id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,332,301
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ မုန်းသည်၊ ငါ မြင်ပျင်းသည်၊ ငါ စိတ်ဆိုးသည်၊ ငါ ငြိုးသည်၊ ငါ စိတ်ပူသည်။
1,332,302
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဒေါသဓာတ်ကို စွဲလမ်းချက်)
1,332,303
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ မသိသည်၊ ငါ တွေဝေသည်။
1,332,304
Uncategorized
ဥတ္တမပုရိသဒီပနီ
(မောဟဓာတ်ကို စွဲလမ်းချက်)
1,332,305
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ အယူမှားသည်။
1,332,306
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဒိဋ္ဌိဓာတ်ကို စွဲလမ်းချက်)
1,332,307
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ အညံ့မခံချင်သည်၊ ငါ သာချင်သည်၊ ငါက သာသည်၊ ငါ တုဘက်နိုင်သည်။
1,332,308
Uncategorized
ဥတ္တမပုရိသဒီပနီ
(မာနဓာတ်၌ စွဲလမ်းချက်)
1,332,309
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဣဿာဓာတ်၌ စွဲလမ်းချက်)
1,332,310
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ နှမြောသည်၊ ငါဝန်တိုသည်။
1,332,311
Uncategorized
ဥတ္တမပုရိသဒီပနီ
(မစ္ဆေရဓာတ်၌ စွဲလမ်းချက်)
1,332,312
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ ပျင်းရိသည်။
1,332,313
Uncategorized
ဥတ္တမပုရိသဒီပနီ
(ထိန မိဒ္ဓ၌ စွဲလမ်းချက်)
1,332,314
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ မခွဲခြမ်းနိုင်သည်။
1,332,315
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဝိစိကိစ္ဆာဓာတ်၌ စွဲလမ်းချက်)
1,332,316
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ ကြည်ညိုသည်၊ ငါယုံကြည်သည်။
1,332,317
Uncategorized
ဥတ္တမပုရိသဒီပနီ
(သဒ္ဓါဓာတ်၌ စွဲလမ်းချက်)
1,332,318
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ မမေ့သည်။
1,332,319
Uncategorized
ဥတ္တမပုရိသဒီပနီ
(သတိဓာတ်၌ စွဲလမ်းချက်)
1,332,320
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ တတ်သိ လိမ္မာသည်။
1,332,321
Uncategorized
ဥတ္တမပုရိသဒီပနီ
(ပညာဓာတ်၌ စွဲလမ်းချက်)
1,332,322
Uncategorized
ဥတ္တမပုရိသဒီပနီ
မကောင်းမှု ပြုရမည်ကို ငါရှက်သည်၊ ငါကြောက်သည်။
1,332,323
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဟိရီ ဩတ္တပ္ပ၌ စွဲလမ်းချက်)
1,332,324
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ သတ်သည်။
1,332,325
Uncategorized
ဥတ္တမပုရိသဒီပနီ
(ပါဏာတိပါတ ဟူသော စေတနာဓာတ်၌ စွဲလမ်းချက်)
1,332,326
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါ ခိုးသည်၊ ငါတိုက်သည်။
1,332,327
Uncategorized
ဥတ္တမပုရိသဒီပနီ
(အဒိန္နာဒါန်ဟူသော စေတနာဓာတ်၌ စွဲလမ်းချက်)
1,332,328
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါလှူဒါန်းသည်၊ ငါပေးကမ်းသည်။
1,332,329
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဒါနစေတနာဓာတ်၌ စွဲ လမ်းချက်)
1,332,330
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိ စွဲလမ်းချက်သည် အလွန်များပြားလှ၏၊ ငရဲမီး မျိုးစေ့ချည်းတည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝိပဿနာ ဉာဏ်တို့၏ အန္တရာယ်ချည်းတည်း၊ နိဗ္ဗာန်၏ ဘေးရန်ကြီးတွေတည်း၊ သံသရာ၏ ဤမှာ ဖက်ကမ်းတည်း၊ ထိုစွဲလမ်းချက်စု ကျွတ်လွတ်မှုသည် သံသရာ၏ ထိုမှာဖက်ကမ်းဖြစ်သော နိဗ္ဗာန်တည်း၊ ထိုစွဲလမ်းမှုစုသည် သံသရာ၌နစ်မှုတည်း၊ ထိုစွဲလမ်...
