id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,332,001 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါဠိကို မကြည့်နိုင်သူတို့မှာ ပါရမီကဗျာနှင့်ပင် မဟာဗောဓိတံခွန်ကို သိကြလေ။ |
1,332,002 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] တဏှာနိဿတ တံခွန် |
1,332,003 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုကာလ၌ကား မဟာဗောဓိတွင်မှ ပညာဓိကကို တောင့်တကြ၏။ |
1,332,004 | Uncategorized | ဥတ္တမပုရိသဒီပနီ | သူတို့ ပြုပုံ၊ မူပုံ၊ တံခွန်မှာမူကား သာဝကဗောဓိတံခွန်မျှ လှလှ မပေါ်ချေ။ |
1,332,005 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုဘဝ ပကာသနကို လိုလားခြင်း၊ နောင်ယခုပြုသော ကုသိုလ်၏အကျိုးကို ကြီးကြီးမားမား လိုလားခြင်းဟူသော တဏှာနိဿိတတံခွန်ကိုသာ စွင့်ရရွင့် မြင်ရချေ၏။ |
1,332,006 | Uncategorized | ဥတ္တမပုရိသဒီပနီ | အကျိုးကို မတောင့်တနှင့်ဆိုခဲ့လျှင်၊ “အကျိုးကို လို၍သာ ပြုသည်၊ အကျိုးကို မလိုချင်လျှင် ဘယ်သူပြုမလဲ” ဟု အလွဲကို ငေါ့ကြသေး၏။ |
1,332,007 | Uncategorized | ဥတ္တမပုရိသဒီပနီ | အကျိုးကို မတောင့်တဘဲ ပြုနိုင်လျှင် အကျိုးလည်း များများကြီးရ၏။ |
1,332,008 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗောဓိသမ္ဘာရလည်း မြောက်၏။ |
1,332,009 | Uncategorized | ဥတ္တမပုရိသဒီပနီ | အကျိုးကိုတောင့်တ၍ပြုလျှင် အကျိုးလည်းနည်းပါး၏။ |
1,332,010 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပိုးဖောက်သော စပါးမျိုး၊ မြစ်ပိုး၊ ဆစ်ပိုးကျသော ကောက်ပင်နှင့်တူလေ၏။ |
1,332,011 | Uncategorized | ဥတ္တမပုရိသဒီပနီ | အချို့သော သူတို့ကလည်း 'တစ်ဘဝထက် တစ်ဘဝ ရင့်လိမ့်မည်၊ ဘဝကို မတောင့်တပဲ ပြုသော်လည်း ယခုဖြစ်နိုင်တဲ့သည် မဟုတ်၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိကိုလည်း ရဦးမှပင် တော်သည်' ဟုဆိုကြကုန်၏။ |
1,332,012 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ်ပင်ငယ်တို့မည်သည် မိုးဥတုရှိစဉ်အခါ၌သာ ပေါက်နိုင်ကြကုန်၏။ |
1,332,013 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပေါက်ကြသော သစ်ပင်ငယ်အထောင်အသောင်းတွင်မှလည်း အမြစ်ပင်စည် ခိုင်မြဲ၍ အရပ်အနေသင့်လှသော တစ်ပင်တစ်လေမျှသာ နွေရာသီကို ကျူး၍ ရှေ့မိုးဦးနှင့် ဆက်နိုင်၏။ |
1,332,014 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆောင်းရာသီ၊ နွေရာသီမှာ ပျက်စီးကြသည်သာ များ၏။ |
1,332,015 | Uncategorized | ဥတ္တမပုရိသဒီပနီ | နှစ်မိုး၊ သုံးမိုး၊ လေးမိုး စသည်ဖြင့် ကြီးပွါးရက နောက်ဥတုအတွက်နှင့် မပျက်စီးတဲ့နိုင်ပြီ။ |
