id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,330,401
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်နှင့်အမျှ မျက်စိရှိလို့ ပြင်ပက မြင်စရာအာရုံတွေနဲ့ ဆက်သွယ်တယ်၊ ဆက်သွယ်လာတဲ့အခါမှာ ဘာတွေဖြစ်လဲ ? ကြိုက် မကြိုက်တွေ ပေါ်လာတယ်၊ ကြိုက် မကြိုက် ပေါ်လာလို့ရှိရင် ကြိုက်တာကျတော့ လောဘဖြစ်တယ်၊ မကြိုက်တာကျတော့ ဒေါသဖြစ်တယ်၊ လောဘဖြစ်ရင် ဥပါဒါန်ဆိုတဲ့ အစွဲအလန်းလေးတွေ ဖြစ်လာတယ်၊ အစွဲအလန်းပေါ်မှာ အခ...
1,330,402
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘယ်လောက်ထိအောင် အဖြေခက်သွားသလဲလို့ ဆိုတာကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း ဆိုရင် စာပေါက်သိုက်လို အစရှာလို့ ခက်သလိုပဲ စာကလေးတွေလုပ်ထားတဲ့ စာပေါက်သိုက်ဟာ ဟိုအစ နဲ့ ဒီအစနဲ့ လျှောက်ပြီးတော့ အမျိုးစုံအောင် ရက်ထား တာ ဖြစ်သည့်အတွက်ကြောင့် ဘယ်နေရာက စမှန်းကို မသိရလောက်အောင် ရှုပ်ထွေးနေတယ်၊ ဟုတ်ကဲ့လား။
1,330,403
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြန်မာစကားပုံထဲမှာကျတော့ “အမယ်ဘုတ်ရဲ့ သူ့ချည်ခင်” ဖြေရှင်းရခက်တယ်၊ ရှုပ်ထွေးနေတဲ့ ချည်ခင်ကြီးတစ်ခုဟာ ပြန်ပြီးတော့ တစ်စစီဖြစ်အောင် ဖြေရှင်းဖိ့ုဆိုတာ အလွန်တရာ ခဲယဉ်းတယ်ပေါ့၊ အဲဒါ တွေကိုပဲ လူတွေရဲ့ ကြုံတွေ့နေတဲ့ problem မှာ လည်းပဲ ဖြေရှင်းဖို့ အလွန်ခက်ခဲတယ်။
1,330,404
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဖြေရှင်းနည်းတစ်ခု ပေးထားတယ်ပေါ့၊ ဒါ ကမ္မဋ္ဌာန်းအားထုတ်ဖို့ နည်းစနစ် တစ်ခု ပေးထားတာနော်၊ “ဣန္ဒြိယဘာဝနာ” တဲ့၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ ဆိုတဲ့ ဒီဣန္ဒြေ ၆-ပါးမှာ အာရုံတွေ ထင်လာလို့ ကြိုက်မကြိုက်တွေ ပေါ်လာလို့ ရှိရင် ဘယ်လိုလေ့ကျင့်ယူရမယ်ဆိုတာ မြတ်စွာဘုရား က ဟောထားတယ်။
1,330,405
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကောင်းပြီ - ဒီသုတ္တန် ဖြစ်လာပုံက ဣန္ဒြိယ ဘာဝနာ ဆိုတဲ့ စကားလုံးအရ တခြားဘာသာတွေမှာ လည်းပဲ ရှိတယ်၊ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့် ပွားများရမယ်ဆိုတဲ့ နည်းစနစ်တွေလည်း တခြား ဘာသာတွေကလည်း ဟောတယ်ပေါ့။
1,330,406
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြတ်စွာဘုရားလက်ထက်က ဗြဟ္မဏ ဆိုတဲ့ ပညာတတ်ပုဂ္ဂိုလ်တွေကလည်း ဒီနည်းစနစ်ကို ဟော တယ်၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဂဇင်္ဂလ ဆိုတဲ့ အရပ်မှာ သုဝေဠုဆိုတဲ့ တောအုပ်ကြီးထဲမှာ သီတင်း သုံးနေတဲ့အချိန် ပါရာသိဝိယ လို့ခေါ်တဲ့ ပညာရှိ ပုဏ္ဏားကြီးရဲ့တပည့် ဥတ္တရဆိုတဲ့ လူငယ်တစ်ယောက် ဟာ မြတ်စွာဘုရားဆီ ရောက်လာခဲ့ဖူးတယ်။
1,330,407
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ စကား စမြည် ပြောရင်း မြတ်စွာဘုရားက မေးတယ်၊ “မင်း ဆရာကြီးက ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့် ပွားများအားထုတ်တဲ့ နည်းကို ဟောသလား” ဆိုတော့ “ဟောပါတယ်” တဲ့၊ ဒါဖြင့် “မင်းဆရာက ဘယ်လို ဟောတုန်း“ဆိုတော့ သူ့ဆရာဟောပုံကို သူက ဘာ ပြောတုန်းဆိုတော့ “မျက်စိနဲ့ ကြည့်စရာကို မကြည့် ရဘူး၊ နားနဲ့ အသံကို နားမ...
1,330,408
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
“အဲဒီလို မျက်စိနဲ့ ကြည့်စရာတွေကို မကြည့်ဘဲ နေရင်၊ နားနဲ့ နားထောင်စရာတွေကို နားမထောင်ဘဲ နေလို့ရှိရင်” တဲ့၊ “ဣန္ဒြိယဘာဝနာဆိုတဲ့ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့်မှုဟာ ဖြစ်ပေါ်တယ်” လို့ သူက ဒီလိုဟောတာ။
1,330,409
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီတော့ မြတ်စွာဘုရားက ဘယ်လိုအမိန့်ရှိ သလဲဆိုလို့ရှိရင် “ဟာ ဒီလိုဆိုလို့ရှိရင် မင်းတို့ လေ့ကျင့်မှုက ဘာခက်လဲ၊ မျက်စိကန်းနေတဲ့သူက မကြည့်တော့ဘူး၊ မျက်စိကန်းနေလို့ရှိရင် ဒါ ဣန္ဒြေ တွေကို လေ့ကျင့်ပြီးသား ဖြစ်မှာပေါ့၊ နားကန်းတဲ့ သူကလည်း ဣန္ဒြေလေ့ကျင့်ပြီးသား ဖြစ်မှာပေါ့” တဲ့၊ “ဘာဖြစ်လို့တုန်းဆိုရင် မျက်စိကန်းတဲ့သူက ဘာမှ မမြ...
1,330,410
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဟုတ်တယ်လေ၊ မကြည့်ဘဲနေရမယ် ဆိုလို့ရှိရင် မျက်စိကန်းတဲ့လူက ကြည့်လို့မှမရတာ၊ ကြည့်လို့ ရသေးလား၊ (မရပါဘူးဘုရား)၊ နားကန်းနေရင်လည်း နားထောင်လို့မှ မရတော့တာ၊ အဲဒီ နားထောင်လို့ မရတာ, မျက်စိက ကြည့်လို့မရတာကို ဣန္ဒြိယဘာဝနာ-ဣန္ဒြေကို လေ့ကျင့်တယ်လို့ ဒီလိုပြောမယ်ဆိုရင် နားကန်းသူ မျက်စိကန်းသူတွေဟာ ဣန္ဒြိယဘာဝနာ လေ့ကျင့်ပြီးသား ဖြစ်မ...