1,332,331
Uncategorized
ဥတ္တမပုရိသဒီပနီ
သက္ကာယဒိဋ္ဌိ ဟူသော အဝီစိငရဲမီးတွေကို ရိပ်မိရုံမျှ ပြလိုက်သည်။
1,332,332
Uncategorized
ဥတ္တမပုရိသဒီပနီ
စေတနာဓာတ်တစ်ခုကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထင်လင်းစွာ ခွဲခြမ်း၍ မြင် သောအခါ စေတနာဓာတ်၌ စွဲလမ်းသော သက္ကာယဒိဋ္ဌိငရဲမီးသေ၏၊ စေတနာ၌ သေလျှင် ကြွင်းသောဓာတ်တို့၌ စွဲလမ်းသော ငရဲမီးတို့သည် သေကုန်တော့သည်၊ ထိုကြောင့်စေတနာတစ်ခုကိုသာ သင်္ခါရက္ခန္ဓာ၌ ဟောတော်မူသည်၊ ကြွင်းသော သင်္ခါရဓာတ်တို့သည်လည်း လောက၌ လူတိုင်းပြောဆိုနေကြသောဓာတ်စုပင် တည...
1,332,333
Uncategorized
ဥတ္တမပုရိသဒီပနီ
သင်္ခါရက္ခန္ဓာ၌ ပထမ ကောသလ္လဌာနကို ပြဆိုချက် ပြီး၏။
1,332,334
Uncategorized
ဥတ္တမပုရိသဒီပနီ
-------- ဝိညာဏက္ခန္ဓာ၌ ပထမ ကောသလ္လဌာန
1,332,335
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ဆယိမေ ဘိက္ခဝေ ဝိညာဏကာယာ၊ စက္ခုဝိညာဏံ, သောတ ဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ကာယဝိညာဏံ, မနော ဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဝိညာဏံ။
1,332,336
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ နာမရူပသမုဒယာ ဝိညာဏသမုဒယော။
1,332,337
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ နာမရူပနိရောဓာ ဝိညာဏနိရောဓော။
1,332,338
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဝိညာဏနိရောဓ ဂါမိနီပဋိပဒါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ။
1,332,339
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ယံ ဝိညာဏံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝိညာဏဿ အဿာဒေါ။
1,332,340
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ ယံ ဝိညာဏံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ဝိညာဏဿ အာဒီနဝေါ။
1,332,341
Uncategorized
ဥတ္တမပုရိသဒီပနီ
၇။ ယော ဝိညာဏသ္မိံ ဆန္ဒ ရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ဝိညာဏဿ နိဿရဏံ။
1,332,342
Uncategorized
ဥတ္တမပုရိသဒီပနီ
[ပါဠိတော် အနက်လွယ်ပြီ။
1,332,343
Uncategorized
ဥတ္တမပုရိသဒီပနီ
] လဝန်းသဏ္ဌာန်ကို ကြည့်လို၍ မျက်စိကို ချိန်ရွယ်သဖြင့် မျက်စိ နှင့်လ ရွယ်မိကြသောအခါ လဝန်းအရိပ်သဏ္ဌာန်သည် စက္ခုဟူသော အဇ္ဈတ္တမှန် အကြည်ထဲတွင် ထင်းခနဲပေါ်၏၊ လောက၌ ဖလ်အကြည် မှန်အကြည် ရေ အကြည် ရှိရာတို့၌ နေရိပ် လရိပ် လူရိပ် စသည်ပေါ်မြဲ အတိုင်းပင်တည်း၊ မျက်စိဟူသော အဇ္ဈတ္တမှန်အကြည်မှာ ထိုလဝန်း အရိပ်အသွင်၏ ထင်မှု ပေါ်မှုသည် ပရမ...