1,332,016 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤအတူ အစစွာ ပါရမီအပင်ငယ်တို့မည်သည်လည်း ဘုရားသာသနာ၊ ဓမ္မတည်းဟူသော မိုးဥတုနှင့် တွေ့ကြုံသောအခါ၌သာ ဖြစ်နိုင်ကြကုန်၏။ |
1,332,017 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖြစ်ကြသူအထောင်အသောင်းတို့တွင် ခြေခြေမြစ်မြစ်ဖြစ်သူ တစ်ယောက်တစ်လေမျှ သာသနာပတည်းဟူသော နွေရာသီကြီးကိုကျူး၍ နောက်ဘုရားသာသနာတည်းဟူသော ရှေ့မိုးနှင့် ဆက်နိုင်သည်၊ အတုအပဖြစ်ခဲ့ကြသမျှတို့သည် သာသနာပတည်းဟူသော ဆောင်းရာသီ၊ နွေရာသီတို့မှာ ကွယ်ပျောက်ကြသည်သာ များကုန်၏။ |
1,332,018 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိယတ မရောက်သေးသော ပါရမီတို့၏ အနိယတ ဖြစ်ပုံ |
1,332,019 | Uncategorized | ဥတ္တမပုရိသဒီပနီ | သာသနာပအခါမည်သည် ယေဘုယျအားဖြင့် မိစ္ဆာဒိဋ္ဌိသာများ၏။ |
1,332,020 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိစ္ဆာဒိဋ္ဌိမျိုး၌ဖြစ်၍ တစ်ခုသော မိစ္ဆာအယူကို စွဲမြဲစွာယူလိုက်သည်ရှိသော် အတုအပမျှဖြစ်ခဲ့သော ပါရမီစုသည် ကွယ်ပျောက်ခြင်းသို့ရောက်လေ၏။ |
1,332,021 | Uncategorized | ဥတ္တမပုရိသဒီပနီ | နှစ်ဘဝ၊ သုံးဘဝ စသည်ယူရာ၌ ဆိုဖွယ်မရှိပြီ။ |
1,332,022 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား နိယတအဖြစ်သို့ မရောက်ကုန်သေးသော ပါရမီတို့၏ အနိယတဖြစ်ပုံ အခြင်းအရာတည်း။ |
1,332,023 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကဲ့သို့ ကွယ်ပျောက်ခဲ့သောအရာသည် အနမတဂ္ဂသံသရာ၌ သူသူငါငါ သတ္တဝါတို့မှာ အခါပေါင်း အနမတဂ္ဂပင် ရှိရာပြီ။ |
1,332,024 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့် တစ်ဘဝထက်တစ်ဘဝ ရင့်အံ့သောအလားများကို အားပြု၍ ပါရမီဆုတောင်းမှု၌ အတုအပနှင့်ပြီးကြ၍ မလျော်ပေ။ |
1,332,025 | Uncategorized | ဥတ္တမပုရိသဒီပနီ | လိင်္ဂ ၄-ပါး ပြီး၏။ |
1,332,026 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့ပြဆိုခဲ့ပြီးသော ပစ္စယ ၄-ပါး၊ ဟေတု ၄-ပါး၊ အဇ္ဈာသယဓာတ် ၆-ပါးစုသည် မဟာဘိနီဟာရ စခန်းသို့ ဆိုက်ဖို့အကြောင်းစုလည်းဖြစ်၏။ |
1,332,027 | Uncategorized | ဥတ္တမပုရိသဒီပနီ | အထက်ပါရမီတို့၏ အကြောင်းလည်းဖြစ်၏။ |
1,332,028 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိယတဗျာဒိတ်ကိုရသဖြင့် မဟာဘိနီဟာရကိစ္စ ထမြောက်အောင်မြင်ပြီးသော သဗ္ဗညုအလောင်းတော်ကြီးတို့အား ဗလ ၄-ပါး၊ အစ္ဆရိယ ၄-ပါး၊ ကရုဏာ ဥပါယကောသလ္လ ၂-ပါး၊ ဘူမိ ၄-ပါး၊ အဇ္ဈာသယ ၆-ပါး၊ အဇ္ဈာသယဆယ်ပါး အစရှိကုန်သော မဟာဗောဓိအဆောက်အဦတို့သည် အကျယ်လာကုန်သေး၏။ |
1,332,029 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ရှေး၌ ပြဆိုခဲ့ပြီးသော အချက်တို့ဖြင့်ပင်လျှင် မောင်သော် လျှောက်ဆိုသော သဗ္ဗညုပတ္ထနာ မဟာဗောဓိ လုပ်ရပ်လမ်းကြီးသည် ထင်ရှားလှပြီဖြစ်၍ မထုတ်ပြီ။ |