1,330,411
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီတော့ မြတ်စွာဘုရားက သူ့ကို အမိန့်ရှိတယ်၊ “မင်းတို့ ‘ဣန္ဒြိယဘာဝနာ’ နည်းစနစ်က တစ်မျိုးပဲ၊ ငါတို့သာသနာမှာရှိတဲ့ ‘ဣန္ဒြိယဘာဝနာ’က နည်းစနစ် တစ်မျိုးပဲ” လို့ဆိုတော့ ရှင်အာနန္ဒက “အရှင်ဘုရား ဒီသာသနာမှာ လေ့ကျင့်ရမယ့် နည်းစနစ် တစ်ခုကို ဟောပါ” တဲ့၊ “တပည့်တော် နာယူမှတ်သားချင်ပါ တယ်” ဆိုတော့ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဟောတာ။
1,330,412
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြတ်စွာဘုရား ဟောတဲ့တရားက နားမလည်စရာ ဘာမှအကြောင်း မရှိဘူး၊ ဘုရားက တစ်ခုချင်း ရှင်းဟောတာ၊ လူတိုင်းလူတိုင်းက မျက်စိနဲ့ မြင်စရာ အာရုံကို မြင်ကြတာချည်းပဲနော်၊ မျက်စိထဲမှာ မြင်စရာ အာရုံတစ်ခုကို မြင်လိုက်တယ်၊ ကြည့်လို့ မြင်ပြီ၊ မြင်ပြီ ဆိုတဲ့အခါမှာ အဲဒီ မြင်စရာအာရုံက နှစ်သက်စရာ ကောင်းတဲ့အာရုံ ရှိသလို နှစ်သက်စရာ မကောင်းတာ လည်း...
1,330,413
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို အာရုံမျိုးကို တွေ့ကြုံလာတဲ့အခါမှာ ဘာ ဆင်ခြင်စဉ်စားရမလဲ ဘယ်လို လေ့ကျင့်ရမလဲ? ကောင်းပြီ - နှစ်သက်စရာအာရုံကိုပဲ မြင်မြင်, နှစ်သက် စရာမကောင်းတဲ့ အာရုံကိုပဲ မြင်မြင်, ဘယ်လို အာရုံမျိုး ကိုပဲ မြင်မြင်တဲ့၊ စဉ်းစားဆင်ခြင်ရမှာက “အခု ငါမြင်တဲ့ အာရုံဟာ အကြောင်းတရားတစ်ခုကြောင့် ဖြစ်ပေါ် လာတယ်၊ အကြောင်းတရားက ဖန်တီးလိုက်တဲ့အ...
1,330,414
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြင်လာတဲ့ အာရုံပေါ်မှာ ရှုမြင်သုံးသပ်တဲ့နည်း တစ်နည်းကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတာ၊ အဲဒီတော့ မြင်လာတဲ့အာရုံတစ်ခုဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့အရာကို (သင်္ခါရ) ရှုမြင်တယ်ဆိုတာ ဝိပဿနာဉာဏ်ရှိမှ ရှုမြင်လို့ရတာ၊ ဝိပဿနာဉာဏ်မရှိရင် ရှုလို့ မရနိုင်ဘူး၊ ဟုတ်ကဲ့လား။
1,330,415
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြင်စရာအာရုံသည် အကြောင်းကို စွဲပြီးတော့ ဖြစ်ပေါ်လာတယ်၊ မြင်သိစိတ်လေးဟာလည်း အကြောင်းကိုစွဲပြီး ဖြစ်ပေါ်လာတာ၊ ကဲကြည့်- အခြား သုတ္တန်တွေမှာ မြတ်စွာဘုရား ဘယ်လိုဟောတုန်း၊ “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ” တဲ့၊ မျက်စိနဲ့ အဆင်းအာရုံ နှစ်ခု ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ အဲဒီမြင်သိ...
1,330,416
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီမရောက်ခင် ဆိုင်ရာ သဘာဝတရားလေး တွေကိုရှုဖို့ မြတ်စွာဘုရားက ဟောလိုက်တာ၊ “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အဆင့်ကို မရောက် စေရဘူး၊ “သဠာယတနပစ္စယာ ဖေဿာ“၊ “ဖဿ ပစ္စယာ ဝေဒနာ” ဆိုတဲ့ ခံစားမှုလေးတွေပေါ်မှာ ရပ်ဆိုင်းသွားအောင် ဒီ ဝိပဿနာရှုနည်းကို မြတ်စွာဘုရားက ဒီနေရာမှာ ဟောတာနော်၊ အဲဒီနေရာမှာ တော့ မြတ်စွာဘုရားက အကျဉ်းချုပ်ပြီး ဟောလိုက်...
1,330,417
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကြည့် - "မြင်သိစိတ်ဆိုတာ ဘာကြောင့်ဖြစ်လာ တုန်း ဆိုလို့ရှိရင် မျက်စိရယ် မြင်စရာအာရုံရယ် ဒီ ၂-ခု ပေါင်းဆုံလို့ ဖြစ်လာတယ်၊ အဲဒီတော့ နှစ်ခု ပေါင်းဆုံလို့ ဖြစ်လာတဲ့အတွက် သင်္ခတ- ပြုပြင်ထားတဲ့ အရာမျှသာ ဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်- အကြောင်းကို စွဲပြီးဖြစ်တယ်၊ ဩဠာရိက - သိသိသာသာ ထင်ထင် ရှားရှား အာရုံတွေ တိုက်ခိုက်မှုကြောင့် ပေါ်လာ...
