id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,332,401
Uncategorized
ဥတ္တမပုရိသဒီပနီ
စက္ခုအကြည်မှာဖြစ်ပေါ်သောဝိညာဏဓာတ်နှင့် နှလုံးအိမ်တွင်းမှာ တဝင်းဝင်း တရှိန်ရှိန်ဖြစ်ပေါ်သော ဝိညာဏဓာတ်တို့သည် လဝန်း သဏ္ဌာန်ကို မျက်မှောက်ထင်ထင် မြင်မှု ကြည့်မှုကို ပြီးစေကြကုန်၏၊ မျက်နှာမလွှဲသမျှ ကာလပတ်လုံး တလက်လက် တလင်းလင်း တဝင်းဝင်း တရှိန်ရှိန် ဖြစ်ပွါး၍ နေကြကုန်၏၊ မျက်နှာလွှဲလိုက်လျှင် လွှဲလိုက်သည်နှင့် တစ်ပြိုင်နက် ထ...
1,332,402
Uncategorized
ဥတ္တမပုရိသဒီပနီ
လျှပ်ရောင်တရှိန်ရှိန်ထသကဲ့သို့ ဝိညာဏဓာတ်စု တရှိန်ရှိန်ထ၍ နေသောအခါ အန္ဓပုထုဇန်တို့မှာ လကိုငါကြည့်သည် ငါရှုသည်၊ ငါမြင် သည်ဟု မှောက်မှားကြရ၏၊ သက္ကာယဒိဋ္ဌိဖြင့် ဝိညာဏဓာတ်ကို ငါဟု စွဲလမ်းမှုတည်း၊ လျှပ်ရောင်ချုပ်ကွယ်ပြန်လျှင် မှောင်အတိဖြစ်၍ သွားပြန် သကဲ့သို့ လနှင့်မျက်နှာ ကွယ်ပြန်လျှင် ဝိညာဏဓာတ်တို့သည် အကုန်ကွယ် ပျောက် ချုပ်...
1,332,403
Uncategorized
ဥတ္တမပုရိသဒီပနီ
(အန္ဓပုထုဇန်တို့ အမှုမဟုတ်ပုံ)
1,332,404
Uncategorized
ဥတ္တမပုရိသဒီပနီ
သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ်ပေါက်ကြပေကုန်သော ကလျာဏပုထုဇန် အရိယာအရှင်တို့မှာ မြင်တတ်သောပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ ငါဟူ၍ သူဟူ၍ မရှိပြီ၊ လဝန်းနှင့်တိုက်ဆိုင်၍ နေသောအခါ လဝန်းလျှင် အာရုံရှိသော ဝိညာဏဓာတ် အာဂန္တုတို့သည် ဤခန္ဓာအတွင်းမှာ တလင်း လင်း တရှိန်ရှိန် ထ၍နေကုန်၏၊ တိမ်တိုက်တွင်းမှာ လျှပ်အာဂန္တု တဝင်း ဝင်းထသကဲ့သို့တည်း၊ မျက်နှာလွှဲပ...
1,332,405
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာ၌--တိမ်တိုက်သည်လျှပ်မဟုတ်၊ လျှပ်သည်တိမ်တိုက် မဟုတ်၊ လျှပ်တခြား၌ တိမ်တိုက်တခြား၊ တိမ်တိုက်ချင်း တိုက်ခတ်မှု ကြောင့် လျှပ်အာဂန္တု ဖြစ်ပေါ်သည် ဖြစ်ပေါ်သမျှ လျှပ်ရောင်စုသည် တိမ်တိုက်သို့ပြန်၍ ဝင်တော့သည် မဟုတ်၊ တစ်ခြားတစ်ပါးသို့သွားတော့ သည် မဟုတ်၊ အပြီး ကွယ်ပျောက်ချုပ်ဆုံးလေကုန်၏။
1,332,406
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏ ဓာတ်တို့မှာလည်း ဤနည်းအတူ မြင်အောင်ရှု။
1,332,407
Uncategorized
ဥတ္တမပုရိသဒီပနီ
သည်ကိုရည်၍ ဝိသုဒ္ဓိမဂ်၌....
