id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,332,201 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ခန္ဓဝဂ္ဂသံယုတ္တ-၅၁) |
1,332,202 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ဝေဒနာကာယာ=ဝေဒနာအပေါင်းတို့သည်၊ ဝါ=ဝေဒနာကိုယ်တို့သည်၊ ဣမေ ဆ=ဤခြောက်ပါးတို့တည်း၊ စက္ခု သမ္ဖဿဇာ ဝေဒနာ=စက္ခုအကြည်၌မှီသော ဖဿတရားမှဖြစ်သော ဝေဒနာလည်းကောင်း။ |
1,332,203 | Uncategorized | ဥတ္တမပုရိသဒီပနီ | လ။ မနောသမ္ဖဿဇာ ဝေဒနာ=မနောအကြည်၌ ယှဉ်သော ဖဿတရားမှဖြစ်သော ဝေဒနာလည်းကောင်း။ |
1,332,204 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ အနက်လွယ်ပြီ။ |
1,332,205 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဆင်းသဏ္ဌန်ကို မြင်ကြသောအခါ ကောင်းသည်ဟု စိတ်က ရွှင်လန်း ဝမ်းမြောက်မှုသည် စက္ခုသမ္ဖဿဇာ ဝေဒနာမည်၏၊ နှလုံး မသာမှု ဥပေက္ခာမှု လည်းရှိ၏၊ အသံကို ကြားကြသောအခါ အနံ့ကို နံကြသောအခါ အချိုအချဉ် စသော အရသာကို စားသောက်ကြသော အခါ ကိုယ်အင်္ဂါတွေ့ထိမှုကို ပြုကြသော အခါ ကောင်းသည်ဟု စိတ်ထဲ၌ သိမြင်ကြသောအခါ စိတ်၏ရွှင်လန်း ဝမ်းမြောက်မှုသည် မနေ... |
1,332,206 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပက္ခန္ဓာ၏ သတ္တမကောသလ္လဌာနတွင် ပဉ္စမဌာန၌ အဿာဒ ဆိုသည်ကား- ဤဝေဒနာခြောက်မျိုးကို ဆိုသည်၊ လူ့ချမ်းသာ နတ် ချမ်းသာ ဗြဟ္မာ့ချမ်းသာ ဆိုသည်လည်း ဤဝေဒနာ ခြောက်မျိုးပင်။ |
1,332,207 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောက၌လည်း သက်ရှိ သက်မဲ့ ဖြစ်သောဝတ္ထုတို့၌ ဝေဒနာကို လိုက်၍ ကောင်းသည် မကောင်းသည်ဟု သမုတ်ကြရသည်၊ အဖိုးတန် သည် မတန်သည်ဟု သမုတ်ကြရသည်။ |
1,332,208 | Uncategorized | ဥတ္တမပုရိသဒီပနီ | မျက်စိနှင့် ကြည့်ဖို့ဖြစ်သော ဝတ္ထုတို့၌ စက္ခုသမ္ဖဿဇာ ဝေဒနာကို လိုက်၍ အဖိုးတန် မတန် ဖြစ်ရ၏၊ ရွှမ်းရွှမ်းစိုသော ဝေဒနာကို ဖြစ်စေ နိုင်သော ဝတ္ထုသည် အဖိုးတန်၏၊ နားနှင့်ကြားဖို့ ဝတ္ထုတို့၌ သောတ သမ္ဖဿဇာ ဝေဒနာကိုလိုက်၍ အဖိုးတန် မတန် ဖြစ်ရ၏၊ ကြွင်းသော ဝေဒနာတို့၌လည်း ဤနည်းအတူ။ |
1,332,209 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပက္ခန္ဓာ၌ ပြဆိုခဲ့ပြီးသော ပိုး ပုရွက်ဆိတ် သတ္တဝါ ပျားရည် သကာရည် ဥပမာကိုလည်း ဤ၌ဆိုအပ်၏။ |
1,332,210 | Uncategorized | ဥတ္တမပုရိသဒီပနီ | သရုပ်ပြခန်း ပြီး၏။ |
1,332,211 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမုဒယနိရောဓတို့၌ စက္ခုဟူသော အဇ္ဈတ္တဓာတ်မှန်နှင့် အဆင်း အရောင်ဟူသော ဗဟိဒ္ဓရူပဓာတ် ပေါင်းဆုံမိကြသောအခါ မျက်စိ၌ စက္ခု သမ္ဖဿဇာဝေဒနာသည် တဖွားဖွားပေါ်၍နေ၏၊ ဗဟိဒ္ဓရူပဓာတ် မျက် ကွယ် ဖြစ်၍သွားလျှင် စက္ခုပေါ်၌ ဖြစ်ပေါ်သမျှသော ဝေဒနာတို့သည် အကုန်လုံး ကွယ်ပျောက်ကုန်၏။ |
