id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,332,101 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဟာရ နိရောဓာ ရူပနိရောဓော။ |
1,332,102 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုတိယ, တတိယ ကောသလ္လ ၂- ဌာန၊ ဤ၌- |
1,332,103 | Uncategorized | ဥတ္တမပုရိသဒီပနီ | - တဖွားဖွားဖြစ်ပေါ်၍နေမှုသည် သမုဒယမည်၏၊ |
1,332,104 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ချုပ်ဆုံး ကွယ်ပ၍ သွားမှုသည် နိရောဓ မည်၏။ |
1,332,105 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမုဒယသည်လည်း တစ်ခုတစ်ခုသော ဘဝ၌ ပဋိသန္ဓေ နေသည် မှစ၍ စုတိကျအောင် တစ်ခဏမစဲ တစ်ဖွားဖွား ဖြစ်ပေါ်နေမှုတစ်ပါး၊ စုတိကျပြီးနောက်၌ ပဋိသန္ဓေကိစ္စနှင့် တစ်ဖွားဖွားဖြစ်ပေါ်မှု တစ်ပါးဟူ၍ သမုဒယနှစ်ပါးရှိ၏။ |
1,332,106 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိရောဓသည်လည်း ပဋိသန္ဓေ နေသည်မှစ၍ စုတိကျအောင် ခဏမစဲ ချုပ်ပျက် ကွယ်ပျောက်ခြင်းတည်းဟူသော ခဏိကနိရောဓ တစ်ပါး၊ ပဋိသန္ဓေနေမှုမရှိ သံသရာဝဋ် ကျွတ်လွတ် ချုပ်ငြိမ်း၍ သွားခြင်းတည်းဟူသော နိဗ္ဗာန နိရောဓလည်း တစ်ပါးဟူ၍ နိရောဓနှစ်ပါး ရှိ၏။ |
1,332,107 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဟာရ ဆိုသည်ကား- ဆောင်ဓာတ်တည်း။ |
1,332,108 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရုပ်အာဟာရ နာမ် အာဟာရဟူ၍ နှစ်ပါးရှိ၏။ |
1,332,109 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ရုပ်အာဟာရ ဆိုသည်ကား- ပရမတ် ရုပ်ဆီတည်း။ |
1,332,110 | Uncategorized | ဥတ္တမပုရိသဒီပနီ | - နာမ်အာဟာရ ဆိုသည်ကား- ဖဿ, စေတနာ, ဝိညာဏ်တည်း။ |
1,332,111 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သိနေဟော။ |
1,332,112 | Uncategorized | ဥတ္တမပုရိသဒီပနီ | (အင်္ဂုတ္တိုရ် ပါဠိတော်။ |
1,332,113 | Uncategorized | ဥတ္တမပုရိသဒီပနီ | ) ကမ္မံ= မိမိသန္တာန်တွင် အစဉ်လိုက်ပါ၍နေသော ကံဟောင်းသည်၊ ခေတ္တံ=လယ်မြေမည်၏၊ ဝိညာဏံ=ပဋိသန္ဓေဝိညာဏ်သည်၊ ဗီဇံ=စပါးမျိုး စေ့မည်၏၊ တဏှာ=ကံနှင့်အတူ ပါရှိ၍နေသော တဏှာသည်၊ သိနေဟော=လယ်မြေအတွင်း ရှိနေသော ရေအစေးနှင့် တူ၏။ |
1,332,114 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့လာသော တရားသုံးပါးတွင် စေတနာဟာရကို ကံဆိုသည်၊ ဝိညာဏာဟာရကို ဝိညာဏ်ဆိုသည်၊ ထို့ကြောင့် ပဋိသန္ဓေအခါ၌ ဤရုပ်ခန္ဓာ၏ အစစွာဖြစ်ပေါ်မှုကား ဗီဇဟုဆိုအပ်သော ပဋိသန္ဓေ ဝိညာဏအာဟာရ၏ အစီး အပွါးပေတည်း။ |
1,332,115 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးထွန်းရာ၌ မီးတောက် ဖွားခနဲတောက်လျှင် မီးရောင်လည်း ဖွားခနဲ ပေါ်မြဲဓမ္မတာဖြစ်၏သို့ ပဋိသန္ဓေအခါ ဝိညာဏာဟာရ ဖွားခနဲ ပေါ်လျှင် ဤရုပ် ခန္ဓာသည် ဖွားခနဲ ပေါ်မြဲဓမ္မတာဖြစ်၏၊ ထိုအခါပေါ် သော ရုပ်ဦး ကလာပ်ဦး စုသည် အညှောက်ထိုးမှုတည်း၊ ယခုမျက်မြင် ခန္ဓာပင်စည် ခက်လက် အရွက်အသီး စည်ကား၍နေသော ရုပ်ခန္ဓာကြီး ကား ထိုအညှောက်မှ ပွါးကြီးစည်ကာ... |
1,332,116 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေးဘဝ၌ ကံတည်းဟူသော တဏှာတည်းဟူသော မြေဥတု ရေဥတု ကွယ်ဆုံး၍ စုတိပြီးနောက် ဝိညာဏာဟာရ ပေါ်ပေါက်မှုမရှိခဲ့ လျှင် ရုပ်ညွန့် ရုပ်ညှောက် ပေါက်ပွါးမှုမရှိ ချုပ်ငြိမ်း၏၊ ထိုကြောင့် အာဟာရသမုဒယာ ရူပ သမုဒယော၊ အာဟာရနိရောဓာ ရူပ နိရောဓော ဟု ဟောတော်မူသည်။ |