1,332,408
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိစ။
1,332,409
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟုမိန့်ဆိုပေသည်။
1,332,410
Uncategorized
ဥတ္တမပုရိသဒီပနီ
အာကာသေ=ကောင်းကင်၌၊ ဝိဇ္ဇုပ္ပါဒေါဝ=လျှပ်၏ဖြစ်ပုံ အလား ကဲ့သို့၊ ဓမ္မာ=နာမ်ရုပ်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိစ=ဖြစ်ပေါ်ခွင့် ဆိုက်တိုက် လျှင်လည်း တရှိန် ရှိန်ဖြစ်ပေါ်ကုန်၏၊ ဝယန္တိစ=လျှပ်ရောင်ကွယ်ပျောက် သကဲ့သို့ ခဏမစဲ ကွယ်လည်း ကွယ်ပျောက်ကြကုန်၏။
1,332,411
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်စိဖြင့် မြင်မြင်သမျှမှာ ဤနည်းချည်းမှတ်လေ။
1,332,412
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်တောင်ခတ်သည့်အတွက် မှောင်၍မှောင်၍ သွားသည်မှာ လည်း ထိုဝိညာဏဓာတ်တို့ ကွယ်ပျောက်မှုပင်တည်း၊ မြင်မှု အမြင်ပျောက် ကွယ်မှု နှစ်ပါးသည် ကိုယ်တွေ့မျက်မြင်မှုချည်းတည်း၊ တိမ်တိုက်တစ်ခြား လျှပ်ရောင် တစ်ခြား လျှပ်ရောင်ထမှု လျှပ်ရောင်ချုပ်ပျောက်မှုတို့နှင့် ထပ်တူထပ်မျှ ထင်နိုင်အောင်ကြည့်လေ၊ နေ့လယ်အရောင် အလင်းရှိ သောအခါ၌ကား မျက်နှ...
1,332,413
Uncategorized
ဥတ္တမပုရိသဒီပနီ
စက္ခုဒွါရဆိုင်ရာ ဝိညာဏဓာတ်တို့၏ သမုဒယ နိရောဓ အခြင်းအရာကို ပြဆိုသော အခန်းပြီး၏။
1,332,414
Uncategorized
ဥတ္တမပုရိသဒီပနီ
သောတ ဒွါရဆိုင်ရာ, ဃာနဒွါရဆိုင်ရာ, ဇိဝှါဒွါရဆိုင်ရာ, ကာယ ဒွါရဆိုင်ရာ ဝိညာဏ်တို့မှာလည်း စက္ခုဒွါရအတိုင်းသိလေ။
1,332,415
Uncategorized
ဥတ္တမပုရိသဒီပနီ
နားမှာ သဒ္ဒါရုံဟူသော အသံကြီးအသံငယ် တဟုန်းဟုန်းတညံညံ တစာစာ တစီစီ တိုက်ခိုက်ထင်ပေါ်၍နေသမျှ ကာလပတ်လုံး လျှပ်ရောင် ကဲ့သို့ သောတအကြည် နှလုံးအိမ်တွင်းတို့မှာ သောတဆိုင်ရာ ဝိညာဏ် အစု အာဂန္တုစိတ်ဓာတ်တို့ တဝင်းဝင်း တရှိန်ရှိန်ထ၍နေကုန်သည် အသံတိတ်စဲ၍ သွားပြန်လျှင် လျှပ်ရောင် ကွယ်ပျောက်သကဲ့သို့ ဝိညာဏ အစု အာဂန္တုစိတ်တွေ အကုန်လုံး ကွ...
1,332,416
Uncategorized
ဥတ္တမပုရိသဒီပနီ
အိပ်ပျော်ဆဲ အခါမှတစ်ပါး တစ်နေ့လုံး တစ်ညလုံး အကြည်ဒွါရ ငါးဌာနတို့မှာ အာရုံထိခိုက်မှု ပြတ်စဲသည်ဟူ၍ မရှိလှပြီ၊ ငါးဒွါရဆိုင်ရာ တစ်ပြိုင်နက် ဝိညာဏဓာတ်တို့ ပေါ်နိုင်ကြသည်ကား မဟုတ်၊ အာရုံ အားကြီးရာ အလှည့် အလှည့်အားဖြင့်သာ ပေါ်ကြကုန်သည်၊ မချုပ် မကွယ်ဘဲ မျက်တောင်တစ်ခတ် ကြာမြင့်အောင်တည်နေသော ခဏဟူ၍ လည်း မရှိ၊ အချက်ထား၍ စဉ်းစားတတ်...