1,332,344
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြည်လှစွာသော မှန်အပြင်၌ မျက်နှာကိုပြ၍ နေဆဲ၌ မှန်ထဲမှာ မျက်နှာရိပ် ပေါ်၍နေ၏၊ မျက်နှာလွှဲလျှင် မှန်ထဲမှာ မျက်နှာရိပ် ပျောက် လေ၏၊ ဤဥပမာနှင့်တူစွာမှတ်၊ မြင်သေး၏ မမြင်ဘူးဟု သိကြ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။
1,332,345
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား စက္ခုဝိညာဏဓာတ်ကို ပြဆိုခန်းတည်း။
1,332,346
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤနည်းကို မှီ၍ ဗဟိဒ္ဓမှ သဒ္ဒါရုံဟူသော အသံလုံး အသံခဲတို့သည် အဟုန် နှင့်တကွ မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်စွာ ခိုက်တိုက်၍နေဆဲအခါမှ သောတ အကြည်မှာ သောတဝိညာဏဓာတ် တဖွားဖွား ဖြစ်ပေါ်၍နေ၏၊ အသံပျောက်လျှင် ပျောက်ကွယ်လေ၏၊ ကြားသေး၏ မကြားဘူးဟု သိကြရ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။
1,332,347
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗဟိဒ္ဓမှ ဂန္ဓာရုံဟူသော အနံ့လုံးခိုက်တိုက်ထိပါး၍ နေဆဲအခါမှ ဃာနအကြည်မှာ ဃာနဝိညာဏဓာတ် တဖွားဖွားဖြစ် ပေါ်၍နေ၏ အနံ့ကွယ်ပြန်လျှင် ထိုဝိညာဏဓာတ် ပျောက်ဆုံးပြန်၏၊ နံသေး၏၊ မနံဘူးဟု သိကြ၏၊ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ၏။
1,332,348
Uncategorized
ဥတ္တမပုရိသဒီပနီ
လျှာပေါ်သို့ အချိုအချဉ်စသောအရသာတို့ကို တင်ထား၍ တိုက်ခိုက် ထိပါးနေသောအခါမှ ဇိဝှါအကြည်ပေါ်မှာ ဇိဝှါဝိညာဏ ဓာတ်ဖြစ်ပေါ်၏ ရသာရုံ ကင်းကွာ၍သွားလျှင် ပျောက်ဆုံးပြန်၏ လျှာ အတွေ့ရှိသေး၏၊ မရှိဘူး ဟုသိကြ၏ ဓာတ်ပေါ်မှု ဓာတ်ချုပ်မှုဟု မသိကြ။
1,332,349
Uncategorized
ဥတ္တမပုရိသဒီပနီ
မြေဓာတ် မီးဓာတ် လေဓာတ်သုံးပါးတွင် တစ်ပါးပါးသည် တစ်ခုခုသော ကိုယ်အင်္ဂါအစိတ်မှာ ထိပါး၍နေဆဲအခါ၌ ထိရာ ကိုယ် အင်္ဂါအစိတ်မှာ ကာယဝိညာဏဓာတ် ပေါ်၍နေ၏ အထိမရှိပြန်လျှင် ချုပ်ဆုံးကွယ်ပျောက်ပြန်၏၊ အေးမြသောရေ, အေးမြသောလေတို့သည် ကျောက်ကုန်း ကျောက်ပြင်မှာ ထိပါးကုန်အံ့၊ ကျောတစ်ပြင်လုံးမှာ ကာယဝိညာဏ်စိတ်တို့သည် တလျှမ်းလျှမ်းဖြစ်ပေါ်ကုန်၏...