1,332,030 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ဤတွင်ရွေ့ကား ပကတိသာဝကဆု၊ မဟာသာဝကဆု၊ အဂ္ဂသာဝကဆု၊ ပစ္စေကဗုဒ္ဓဆု၊ သမ္မာသမ္ဗုဒ္ဓဆုငါးပါးတို့ကို ပြဆိုချက်ပြီး၏။ |
1,332,031 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပထမလျှောက်ချက် အဖြေပြီး၏။ |
1,332,032 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုတိယခန်း ၁။ |
1,332,033 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခန္ဓာငါးပါး၏ သရုပ်သဘော အဓိပ္ပါယ်။ |
1,332,034 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ သစ္စာလေးပါး၏ သရုပ်သဘော အဓိပ္ပါယ်။ |
1,332,035 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ခန္ဓာငါးပါးကို သစ္စာဖွဲ့နည်း။ |
1,332,036 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ မဂ္ဂင်ရှစ်ပါး၏ သရုပ်သဘော အဓိပ္ပါယ်နှင့်တကွ နိဗ္ဗာန်ရောက်အောင် ပွါးနည်းများကို သိလိုပါသည် ဟူသော ဒုတိယလျှောက်ချက်၌ဒုတိယလျှောက်ချက်၌--- |
1,332,037 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပက္ခန္ဓာ၌ ဉာဏ်အချက်ပြ-၇-ပါး |
1,332,038 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ခန္ဓာငါးပါး၏ သရုပ်သဘော အဓိပ္ပါယ်သည် သုတ္တန်နည်း၊ အဘိဓမ္မာနည်း, နှစ်လမ်းရှိသည်။ |
1,332,039 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဂ်ဖိုလ်ကို မရသေးကုန်သော ပုထုဇန်တို့အား ယခုဘဝ မဂ်ဖိုလ် ကိုရဖို့ ကမ္မဋ္ဌာန်းပြုလုပ်ခြင်းငှာ အကျဉ်းအားဖြင့် ဟောတော်မူအပ် သောနည်းသည် သုတ္တန်နည်းမည်၏။ |
1,332,040 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကမ္မဋ္ဌာန်းကိစ္စကို ပဓာနမပြုမူ၍ တရားဓမ္မရှိသမျှကို အကုန်အစင် ဝေဖန်၍ ဟောတော်မူသောနည်းသည် အဘိဓမ္မာနည်းမည်၏။ |
1,332,041 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤအဘိဓမ္မာနည်း မည်သည်ကား မဂ်ဖိုလ်ကို ရပြီးသော အရိယာ ပုဂ္ဂိုလ်တို့အား ပဋိသမ္ဘိဒါဉာဏ် ပွါးစီးရန် အကျိုးငှါ ဖြစ်၏၊ တရားအစိတ် အလီ များပြားလှသောကြောင့် ပုထုဇဉ်တို့ ကမ္မဋ္ဌာန်းအရာနှင့် သက်ဝင် နိုင်သောနည်း မဟုတ်။ |
1,332,042 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ ဥပမာကား လှေငယ်တက်စင်းနှင့် ကူး သန်းသွားလာ၍ အသက်မွေးသောသူတို့သည် မြစ်ပြင်၌သာ ကူးသန်း သွားလာကုန်ရာ၏၊ မဟာသမုဒ္ဒရာ ပြင်၌ မသွားကုန်ရာ၊ မဟာသမုဒ္ဒရာ ကို သွားလာနိုင်လောက်သော လှေကြီး တက်ကြီး သင်္ဘောကြီး ထူထောင် နိုင်သောအခါမှ သမုဒ္ဒရာကို ချင်းနင်းကုန်ရာ၏။ |