1,332,212 | Uncategorized | ဥတ္တမပုရိသဒီပနီ | တဖွားဖွားပေါ်သည်ကား- ဝေဒနာသမုဒယတည်း၊ အကုန်လုံး ကွယ် ပျောက်ကုန်သည်ကား ဝေဒနာနိရောဓတည်း၊ တစ်ဖန် ပေါ်စေလို ပြန်လျှင် ဗဟိဒ္ဓရူပဓာတ်ရှိရာသို့ စက္ခုဓာတ်ကို မျှော်၍ပေးရပြန်၏ တည့်တည့်ချိန်မိပြန်လျှင် စက္ခုပေါ်မှာ ဝေဒနာ တဖွားဖွား ပေါ်မြဲ ပေါ်ပြန်၏၊ မျက်နှာလွှဲပြန်လျှင် ပျောက်ဆုံးမြဲ ပျောက်ဆုံးပြန်၏။ |
1,332,213 | Uncategorized | ဥတ္တမပုရိသဒီပနီ | သောတမှာလည်း ဗဟိဒ္ဓ အသံမြည်၍ ပေးသောအခါ သောတ အကြည် ပေါ်မှာ သောတသမ္ဖဿဇာ ဝေဒနာ တဖွားဖွားပေါ်၏၊ အသံ ချုပ်စဲ၍ သွားလျှင် ထိုဝေဒနာတို့လည်း အကုန်ချုပ်ဆုံး ကွယ်ပျောက် ကုန်၏၊ တစ်ဖန် ဖြစ်ပေါ်စေလိုပြန်လျှင် အသံကိုဆော်၍ ပေးရပြန်၏။ |
1,332,214 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဃာနမှာလည်း အနံ့ဆော်၍ ပေးသောအခါ ဃာနအကြည်ပေါ်မှာ ဃာနသမ္ဖဿဇာဝေဒနာ တဖွားဖွား ဖြစ်ပေါ်၏၊ အနံ့ကွာ၍ သွားလျှင် အကုန်လုံး ပျောက်ပြန်၏။ |
1,332,215 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇိဝှါမှာလည်း လျှာပေါ်မှာ အချိုအချဉ် စသောအရသာတို့ တင်ထားသောအခါ ဇိဝှါအကြည်ပေါ်မှာ ဇိဝှါသမ္ဖဿဇာဝေဒနာ တဖွား ဖွားဖြစ်ပေါ်၏၊ လျှာပေါ်မှာ ရသာရုံဝတ္ထု မရှိပြန်လျှင် အကုန်လုံးချုပ် ပျောက်ပြန်၏။ |
1,332,216 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကာယမှာလည်း ကြမ်းတမ်းသောအတွေ့ နူးညံ့သောအတွေ့ ရှိသော မြေဓာတ်မျိုး ပူမှု,လောင်မှု,အေးမှု,ချမ်းမှုဟူသော မီးဓာတ်မျိုး တင်းမာမှု လျော့ရဲမှုဟူသော လေဓာတ်မျိုး ဤဖောဋ္ဌဗ္ဗဓာတ်မျိုး အတွေ့ အထိမျိုးတို့သည် အတွင်းအပ တစ်ကိုယ်လုံးမှာ ဘယ်နေရာမှာမဆို ထိသမျှသော ကိုယ်အင်္ဂါမှာ ကာယသမ္ဖဿဇာ ဝေဒနာတို့သည် တဖွား ဖွားဖြစ်ပေါ်ကုန်၏၊ မထိပြန်လျှင် ... |
1,332,217 | Uncategorized | ဥတ္တမပုရိသဒီပနီ | မနောမှာလည်း မိမိအလိုရှိသော အာရုံနှင့်တွေ့၍နေဆဲအခါ မနော သမ္ဖဿဇာဝေဒနာ တဖွားဖွားဖြစ်ပေါ်၍နေ၏ အာရုံနှင့် စိတ် မျက်နှာ လွှဲပြန်လျှင် ထိုဝေဒနာအလုံး ကွယ်ပျောက်ပြန်၏။ |
1,332,218 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပြဆိုခဲ့သော ဝေဒနာခြောက်မျိုး ဖြစ်ပေါ်မှု ပျောက်ကွယ်ပျက် ဆုံးမှုတို့သည် မိမိမိမိတို့ ကိုယ်ခန္ဓာမှာ တစ်နာရီမစဲ ကိုယ်တွေ့ စိတ်တွေ့ ချည်း ဖြစ်ကြကုန်၏၊ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် မရှိကုန်သော သူတို့သည် ကား- ထိုဝေဒနာတို့ကို ငါဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်း ကောင်း သက္ကာယဒိဋ္ဌိ အစွဲအလမ်း ပြင်းထန်၍ နေကြကုန်၏၊ ချမ်းသာ လျှင်လည်း ငါချမ်း... |
