id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,333,401 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့သော သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာမှုတို့သည် သေခါနီးတိုင် ရောက်လျှင် တောင်ကြီးဖိသကဲ့သို့ လာကြမြဲဓမ္မတာဖြစ်၍နေသော ကြောင့် သေလျှင် မိမိ ကိုယ်ကို ကျလိုရာကျ လွှတ်၍ချရသော ဝိနိပါတ ဒုက္ခအပြစ်ကြီးကို ထိုစကြာမင်း မကွင်းမရှောင်သာချေ၊ ဤကား စကြာ မင်းအဖြစ်ဟူသော မနုဿသုခ၌ ဇရာမီးလောင်ချက်, မရဏမီးလောင် ချက်, သက္ကာယဒိဋ္ဌိ ငရဲမီးလောင်ချက်,... |
1,333,402 | Uncategorized | ဥတ္တမပုရိသဒီပနီ | နတ်ခန္ဓာ နတ်ဘဝ၊ သိကြားခန္ဓာ သိကြားဘဝ၊ ဗြဟ္မာ့ခန္ဓာ ဗြဟ္မာ့ ဘဝတို့မှာလည်း ထိုက်သည်အားလျော်စွာ ထိုမီးတို့ကို မြင်လေ။ |
1,333,403 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမီးတို့နှင့် နိစ္စအမြဲ ယှဉ်တွဲ၍နေခြင်းကြောင့် သေနေ့သို့ ဆိုက်သောအခါ တစ်ဘဝလုံး ခံစားစံစားခဲ့သမျှတို့သည် အရည်မရ အဖတ်မရ ကွယ်ပပျောက်ဆုံး၍ ကုန်ကုန်၏၊ သေကြသောအခါ ထို လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ ကွယ်ပ ပျောက်ဆုံးလေ၏၊ လက်ချည်းနှီး သို့ ဆိုက်ပြန်၏၊ သန်း ကြမ်းပိုး ခွေး ဝက် ကြက် တီ မျှော့ ကျွတ်စသည် တို့မှာ တည်ပြန်၏။ |
1,333,404 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကဿပ မြတ်စွာဘုရားသာသနာ၌ ဘိက္ခုနီရဟန်းဖြစ်၍ ပထမ စျာန်ကိုရ၍ ဗြဟ္မာ့ပြည်မှာဖြစ်လေ၍ ထိုမှသေသောအခါ လူ့ပြည်မှာ ဖြစ်၍ ထိုမှ ဝက်ဘဝသို့ ရောက်နေရာ ငါတို့မြတ်စွာဘုရား မြင်တော်မူ၍ |
1,333,405 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယထာ ပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ |
1,333,406 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆိန္နော ပိ ရုက္ခော ပုနရေဝ ရူဟတိ။ |
1,333,407 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဧဝံ ပိ တဏှာနုသယေ အနူဟတေ၊ |
1,333,408 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိဗ္ဗတ္တတီ ဒုက္ခ မိဒံ ပုနပ္ပုနံ။ |
1,333,409 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝက်အဖြစ်သို့ ရောက်သောအခါ သာသနာထမ်း ရဟန်းဘဝက လာခဲ့သော ဝက်, ဗြဟ္မာ့ပြည်က လာခဲ့သော ဝက်ဟူ၍ မထူးပြီ။ |
