id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,330,301 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သော သုခံ နာဓိဂစ္ဆာမိ၊ ဌိတော ဘာကုမတာမိဝ။ |
1,330,302 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | စည်းစိမ်ရကြောင်းများ |
1,330,303 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၆၆။ သိဝိ၊ သိဝိမင်းကြီး။ |
1,330,304 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မာမိဝ၊ ငါကဲ့သို့သောသူသည်။ |
1,330,305 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဟတ္ထတ္ထံ၊ လက်၌ ပျက်စီးခြင်းကို။ |
1,330,306 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပပ္ပေါတိ ဣဝ၊ ရောက်သကဲ့သို့။ |
1,330,307 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဝိနာသံ၊ ပျက်စီးခြင်းသို့ ပါပုဏာတိ။ |
1,330,308 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ရောက်၏။ |
1,330,309 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ကမ္မဉ္စ၊ လယ်လုပ်ခြင်း အစရှိသော အသက်မွေးခြင်းကို ပြီးစေတတ်သော အမှုလည်းကောင်း။ |
1,330,310 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဝိဇ္ဇဉ္စ၊ ဆင်စီးခြင်း အစရှိသော အတတ်လည်းကောင်း။ |
1,330,311 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဒက္ခေယျဉ္စ၊ စည်းစိမ်ကိုဖြစ်စေခြင်း၌ လိမ္မာသည်၏ အဖြစ်ကို လည်းကောင်း။ |
1,330,312 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဝိဝါဟဉ္စ၊ ထိမ်းမြားခြင်း လည်းကောင်း။ |
1,330,313 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သီလမဒ္ဒဝဉ္စ၊ ငါးပါးသောသီလ နူးညံ့သောစကားကို ဆိုတတ်သော အဆွေခင်ပွန်းကို ပေါင်းဖော်ရခြင်း လည်းကောင်း။ |
1,330,314 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဧတေ စ ယသေ၊ ဤစည်းစိမ်ကိုပေးတတ်ကုန်သော သဘာတို့ကို။ |
1,330,315 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဟာပေတွာ၊ ယုတ်စေ၍။ |
1,330,316 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၆၇။ သေဟိ ကမ္မေဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော မကောင်းမှုကံတို့ကြောင့်။ |
1,330,317 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နိဗ္ဗတ္တော၊ လုပြိတ္တာ ဖြစ်၏။ |
1,330,318 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သဟဿဇီနောဝ၊ ဥစ္စာတစ်ထောင် ရှုံးသောသူကဲ့သို့။ |
1,330,319 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အဗန္ဓု၊ အဆွေခင်ပွန်း မရှိသည်။ |
1,330,320 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အပရာယဏော၊ လဲလျောင်းရာ မရှိသည်။ |
1,330,321 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အရိယဓမ္မာ၊ သူမြတ်တို့၏ အကျင့်မှ။ |
1,330,322 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အပက္ကန္တော၊ ဖဲခဲ့၍။ |
1,330,323 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပေတော၊ ပြိတ္တာဖြစ်သည်။ |
1,330,324 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ |
1,330,325 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ပေတော၊ ရှင်လျှက် လူပြိတ္တာဖြစ်၏။ |
1,330,326 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ၆၈။ သုခကာမေ၊ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို။ |
1,330,327 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဒုက္ခာပေတွာ၊ ဆင်းရဲစေ၍။ |