1,332,350
Uncategorized
ဥတ္တမပုရိသဒီပနီ
ပူလှစွာသော နေပူမှာနေသောအခါ တစ်ကိုယ်လုံးပူ၍အိုက်၍ နေသည်ကို သိကြ၏၊ တစ်ကိုယ်လုံး ကာယဝိညာဏဓာတ် လျှမ်းလျှမ်း တောက် ပေါ်၍နေသည်ဟု မသိကြ၊ ဦးခေါင်းတွင်း ရင်တွင်း ဝမ်းတွင်း စသော အတွင်းသဏ္ဌာန် တစ်လျှောက်လုံးမှာနာလျှင် နာသည်ဟုသိ၏၊ ကျင်လျှင် ကျင်သည်ဟု သိ၏၊ ထုံလျှင် ထုံသည်ဟုသိ၏၊ ကိုက်လျှင် ကိုက်သည်ဟုသိ၏၊ ခဲလျှင် ခဲသည်ဟု သိ၏၊ ပူလျှင်...
1,332,351
Uncategorized
ဥတ္တမပုရိသဒီပနီ
[အထက်၌ပြခဲ့သော နူနာကြီးမှာ ပိုးငယ်တို့ ကျသော ဥပမာ- မှန်ရိပ် ဥပမာ အလုံးစုံတို့နှင့် ယှဉ်၍ဓာတ်ကွဲအောင် ခွဲ၍ကြည့်လေ။
1,332,352
Uncategorized
ဥတ္တမပုရိသဒီပနီ
] နှလုံးအိမ်တွင်းမှာ စမ်းရေစိမ့်ရေ တပွက်ပွက်ထွက်ပေါ်၍ နေ သကဲ့သို့ ဘဝင်စိတ်ဟူသော တလက်လက်တလင်းလင်း အမြဲဖြစ်ပေါ်၍ နေသော မနောဟူသောအကြည် ဓာတ်မှန်မျိုးသည် ရှိ၏၊ မျက်စိမှာ ခိုက်တိုက်သမျှသော အဆင်းသဏ္ဌာန်စုသည် ထိုမနောမှာလည်း တစ်ပြိုင် နက် ခိုက်ထိပေါ်ထွန်း၏၊ လဝန်းကို ကြည့်သောအခါ မျက်စိမှာ လဝန်း သဏ္ဌာန်တစ်ခု နှလုံးအိမ်တွင်း မနောအ...
1,332,353
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤ နည်းအတူ မိုးသံ လေသံ လူသံ ခွေးသံ အစရှိသော အသံ ဓာတ်မျိုးတို့သည် နားဟူသောဓာတ်မှန် အကြည်မှာ ခိုက်တိုက် ထင်ပေါ် သောအခါ နှလုံးမနောတိုင်အောင် တစ်ပြိုင်နက် ထိုးဝင်ထင်ပေါ်လေ၏။
1,332,354
Uncategorized
ဥတ္တမပုရိသဒီပနီ
အနံ့ဟူသော ဂန္ဓာရုံတို့သည် နှာဟူသော ဓာတ်မှန်အကြည်မှာ ခိုက် တိုက်သောအခါ နှလုံးမနောတိုင်အောင် တစ်ပြိုင်နက် ထိုးဝင် ထင်ပေါ်လေ၏။
1,332,355
Uncategorized
ဥတ္တမပုရိသဒီပနီ
လျှာပေါ်မှာ ရောက်သော ရသာရုံတို့သည်လည်း ဇိဝှါအကြည်မှာ မနော တိုင်အောင် ထိုးဝင်ခိုက်တိုက်လေ၏။
1,332,356
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ကိုယ်လုံးတွင် တစ်ခုခုသော ကိုယ်အစိတ်မှာ ခိုက်တိုက်ကြ သော ဖောဋ္ဌဗ္ဗာရုံတို့သည်လည်း ခဏချင်း နှလုံးတွင်းသို့ ပေါက်ကြလေ ကုန်၏။
1,332,357
Uncategorized
ဥတ္တမပုရိသဒီပနီ
လူကောင်သဏ္ဌာန်ရှိသော မှန်တုံးကြီးတစ်ခုရှိရာ၏၊ ထိုမှန်တုံး ကြီး၏အတွင်းမှာ ပုဏ္ဏကဘီလူးယူခဲ့သော ဝေပုလ္လကျောက်နှင့်တူသော အမျက် ကျောက်ကြီးတစ်ခု ရှိရာ၏၊ အရပ်ရှစ်မျက်နှာ၌ ရှိကြကုန်သော အိမ်ရာဝင်းခြံ သစ်ပင် တောတောင် နေ လ နက္ခတ် လူ နွား ကျွဲစသော ဝတ္ထုဒြဗ်တို့သည် ထိုမှန်တုံးတွင် အရိပ်ထင်ကြသောအခါ အမျက်ကျောက် ကြီးမှာလည်း တစ်ပြိုင်န...