1,330,418
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဆင့်မြင့်လာတဲ့အခါ ဘယ်လောက်ထိ အောင်မြင်လာလဲဆိုလို့ရှိရင် စက္ခုပသာဒ ဆိုတာလည်း ခိုင်မြဲတဲ့အရာ မဟုတ်ဘူး၊ ရူပါရုံဆိုတဲ့ အရာကလည်း ခိုင်မြဲတဲ့အရာ မဟုတ်ဘူး၊ မခိုင်မြဲတဲ့အရာ ၂-ခုကြောင့်ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်လေးဟာ ဘယ်မှာ ခိုင်မြဲတာ ဖြစ်မတုန်း၊ ဒီ ၂-ခုဟာ ကြည့်- မျက်စိဆိုတာလည်း အနိစ္စပဲ၊ ရူပါရုံဆိုတာလည်း အနိစ္စပဲ။
1,330,419
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဒီ အနိစ္စ ၂-ခု ပေါင်းမှ ဖြစ်ပေါ်လာတဲ့ စက္ခုဝိညာဉ် မြင်သိစိတ်ဆိုတာ ဘယ်မှာ နိစ္စ ဖြစ်မလဲတဲ့၊ အနိစ္စက ထုတ်လုပ်လိုက်တဲ့ အရာသည် အနိစ္စပဲဖြစ်မယ်လို့ ဟော ဝိပဿနာဉာဏ်နဲ့ ဒီလို ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် ဒီအာရုံပေါ်မှာ ကြိုက်တယ်ဆိုတာ မလာတော့ဘူး။
1,330,420
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို လေ့ကျင့် ယူတာဟာ တဏှာမဖြစ်အောင် ဟန့်တားတဲ့နည်းစနစ် တစ်ခုပဲပေါ့၊ မြင်စရာအာရုံပေါ်မှာ တဏှာမဖြစ်အောင် မြင်တဲ့အာရုံလေးကို သဘာဝတရားအတိုင်း ရှုမြင် သုံးသပ်နိုင်အောင် လေ့ကျင့်တာ။
1,330,421
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဒါကြောင့်မို့လို့ သတိပဋ္ဌာန် ကျင့်စဉ်တွေမှာ ဆရာတော်ကြီးတွေက နည်းပေးတယ်။
1,330,422
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘာလဲ မျက်စိနဲ့ မြင်ရင် "မြင်တယ် မြင်တယ်" လောက်ပဲ မှတ်ရတယ် ပေါ့။
1,330,423
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြင်တယ်မြင်တယ် လို့ပဲမှတ်တယ်၊ မြင်တယ် မြင်တယ်လို့ မှတ်တာ ရှေ့ဆက်မသွားအောင်မှတ်တဲ့ နည်းစနစ်ပဲ၊ အဲဒါပဲ၊ သတိက ထားပြီးတော့ မြင်စရာ အာရုံပေါ်မှာ တပ်မက်မှုဆိုတဲ့တဏှာ မလာအောင် ထိန်းချုပ်တာကိုပဲ ဣန္ဒြိယဘာဝနာလို့ ခေါ်တယ်၊ မကြည့်ဘဲနေတာဟာ ဣန္ဒြိယဘာဝနာ မဟုတ်ဘူး၊ မျက်စိဆိုတာ မြင်စရာရှိရင် မြင်လိမ့်မယ်၊ မြင်လာတဲ့ အခါ ဖြစ်ပေါ်လာတဲ့ သ...
1,330,424
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီမှာ ဆင်ခြင်ဉာဏ် ရင့်လာတဲ့အခါကျတော့ သူက မျက်စိက နှစ်သက်စရာအာရုံလည်း မြင်ရတာပဲ၊ မနှစ်သက်စရာ အာရုံလည်း မြင်ရတာပဲ၊ အဲဒီ နှစ်သက်မှု မနှစ်သက်မှုဆိုတဲ့ ဒီအရာတွေအားလုံးဟာ အကြောင်းကိုစွဲယူပြီးတော့ ဖြစ်လာတာတွေချည်းပဲ၊ ကြည့် ဒီသဘာဝတရားတွေ ဖြစ်ပေါ်လာတဲ့ အာရုံ မျက်စိထဲမှာ ပေါ်လာတဲ့အာရုံတွေကို လျစ်လျူရှုတာ ဟာ အကောင်းဆုံးပဲလို့ဆိ...
1,330,425
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မုန်းစရာ ကောင်း လိုက်တာ ဆိုတာရော လာသေးလား၊ မလာတော့ဘူး၊ မနှစ်သက်စရာအာရုံပြုလို့ မုန်းစရာ ဆိုတာလည်း မလာတော့ဘူး၊ နှစ်သက်စရာဆိုတာလည်း မလာတော့ ဘူး။
1,330,426
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ချစ်ခြင်း မုန်းခြင်း နှစ်မျိုးစလုံးကို ဘယ်မှ မလိုက် ဘဲနဲ့ အလယ်အလတ် ရှုပြီးတော့ မြင်မှုကို မြင်မှု လောက်ပဲ ထားနိုင်တာဟာ အင်မတန်မှ ငြိမ်သက်တယ် မွန်မြတ်တယ်လို့ ယောဂီ ပုဂ္ဂိုလ်က ရှုမြင်လာတယ်၊ ဒါဣန္ဒြိယဘာဝနာကျင့်စဉ် တစ်ခုပဲ၊ မြတ်စွာဘုရားက အဲဒီလို ဟောတယ်နော်။
1,330,427
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို ရှုသိလိုက်လို့ ဝိပဿနာဉာဏ် ဖြစ်လာ တာဟာ ဒီမြင်တဲ့အာရုံကို ဘယ်လောက်ထိအောင် လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်သလဲ၊ ဒါကို လေ့ကျင့် လာလို့ အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် ရလာပြီး ဖျတ်ကနဲ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဖျတ်ကနဲ ထိန်းပြီးသား ဖြစ်သွားတယ်၊ သူက တွယ်တာမှုဆိုတဲ့ တဏှာ မလာတော့ဘူး၊ "လျစ်လျူရှုတယ်" ဆိုတဲ့ "အသိဉာဏ်နဲ့ လျစ်လျ...
1,330,428
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မြတ်စွာဘုရားက ဥပမာလေးတွေ ပေးထားတယ်၊ ဘယ်လောက်ထိအောင် လျင်မြန်သလဲလို့ ဆိုလို့ရှိရင် တဲ့၊ မျက်စေ့ဖွင့်ထားတာလေးကို ပိတ်လိုက်တယ်၊ ပိတ်ထားတာလေးကို ဖွင့်လိုက်တယ်၊ အဲဒီလောက်ကို လျင်လျင်မြန်မြန် အကုန်လုံး ထိန်းချုပ်မိနိုင်ပါတယ်၊ ဆိုလိုတာက - မျက်စိကမြင်ပြီးတော့ တဏှာ မဖြစ် အောင် အခုလို လျစ်လျူရှုနိုင်အောင် မျက်စိဖွင့်လိုက်၊ ဖွင့်...
1,330,429
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို ကျင့်နိုင်မှ ဣန္ဒြိယဘာဝနာကျင့်စဉ် တစ်ခုဟာ အောင်မြင်မှာ၊ ဒါ မျက်စိနဲ့ပတ်သက်ပြီးတော့ ကျင့်တာ။
1,330,430
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
--- သောတိန္ဒြေထိန်းပုံ
1,330,431
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နားနဲ့ပတ်သက်ပြီးတော့လည်း ထို့အတူပဲ၊ နားထဲ အသံတစ်ခု ရောက်လာတယ်၊ ကောင်းတဲ့ အသံလည်း ရောက်မယ်၊ မကောင်းတဲ့ အသံလည်း ရောက်မယ်၊ ကောင်းမကောင်းဆိုတာ ကိုယ်ကြိုက်တဲ့ အသံလား၊ ကိုယ်မကြိုက်တဲ့အသံလား၊ တစ်ခုခု လာမှာပဲ၊ ဘယ် အသံမျိုးပဲလာလာ ဒါဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားမျှသာ ဖြစ်တယ်လို့ သဘာဝတရားကို ဆင်ခြင်သုံးသပ်လိုက်ခ...