1,332,417
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဉ္စဒွါရဆိုင်ရာ ဝိညာဏဓာတ်ခန်း ပြီး၏။
1,332,418
Uncategorized
ဥတ္တမပုရိသဒီပနီ
မနောဝိညာဏဓာတ်၏ ဒုတိယ,တတိယ ကောသလ္လဌာန
1,332,419
Uncategorized
ဥတ္တမပုရိသဒီပနီ
သက်သက်သော မနောဒွါရဆိုင်ရာ ဝိညာဏအစု အာဂန္တု ဓာတ်တို့၏ ဖြစ်မှုအခြင်းအရာသည်ကား-ကျယ်ဝန်းလှ၏၊ ကြံသာရုံမျှသာ ပြဆိုပေအံ့။
1,332,420
Uncategorized
ဥတ္တမပုရိသဒီပနီ
အထက်၌ ပြဆိုခဲ့ပြီးသော ပဉ္စဒွါရငါးဌာနဆိုင်ရာ ဝိညာဏဓာတ်တို့သည်ကား တိမ်တိုက်မှ ထွက်ပေါ်သော လျှပ်ရောင်တို့သည် တစ်စုံတစ်ခုသော ဝတ္ထုကို လှုပ်ရှားအောင် မတတ်နိုင်ကုန်။
1,332,421
Uncategorized
ဥတ္တမပုရိသဒီပနီ
တိမ်တိုက်အပြင်၊ တောအပြင်၊ တောင်အပြင်၊ မြေအပြင်၊ ရေအပြင်တို့ကို တဒင်္ဂတစ်ခဏ ထွန်းလင်းရုံမျှကိုသာ တတ်နိုင်ကုန်သကဲ့သို့ ဗဟိဒ္ဓအာရုံငါးခု ဝတ္ထုဒြဗ်တို့ကို မြင်ရအောင်၊ ကြားရအောင်၊ နံရအောင်၊ လျက်ရအောင်၊ နူးညံ့သည်၊ ကြမ်းတမ်းသည်၊ ချမ်းအေးသည်၊ ပူနွေးသည်၊ တောင့်တင်းသည်၊ လှုပ်ရှားသည်ဟူ၍ သိရအောင်မျှသာ ဖြစ်ကြကုန်သည်။
1,332,422
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ခုတစ်ခုသော ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ၊ ရုန့်ရင်းသော စိတ်အင်္ဂါများကို လှုပ်ရှားအောင် ပြုနိုင်သော ဝိညာဏဓာတ်စု မဟုတ်ကြကုန်။
1,332,423
Uncategorized
ဥတ္တမပုရိသဒီပနီ
သက်သက်သော မနောဒွါရမှာဖြစ်သော ဝိညာဏဓာတ်တို့သည်မူကား လေပြင်းမုန်တိုင်း၏ အဟုန်၊ မိုးကြိုး၏အဟုန်ကဲ့သို့ ကိုယ်အင်္ဂါတို့ကိုလည်း ခဏချင်း လှုပ်ရှားထကြွ ခုန်လွှား ပြေးသွားရအောင် လှုံ့ဆော်မှု ဟုတ်နိုင်ကုန်သည်။
1,332,424
Uncategorized
ဥတ္တမပုရိသဒီပနီ
နှုတ်အင်္ဂါကိုလည်း ခဏချင်း မြွက်ဆို အော်ငြာ ဟစ်ကြွေးရအောင် လှုံ့ဆော်နိုင်ကုန်သည်။
1,332,425
Uncategorized
ဥတ္တမပုရိသဒီပနီ
စိတ်အင်္ဂါတို့ကို အရာအထောင် အသိန်းအသန်းသော အာရုံဝတ္ထုတို့၌ ခဏချင်း နှံ့ပြားအောင် ကြံမှုစည်မှုနှင့် လှုံ့ဆော်နိုင်ကုန်သည်။
1,332,426
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအရာ၌ ကြေးနန်းဥပမာ၊ မီးရထားဥပမာ၊ မီးသင်္ဘောဥပမာ၊ မီးစက်ရုံကြီးဥပမာများကို ကောင်းစွာသိထိုက်သည်။
1,332,427
Uncategorized
ဥတ္တမပုရိသဒီပနီ
ရင်တွင်းမှာ ရှိကြသော ဟဒယနှလုံးအိမ်မည်သည်ကား အထောင်မကသော သွေးကြောအစု သွေးကြောအဆုံကြီး ပေတည်း။
1,332,428
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ကိုယ်လုံး၏ ဆိုင်ရာဓာတ်အိုးကြီးပေတည်း။
1,332,429
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြေးနန်းရုံကြီးမှ ကြေးနန်းဓာတ်အိုးနှင့်တူ၏။
1,332,430
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဟဒယဓာတ်အိုးမှ တစ်ကိုယ်လုံးဖြန့်ဖြူးရန် ကူးယှက်ဖြာမွှာ၍ ထွက်သော အလွန်သိမ်မွေ့လှသော သွေးကြောငယ်တို့သည် ကြေးနန်းရုံကြီးမှ တစ်နိုင်ငံလုံး ဖြန့်ဖြူးခြင်းငှါ ဖြာမြွာ၍ တန်းထားသော ကြေးနန်းကြိုးတို့နှင့် တူကုန်၏။
1,332,431
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟဒယဝတ္ထုရုပ်တို့မှာ ထိုထို ကိုယ်အင်္ဂါကို လှုပ်ရှားလိုသော ဇောစိတ်အကြံဖြစ်ခဲ့လျှင် ခြေဖျားလက်ဖျား ခဏချင်းလှုပ်ရှားနိုင်သည်၊ ခြေဖျားလက်ဖျားမှာ ထိပါးတိုက်ခိုက်ရှိခဲ့လျှင် ဟဒယဓာတ်အိမ်မှ ခဏချင်းသိနိုင်သည်၊ တစ်ဆက်တည်း တစ်နွယ်တည်း တစ်သားတည်းဖြစ်၍ နေသော ကြေးနန်းကြိုးမှာ ဘယ်မျှပင် ခရီးကွာဝေးသော်လည်း ခဏချင်း ဓာတ်လေပေါက်ရောက်နိုင...