1,333,410 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့လျှင် မရဏမီး ချုပ်အုပ်လောင်ကျွမ်းမှုနှင့် ယှဉ်သော သုခတို့သည် အစစ်မဟုတ်ကုန်၊ ဒုက္ခအစစ် ဒုက္ခအမှန်သာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဇရာမရဏ ကျွတ်လွတ်မှုတစ်ခုသည်သာ ဧကန္တသုခ စင်စစ် သုခ ပရမတ္ထသုခ ဖြစ်သည်ဟု သိအပ်သတည်း၊ ယင်းသုခကို သတ္တ ကောသလ္လဌာနမှာ နိဿရဏ ခေါ်သတည်း။ |
1,333,411 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုက္ခသစ္စာစစ်တမ်း သုခသစ္စာစစ်တမ်း ပြီး၏။ |
1,333,412 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- လမ်းမတော် နှစ်မျိုး |
1,333,413 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုက္ခသစ္စာသို့ သွားသောလမ်း သုခသစ္စာသို့ သွားသောလမ်း။ |
1,333,414 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခု လောက၌ ခပ်သိမ်းသောသတ္တဝါတို့ ပုပုရွရွ နေ့နေ့ညည အား ထုတ်ကြသော အမှုတို့ကို ဝိဇ္ဇာမှုလော အဝိဇ္ဇာမှုလော စစ်၍ကြည့်။ |
1,333,415 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိဇ္ဇာမှုဆိုသည်ကား- ပြဆိုခဲ့ပြီးသော သတ္တကောသလ္လဌာနတို့၌ ဖြစ်ပွါး သော သမ္မာဒိဋ္ဌိမှုတည်း။ |
1,333,416 | Uncategorized | ဥတ္တမပုရိသဒီပနီ | မြေဓာတ်ကို ပေါက်အောင်ကြည့်မှု၊ ရေဓာတ်ကို ပေါက်အောင်ကြည့်မှု၊ မီးဓာတ်ကို ပေါက်အောင်ကြည့်မှု၊ လေဓာတ်ကို ပေါက်အောင်ကြည့်မှု စသည်ကို ဝိဇ္ဇာမှုဆိုသည်။ |
1,333,417 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဝိဇ္ဇာမှုဆိုသည်ကား- အနမတဂ္ဂသံသရာ၌ မိမိ၏ အဇ္ဈတ္တ မြေဓာတ် ရေဓာတ် မီးဓာတ်စသည်တို့၌ အစဉ်ထာဝရ အမြဲကျ၍လာ ခဲ့သော စိတ်မှောင်ကြီးသည် ရှိ၏၊ ထိုမှောင်ကြီးအတိုင်းနှင့် ဘဝဆက် တိုင်း ပြုမြဲတိုင်းသော လူ့အမှု လူ့ကိစ္စ, ရှင့်အမှု ရှင့်ကိစ္စ, ဒါနမှု, သီလမှု, ဖြစ်တတ်ရာရာ ဘာဝနာမှု, ပရိယတ်မှု, ပဋိပတ်မှု, ဒုစ္စရိုက်မှု, သုစရိုက်မှု, ခံစားမ... |
1,333,418 | Uncategorized | ဥတ္တမပုရိသဒီပနီ | လ။ ဇာတိပစ္စယာ ဇရာမရဏံ-ဟူသော ဒေသနာတော်အတိုင်း ဇရာမရဏ ချုပ်အုပ်သော ဒုက္ခသစ္စာသို့ သွားသော အနမတဂ္ဂသံသရာ မဟာလမ်းမတော်ကြီး ဖြစ်သတည်း၊ ဤအဝိဇ္ဇာမှုမှာ အဝိဇ္ဇာကို အသစ်ထူထောင်ရတော့သည် မဟုတ်ပြီ၊ အနမတဂ္ဂ သံသရာက အပြီးအစီး ပါခဲ့ပြီးဖြစ်သတည်း။ |