1,330,328 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဣမံ ပဒံ၊ ဤသို့သဘောရှိသော ဆင်းရဲအစုသို့။ |
1,330,329 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အာပန္နော၊ ရောက်သည်။ |
1,330,330 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဘာဏုမတာမိဝ၊ မီးကျီးတို့ဖြင့် ထက်ဝန်းကျင်မှ ရံဘိသကဲ့သို့။ |
1,330,331 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဌိတော၊ အပူလောင်သဖြင့် တည်လျက်။ |
1,330,332 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဤသို့ဆို၍ မြတ်သေမင်းကြီး အကျွန်ုပ်သည် ချမ်းသာကို လိုလျက် သူတစ်ပါးကို ဆင်းရဲစေ၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လျှင် လူပြိတ္တာ ဖြစ်၏။ |
1,330,333 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ထို့ကြောင့် သင်မင်းကြီးသည် မကောင်းမှုကို မပြုလင့်၊ မိမိမြို့သို့ သွား၍ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုလော့ဟု ဆို၏။ |
1,330,334 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | မင်းသည် မြို့သို့ ပြန်၍ လူပြိတ္တာ ဆိုတိုင်းပြု၍ နတ်ပြည်ကို ပြည့်စေ၏။ |
1,330,335 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သရဘင်္ဂဆရာသည် ဤအကြောင်းကိုဆောင်၍ နာရဒရသေ့ကို မှတ်စေ၏။ |
1,330,336 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့ သံဝေဂရပြီ |
1,330,337 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | နာရဒရသေ့သည် သရဘင်္ဂဆရာ၏ တရားစကားဖြင့် သံဝေဂရ၍ သရဘင်္ဂဆရာကို ရှိခိုး၍ ကန်တော့၍ ကသိုဏ်းပရိကံကို စီးဖြန်း၍ ပျောက်သောဈာန်ကို တစ်ဖန် ပကတိ ရှိအောင်ပြု၏။ |
1,330,338 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သရဘင်္ဂဆရာသည် နာရဒ ရသေ့အား ထိုလိုဏ်၌ နေစိမ့်သောငှာ မပေးမူ၍ နာရဒရသေ့ကိုခေါ်၍ မိမိကျောင်းသို့ သွား၏။ |
1,330,339 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,330,340 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,330,341 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နာရဒရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ မယားဟောင်းသည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သာလိဿရ ရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ မဏ္ဍိဿရရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ပဗ္ဗတရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည်... |
1,330,342 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ဣန္ဒြေလိုလိုက်၊ ငရဲဆိုက်၊ လူ၌ ဆင်းရဲစွာ |
1,330,343 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣန္ဒြိယဇာတ် | ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဣန္ဒြိယဇာတ်သည် ပြီး၏။ |
1,330,344 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | သာသနာရေးဝန်ကြီးဌာန |
1,330,345 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | သာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက် စာအမှတ် ၁၁၉/ဝ၁/(ပုံနှိပ်) သသန-၁၀ အရ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ၊ ပထမအကြိမ်၊ အုပ်ရေ-၁၀၀၀ |
1,330,346 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ထုတ်ဝေသူ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင် မှတ်ပုံတင်အမှတ်(ဝ၃၈၄၃/ဝ၂၄၀၅) က ပုံနှိပ်ထုတ်ဝေသည်။ |
1,330,347 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မျက်နှာဖုံးဒီဇိုင်း၊ အတွင်းဖလင်နှင့်ပုံနှိပ် အောင်ဇမ္ဗူပုံနှိပ်တိုက်အမှတ် ၁၅၂၊ (၂၂)လမ်း၊ လသာမြို့နယ်၊ ရန်ကုန်။ |