1,332,358
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား စက္ခု သောတ ဃာန ဇိဝှါ ကာယဟူသော အကြည် ပေါက် ငါးပေါက်မှ ထိုးဝင်၍ ဟဒယဓာတ်အိမ်တွင်းရှိ မနောအကြည်မှာ အာရုံငါးပါး ထင်ရှားပေါ်ပုံ အစီအရင်တည်း။
1,332,359
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအကြည်ပေါက် ငါးပါးနှင့်ကင်း၍ မနောအကြည်သက် သက်တွင် ထင်ကြပေါ်ကြသော အာရုံကား အလွန်များပြား၏၊ စိတ်ကူး စိတ်ကြံ သက်သက်နှင့် သိရထင်ရမြင်ရသော အာရုံစုသည် မနောသက် သက်တွင် ထင်ပေါ်သော အာရုံစုပေတည်း၊ ရှေ့အကြည် ငါးမျိုး၌ကား မျက်စိဥပစာ နားဥပစာစသော ဥပစာတွင် ထင်ရှားရှိသော အာရုံငါးပါး သည်သာ ထင်နိုင်သည်၊ မနောအကြည်မှာမူကား တစ်သက်လုံး မြ...
1,332,360
Uncategorized
ဥတ္တမပုရိသဒီပနီ
သဗ္ဗညု မနောအကြည်ကြီးသည် အတုမရှိ အဖက်မရှိကြည်၏၊ စကြဝဠာအနန္တ ကမ္ဘာအနန္တ သတ္တဝါအနန္တ သင်္ခါရအနန္တ ဓမ္မအနန္တ ရှိသမျှတို့သည် သဗ္ဗညုမနောအကြည်တွင် အကုန်ပေါ်ကြရကုန်၏၊ သစ္စာလေးပါး တည်းဟူသော သဘော အာရုံတို့သည်ကား ပါရမီရှိသော တိဟိတ်မနော၌သာ ထင်ပေါ်ကုန်၏၊။
1,332,361
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား မနောဝိညာဏ်၏ သဘောကို ပြဆိုခန်းတည်း။
1,332,362
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့၏ ပထမ ကောသလ္လ
1,332,363
Uncategorized
ဥတ္တမပုရိသဒီပနီ
ဌာနကို ပြဆိုသောအခန်း ပြီး၏။
1,332,364
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမက္ခန္ဓာလေးပါးတို့၏ ဒုတိယ တတိယ ကောသလ္လဌာန
1,332,365
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုအခါ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ လေးပါးတို့ကို ပေါင်း၍ ဒုတိယကောသလ္လဌာနစသော နောက်ကောသလ္လ ခြောက်ဌာနတို့ကို အကျဉ်းမျှ ပြဆိုပေအံ့။
1,332,366
Uncategorized
ဥတ္တမပုရိသဒီပနီ
ရှေ့ခန္ဓာသုံးပါးမှာ ဖဿကို အကြောင်းပြု၍ သမုဒယ နိရောဓကို ဟောတော်မူ၏၊ ဝိညာဏက္ခန္ဓာမှာ နာမ်ရုပ် နှစ်ပါးကို အကြောင်းပြု၍ သမုဒယ နိရောဓကိုဟောတော်မူ၏။
1,332,367
Uncategorized
ဥတ္တမပုရိသဒီပနီ
ထူးပုံကိုပြဆိုဦးအံ့--
1,332,368
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏက္ခန္ဓာကို နောက်ဆုံးထား၍ ဟောတော်မူငြားသော်လည်း -
1,332,369
Uncategorized
ဥတ္တမပုရိသဒီပနီ
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ ဟူ၍လည်းကောင်း၊