1,333,419 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိဇ္ဇာမှုမှာမူကား ယခု သဗ္ဗညုသာသနာနှင့် တွေ့ကြုံသောအခါ၌ ထို အဝိဇ္ဇာကိုသတ်၍ ထိုအဝိဇ္ဇာနေရာမှာ ဝိဇ္ဇာဖြစ်အောင် ထူထောင် ရသော အလုပ်ပေတည်း၊ ထိုဝိဇ္ဇာမှုသည်ကား အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓော။ |
1,333,420 | Uncategorized | ဥတ္တမပုရိသဒီပနီ | လ။ ဇာတိ နိရောဓာ ဇရာမရဏ နိရောဓော-ဟူသော ဒေသနာတော်အတိုင်း ဇရာ မရဏ ကျွတ်လွတ်ရာ သုခသစ္စာသို့သွား သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အနမတဂ္ဂသံသရာ၌ ကျွတ်လွတ်ကြသော နိဿရဏ လမ်းမတော်ကြီးတည်း။ |
1,333,421 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ဒုက္ခသစ္စာသို့ သွားသောလမ်းမတော်ကြီး၊ သုခသစ္စာသို့ သွားသော လမ်းမတော်ကြီးဟူ၍ စုန်လမ်းဆန်လမ်း နှစ်ပါးကို ခြားနား၍ ပြဆိုသော အခန်းတည်း။ |
1,333,422 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိဇ္ဇာလမ်းမှာ ခန္ဓာငါးပါးကို ပြဆိုခဲ့သည်ကား အလွန်များလွန်း ကျယ်လွန်း၏၊ မြေ ရေ မီး လေ စိတ် ဤဓာတ်ငါးလုံး ပေါက်လျှင်ပင် ပြီးတော့သည်။ |
1,333,423 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုအခါ ရောမနိုင်ငံ အပါအဝင်ဖြစ်သော တက္ကသိုလ်ဘုရင် ပက္ကုသာတိ မင်းကြီးသည် ဤဓာတ် ၅-လုံးနှင့် အာကာသဓာတ်၊ ဤဓာတ် ၆-လုံးကို မူတည်၍ ပေါက်လေ၏။ |
1,333,424 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆ ဓာတုရော အယံ ဘိက္ခု ပုရိသော။ |
1,333,425 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘိက္ခု=ရဟန်း၊ အယံ ပုရိသော=ဤသတ္တဝါစုသည်၊ ဆ ဓာတုရော= ဓာတ် ၆-လုံးရှိ၏။ |
1,333,426 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဥပရိပဏ္ဏာသ-ပါဠိတော်။ |
1,333,427 | Uncategorized | ဥတ္တမပုရိသဒီပနီ | ) အာကာသဓာတ် ဆိုသည်မှာ ခံတွင်းပေါက်, နားပေါက်, လည် ချောင်းပေါက်စသော အပေါက်ကြီးစုကိုပင် ပြတော်မူသည်၊ ထို့ကြောင့် ဓာတ် ၅-လုံးကို မူတည်၍ ကောသလ္လဌာန ၇-ပါး အစဉ်အတိုင်း ထင်မြင်အောင် အားထုတ် နိုင်ကြမူ ယခုဘဝပင် ဝိဇ္ဇာမှု သုခသစ္စာလမ်း ပေါက်နိုင်ရာပါ၏၊ ဤကား ဒုက္ခ သစ္စာ, ဒုက္ခမဂ္ဂ, သုခသစ္စာ, သုခမဂ္ဂ သစ္စာလေးပါးဖြစ်၏ အောက်ကပြဆိုခဲ့... |
1,333,428 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုသစ္စဒေသနာတော် နည်းအရနှင့် ပြဆိုမူကား- ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။ |
