id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,330,101 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | အကာသိ ယထာ၊ ပြုသကဲ့သို့။ |
1,330,102 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | အနရိယော၊ အရိယာဟုတ်သော ပုဂ္ဂိုလ်သည်။ |
1,330,103 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | အနုဝုတ္ထောပိ၊ အတူတကွနေသော်လည်း။ |
1,330,104 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ၂၂။ ယံတွေဝ ပုဂ္ဂလံ၊ အကြင် ပုဂ္ဂိုလ်ကိုသာလျှင်။ |
1,330,105 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | အယံ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်သည်။ |
1,330,106 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | မမံ၊ ငါနှင့်။ |
1,330,107 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | သီလေန စာပိ၊ သီလအားဖြင့်၎င်း။ |
1,330,108 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ပညာယ စာပိ၊ ပညာအားဖြင့်၎င်း။ |
1,330,109 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | သုတေန စာပိ၊ အကြားအမြင်အားဖြင့်၎င်း။ |
1,330,110 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | သဒိသော၊ တူ၏။ |
1,330,111 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာ။ |
1,330,112 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | မေတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ |
1,330,113 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | တေနေဝ၊ ထိုပုဂ္ဂိုလ်နှင့်သာလျှင်။ |
1,330,114 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ကယိရာထ၊ ပြုရာသနည်းဟူမူကား။ |
1,330,115 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | သင်္ဂမော၊ ပေါင်းဘော်ရခြင်းသည်။ |
1,330,116 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ဤဂါထာနှစ်ခုတို့၏အပေါင်းဖြင့် ဘုရားလောင်းသည် အဆုံးအမကို မခံမယူသောမည်သည် မဖြစ်ရာ၊ ပညာရှိတို့အဆုံးမတိုင်း ကောင်းစွာကျင့်ရာ၏ဟု ရသေ့အပေါင်းကိုဆုံးမ၍ ဣန္ဒသမာနဂေါတ္တ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။ |
1,330,117 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤဆုံးမခက်သောရဟန်းသည် ထိုအခါ ဣန္ဒသမာနဂေါတ္တရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့အပေါင်းတို့၏ ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,330,118 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ဆုံးမခက်ခဲ ပျက်စီးမြဲ၊ သေပွဲနောက်ဆုံးတွေ့ |
1,330,119 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒသမာနဂေါတ္တဇာတ် | ရှေးဦးစွာသော ဣန္ဒသမာနဂေါတ္တဇာတ်သည် ပြီး၏။ |
1,330,120 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၇။ ဣန္ဒြိယဇာတ် |
1,330,121 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာမဂုဏ်တို့၏ အလိုသို့ မလိုက်သင့်ခြင်း |
1,330,122 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော ဣန္ဒြိယာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣန္ဒြိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ |
1,330,123 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ တစ်ယောက်သော အမျိုး သားသည် သဗ္ဗညူ မြတ်ဘုရား၏ တရားတော်ကို နာရ၍ စင်စစ် ပြည့်စုံသော, စင်စစ် ဖြူစင်သော မြတ်သော အကျင့်ကို အိမ်ရာထောင်သော လူ၏ဘောင်၌နေသဖြင့် ကျင့်အံ့သောငှာ မတတ် ကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သဗ္ဗညူ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ဆင်းရဲ၏ အဆုံးကိုပြုအံ့ဟု အိမ်ရာ စည်းစိမ... |