1,332,370
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဆဒွါရာ ဓိပတိရာဇာ
1,332,371
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟောတော်မူသောကြောင့် အကြည်ဒွါရ ခြောက်ဌာန၌ ဖြစ်ကြ ကုန်သော နာမ်တရားတို့မှာ ဝိညာဏက္ခန္ဓာသည် ရှေ့ဆောင်ဦးစီး အကြီး အမှူးပေတည်း၊ ဝေဒနာ သညာ သင်္ခါရတို့၏ ကိုးကွယ်ရာ ဓာတ်မင်း ပေတည်း။
1,332,372
Uncategorized
ဥတ္တမပုရိသဒီပနီ
- အကြည်ဒွါရ ခြောက်ဌာန၌ ဆိုက်ရောက် ထင်ပြလာသော အာရုံ ခြောက်ပါးကို အရယူမှုကား ဝိညာဏ်၏ ကိစ္စပေတည်း။
1,332,373
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဝိညာဏ်ယူ၍ ရသောအခါမှ ဖဿက ကြိတ်နယ် ညှပ်ညစ် အရည်စစ်၍ ဣဋ္ဌရသ အနိဋ္ဌရသ ပေါ်သောအခါမှ ဝေဒနာက သုံး ဆောင်ခံစား၏။
1,332,374
Uncategorized
ဥတ္တမပုရိသဒီပနီ
- သညာက ကောင်း,မကောင်းကို မှတ်၏။
1,332,375
Uncategorized
ဥတ္တမပုရိသဒီပနီ
- အမှတ်သညာနှင့် သိရှိပြီးသောအခါမှ ထိုထိုအာရုံဝတ္ထု အမှု ခပ်သိမ်းတို့၏အကျိုးငှါ ကိုယ်အင်္ဂါတို့ကို အတွင်လှုံ့ဆော်မှု နှုတ်အင်္ဂါတို့ကို အတွင် လှုံ့ဆော်မှု စိတ်အင်္ဂါတို့ကို အတွင်လှုံ့ဆော်မှုဟုဆိုအပ်သော စေတနာစသော သင်္ခါရဓာတ်တို့၏ ကိစ္စသည် ဖြစ်၏။
1,332,376
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဖဿသည် ဝေဒနာ သညာ သင်္ခါရတို့၏သာ အချုပ်အချာ ဖြစ်၏ ဝိညာဏ်၏ အချုပ်အချာ မဖြစ်။
1,332,377
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဝိညာဏ်သည်ကား--အားလုံး၏ အချုပ်အချာ ဖြစ်၏၊ သို့သော် လည်း ဝိညာဏ်သည် ဝေဒနာ,သညာ,သင်္ခါရတို့နှင့်ကင်း၍ ဖြစ်နေနိုင်သည် မဟုတ်။
1,332,378
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့် ဝိညာဏ်၏ ဖြစ်မှု ချုပ်မှုမှာ နာမ်ကို အချုပ်အချာထား၍ ဟောတော်မူပြန်သတည်း။
1,332,379
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးတောက်နှင့် ဝိညာဏ်တူ၏၊ ထိုမီးတောက်မှ တခန်းလုံးပြည့် ထွက်သော မီးရောင်နှင့် ဝေဒနာ သညာ သင်္ခါရ သုံးပါးတူ၏၊ မီးတောက် သေပျောက်လျှင် ထိုမီးရောင်တို့သည် တစ်ပြိုင်နက် သေပျောက် ချုပ်ကွယ်ကုန်၏၊ မီးတောက်လျှင် တစ်ပြိုင်နက် ဖြစ်ပေါ်ကြကုန်၏။
1,332,380
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုကဲ့သို့ ဝိညာဏ်၏ သမုဒယ နိရောဓကိုမြင်လျှင် ထိုခန္ဓာ သုံးပါးတို့၏ သမုဒယ နိရောဓကိုလည်း မြင်နိုင်တော့သည်ဖြစ်၍ ဝိညာဏ် ကို ပဓာနပြု၍ သမုဒယ၊ နိရောဓစသည်ကို ပြဆိုပေအံ့သတည်း။
