id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,330,201
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကာမဆင်းရဲပုံ
1,330,202
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုစကားကိုကြား၍ နာရဒရသေ့သည် ဆရာ ကာမကို မှီဝဲခြင်းမည်သည်ကား ချမ်း သာ၏။
1,330,203
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဤသို့သဘောရှိသော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲ၏ဟု ဆိုသနည်း ဟု မေး၏။
1,330,204
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ နာရဒရသေ့အား သရဘင်္ဂဆရာသည် နာရဒ ထိုသို့ထးတပြီးကား နာလော့ဟု -
1,330,205
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၁။ သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ၊သောသိ ပတ္တော၊ သုခံဒုက္ခံ၊ ပါဋိကင်္ခ ဝရံ သုခံ။
1,330,206
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၁။ နာရဒ၊ နာရဒ။
1,330,207
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သုခဿ၊ ကာမသုခ၏။
1,330,208
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အနန္တရံ၊ အခြားမဲ့၌။
1,330,209
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဒုက္ခံ၊ ငရဲအစရှိသည်တို့၌ ဆင်းရဲခြင်းသို့။
1,330,210
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ပါပုဏန္တိ၊ ရောက်ကုန်၏။
1,330,211
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဒုက္ခဿ၊ သီလကိုစောင့်ရှောက်သော ဆင်းရဲ၏။
1,330,212
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သုခံ၊ လူ့ပြည် နတ်ပြည်၌ဖြစ်သော ချမ်းသာ, နိဗ္ဗာန်ချမ်းသာသို့။
1,330,213
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သတ္တော၊ သတ္တဝါဖြစ်သော။
1,330,214
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဈာနသုခံ၊ ဈာန်ချမ်းသာကို။
1,330,215
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သုခါ၊ ဈာန်ချမ်းသာမှ။
1,330,216
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဒုက္ခံ၊ ကာမကိုမှီသော စိတ်၏ဆင်းရဲခြင်းသို့။
1,330,217
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ပါဋိကင်္ခ၊ အလိုရှိလော့။
1,330,218
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
တောင့်တလော့။
1,330,219
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဆင်းရဲကိုသည်းခံ
1,330,220
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
နာရဒရသေ့သည် ဆရာ ဤဆင်းရဲကား သည်းခံနိုင်ခဲ၏။
1,330,221
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အကျွန်ုပ် သည်းခံအံ့သောငှာ မတတ်နိုင် ဟု ဆို၏။
1,330,222
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ ဖြစ်လာသော ဆင်းရဲမည်သည်ကို သည်းခံအပ်သလျှင်ကတည်းဟု ဆိုလို၍-
1,330,223
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၂။ ကိစ္ဆကာလေ ကိစ္ဆသဟော၊ ယော ကိစ္ဆံ နာတိဝတ္တတိ။
1,330,224
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သ ကိစ္ဆန္တံ သုခံ ဓီရော၊ ယောဂံ သမဓိဂစ္ဆတိ။
1,330,225
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၂။ နာရဒ၊ နာရဒ။
1,330,226
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကိစ္ဆကာလေ၊ ဆင်းရဲဖြစ်သောကာလ၌။
1,330,227
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကိစ္စသဟော၊ ဆင်းရဲကိုပယ်ခြင်း၏ အကြောင်းကိုပြုလျက် ဆင်းရဲကို သည်းခံသည်ဖြစ်၍ ကိစ္ဆံ၊ ဆင်းရဲကို။
1,330,228
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
နာတိဝတ္တတိ၊ အလိုမလိုက်။
1,330,229
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကိစ္ဆန္တံ၊ ဆင်းရဲ၏အဆုံးဟု ဆိုအပ်သော။