1,330,124 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည်လည်း ထိုအမျိုးသားအား ရဟန်းအဖြစ်ကို ပေးစေတော်မူ၏။ |
1,330,125 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဆွမ်းခံမရ၍ |
1,330,126 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဆရာဥပဇ္ဈာယ်တို့နှင့်တကွ ဆွမ်းခံအပ်သော ထိုရဟန်းအား သီတင်းသိက္ခာ ငယ်သည်အဖြစ်ကြောင့်လည်းကောင်း၊ ရဟန်းတို့ များသည်၏ အဖြစ်ကြောင့်လည်းကောင်း ဒါယကာတို့၏ အိမ် ၌လည်းကောင်း၊ ဆွမ်းစားဇရပ်၌လည်းကောင်း နေရာသို့ မရောက်။ |
1,330,127 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သံဃာတို့၏ အစွန်၌ အင်း ပျဉ်သို့လည်းကောင်း၊ ပျဉ်ချပ်သို့လည်းကောင်း ရောက်၏။ |
1,330,128 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အာဟာရ၌လည်း ယောက်မအပြင်ဖြင့် ခပ်အပ်သော ကြေကွဲသော ထမင်းလုံးရှိသော ပအုံးရည်သည်လည်းကောင်း၊ ယာဂုသည်လည်းကောင်း ပုပ်သိုးသော ခြောက်သော ခဲဖွယ်သည်လည်းကောင်း၊ ချိုးကပ်သော ခြောက်သော ဆွမ်းသည်လည်းကောင်း ရောက်၏။ |
1,330,129 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မျှလောက် ရုံမျှလျှင် မရောက်။ |
1,330,130 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မယားဟောင်းထံသွား |
1,330,131 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုရဟန်းသည် မိမိရသော အာဟာရကိုယူ၍ မယားဟောင်း အထံသို့သွား၏။ |
1,330,132 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုအခါ ထိုရဟန်း၏ သပိတ်ကို မယားဟောင်းသည် ယူ၍ ရှိခိုး၍ သပိတ်မှဆွမ်းကို ထုတ်၍ ကောင်းစွာ စီရင်အပ်ကုန်သော ယာဂု ဆွမ်း ဟင်းလျာတို့ကို ပေး၏။ |
1,330,133 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရဟန်းကြီးသည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်။ |
1,330,134 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုမိန်းမသည် ဤရဟန်းကို နှောင်ဖွဲ့အပ်သည်လော၊ မဖွဲ့အပ်သည်လော၊ စုံစမ်းအံ့ဟု တစ်နေ့သ၌ ဇနပုဒ်သား လူကို မြေဖြူ၊ မြေညက်ဖြင့် ရေချိုးစေ၍ အိမ်၌နေစေ၍ ထိုလူ၏ အခြံအရံဖြစ်ကုန်သော နှစ်ယောက် သုံးယောက်ကုန်သော လူတို့ကို ခေါ်စေ၍ အတန် ငယ် အတန်ငယ် သောက်ဖွယ် စားဖွယ်တို့ကို ပေးစေ၏။ |
1,330,135 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုလူတို့သည် ခဲကုန် စားကုန်လျက် နေကုန်၏။ |
1,330,136 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အိမ်တံခါးဝယ် လှည်းတို့၌ နွားတို့ကို က, စေ၍ တစ်ခုသော လှည်းကိုလည်း ထားစေ၏။ |
1,330,137 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မိမိသည်ကား အိမ်မှ နောက်ဖြစ်သော တိုက်ခန်း၌နေ၍ မုန့်တို့ကို ကြော်၏။ |
1,330,138 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရဟန်းကြီးသည် လာ၍ အိမ်တံခါး၌ ရပ်၏။ |
1,330,139 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | လှည့်စားခံရ |
1,330,140 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုရဟန်းကြီးကိုမြင်၍ တစ်ယောက်သော ကြီးသော ယောက်ျားသည် ရှင်မ မဟာထေရ်တစ်ပါးသည် အိမ်တံခါး၌ ရပ်၏ ဟု ဆို၏။ |
1,330,141 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရှိခိုး၍ ကျွန်ုပ်တို့၏ အိမ်မှထွက်၍ တစ်ပါးသောအိမ်၌ ဆွမ်းခံပါလော ဟု လျောက်လော့ဟု မိန်းမသည် ဆို၏။ |
1,330,142 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အရှင်ဘုရား တစ်ပါးသော |