1,332,043 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုကာလ၌ကား မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရလို၍ ရဟန်းပြုကြ သည် မဟုတ်၊ ပါရမီကိုမျှ ရလို၍ ရဟန်းပြုသော အရာဖြစ်ကြ၍ ကမ္မဋ္ဌာန်းအလုပ်ကို လုပ်သောသူမရှိကြ၊ ပညာပါရမီ အစီးအပွါးအကျိုးငှာ ချပို့သင်ကြားမှု ပြောဟောမှုမျှကိုသာ အားထုတ်ကြသောအခါဖြစ်၍ အဘိဓမ္မာနည်း တွင်ကျယ် ပြန်သတည်း၊ ဤစာအုပ်၌ကား သုတ္တန်နည်း ကိုသာ ထုတ်ပေအံ့။ |
1,332,044 | Uncategorized | ဥတ္တမပုရိသဒီပနီ | (က) သတ္တဋ္ဌာန ကုသလော ဘိက္ခဝေ ဘိက္ခု တိဝိဓူပပရိက္ခီ ဣမသ္မိံ ဓမ္မဝိနယေ ကေဝလီ ဝုသိတဝါ 'ဥတ္တမပုရိသော' တိ ဝုစ္စတိ။ |
1,332,045 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကထဉ္စ ဘိက္ခဝေ ဘိက္ခု သတ္တဌာန ကုသလော ဟောတိ။ |
1,332,046 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဣဓ ဘိက္ခဝေ ဘိက္ခု ရူပံ ပဇာနာတိ၊ ရူပသမုဒယံ ပဇာနာတိ ရူပနိရောဓံ ပဇာနာတိ ရူပနိရောဓဂါမိနိံ ပဋိပဒံ ပဇာနာတိ၊ ရူပဿ အဿာဒံ ပဇာနာတိ၊ ရူပဿ အာဒီနဝံ ပဇာနာတိ၊ ရူပဿ နိဿရဏံ ပဇာနာတိ။ |
1,332,047 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ကတမဉ္စ ဘိက္ခဝေ ရူပံ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ရူပံ။ |
1,332,048 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ အာဟာရသမုဒယာ ရူပသမုဒယော။ |
1,332,049 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ အာဟာရ နိရောဓာ ရူပနိယောဓော။ |
1,332,050 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ရူပနိရောဓဂါမိနီပဋိပဒါ။ |
1,332,051 | Uncategorized | ဥတ္တမပုရိသဒီပနီ | သေယျထိဒံ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊ သမ္မာ ဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။ |
1,332,052 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၅။ ယံရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ။ |
1,332,053 | Uncategorized | ဥတ္တမပုရိသဒီပနီ | အယံ ရူပဿ အဿာဒေါ။ |
1,332,054 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၆။ ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ။ |
1,332,055 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၇။ ယော ရူပသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ရူပဿ နိဿရဏံ။ |
1,332,056 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ခန္ဓဝဂ္ဂသံယုတ္တ-ပါ ၅၀) ဉာဏ်အချက် ၇-ဌာနနှင့်တကွ ရူပက္ခန္ဓာ ပြီး၏။ |
1,332,057 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဘိက္ခဝေ=ရဟန်းတို့၊ သတ္တဋ္ဌာန ကုသလော=ခုနစ်ဌာန၌ လိမ္မာ သော၊ တိဝိဓူပပရိက္ခီ=သုံးပါးသောအပြားကို စုံစမ်းခြင်း အလေ့ရှိသော၊ ဘိက္ခု=ရုပ်ဘေးကို မြော်မြင်နိုင်သူ ရှင်လူအပေါင်းသည်၊ ဣမသ္မိံ ဓမ္မဝိနယေ=ဤသဗ္ဗညု သာသနာ၌၊ ကေဝလီ=ပြီးစီးပြည့်စုံလုံလောက် သော၊ ဝုသိတဝါ=သည်မှအထက် တိုးတက်၍ ကျင့်သုံးဖွယ် မရှိသော၊ ဝါ=သံသရာ၌ သည်ခါတစ်ပြင် အကျင... |