1,332,432
Uncategorized
ဥတ္တမပုရိသဒီပနီ
လူကောင်တစ်ကိုယ်လုံးသည် တစ်ခုသော သံကြိုးကြေးနန်းကြိုးကြီးနှင့် တူ၏။
1,332,433
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤကား--ကြေးနန်း ဥပမာတည်း)
1,332,434
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်မြင်ကို ထောက်ထား၍ ဓာတ်သွားကို သိရမည်။
1,332,435
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်သွားကိုမမြင်ဘဲ မျက်မြင်က ပိုလွန်၍နေသမျှ သက္ကာယဒိဋ္ဌိတို့ချည်း။
1,332,436
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ငါရှိ၏၊ သူရှိ၏၊ ပုဂ္ဂိုလ်၏ ဗျာပါရရှိ၏၊ ပယောဂရှိ၏ဟူသော ဒိဋ္ဌိအယူကို ပယ်ဖျောက်၍ ပုဂ္ဂိုလ်ဟူ၍မရှိ၊ ပုဂ္ဂိုလ်၏ ဗျာပါရ ပယောဂဟူ၍မရှိ၊ ငါဟူ၍မရှိ၊ ငါ၏ဗျာပါရ ပယောဂဟူ၍မရှိ၊ ရုပ်ဓာတ်နာမ်ဓာတ်အစုသာဖြစ်၏ဟု စိတ်သန္နိဋ္ဌာန်ချ၍ လှုပ်လှုပ်ရွရွ ပြုသမျှ မြင်သမျှ အမူအရာကြီးငယ်တို့ကို ဓာတ်နှင့်ချည်း ပြီးစီးအောင် က...
1,332,437
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်တို့၏ အံ့ဘွယ်သရဲ တန်ခိုးအစွမ်း ဆန်းကြယ်ပုံကို သိရမည်။
1,332,438
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကိုယ်ခန္ဓာသည် မျက်မြင်အားဖြင့် အခဲအကျိတ်ကြီး ဖြစ်နေ၍ ရုပ်ပြောင်းရုပ်လဲမဖြစ်နိုင်မှာကဲ့သို့ ထင်နေရ၏။
1,332,439
Uncategorized
ဥတ္တမပုရိသဒီပနီ
အပြောင်းအလဲမရှိဟု ထင်မှုသည် နှစ်မျိုးရှိ၏။
1,332,440
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ပြောင်းလဲချက် အလွန်လျင်မြန်လှသည့်အတွက်ကြောင့် မျက်မြင်မီအောင် မလိုက်နိုင်၍ မပြောင်းဖူး မလဲဖူး ဟုထင်နေရသော အရာတစ်မျိုး။
1,332,441
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ မပြောင်းမလဲ၍ပင် မပြောင်းမလဲဟု ထင်နေရသော အရာတစ်မျိုး။
1,332,442
Uncategorized
ဥတ္တမပုရိသဒီပနီ
ကောင်းကင်ကို မပြောင်းမလဲဟု ထင်နေသည်ကား တကယ်ပင် မပြောင်းမလဲ၍ ထင်မှုပင်တည်း။
1,332,443
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ်ဓာတ် နာမ်ဓာတ်တို့၌ကား မျက်တောင်တစ်ခတ်ခန့် ကာလအတွင်းမှာ အဟောင်းအသစ် ပြောင်းလဲမှု အပြန်အလှန်ပေါင်း ကုဋေတစ်သိန်းမက ပြောင်းလဲပြန်လှန်နိုင်သည်ဟု အဋ္ဌကထာတို့၌ဆိုသည်။
1,332,444
Uncategorized
ဥတ္တမပုရိသဒီပနီ
လူတို့မျက်မြင်မှာ မျက်တောင်တစ်ခတ်ဆိုလျှင်ပင် မြန်လှပြီ။
1,332,445
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့် ဤကိုယ်ခန္ဓာသည် မျက်တောင်တစ်ခတ်အတွင်းမှာ အကြိမ်များစွာ တစ်ကိုယ်လုံး အကျွတ်အကျွတ် ပြောင်းလဲ၍နေသည် ဧကန်မှန်၏။
1,332,446