1,332,219 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုဝေဒနာတို့ကို အနာအို အနာ ပျက်ကြီး၌ ကျ၍နေသော ပိုးလောက်ငယ်တို့ကို မှန်ဘီလူးနှင့် ကြည့် သောအခါ ရွရွရွရွ နေကြသည်ကို မြင်သကဲ့သို့ အကြည်ဒွါရ ခြောက် ဌာနတို့၌ အာရုံခြောက်ပါး ဆိုက် တိုက်၍နေသောအခါ၌သာ တဖွားဖွား ဖြစ်ပေါ်၍နေမှု အာရုံခြောက်ပါး ကွယ်၍သွားပြန်လျှင် ပျောက်ကွယ် ကုန်ခန်း၍ သွားမှုတို့ကို မြင်သ... |
1,332,220 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖဿပစ္စယာ ဝေဒနာဟူသည်နှင့်အညီ ထိုဝေဒနာခြောက်ပါးသည် ဖဿ ခြောက်ပါးမှဖြစ်၏၊ အဘယ်သို့ ဖြစ်သနည်းဟူမူ ဗဟိဒ္ဓမှ အဆင်း အသံ စသည်တို့နှင့် အဇ္ဈတ္တမှ စက္ခုစသည်တို့ ဆုံစည်းဆိုက် တွေ့ကြသော အခါ ထိုအဆင်း အသံအစရှိသော အာရုံတို့ကို စိတ်၏ ကြိတ်နှိပ်ခြင်းဖြင့် ဖိနှိပ် ကြိတ်နယ်မှုကား ဖဿမှုပေတည်း၊ ထိုသို့ဖိနှိပ်ကြိတ်နယ်မှုရှိမှ ကောင်းသောအရသာ ပ... |
1,332,221 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖဿသမုဒယာ=ဖဿတရား ဖြစ်ပွားခြင်းကြောင့်၊ ဝေဒနာ သမုဒယော=ဝေဒနာတရား ဖြစ်ပွားသည်။ |
1,332,222 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖဿနိရောဓာ=ဖဿ ချုပ်ခြင်းကြောင့်၊ ဝေဒနာနိရောဓော=ဝေဒနာချုပ်ခြင်းဖြစ်ရသည်ဟု ဤသုတ္တန်မှာလည်းဟောတော်မူသည်။ |
1,332,223 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုတိယ တတိယ ကောသလ္လဌာန နှစ်ပါးပြီး၏။ |
1,332,224 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုတ္ထ ကောသလ္လဌာန၌ကား- ရူပက္ခန္ဓာ၌ ပြဆိုခဲ့ပြီးသော အတိုင်း မှတ်လေ၊ ထိုမှာရူပက္ခန္ဓာကို ပေါက်အောင် ဖောက်သော ဝိဇ္ဇာဉာဏ်ကို သမ္မာဒိဋ္ဌိ မဂ္ဂင်ဆိုသည်၊ ဤမှာ ဝေဒနာက္ခန္ဓာကို ပေါက် အောင် ဖောက်သော ဝိဇ္ဇာဉာဏ်ကို သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုသည်၊ ဤမျှသာ ထူးခြားကြသည်။ |
1,332,225 | Uncategorized | ဥတ္တမပုရိသဒီပနီ | 'အဿာဒ အာဒီနဝ' ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လတို့၌လည်း ထိုမှာ ဝေဒနာနှင့် ဖက်တွဲ၍ အဿာဒကို ဟောတော်မူသည် ဤမှာ သုခသောမနဿ ဝေဒနာသည် မိမိသည်ပင် အဿာဒတရား ကိုယ်ရင်း လည်းဟုတ်၏၊ မိမိကိုစွဲ၍ဖြစ်သော သုခသောမနဿတစ်ပါးတို့နှင့် ဖက်တွဲ၍လည်း ပြထိုက်၏၊ ရုပ်၏ အဿာဒဘေးထက် ဝေဒနာ၏ အဿာဒဘေးသည် အလွန်တရာ ကြီးကျယ်၏၊ အာဒီနဝဘေးမှာလည်း ရုပ်၏အနိစ္စထက် ဝေဒနာ၏အ... |
1,332,226 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုတ္ထ ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန သုံးပါးပြီး၏။ |