1,332,058 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ဘိက္ခု=ရဟန်းသည်၊ ကထဉ္စ=အဘယ်သို့လျှင်၊ သတ္တဋ္ဌာနကုသလော=ခုနစ်ဌာန၌လိမ္မာသည်၊ ဟောတိ=ဖြစ်သနည်း။ |
1,332,059 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ဣဓ=ဤသာသနာ၌၊ ဘိက္ခု=သည်၊ ရူပံ= ရုပ်တရားကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ရူပသမုဒယံ=ရုပ်ဖြစ်ပွါးခြင်း၏ အကြောင်းတရားကို၊ ပဇာနာတိ=အဟုတ်သိ၏၊ ရူပနိရောဓံ=ရုပ်၏ ချုပ်ဆုံးခွင့်ကို၊ ပဇာနာတိ= အဟုတ်သိ၏၊ ရူပနိရောဓဂါမိနိံ ပဋိပဒံ=ရုပ်၏ ချုပ်ဆုံးခြင်းသို့ ဆိုက်ရောက်စေ တတ်သောအကျင့်မျိုးကို၊ ပဇာနာတိ= အဟုတ်သိ၏၊ ရူပဿ=ရုပ်၏၊ အဿာဒံ=... |
1,332,060 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ပါးစပ်က ပြောတတ်ဟောတတ်သည်ကို အဟုတ်သိမဆို၊ အမှတ်သိသာ ဆိုရ ၏၊ ကိုယ်တွင်းမှာ အလင်းပေါက်အောင် သိသည်ကိုသာ အဟုတ်သိဆိုသတည်း။ |
1,332,061 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ကတမဉ္စ=အဘယ်တရားသည်၊ ရူပံ= ရုပ်မည်သနည်း၊ စတ္တာရော=လေးပါးကုန်သော၊ မဟာဘူတာစ=မြေ ရေ လေ မီး ဘုတ်ကြီးလေးပါးတို့သည်လည်းကောင်း၊ စတုန္နံမဟာဘူတာနံ= မြေ ရေ လေ မီး ဘုတ်ကြီးလေးပါးတို့ကို၊ ဥပါဒါယရူပဉ္စ=စွဲမျှောင်မှီတွယ် ရုပ်ငယ် နှစ်ဆယ့်လေးသည်လည်းကောင်း၊ သန္တိ=ရှိကုန်၏၊ ဘိက္ခဝေ= ရဟန်းတို့၊ ဣဒံ=ဤအစုကို၊ ရူပံ=ရုပ်ဟူ၍... |
1,332,062 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ အာဟာရသမုဒယာ=ကိုယ်တွင်း၌ အာဟာရဓာတ်ဆီ ဩဇာတို့ တက်၍ နေသည်ရှိသော်၊ ရူပသမုဒယော=ရုပ်ဖြစ်ပွါး၍နေသည်၊ ဟောတိ=ဖြစ်၏။ |
1,332,063 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ အာဟာရနိရောဓာ=အာဟာရဓာတ်ဆီ ဩဇာချုပ်ဆုံးကုန်ခန်း ခဲ့သည်ရှိသော်၊ ရူပနိရောဓော=ရုပ်၏ချုပ်ဆုံး ကုန်ခန်းခြင်းသည်၊ ဟောတိ=ဖြစ်၏။ |
1,332,064 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ အရိယော=ဖြူစင်သော၊ အဋ္ဌင်္ဂီကော=အင်္ဂါရှစ်ပါးရှိသော၊ အယမေဝ မဂ္ဂေါ=ဤငါဘုရားသာသနာတည်းဟူသော မဂ်တရားသည် သာလျှင်၊ ရူပ နိရောဓဂါမိနီ ပဋိပဒါ=ရုပ်၏ချုပ်ငြိမ်းရာစခန်းသို့ ဆိုက်စေတတ်သော အကျင့်တရားတည်း၊ သေယျထိဒံ=အဘယ်အင်္ဂါ ရှစ်ပါးနည်းဟူမူကား၊ သမ္မာဒိဋ္ဌိ= ရုပ်၌ အလင်းပေါက်သော ဉာဏ်လည်း တစ်ပါး၊ သမ္မာသင်္ကပ္ပေါ=ရုပ်၌အချက်မိအောင် ကြံ... |
1,332,065 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၅။ ရူပံ=ရုပ်ကို၊ ပဋိစ္စ=စွဲ၍၊ ယံသုခံ=အကြင်ကိုယ်၏ ချမ်းသာခြင်း သည် လည်းကောင်း၊ ယံသောမနဿံ=အကြင်စိတ်၏ ကြည်လင်ရွှင်လန်း ချမ်းသာ ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ အယံ= ဤသုခသော မနဿသည်၊ ရူပဿ=ရုပ်၏၊ အဿာဒေါ=သာယာဘွယ် ပေတည်း။ |