1,330,348 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ |
1,330,349 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ မန္တလေးမြို့၊ အိမ်တော်ရာ ၁၄ ခန်း၊ ရတနာဃရ ဓမ္မဗိမာန်တော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော “ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ” တရားတော်။ |
1,330,350 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မဇ္ဈိမနိကာယ်မှာ “ဣန္ဒြိယဘာဝနာသုတ်“ဆိုတာ ရှိတယ်၊ ဣန္ဒြိယဘာဝနာရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ မှတ်သားကြရအောင်၊ ဣန္ဒြိယ ဆိုတဲ့ စကားလုံးကို မြန်မာလူမျိုးတွေက ဣန္ဒြေလို့ပဲပြောဆိုကြတယ်၊ ဣန္ဒြေ လို့ ပြောလိုက်တဲ့အခါ တချို့တချို့ နေရာတွေမှာ လူတွေနားလည်နေတာနဲ့ လွဲချော်သွားတာတွေရှိတယ်။ |
1,330,351 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မပြည့်စုံတာလည်းရှိတယ်။ |
1,330,352 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ ဣန္ဒြေ ၂၂-ပါး ဆိုတာ ကြားဖူးကြလိမ့်မယ်၊ ဣန္ဒြိယနဲ့ ပတ်သက်ပြီး ပါဠိစာပေမှာ အသုံးအနှုန်းတွေ တော်တော်များများ ရှိတယ်၊ သူ့နေရာနဲ့သူ အဓိပ္ပါယ်မှတ်ယူဖို့ လိုအပ်တယ်၊ ဆိုပါစို့ - “ဣန္ဒြိယေသု ဂုတ္တဒွါရော” “ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ” လို့ ဆိုတဲ့စကားမှာ ဒါက မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့... |
1,330,353 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဣန္ဒြိယဆိုတာ “အစိုးရခြင်း၊ အုပ်စိုးခြင်း” လို့ အဓိပ္ပါယ်ရတယ်၊ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ အစိုးရ တယ်၊ သူ့ဆောင်ရွက်မှုကိစ္စမှာ သူတို့ဟာ အစိုးရတယ်။ |
1,330,354 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဆိုပါစို့ - မြင်ခြင်းကိစ္စမှာဆိုရင် မျက်စိက အစိုးရတယ်၊ ကြားခြင်းကိစ္စမှာဆိုရင် နားက အစိုးရတယ်၊ အနံ့ရှူခြင်း ကိစ္စမှာ နှာခေါင်းက အစိုးရတယ်၊ အရသာကို သိခြင်း ကိစ္စမှာ လျှာက အစိုးရတယ်၊ ထိတာကို သိတဲ့ကိစ္စမှာ ခန္ဓာကိုယ်က အစိုးရတယ်၊ အာရုံတွေကို ကြံတွေးတဲ့ ကိစ္စမှာ စိတ်က အစိုးရတယ်၊ ဆိုင်ရာဆိုင်ရာ ဣန္ဒြေ ၆-ပါးဟာ ဆိုင်ရာဆိုင်ရာ ... |
1,330,355 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နောက်တစ်ခုကတော့ “ဣန္ဒြိယ ပရောပရိယတ္တိ ဉာဏ်” တဲ့၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်တစ်မျိုးကို “ဣန္ဒြေအနုအရင့်ကို သိတော်မူတဲ့ဉာဏ်” လို့ သုံးတယ်၊ အဲဒီဣန္ဒြေကျတော့ ဘာကိုရည်ညွှန်းတာတုန်းဆိုတော့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ငါးမျိုးကို ရည်ညွှန်းတာ။ |
1,330,356 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ယုံကြည်မှုဆိုတဲ့ သဒ္ဓါက ယုံကြည်မှုကိစ္စမှာအစိုးရ တယ်၊ အားထုတ်တဲ့ကိစ္စမှာ ဝီရိယက အစိုးရတယ်၊ မှတ်မိတဲ့ကိစ္စမှာ သတိက အစိုးရတယ်၊ တည်ကြည်မှု ကိစ္စမှာ သမာဓိက အစိုးရတယ်၊ သဘာဝတရားကို သိတဲ့ကိစ္စမှာ ပညာက အစိုးရတယ်၊ ဒါ့ကြောင့်မို့ အဲဒီ တရားတွေကို ဣန္ဒြိယလို့ ခေါ်တယ်။ |
1,330,357 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဣန္ဒြေ၂၂-ပါးမှာ တခြားဣန္ဒြေတွေလည်း ပါသေး တယ်၊ ဝေဒနာဆိုတဲ့ ခံစားချက်တွေကိုလည်း ဣန္ဒြိယ လို့ ခေါ်တာပဲ။ |
1,330,358 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အေး ကောင်းပြီ - အခု ဒီကနေ့ ပြောချင်တဲ့ “ဣန္ဒြိယဘာဝနာ” ဆိုတာ ဘာကို ပြောလိုတာတုန်း လို့ဆိုတော့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဣန္ဒြေ ၆-ပါးနဲ့ ပတ်သက်တယ်။ |
