id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,330,001
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို့ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
1,330,002
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် သွားနေစဉ် ကာမနှင့်စပ်သော ကြံစည်မှု ‘ကာမဝိတက်'သော်လည်းကောင်း၊ သူတစ်ပါးပျက်စီးစေလိုခြင်းနှင့်စပ်သော ကြံစည်မှု ‘ဗျာပါဒဝိတက်'သော်လည်းကောင်း၊ ညှဉ်းဆဲခြင်းနှင့်စပ်သော ကြံစည်မှု ‘ဝိဟိံသာဝိတက်'သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအော...
1,330,003
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းမရှ...
1,330,004
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်း...
1,330,005
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန...
1,330,006
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် သွားနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ ...
1,330,007
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ မက...
1,330,008
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ့်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှ...
1,330,009
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်...
1,330,010
Uncategorized
ဣတိဝုတ်ပါဠိတော်
“အကြင်ရဟန်းသည် သွားနေသော်လည်းကောင်း၊ ရပ်နေသော်လည်းကောင်း၊ ထိုင်နေသော်လည်းကောင်း၊ လျောင်းနေသော်လည်းကောင်း ဝတ္ထုကာမ ကိလေသာ ကာမကိုမှီသော ယုတ်ညံ့သော အကြံအစည်ကို ကြံစည်၏။
1,330,011
Uncategorized
ဣတိဝုတ်ပါဠိတော်
လမ်းကောက်လမ်းမှားသို့ သွားတတ်သော တွေဝေမှုကို ဖြစ်စေတတ်သော အာရုံတို့၌ တွေဝေတတ်သော ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရိယမဂ်ဉာဏ်သို့ ရောက်ခြင်းငှါ မထိုက်။
1,330,012
Uncategorized
ဣတိဝုတ်ပါဠိတော်
အကြင်ရဟန်းသည် သွားနေသော်လည်းကောင်း၊ ရပ်နေသော်လည်းကောင်း၊ ထိုင်နေသော်လည်းကောင်း၊ လျောင်းနေသော်လည်းကောင်း ဝိတက်သုံးမျိုးကို ငြိမ်း အေးစေ၍ မိစ္ဆာဝိတက်တို့ ငြိမ်းအေးရာနိဗ္ဗာန်၌ (လွန်ကဲသော ဆန္ဒဖြင့်) မွေ့လျော်၏၊ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရိယမဂ်သို့ ရောက်ခြင်းငှါ ထိုက်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,330,013
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၂-သမ္ပန္နသီလသုတ်
1,330,014
Uncategorized
ဣတိဝုတ်ပါဠိတော်
၁၁၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
1,330,015
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သင်တို့သည် သီလနှင့် ပြည့်စုံကြကုန်လော့၊ပါတိမောက်နှင့် ပြည့်စုံလျက် နေကြကုန်လော့၊ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ'နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့။
1,330,016
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သီလနှင့်ပြည့်စုံပါတိမောက်နှင့် ပြည့်စုံလျက် နေကြကုန်သောပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ'နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်သော သင်တို့အားထို့ထက်အလွန် ပြုကျင့်ဖွယ်ကား အသို့ ဖြစ်ရာသနည်း။
1,330,017
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် သွားနေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ကင်းပျောက်ခဲ့ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကင်းပျောက်ခဲ့ပါမူ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်းပျောက်ခဲ့ပါမူပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန...
1,330,018
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ'ကင်း ပျောက်ခဲ့ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကင်းပျောက်ခဲ့ပါမူ။
1,330,019
Uncategorized
ဣတိဝုတ်ပါဠိတော်
ပ။ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှု မရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ခဲ့ပါမူ ရ...
1,330,020
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ကင်းပျောက်ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကင်းပျောက်ခဲ့ပါမူ။
1,330,021
Uncategorized
ဣတိဝုတ်ပါဠိတော်
ပ။ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကင်းပျောက်ခဲ့ပါမူ ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှုမရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည...
1,330,022
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ'ကင်းပျောက်ခဲ့ပါမူ သူတစ်ပါးတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကင်းပျောက်ခဲ့ပါမူ။
1,330,023
Uncategorized
ဣတိဝုတ်ပါဠိတော်
ပ။ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှုမရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာတ...