1,330,143 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အိမ်၌ ဆွမ်းကို ခံပါဟု အဖန်တလဲလဲ ဆို၍လည်း မသွားသော ထိုရဟန်းကြီးကို ယောကျ်ားအိုသည် မြင်၍ ရှင်မမထေရ်သည် တစ်ပါးသို့ မကြွဟု ဆို၏။ |
1,330,144 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုမိန်းမသည် လာလတ်၍ တင်းတိမ်ကို ပင့်၍ ကြည့်လျက် အိုဖခင်... ငါတို့၏ လင်တည်းဟု ဆို၍ ထွက်၍ သပိတ်ကိုယူ၍ အိမ်သို့သွင်း၍ ဆွမ်းကိုလုပ်ကျွေး၍ ဆွမ်းစားပြီးသည်၏ အဆုံး၌ ရှိခိုး၍ အရှင်... အရှင်ဘုရားတို့သည် ဤသာဝတ္ထိပြည်၌လျှင် ပရိနိဗ္ဗာန် ပြုရစ်ကုန်လော့၊ အကျွန်ုပ်တို့သည် ဤမျှသောကာလ၌ တစ်ပါးသောအမျိုးကို ယူကုန်အံ့၊ လင်မရှိသောအိမ်၌ အိမ်... |
1,330,145 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရဟန်းကြီး၏ နှလုံးသည် ကွဲသော ကာလကဲ့သို့ ဖြစ်၏။ |
1,330,146 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | လူထွက်တော့မည် |
1,330,147 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုအခါ ထိုရဟန်းကြီးသည် ထိုမိန်းမကို ငါသည် သင့်ကိုစွန့်ခြင်းငှာ မတတ်နိုင်၊ မသွားလေလင့် လူထွက်အံ့၊ ဤမည်သောအရပ်၌ ငါ့အား ပုဆိုးကို ပေးလာလော့၊ ငါသည် သပိတ်သင်္ကန်းကို ဆရာဥပဇ္ဈာယ်တို့အားအပ်၍ လာအံ့ ဟု ဆို၏။ |
1,330,148 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုမိန်းမသည် ကောင်းပြီဟု ဝန်ခံ၏။ |
1,330,149 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဘုရားရှင်ထံရောက် |
1,330,150 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရဟန်းကြီးသည် ကျောင်းသို့သွား၍ ဆရာဥပဇ္ဈာယ်တို့အား သပိတ်သင်္ကန်းကို အပ်၏။ |
1,330,151 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ငါ့ရှင် အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု မေးသည်ရှိသော် မယားဟောင်းကို စွန့်အံ့သောငှာ မတတ်နိုင်၊ လူထွက်အံ့ဟု ဆို၏။ |
1,330,152 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုအခါ ထိုရဟန်းကြီးကို အလိုမရှိဘဲလျက်လျှင် ဆရာဥပဇ္စျာယ်တို့သည် ဘုရားအထံသို့ ဆောင်၍ ရဟန်းတို့. အဘယ့်ကြောင့် အလိုမရှိသည်လျှင်ဖြစ်သော ဤရဟန်းကို ဆောင်ခဲ့ကုန်သနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤရဟန်းကြီးသည် ငြီးငွေ့၍ လူထွက်လို၏ ဟု လျှောက်ကုန်၏။ |
1,330,153 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုအခါ ထိုရဟန်းကြီးကို သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... ငြီးငွေ့သော ဟူသည် မှန်သလောဟု မေးတော်မူ၏။ |
1,330,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျှောက်၏။ |
1,330,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အဘယ်သူသည် သင့်ကို ငြီးငွေ့စေသနည်း ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... မယား၊ ဟောင်းသည် ငြီးငွေ့စေ၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်း... ထိုမိန်းမသည် ယခုအခါ၌ သာလျှင် သင်၏ အကျိုးမဲ့ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း သင်၏အကျိုးမဲ့ကို ပြုဖူးသလျှင်ကတည်း၊ သင်သည် ထိုမိန်းမကိုမှီ၍ လေးပါးသောဈာန်မှ ယုတ်၍ ကြီးစွာသော... |
1,330,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ကို စွဲ၍ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၏။ |
1,330,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဘုရားလောင်း၏ ဖွားသောနေ့၌လည်း မြို့အလုံး၌ လက်နက်တို့သည် ထွန်းပကုန်၏။ |
1,330,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထို့ကြောင့် ဘုရားလောင်းအား ဇောတိပါလဟူသော အမည်ကို မှည့်ကုန်၏။ |