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြောင်းလဲမှု အလွန်တရာ မြန်လှသည့်အတွက်ကြောင့် မျက်မြင်လိုက်နိုင်၍ သန္တတိပညတ်လှည့်စားတိုင်း မပြောင်းမလဲ အမြဲအခိုင်ကြီးဟု ထင်နေကြရသည် ဧကန်ဖြစ်သည်၊ သမ္မာသင်္ကပ္ပ ဝိတက်နှင့် အချက်ရှာကြံ၍ ဉာဏ်နှင့်ကြည့်တတ်ပါမူကား အပြောင်းအလဲ လျင်မြန်ကြောင်းကို ဉာဏ်မှီသမျှ သိသာလှ၏။
1,332,447
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာကား-- လူလောက်အရပ်သဏ္ဌာန်ရှိသော သံဖြူပုံးကြီးမှာ ရေအပြည့်ထည့်၍ မတ်မတ်တည်၍ထား၊ သံဖြူပုံးတစ်ခုလုံး၌ တည်ငြိမ်၍နေသော ရေတုံးရေခဲကြီးကို အတွင်းအပြင်အကုန်မြင်အောင် ကြည့်၍နေ၊ ထိုအခါ တစ်ယောက်သောသူသည် ဒန်ပူတစ်ပြားခန့် မိမိသို့ရှေ့ရှု သံဖြူပုံ့ကြီးကို စောင်ငဲ့လိုက်သည်ဖြစ်ခဲ့အံ့။
1,332,448
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြည့်၍နေသော ရေတုံးရေခဲကြီး ခဏချင်းအနေပျက်၍ သွား၏။
1,332,449
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုသူရှိရာသို့ ကိုင်းရှိုင်းသော အခဲကြီးဖြစ်ပြန်၏။
1,332,450
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ဖန် ပြင်ဖက်သို့ တွန်းပြန်အံ့။
1,332,451
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိသို့ ကိုင်းရှိုင်းသော အခဲကြီးသည် ခဏချင်းအနေပျက်ပြန်၏။
1,332,452
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြင်ဖက်သို့ ကိုင်းရှိုင်းသော အခဲကြီးဖြစ်ပြန်၏။
1,332,453
Uncategorized
ဥတ္တမပုရိသဒီပနီ
မစောင့်မငဲ့စေပဲ အတန်ငယ် အတန်ကြီး တီးလိုက်နှက်လိုက် လှုပ်ရှားလိုက်လျှင်ပင် တစ်ခဲလုံး တစ်တုံးလုံး အနေပျက်၍သွား၏။
1,332,454
Uncategorized
ဥတ္တမပုရိသဒီပနီ
[ဤခန္ဓာတစ်ကိုယ်လုံး ရုပ်ဓာတ် နာမ်ဓာတ် ပြောင်းမှု လဲမှုမှာလည်း ဤနည်းဥပမာနှင့် တူလှ၏။
1,332,455
Uncategorized
ဥတ္တမပုရိသဒီပနီ
] ရုပ်ဓာတ် နာမ်ဓာတ်တို့မည်သည် အမူအရာကြိယာ သက်သက်မျှသာ ဖြစ်ကြကုန်၏။
1,332,456
Uncategorized
ဥတ္တမပုရိသဒီပနီ
အသားအမျှင် အစေ့အဆန် အကျိတ်အခဲဟူ၍ အဏုမြူမျှ မရှိကြကုန်။
1,332,457
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့် ထိုရေတုံးရေခဲကြီး ပျက်ပြိုပြောင်းလဲမှုနှင့်တူစွာပင် ပျက်ချုပ်ပြောင်းလဲနိုင်သတည်း။
1,332,458
Uncategorized
ဥတ္တမပုရိသဒီပနီ
[ဤကား အသစ်အဟောင်း ပြောင်းလဲချက် လျင်မြန်ပုံကို ပြဆိုသော အခန်းတည်း။
1,332,459
Uncategorized
ဥတ္တမပုရိသဒီပနီ
] ယခုအခါ လှုပ်ရှားချက်လျင်မြန်ပုံကို ပြဆိုအံ့။
1,332,460
Uncategorized
ဥတ္တမပုရိသဒီပနီ
အိပ်နေရာမှ ထိုင်မည်ဟု စေတနာသင်္ခါရ လှုံ့ဆော်လိုက်လျှင် တစ်ကိုယ်လုံးရှိ အကြောကြီးအကြောငယ်တို့မှာ အင်္ဂမင်္ဂါနုသာရီခေါ်သော စိတ္တဇဓာတ်လေတို့သည် ခဏချင်း ပြည့်ကုန်၏။