1,330,432
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကောင်းတဲ့အသံဖြစ်လို့ လောဘဆိုတာ မလာ တော့ဘူး၊ မကောင်းတဲ့အသံ ဖြစ်သည့်အတွက်ကြောင့် ဒေါသဆိုတာလည်း မလာတော့ဘူး။
1,330,433
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကောင်းမကောင်း နှစ်မျိုးဖြစ်နေသည့်နေရာမှာလည်းပဲ တွေဝေမှုဆိုတဲ့ မောဟ မလာတော့ဘူး၊ အသံနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်။
1,330,434
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို ဝိပဿနာဉာဏ်နဲ့ လျစ်လျူရှုနိုင်သွားပြီ ဆိုလိ့ုရှိရင် ဘယ်လောက်ထိအောင် မြန်သလဲလို့ ဆိုလို့ ရှိရင် လက်ဖျစ်တီးလိုက်တဲ့အခါမှာ လက်ဖျစ် အသံ လေး ပေါ်လာတာဟာ ဘယ်လောက်မှ မကြာဘူး၊ လက်ဖျစ်တီးလိုက်သလိုပဲ ချက်ချင်း ထိန်းချုပ်နိုင် တယ်လို့ ဒီလိုဆိုလိုတာ။
1,330,435
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
--- ဃာနိန္ဒြေထိန်းပုံ
1,330,436
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ထို့အတူပဲ နှာခေါင်းကလည်း အနံ့လေး ရလာ တာနဲ့ တစ်ပြိုင်နက် မွှေးကြိုင်တဲ့အနံ့ရှိတယ်၊ နှစ်သက် စရာ မကောင်းတဲ့အနံ့ရှိတယ်၊ ဘယ်အနံ့တွေပဲဖြစ်ဖြစ် သဘာဝတရားကို ဆင်ခြင်ပြီးတော့ လျစ်လျူရှုနိုင်တဲ့ ဝိပဿနာဉာဏ်နဲ့ ထိန်းလိုက်မယ်ဆိုလို့ရှိရင် လျင်လျင် မြန်မြန် လျစ်လျူရှုနိုင်တဲ့ ဝိပဿနာဉာဏ်ဟာ ပေါ်လာ တော့ ခုနက နှစ်သက်စရာလား၊ မနှစ်သက်စရာလာ...
1,330,437
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
--- ဇီဝှိန္ဒြေထိန်းပုံ
1,330,438
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ထို့အတူပဲ လျှာနဲ့ အရသာလေးတစ်ခု ထိတွေ့ လိုက်တဲ့အခါမှာလည်းပဲ ကောင်းတဲ့ အရသာလား၊ မကောင်းတဲ့ အရသာလားဆိုတာ ဒီလိုအတွေးတွေ လာပြီးတော့ လောဘဖြစ်ဖို့အချိန် မရလိုက်ဘူး၊ ဒေါသ ဖြစ်ဖို့အချိန် မရလိုက်ဘူး၊ ဝိပဿနာဉာဏ်နဲ့ ထိန်းလိုက် တယ်၊ "ဩော် - လျှာနဲ့ အရသာနဲ့ ပေါင်းလို့ ဒီအရသာ ကိုသိတဲ့စိတ် ပေါ်လာတယ်၊ သိတဲ့စိတ် ပေါ်လာသည့် အတွက်ကြောင့် ...
1,330,439
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
--- ကာယိန္ဒြေထိန်းပုံ
1,330,440
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ထို့အတူပဲ ခန္ဓာကိုယ်မှာ တစ်ခုခုလာထိတဲ့အခါမှာ ကောင်းတဲ့ အထိအတွေ့လား၊ မကောင်းတဲ့ အထိ အတွေ့လားဆိုတာ မစဉ်းစားရလောက်အောင် သဘာဝတရားတစ်ခုကို ဆင်ခြင်စဉ်းစားကြည့်လိုက် တာ၊ ထိလိုက်တာနဲ့တစ်ပြိုင်နက် သဘာဝတရားကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တာ၊ ဝိပဿနာဉာဏ်နဲ့ လျစ်လျူရှုထားနိုင်တဲ့ အနေအထားတစ်ခုခုမျိုးမှာ ပေါ်လာနိုင်တယ်၊ လေ့ကျင့်တာ။
1,330,441
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
--- မနိန္ဒြေထိန်းပုံ
1,330,442
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
စိတ်ကူးထဲမှာလည်းပဲ ထို့အတူပဲ၊ စိတ်ကူးထဲမှာ ကောင်းတဲ့စိတ်ကူးပေါ်လာလို့ ဒီစိတ်ကူးလေး ကောင်း လိုက်တာ၊ စိတ်ထဲပေါ်လာတဲ့အာရုံလေးက နှစ်သက် စရာ ဆိုလို့ရှိရင် တွယ်တာမှုဆိုတဲ့ လောဘ မလာ အောင်၊ မနှစ်သက်စရာဆိုတဲ့အာရုံလေး တွေ့တဲ့အခါ မှာ ဒေါသဆိုတာ ဖြစ်မလာအောင် ချက်ချင်း ဖမ်းပြီးတော့ သဘာဝကိုပဲ ရှုမှတ်လိုက်တယ်၊ ရှုလိုက်တဲ့အခါ ကျတော့ ခု...
1,330,443
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဒါက မြတ်စွာဘုရားက ဣန္ဒြိယဘာဝနာသုတ်မှာ ဒီပုံစံအတိုင်း ဟောလိုက်တာနော်၊ အဲဒီလို မိမိတို့ရဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ပေါ်လာသမျှ အာရုံတွေကို သဘာဝကိုသိအောင် စောင့်ကြည့်ပြီး တော့ ရှုမှတ်နေပြီဆိုလို့ရှိရင် ထိုအာရုံတွေအပေါ်မှာ ကောင်းတဲ့နောက်လည်း လိုက်မသွားဘူး၊ မကောင်းတဲ့ နောက်လည်း ဆန့်ကျင်ပြီးတော့ မနေဘူး၊ "အနုရောဓ...
1,330,444
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
"အနုရောဓ"ဆိုတာ ကောင်းတာကျတော့ လူတွေ က ကျေနပ်တယ်၊ "ဝိရောဓ" မကောင်းတာကျ ဆန့်ကျင်တယ်၊ ဆန့်ကျင်ခြင်း လိုက်လျောခြင်းဆိုတဲ့ နှစ်ခုမရှိဘူးတဲ့၊ အဲဒါ ဘာပြောတာတုန်း၊ ကောင်းရင် လောဘ, မကောင်းလို့ရှိရင် ဒေါသ၊ ဒီနှစ်ခု မဖြစ် အောင် ထိန်းတာပဲ၊ အဲဒီနှစ်ခုမဖြစ်အောင် အာရုံတွေကို ထိန်း လိုက်နိုင်တာဟာ ဣန္ဒြိယဘာဝနာအကျင့်ပဲလို့ မြတ်စွာဘုရားက...