1,332,381
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘဝင်မနော၏ သမုဒယ-နိရောဓ
1,332,382
Uncategorized
ဥတ္တမပုရိသဒီပနီ
ညဉ့်အခါ အိပ်ပျော်၍နေစဉ် နှလုံးအိမ်၌သာ အလွန်နုန့်လှ စွာသော ဘဝင်ခေါ်သော မနောအကြည် စိတ်တစ်မျိုးတည်းသာရှိ၏၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ ငါးဒွါရတို့၌ စိတ်ဟူ၍မရှိ၊ ဘဝင်ခေါ် သော မနောအကြည်စိတ်မည်သည် အသေတစ်ပိုင်းဖြစ်၍နေ၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ စိတ်အင်္ဂါတို့ကို့ လှုပ်ရှားစေတတ်သော စိတ်မျိုး မဟုတ်၊ ယခုပစ္စုပ္ပန် ဘဝ၌ရှိသော အာရုံဝတ္...
1,332,383
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဟဒယဝတ္ထုရုပ်လည်း မဟာဘုတ်၏ အကိုင်းအခက်မျှသာ ဖြစ်၏၊ ရူပက္ခန္ဓာ၌ အာဟာရဓာတ်ဆီ ဩဇာတက်ပွားမှု ဆုတ်ယုတ် လျော့ပါးကုန်ခန်းမှုကို အချုပ်အခြာပြု၍ မဟာဘုတ် ရုပ်ကြီးတို့၏ တစ်ခဏမစဲ တိုးချည် ဆုတ်ချည် ပြောင်းလဲ၍ နေသည့်အတိုင်း ထိုဟဒယရုပ်လည်း တစ်ခဏမစဲ အသစ်အဟောင်း ပြောင်းလဲရ၏၊ ထိုဟဒယဝတ္ထုမှ ပေါက်ပွား၍နေသော ဘဝင်မနောလည်း သူ့ဟဒယ ဝတ္ထုနှင့...
1,332,384
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာကား...တိမ်တိုက်အပြင်မှာဖြစ်ပေါ်သော သက်တန့်ရေး သည် ရှိ၏၊ တောင်အစွန်အဖျားမှစ၍ လေဝှေ့သဖြင့် တိမ်တိုက်ပျောက် ကွယ်၍ သွားရာ သူ့တိမ်ခဲနှင့်သူ့သက်တန့် ပျောက်ကွယ်ရာသို့ပါလေ၏ ဤအတူတည်း။
1,332,385
Uncategorized
ဥတ္တမပုရိသဒီပနီ
(တစ်နည်း) တန်ခိုးကြီးသောနတ်တစ်ယောက်သည် မိမိ တန်ခိုးဖြင့် အလွန်ထက်လှစွာသော ယမ်းမှုန့်ကို တစ်ခုသောနေရာ မှတန်း၍ အတွင်ဖန်ဆင်း၍ပြေး၏၊ မီးသည်အစမှစ၍အတွင်လောင်၍ အမှီလိုက်၏၊ အစမှစ၍ သူ့ယမ်းမှုန့်နှင့် သူ့မီးတောက် ကုန်ပျောက်ကွယ် ဆုံးလေ၏၊။
1,332,386
Uncategorized
ဥတ္တမပုရိသဒီပနီ
(နာရီစဉ်ကို ခရီးပြု၍ရှုလေ။
1,332,387
Uncategorized
ဥတ္တမပုရိသဒီပနီ
) တစ်နာရီခန့်ကာလ ခရီးသို့ရောက်လျှင် ဝတ္ထုရုပ်ပေါင်း အကုဋေ မက ချုပ်ဆုံးလေ၏၊ သူ့ဝတ္ထုရုပ်နှင့်သူ့ဘဝင် အစဉ်အတိုင်း ကွယ်ပျောက် ချုပ်ဆုံး ရာပါလေ၏၊ အသစ်အသစ်ဖန်ဆင်း၍ သွားသောယမ်းမှုန့်မှာ အသစ် အသစ် ဖြစ်ပွား၍လိုက်သော မီးတောက်ငယ်ကဲ့သို့ အသစ်အသစ် အစဉ်ဖြစ်ပေါ်၍နေသော ဝတ္ထုရုပ်ပေါ်မှ ဘဝင်စိတ် အသစ်အသစ် အစဉ်မပြတ် ဖြစ်ပွား၍ နေသည်ကို ဝိ...