1,332,117 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ဤကား ရုပ်ခန္ဓာ၏ ပဋိသန္ဓေကိစ္စနှင့် တစ်ဖွားဖွား ဖြစ်ပေါ်မှုကို သမုဒယ၊ ပဋိသန္ဓေနေမှုမရှိ၍ သံသရာဝဋ် ကျွတ် လွတ်မှု ချုပ်ငြိမ်းမှုကို နိရောဓဟူ၍ ပြဆိုခြင်းတည်း၊ ဤဖြစ်မှု ချုပ်မှုကား ထင်ရှား၏၊ ဝိပဿနာဉာဏ်၏ အချက်လည်း မဟုတ် လှ၊ ဤ၌ကား ပဋိသန္ဓေရုပ်ညွန့် ရုပ်ညှောက် ပေါ်ပေါက်ပြီး သည်မှစ၍ အဆုံးစုတိကျအောင် တစ်ခုတစ်ခုသော ဘဝတွင်း၌ သမုဒ... |
1,332,118 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုအမှုကို ဆီမီးတောက် ဥပမာဖြင့်ပြဆိုအံ့၊ လူလောက်ရှိသော ဆီမီး တောက်ကို အနှစ်တစ်ရာပတ်လုံး တည်နေအောင် မွေးမြူရ မည်ဖြစ်ခဲ့အံ့၊ တစ်နေ့တစ်နေ့ တစ်ညတစ်ညအတွက် ဆီပေါင်း အချင့် အချိန် မည်မျှကုန်မည်ဟု မှန်း၍ကြည့်၊ ထိုမီးတောက်၏ အသက်ကား ဆီ၌နေ၏၊ ဆီမီးခွက်နှင့် အပြည့်ဆီရှိမှ လူလောက်ရှိနိုင်၏၊ ဆီလျော့ပါး၍ သွားလျှင် အစဉ်အတိုင်း လျော့ပါး... |
1,332,119 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆီကို ဆေးအမျိုးမျိုး ဆိုး၍ ထားပြီးလျှင် ဖြူသောဆီကို လောင်း လျှင် ဖြူသော မီးတောက်၊ နီသောဆီကို လောင်းလျှင် နီသော မီးတောက်၊ ဝါသော ဆီကို လောင်းလျှင် ဝါသော မီးတောက် ဤသို့ တစ်နာရီစီ တစ်ခဏစီ အဆင်ကွဲ လုပ်ကြံ၍ ကြည့်လေ၊ ဉာဏ်အချက်ကို မျက်မြင်က ကွယ်၍ထားတတ်သည်၊ မျက်မြင်ကို ဉာဏ်နှင့် မှုတ်လွှင့်၍ပစ်။ |
1,332,120 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးတောက် တစ်မျိုးတည်းကို စေ့စေ့ကြည့်၍နေလျှင် လှုပ်ရှားမှု အသစ် အသစ် တက်၍တက်၍ လာမှုသည် မျက်မြင်ပင်၊ လှုပ်သမျှသည် အသစ် အဟောင်း ပြောင်းလဲမှုသာတည်း၊ အသစ်မြင်ရာဟူသမျှမှာ အဟောင်းကွယ် ပျောက်မြဲ၊ အသစ်အသစ် ဖြစ်ပေါ်မှုစုသည် သမုဒယ မှုပေတည်း၊ အဟောင်း အဟောင်းကွယ်ပျောက်မှုသည် နိရောဓမှုပေ တည်း။ |
1,332,121 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဤခန္ဓာကိုယ်ကြီးမှာ သေသည့်နောက်တိုင်အောင် ကျန်ရှိလတ္တံ့ သော ဥတုဇကာယ ကြမ်းကြီးကား မီးစာကြီး မီးအိုးခင်းကြီးနှင့် တူ၏။ |
1,332,122 | Uncategorized | ဥတ္တမပုရိသဒီပနီ | - သတ္တဝါဟု မှတ်ထင်ဖို့ ခြယ်လှယ်၍နေသော ကမ္မဇ ကာယစု စိတ္တဇကာယစု အာဟာရဇကာယစုကား မီးတောက်နှင့် တူ၏။ |
1,332,123 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ခံတွင်းပေါက်မှ တစ်နေ့တစ်နေ့လျှင် နှစ်ကြိမ်နှစ်ကြိမ် ထည့် လောင်းရသော အာဟာရဓာတ်ဆီစုကား ထိုမီး တောက်ကြီးမှာ နေ့စဉ်လောင်းရသော ဆီအမျိုးမျိုးနှင့် တူ၏။ |
1,332,124 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤ ကိုယ်ခန္ဓာမှာလည်း အစာအိမ်၌ အာဟာရဓာတ်ဆီ ရောက် လျှင် တစ်ကိုယ်လုံးရှိသော ဓာတ်မီးတို့သည် ထကုန်၏၊ အာဟာရဓာတ် ဆီ လျော့ပါး၍ သွားလျှင် တစ်ကိုယ်လုံးရှိ ဓာတ်နု ရုပ်နုတို့သည် လျော့ပါး၍ လိုက်ရကုန်၏၊ အာဟာရဓာတ်ဆီ အလျဉ်ပြတ်လျှင် ကမ္မဇကာယ စိတ္တဇကာယ အာဟာရဇ ကာယ အတွင်းရုပ်နုဓာတ်နု ချုပ်ဆုံး ကွယ်ပျောက်ကုန်၏၊ တစ်ကိုယ်လုံးမှာရှိသော ထိုကာယတ... |
1,332,125 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောက၌ ရေသတ္တဝါ, ကုန်းသတ္တဝါ ခပ်သိမ်းတို့၌ အသက်မွေးမှု အာဟာရဓာတ်ဆီ မျိုသွင်း ဖြည့်စွက် အလျဉ်ဆက်မှု ဘယ်မျှလောက် ကြီးကျယ် ကျပ်တည်း၍ နေကြသည်ဟု တစ်ပြေထောင်လုံးကို မြှော် လိုက်လျှင် ကိုယ်ခန္ဓာ အသစ်အဟောင်း ပြောင်းလဲဖောက်ပြန်မှု အလွန်မြန်ကြောင်းကို မြင်လတ္တံ့၊ မွေးဖွားသည်ကစ၍ တစ်နေ့မှတစ်နေ့သို့ ရောက်အောင် အာဟာရ ဓာတ်ဆီ အလျဉ်ဆက်၍... |