1,330,230
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ယောဂံ၊ ယောဂဟု ဆိုအပ်သော။
1,330,231
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သမဓိဂစ္ဆတိ၊ ရ၏။
1,330,232
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
တရားကို မဖျက်ဆီးအပ်
1,330,233
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
နာရဒ ရသေ့သည် ဆရာ... ကာမသုခ မည်သည်ကား မြတ်သော ချမ်းသာဖြစ်၏။
1,330,234
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုမြတ်သောချမ်းသာကို အကျွန်ုပ်သည် စွန့်အံ့သောငှာ မတတ်နိုင်ဟု ဆို၏။
1,330,235
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ နာရဒရသေ့ကို ဘုရားလောင်းသည် နာရဒ တရားမည်သည်ကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဖျက်ဆီးအပ်ဟု ဆို၍-
1,330,236
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၃။ န ဟေဝ ကာမာန ကာမာ၊ နာနတ္ထာ နာနတ္ထကာရဏာ။
1,330,237
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
န ကတဉ္စ နိရင်္ကတွာ၊ ဓမ္မာ စဝိတု မရဟသိ။
1,330,238
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၃။ နာရဒ၊ နာရဒ။
1,330,239
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကာမာနံ၊ ဝတ္ထုကာမတို့ကို။
1,330,240
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကာမာ၊ တောင့်တသဖြင့်။
1,330,241
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဓမ္မာ၊ တရားမှ။
1,330,242
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
စဝိတုံ၊ ရွေ့လျှောခြင်းငှာ။
1,330,243
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အနတ္ထာ၊ အကျိုးမဲ့ဖြစ်သဖြင့်။
1,330,244
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
စဝိတုံ၊ ရွေ့လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။
1,330,245
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အတ္ထကာရဏာ၊ ဤမည်သောအကျိုးသည် ဖြစ်လတ္တံ့ဟု အကျိုးစီးပွားကို လိုခြင်းဟူသော အကြောင်းကြောင့်လည်း။
1,330,246
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကတဉ္စ၊ ဖြစ်စေအပ်ပြီးသော ဈာန်ကိုလည်း။
1,330,247
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
နိရင်္ကတွာ၊ ဖျက်ဆီး၍။
1,330,248
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
စဝိတုံ၊ ရွေ့ လျှောခြင်းငှာ၊ န အရဟသိ၊ မထိုက်။
1,330,249
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အကောင်း ၄-ချက်
1,330,250
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဤသို့ သရဘင်္ဂဆရာသည် လေးဂါထာတို့ဖြင့် တရားဟောပြီးသည်ရှိသော် ကာဠဒေဝိလရသေ့သည် မိမိ ညီကို ဆုံးမလိုရကား-
1,330,251
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၄။ ဒက်ခံ ဂဟပတီ သာဓု၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။
1,330,252
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အဟာသော အတ္ထလာဘေသု၊ အတ္ထဗျာပတ္ထိ အဗျာထော။
1,330,253
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၄။ နာရဒ၊ နာရဒ။
1,330,254
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဂဟပတီ-ဂဟပတီနံ၊ အိမ်ရှင်တို့၏။
1,330,255
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဒက်ခံ၊ မပျင်းမရိ လိမ္မာသည်၏ အဖြစ်သည်။
1,330,256
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သံဝိဘဇ္ဇဉ္စ၊ တရား စောင့်ကုန်သော ရဟန်းပုဏ္ဏားတို့နှင့်တကွ ဝေဖန်၍။
1,330,257
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဘောဇနဉ္စ၊ သုံးဆောင်ခြင်းသည်လည်း။
1,330,258