1,330,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သရဘင်္ဂရသေ့ |
1,330,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုဇောတိပါလ လုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်း သော အတတ်တို့ကို သင်၍ မင်းအား အတတ်ကိုပြ၍ စည်းစိမ်ကိုပယ်၍ တစ်စုံတစ်ယောက်သော သူကို မသိစေမူ၍ မြတ်သော တံခါးဖြင့်ထွက်၍ တောသို့ဝင်၍ သိကြားပေးသော ကဝိဋ္ဌကမည်သော ကျောင်း၌ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၏ ထိုကဝိဋ္ဌကကျောင်း၌ သီတင်းသုံးနေသော ဘုရားအလောင်းကို... |
1,330,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | များစွာသော အစည်းအဝေးသည်ဖြစ်၏။ |
1,330,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | တပည့်ကြီး ခုနစ်ယောက်တို့သည် ရှိကုန်၏။ |
1,330,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | တပည့်ရသေ့များ |
1,330,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုတပည့်ကြီးတို့တွင် သာလိဿရမည်သော ရသေ့သည် မိမိကျောင်းမှထွက်၍ အရှေ့ဇနပုဒ်၌ သတောဒိကမည်သော မြစ်၏အနား၌ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍ နေ၏။ |
1,330,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မေဏ္ဍိဿရမည်သော ရသ့သည် ပဉ္စာလမင်းနိုင်ငံ၌ ကလဗ္ဗစူဠကမည်သော နိဂုံးကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။ |
1,330,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပဗ္ဗတအမည်ရှိသော ရသေ့သည် တစ်ခုသော တောအုပ် ဇနပုဒ်ကိုမှီ၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်သည်ဖြစ်၍နေ၏။ |
1,330,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာဠဒေဝိလမည်သော ရသေ့သည် အဝန္တိဒက္ခိဏာပထ၌ တစ်ခဲနက်သော တောင်ကို အမှီ ပြု၍ အထောင်မကသော ရသေ့တို့သည် ခြံရံအပ်ကုန်သည်ဖြစ်၍ နေ၏ |
1,330,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကိသဝစ္ဆမည်သော ရသေ့သည် တစ်ယောက် တည်းသာလျှင် ဒဏ္ဍကီမင်း၏ ကုမ္ဘဝတီမြို့ကိုမှီ၍ ဥယျာဉ်၌ နေ၏။ |
1,330,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အနုပိယရသေ့သည်ကား ဘုရားလောင်းအား လုပ်ကျွေးလျက် ဘုရားလောင်း၏အထံ၌ နေ၏။ |
1,330,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့ ငြီးငွေ့ |
1,330,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာဒေဝိလရသေ့၏ ညီဖြစ်သော နာရဒရသေ့သည်ကား မဇ္ဈိမဒေသ၌ အာရဉ္ဇရဂိရိမည်သော တောင်ကွန်ရက်အကြား၌ တစ်ပါးတည်းသာလျင် တစ်ခုသာလိုဏ်၌ နေ၏။ |
1,330,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အာရဉ္ဇရဂိရိတောင်၏ အနီး၌ တစ်ခုသော ပြွမ်းသော လူရှိသော နိဂုံးသည် ရှိ၏။ |
1,330,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အာရဉ္ဇရဂိရိတောင်နိဂုံး၏ အကြား၌ ကြီးသောမြစ်သည် ရှိ၏။ |
1,330,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုမြစ်ကို များစွာကုန်သော လူတို့သည် ကူးကုန်၏။ |
1,330,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မြတ်သောအဆင်းကို ဆောင်ကုန်သော ပြည့်တန်ဆာမတို့သည်လည်း ယောက်ျားတို့ကို ဖျားယောင်းကုန်လျက် ထိုမြစ်ကမ်း၌ နေကုန်၏။ |
1,330,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့သည် ထိုပြည့်တန်ဆာမတို့တွင် တစ်ယောက်သော ပြည့်တန်ဆာမကိုမြင်၍ တပ်စွန်းသေးစိတ် ရှိသည်ဖြစ်၍ ဈာန်ကိုကွယ်စေ၍ အာဟာရကို မသုံးဆောင်ဘဲ ခြောက်ကပ်သော ကိုယ်ရှိသည်ဖြစ်၍ ကိလေသာ၏ အလိုသို့လိုက်၍ ခုနစ်ရက်ပတ်လုံး လျောင်း၍ အိပ်၏။ |