1,330,359 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | လူတွေဟာ နေ့စဉ်နဲ့ အမျှ မျက်စိနဲ့ မြင်စရာအာရုံတွေကို မြင်နေကြတယ်၊ ကြည့်ရှုကြတယ်၊ နားနဲ့ အသံတွေကို နားထောင်ကြ တယ်၊ နှာခေါင်းနဲ့ အနံ့တွေကိုရှူရှိုက်ကြတယ်၊ လျှာနဲ့ အရသာကို သိကြတယ်၊ ခန္ဓာကိုယ်နဲ့ အထိ အတွေ့ကို သိကြတယ်၊ စိတ်နဲ့ အာရုံတွေကို ကြံတွေးကြတယ်၊ ဒီကိစ္စတွေဟာ သက်ရှိသတ္တဝါတွေအဖို့ ရိုးရာကိစ္စတွေ ချည်းပဲနော်၊ အဲဒီတော့ ဒီ... |
1,330,360 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မြန်မာစာပေမှာ တစ်ခါတစ်ခါသုံးတဲ့ စကားလုံး ရှိသေးတယ် - “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ” ဆိုတာ၊ အဲဒါက နေတာ ထိုင်တာ သွားတာ လာတာ ကြည့်ပြီး သူရဲ့လှုပ်ရှားမှု အမူအရာတွေကို ဣန္ဒြေလို့ ပြောတာ၊ အဲဒီတော့ ဒီနေရာမှာ ဣန္ဒြိယဘာဝနာဆိုတာ မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ ဘုန်းကြီးတို့ တစ်တွေဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ... |
1,330,361 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်နေတဲ့ တရားချည်းပဲ ဟောတာ၊ တရားဆိုတာ ကိုယ်ကိုယ်တိုင် ရှေးဦးစွာ သိရမယ်၊ သိပြီးတော့ လိုက်နာကျင့်သုံးရမယ်၊ ရှောင် ရမယ့်ဟာ ရှောင်ရမယ်၊ ဆောင်ရမယ့်ဟာ ဆောင်ရ မယ်ပေါ့။ |
1,330,362 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဒီ ဣန္ဒြိယဘာဝနာဆိုတဲ့ သုတ္တန်ဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေနဲ့ ပတ်သက်တယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေ အနေတွေကို ထိန်းချုပ်ရတယ်၊ ထိန်းချုပ်ပြီးတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီး နောက်ဆုံးမှာ ကိလေသာ အာသဝေါတွေ ကုန်သွားတယ်၊ ဣန္ဒြေ တွေနဲ့ ပတ်သက်ပြီး လုံးဝပြီးပြည့်စုံသွားတဲ့ အခြေအနေ တစ်ခုကို... |
1,330,363 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နံပါတ်တစ်က - ဣန္ဒြေနဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော ဘာဝနာဆိုတာ ဘာလဲ? ဘာဝနာ ဆိုတာ စိတ်ကိုအာရုံနဲ့ လေ့ကျင့်မွေးမြူမှု၊ လေ့လာ ပွားများ အားထုတ်မှုကို ဘာဝနာလို့ ခေါ်တယ်၊ အဲဒီ ဣန္ဒြေနဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော လေ့ကျင့် အားထုတ်မှုဘာဝနာကို ဒီသုတ္တန်မှာ ဟောထားတယ်။ |
1,330,364 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နောက်တစ်ခုက - “သေခပဋိပဒါ“၊ ကျင့်ဆဲဖြစ်တဲ့ သောတာပန် သကဒါဂါမ် အနာဂါမ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ တရားဓမ္မရဲ့ အသိအမြင် တွေကို အကျဉ်းအားဖြင့် ဖော်ပြထားတယ်။ |
1,330,365 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နောက် တတိယအချက်က ဘာကို ဟောတုန်း ဆိုရင် - “အရိယဘာဝိတိန္ဒြိယ“၊ အလွန်အဆင့်မြင့်တဲ့ ဣန္ဒြေတွေကို ထိန်းချုပ်ပြီးတော့ လေ့ကျင့်ထားပြီး ဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အခြေအနေကို ဖော်ပြတယ်၊ အဆင့်အမြင့်ဆုံး ဣန္ဒြေတွေကို လုံးဝ ထိန်းချုပ် လေ့ကျင့်ထားပြီ ဆိုလိ့ုရှိရင် ထိုပုဂ္ဂိုလ်ရဲ့ အာရုံ ၅-ပါး ကာမဂုဏ်တရားတွေကို မြင်တဲ့အခါ(သို့မဟုတ်) မျ... |
1,330,366 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီတော့ သက်ရှိသတ္တဝါတွေ မှန်သမျှ အများ အားဖြင့် မျက်စိ ပါတယ်၊ နား ပါတယ်၊ နှာခေါင်း ပါတယ်၊ လျှာပါတယ်၊ ကိုယ်ကာယတွေ ပါကြတယ်၊ အသိစိတ်တွေ ပါကြတယ်၊ အဲဒါတွေကို မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီအင်္ဂါရပ်တွေကို အသုံးပြုပြီး တော့ ဘုန်းကြီးတို့တစ်တွေ ပြင်ပအာရုံနဲ့ ဆက်သွယ် ကြတယ်၊ ဒီအတွင်းက organ တွေကို ဒါ internal faculty ၊... |