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အတ္ထလာဘေသု၊ စည်းစိမ်ဥစ္စာတို့ကို ရသောကာလတို့၌။
1,330,259
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အဟာသော၊ မမေ့မလျော့သည်၏ အစွမ်းအားဖြင့် မပေါ်မလွင် မရွှင်မလန်းသည်၏ အဖြစ်သည်။
1,330,260
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အတ္ထဗျာပတ္တိ၊ အကျိုးစီးပွား၏ ပျက်စီးခြင်းသည်။
1,330,261
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အဗျာထော၊ မပင်မပန်းခြင်းသည်။
1,330,262
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကာဠဒေဝိလရသေ့သည် နာရဒရသေ့အား ဆိုဆုံးမ သည်၏ အဖြစ်ကို သိတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး၍ တစ်ဖန်-
1,330,263
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၅။ ဧတ္တာဝတေတံ ပဏ္ဍိစ္စံ၊ အပိ သော ဒေဝိလော ဗြဝိ။
1,330,264
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
န ယိတော ကိဉ္စိ ပါပိယော၊ ဣနြိယာနံ ဝသံ ဝဇေ။
1,330,265
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဧတ္တာဝတာ၊ ဤမျှဖြင့်။
1,330,266
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဧတံ ပဏ္ဍိစ္စံ၊ ထိုပညာရှိကို။
1,330,267
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သော ဒေဝိလော၊ ထိုဒေဝီလရသေ့သည်။
1,330,268
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဝဇေ၊ လိုက်၏။
1,330,269
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဣတော၊ ဤသူ့အောက်။
1,330,270
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူသည်။
1,330,271
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ နာရဒရသေ့ကို သရဘင်္ဂဆရာရသေ့သည် ခေါ်၍ နာရဒ... ရှေးဦးစွာသော ဤစကားကို နားထောင်ဦးလော့၊ အကြင်သူသည် မဆွကပင်လျှင် ပြုအပ်သည်နှင့်ယှဉ်သော အမှုကို မပြု၊ ထိုသူသည် တောသို့ ဝင်သော လု သကဲ့သို့ စိုးရိမ်ရ၏။
1,330,272
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ငိုကြွေးရ၏ ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။
1,330,273
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သက်သေဝတ္ထု
1,330,274
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
လွန်လေပြီးသောအခါ တစ်ခုသော ကာသိနိဂုံး၌ အဆင်းလှသော တစ်ယောက်သော ပုဏ္ဏားလုလင်သည် ဖြစ်၏။
1,330,275
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဆင်ပြောင်းကို ဆောင်နိုင်၏။
1,330,276
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
လူပြိတ္တာကြီး
1,330,277
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုလုလင်သည် ငါအား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြု၍ မိဘတို့အား လုပ်ကျွေးခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်း၊ သားမယားဖြင့် အဘယ်ပြုအံ့နည်း၊ ဒါန အစရှိသော ကောင်းမှုတို့ဖြင့် အဘယ်ပြုအံ့နည်း၊ တစ်စုံ တစ်ယောက်သောသူကို မမွေးမူ၍ တစ်စုံတစ်ခုသော ကောင်းမှုကို မပြုမူ၍ တောသို့ဝင်၍ သမင်တို့ကိုသတ်၍ ကိုယ်ကိုသာလျှင် မွေးအံ့ဟု ကြံ၏။
1,330,278
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကြံပြီး၍ ထိုလုလင်သည် ငါးပါးသော လက်နက်တို့ကို ဖွဲ့လျက် ဟိမဝန္တာသို့ သွား၍ အထူးထူးသော သားတို့ကို သတ်၍ စားလျက် ဟိမဝန္တာဝယ် ဝိဓဝါမည်သော မြစ်ကမ်းနား၌ တောင်တို့သည် ခြံရံအပ်သော ကြီးသော တောင်ကွန်ရက်သို့ ရောက်၍ တောင်ကွန်ရက်၌ သားတို့ကိုသတ်၍ မီးကျီး၌ ကင်အပ်သော အသားတို့ကို စားလျက်နေ၏။
1,330,279
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုလုလင်သည် ငါကား အခါခပ်သိမ်း ခွန်အားနှင့်ပြည့်စုံသည် မဖြစ်လတ္တံ့၊ အားနည်းသောကာလဝယ် တော၌ လှည့်လည်အံ့သောငှာ မတတ်နိုင်လတ္တံ့၊ ယခုလျှင် အထူးထူးသော အမျိုးရှိကုန်သော သားတို့ကို တောင်ကွန်ရက်သို့ သွင်း၍ တံခါးကိုယှဉ်၍ တော၌ မလှည့်လည်မူ၍ အလိုအတိုင်း သားတို့ကိုသတ်၍ စားအံ့ဟု ကြံ၏။