1,332,227 | Uncategorized | ဥတ္တမပုရိသဒီပနီ | 'နိဿရဏ' ဟူသော သတ္တမ ကောသလ္လဌာနမှာ ဝေဒနာ၌ သာယာသော တဏှာဆန္ဒသမုဒယသစ္စာ ချုပ်ဆုံးလျှင် ဝေဒနာဘေးမှ ကျွတ်လွတ်၏၊ လောက၌ ရွှေငွေကို သာယာတွယ်တာသောသူကိုသာ ရွှေငွေနှင့်စပ်သော ဒုက္ခဘေး နှိပ်စက်နိုင်သည်၊ ရွှေငွေကို သာယာ တွယ်တာသော တဏှာ မရှိလျှင် ရွှေငွေဘေးမှ လွတ်၏၊ ဆင်,မြင်း, ကျွဲ,နွားကို သာယာတွယ်တာသောသူကို ဆင်,မြင်း,ကျွဲ,နွား နှင့်စ... |
1,332,228 | Uncategorized | ဥတ္တမပုရိသဒီပနီ | သတ္တမဌာနပြီး၏။ |
1,332,229 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာက္ခန္ဓာ၌ သတ္တမကောသလ္လဌာန ပြဆိုခန်းပြီး၏။ |
1,332,230 | Uncategorized | ဥတ္တမပုရိသဒီပနီ | သညာက္ခန္ဓာ၌ ပထမ ကောသလ္လဌာန |
1,332,231 | Uncategorized | ဥတ္တမပုရိသဒီပနီ | သညာက္ခန္ဓာမှာ ဝေဒနာက္ခန္ဓာနှင့် ပါဠိအနေ မထူးလှပြီ နောက် ပါဠိတို့၌ ဝေဒနာနေရာမှာ သညာကိုလဲ၍ ရွတ်ရုံမျှသာ ထူးသည်။ |
1,332,232 | Uncategorized | ဥတ္တမပုရိသဒီပနီ | သရုပ်ခြောက်ပါး၌ကား- |
1,332,233 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆယိ မေ ဘိက္ခဝေ သညာကာယာ၊ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာဟု အာရုံခြောက်ပါး နှင့်တွဲ၏။ |
1,332,234 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ခန္ဓ ဝဂ္ဂ-နှာ-၅၂] |
1,332,235 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပသညာ=အဆင်းကို မှတ်သားမှုလည်းကောင်း၊ သဒ္ဒသညာ= အသံကို မှတ်သားမှုလည်းကောင်း၊ ဂန္ဓသညာ=အနံ့ကို မှတ်သားမှု လည်းကောင်း၊ ရသသညာ=အရသာကို မှတ်သားမှုလည်းကောင်း၊ ဖောဋ္ဌဗ္ဗသညာ=ကိုယ်အင်္ဂါ၌ အတွေ့အထိကို မှတ်သားမှုလည်းကောင်း၊ ဓမ္မသညာ=ဓမ္မာရုံကို မှတ်သားမှုလည်းကောင်း။ |
1,332,236 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနက်ပေး။ |
1,332,237 | Uncategorized | ဥတ္တမပုရိသဒီပနီ | အမိဝမ်းမှ ဖွားမြင်သည်ကစ၍ 'သင်းကားအမိ သင်းကားအဖ သည်ကိုအရှေ့ သည်ကိုအနောက် သည်ကားနေ့ သည်ကားညဉ့်၊ သင်းကို ထမင်းခေါ်သည် သင်းကိုရေခေါ်သည်' ဤသို့ အစရှိသည်ဖြင့် အကြည် ဒွါရ ခြောက်ဌာနတို့မှာ ဆိုက်တိုက်လာကုန်သော အာရုံခြောက်ပါးတို့ကို မှတ်သားမှုကို သညာ ဆိုသည်။ |
1,332,238 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖြစ်လေရာရာ ဘုံဘဝတို့၌ အရိုးအမျိုး အစဉ်အလာ အလိမ္မာ သိကျွမ်းရာသော အရာဌာနတို့၌ သိမှု,တတ်မှု, ကျွမ်းကျင်မှုပေတည်း။ |
1,332,239 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေ့ငါးပါးကား ထင်ရှားပြီ။ |