1,332,461
Uncategorized
ဥတ္တမပုရိသဒီပနီ
အိပ်နေသောအခါ အကြောကြီးအကြောငယ်ဖြစ်၍နေသော ရုပ်ဟောင်းဓာတ်ဟောင်းတို့သည် ခဏချင်းချုပ်ပျောက်၍ ကုန်၏။
1,332,462
Uncategorized
ဥတ္တမပုရိသဒီပနီ
အကြောကြီးအကြောငယ်ဖြစ်၍ နေသော ရုပ်ဟောင်းရုပ်သစ် ခဏချင်း လဲပြောင်းမှုကို မြင်အောင်ကြည့် မြန်လှသည့်အတွက်ကြောင့် မျက်မြင်နှင့် မှန်းရမ်း၍မရ၊ ဉာဏ်အမြင်မှ လိုက်နိုင်တော့သည်၊ ဉာဏ်အမြင် လိုက်နိုင်မည်ဆိုသော်လည်း ဓာတ်မြန်မှုကို အစုတစ်ထောင်စု၍ တစ်စုမျှ မီသေးသည်မဟုတ်။
1,332,463
Uncategorized
ဥတ္တမပုရိသဒီပနီ
ပကတိလူတို့၏ စေတနာသင်္ခါရ၏အစွမ်းကား အင်္ဂမင်္ဂါနုသာရီခေါ်သော အကြောလျှောက် လေဓာတ်မျှကို ဖြစ်စေနိုင်သည်နှင့် ကောင်းကင်သို့ပျံတက်အောင် မတတ်နိုင်။
1,332,464
Uncategorized
ဥတ္တမပုရိသဒီပနီ
တန်ခိုးအဘိညာဏ် စေတနာသင်္ခါရသည်မူကား တစ်ကိုယ်လုံး လေဓာတ်ပြည့်အောင် တတ်စွမ်းနိုင်သည်ဖြစ်၍ ဤကိုယ်ခန္ဓာကို လဲဝါဂွမ်းခဲ၊ တိမ်လုံးတိမ်ခဲတို့ကဲ့သို့ ကောင်းကင်သို့ ပျံတက်လွှင့်သွားအောင် တတ်နိုင်သည်၊ တန်ခိုးအဘိညာဏ် မဟုတ်သော်လည်း ဥဗ္ဗေဂါပီတိနှင့် ယှဉ်သော စေတနာသင်္ခါရသည်လည်း ကောင်းကင်သို့ ပျံတက်အောင် တတ်နိုင်ပါ၏။
1,332,465
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤခန္ဓာကိုယ်မှာ လေးသောဓာတ်ကား မြေဓာတ်၊ ရေဓာတ် ဤနှစ်ပါးသာတည်း။
1,332,466
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ကိုယ်လုံးရှိသော မြေဓာတ်ရေဓာတ်စုသည် ချိန်ဝန်အားဖြင့် သုံးဆဲ့နှစ်ပိဿာ၊ သုံးဆဲ့ငါးပိဿာခန့်ရှိ၏။
1,332,467
Uncategorized
ဥတ္တမပုရိသဒီပနီ
အဘိညာဏ်ဇော ဥဗ္ဗေဂါဇော ဖြစ်ပေါ်လာခဲ့လျှင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ခဏချင်း တစ်ကိုယ်လုံး လေဓာတ်ပေါ်၍ လာသောအခါ လေးလှစွာသော မြေဓာတ်ရေဓာတ်အကုန်လုံး ခဏချင်း ကိုယ်လုံးကျွတ် ပျောက်ကွယ်လေ၏။
1,332,468
Uncategorized
ဥတ္တမပုရိသဒီပနီ
လေဓာတ်သို့ အစဉ်လိုက်သော အလွန်ပေါ့သော မြေဓာတ်ရေဓာတ်အသစ် ပြောင်းလဲလေ၏။
1,332,469
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကိုယ်ခန္ဓာသည် ချိန်ဝန်တစ်ပဲ တစ်ရွေးမျှ အလေးမရှိပြီ။
1,332,470
Uncategorized
ဥတ္တမပုရိသဒီပနီ
မှိုင်းခိုးပြည့်သော လောကဓာတ်မီးအိမ်ပျံကဲ့သို့ နေလေ၏။
1,332,471
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်မြင်ကို ဥပမာပြုလိုက်သည်။
1,332,472
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုမီးအိမ်ကား အလွန်လေး၏။
1,332,473
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်မြင်ပျောက်အောင် မလျင်မြန်နိုင်။