1,332,066 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၆။ ရူပံ-ရူပဿ=ရုပ်၏၊ ယံအနိစ္စံ=အကြင်အနိစ္စမှုသည်၊ ယံဒုက္ခံ= အကြင် ဒုက္ခမှုသည်၊ ယံဝိပရိဏာမဓမ္မံ=အကြင်ဖရိုဖရဲ ဖောက်လဲ ဖောက်ပြန် ဖြစ်မှုသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ အယံ=ဤသည်ကား၊ ရူပဿ= ရုပ်၏၊ အာဒီနဝေါ=ကြောက်မက်ဖွယ်သောဘေးတည်း။ |
1,332,067 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၇။ ရူပသ္မိံ=ရုပ်၌၊ ယောဆန္ဒရာဂဝိနယော=အကြင်တောင့်တ တပ်စွန်းမှုကို ပယ်ဖျောက်ခြင်းသည်၊ ယံဆန္ဒရာဂပ္ပဟာနံ=အကြင် တောင့်တ တပ်စွန်းမှုကို ပယ်ခြင်းသည်၊ အတ္ထိ=ရှိ၏၊ ဣဒံ=ဤအမှုသည်၊ ရူပဿ=ရုပ်၏၊ နိဿရဏံ=ကျွတ်လွတ်မှုပေတည်း။ |
1,332,068 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနက်ပြီး၏။ |
1,332,069 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဉာဏ်အချက် ၇-ပါးပြီး၏။ |
1,332,070 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ပထမကောသလ္လဌာနပြ |
1,332,071 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မြေ ရေ မီး လေ (၄) ဤကား-အမာခံဓာတ်ကြီး ၄-ပါး။ |
1,332,072 | Uncategorized | ဥတ္တမပုရိသဒီပနီ | - စက္ခု သောတ ဃာန ဇိဝှါ ကာယ (၅) ဤကား အကြည်ပသာဒ ကမ္မဇဓာတ်မှန် ၅-ပါး။ |
1,332,073 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ (၅) ဤကား အာရုံဓာတ် ၅-ပါး။ |
1,332,074 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဣတ္ထိဘော ပုမ္ဘော၊ (၂ ) ဤကား ဘာဝရုပ် ၂-ပါး။ |
1,332,075 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဇီဝိတ (၁)။ |
1,332,076 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဟဒယဝတ္ထု (၁)။ |
1,332,077 | Uncategorized | ဥတ္တမပုရိသဒီပနီ | - အာဟာရရုပ် (၁) |
1,332,078 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရုပ်စစ် ၁၈-ပါး သရုပ်ပြီး၏။ |
1,332,079 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကိုယ်၌ ၁။ |
1,332,080 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခက်မာမှု အမျိုးမျိုး နူးညံ့မှု အမျိုးမျိုးသည် ပရမတ်မြေ အစစ်တည်း။ |
1,332,081 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ယိုစီးမှု ဖွဲ့တွယ်စေးကပ်မှုသည် ပရမတ်ရေအစစ်တည်း။ |
1,332,082 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ပူလောင်မှု ပေါင်းနွှေးမှု နွေးမှု အေးမှု ချမ်းမှုသည် ပရမတ်မီး အစစ်တည်း။ |