1,330,024
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤအနက်သဘောကိုမြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -
1,330,025
Uncategorized
ဣတိဝုတ်ပါဠိတော်
“ရဟန်းသည် သမ္မပ္ပဓာန်လုံ့လဖြင့်အားထုတ်သည်ဖြစ်၍ သွားရာ၏၊အားထုတ်သည်ဖြစ်၍ ရပ်ရာ၏၊အားထုတ်သည်ဖြစ်၍ ထိုင်ရာ၏၊အားထုတ်သည်ဖြစ်၍ လျောင်းရာ၏၊အားထုတ်သည်ဖြစ်၍လက်ခြေကို ကွေးရာ၏၊အားထုတ်သည်ဖြစ်၍ လက်ခြေကို ဆန့်ရာ၏။
1,330,026
Uncategorized
ဣတိဝုတ်ပါဠိတော်
အထက်၌လည်းကောင်း၊ အရပ် ဖီလာ ရှစ်မျက်နှာ၌လည်းကောင်း၊ အောက်၌လည်းကောင်းသတ္တသင်္ခါရအားဖြင့် ဖြစ်သမျှသော လောကအားလုံး၌ ပုဂ္ဂိုလ်သတ္တဝါမှ ကင်းဆိတ်သော ခန္ဓာတို့၏အဖြစ်အပျက်ကို ကောင်းစွာ ရှုဆင်ခြင်ရာ၏။
1,330,027
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤသို့ နေလေ့ရှိသော ပြင်းထန်သော သမ္မပ္ပဓာန်လုံ့လရှိသော ငြိမ်သက်သော ဖြစ်ခြင်းရှိသော မပျံ့လွင့်သော စိတ်ကို ငြိမ်းအေးစေတတ်သော အရိယမဂ်အားလျော်သောအကျင့်ကို ကျင့်သုံးသောအခါ ခပ်သိမ်း သတိရှိသော ထိုသို့ သဘော ရှိသော ရဟန်းကို အမြဲမပြတ် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,330,028
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၃-လောကသုတ်
1,330,029
Uncategorized
ဣတိဝုတ်ပါဠိတော်
၁၁၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
1,330,030
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ မြတ်စွာဘုရားသည် လောကကို ထိုးထွင်း၍ သိတော်မူအပ်ပြီ၊ မြတ်စွာဘုရားသည် လောကနှင့်မူကား မစပ်ယှဉ်ပေ၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ဖြစ်ကြောင်းကို ထိုးထွင်း၍သိတော်မူအပ်ပြီ၊ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ပယ်အပ်ပြီ၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ချုပ်ရာကို ထိုးထွင်း၍ သိတော်မူအပ်ပြီ၊ မြတ်စွာဘုရားသည် လောက၏ ချုပ...
1,330,031
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောက၌ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာမှီးအပ်စိတ်ဖြင့် စိစစ်အပ်သော အရာဝတ္ထုကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူအပ်ပြီ၊ ထို့ကြောင့် မြတ်စွာဘုရားကို “တထာဂတ”ဟူ၍ ဆိုရ၏။
1,330,032
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ မြတ်စွာဘုရားသည် အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိရာ ညဉ့်နှင့် ခန္ဓာအကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုရာ ညဉ့်ဟူသော ဤနှစ်ပါးသော ကာလအကြားဝယ် ပြောဆိုညွှန်ပြခဲ့သော စကားတော်အားလုံးသည် ဟုတ်မှန်သည်ချည်းသာတည်း၊ ပြောဆိုညွှန်ပြသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်၊ ထို့ကြောင့် မြတ်စွ...