1,332,126 | Uncategorized | ဥတ္တမပုရိသဒီပနီ | - အာဟာရဓာတ်ဆီ အသစ်မျိုသွင်း၍ ကိုယ်တွင်းမှာ ထမင်း အစာ ဩဇာတက်ပွါးဆဲအခါ တစ်ကိုယ်လုံးမှာ တိမ်တောင်တက်သကဲ့သို့ ရုပ်သစ် ဓာတ်သစ် ကလာပ် သစ် အသက်သစ်တို့ တိုးပွါးကြသည်ကို သမုဒယဆိုသည်။ |
1,332,127 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ၅-နာရီ ၆-နာရီခန့် တိုးတက်ပြီးလျှင် တစ်ကိုယ်လုံးမှာ တိုးတက်သမျှ တစ်စတစ်စ ဆုတ်ကျ ကွယ်ပျောက် ကုန်ခန်း ချုပ်ဆုံးပြန်သည်ကို နိရောဓ ဆိုသည်။ |
1,332,128 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့်- “အာဟာရ သမုဒယာ ရူပသမုဒယော၊ အာဟာရ နိရောဓာ ရူပနိရောဓော” ဟူ၍ ဟောတော်မူသည်။ |
1,332,129 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုတိယ တတိယ ကောသလ္လဌာန ပြီး၏။ |
1,332,130 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- စတုတ္ထ ကောသလ္လဌာနပြ |
1,332,131 | Uncategorized | ဥတ္တမပုရိသဒီပနီ | အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ရူပ နိရောဓဂါမိနီ ပဋိပဒါ။ |
1,332,132 | Uncategorized | ဥတ္တမပုရိသဒီပနီ | သေယျထိဒံ၊ သမ္မာဒိဋ္ဌိ။ |
1,332,133 | Uncategorized | ဥတ္တမပုရိသဒီပနီ | လ။ သမ္မာသမာဓိ |
1,332,134 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟူသော စတုတ္ထ ကောသလ္လဌာန၌ ... |
1,332,135 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပထမ ဒုတိယ တတိယ ဌာနတို့၌ အဟုတ်မြင်အောင် ကြည့် ခဲ့သော ဉာဏ်သည် ပုဗ္ဗဘာဂ သမ္မာဒိဋ္ဌိမဂ္ဂင် မည်၏၊ ထိုပုဗ္ဗဘာဂ သမ္မာဒိဋ္ဌိ မဂ္ဂင်သည် ကြည့်ရှုဖန်များလှ၍ အလွန်ကြည်လင် ထက်သန် ခြင်းသို့ ရောက်သောအခါ လောကုတ္တရာ သမ္မာဒိဋ္ဌိ ဖြစ်လာ၏။ |
1,332,136 | Uncategorized | ဥတ္တမပုရိသဒီပနီ | - သမ္မာသင်္ကပ္ပသည်လည်း ပုဗ္ဗဘာဂ သမ္မာသင်္ကပ္ပ၊ လောကုတ္တရာ သမ္မာသင်္ကပ္ပဟူ၍ နှစ်ပါးရှိ၏၊ သမ္မာဒိဋ္ဌိ၏ အဖော်သဟဲကြီး တည်း။ |
1,332,137 | Uncategorized | ဥတ္တမပုရိသဒီပနီ | - အောက်ကပြခဲ့သော မီးတောက်မှာ အဟောင်းအသစ် ခြား နား၍ သမုဒယမှု၊ နိရောဓမှုကို မျက်စိနှင့်ကြည့်သလို မြင်မှုကား သမ္မာဒိဋ္ဌိ တည်း။ |
1,332,138 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ ပေးတတ်သည်ကား သမ္မာသင်္ကပ္ပတည်း၊ အချက်ရှာကြံမှု ကောင်းလှမှ စေ့စပ်လှမှ မြင်ကွက်ပေါ် သည်။ |
1,332,139 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤ ကိုယ်ခန္ဓာ၌ တစ်နေ့တစ်နေ့လျှင် အခါများစွာ ကိုယ်ခန္ဓာ ပြောင်းလဲမှု၊ အခါများစွာ ကိုယ်ခန္ဓာအသစ်အသစ်ဖြစ်ပေါ်မှု၊ အခါများစွာ ကိုယ်ခန္ဓာ အဟောင်းအဟောင်း ချုပ်ပျောက်မှုကို ထင်လင်းစွာ မြင်မှုကား သမ္မာဒိဋ္ဌိမဂ္ဂင် တည်း၊ ထင်မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ပေးမှု ကား သမ္မာသင်္ကပ္ပတည်း။ |
1,332,140 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဘယ်သို့ အချက်ရှာကြံ၍ ပေးသနည်း ...တစ်ပြေထောင် လုံးမှာ နေ့ရှိသမျှ အသက်မွေးမှု ကြီးကျယ်ပုံကို ကပ်၍ပေးသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ထပ်နှစ်ထပ် အစာဓာတ်ဆီ မျိုသွင်းရမှုကို ကပ်၍ ပေးသည်၊ ဝမ်းမှာအစာပြည့် သောအခါ ကိုယ်ခန္ဓာမှာ ဘယ်လိုနေသည်၊ အစာလျော့ပါးသောအခါ ဘယ်လိုနေသည်၊ အစာပြတ်လျှင် ဘယ်လို နေသည် ဟုထင်ရှား၍နေသော အချက်တွေကို ရှာကြံ၍... |