1,332,083 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ လှုပ်ရှားမှု ပွရွမှု ဖောင်းကြွမှု ဝှေ့တွန်းမှု တောင့်တင်း သန်မာ မှုသည် ပရမတ်လေအစစ်တည်း။ |
1,332,084 | Uncategorized | ဥတ္တမပုရိသဒီပနီ | တစ်ကိုယ်လုံး၌ အတုံးအခဲဟူသော သမူဟပညတ်စုကို အဏုမြူမျှ မကျန်အောင် ဉာဏ်နှင့်မှုတ်လွှင့်၍ ကြည့်တတ်မှ ပရမတ် မြေစစ် ရေစစ် လေစစ် မီးစစ်ကို မြင်နိုင်သည်၊ မြေစစ် လေစစ် မီးစစ် ဤသုံးပါးမှာ ဖောဋ္ဌဗ္ဗဓာတ်မျိုးဖြစ်၍ ကိုယ်အင်္ဂါနှင့် ထိပါးစမ်းသပ်၍ပင် တွေ့၏၊ သိ၏၊ သူငယ်များသည်ပင် နူးညံ့သည် ကြမ်းတမ်းသည်ဟုသိကြ၏၊ ပရမတ် မြေကို ဓာတ်ခွဲ၍ကား မ... |
1,332,085 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဇ္ဈတ္တအကြည်ဟုဆိုအပ်သော မှန်ဓာတ်ငါးမျိုးတွင် မျက်စိမှန်, နားမှန်, နှာမှန်, လျှာမှန် ဤမှန်ရုပ် လေးမျိုးကား သူ့နေရာနှင့်သူ၊ ကာယမှန်ဓာတ်ကား အတွင်းအပ တစ်ကိုယ်လုံးပြည့်၏၊ အာရုံငါးပါးကို ခံယူသော ကမ္မဇဓာတ်မှန်, အဇ္ဈတ္တဓာတ်မှန် ရုပ်သေးမျိုး ငါးပါးပေတည်း၊ အာရုံဓာတ်ငါးပါး ထင်ရှားပြီ၊ မြေဓာတ် မီးဓာတ် လေဓာတ် ဤဓာတ် ကြီးသုံးပါးကိုပင... |
1,332,086 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဣတ္ထိသဏ္ဌာန်ကို အုပ်စိုး၍ ဣတ္ထိတစ်ကိုယ်လုံး နှံ့ပြား၍ တည်သော ရုပ်သေးတစ်မျိုးသည် ဣတ္ထိဘောရုပ် မည်၏။ |
1,332,087 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ပုရိသသဏ္ဌာန်ကို အုပ်စိုး၍ ပုရိသတစ်ကိုယ်လုံး နှံ့ပြား၍ တည်သော ရုပ်သေးတစ်မျိုးသည် ပုမ္ဘော မည်၏။ |
1,332,088 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ကမ္မဇရုပ်တို့၏ အသက်ဟုဆိုအပ်သော တစ်ကိုယ်လုံး နှံ့၍တည်သော ရုပ်ငယ်တစ်မျိုးသည် ဇီဝိတရုပ်မည်၏။ |
1,332,089 | Uncategorized | ဥတ္တမပုရိသဒီပနီ | - စိတ်၏ တည်ရာမှီရာဖြစ်၍ သူမှ ကောင်းသောစိတ် မကောင်း သောစိတ် ထွက်သောရုပ်သေးတစ်မျိုးသည် ဟဒယဝတ္ထုရုပ် မည်၏၊ နှလုံးအိမ်တွင်း၌ တည်၏။ |
1,332,090 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခပ်သိမ်းသော မဟာဘုတ်တို့၏ ပရမတ်ဓာတ်ဆီဟုဆိုအပ်သော တစ်ကိုယ်လုံးကို ထောက်ပံ့သောရုပ်ငယ်တစ်မျိုးသည် အာဟာရရုပ် မည်၏၊ ကာမဘုံသားတို့၌ နေ့စဉ်မပြတ် အစာထမင်း သွင်းရမျိုရသော အလုပ်ကား ဓာတ်ဆီ သွင်းရသော အလုပ်ပေတည်း၊ အမြဲထွန်း၍ထား သော ဆီမီးခွက်ကြီး တစ်ခုရှိခဲ့အံ့၊ နေ့စဉ်မပြတ် ဆီလောင်းရလတ္တံ့၊ ဤအတူမှတ်။ |
1,332,091 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ပါဠိသံ ကျမ်းသံနှင့် ပြော၍နေလျှင် စကားကြီး၏၊ ခန့်၏၊ ပြောနေကျ မြန်မာစကားမျိုး မဟုတ်၍ အသိဉာဏ်တန်းခနဲ စိုက်ခနဲမသွား ယောင်ဝါးကြီး နေကြ၏၊ အချို့သောသူတို့သည် အင်္ဂလိပ်စာကိုတွေ့လျှင် အင်္ဂလိပ်သံနှင့် အကုန်ဖတ်၍ ပြောနိုင်ကြ ကုန်၏၊ ဘာကိုဆိုသလဲဟု ဆစ်၍မေးလျှင် မြန်မာစကားနှင့် အလုံးစေ့အောင် နေရာချ၍ မပြတတ်၊ ဤကဲ့သို့နေကြသည်၊ ထို့ကြော... |