1,332,388
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဘဝင် ဝိညာဏ်ဖြစ်ပွါးမှု ချုပ်ကွယ်မှုမှာ ရုပ်နှင့်ကပ်၍ရှုမှ ဒိဋ္ဌသက်သေ ရနိုင်မည်၊ ဝိညာဏ်သက်သက်နှင့် ဒိဋ္ဌသက်သေမရ၊ ဒိဋ္ဌသက်သေ မရှိမူ၍ ကျမ်းဂန်ဆိုနှင့် ရမ်း၍မှန်း၍ ရှုမှု ကြည့်မှုမျိုးကား ဉာဏသမ္ပယုတ်မျိုးမဟုတ်။
1,332,389
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိပဿနာမဖြစ်။
1,332,390
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘဝင်မနောဟု ဆိုအပ်သော ဝိညာဏ်၏
1,332,391
Uncategorized
ဥတ္တမပုရိသဒီပနီ
သမုဒယ နိရောဓကို ပြဆိုခန်း ပြီး၏။
1,332,392
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဉ္စဝိညာဏ်၏ ဒုတိယ တတိယ ကောသလ္လဌာန
1,332,393
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဉ္စဝိညာဏ၏ ဒုတိယ တတိယ ကောသလ္လဌာနကို ပြဆိုပေအံ့။
1,332,394
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ စက္ခုအကြည်၊ မနောအကြည်။
1,332,395
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ သောတအကြည်၊ မနောအကြည်။
1,332,396
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ဃာနအကြည်၊ မနောအကြည်။
1,332,397
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ ဇိဝှါ အကြည်၊ မနောအကြည်။
1,332,398
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ကာယအကြည်၊ မနောအကြည်။
1,332,399
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ သက်သက်သော မနောအကြည်ကြီး ခြောက်လမ်းခွဲ၍ ဝီထိစိတ် တို့ကိုပြဆိုအံ့။
1,332,400
Uncategorized
ဥတ္တမပုရိသဒီပနီ
လကိုကြည့်သောအခါ လဝန်းသဏ္ဌာန်သည် စက္ခုအကြည်မှာ တစ်ခု နှလုံးအိမ်တွင်းရှိ မနောအကြည်မှာတစ်ခု တစ်ပြိုင်နက်ပေါ်၏၊ ကျောက်နှင့်မီးခတ် တိုက်ခိုက်ကြသောအခါ မီးပွင့်ငယ်ပွင့်သကဲ့သို့ စက္ခုအကြည်မှာ လဝန်းသဏ္ဌာန် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက် ထင်ပေါ်သောအခါ စက္ခုအကြည်မှာ စက္ခုဝိညာဏဓာတ်တစ်ခု ဖွားခနဲဖြစ်ပေါ်၏ နှလုံးအိမ်တွင...