1,333,429 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုက္ခသစ္စာမှာ အောက်ကပြ ဆိုခဲ့ပြီးသော ဒုက္ခအစစ် ဒုက္ခအမှန်စုပင်တည်း၊ သမုဒယသစ္စာမှာ တဏှာကိုယူ၊ နိရောဓသစ္စာမှာ ပြဆိုခဲ့ ပြီးသော သုခအစစ် သုခအမှန် ဧကန္တသုခ အတိုင်းပင်တည်း၊ မဂ္ဂသစ္စာမှာလည်း ဝိဇ္ဇာမှုအတိုင်းပင်တည်း၊ မဂ္ဂင်ရှစ်ပါး၏ အခြင်းအရာကိုကား စတုတ္ထ ကောသလ္လဌာန၌ ပြဆိုခဲ့ပြီ။ |
1,333,430 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဝိဇ္ဇာနှင့်တဏှာမှာ အဝိဇ္ဇာချုပ်လျှင်လည်း တဏှာချုပ်တော့သည်။ |
1,333,431 | Uncategorized | ဥတ္တမပုရိသဒီပနီ | မထူးကြလှပြီ။ |
1,333,432 | Uncategorized | ဥတ္တမပုရိသဒီပနီ | လုပ်ခွင့်လုပ်ရပ်နှင့် ပြဆိုရာ၌ကား ဝိဇ္ဇာ၏ အဖက်ဖြစ်သော အဝိဇ္ဇာကို သမုဒယသစ္စာပြု၍ပြဆိုမှ ကမ္မဋ္ဌာန်းလုပ်ရပ် အကွက်အချက် သိသာထင်ရှားသတည်း။ |
1,333,433 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ္စာလေးပါးကို ပြဆိုခန်း ပြီး၏။ |
1,333,434 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘာသာတစ်ပါးတို့ မလှုပ်ချောက်ချား နိုင်စေခြင်းငှါသိအပ် နှလုံးသွင်းအပ်သော တရားများကို သိလိုပါသည် ဟူသော နဝမ လျှောက်ချက်ကို ဖြေဆိုခန်း ပြီး၏။ |
1,333,435 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဒုလ္လဘ ဩဝါဒတော် |
1,333,436 | Uncategorized | ဥတ္တမပုရိသဒီပနီ | မနုဿတ္တဒုလ္လဘ |
1,333,437 | Uncategorized | ဥတ္တမပုရိသဒီပနီ | လူ့အဖြစ်ကို ရခဲလှသည် ဆိုရာ၌- အပါယဒုက္ခမှ ကင်းလွတ်၍ မနုဿ သမ္ပတ္တိနှင့် ချမ်းသာစွာနေရသည့်အတွက်နှင့် ဆိုသလော၊ ကုသိုလ်အလုပ်မျိုး ဖြစ်ထွန်းရန် အခွင့်နှင့်ဆိုသလော၊ ချမ်းသာစွာနေရ သည့်အတွက်နှင့် ဆိုပါသည် ဟူငြားအံ့၊ လူ့ချမ်းသာမည်သည် နတ်ချမ်း သာကို ထောက်စာသော် ချမ်းသာဟူ၍ မဆိုစလောက်၊ ထို့ကြောင့် ချမ်းသာစွာနေရသည့် အတွက်နှင့် ဒုလ္လ... |
1,333,438 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထင်ရှားစေအံ့- ကုသိုလ်အလုပ်သည် မနုဿသမ္ပတ္တိ ဒေဝသမ္ပတ္တိ ဗြဟ္မာ့သမ္ပတ္တိ ပေါက်ရောက်အောင် လုပ်နည်း၊ ဗောဓိသုံးပါး ပေါက် ရောက်အောင် လုပ်နည်း ၂-လမ်းရှိ၏၊ ထို ၂-လမ်းတွင် မနုဿသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည်က လုပ်မှရသည်၊ နတ်ပြည် ၆-ထပ် ဒေဝသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည် ကလုပ်မှရသည်၊ ဗြာဟ္မာသမ္ပတ္တိကို လိုလျှင်လည်း လူ့ပြည်က လုပ... |