1,330,367 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | “တရားရှာ ကိုယ်မှာတွေ့“လို့ ဆိုတဲ့အတိုင်း တရား ဓမ္မ ကျင့်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတာတွေကို ထိန်းချုပ်ရမယ့်ဟာကို ထိန်းချုပ်တယ်၊ တိုးပွားအောင် လုပ်ရမယ့်ဟာကို တိုးပွားအောင် လုပ်ရတယ်၊ ဖယ်ရှား ရမယ့်ဟာတွေကို ဖယ်ရှားပစ်ရတယ်၊ ဒါဟာ တရား ကျင့်တာပဲပေါ့။ |
1,330,368 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အေး ကောင်းပြီ-မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့ ဒီအတွင်းအင်္ဂါရပ်တွေ ပါလာသည့်အတွက် ကြောင့် ဘာဖြစ်လဲ? “သဠာယတနပစ္စယာ ဖေဿာ” လို့ဆိုတဲ့အတိုင်း အပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်လာကြတယ်၊ မျက်စိပါသည့် အတွက်ကြောင့် အပြင်ဘက်က မြင်စရာအာရုံတွေကို မကြည့်ကြဘူးလား၊ ကြည့်တယ်၊ အဲဒီတော့ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခု... |
1,330,369 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မြင်စရာအာရုံတွေက မျက်စိနဲ့ ဆက်သွယ်လိုက် တဲ့အခါ မြင်သိစိတ်ပေါ်လာတယ်၊ ခံစားမှုတွေပေါ်လာ တယ်၊ “သဠာယတနပစ္စယာ ဖေဿာ” “ဖဿပစ္စယာ ဝေဒနာ” “ဝေဒနာပစ္စယာ တဏှာ“ဟောဒီပုံစံအတိုင်း လာနေတာနော်။ |
1,330,370 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အတွင်းက အင်္ဂါရပ် ၆-မျိုးရှိသည့်အတွက်ကြောင့် မျက်စိရှိလို့ ကြည့်တယ်၊ ကြည့်တော့ ပြင်ပအာရုံတွေ တွေ့တယ်၊ တွေ့တဲ့အခါ အတွေ့အကြုံရတယ်၊ ထို အတွေ့အကြုံက နှစ်သက်စရာဆိုလို့ရှိရင် တဏှာဖြစ် တယ်၊ ဟောဒီသဘောပဲ၊ သတ္တဝါတွေရဲ့ အခြေအနေ အားလုံးလူသားတွေရဲ့ အခြေအနေက ဒီအတိုင်းပဲ။ |
1,330,371 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နားရှိလို့ အပြင်ဘက်က အသံတွေနဲ့ ဆက်သွယ် တယ်၊ ဆက်သွယ်လို့ရသည့်အတွက်ကြောင့် အသံပေါ် မှာ အတွေ့အကြုံရလာတယ်၊ အဲဒီ အတွေ့အကြုံက ကျေနပ်စရာအတွေ့အကြုံဆိုလို့ရှိရင် တွယ်တာမှုဆိုတဲ့ တဏှာ ရောက်လာပြန်ရော၊ အဲဒါကို ပဋိစ္စသမုပ္ပါဒ်မှာ “သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ” လို့ဟောတယ်၊ သက်ရှိသတ္တဝါ တွေဟာ သံသရာထဲမှာ ဒီပုံစံ... |
1,330,372 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ထိ့ုအတူပဲ နှာခေါင်းက အနံ့ရလာတဲ့အခါ အနံ့နဲ့ နှာခေါင်း ဆက်သွယ်မိလာတယ်၊ ဆက်သွယ်မိလာတဲ့ အခါ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ဆိုတဲ့ အတွေ့ အကြုံ ခံစားမှုလေးတွေ ပေါ်လာတယ်၊ ကောင်းတဲ့အနံ့ တွေ့ကြုံလာတဲ့အခါကျတော့ တဏှာ ဖြစ်လာတယ်၊ ဟော နောက်ထပ် ခံစားချင်တဲ့စိတ်တွေ ပေါ်လာပြန် တယ်။ |
1,330,373 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ထိ့ုအတူပဲ အရသာနဲ့ ပတ်သက်လာတဲ့အခါ မှာလည်းပဲ လျှာနဲ့ အရသာ ဒီနှစ်ခု ပေါင်းစပ်မိတဲ့ အခါ ပေါင်းစပ်မိတာက “ဖဿ”, အတွေ့အကြုံ ရသွား တာ၊ ခံစားတာက “ဝေဒနာ”၊ ဝေဒနာ ဖြစ်လာတဲ့အခါ ကျတော့ ကောင်းတဲ့ခံစားမှုကို နောက်ထပ် လိုချင် လာတာက “တဏှာ”၊ ဟော ဒီလိုလာတယ်။ |
1,330,374 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ထို့အတူပဲ ခန္ဓာကိုယ် အထိအတွေ့နဲ့ ပတ်သက် လာလို့ရှိရင် ကာယပသာဒလို့ဆိုတဲ့ ခန္ဓာကိုယ် ရှိသည့် အတွက်ကြောင့် ပြင်ပက ထိစရာ တွေ့စရာတွေဥပမာ - ပူအိုက်တဲ့အချိန်မှာ ဆိုလို့ရှိရင် လေပြေ လေညှင်းလေး တိုက်လို့ရှိရင် အင်မတန်မှ အရသာ ရှိတယ်လို့ ယူဆကြတယ်၊ အေးတဲ့အခါမှာ မီးလှုံလိုက် ရရင် မီးရဲ့အပူလေးကို အရသာရှိတယ်လို့ ထင်ကြ တယ်၊ ယားလို့ ကုတ... |