1,330,445
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ထို့အတူပဲ နောက်ထပ် မြတ်စွာဘုရားက သေခပဋိပဒါ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီသုတ္တန်မှာ ဆက်ပြီးတော့ ဟောတယ်၊ သေက္ခ ပုဂ္ဂိုလ်တွေက ဒီကျင့်စဉ်အတိုင်း ဆက်လက်ပြီးတော့ ကျင့်တဲ့အခါမှာ ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် မြင်စရာ အာရုံတွေနဲ့ ပတ်သက်လာလို့ရှိရင် သင်္ခါရတရားတွေဟာ ဘယ် အရာမှ ခိုင်မြဲတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာပြီး လုံးဝ...
1,330,446
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
မျက်စိထဲမှာ ပေါ်လာတဲ့ အာရုံတွေဟာလည်းပဲ တစ်ခဏအတွင်းမှာပျောက်ကွယ်သွားတယ်။
1,330,447
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နားထဲမှာ ကြားလိုက်တဲ့ အသံဆိုတာလည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊ နှာခေါင်းထဲမှာ ပေါ်လာတဲ့ အနံ့လေးဆိုတာလည်း တစ်ခဏအတွင်း ပျောက်ကွယ် သွားတယ်၊ လျှာပေါ်မှာ ပေါ်လာတဲ့ အရသာဆိုတာ လည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊
1,330,448
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘယ်လောက်ထိအောင် စွမ်းဆောင်မှုတွေ ရှိလာသလဲ ဆိုတာ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်။
1,330,449
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အာရုံဆိုတာ မျက်စိကမြင်ရတဲ့ အာရုံပဲ ဖြစ်စေ၊ နားက ကြားရတဲ့အာရုံပဲ ဖြစ်စေ၊ နှာခေါင်းက အနံ့ရှူ ရတဲ့အာရုံပဲ ဖြစ်စေ၊ လျှာကလျက်ရတဲ့အာရုံပဲ ဖြစ်စေ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံပဲဖြစ်စေ၊ စိတ်က စိတ်ကူးရတဲ့အာရုံပဲ ဖြစ်စေ၊ ဘယ်အာရုံပဲ ဖြစ်စေ စိတ်ရဲ့အကြိုက်တွေ့လို့ရှိရင် အပ္ပဋိကူလ - ကျေနပ် စရာ၊ စိတ်ရဲ့အကြိုက်မတွေ့ဘူးဆိုလို့ရှိရင် ပဋ...
1,330,450
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို နှစ်မျိုးရှိတဲ့အထဲမှာ ဣန္ဒြေနဲ့ ပတ်သက် ပြီးတော့ လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တဲ့ - နှစ်သက်စရာမကောင်းတဲ့ အာရုံကို သူက ခန္ဓာကိုယ် လာထိတဲ့ အထိအတွေ့ ဆိုတာလည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊ စိတ် ထဲမှာ စိတ်ကူးလို့ရတဲ့ အာရုံလေးဆိုတာလည်း မကြာခင်လေးမှာ ပျောက်ကွယ်သွားတယ်။
1,330,451
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဒါကြောင့်မို့လို့ နှစ်သက်စရာဆိုတာ တစ်ခုမှ မရှိဘူး၊ သင်္ခါရတရားတွေဟာ ဖြစ်ပြီးတော့ ပျက်နေ သည့်အတွက်ကြောင့် ရွံမုန်းစရာ စိတ်ပျက်စရာတွေ ချည်းပဲလို့ မြင်လာတယ်။
1,330,452
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
သေက္ခ ပုဂ္ဂိုလ်တွေက မြင်လာတယ်၊ အဲဒီလို ဝိပဿနာဉာဏ်ဟာ တစ်ဆင့်ထက်တစ်ဆင့် တက်လာ တယ် ရင့်ကျက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မြတ်စွာ ဘုရားက ဒီမှာ ဟောတယ်။
1,330,453
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကဲ အဲဒီလိုဟောလိုက်လို့ ဒီ ဣန္ဒြိယဘာဝနာ ကျင့်စဉ်ကြီးတစ်ခုက အောင်အောင်မြင်မြင် ဖြစ်သွားပြီ ဆိုတဲ့အခါကျတော့ ဘာဖြစ်လဲ၊ အဲဒီလို လေ့ကျင့် ယူလိုက်လို့ အောင်မြင်သွားပြီဆိုတဲ့အချိန်မှာ ဘယ်လို အခြေအနေမျိုးတွေ ဖြစ်လာနိုင်သလဲ၊ ကိုယ့်စိတ်ထဲက နှစ်သက်စရာကောင်းတယ်လို့, ကြိုက်စရာ မကောင်း တဲ့အာရုံကိုလည်းပဲ ကြိုက်စရာကောင်းတယ်လို့ စိတ်ကို...
1,330,454
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဆိုပါစို့ - ပဋိကူလ ဆိုတာ ရွံမုန်းဖွယ်ကောင်းတဲ့ အာရုံတစ်ခုကို သူ့စိတ်ထဲက ရွံမုန်းမှု မဖြစ်အောင် ဘယ်ပုံဘယ်နည်း သူက ပြောင်းလဲပစ်နိုင်တုန်းဆိုလို့ ရှိရင် ကြည့် - မုန်းစရာကောင်းတဲ့ အာရုံတစ်ခုကို တွေ့ပြီ၊ မုန်းစရာကောင်းတဲ့လူတစ်ယောက်ကို တွေ့ပြီ၊ အဲဒီလူကို မမုန်းအောင် ဘာနဲ့လုပ်မလဲဆိုရင် မြတ်စွာ ဘုရားက မေတ္တာဘာဝနာ ပွားလိုက်ပါတဲ...
1,330,455
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
) မေတ္တာဘာဝနာနဲ့ ဒီ မုန်းစရာကောင်းတဲ့ ပုဂ္ဂိုလ် သည်ပင်လျှင် မုန်းစရာ မကောင်းတော့တဲ့ အနေ အထားရောက်အောင် ပြောင်းလဲပစ်လို့ရတယ်။
1,330,456
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
စိတ်ကို နိုင်သွားပြီလို့ ပြောတာ၊ လေ့ကျင့်လိုက်တာ စိတ်ကို နိုင်သွားတယ်။
1,330,457
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နောက်တစ်ခုက ကြည့် - မေတ္တာဘာဝနာ မပွားဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲဆိုရင် ဓာတ် လေးပါးနဲ့ ခွဲကြည့်လိုက်၊ ဘယ်အရာပဲဖြစ်ဖြစ် ဓာတ် လေးပါးပဲ၊ လူ့ခန္ဓာကိုယ်ကြီးဆိုတာ ဓာတ်လေးပါးနဲ့ တည်ဆောက်ထားတာ၊ ဆိုပါစို့ - လူတစ်ယောက်ဟာ မုန်းစရာကြီးလို့ မြင်လို့ရှိရင် ဘာကိုမုန်းတာလဲ ဆိုလို့ ရှိရင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ ပထဝီကို မုန်းတာလား၊ အာပေ...