1,333,439 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဘောအချုပ်ကား ပညာရှိသောသူသည် လူ့ဘဝကို တစ်ခါရ လိုက်လျှင် လောကီသမ္ပတ္တိအရာမှာ မနုဿသမ္ပတ္တိပေါင်း အသောင်း အသိန်းထူထောင်မိ၏ ဒိဗ္ဗသမ္ပတ္တိပေါင်း အသောင်းအသိန်း ထူထောင် မိ၏ ကမ္ဘာများစွာ ချမ်းသာရှည်လျားသော ဗြဟ္မာ့သမ္ပတ္တိပေါင်းလည်း ထူထောင်မိ၏။ |
1,333,440 | Uncategorized | ဥတ္တမပုရိသဒီပနီ | ချဲ့ဦးအံ့- မနုဿသမ္ပတ္တိတွင် စကြာမင်းအဖြစ်သည် အထွတ် အထိပ်တည်း၊ စကြာမင်းအဖြစ်ကိုရသောသူသည် ထိုစကြာမင်း စည်း စိမ်ကို အသက်ထက်ဆုံး သုံးဆောင်ခံစား၍နေခဲ့သော် ခံစံမှုနှင့် လူ့တစ် ဘဝပြီးလေ၏၊ သေရာတွင် စည်းစိမ်လည်း ကွယ်ပလေ၏၊ အတိဒုလ္လဘ ရခဲလှသော လူ့ဘဝကိုလည်း အချည်းနှီး ကုန်ဆုံးစေ၏၊ ဒုလ္လဘ အချက်ကိုသိ၍ ရရှိသောစည်းစိမ်ကို စွန့်နိုင်ပါလ... |
1,333,441 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား လူ၏ဘဝ တစ်ကြိမ်ရလျှင် ရနိုင်သော လောကီစီးပွား လမ်းစုတည်း၊ ရရှိသောစကြာမင်း စည်းစိမ်ကို မစွန့်နိုင်လျှင် ထိုစည်းစိမ်ကို မလွှတ်နိုင် သည့်အတွက် စီးပွားလမ်းအကုန်ပျက်၏၊ ထို့ကြောင့် လူ့ဘဝကို ရသောသူ မည်သည် စကြာမင်း စည်းစိမ်ကိုသော်လည်း စွန့်လွှတ်နိုင် ရာ၏၊ လောကီစည်းစိမ်ကို ဘဝများစွာ ကမ္ဘာများစွာ ခံစံလိုသောသူသည် လောကီစည်းစိမ်... |
1,333,442 | Uncategorized | ဥတ္တမပုရိသဒီပနီ | တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ |
1,333,443 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္ပဿံ အတ္ထ မတ္တနော။ |
1,333,444 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘဝပ္ပဒေသကံ လဒ္ဓါ၊ |
1,333,445 | Uncategorized | ဥတ္တမပုရိသဒီပနီ | စဇေယျ ကပဏံ သုခံ။ |
1,333,446 | Uncategorized | ဥတ္တမပုရိသဒီပနီ | တသ္မာ ဟိ=ထို့ကြောင့်လျှင်၊ ပဏ္ဍိတော=ပညာရှိသော၊ ပေါသော= ယောက်ျားပြီသသူသည်၊ အတ္တနော=မိမိ၏၊ အတ္ထံ=ဖြစ်ထွန်းရာသော နောင်လာ အကျိုးစီးပွားကို၊ သမ္ပဿံ=ကောင်းစွာကြည်လင် အရှည်မြင် သည်ရှိသော်၊ ဘဝပ္ပဒေသကံ=ဘဝများစွာ ကမ္ဘာဘာဖို့ ချမ်းသာသုခ လုပ်တိုင်းရနိုင်သော ဘဝပဒေသာပင်ကြီးကို၊ လဒ္ဓါ=ရသောအခါ ဖြစ်၍၊ ကပဏံ သုခံ=မျက်တောင်တစ်ခတ် လျှပ်တစ်... |
1,333,447 | Uncategorized | ဥတ္တမပုရိသဒီပနီ | မနုဿတ္တ ဒုလ္လဘပြီး၏။ |