1,330,375 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | နောက်တစ်ခါ စိတ်ထဲမှာ စိတ်ကူးကြည့်တယ်၊ စိတ်ကူးကြည့်တဲ့အခါ အတိတ်က အကြောင်းအရာပဲ ဖြစ်စေ၊ အနာဂတ် အကြောင်းအရာပဲ ဖြစ်စေ၊ အသလွတ် စိတ်ကူးတာပဲဖြစ်စေ ထိုစိတ်ကူးမှုကို အကြောင်းပြုပြီးတော့ လူတွေမှာ ကျေနပ်မှု မကျေ နပ်မှု ဆိုတာလေးတွေ ပေါ်လာတတ်သေးတယ်။ |
1,330,376 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဒါကြောင့်မို့ တချို့တလေဆိုလို့ရှိရင် တစ်ယောက် တည်း စိတ်ကူးထဲမှာ ပြုံးနေတဲ့လူ ရှိသလိုပဲ မဲ့နေတဲ့လူ လည်း ရှိတာပဲနော်၊ စိတ်ကူးနဲ့ပဲ ပြုံးနေတဲ့ လူတွေမှာ စိတ်ကူးထဲမှာ ကျေနပ်စရာအတွေးလေးတွေ ဆိုလို့ရှိရင် ဘာလာတုန်း ဆိုလို့ရှိရင် တဏှာ လာပြန်တာပဲ။ |
1,330,377 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီတော့ လူတွေရဲ့နေ့စဉ် ဘဝမှာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့ ဒီ sense organ တွေမှာ လာပြီးတော့ ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ ပတ်သက် ပြီးတော့ လူတွေဟာ ထိန်းချုပ်နိုင်စွမ်း မရှိဘူးတဲ့၊ ကောင်းတာနဲ့ တွေ့တာရှိသလို မကောင်းတာနဲ့ တွေ့တာလည်း ရှိတယ်၊ ကောင်း မကောင်း နှစ်မျိုးနဲ့ လည်း တွေ့တာရှိမယ်။ |
1,330,378 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ကောင်းတာနဲ့တွေ့လာလို့ရှိရင် စိတ်အခြေအနေ က ဘာဖြစ်သွားတုန်း? နောက်ထပ် လိုချင်တယ်တို့, တွယ်တာတယ်, တပ်မက်တယ်ဆိုတဲ့ စိတ်အခြေအနေ တွေ ပေါ်လာတယ်၊ မကောင်းတာနဲ့ တွေ့တယ်ဆိုရင် နောက်ထပ်မလိုချင်ဘူး၊ ထိုအာရုံမျိုးကို မုန်းတီးတယ်၊ ရွံရှာတယ်ဆိုတဲ့ စိတ်အခြေအနေတွေ ဖြစ်တယ်၊ မတည်ငြိမ်တဲ့ စိတ်အခြေအနေတွေ လူတိုင်း လူတိုင်း မှာ ဖြစ်တယ်၊ ဒါ လူ... |
1,330,379 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီလို ဖြစ်နေသည့်အတွက်ကြောင့် တဏှာ ဖြစ်လာလိ့ုရှိရင် “ဧတံ မမ”- “ဒါလေးက ငါ့အာရုံပဲ” လို့ လူတွေက သိမ်းပိုက်လိုက်ကြတယ်၊ တဏှာမဖြစ်ဘူး ဆိုလိ့ုရှိရင် နှစ်သက်စရာ အာရုံကို မရ,ရအောင် ရှာတယ်၊ မုန်းတီးတဲ့ နှစ်သက်စရာမကောင်းတဲ့အာရုံ ပေါ်လာတယ်လို့ ဆိုလိ့ုရှိရင် မုန်းတီးရွံရှာတဲ့ ဒေါသက တစ်ဖက်ကဖြစ်တယ်၊ နောက်ထပ် ကောင်းတဲ့အာရုံကို ရှာလိ... |
1,330,380 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | မထိန်းချုပ်နိုင်ဘူးဆိုလိ့ုရှိရင် ဘုန်းကြီးတို့တစ်တွေ ရဲ့သန္တာန်မှာ ဘာတွေက ကြီးစိုးလာတုန်း ဆိုလိ့ုရှိရင် တဏှာလောဘတွေက ကြီးစိုးလာတယ်၊ လိုချင်မှုကို တဏှာလို့ ခေါ်တယ်၊ စွဲစွဲလန်းလန်းကြီး လိုချင်လာတာ ကျတော့ ဥပါဒါန်လိ့ု ခေါ်တယ်၊ အဲဒီ ဥပါဒါန်မှာ အမြင်မှားမှုပါ ထည့်ပြီးတော့ပေါင်းလိုက်ရင် ဥပါဒါန်က လေးမျိုးဖြစ်သွားတယ်နော်။ |
1,330,381 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီ ဥပါဒါန်ဖြစ်လာပြီဆိုရင် ဥပါဒါန်ကို အခြေ ခံပြီး ဘာတွေဖြစ်လာတုန်းဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” ဘဝဆိုတာ ဘာကိုပြောတာလဲဆိုရင် ကံ ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာငါးပါးနဲ့ ကံတရားတွေကို ဘဝလို့ခေါ်တယ်၊ ဒါကြောင့်မို့ ဘဝမှာနှစ်မျိုးရှိတယ်- ကမ္မဘဝနဲ့ ဥပပတ္တိဘဝတဲ့၊ ဒါအခု ဘုန်းကြီးတို့ တစ်တွေ ဘဝဆိုတာ ရ,ထားတာ၊ ရ,ထားသည့်အတွက် ကြောင့် ကော... |
1,330,382 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အကယ်၍သာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဟောဒီ ဣန္ဒြေတွေကို မထိန်းချုပ်နိုင်ဘူး၊ ဣန္ဒြေ တွေနဲ့ ပတ်သက်ပြီးတော့ မိမိရဲ့စိတ်ကို လေ့ကျင့် ပွားများအားထုတ်မှု မလုပ်ဘူးဆိုလိ့ုရှိရင် ဒီအခြေအနေ ထဲက ထွက်ပေါက်ရပါ့မလား၊ မရပါဘူး၊ မြင်လိုက်တဲ့ နောက်မှာ ဘွားကနဲ ဝေဒနာဆိုတဲ့ ခံစားမှုရမယ်၊ ရပြီးရင် ကြိုက်မကြိုက် လာလိမ့်မယ်၊ အဲဒီတော... |