1,330,458
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဣန္ဒြေကို ထိန်းချုပ်ပြီးတော့ လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မုန်းစရာကောင်းတဲ့ အာရုံ အပေါ်မှာ မမုန်းဘဲ နေလို့ရသွားပြီတဲ့၊ ဟော စိတ် အခြေအနေတစ်ခုဟာ ဘယ်လောက် သက်သာသွား တုန်း၊ ဘုန်းကြီးတို့တစ်တွေက မုန်းစရာအာရုံနဲ့တွေ့ရင် မမုန်းဘဲ မနေနိုင်ကြဘူးနော်။
1,330,459
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
စိတ်က ဒေါသဖြစ်စရာနဲ့ တွေ့ရင် ဒေါသက ဖြစ်ကိုလာတာပေါ့၊ ဟောဒီ ဣန္ဒြိယ ဘာဝနာ ကျင့်စဉ်အရ ကျင့်လိုက်လိ့ုရှိရင် အဲဒီလို မဖြစ်တော့ဘူးတဲ့။
1,330,460
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နောက်တစ်ခုက မုန်းစရာမကောင်းဘူး, နှစ်သက် စရာ သိပ်ကောင်းတယ်၊ မြတ်နိုးစရာ ကောင်းတယ်၊ အဲဒီ မြတ်နိုးစရာကောင်းတဲ့အရာကို မုန်းစရာအဖြစ် ပြောင်းရမယ်၊ ဘာဖြစ်လိ့ုတုန်းဆိုရင် နှစ်သက်စရာ ပေါ်မှာ သိပ်ပြီးနှစ်သက်လာလို့ရှိရင် ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် ရာဂတွေ ဖြစ်လာတယ်၊ အဲဒီ ရာဂ မဖြစ် အောင် စိတ်ကို ဘာနည်းနဲ့ ထိန်းချုပ်မလဲ ဆိုလို့ရှိရ...
1,330,461
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဆိုပါစို့ - လူဆိုတဲ့အာရုံနဲ့ ပတ်သက်ပြီးတော့ နတ်သမီးတမျှ ချောမောလှပတဲ့ ဒီအဆင်းအာရုံ တစ်ခု ကို တွယ်တာမှု တဏှာရာဂ မဖြစ်အောင် ဘယ်လို ရှုရမတုန်းဆိုရင် နှစ်သက်စရာမကောင်းတဲ့ မတင့် တယ်တဲ့ အသုဘအနေနှင့် ရှုရမယ်။
1,330,462
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘယ်လို အသုဘ အနေနှင့် ရှုနိုင်တုန်းလို့ ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့်ပေါ့၊ လူတွေမှာ ကိုးပေါက်ဒွါရ ရှိတယ်၊ မျက်စိကထွက်တာ နှစ်သက်စရာ ကောင်းရဲ့ လား၊ နားကထွက်တာ နှစ်သက်စရာ ကောင်းရဲ့လား၊ (မကောင်းပါဘူး ဘုရား)၊ နှာခေါင်းက ထွက်တာ မွှေးကြိုင်စရာရှိရဲ့လား၊ (မရှိပါဘူးဘုရား)၊ ဘယ်အရာမှ မရှိဘူး။
1,330,463
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
လူရဲ့ ပကတိခန္ဓာကိုယ်ဟာ သေချာစဉ်းစား ကြည့်ရင်နော် ကိုယ့်ကိုယ်ကို ဖီးလိမ်းပြီးတော့ ပြင်ပက နံ့သာတွေ ဆွတ်ဖြန်းထားလို့ ခန္ဓာကိုယ်က မွှေးတယ်လို့ ထင်နေကြတာ၊ ခန္ဓာကိုယ်ရဲ့သဘာဝအတိုင်း သိချင် လို့ရှိရင် တစ်ပတ် နှစ်ပတ် တစ်လလောက် ရေမချိုးဘဲ ဒီအတိုင်း နေကြည့်ပေါ့၊ ဘာမှလည်း နံ့သာမလိမ်းဘဲ ဒီအတိုင်းနေကြည့်၊ ကိုယ့်ဟာကိုယ်တောင် အန် ကောင...
1,330,464
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ခန္ဓာကိုယ်ကထွက်တာ သဘာဝအားဖြင့်မွှေးကြိုင် တယ်ဆိုတာ တစ်ခုမှ မရှိဘူးတဲ့၊ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားကြည့်တာကို အသုဘလို့ ပြောတာ၊ ခုခေတ်က အသုဘလို့ဆိုလို့ရင် မသာ အသုဘချတာပဲ ထင်နေတာနော်၊ အဲဒါတွေကို ပြောတာ မဟုတ်ဘူး၊ အသုဘဆိုတာ မတင့်မတယ် ရွံစဖွယ်ဖြစ်နေတဲ့ အနေ အထားတစ်ခုကို ရှုဆင်ခြင်ကြည့်ပါတဲ့၊ အဲဒီလို ရှုဆင်ခြင်ကြည့်မယ်ဆိုရင်...
1,330,465
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ရှင်မဟာကဿပကိုပဲကြည့် - ရှင်မဟာကဿပ မထေရ်မြတ်က ရဟန္တာဖြစ်သွားပြီဆိုတော့ စိတ်ကို နိုင်သွားပြီ၊ ရှင်မဟာကဿပ ဆွမ်းခံကြွသွားတယ်၊ ဆွမ်းခံကြွတော့ လမ်းဘေးမှာ ထမင်းစားနေတဲ့ နူနာ ရောဂါစွဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်၊ အဲဒီ နားရောက်တော့ ရှင်မဟာကဿပက သူ့ကိုချီးမြှောက် တဲ့အနေနဲ့ ဆွမ်းရပ်တော့ အဲဒီလူကြီးကလည်း သဒ္ဓါ တရားပေါက်တော့ သူစားန...