1,332,141 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိကိုယ်ခန္ဓာမှာ တစ်ထိုင်တည်းမှာပင် ရုပ်ခန္ဓာလဲပြောင်းမှု ရုပ်ခန္ဓာ အသစ်ပေါ်မှု ရုပ်ခန္ဓာဟောင်းပျက်ဆုံးမှုကို ဉာဏ်နှင့်အဟုတ် သိမြင်ရန် ကိုယ်တွေ့အချက် များစွာရှိ၏၊ မျက်မြင်အချက် များစွာရှိ၏၊ ထိုင်စ၌ ခြေ, စသည်မှာ ညီညွတ်မျှတသော ရုပ်ခန္ဓာစုသာ ရှိ၏၊ မကြာမီ အတန်ငယ် ပူ၍ လာမှုသည် ကိုယ်တွေ့ပင်၊ ထို့နောက်မကြာမီ အတန်ကြီး ပူ၍ လာမ... |
1,332,142 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုင်ခြင်း ဣရိယာပုထ်၌ တိမ်တိုက်တိမ်ခဲတွေ တက်သကဲ့သို့ ရုပ်စု ရုပ်ခဲတွေ အသစ်အသစ် ဖြစ်ပေါ်တိုးတက်၍ လာမှု၊ အသစ်အသစ် ဖြစ်ပေါ်ရာ ဌာနစု၌ လေပြင်းတိုက်၍ တိမ်တိုက်တိမ်ခဲ လွင့်ပျောက်၍ ကုန်သကဲ့သို့ ထိုင်စက ရှိကြသော ရုပ်စုရုပ်ခဲစု ငုတ်တုတ်ကြေပျောက်၍ သွားမှုတို့ကို ထင်လင်းစွာ မြင်မှုကား သမ္မာဒိဋ္ဌိမဂ္ဂင်၏ ကိစ္စပေတည်း။ |
1,332,143 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမြင်မှု အကွက်ပေါ်အောင် ကိုယ်တွေ့မျက်မြင်ဖြစ်သော အချက်တွေကို ရှာကြံ၍ပေးမှုကား သမ္မာသင်္ကပ္ပမဂ္ဂင်၏ ကိစ္စပေတည်း၊ သမ္မာသင်္ကပ္ပမဂ္ဂင် အချက်ပေးကောင်းမှ သမ္မာဒိဋ္ဌိမဂ္ဂင်ပွင့်လင်းနိုင်သည်၊ အခွင့်အမျိုးမျိုးအားလျော်စွာ ကိုယ်ခန္ဓာ အတွင်း၌ရုပ်ခန္ဓာ အသစ်ပေါ်မှု အဟောင်းကွယ်ပျောက်မှုတို့သည် ကိုယ်တွေ့ဒိဋ္ဌနှင့်တကွ မျက်တောင် တစ်... |
1,332,144 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာသင်္ကပ္ပ ပြီး၏။ |
1,332,145 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဒိဋ္ဌိမဂ္ဂင်, သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါး တစ်နေ့တစ်ခြား တိုးပွား၍ လောကုတ္တရာသို့ ကူးသည်နှင့်တစ်ပြိုင်နက် ရှေးရှေးက စိတ်သန္တာန် အစဉ်ပါ၍လာခဲ့သော ကာယဒုစ္စရိုက်မျိုး၊ ဝစီဒုစ္စရိုက်မျိုးတို့ကို အကြွင်းမဲ့ သတ်နိုင်သော ဓာတ်သုံးခု ပေါ်၍လာ၏၊ ယင်းဓာတ်သုံးခုကို သမ္မာဝါစာ မဂ္ဂင်, သမ္မာကမ္မန္တမဂ္ဂင်, သမ္မာအာဇီဝမဂ္ဂင်ဆိုသည်။ |
1,332,146 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဝါယာမ မဂ္ဂင်ကား- ဤအလုပ် မထမြောက်သမျှ ငါမနား ငါမနေဟု စက်ကုန်လွှတ်သော ဝီရိယတည်း၊ ယင်းကိုသမ္မပ္ပဓာန်လည်း ခေါ်၏၊ အာတာပ လည်းခေါ်၏၊ အာရမ္ဘဓာတ်၊ နိက္ကမဓာတ် ပရက္ကမ ဓာတ်ဟူ၍ သုံးပါးရှိ၏၊ အာတာပသဒ္ဒါမှာ ကိလေသာတို့ကို ပူပန်သွေ့ ခြောက်စေနိုင်သော ဝီရိယဟု ဖွင့်ကြ၏၊ ထိုအလုပ် မထမြောက်သမျှ ရက်လအရှည် မအိပ်မနေ အပူအပြင်း အပန်းခံသော ဝီရ... |
1,332,147 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ကမ္မဋ္ဌာန်းမှု၌တစ်မုဟုတ်မျှ မလစ်ရအောင် စိတ်အစဉ်ကို အတွင် တိုက်တွန်းသော သတိသည် သမ္မာသတိမည်၏။ |
1,332,148 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍တစ်ပါးသို့ စိတ်မသွားမှုသည် သမ္မာ သမာဓိ မည်၏။ |
1,332,149 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤနောက်ခြောက်ပါးသော မဂ္ဂင်တို့လည်း လောကီ လောကုတ္တရာ နှစ်ပါးစီ ရှိကြ၏၊ ဤ၌ လောကုတ္တရာကို လိုအပ်၏၊ ဤရှစ်ပါးသော တရားအပေါင်းသည် မဂ္ဂသစ္စာမည်၏။ |