1,330,383 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | လောကကြီး တစ်ခုလုံးဟာ သေချာစဉ်းစား ကြည့်လိုက်လိ့ုရှိရင် ဇာတိနဲ့စပြီး ဇရာနဲ့ မရဏမှာ အဆုံးသတ်နေကြတာ၊ အဲဒါက ရှောင်လို့ရလား ဆိုလိ့ု ရှိရင် ရှောင်လို့မရဘူး၊ ဘဝတိုင်း ဘဝတိုင်းမှာ ဇာတိက စပြီး ဇရာမရဏမှာ အဆုံးသတ်နေကြတာ၊ ဘယ် တော့မှ ရပ်လို့မရဘူးတဲ့။ |
1,330,384 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဘုရားအလောင်းတွေကျတော့ ဒီကိစ္စတွေကို ပြဿနာလို့မြင်တယ်၊ ဒါ့ကြောင့်မိ့ုလို့ ဘုရားအလောင်းတွေက ဘဝတစ်ခုကို ဆင်ခြင်သုံးသပ်တဲ့ အခါမှာ ဘယ်ကစပြီး ဆင်ခြင်သုံးသပ်တုန်းလို့ဆိုရင် “ကိစ္စံ ဝတာယံ လောကော အာပန္နော” တဲ့၊ “သတ္တဝါတွေ အားလုံး လောကလူသားတွေ (သို့မဟုတ်) သတ္တ လောကကြီး တစ်ခုလုံးမှာ တကယ့်ကို ဒုက္ခ ရောက်နေ တာပါလား” လို့ ဘုရားအလောင... |
1,330,385 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | တကယ့်ကို ဒုက္ခရောက်နေတာ၊ ပြဿနာတွေ တက်နေတယ်၊ ဘာဒုက္ခ ဖြစ်တာလဲဆိုရင် “ဇာယတိ စေဝဇီယတိစ” လူတွေဟာ မွေးကြရတယ်၊ မွေးပြီးတော့ အိုကြရတယ်၊ အိုပြီးတော့ သေကြပြန်တယ်၊ ရပ်လို့ ရရဲ့လား၊ မရဘူး၊ ရှောင်ပြေးလို့ရော ရမလား၊ မရဘူး တဲ့ ဘုရားလောင်းတွေက အဲ့ဒီလို ဆင်ခြင်သုံးသပ် တယ်။ |
1,330,386 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | လောကကြီးက အင်မတန်မှ စိတ်ပျက်စရာ ကောင်းတယ်၊ မွေးပြီးတော့ အိုရမယ်၊ သေရမယ် ဆိုတာ အလွန်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ဆိုးကြီးပဲလို့ ဒီလို ဆင်ခြင်သုံးသပ်ကြည့်တယ်။ |
1,330,387 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဘဝရဲ့ပြဿနာ problem တွေကို မြင်တယ်လို့ပြောတာ၊ ဘုန်းကြီးတို့ တစ်တွေက အိုတာတို့ နာတာတို့ သေတာတို့ကို ဘဝရဲ့ ပြဿနာလို့ မယူဆကြဘူး၊ ဒါလူ့သဘာဝပဲ၊ လူဖြစ်လာ မှတော့ အိုမှာပဲ နာမှာပဲ သေမှာပဲလို့ ဒီလို ပေါ့ပေါ့ လေးပဲ တွေးကြတယ်၊ ပြဿနာလို့ မယူဆဘူး၊ ဘုရား အလောင်းတွေကျတော့ ပြဿနာလို့ ယူဆတယ်၊ ဟုတ်ကဲ့လား။ |
1,330,388 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အိုတာ နာတာကို ပြဿနာလို့ မထင်ဘူး၊ လူမှုရေး ပြဿနာထဲမှာ အိုခြင်း နာခြင်းကို ဖြေရှင်းဖို့ ပါရဲ့လား၊ လူတွေထဲမှာ ဘာပါသလဲဆိုရင် စီးပွားရေး ပြဿနာ ဖြေရှင်းဖို့ ပါမယ်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းမယ်၊ ဟုတ်ကဲ့လား၊ မိသားစု ပြဿနာ၊ ဒါမျိုးတွေသာ ပြဿနာလို့ ခေါ်တာ၊ အိုတာကို ပြဿနာလို့ ဘယ်သူမှ မမြင်ဘူး၊ သေတာလည်း ပြဿနာလို့ မမြင်ဘူး၊ ဒါ လူ့သဘ... |
1,330,389 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဘုန်းကြီးတို့ မလေးရှားမှာ သွားပြီး အဘိဓမ္မာ သင်တန်း ပို့ချတုန်းက ဘုန်းကြီးက ဒီအကြောင်းကို ပြောပြတယ်၊ ဘုရားလောင်းတွေက “ကိစ္စံဝတာယံ လောကော အာပန္နော”- သတ္တလောကကြီး တစ်ခုလုံး ဟာ problem တွေ ဖြစ်နေပါလား၊ အိုခြင်း နာခြင်း တရားတွေဟာ တကယ့် problem ကြီးပဲ၊ လူတွေ အတွက် ဖြေရှင်းလို့မရတဲ့ပြဿနာ၊ နိုင်ငံရေးပြဿနာ ဆိုတာ ဖြေရှင်းလို့ရတ... |
1,330,390 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | (မရပါဘူးဘုရား) |
1,330,391 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အေး-နိုင်ငံတိုင်း နိုင်ငံတိုင်း လူမျိုးတိုင်း လူမျိုးတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ ဒီ problem ရှိတယ်ပေါ့၊ အဲဒီ problem ကို problem လို့မြင်ဖို့ လိုအပ်တယ်လိ့ု ဆိုတော့ အဲဒီမှာ သင်တန်းတက်တဲ့ အမျိုးသမီးတစ်ယောက်က လျှောက်တယ်၊ “ဆရာတော်” တဲ့ “အိုခြင်းတို့ နာခြင်းတို့ သေခြင်းတို့ဆိုတာ problem မဟုတ်ပါဘူး” တဲ့၊ “လူတွေရဲ့ သဘာ... |