1,333,448 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်ခဲ့သည်ဟူရာ၌ အဘယ်တရား အတွက်နှင့် ဆိုပါသနည်း?၊ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရရာ ရကြောင်းဖြစ်သော ဒါနတရား သီလတရား ဘာဝနာတရားများ အတွက်နှင့်ဆိုပါသလော?၊ ဘုရားသာသနာအစစ်ဖြစ်သော ဗောဓိပက္ခိယတရား ၃၇-ပါး အတွက်နှင့် ဆိုပါသလော?၊ ဒါန သီလ ဘာဝနာ သာမညများသည် ကမ္ဘာ့တန်ဆာ ဓမ္မတာတရားစုဖြစ်သည်၊ ဘု... |
1,333,449 | Uncategorized | ဥတ္တမပုရိသဒီပနီ | တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထ မတ္တနော၊ သာသနံ အနုယုေဉ္ဇယျ၊ ဒိဋ္ဌာ ဗောဓိ ပဒေသကံ။ |
1,333,450 | Uncategorized | ဥတ္တမပုရိသဒီပနီ | တသ္မာ ဟိ=ထို့ကြောင့်လျှင်၊ ပဏ္ဍိတော=ပညာရှိသော၊ ပေါသော=ယောက်ျားပြီသသူသည်၊ အတ္တနော=မိမိ၏၊ အတ္ထံ=နောင်အလောင်း အလျာ ပါရမီညာဉ် အစဉ်ခြေမြစ် အနှစ်ရဲရဲ အကယ်မြဲ၍ သွားရန် အကျိုးကို၊ သမ္ပဿံ= ကောင်းစွာမြော်မြင်လျက်၊ ဗောဓိပဒေ သကံ=သုံးဖြာ ဗောဓိ ဝိဝဋ္ဋဓမ္မ လိုတိုင်းရသော ဗောဓိပဒေသာပင်ကြီးကို၊ ဒိဋ္ဌာ= တွေ့ကြုံရ၍၊ သာသနံ=သဗ္ဗညုမြတ်စွာ သာ... |
1,333,451 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗုဒ္ဓုပ္ပါဒဒုလ္လဘ ပြီး၏၊ |
1,333,452 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဗ္ဗဇိတ ဒုလ္လဘ |
1,333,453 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဗ္ဗဇိတသည် ပညာပဗ္ဗဇိတ သဒ္ဓါပဗ္ဗဇိတ ဘယာပဗ္ဗဇိတ။ |
1,333,454 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ ရှေ့ နှစ်ပါးကား ပါရမီရှိမှ ဖြစ်သည်၊ ဘယာပဗ္ဗဇိတဆိုသည်ကား မင်းဘေး သင့်၍ အနာဘေး သင့်၍ ရန်သူဘေးသင့်၍ လူမှုကျပ်လှ၍ လူရေ မလယ်လှ၍ ရဟန်းဖက်၌ အသက်မွေးဝမ်းကျောင်း လွယ်လှ၍ ပြုကြ သောရဟန်းစုကား ဘယာပဗ္ဗဇိတ ချည်းတည်း၊ သဗ္ဗညုသာသနာမည် သည် ပညာအလုပ်တည်း၊ လူဖြစ်စေ ရဟန်းဖြစ်စေ ပညာရှိရာမှာ သာသနာနေသည်၊ ခြသေ့င်္ဆီသည် သိင်္ဂိရွှေခွက်မှာသာနေသ... |
1,333,455 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထင်ရှားစေဦးအံ့--သဗ္ဗညုဘုရား သာသနာမည်သည် နတ်ပွဲ ဗြဟ္မာပွဲသာ တည်း၊ လူသည် နတ် ဗြဟ္မာ တစ်ကုဋေမှာ တစ်ယောက် ကျမျှရှိမည်မဟုတ်၊ ရဟန်းသည်လည်း လူတစ်သောင်းမှာ တစ်ယောက် ကျမျှရှိမည်မဟုတ်၊ သာဝတ္ထိ ပြည်မှာ လူအရိယာပေါင်း ကုဋေများစွာ လာသည်၊ သာဝတ္ထိပြည်သား အကျွတ်ရသော ရဟန်းတစ်သိန်းမျှ ထွက်မည်မဟုတ်၊ ထို့ကြောင့် ဘုရားသာသနာ၌ ပညာပဗ္ဗဇိတ သဒ္ဓ... |
1,333,456 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပညာပဗ္ဗဇိတော ပညံ၊ သဒ္ဓံ သဒ္ဓါ ပရိဗ္ဗဇော။ |