1,332,240 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဓမ္မသညာ ဆိုသည်ကား- စက္ခုကို သိမှတ်သောသညာ၊ သောတကို သိမှတ်သောသညာ၊ ဃာနကို သိမှတ်သော သညာ၊ ဇိဝှါကို သိမှတ်သော သညာ၊ ကာယကို သိမှတ်သောသညာ၊ ကောင်းသောစိတ် မကောင်း သောစိတ်ကို သိမှတ်သော သညာ၊ ဝေဒနာကို သိမှတ်သောသညာ၊ သညာကို၊ စေတနာကို၊ ဝိတက် ဝိစာရကို၊ ဝီရိယကို၊ ဆန္ဒအလိုကို သိမှတ်သော သညာ၊ ဤသည်ကား လောဘတည်းဟု သိမှတ်သော သညာ၊ ဤသည်ကား ဒေါသတ... |
1,332,241 | Uncategorized | ဥတ္တမပုရိသဒီပနီ | သူတော်ကောင်းမျိုးဖြစ်လျှင် သူတော်ကောင်းအမှုမျိုး၌ သိကျွမ်းမှု သည် ကောင်းသော ဓမ္မသညာတည်း၊ မူဆိုး တံငါစသော မကောင်းသော အမျိုးဖြစ်၍ မကောင်းသော အမှုတို့၌ သိကျွမ်းမှုသည် မကောင်းသော ဓမ္မသညာတည်းဟု အကောင်း အဆိုးခွဲလေ ဓမ္မသညာကား အလွန်ကျယ် ဝန်း၏၊ မိမိကိုယ်၌လည်းကောင်း သူတစ်ပါး၌လည်းကောင်း သညာကို ဓာတ်အသီးအခြား တစ်ခုအနေနှင့် မြင်အောင... |
1,332,242 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောက၌ ငါမှတ်မိသည် ငါသိသည်ဟု စွဲလမ်းမှုကား သက္ကာယဒိဋ္ဌိ အမှုတည်း၊ တစ်ကိုယ်လုံးရှိ နူနာ၌ ကျ၍နေသော အလွန်သိမ်မွေ့လှ သော ပိုးငယ်တို့ကို မှန်ဘီလူးနှင့် ကြည့်သောအခါ ရွရွရွရွ ထင်မြင်ရ သကဲ့သို့ တစ်ကိုယ်လုံးရှိ အကြည်ဒွါရ ခြောက်ဌာနတို့၌ အာရုံခြောက် ပါးမစဲ ဆိုက်တိုက်မှုကြောင့် အကြည်ခြောက်ဖြာ နူနာကြီးအတွင်း၌ ဤကားမည်သူ ဤကားမည်ဝါ ဤကာ... |
1,332,243 | Uncategorized | ဥတ္တမပုရိသဒီပနီ | သညာက္ခန္ဓာ၌ ပထမ ကောသလ္လဌာနပြီး၏။ |
1,332,244 | Uncategorized | ဥတ္တမပုရိသဒီပနီ | နောက်နောက်သော ကောသလ္လဌာနတို့ကို ဝိညာဏက္ခန္ဓာသို့ကျမှ အကုန်ပေါင်း၍ ပြဆိုမည်။ |
1,332,245 | Uncategorized | ဥတ္တမပုရိသဒီပနီ | သင်္ခါရက္ခန္ဓာ၌ ပထမ ကောသလ္လဌာန |
1,332,246 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဆယိ မေ ဘိက္ခဝေ သင်္ခါရာ၊ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မ သေဉ္စတနာ၊ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သင်္ခါရာ။ |
1,332,247 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ဖဿသမုဒယာ သင်္ခါရ သမုဒယော။ |
1,332,248 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ဖဿနိရောဓာ သင်္ခါရနိရောဓော။ |
1,332,249 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ သင်္ခါရနိရောဓ ဂါမိနီ ပဋိပဒါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ။ |
1,332,250 | Uncategorized | ဥတ္တမပုရိသဒီပနီ | လ။ သမ္မာသမာဓိ။ |
1,332,251 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၅။ ယံ သင်္ခါရေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ သင်္ခါရာနံ အဿာဒေါ။ |