1,330,033
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ဟောပြော၏၊ ထိုဟောပြောသည့်အခြင်းအရာ အတိုင်းပင် ပြုလုပ်၏၊ အကြင်အခြင်းအရာအားဖြင့် ပြုလုပ်၏၊ ထိုပြုလုပ်သော အခြင်းအရာအတိုင်းသာ ဟောပြော၏၊ ဤသို့ ဟောပြောသည့်အတိုင်း ပြုလုပ်၍ ပြုလုပ်သည့်အတိုင်းလည်းဟောပြော တော်မူသောကြောင့် မြတ်စွာဘုရားကို “တထာဂတ”ဟူ၍ ဆိုရ၏။
1,330,034
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားသည် လွှမ်းမိုးနိုင်သူ ဖြစ်တော်မူ၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်တော်မူ၏၊ စင်စစ် (အလုံးစုံကို) မြင်တော်မူ၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်တော်မူ၏၊ ထို့ကြောင့် မြတ်စွာဘုရားကို “တထာဂတ”ဟူ၍ ဆိုရ၏၊ ဤအနက်သဘောကို...
1,330,035
Uncategorized
ဣတိဝုတ်ပါဠိတော်
“မြတ်စွာဘုရားသည် အလုံးစုံသော လောက၌ လောကအားလုံးကိုဟုတ်တိုင်းမှန်စွာထူးသောဉာဏ်ဖြင့် သိ၍ လောကအားလုံးနှင့် စပ်ယှဉ်တော်မမူ၊ လောကအားလုံး၌ တဏှာဒိဋ္ဌိတို့ဖြင့်ကပ်ငြိတော်မမူ။
1,330,036
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုမြတ်စွာဘုရားသည် အလုံးစုံသော အာရုံသင်္ခါရစသည်ကို လွှမ်းမိုးလျက်အား ထုတ်မှုလုံ့လနှင့်ပြည့်စုံပြီးလျှင် အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဘေးရန်တစ်စုံတစ်ခုမျှ မရှိသော ငြိမ်းအေးလှစွာသော လွန်ကဲထူးမြတ်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် တွေ့ထိ့သိမြင်တော်မူလေပြီ။
1,330,037
Uncategorized
ဣတိဝုတ်ပါဠိတော်
-- အာသဝေါကုန်ခန်းပြီးသော ဆင်းရဲမရှိမူ၍ ယုံမှားမှု ‘သံသယ'ကို ပယ်ဖြတ်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် ကံအားလုံးတို့၏ကုန်ခြင်းသို့ ရောက်တော်မူရကား ဥပဓိကုန်ရာ နိဗ္ဗာန်၌ ဖလဝိမုတ္တိဖြင့် လွတ်မြောက်တော်မူခဲ့လေပြီ။
1,330,038
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုမြတ်စွာဘုရားသည် သစ္စာလေးပါးကို သိတော်မူ၏၊ ထိုမြတ်စွာဘုရားသည် ခြင်္သေ့မင်းသဖွယ်ဖြစ်၍အတုမရှိ မြတ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့် တကွသော လောက၌ မြတ်သော (ဓမ္မ) စက်ကို လည်စေတော်မူ၏။
1,330,039
Uncategorized
ဣတိဝုတ်ပါဠိတော်
အကြင်နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤသို့ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ကြကုန်၏၊ ထိုနတ်လူတို့သည် ကြီးမြတ် တော်မူသော ကြောက်ရွံ့ခြင်း ကင်းတော်မူသော ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ရှိခိုးကြကုန်၏။
1,330,040
Uncategorized
ဣတိဝုတ်ပါဠိတော်
မြတ်သော သီလက္ခန္ဓစသည်ကို ရှာမှီးတော်မူပြီးသော မြတ်စွာဘုရားသည် ယဉ်ကျေးတော်မူပြီးဖြစ်၍ယဉ်ကျေးသူတို့ထက် မြတ်တော်မူ၏၊ ငြိမ်းအေးတော်မူပြီးဖြစ်၍ ငြိမ်းအေးသူတို့ထက် မြတ်တော်မူ၏၊ လွတ်မြောက်တော်မူပြီးဖြစ်၍ လွတ်မြောက်သူတို့ထက် မြတ်တော်မူ၏၊ ကူးမြောက်တော်မူပြီးဖြစ်၍ကူးမြောက်ပြီး သူတို့ထက် မြတ်တော်မူ၏။