1,332,474
Uncategorized
ဥတ္တမပုရိသဒီပနီ
အဘိညာဏ်ဇော ဥဗ္ဗေဂါဇောတို့အစွမ်းကား မျက်မြင်ပျောက်အောင် လျင်မြန်နိုင်သည်၊ ဤကား ဇောစွမ်း လေဓာတ်စွမ်းနှင့်တကွ ရုပ်ပြောင်းလဲမှု လျင်မြန်ချက်ကို ဉာဏ်စူး၍သွားဖို့ ပြဆိုလိုက်သော အချက်စုတည်း။
1,332,475
Uncategorized
ဥတ္တမပုရိသဒီပနီ
စိတ္တကြိယာဝါယောဓာတု ဝိပ္ဖါရေန အယံကာယော ဂစ္ဆတိ တိဋ္ဌတိ နိသီဒတိ။
1,332,476
Uncategorized
ဥတ္တမပုရိသဒီပနီ
စိတ္တကြိယာဝါယောဓာတုဝိပ္ဖါရေန=ဇောစိတ်သည် ပြုအပ်သော ဝါယောဓာတ်လေ ပျံ့နှံ့ခြင်းကြောင့်၊ အယံကာယော=ဤကိုယ်သည်၊ ဂစ္ဆတိ=သွား၏၊ တိဋ္ဌတိ=ရပ်၏၊ နိသီဒတိ=ထိုင်၏။
1,332,477
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤပါဠိ၌ ဝိပ္ဖါရ ဆိုသည်ကား သေနတ်အမြောက်ပစ်သောအခါ အဟုန်နှင့်တကွ ထွက်လာသောလေ၏ ပျံ့နှံ့ခြင်းကဲ့သို့ ခဏချင်း အင်္ဂါကြီးငယ်တို့ကို လှုပ်ကြွအောင် အဟုန်နှင့်တကွ ပျံ့နှံ့လျှောက်သွားသောလေကို ဆိုသတည်း။
1,332,478
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးသင်္ဘောတို့မှာ ဆိုက်၍ ညအိပ်နေရာမှ ခုတ်တော့မည်ရှိရာ စက်ကိရိယာအလုံးစုံတို့ကို ပြင်းထန်စွာ နှိုးလိုက်သော အခိုးလေဓာတ်နှင့်လည်းတူ၏။
1,332,479
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဇော၏ ဖြစ်ပျက်ပုံ
1,332,480
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုအခါ ဇောခေါ်သော ဝိညာဏ်၏ ဖြစ်ပွားပုံ ပျက်ဆုံးပုံကို ပြဆိုပေအံ့။
1,332,481
Uncategorized
ဥတ္တမပုရိသဒီပနီ
- မီးရထား၌ ခေါင်းတွဲ မီးအိုးဓာတ်အိုးနှင့် ဟဒယဓာတ်အိမ် တူ၏။
1,332,482
Uncategorized
ဥတ္တမပုရိသဒီပနီ
- မီးအိုး ဓာတ်အိုးမှ တဟုပ်ဟုပ် အတွင်မှုတ်သော ဓာတ်လေနှင့် ဇောဝိညာဏ်နှင့် တူ၏။
1,332,483
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဓာတ်လေမှာ တစ်ချက်ခြင်းသာ မစဲဟုတ်သည် မှုတ်သည်။
1,332,484
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇောဝိညာဏ်မှာ ခုနစ်ချက် ခုနစ်ချက်ဆင့်၍ မှုတ်သည်၊ ဇောဆိုသည်ကား အရှိန်အဝှန် လျင်မြန်ပြင်းထန်သော ဓာတ်ဆိုလိုသည်။
1,332,485
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်သုတ်တစ်သုတ် ဖြစ်ပေါ်၍ ခုနစ်ချက် ခုနစ်ချက်ဆင့်၍ မှုတ်သောအခါ တစ်ကိုယ်လုံးမှာ ရုပ်ဓာတ်တို့သည် ရေမြှုပ်ဗုံးကွဲရာ ရေအိုင်ငယ်၌ ဖြန်းဖြန်းပြို သွက်သွက်လည် ရပ်တည်မရဖြစ်၍သွားသော ရေအစုနှင့် တူလှ၏။
1,332,486
Uncategorized
ဥတ္တမပုရိသဒီပနီ
ရေမြှုပ်ဗုံးမှာ ပရမ်းပတာကွဲ၍ အိုင်တွင်းရှိရေ ပရမ်းပတာ လှုပ်ရှားသည်၊ ဝိညာဏဓာတ်မှုတ်မှုမှာ အလိုဆန္ဒချုပ်အုပ်လျက်ရှိသောကြောင့် တစ်ကိုယ်လုံးဖြန်းဖြန်းပြို ဖြစ်ပေါ်သော ရုပ်ဓာတ်တို့မှာလည်း ဝိညတ်ရုပ်ချုပ်အုပ်ပဲ့ပြင်မှုပါသောကြောင့် ထိုပုဂ္ဂိုလ်အလိုရှိရာသို့ တညီတညာရှေးရှူ၍ ထကြွလှုပ်ရှားကြရကုန်သည်။