1,332,252 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၆။ ယေ သင်္ခါရာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ၊ အယံ သင်္ခါရာနံ အာဒီနဝေါ။ |
1,332,253 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၇။ ယော သင်္ခါရေသု ဆန္ဒရာဂဝိနယော ဆန္နရာဂပ္ပဟာနံ၊ ဣဒံ သင်္ခါရာနံ နိဿရဏံ။ |
1,332,254 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ခန္ဓဝဂ္ဂ၊ နှာ-၅၂) |
1,332,255 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပသေဉ္စတနာ၊ အဆင်းမှု၌ စေ့ဆော်သော စေတနာ စသည်ဖြင့် အနက် ပေးလေ။ |
1,332,256 | Uncategorized | ဥတ္တမပုရိသဒီပနီ | စေတနာခြောက်ပါး။ |
1,332,257 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသင်္ခါရက္ခန္ဓာ၌ စေတနာတစ်ခုကိုသာ ပဓာနနည်းအားဖြင့် ပြတော်မူသည်၊ သင်္ခါရက္ခန္ဓာတရားကား အလွန်များပြား၏၊ ထင်ရှား ရာစုကို ပြဆိုလိုက်အံ့။ |
1,332,258 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖဿ စေတနာ ဧကဂ္ဂတာ မနသိကာရ၊ ဝိတက် ဝိစာရ ဝီရိယ ပီတိ ဆန္ဒ၊ လောဘ ဒေါသ မောဟ ဒိဋ္ဌိ မာန ဣဿာ မစ္ဆေရ ကုက္ကုစ္စ ထိန မိဒ္ဓ ဝိစိကိစ္ဆာ၊ သဒ္ဓါ သတိ ဟိရီ ဩတပ္ပ ပညာ။ |
1,332,259 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထင်ရှားရာမျှကို ထုတ်သည်။ |
1,332,260 | Uncategorized | ဥတ္တမပုရိသဒီပနီ | သင်္ခါရဆိုသည်ကား- ကာယကံမှု ဝစီကံမှု မနောကံမှုပေတည်း၊ ဖဿ၏ သင်္ခါရမှုကို ပြဆိုခဲ့ပြီ၊ စေတနာကို ပြဆိုရန် ဥပမာကား-မီးရထား မီးသင်္ဘောတည်း။ |
1,332,261 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးရထား ဥပမာ |
1,332,262 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးရထား၏သွားမှု၌ ဓာတ်အိုးမှ မှုတ်လိုက်သော လေဟုန်ကြောင့် အလုံးစုံ သော စက်ကိရိယာတို့သည် တစ်ပြိုင်နက် လှုပ်ကြကုန်၏၊ ထိုလေသည် မရပ်မနား ဟုပ်ဟုပ်ဟုပ်ဟုပ် မစဲမှုတ်ခြင်းကြောင့် အလုံးစုံ သော စက်ကိရိယာတို့သည် မရပ်မနား အဟုန်နှင့်တကွ မြူးကုန်ကြသဖြင့် အတွဲများစွာ ဝန်ကြီးစွာကို အပါရုန်း၍ ရန်ကုန်-မန္တလေး အလွန်ဝေးသော ခရီးကို မကြာမီ ရေ... |
1,332,263 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥပမာ-ဥပမေယျ စပ်ဟပ်ချက် - |
1,332,264 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကိုယ်ခန္ဓာကြီးသည် ရထားနှင့်တူ၏၊ |
1,332,265 | Uncategorized | ဥတ္တမပုရိသဒီပနီ | - “နှလုံးအိမ်သည် ဓာတ်အိုးနှင့်တူ၏၊” |
1,332,266 | Uncategorized | ဥတ္တမပုရိသဒီပနီ | - နှလုံးအိမ်တွင်းမှ ထ၍မှုတ်လိုက်သော ဇောစေတနာသည် စက် ကိရိယာတို့ကို အကုန်နှိုးလိုက်သော မှုတ်လေနှင့် တူ၏၊ |