1,330,041
Uncategorized
ဣတိဝုတ်ပါဠိတော်
ထို့ကြောင့် ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော ထိုမြတ်စွာဘုရားကို နတ်နှင့်တကွသော လောက၌ အသျှင်ဘုရားအား တုပြိုင်နိုင်သူ ပုဂ္ဂိုလ်မရှိပါဘုရားဟု ပြောဆိုလျှောက်ကြားလျက် ရှိခိုးကြကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,330,042
Uncategorized
ဣတိဝုတ်ပါဠိတော်
ဣတိဝုတ်ပါဠိတော် မြန်မာပြန် ပြီး၏။
1,330,043
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၁ ... “ဖုရှာသ္ခိင် နိယ်ရပန်လွန်ပြီ
1,330,044
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၂ သာသနာ ၁၈၃၇ နှစ်သောအခာနှိုက်။
1,330,045
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
။ သကရစ် ၆၅၄ခု အာသတ်နှစ် တန်ဆောင်မှုန်လ္ဆုတ်
1,330,046
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၃ ၆ရျက် ၅ညန်သန်ကောင်လွယ်၊ သဒ္ဓါစွာသော ဣန္ဒပဇ္ဇရာမည်သော အမတ်ကြီသည်။
1,330,047
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
သင် ၄ သရာဆိုဝ်ငြယ်မှ လွတ်ရုယ် သဗ္ဗသတွာ လူနတ်တကာ ခပ်သိမ်သောကိုဝ် သင်သရာကံပါ
1,330,048
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၅ မှ ကယ်ပိယ်တတ်သော မ္လတ်သဖုရှာဆုကိုဝ် လိုဝ်ခ္လျင်သည်ကြောင်။
1,330,049
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
က္လောက်တဝ် နတ်ဣ
1,330,050
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၆ မ်တောင် က္လောင်စန် ၃ခုသော မ္လိယ်အရပ်နှိုက် ကုလါက္လောင် ပြသတ် တုလိုက် စလစ်ဥိထွက်
1,330,051
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၇ ပ္လု၏။ အထူ၂ ဆန်ကြယ်သော ခြိယ်ရာတဝ်ရှုယ်နန် ရှုဖွယ်နှန်ဟိသော ဆိယ်ရိယ်၏။
1,330,052
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
ကူေ ၈ စတီဖုရှာလေပ္လု၏ ထက်ဝန်ကျင်သော အရံတန်တိုင် ၂ထပ်လေပ္လု၏။
1,330,053
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၁၆ ... သကရစ် ၆၅၆ခု ဖဿနှစ် ပြသတ်လွှတ်သော လှူသော ကုလါ
1,330,054
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
၁၇ ကျွန်ယောက်ယာ ၁ဝကိပ်။
1,330,055
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
မိယ်မ ၃ဝကိပ် အပေါင် ၄၀ ကိပ် လှူ၏။
1,330,056
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
အနက်မသိသာ။
1,330,057
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
[ဘုရားသခင် နေရပန်လွန်ပြီး သာသနာ ၁၈၃၇နှစ်သော အခါ၌ သက္ကရာဇ် ၆၅၄ ခု အာသန္နီနှစ်၊ တန်ဆောင်မုန်း လဆုတ် ၆ရက်၊ ၅ ညဥ့်သန်းခေါင်လွဲ သဒ္ဓါစွာသော ဣန္ဒပဇ္ဇရာမည်သောအမတ်ကြီးသည် သံသရာဆင်းရဲမှ လွတ်၍ သဗ္ဗသတ္တဝါ လူနတ်တကာခပ်သိမ်းသောကို သံသရာကမ်းပါးမှ ကယ်ပေတတ်သော မြတ်သော ဘုရားဆုကို လိုချင်သည်ကြောင့် ကျောက်တော်၊ နတ် အိမ်တောင်၊ ကျောင်းစဉ် ၃...