1,332,092 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ပြဆိုခဲ့ပြီးသော ရုပ်တစ်ဆဲ့ရှစ်တွင် ဓာတ်ကြီးလေးပါးသည် သစ်ပင်၏ ပင်စည် အကိုင်းအခက် အသားနှင့် တူ၏၊ နောက်ရုပ်သေး တစ်ဆဲ့လေးသည် အရွက်အပွင့် အသီးစုနှင့် တူ၏၊ ဓာတ်ကြီးလေးပါးကို ဖြစ်မှုချုပ်မှုနှင့် တကွ မြင်နိုင်လျှင် ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ ထင်မှတ်မှု ပျောက်ငြိမ်း၏၊ ရုပ်ငယ် ရုပ်သေးစု ခုခံ၍ မနေနိုင်ပြီ၊ ထို့ကြောင့် 'စတ္တာရောစ မ... |
1,332,093 | Uncategorized | ဥတ္တမပုရိသဒီပနီ | စကြဝဠာအနန္တ ကမ္ဘာအနန္တ သတ္တဝါအနန္တ ရုပ်သဏ္ဌာန်ရှိသမျှကို ပရမတ်အဏုမြူအမှုန့်ပြု၍ သေတ္တုချလျှင် ဤရုပ် ၁၈-ခုသာရ၏၊ မိမိ ကိုယ်ခန္ဓာတစ်ခုမှာ ဓာတ်ကွဲအောင် မြင်လျှင် ထိုအနန္တစုဓာတ် ကွဲပြီးဖြစ်လေ၏။ |
1,332,094 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ဓာတ်ကြီးလေးပါးကိုသာ အားထုတ်၍ ကြံလေ ကြည့်လေ၊ အသီးအခြား ဓာတ်ကွဲအောင် မထင်နိုင် မမြင်နိုင်သော ရုပ်သေးများကိုကား အမှု မစိုက်နှင့်၊ မြင်နိုင်ရာကို မဲမှ အကျိုးများ သည်၊ မမြင်နိုင်သည်ကို အမှုစိုက်၍ အကျိုးမများ၊ တစ်ပါးတည်း ထင်နိုင်လျှင် တစ်ပါးတည်းကိုပင် မဲ၍ကြံ၊ တစ်ပါးကောင်းကောင်း ထင်သည့်နောက် ကြွင်းသမျှတို့လည်း တစ်စတစ်စ ထင်၍ ... |
1,332,095 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိကိုယ်ခန္ဓာသည် အဘိဓမ္မာကောင်ကြီး ပရမတ်ကောင် ကြီး ဓာတ်ကောင်ကြီး အဘိဓမ္မာခဲကြီး ပရမတ်ခဲကြီး ဓာတ်ခဲကြီး ပေတည်း၊ ထို့ကြောင့် မျက်စိမှုန်လှသောသူသည် မျက်စိမှာ မျက်မှန်တပ်၍ ပေ၌ ဘုတ်အုပ်၌ရှိသော အက္ခရာစာလုံးတို့ကို ကွက်ကွက်ကွင်းကွင်း အလင်းမြင်အောင် ကြည့်ရှုသကဲ့သို့ ဒေသနာကျမ်းဂန်ကို မျက်မှန်တပ်၍ မိမိကိုယ်ခန္ဓာ ဖြစ်၍နေသော ပရမတ... |
1,332,096 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ဤကား- ရူပက္ခန္ဓာ၌ ပထမ ကောသလ္လဌာနကို ပြဆိုသော အခန်းတည်း။ |
1,332,097 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤပထမ ကောသလ္လဌာန၌ ဓာတ်ကြီးလေးပါးကို ကွဲပြားအောင် မြင်နိုင်မှ နောက်နောက် ကောသလ္လဌာနစု နေရာကျနိုင်မည်၊ ထို့ကြောင့် ပထမကောသလ္လ ကို ကြိုးစား၍ ခဲလေ မဲလေ။ |
1,332,098 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပထမ ကောသလ္လဌာန ပြီး၏။ |
1,332,099 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဒုတိယ တတိယ ကောသလ္လဌာနပြ |
1,332,100 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဟာရ သမုဒယာ ရူပသမုဒယော၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.