1,332,487
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်တောင်တစ်ခတ်ခန့်မျှ ကာလအတွင်းမှာ အသုတ်ပေါင်း တစ်ထောင်မကမှုတ်လေ၏။
1,332,488
Uncategorized
ဥတ္တမပုရိသဒီပနီ
သွားခြင်းဣရိယာပုထ်တစ်ခုမှာ ဓာတ်လေအမျိုးမျိုး ဖြစ်ပေါ်၏။
1,332,489
Uncategorized
ဥတ္တမပုရိသဒီပနီ
- ကိုယ်နှင့်ဦးခေါင်းကို မကိုင်းမညွတ်စေရန် အကြောမတို့ကို စိုက်ထူချီပင့်ထမ်းဆောင်၍နေသော ဥဿာပနဓာတ် လေမျိုး၊ ထမ္ဘနဓာတ် လေမျိုး၊ သန္ဓာရဏဓာတ် လေမျိုး။
1,332,490
Uncategorized
ဥတ္တမပုရိသဒီပနီ
- ခြေအကြောကြီးတို့ကို ချီကြွသည်ပိုးသော ဥက္ခေပဓာတ် လေမျိုး၊ အဘိနီဟာရဏဓာတ် လေမျိုး၊ ဝီတိဟရဏဓာတ် လေမျိုး။
1,332,491
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဆွဲငင်သော အာကဍ္ဎနဓာတ် လေမျိုး။
1,332,492
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပစ်ချသော နိက္ခေပဓာတ် လေမျိုး။
1,332,493
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဖိနင်းသော သန္နိရုမ္ဘနဓာတ် လေမျိုး။
1,332,494
Uncategorized
ဥတ္တမပုရိသဒီပနီ
- ခြေဖဝါးအပြင်မှ အလိုရှိရာပဲ့ပြင်သော ဥပ္ပီဠနဓာတ် လေမျိုး။
1,332,495
Uncategorized
ဥတ္တမပုရိသဒီပနီ
- လက်အင်္ဂါတို့ကို သယ်ပိုးသော သမိဉ္ဇနဓာတ် လေမျိုး၊ ပသာရဏဓာတ် လေမျိုး၊ အဘိက္ကမန ဓာတ်လေမျိုး၊ ပဋိက္ကမန ဓာတ်လေမျိုး။
1,332,496
Uncategorized
ဥတ္တမပုရိသဒီပနီ
- မျက်နှာကို လိုရာအရပ်သို့ ရှေးရှုသော အာလောကန ဓာတ်လေမျိုး၊ ဝိလောကနဓာတ် လေမျိုး။
1,332,497
Uncategorized
ဥတ္တမပုရိသဒီပနီ
အစရှိသည်ဖြင့် ခြေတစ်လှမ်း တစ်လှမ်းအတွင်းမှာပင် အရာမကသော ဓာတ်လေမျိုးတို့ကို ဖြစ်စေ၍ ကိုယ်ခန္ဓာကို ရွက်ဆောင်ပေ၏။
1,332,498
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဇောဝိညာဏ်သည် ထိုထိုဓာတ်လေမျိုးတို့ကို ဇောအသီးအသီးနှင့် ဖြစ်စေသည် မျက်တောင်တစ်ခတ်ခန့် ကာလအတွင်း၌ပင် အသုတ်ပေါင်း အထောင်မက အလွန်လျင်မြန်လှသောကြောင့်သာ ကြိယာအမျိုးမျိုးမှာပင် မလစ်မလပ် စေ့စပ်နိုင်လေသည်။
1,332,499
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇောဓာတ်အဟုန်ကြောင့် ဦးခေါင်းတစ်ခုလုံး၌ အောက်လေအုံလုံးကြွ၍ ထသောအခါ ပကတိရုပ်ဓာတ်ဟောင်း ဦးခေါင်းတစ်ခုလုံးသည် ချုပ်ပျက်ကွယ်ပျောက်လေ၏။
1,332,500
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာကား- ဦးခေါင်းပမာဏရှိသော ယမ်းခဲကြီးကို မီးထိ၍ တဟုန်တည်းတောက်ရာ၌ အေးမြသော တေဇောခဲကြီးသည် ခဏချင်းကွယ်ပျောက် ချုပ်ဆုံးလေ၏။