1,330,058
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
အထူးထူးဆန်းကြယ်သော ခြေရာတော်ရွှေနန်း ရှုဘနန်းရှိသော ဆေးရေး၏။
1,330,059
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
ဂူစေတီဘုရားလည်း ပြု၏။
1,330,060
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
ထက်ဝန်းကျင်သော အရံတံတိုင်းနှစ်ထပ်လည်း ပြု၏။
1,330,061
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ
သက္ကရာဇ် ၆၅၆ ခု ဘဒြနှစ်၊ ပြာသာဒ် လွှတ်သော၊ လှူသော ကုလားကျွန် ယောက်ျား ၁၀ကျိပ်၊ မိန်းမ ၃၀ကျိပ် အပေါင်း ၄၀ကျိပ် လှူ၏။
1,330,062
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
၁။ ဣန္ဒသမာနဂေါတ္တဇာတ်
1,330,063
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ရသေ့နှင့် ဆင်
1,330,064
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္တဝံ ကာပုရိသေန ကယိရာထ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒသမာနဂေါတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သတင်းသုံးနေတော်မူစဉ် ဆုံးမခက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,330,065
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုရဟန်း၏ဝတ္ထုသည် နဝကနိပါတ် ဂိဇ္ဈဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ရဟန်း သင်သည်ကား ရှေး၌လည်း ဆုံးမခက်သော သဘောရှိသည်၏ အဖြစ်ကြောင့် ပညာရှိတို့၏ စကားကိုနားမထောင်သောကြောင့် အမုန်ယစ်သောဆင်သည် ခြေတို့ဖြင့် မှုန့်မှုန့်ညက်ညက်ပြုအပ်လေပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,330,066
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ကြီးခြင်းသို့ရောက်သည်ရှိသော် အိမ်ရာထောင်ခြင်းကို ပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ငါးရာကုန်သောရသေ့တို့၏ ဂိုဏ်းဆရာကြီးဖြစ်၍ ဟိမဝန္တာအရပ်၌ နေခြင်းကိုပြု၏။
1,330,067
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုအခါ၌ ထိုရသေ့အပေါင်းတို့တွင် ဣန္ဒသမာနဂေါတ္တအမည်ရှိသော တယောက်သောရသေ့သည် ဆုံးမခက်သည် အဆုံးအမကိုမခံယူသည် ဖြစ်၏။
1,330,068
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုဣန္ဒသာနဂေါတ္တရသေ့သည် ဆင်ငယ်တစီးကို မွေး၏။
1,330,069
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဘုရားလောင်းသည် ထိုစကားကိုကြား၍ ထိုဣန္ဒသမာနဂေါတ္တရသေ့ကိုခေါ်စေ၍ ရသေ့ သင်သည်ဆင်ငယ်ကို မွေး၏ဟူ၍ ကြားရသည် မှန်သလောဟု မေး၏။
1,330,070
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဆရာ မှန်ပေ၏။
1,330,071
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
အမိသေသော ဆင်ငယ်တစီးကို မွေး၏ဟု ဆိုသည်ရှိသော် ရသေ့ ဆင်တို့မည်သည်ကား ကြီးခြင်းသို့ရောက်ကုန်သည်ရှိသော် မွေးမြူသောအရှင်ကိုသာလျှင် သတ်တတ်ကုန်၏။
1,330,072
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
သင်သည် ထိုဆင်ငယ်ကို မမွေးလင့်ဟု ဆို၏။
1,330,073
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဆရာ ထိုဆင်ငယ်နှင့် ကင်း၍နေခြင်းငှါ မတတ်နိုင်ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထင်ရှားလတ္တံ့ဟု ဆို၏။
1,330,074
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုဣန္ဒသမာနဂေါတ္တသည် မွေးအပ်သော ထိုဆင်ငယ်သည် နောက်အဘို့၌ ကြီးသောကိုယ်ရှိသည် ဖြစ်၏။
1,330,075
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုသို့ ကြီးလတ်သည်ရှိသော် အခါတပါး၌ ရသေ့တို့သည် တော၌ဖြစ်သော သစ်မြစ် သစ်သီးကြီးငယ်အကျိုးငှါ ဝေးသောအရပ်သို့ သွားကုန်၍ ထိုအရပ်၌သာလျှင် နှစ်ရက် သုံးရက်နေကုန်၏။
1,330,076