1,332,150 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤရှစ်ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ၊ ဤသုံးပါး ကား လောကုတ္တရာဘက်သို့ ကူးသောအခါမှ အလိုလိုပေါ်လာသော အင်္ဂါသုံးပါးပေ တည်း၊ မိမိကိုယ်ခန္ဓာ၌ တစ်ကိုယ်လုံး သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ် အလင်းပေါက်အောင် မွှေနှောက်ဖောက်ထွင်း ရှုကြည့်ခြင်းဟူသော ဝိပဿနာ ဘာဝနာမှု၌ကား သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ၊ သမ္မာသင်္ကပ္ပ၊ ဤလေးပါးသော စက်... |
1,332,151 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုတ္ထ ကောသလ္လ ဌာနပြီး၏၊ |
1,332,152 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ပဉ္စမ ကောသလ္လ ဌာနပြ |
1,332,153 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယံ ရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ရူပဿ အဿာဒေါ- ဟူသော ပဉ္စမကောသလ္လဌာန၌--ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိ၊ မနုဿသမ္ပတ္တိ၊ ဒိဗ္ဗသမ္ပတ္တိ၊ ဗြဟ္မသမ္ပတ္တိ၊ ဟူသောစကားတို့၌ ဤသုခသောမနဿနှစ်ပါးကို ဆိုလိုရင်းတည်း။ |
1,332,154 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤ၌ကား ယခုရှိသော မိမိရုပ်ခန္ဓာမှာ ပြဆိုအံ့။ |
1,332,155 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ စက္ခုဟူသော အဇ္ဈတ္တမှန်ဓာတ် လှပတင့်တယ် ရှုခြင်ဘွယ်သော အသွေးအရည် အရောင်အဆင်းဟူသော ဗဟိဒ္ဓရူပဓာတ်၊ ဤဓာတ်နှစ်ပါးခိုက်တိုက် ပေါင်းဆုံမိလျှင် ကြည့်မှု မြင်မှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။ |
1,332,156 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပုရွက်ဆိတ်တို့သည် ပျားသကာတင်လဲကို ခင်မက်သကဲ့သို့ လူ, နတ်,ဗြဟ္မာ သတ္တဝါတို့သည် ထိုသုခသောမနဿဓာတ်နှစ်ခုကို ခင်မက် ကြကုန်၏၊ မိုးဦးကျညအခါ ထွန်း၍ထားသော ဆီမီးရောင်ကို များစွာသော ပိုးကောင်တို့သည် ခင်မက်ကြသကဲ့သို့ သုခသောမနဿကို ခင်မက်ကြ ကုန်၏။ |
1,332,157 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိကြလျှင် ကြားနာမှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။ |
1,332,158 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား စက္ခုဓာတ် ရူပဓာတ်နှစ်ပါး၌ ခံစား စံစားဘွယ် သာယာဖွယ် အဿာဒရသတည်း။ |
1,332,159 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤနည်းအတူ-- သောတဟူသော အဇ္ဈတ္တမှန်ဓာတ် ကောင်းသော အသံတည်းဟူသော ဗဟိဒ္ဓသဒ္ဒဓာတ်၊ ဤဓာတ်နှစ်ပါးခိုက်တိုက် ပေါင်းဆုံ ဃာန ဟူသောအဇ္ဈတ္တမှန်ဓာတ် ကောင်းသောအနံ့ဟူသော ဗဟိဒ္ဓ ဂန္ဓ ဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက်တိုက်မိလျှင် နမ်းမှုရှူမှုနှင့် စိတ်နှလုံး ရွှင်ပြုံးသော သုခသောမနဿဓာတ် နှစ်မျိုးဖြစ်ပေါ်၏။ |
1,332,160 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇိဝှါ ဟူသောအဇ္ဈတ္တမှန်ဓာတ်-ကောင်းသော အချိုအချဉ်စသော အရသာ ဟူသော ဗဟိဒ္ဓ ရသဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက် တိုက်ကြသောအခါ စားမှု ဝါးမှု လျက်မှုနှင့် စိတ်နှလုံးရွှင်ပြုံးသော သုခ သောမနဿဓာတ် နှစ်မျိုး ဖြစ်ပေါ်၏။ |