1,330,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုနာရဒရသေ့၏ အစ်ကိုဖြစ်သော ကာဠဒေဝိလရသေ့သည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိလေ၍ ကောင်းကင်ဖြင့်လာ၍ လိုဏ်သို့ဝင်၏။ |
1,330,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့သည် ကာဠဒေဝီလရသေ့ကို မြင်၍ အဘယ်ကြောင့် အရှင်လာသနည်း ဟု မေး၏။ |
1,330,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အရှင်သည် မချမ်းသာ၊ အရှင့်ကို ကုစားအံ့သောငှာ လာ၏ဟု ဆို၏။ |
1,330,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထိုအခါ ကာဠဒေဝီလရသေ့ကို နာရဒရသေ့သည် အရှင်သည် မဟုတ်မမှန်သောစကားကို ဆို၏ဟု မုသာဝါဒဖြင့် နှိပ်လေ၏။ |
1,330,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာဠဒေဝိလ ရသေ့သည် နာရဒရသေ့ကို စွန့်ခြင်းငှာ မသင့်ဟု သာလိဿရ ရသေ့ကို ပင့်ဆောင်၏။ |
1,330,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မဏ္ဍိဿရ ရသေ့ကိုလည်း ပင့်ဆောင်၏။ |
1,330,183 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပဗ္ဗတ ရသေ့ကိုလည်း ပင့်ဆောင်လေ၏။ |
1,330,184 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သုံးပါးကုန်သော ရသေ့တို့ကိုလည်း မုသာဝါဒဖြင့် နှိပ်လေ၏။ |
1,330,185 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာဠဒေဝိလ ရသေ့သည် သရဘင်္ဂဆရာကို ပင့်ဆောင်အံ့ဟု ကောင်းကင်ဖြင့် သွားပြီး၍ သရဘင်္ဂဆရာကို ပင့်ဆောင်၏။ |
1,330,186 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာမသည် ဆင်းရဲစေ၏ |
1,330,187 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သရဘင်္ဂဆရာသည် လာလတ်၍လျှင် နာရဒရသေ့ကိုမြင်၍ ဣန္ဒြေတို့၏ အလိုသို့ လိုက်၏ ဟု သိ၍ နာရဒ... သင်သည် ဣန္ဒြေ၏အလိုသို့ လိုက်သလောဟု မေး၏။ |
1,330,188 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့သည် ထိုစကားကို ကြား၍လျှင် ထ၍ ရှိခိုး၍ ဆရာ... အကျွန်ုပ်သည် ဣန္ဒြေတို့၏အလိုသို့ လိုက်၏ဟုဆိုသည်ရှိသော် နာရဒ ဣန္ဒြေတို့၏ အလိုသို့ လိုက်သောသူမည်သည်ကား ဤကိုယ်၏အဖြစ်၌ ခြောက်ကပ်ကုန်လျက် ဆင်းရဲကိုခံရကုန်၍ နှစ်ခုမြောက်သော ကိုယ်၏ အဖြစ်၌ ငရဲ၌ဖြစ်ကုန်၏ ဟု ဆိုလို၍ - |
1,330,189 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၆၀။ ယော ဣန္ဒြိယာနံ ကာမေန၊ ဝသံ နာရဒ ဂစ္ဆတိ။ |
1,330,190 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သော ပရိစ္စဇ္ဇုဘော လောကေ၊ ဇိဝန္တောဝ ဝိသုဿတိ။ |
1,330,191 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၆၀။ နာရဒ၊ နာရဒ။ |
1,330,192 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကာမေန၊ ကိလေသာကာမ၏ အစွမ်းအားဖြင့်။ |
1,330,193 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ |
1,330,194 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဂစ္ဆတိ၊ လိုက်မှား၏။ |
1,330,195 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သော၊ ထိုယောကျ်ားသည်။ |
1,330,196 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဥဘော လောကေ၊ နှစ်ပါးကုန်သော လူ့ပြည်နတ်ပြည်တို့ကို။ |
1,330,197 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပရိစ္စဇ္ဇ၊ စွန့်၍။ |
1,330,198 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နိရယာဒီသု၊ ငရဲအစရှိသည်တို့၌။ |
1,330,199 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဇီဝန္တောဝ၊ အသက်ရှင်စဉ်လျှင်။ |
1,330,200 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဝိသုဿတိ၊ ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.