1,330,392 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | (မကြိုးစားပါဘူး ဘုရား) |
1,330,393 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဘုရားအလောင်းတွေကျတော့ ဒါကို ပြဿနာလို့ မြင်တယ်၊ ပြဿနာလို့မြင်လို့ သူတို့ အဖြေရှာတယ်လေ၊ ဘုန်းကြီးတို့တစ်တွေက ဒါ လူ့သဘာဝလို့ ပြောထား သည့်အတွက်ကြောင့် အဖြေဘယ်တော့မှ မရှာဘူး၊ ဒါကိုပြဿနာထဲမှာ ထည့်ကိုမထားဘူး၊ ဟုတ်ကဲ့လား၊ အဲဒီကတည်းက ပြဿနာလို့ မသိသည့်အတွက်ကြောင့် အဖြေဘယ်တော့မှ မရှာတော့ဘူး၊ အဖြေမရှာရင် အဖြေမတွေ့ဘူး၊ အဖြေမတွေ့ရင်... |
1,330,394 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီတော့ ဒီ problem ကို အဖြေရှာမယ်ဆိုရင် ဘာနဲ့အဖြေရှာရမတုန်းဆိုရင် ဘုရားအလောင်းတွေက အဖြေရှာတယ်၊ အိုခြင်း နာခြင်းက ဘာကြောင့်ဖြစ်တာ တုန်းဆိုရင် “ဩော် ဇာတိရှိလို့ ဖြစ်တာပဲ” လို့ အဖြေ တွေ့တယ်။ |
1,330,395 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဇာတိဆိုတာကျတော့ ဘာကြောင့်ဖြစ်တာတုန်း ဆိုရင် ဘဝရှိလို့ ဖြစ်တာပဲ၊ ဘဝ ဘာကြောင့် ဖြစ်တာလဲ ဆိုရင် ဥပါဒါန်ရှိလို့ ဖြစ်တာပဲ - လို့ ပြဿနာရဲ့ အရင်း အမြစ်တွေကို လိုက်တယ်။ |
1,330,396 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ရောဂါတစ်ခု တွေ့လာပြီဆိုရင် ရောဂသမုဋ္ဌာနလို့ ခေါ်တဲ့ ရောဂါဖြစ်ကြောင်း တရားတွေကို ရှာရတယ်၊ ဘာကြောင့် ရောဂါဖြစ်တုန်း? hypertension လို့ ခေါ်တဲ့ သွေးတိုးရောဂါ ဖြစ်ပြီဆိုရင် ဒီသွေးတိုးရောဂါ ဘာကြောင့်ဖြစ်တာလဲ? အကြောင်းရှာရမယ်၊ အကြောင်းတွေ့တဲ့အခါမှ ဆေးကုလို့ရမယ်၊ အကြောင်း မတွေ့ရင် ဆေးကုလို့မရဘူး၊ ဘယ်ရောဂါပဲဖြစ်ဖြစ် အကြောင်းရှ... |
1,330,397 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ထို့အတူပဲ သဘာဝတရားတွေမှာလည်း အကြောင်းရှာရမယ်၊ အကြောင်းရှာတာဟာ အဖြေကို ရှာတာပဲ၊ ဒါကြောင့်မို့ problem ဆိုတာကို တွေ့ပြီဆိုရင် ဘာရှာရမတုန်းဆိုရင် the cause of problem ၊ ပြဿနာရဲ့အကြောင်းတရားကဘာလဲ? မြတ်စွာဘုရား က သစ္စာလေးပါးမှာ ဒုက္ခလို့ ဟောလိုက်တယ်၊ ဒုက္ခ ဆိုလို့ရှိရင် ဒီဒုက္ခရဲ့ အကြောင်းတရားက the cause of suffering က ဘာလဲ... |
1,330,398 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | ဒါ အကြောင်း ရှာပြတာ၊ ပြဿနာမှာလည်း ဒီအတိုင်းပဲ လေးချက် ရှိပါတယ်၊ ပြဿနာ၊ ပြဿနာ ဖြစ်ခြင်းရဲ့ အကြောင်း တရား၊ ပြဿနာငြိမ်းအေးမှု၊ ငြိမ်းအေးစေတတ်တဲ့ နည်းလမ်း၊ ဒီနည်းပဲ မဟုတ်လား။ |
1,330,399 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | သစ္စာကလည်း ဒီလိုပဲလေးမျိုး၊ မြတ်စွာဘုရားက သံသရာက ထွက်ဖို့အတွက် နည်းစနစ်တစ်ခု ပေးထား တာပဲ၊ ပြဿနာရှာတော့လဲ ဒီအတိုင်းပဲ၊ နံပါတ်တစ်problem ကို သိရမယ်၊ သိပြီးရင် ဒီ problem ဘာကြောင့်ဖြစ်တာတုန်းသိရမယ်၊ ဒီproblem ဘယ်လို ငြိမ်းအေးတယ် ဆိုတာလည်း သိရမယ်၊ ငြိမ်အေး စေတတ်တဲ့ နည်းလမ်းကိုလည်း သိရမယ်။ |
1,330,400 | Uncategorized | ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ | အဲဒီမှာ အကြောင်းတရားတွေကို ရှာလိုက်တဲ့ အခါ ဥပါဒါန်ဆိုတဲ့ အစွဲအလန်းရှိလို့ ဘဝဆိုတာ ဖြစ်လာတာ၊ ဒါဖြင့် ဥပါဒါန် ဘာကြောင့်ဖြစ်တုန်း? တဏှာရှိလိ့ု ဖြစ်တာ၊ တဏှာက ဘာကြောင့်ဖြစ်ရတာ တုန်း? ဆိုရင် ဝေဒနာ(ခံစားမှု)ရှိလို့ဖြစ်တာ၊ ဝေဒနာ ခံစားမှုက ဘာကြောင့်တုန်း? ဆိုရင် ဆက်သွယ်မှု ရှိလာလို့၊ ကြည့်လေ - ဣန္ဒြေနဲ့ လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.