1,332,161 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကိုယ်ခန္ဓာနှင့် အပြည့်အနှံ့နေသော ကာယဟူသော အဇ္ဈတ္တမှန် ဓာတ်၊ ကောင်းသောအတွေ့အထိဟူသော ဗဟိဒ္ဓ ဖောဋ္ဌဗ္ဗဓာတ်၊ ဤဓာတ်နှစ်ပါး ပေါင်းဆုံခိုက်တိုက်ကြသောအခါ ကိုယ်အင်္ဂါကြီးငယ်၌ တွေ့မှုထိပါးမှုနှင့် စိတ်နှလုံး ရွှင်ပြုံးသော သုခသောမနဿ ဓာတ်နှစ်မျိုး ဖြစ်ပေါ်၏။ |
1,332,162 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥတုသုံးပါး အမြဲစိမ့်ထွက်၍နေသော စမ်းပွက်မည်သည် ရှိကြ၏၊ ထို စမ်းပွက်မှာ တဖွားဖွား တတွေတွေ ထွက်ပေါ်၍နေသော အလွန်ကြည် လင်လှစွာသော စမ်းရေကဲ့သို့ ဟဒယဟူသော နှလုံးအိမ် စမ်းပွက်၌ လက်လက် လက်လက် တဖွားဖွားထွက်ပေါ်၍နေသော မနောဟူသော အဇ္ဈတ္တမှန် ဓာတ် ကြည်ကြီး၊ ပြခဲ့ပြီးသော ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗတို့နှင့် တကွ လောက၌ ရှိသမျှသော ဣဿရိယဂ... |
1,332,163 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ ကြောင့်-ယံရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ အယံ ရူပဿ အဿာဒေါ-ဟူ၍ဟောတော်မူသည်။ |
1,332,164 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဉ္စမ ကောသလ္လဌာန ဖော်ပြချက် ပြီး၏။ |
1,332,165 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဆဋ္ဌ ကောသလ္လဌာနပြ |
1,332,166 | Uncategorized | ဥတ္တမပုရိသဒီပနီ | 'ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ'-ဟူသော ဆဋ္ဌကောသလ္လဌာန၌ ဒုတိယ တတိယ ကောသလ္လဌာနတို့၌ ပြဆိုခဲ့ပြီးသော ဆီမီးတောက်ကြီး ဥပမာနှင့်တကွ မိမိကိုယ်ခန္ဓာတွင်းသို့ နေ့စဉ်မပြတ် အာဟာရ ဓာတ်ဆီ မျိုသွင်းထည့် လောင်းမှု၊ ရုပ်ခန္ဓာသစ် ရုပ်ခန္ဓာဟောင်း ပြောင်းလဲမှုတို့ကို သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်ပေါက်အောင် မြင်နိုင်ပါလျ... |
1,332,167 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကိုယ်ခန္ဓာသည် အတွင်းမှ ရောဂါအမျိုး ၉၆-ပါးဖြစ်ပေါ်၍ လာခဲ့လျှင် နာမှု,သေမှု အဘယ်မျှလောက် မြန်နိုင်ရန် ရှိသည်ဟူ၍ လည်းကောင်း၊ အပသန္တာန်မှ မီးဘေးထိခဲ့သော် ရေဘေးထိခဲ့သော် မြွေ ဘေးထိခဲ့သော် ကင်းဘေး ထိခဲ့သော် ဆင်ဘေး ကျားဘေး သရဲဘေး သဘက်ဘေး ထိခဲ့သော် ချော်ခဲ့သော် ချွတ်ခဲ့သော် လဲခဲ့သော် ပြိုခဲ့သော် ကျခဲ့သော် စူးခဲ့သော် ရှခဲ့သော်... |
1,332,168 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား-ဆဋ္ဌကောသလ္လဌာနတည်း။ |
1,332,169 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤနှစ်ဌာနတို့ကို ဥပမာနှင့်တကွ ဆက်၍ပြဦးအံ့၊ အင်္ဂလိပ် အစိုးရ တို့သည် အလွန်ပူလောင်၍ သေစေနိုင်သော အဆိပ်တို့ကို ထည့်ပြီးလျှင် နွားသား ဝက်သား အမဲသားတို့ကို အတုံးကြီးစွာ မွှေးကြိုင်စွာချက်၍ ခွေးပေါရာဌာန၌ ချပစ်၍ ထားကြကုန်၏၊ ထိုအသားတုံးတို့၌ အနံ့ အရသာတို့သည် ထိုအသားတုံး၌ သာယာကောင်းမြတ်သော အဿာဒ တည်း၊ ထိုအသားတုံးတို့၌ ပါရှိသော အဆ... |
1,332,170 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဣဋ္ဌဖြစ်သော အဆင်းအနံ့အရသာမရှိသော မြေကြီးခဲကို အဆိပ် ထည့်၍ ပစ်ထားသော်လည်း ခွေးကိုဖမ်း၍ပေးသော အဿာဒ လက်သည် မရှိ၍ ခွေးကို ထိုအဆိပ်မသတ်နိုင်၊ ခွေး၌ စက္ခု ဃာန ဇိဝှါ တဏှာ မရှိလျှင်လည်း ထိုဣဋ္ဌ ဖြစ်သော အဆင်းအနံ့အရသာတို့သည် ခွေးကိုမိအောင် မဖမ်းနိုင်ကုန်၊ ဖမ်း၍ ပေးသူတို့နှင့် အတွေ့ခံလျှင် ဧကန် သေဘေးဆိုက်၏။ |