1,330,466
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ရှင်မဟာကဿပမထေရ်မြတ်က ကြည့်-ဒီဆွမ်းနဲ့ လက်ပြတ်ကို အတူတူထားနိုင်တယ်၊ နာမည်ပဲ ကွာတာ ပဲလေ၊ ဆွမ်းကလည်း ဓာတ်ကြီးလေးပါးပဲ၊ လက်ပြတ် ကလည်း အနူရဲ့လက်ပြတ်ကြီးလို့ထင်လိုက်ရင် ရွံတယ်၊ အဲဒီလို မဟုတ်ဘူး၊ ဟိုဟာလည်း ဓာတ်ကြီးလေးပါး၊ ဒီဟာလည်း ဓာတ်ကြီးလေးပါးဆိုရင် ရွံစရာ ရှိသေး ရဲ့လား၊ မရှိဘူး။
1,330,467
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဓာတ်ကြီးလေးပါးလို့ နှလုံးသွင်းပြီးတော့ သူ ဘုဉ်းပေးတယ်၊ သို့သော် လက်ပြတ်ကြီးတော့ မစား ပါဘူးနော်၊ လက်ပြတ်ကြီးက ဝက်အူချောင်းကြီးလို ဖြစ်နေတယ်၊ အဲဒါကိုတော့ ဘုဉ်းပေးတာ မဟုတ်ဘူး၊ သို့သော် ရဟန္တာအရှင်မြတ်တွေက စိတ်ကို အဲဒီလို ပြောင်းလဲပစ်နိုင်တယ်လို့ ဆိုလိုတာနော်။
1,330,468
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ကောင်းပြီ - အဲဒီမှာ ရွံစရာကောင်းတာကိုလည်း ရွံစရာမကောင်းဘူးလို့ ရှုလို့ရတယ်၊ ရွံစရာ မကောင်းတာကိုလည်း ရွံစရာအဖြစ် ရှုလို့ရတယ်။
1,330,469
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘယ်လောက် တင့်တယ်တဲ့အာရုံပဲဖြစ်ဖြစ် အသုဘ ဘာဝနာပွားပြီး ဖယ်ရှားလို့ ရတယ်။
1,330,470
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နောက်တစ်ခုက မမြဲတဲ့ "အနိစ္စသညာ"ပွားခြင်း ဖြင့်လည်း နှစ်သက်စရာအာရုံတွေကို ဖယ်ရှားပစ်လို့ ရပါတယ်၊ ဒါလည်းပဲ ဣန္ဒြိယဘာဝနာ တစ်မျိုးပဲ။
1,330,471
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နောက်တစ်ခုကျတော့ ဒီနည်းစနစ်နဲ့ပဲ ဒါကို ဆက်ပြီးကျင့်သုံးတဲ့အခါမှာ အာရုံက နှစ်သက်စရာရော မနှစ်သက်စရာရော လာတယ်၊ အဲဒီ နှစ်သက်စရာ လည်း မကောင်းဘူး, မနှစ်သက်စရာလည်း မကောင်း ဘူးဆိုတဲ့ ရောလာတဲ့ အာရုံတစ်ခုကို မနှစ်သက်ဘဲ နေချင်တယ်ဆိုလို့ရှိရင် ခုနကလို အသုဘပဲ ပွားရမယ်။
1,330,472
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နှစ်သက်စရာအာရုံရော မနှစ်သက်စရာအာရုံ ရော နှစ်ခုစလုံး ရောလာတဲ့အခါမှာ နှစ်သက်စရာ မကောင်းဘူးဆိုတာကို နှစ်သက်စရာကောင်းတယ်လို့ စိတ်ကို ထိန်းချုပ်ထားချင်လို့ရှိရင် မေတ္တာ ဘာဝနာပွားမယ် သို့မဟုတ် ဓာတ်လေးပါးကို ရှုဆင်ခြင်ခြင်းဖြင့် ရွံရှာမှုမဖြစ်အောင် ထိန်းသိမ်း စောင့်ရှောက်မယ်။
1,330,473
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နောက်ဆုံး နည်းစနစ်တစ်ခုကျတော့ ဘာတုန်း ဆိုလို့ရှိရင် ရွံစရာလည်းကောင်းတယ်, ရွံစရာလည်း မကောင်းဘူးဆိုတဲ့ နှစ်ခုအပေါ်မှာ ရွံစရာဟုတ်တာ ရော, မဟုတ်တာရော ဒီနှစ်ခုကို စိတ်ထဲကို မထားဘဲနဲ့ လျစ်လျူရှုနိုင်တယ်၊ အဲဒီလျစ်လျူရှုနိုင်တဲ့ အနေအထား ဟာ တကယ့် ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အနေအထားပဲ၊ ဒါကို "ဆဠင်္ဂုပေက္ခာ" လို့ ခေါ်တယ်။
1,330,474
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘုန်းကြီးတို့တစ်တွေလည်း မျက်စိနဲ့ ကောင်းတဲ့ အာရုံလည်း မြင်တာပဲ၊ မကောင်းတဲ့ အာရုံလည်း မြင်တာပဲ၊ နားကလည်း ကောင်းတဲ့ သာယာတဲ့အသံ လည်း ကြားတာပဲ၊ မသာယာတဲ့အသံလည်း ကြား တာပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ထို့အတူပဲ၊ သို့သော် ဘယ်လိုထူးခြားလဲ? ရဟန္တာ ပုဂ္ဂိုလ်တွေကျတော့ ကောင်းတာ မြင်ရင်လည်း ဝမ်းမသာဘူး၊ မကောင်း တာမြင်လို့လည်း ဝမ်းနည်းခြင...
1,330,475
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီအာရုံအပေါ်မှာ သဘာဝအစစ်အမှန်ကို သိတဲ့ ဝိပဿနာဉာဏ်နဲ့ ထိန်းချုပ်ထားတဲ့ လျစ်လျူရှုနိုင်တဲ့ ဥပေက္ခာပဲ ဖြစ်တယ်၊ မြင်တာဟာ မြင်တာပဲ၊ ဘာမှ သူ့မှာ ထူးမလာဘူး။
1,330,476
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဘာနဲ့ ဥပမာတူတုန်း ဆိုလို့ရှိရင် - ရဟန္တာပုဂ္ဂိုလ် တွေရဲ့ စိတ်ဓာတ်ဟာ ကျောက်တောင်ကြီးလို ဖြစ်သွား တယ်၊ ကျောက်တောင်ကြီးဟာ ဘယ်ဘက်ကပဲ မုန်တိုင်းလာလာ လှုပ်ရှားမှုမရှိဘူး၊ ယိမ်းယိုင်မှုမရှိဘူး၊ အဲဒီလို ကျောက်တောင်ကြီးလို ခိုင်မာပြီးတော့ သွား တယ်၊ စိတ်ဓာတ်ရဲ့အခြေအနေ ဒီလိုလေ့ကျင့်ပြီးတော့ ယူရတယ်၊ ဘယ်အာရုံကြောင့်မှ စိတ်ဟာ လှုပ်ရ...
1,330,477
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
အဲဒီလို ပိုင်နိုင်သွားတဲ့ စိတ်အခြေအနေရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မျက်စိကနေပြီးတော့ ရူပါရုံ ဆိုတဲ့ မုန်တိုင်းတွေ လာဦးမလား၊ ကိစ္စမရှိဘူး။
1,330,478
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
နားက သဒ္ဒါရုံမုန်တိုင်းတွေလာလည်း လှုပ်ရှားမှု မရှိဘူး၊ နှာခေါင်းက အနံ့ဆိုတဲ့ မုန်တိုင်းတွေ လာဦးမလား၊ လျှာကနေပြီး အရသာမျိုးစုံ ဝင်လာဦးမလား၊ ခန္ဓာကိုယ်က အထိအတွေ့မျိုးစုံ လာထိဦးမလား၊ စိတ်ကူးထဲမှာပေါ်လာတဲ့ အာရုံမျိုးစုံတွေ လာဦးမလား၊ ဘယ်အာရုံပဲလာလာ လှုပ်ရှားခြင်း၊ ယိမ်းယိုင်ခြင်း၊ လောဘဆိုတာလည်း ဖြစ်မလာတော့ဘူး၊ ဒေါသ ဆိုတာလည်...