1,330,280
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကြံပြီး၍ ကြံတိုင်းပြု၏။
1,330,281
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ လုလင်အား ကာလလွန်သည်ရှိသော် ထိုမကောင်းမှုကံသည် အထွတ်အထိပ်သို့ ရောက်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ အကျိုးကိုပေး၏။
1,330,282
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုလုလင်သည် မိမိ၏လက်ခြေတို့ကို မရ၊ ထိုမှဤမှ ရွေ့ရှားအံ့သောငှာ မတတ်နိုင်၊ တစ်စုံတစ်ခုသော ခဲဖွယ်ဘောဇဉ် သောက်ရေကို မမြင်၊ ကိုယ်သည် ညှိုး၏။
1,330,283
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
လူပြိတ္တာဖြစ်၏။
1,330,284
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
နွေအခါ မြေကြီးကဲ့သို့ ကိုယ်သည် ကွဲ၍ အရေးတို့သည် ထင်၏။
1,330,285
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုလုလင်သည် မကောင်းသောအဆင်း မကောင်းသောသဏ္ဌာန် ရှိလျက် ကြီးစွာသော ဆင်းရဲကို ခံရ၏။
1,330,286
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သိဝိမင်းကြီး တောလိုက်ထွက်
1,330,287
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဤသို့ မြင့်ရှည်ကာလသို့ ရောက်သည်ရှိသော် သိဝိတိုင်း၌ သိဝိမည်သောမင်းသည် တောဝယ် မီးကျီး၌ကင်အပ်သော အမဲကို စားအံ့ ဟု အမတ်တို့အား ပြည်ကို ဆောက်ခဲ့၍ ငါးပါးသောလက်နက်တို့ကို ဖွဲ့လျက် တောသို့ဝင်၍ သားတို့ကိုသတ်၍ အသားကိုစားလျက် အစဉ်သဖြင့် ထိုတောင်ကွန်ရက် အရပ်သို့ရောက်၍ ထိုယောက်ျားကိုမြင်၍ ကြေက်လျက်လျှင် သတိကိုဖြစ်စေ၍ အချင်းယောက်ျား...
1,330,288
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အရှင်... အကျွန်ုပ်သည် လူပြိတ္တာတည်း၊ မိမိမကောင်းမှုကံ၏ အကျိုးကို ခံစားရ၏။
1,330,289
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အရှင်သည် အဘယ် သူနည်းဟု မေး၏။
1,330,290
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ငါသည် သိဝိမင်းတည်း ဟု ဆို၏။
1,330,291
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုသို့ မင်းဖြစ်လျက် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း ဟု မေး၏။
1,330,292
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
သမင်သားကို စားအံ့သောငှာ လာ၏ဟု ဆို၏။
1,330,293
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
လူပြိတ္တာ၏ ဖြစ်အင်
1,330,294
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ထိုအခါ သိဝိမင်းအား လူပြိတ္တာသည် မြတ်သော မင်းကြီး... အကျွန်ုပ်သည် ဤသမင်သားကို စားလိုခြင်းဟူသော အကြောင်းကြောင့်လျှင် လာလတ်၍ လူပြိတ္တာ ဖြစ်ရ၏ဟု အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့်ဆို၍ မိမိ၏ ဆင်းရဲသောအဖြစ်ကို မင်းအား ကြားလိုရကား-
1,330,295
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၆။ အမိတ္တာနံဝ ဟတ္ထတ္ထံ၊ သိဝိ ပပ္ပေါတိ မာမိဝ။
1,330,296
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ကမ္မံ ဝိဇ္ဇဉ္စ ဒက္ခေယျံ၊ ဝိဝါဟံ သီလမဒ္ဒဝံ။
1,330,297
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
ဧတေစ ယသေ ဟာပေတွာ၊ နိဗ္ဗတ္တော သေဟိ ကမ္မေဟိ။
1,330,298
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၇။ သောတံ သဟဿဇီနောဝ၊ အဗန္ဓု အပရာယဏော။
1,330,299
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
အရိယဓမ္မာ အပက္ကန္တော၊ ယထာ ပေတော တထေဝ ဟံ။
1,330,300
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣန္ဒြိယဇာတ်
၆၈။ သုခကာမေ ဒုက္ခာပေတွာ၊ အာပန္နောသ္မိ ပဒံ ဣမံ။