1,332,171 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါးမျှားသော သူတို့၏ ငါးမျှားချိတ်၌ ထားသော သားတစ် ဥပမာကိုလည်း ပြဆိုအပ်၏၊ မိမိရုပ်ခန္ဓာ သားမယားစသော သူတို့၏ ရုပ်ခန္ဓာ အဝတ်အစား အသုံးအဆောင်ဖြစ်သော ရုပ်ခန္ဓာစုကို အဆိပ် ထည့်သော သားတစ်တုံးတွေမှတ်၊ ထိုရုပ်ခန္ဓာစုကို စွဲ၍ဖြစ်သော သုခသောမနဿ တဏှာတို့ကို သားတစ်တုံးမှာ ရှိနေသော အဆင်းအနံ့ အရသာတွေမှတ်၊ ထိုရုပ်ခန္ဓာတို့ကို ငါ့ကိုယ် င... |
1,332,172 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မိမိကိုယ်ကို နေ့ရှိသမျှ အနိစ္စသည် ဘယ်လို ညှဉ်းပန်းသနည်း။ |
1,332,173 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဒုက္ခသည် ဘယ်လို ညှဉ်းပန်းသနည်း။ |
1,332,174 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဝိပရိဏာမသည် ဘယ်လို ညှဉ်းပန်းသနည်း။ |
1,332,175 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနိစ္စဆိုသည်ကား ဓမ္မဓာတ်မျိုး တစ်ခုပေတည်း၊ မရဏဓာတ်ကို ဆိုသည်၊ ဖြစ်ဖြစ်သမျှ သင်္ခတဓာတ်တို့ကို အတွင်စား၍နေသော ဓာတ်ဘီလူးမျိုး ဆိုရ၏၊ အတွင်လောင်၍နေသော လောင်မီးမျိုးလည်း ဆိုရ၏၊ ဖွားမြင်သည့်နေ့၌ အမိတိုက်၍ ဝမ်းတွင်းသို့ရောက်သော နို့ရည် ဓာတ်ဆီမှစ၍ သေသည့်နေ့ တိုင်အောင် နေ့စဉ်အတိုင်း မျိုမျိုသမျှသော အာဟာရဓာတ်ဆီတို့ကို အတွင်စား၍ ... |
1,332,176 | Uncategorized | ဥတ္တမပုရိသဒီပနီ | နေ့စဉ်အတိုင်း မျိုမျိုသမျှ အာဟာရတို့ကြောင့် ကိုယ်နှင့် အပြည့်အပြည့် ဖြစ်ပွားကြသော ကမ္မဇရုပ်ခဲ စိတ္တဇရုပ်ခဲ ဥတုဇရုပ်ခဲ အာဟာရဇ ရုပ်ခဲတို့ကိုလည်း အတွင် စား၍ လောင်၍ ပစ်၏။ |
1,332,177 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုဓာတ်ဘီလူး အတွင်စား၍ပစ်သည့်အတွက်ကြောင့် နေ့ဆက် ရက်ဆက် မျိုသွင်းသော်လည်း ကိုယ်တွင်းမှာ တစ်မူး တမတ်မျှ အဖတ် တင်ရသည် မရှိ၊ မီးပုံကြီးထဲသို့ ဆီကို လောင်းသကဲ့သို့ရှိ၏၊ အာဟာရ အတွက် ဩဇာတက်၍ မျက်စိမှာ တိုးပွါးသော ရုပ်ခဲတို့ကို မျက်စိရှိ ဓာတ်ဘီလူး အတွင်စား၏ စသည်ဖြင့် တစ်ကိုယ်လုံး သိလေ။ |
1,332,178 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥပမာကား- အလွန်အကျင့်အာစာရ ဆိုးရွားသောမယားကို အိမ်သူ ပြုလုပ်၍ အပြင်ပ၌ မိမိစွမ်းရည်ရှိသမျှ ကြိုးကြိုးပမ်းပမ်း လုပ်ကိုင် ရှာကြံ၍ အိမ်သို့အတွင်ပို့၏၊ အိမ်သို့ရောက်လာသမျှကို အိမ်သူမိန်းမက အဓမ္မ အတွင် ဖြုန်း၏၊ တစ်ရာကိုလည်း နေ့ချင်းညချင်း ကုန်အောင် ဖြုန်း၏၊ တစ်ထောင် တစ်သောင်းကိုလည်း နေ့ချင်းညချင်း ကုန်အောင် ဖြုန်း၏၊ ထိုယောကျ်... |
1,332,179 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤအတူ ခန္ဓာကိုယ်နှင့် အပြည့်ရှိနေသော အနိစ္စ ဓာတ်ဘီလူး သည် ဤလူများအပေါင်းကို နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံကို သိလေ၊ ပြဆိုခဲ့ပြီးသော ဒုက္ခမှုတွေ နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံ၊ ဝိပရိဏာမ ဒုက္ခမှုတွေ နေ့ရှိသမျှ နှိပ်စက်ညှဉ်းပန်းပုံများကား သိသာထင်ရှားလှပြီ။ |
1,332,180 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ရုပ်ခန္ဓာ၏ အဿာဒ ဘေးကြီးကျယ်ပုံ |
1,332,181 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဒီနဝဘေးကြီးကျယ် ပုံကို ပြဆိုသော အခန်းတည်း။ |
1,332,182 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန နှစ်ပါး ပြီး၏။ |