1,332,267 | Uncategorized | ဥတ္တမပုရိသဒီပနီ | - နှလုံးအိမ်မှ ထ၍မှုတ်လိုက်သဖြင့် အလုံးစုံသော ကိုယ်အင်္ဂါ၌ အင်္ဂမင်္ဂါနုသာရီလေတို့သည် အဟုန်နှင့်တကွ ထကုန်ကြ သဖြင့် အင်္ဂါကြီးငယ်တို့သည် ကြွချီလှုပ်ရှားကြသဖြင့် စက်ကိရိယာတို့ တစ်ပြိုင်နက်လှုပ်ကြကုန်သည်နှင့် တူကြ ကုန်၏။ |
1,332,268 | Uncategorized | ဥတ္တမပုရိသဒီပနီ | မျက်တောင်တစ်ခတ်မျှ၌ပင် အကြိမ်တစ်ထောင်မက အဟုန်နှင့် တကွ အတွင်ထ၍ တဟုန်ဟုန်လှုံ့ဆော်သော စေတနာအမှုကြောင့် ကိုယ်ခန္ဓာ အင်္ဂါကြီးငယ်တို့သည် လိုရာအရပ်သို့ ရှေ့ရှုအဟုန်နှင့် တကွမြူး ကုန်ကြသဖြင့် အတွဲများစွာ ဝန်ကြီးစွာကို အပါယူဆောင်၍ သွားသော ရထားနှင့် တူကုန်၏၊ ဤကား-ကာယကံသင်္ခါရမှု ဖြစ်ပုံတည်း။ |
1,332,269 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝစီကံသင်္ခါရမှုမှာ ဥဩမှုတ်မှုနှင့် ယှဉ်ကြည့်လေ၊ မနောကံသင်္ခါရမှုမှာ ဓာတ်အိုး တွင်းမှာ တစီစီဆူပွက်၍ နေသည်နှင့်တူ၏။ |
1,332,270 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောဘနှင့်ယှဉ်သော စေတနာသည် လောဘရှေးရှူ၍ပေးရာသို့ ကိုယ် အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို အဟုန်နှင့်တကွ အတွင်လှုံ့ဆော်၍ သွား၏။ |
1,332,271 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ဒေါသနှင့်ယှဉ်သော စေတနာ၊ ဝိတက် ဝီရိယ စသည် တို့နှင့်ယှဉ်သော စေတနာတို့ကိုလည်း ဆိုလေ၊ သဒ္ဒါမှု သတိမှု ပညာမှု ဒါနမှု သီလမှု ကောင်းသောအမှု, မကောင်းသောအမှုတို့ကို အကုန်ဆိုလေ။ |
1,332,272 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကြွင်းသော ပြဆို ခဲ့ပြီးသော သင်္ခါရဓာတ်တို့၏လည်း သူ့လမ်းနှင့်သူ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို အဟုန်နှင့်တကွ ထကြွလှုံ့ဆော်မှုတွေကို သိလေ။ |
1,332,273 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ဤသင်္ခါရဓာတ်တို့၏ အချက်အလက်တွေကို နေရာကျ မသိကုန်သော သူတို့အား သက္ကာယဒိဋ္ဌိစွဲလမ်း ချက်ချည်းဖြစ်၍ကုန်၏၊ အလုံးစုံသော ကိုယ်အင်္ဂါမှုတို့မှာ ငါပြုသည် ငါလုပ်သည် ငါထသည် ငါထိုင်သည် စသည်ဖြင့်လည်းကောင်း ငါပြောသည် ငါဆိုသည် စသည် ဖြင့်လည်းကောင်း ငါကြံသည် ငါသိသည်စသည်ဖြင့်လည်းကောင်း သက္ကာယဒိဋ္ဌိစွဲလမ်း ချက်ချည်းဖြစ်၍ကုန်၏ အလုံးစုံ... |
1,332,274 | Uncategorized | ဥတ္တမပုရိသဒီပနီ | စွဲလမ်းပုံ အမျိုးမျိုး |
1,332,275 | Uncategorized | ဥတ္တမပုရိသဒီပနီ | သက္ကာယဒိဋ္ဌိ စွဲလမ်းချက်တွေကို အတန်ငယ်ပြဆိုဦးအံ့.... |
1,332,276 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ စိတ်နှင့် တွေ့သည်။ |
1,332,277 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဖဿဓာတ်ကိုစွဲလမ်းချက်) |