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဆင်သည်လည်း ရှေးဦးစွာသော တောင်လေသည် လာသည်ရှိသော် မုန်ယို သည်ဖြစ်၍ ထိုဣန္ဒသမာနဂေါတ္တကျောင်းသို့ဝင်၍ ရေအိုးကိုခွဲ၍ ကျောက်ပျဉ်ကိုပစ်၍ တံကဲပျဉ်ကိုနုတ်၍ ထိုရသေ့ကိုသတ်၍သာလျှင် သွားအံ့ဟု တခုသော တောအရပ်သို့ဝင်၍ ထိုဣန္ဒသမာနဂေါတ္တရသေ့၏ လာလတ္တံ့သောခရီးကို ကြည့်လျှက် ရပ်၏။
1,330,077
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဣသမာနဂေါတ္တရသေ့သည် ထိုဆင်၏အကျိုးငှါ အစာကိုယူ၍ ခပ်သိမ်းကုန်သောရသေ့တို့၏ ရှေ့မှသာလျှင် လာလတ်သည်ရှိသော် ထိုဆင်ကိုမြင်၍ ပကတိသော အမှတ်ဖြင့်သာလျှင် ထိုဆင်၏အထံသို့ သွား၏။
1,330,078
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ထိုအခါ၌ ထိုဣန္ဒသမာနဂေါတ္တရသေ့ကို ထိုဆင်သည် တောအုပ်အရပ်မှထွက်၍ နှာမောင်းဖြင့်မြဲစွာကိုင်ပြီးလျှင် မြေ၌ပုတ်ခတ်၏။
1,330,079
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဦးခေါင်းကို ခြေဖြင့်နင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ကြိုးကြာသံနှင့်တူသော မြည်ခြင်းကိုပြု၍ တောသို့ ဝင်လေ၏။
1,330,080
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ကြွင်းကုန်သော ရသေ့တို့သည် ထိုအကြောင်းကို ဘုရားလောင်းအား ကြားကုန်၏။
1,330,081
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဘုရားလောင်းသည် စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်တကွ ပေါင်းဘော်ခြင်းကို မပြုအပ်ဟု ဆို၍-
1,330,082
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
၂၁။ န သန္ထဝံ ကာပုရိသေန ကယိရာ၊အရိယော အနရိယေန ပဇာနုမတ္တံ။
1,330,083
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
စိရာ နုဝုတ္ထောပိ ကရောဟိ ပါပံ၊ဂဇော ယထာ ဣန္ဒသမာနဂေါတ္တံ။
1,330,084
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ယံတွေဝ ဇညာ သဒိသော မမန္တိ၊သီလေန ပညာယ သုတေန စာပိ။
1,330,085
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
တေနေဝ မေတ္တိံ ကယိရာထ သဒ္ဓိံ၊သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော။
1,330,086
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဟူသော ဂါထာတို့ကို ဆို၏။
1,330,087
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
၂၁။ ဘောန္တော၊ အိုရသေ့တို့။
1,330,088
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ပဇာနံ-ပဇာနန္တော၊ သိထသော။
1,330,089
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
အရိယော၊ ကောင်းသောအကျင့်၌ တည်သောပုဂ္ဂိုလ်သည်။
1,330,090
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
အနရိယေန၊ သူတော်မဟုတ်သော။
1,330,091
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ကာပုရိသေန၊ စက်ဆုပ်ရွံရှာဘွယ်သောပုဂ္ဂိုလ်နှင့်။
1,330,092
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
သန္ထဝံ၊ ပေါင်းဘော်ရခြင်းကို။
1,330,093
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ကိံ ကရဏာ၊ အဘယ့်ကြောင့်။
1,330,094
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
န ကယိရာ၊ မပြုအပ်သနည်းဟူမူကား။
1,330,095
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဣန္ဒသမာနဂေါတ္တေန၊ ဣန္တသမာနဂေါတ္တ ရသေ့သည်။
1,330,096
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ပေါသိယမာနော၊ မွေးအပ်သော။
1,330,097
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဂဇော၊ ဆင်သည်။
1,330,098
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ဣန္ဒသမာနဂေါတ္တံ၊ ဣန္ဒသမာနဂေါတ္တ ရသေ့ကို။
1,330,099
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
မာရေန္တော၊ သတ်လျက်။
1,330,100
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒသမာနဂေါတ္တဇာတ်
ပါပံ၊ ယုတ်မာသောအမှုကို။