1,332,183 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- သတ္တမ ကောသလ္လဌာနပြ |
1,332,184 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယော ရူပသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ ဣဒံ |
1,332,185 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပဿ နိဿရဏံ ဟူသော- သတ္တမကောသလ္လဌာန၌--အနမတဂ္ဂ သံသရာ၌ မိမိကိုယ်ကို ရုပ်၏ အဿာဒဘေး အာဒီနဝဘေး မပြတ်မစဲ အမြဲနှိပ်စက်၍နေကြောင်းကို သမ္မာဒိဋ္ဌိဉာဏ်အမြင် ပေါက်သောအခါ ထိုရုပ်ခန္ဓာမှ ယခုဘဝ ကျွတ်လွတ်ရန် အပေါက်ကို ပြတော်မူသည်။ |
1,332,186 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမိမိရုပ်ခန္ဓာ၌ သာယာစွဲလမ်း၍နေသော ဆန္ဒရာဂခေါ်သော သမုဒယ သစ္စာ တဏှာသည်ရှိ၏၊ အဘယ်သို့ ရုပ်ခန္ဓာ၌ သာယာစွဲလမ်း သနည်း? ငါ၏ ကိုယ်တည်း၊ ငါ၏အင်္ဂါကြီးငယ်တည်း၊ ငါ၏မျက်စိတည်း စသည်ဖြင့် ထင်မှတ် စွဲလမ်း၏၊ ငါမြင်သည်ဟု စက္ခုရုပ်ခဲ၌ စွဲလမ်း၏၊ ငါကြားသည်ဟု သောတရုပ်ခဲ၌ စွဲလမ်း၏၊ ငါနံသည်ဟု ဃာနရုပ်ခဲ၌ စွဲလမ်း၏၊ အရသာကို ငါခံစားသည်ဟု ဇိဝှါ... |
1,332,187 | Uncategorized | ဥတ္တမပုရိသဒီပနီ | (နိဗ္ဗာနဆိုသည်) |
1,332,188 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသမုဒယသစ္စာတဏှာရှိမှ စုတိ၏နောက်၌ ရုပ်ခန္ဓာအသစ် ပေါ်သည်၊ ယခုဘဝ၌ ထိုတဏှာပြယ်ပျောက်ကုန်ဆုံးခဲ့လျှင် စုတိ၏ နောက်၌ ရုပ်ခန္ဓာအသစ် ဖြစ်ပေါ်ခြင်းမရှိပြီ၊ ရုပ်ခန္ဓာ ကျွတ်လွတ်လေ၏၊ သိသာလှပြီ။ |
1,332,189 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာက္ခန္ဓာ၌ ကောသလ္လဌာန ၇-ပါး |
1,332,190 | Uncategorized | ဥတ္တမပုရိသဒီပနီ | (သတ္တမ ကောသလ္လဌာန ပြီး၏၊) |
1,332,191 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤတွင် ရွေ့ကား ရူပက္ခန္ဓာ၌ ကောသလ္လဌာနရ-ပါးကို ပြဆိုခန်းပြီး၏။ |
1,332,192 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- နောက်ခန္ဓာ လေးပါးတို့၏ ကောသလ္လဌာနတို့ကိုကား အကျဉ်းမျှ သာ ပြဆိုတော့အံ့။ |
1,332,193 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဆယိမေ ဘိက္ခဝေ ဝေဒနာကာယာ၊ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနော သမ္ဖဿဇာ ဝေဒနာ, အယံ ဝုစ္စတိ ဘိက္ခဝေ ဝေဒနာ။ |
1,332,194 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ဖဿ သမုဒယာ ဝေဒနာ သမုဒယော။ |
1,332,195 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ဖဿ နိရောဓာ ဝေဒနာနိရောဓော။ |
1,332,196 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဝေဒနာ နိရောဓဂါမိနီ ပဋိပဒါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ။ |
1,332,197 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပ။ သမ္မာသမာဓိ။ |
1,332,198 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၅။ ယံ ဝေဒနံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝေဒနာယ အဿာဒေါ။ |
1,332,199 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၆။ ယာ ဝေဒနာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ၊ အယံ ဝေဒနာယ အာဒီနဝေါ။ |
1,332,200 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၇။ ယော ဝေဒနာယ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ဝေဒနာယ နိဿရဏံ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.