1,332,278 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ စိတ်ချမ်းသာသည်။ |
1,332,279 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ စိတ်မချမ်းသာသည်။ |
1,332,280 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါဝမ်းမြောက်သည်။ |
1,332,281 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ ဝမ်းနည်းသည်။ |
1,332,282 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဝေဒနာဓာတ်ကို စွဲလမ်းချက်) |
1,332,283 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ သိသည်။ ငါမှတ်မိသည်။ |
1,332,284 | Uncategorized | ဥတ္တမပုရိသဒီပနီ | (သညာဓာတ်ကို စွဲလမ်းချက်) |
1,332,285 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ စိတ်တည်ကြည်သည်။ |
1,332,286 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဧကဂ္ဂတာဓာတ်ကို စွဲလမ်းချက်) |
1,332,287 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ နှလုံးသွင်းသည်။ |
1,332,288 | Uncategorized | ဥတ္တမပုရိသဒီပနီ | (မနသိကာရဓာတ်ကို စွဲလမ်းချက်) |
1,332,289 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ ကြံဖန်သည်။ |
1,332,290 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဝိတက်ဓာတ်ကို စွဲလမ်းချက်) |
1,332,291 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ စဉ်းစားသည်။ |
1,332,292 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဝိစာရဓာတ်ကို စွဲလမ်းချက်) |
1,332,293 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ အားထုတ်သည်။ |
1,332,294 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဝီရိယဓာတ်ကို စွဲလမ်းချက်) |
1,332,295 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ နှစ်သက်သည်။ |
1,332,296 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ပီတိဓာတ်ကို စွဲလမ်းချက်) |
1,332,297 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ ကြည့်လိုသည်၊ ငါ ကြားလိုသည်၊ ငါ ဘယ်ဟာကို ပြုလိုသည်၊ သွားလိုသည်၊ လာလိုသည်၊ ပြောလိုသည်၊ ဆိုလိုသည်၊ ငါ သိလို သည်၊ ရလိုသည်၊ ယူလို သည်။ |
1,332,298 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဆန္ဒဓာတ်ကို စွဲလမ်းချက်) |
1,332,299 | Uncategorized | ဥတ္တမပုရိသဒီပနီ | ငါ ချစ်သည်၊ ငါ ခင်သည်၊ ငါ စုံမက်သည်၊ ငါ လိုချင်သည်၊ ငါ တွယ်တာသည်။ |
1,332,300 | Uncategorized | ဥတ္တမပုရိသဒီပနီ | (လောဘဓာတ်ကို စွဲလမ်းချက်) |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.