1,330,479
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
စိတ်ဟာ တည်ကြည်တည့်မတ်ပြီး ငြိမ်းချမ်းတဲ့ အေးချမ်းတဲ့, သဘာဝအပေါ်မှာ ရှုမြင်သုံးသပ်တဲ့ စိတ်အခြေအနေတစ်ခုပဲ ကျန်တော့တယ်။
1,330,480
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
သာမန်လူတွေက ကောင်းတာမြင်လိုက်လို့ရှိရင် လောဘ ဖြစ်လာတယ်၊ မကောင်းတာ မြင်လိုက်လို့ ရှိရင် ဒေါသ ဖြစ်လာတယ်၊ အသံ ကြားလိုက်တဲ့အခါ ကြားလိုက်တဲ့အသံပေါ်မှာ လောဘဖြစ်လိုက် ဒေါသ ဖြစ်လိုက်နဲ့၊ ကိုယ်ကြိုက်တဲ့အနံ့ဆို လောဘ ဖြစ်လိုက်တယ်၊ ကိုယ်မကြိုက်တဲ့ အနံ့ဆို ဒေါသဖြစ်လိုက်တယ် ဆိုတော့ စိတ်အခြေအနေဟာ ယောက်ယက်ခတ် နေတာနော်။
1,330,481
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ရဟန္တာတစ်ပါးရဲ့ စိတ်အခြေအနေကျတော့ ငြိမ်သက်အေးချမ်းသွားပြီးတော့ ဘယ်အာရုံလာလာ ဘာမှ ထူးမခြားနားပဲ အဲဒီလို ဖြစ်သွားအောင် လေ့ကျင့်တာဟာ တကယ့်ကို ဣန္ဒြိယ ဘာဝနာအစစ် ဖြစ်ပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြား တာ ဖြစ်တယ်။
1,330,482
Uncategorized
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ဣန္ဒြိယဘာဝနာ လေ့ကျင့်ပုံ နည်းစနစ်ကို ပေးထား သည့်အတွက်ကြောင့် မိမိတို့ တတ်စွမ်းသမျှ နေ့စဉ် မြင်တွေ့နေရတဲ့ အာရုံတွေကို ကောင်းတာ မြင်ရင် လည်း မိမိရဲ့စိတ် လှုပ်ရှားမှုမဖြစ်ရအောင်၊ ဖြစ်လာ လို့ရှိရင်လည်း ကြာရှည်မခံအောင်ပေါ့၊ ဖြစ်လာတဲ့ အပေါ်မ...
1,330,483
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ဣန္ဒြေရှင် ကိုရင်လေး
1,330,484
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
နိဂြောဓသာမဏေ ရှေးအခါက အိန္ဒိယနိုင်ငံတွင် “အသောက” အမည်ရှိသော ဘုရင်ကြီးတစ်ပါး ရှိခဲ့သည်။
1,330,485
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ဘုရင်ကြီးသည် ရက်စက်ကြမ်းကြုတ်ပြီး ညီနောင်မင်းသားများကို သတ်၍ ထီးနန်းကို သိမ်းပိုက် ရယူခဲ့သည်။
1,330,486
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထိုအခါ ညီနောင်မင်းသားတို့၏ ကြင်ရာတော်တို့သည် ခြေဦးတည့်ရာ ထွက်ပြေးကြရသည်။
1,330,487
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထွက်ပြေးခဲ့ကြသော မိဖုရားတို့တွင် “သုမနာ”အမည်ရှိ ကိုယ်ဝန်ဆောင် မိဖုရားတစ်ပါးလည်း ပါ၏။
1,330,488
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
သူသည် ခြေဦးတည့်ရာ ထွက်ပြေးရင်း သူတောင်းစားများနေသော ရွာတစ်ရွာသို့ ရောက်လေသည်။
1,330,489
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
မကြာမီ သုမနာဒေဝီသည် ထိုရွာ၏ ညောင်ပင်ကြီးအောက်၌ သားတော်လေးတစ်ပါးကို ဖွားမြင်လေ၏။
1,330,490
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ညောင်ပင်အောက်တွင် ဖွားမြင်သောကြောင့် သားတော်လေးကို “နိဂြောဓ”ဟု အမည်ပေးခဲ့၏။
1,330,491
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
သားတော်လေး ခုနစ်နှစ်အရွယ် ရောက်သောအခါ ရှင်ပြုပေး၍ “နိဂြောဓ”ဟူသော အမည်ဖြင့် ရှင်သာမဏေ ဖြစ်လာ၏။
1,330,492
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
နိဗြောဓသာမဏေသည် ပါရမီဉာဏ် ရင့်သန်သောကြောင့် မကြာမီပင် တရားရရှိခဲ့၏။
1,330,493
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထိုအချိန်၌ အသောကဘုရင်ကြီးသည် အဝတ်မဝတ်သော တက္ကတွန်းများကို ကိုးကွယ်ဆည်း ကပ်၍ နန်းတော်ထဲတွင် နေ့စဉ်နေ့တိုင်း ဆွမ်းကျွေးလျက်ရှိ၏။
1,330,494
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
တစ်နေ့တွင် ဘုရင်ကြီးသည် လေသာ ပြတင်းမှ အပြင်သို့ ရှုစားနေစဉ် ကိုရင်လေးနိဂြောဓသည် သင်္ကန်းကို သပ်ရပ်စွာ ဝတ်ရုံ၍ သပိတ် ကလေးပိုက်ကာ ခြေလှမ်းကို မစိပ်မကျဲ လှမ်းလျက် မျက်လွှာချပြီး ဆွမ်းခံကြွနေသည်ကို တွေ့မြင်လေ၏။
1,330,495
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ဘုရင်ကြီးသည် ကိုယ်အမူအရာ နူးညံ့သိမ်မွေ့ပြီး အသွင်အပြင် တည်ငြိမ်ရင့်ကျက်သော ကိုရင်လေးကိုတွေ့မြင်သောအခါ စိတ်ဝင်စားသွားသည်။
1,330,496
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
သို့ဖြစ်၍ “ကိုရင်လေးကို သွားပင့်ချေ'ဟု အမတ်များကို စေလွှတ်လေ၏။
1,330,497
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ကိုရင်လေးသည် အေးဆေးတည်ငြိမ်သော ဣနြေဖြင့် နန်းတော်ထဲသို့ ကြွလာသည်။
1,330,498
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
နန်းတော်တွင်းသို့ ရောက်သောအခါ ကိုရင်လေးသည် မည်သူ့ကိုမှ မျက်နှာချို သွေး စကားမပြောဘဲ တည်ငြိမ်သော ဣနြေဖြင့် ဘုရင်ကြီးကို ကြည့်ရှုလိုက်သည်။
1,330,499
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထိုအခါ ဘုရင်ကြီးသည် “ကိုရင်လေး ... သင့်တော်သော နေရာမှာ ထိုင်တော်မူပါ” ဟု လျှောက်ထား၏။
1,330,500
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ကိုရင်လေးသည် နန်းတော်အတွင်း၌ မိမိထက် ဝါကြီးသော ရဟန်းတော်များ၊ ကိုရင်များ ရှိ မရှိ ကြည့် လိုက်သည်။