သော သင်္ကန်းကိုလည်းကောင်း၊ ကျောင်းအိပ်ရာနေရာကိုလည်း၊ ကောင်း၊ ဆွမ်းနှင့် ဆေးပစ္စည်းကိုလည်းကောင်းခံယူကြကုန်၏။ |
1,329,981 | Uncategorized | ဣတိဝုတ်ပါဠိတော် | အိမ်၌ နေလျက် စည်းစိမ်ဥစ္စာစသည်ကို ရှာမှီးကုန်သော လူတို့သည် အရိယာ ပုဂ္ဂိုလ်ကို အမှီပြု၍ဖြူစင်သော ပညာဖြင့် ရဟန္တာပုဂ္ဂိုလ်တို့အား ကြည်ညိုကြကုန်၍ သမထဝိပဿနာဖြင့် ရှုကြကုန်လျက်ဤဘဝ၌ သုဂတိရောက်ကြောင်း ဖြစ်သော လမ်းစဉ်တရားကို ကျင့်ကြကုန်ပြီးလျှင် နတ်ပြည်သို့ ရောက်ကာ နှစ်သက်ကြကုန်လျက် အလိုရှိရာ ကာမဝတ္ထုတို့နှင့် ပြည့်စုံကြ၍ ဝမ်း... |
1,329,982 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-ကုဟသုတ် |
1,329,983 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,984 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့အံ့ဩဖွယ်ပြုတတ်သူ ခက်ထန်သူ ဖြားယောင်းပြောဆိုတတ်သူ ကိလေသာဦးချိုရှိကြသူသွေးကြီးကြသူ မတည်ကြည်သူ ရဟန်းဟူသမျှတို့သည် ငါဘုရား သားတော်ရဟန်းတို့ မဟုတ်ကုန်၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်'မှ ကင်းဝေးကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ မရောက်... |
1,329,985 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ရဟန်းတို့သည်အံ့ဩဖွယ် ပြုတတ်ကုန်၏၊ ခက်ထန်ကုန်၏၊ ဖြား ယောင်းပြောဆိုတတ်ကုန်၏၊ ကိလေသာဦးချိုရှိကုန်၏၊ သွေးကြီးကုန်၏၊ မတည် ကြည်ကုန်၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားအပ်သော သာသနာတော်၌ မကြီးပွါးကုန်။ |
1,329,986 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ရဟန်းတို့သည်အံ့ဩဖွယ် မပြုတတ်ကုန်၊ ဖြားယောင်းမှု မရှိကုန်၊ ပညာရှိကုန်၏၊ မခက်ထန်ကုန်၊ ကောင်းစွာတည်ကြည်ကုန်၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော သာသနာတော်၌ ဧကန် ကြီးပွါးကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,987 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-နဒီသောတသုတ် |
1,329,988 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၀၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,989 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ရွှေ ငွေ ပတ္တမြားစသော ချစ်အပ်သော သာယာအပ်သော ဝတ္ထုသဘောဟူသော အကြောင်းကြောင့် မြစ်ရေအလျဉ်ဖြင့် ရေစုန်မျှောကာ လိုက်သွားရာ၏၊ ကမ်း၌ တည်သော မျက်စိအမြင်ရှိသော (အခြား) ယောက်ျားသည် ထိုယောက်ျားကို မြင်၍ ဤသို့ ဆိုရာ၏"အမောင်ယောက်ျား သင်သည် ရွှေ ငွေ ပတ္တမြားစသော ချစ်အပ် သာယာအပ်သော ဝတ္ထုသဘောဟူသော အကြ... |
1,329,990 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် အနက်ကို သိစေခြင်းငှါ ဤဥပမာကို ပြုအပ်၏၊ ဤဆိုလတ္တံ့သည်ကားဤအရာ၌ အနက်တည်း- ရဟန်းတို့ “မြစ်ရေအလျဉ်”ဟူသော ဤအမည်သည် တဏှာ၏ အမည်တည်း။ |
1,329,991 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ချစ်အပ်သော သာယာအပ်သော ဝတ္ထုသဘော”ဟူသော ဤအမည်သည် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အမည်တည်း။ |
1,329,992 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “အောက်အရပ်၌ ရေအိုင်”ဟူသော ဤအမည်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့၏အမည်တည်း။ |
1,329,993 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “လှိုင်းတံပိုး”ဟူသော ဤအမည်သည် အမျက်ထွက်မှု ‘ဒေါသ’ ပင်ပန်းမှု ‘ဥပါယာသ'၏အမည်တည်း။ |
1,329,994 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ဝဲ”ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။ |
1,329,995 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ဖမ်းယူတတ်သော ငါး မကရ်း ဘီလူး ရက္ခိုသ်”ဟူသော ဤအမည်သည် မာတုဂါမ၏အမည်တည်း။ |
1,329,996 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ရေညာဘက်”ဟူသော ဤအမည်သည် ကာမမှ လွတ်မြောက်မှု ‘နေက္ခမ္မ'၏ အမည်တည်း။ |
1,329,997 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်းအားထုတ်၏”ဟူသော ဤအမည်သည်အားထုတ်မှုလုံ့လ၏ အမည်တည်း။ |
1,329,998 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ “ကမ်း၌ တည်သော မျက်စိအမြင်ရှိသော ယောက်ျား”ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,999 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- “ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်ကို နောင်အခါ ရခြင်းငှါ တောင့်တသောသူသည် အကျင့်ပဋိပတ်အားဖြင့်ဆင်းရဲနှင့်တကွဖြစ်သော်လည်း ကာမတို့ကို စွန့်ရာ၏၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံ၍ဖလဝိမုတ္တိဖြင့် ကောင်းစွာ လွတ်သော စိတ်ရှိသူသည် ထိုထိုကာလ၌ နိဗ္ဗာန်သို့ ရောက်ရာ၏၊ ထိုသူကို သစ္စာလေးပါးကို သိသူ ကျင့်သုံးပြီးသော မြတ်သောအကျင့်ရှိသူ လေ... |
1,330,000 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁၁-စရသုတ် ၁၁၀။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.