1,333,457 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘယာပဗ္ဗဇိတော လာဘံ၊ အနုယုဉ္ဇန္တိ သာသနေ။ |
1,333,458 | Uncategorized | ဥတ္တမပုရိသဒီပနီ | သာသနေ=သာသနာတော်၌၊ ပညာ ပဗ္ဗဇိတော=ပညာပဗ္ဗဇိတ ရဟန်းမျိုးသည်၊ ပညံ=တတ်မှု သိမှုကို၊ သဒ္ဓါ ပရိဗ္ဗဇော=သဒ္ဓါပဗ္ဗဇိတ သည်၊ သဒ္ဓံ=ဓုတင်စသော သဒ္ဓါမှုကို၊ ဘယာပဗ္ဗဇိတော=ဘယာပဗ္ဗဇိတ ရဟန်းမျိုးသည်၊ လာဘံ=ပစ္စည်းလာဘ် လာဘမှုကို၊ အနုယုဉ္ဇန္တိ=မဲကြ ကုန်၏။ |
1,333,459 | Uncategorized | ဥတ္တမပုရိသဒီပနီ | [မြင်လျှင်သိဖို့ ပဗ္ဗဇိတ လက္ခဏာသုံးပါး] |
1,333,460 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောဘာပဗ္ဗဇိတော လောဘံ၊ မောဟံ မောဟာပရိဗ္ဗဇော။ |
1,333,461 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပညာပဗ္ဗဇိတော=ပညာပဗ္ဗဇိတသည်၊ ပညံ=တတ်မှုသိမှုကို၊ သဒ္ဓါပရိဗ္ဗဇော=သဒ္ဓါပဗ္ဗဇိတသည်၊ သဒ္ဓံ=ဓုတင်စသော သဒ္ဓါမှုကို၊ လောဘာပဗ္ဗဇိတော=အစားကောင်း အဝတ်ကောင်း အိပ်ရာနေရာ ကောင်း အရိပ်အဝါသကောင်းနှင့် နေရသည်ကို သာယာသော လောဘ ဖြင့် ရဟန်းပြုသောသူသည်၊ လောဘံ=အကောင်းအမွန် အတင့်အတယ် အဖွယ်အရာ သာယာမှုကို၊ မောဟာပရိဗ္ဗဇော=သာသနဓမ္မ ခက်ခဲလှပုံကို ... |
1,333,462 | Uncategorized | ဥတ္တမပုရိသဒီပနီ | [မြင်လျှင်သိဖို့ ပဗ္ဗဇိတ လက္ခဏာလေးပါး။ |
1,333,463 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ပဗ္ဗဇိတဒုလ္လဘ ပြီး၏။ |
1,333,464 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ |
1,333,465 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ပသာဒသဒ္ဓါ၊ |
1,333,466 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ အာဂမသဒ္ဓါ၊ |
1,333,467 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ဩကပ္ပနသဒ္ဓါ၊ |
1,333,468 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ အဓိဂမသဒ္ဓါ။ |
1,333,469 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ကြည်ညိုထိုက်သောဂုဏ်ကို ကြားရ မြင်ရလျှင် ကြည်ညို တတ်သော သဒ္ဓါသည် ပသာဒသဒ္ဓါတည်း၊ ဉာဏဝိပ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ သဒ္ဓါခိုင် မဟုတ်။ |
1,333,470 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ဣတိ ပိ သော, သွာက္ခာတော, သုပ္ပဋိပန္နော ဂုဏ်များကို မြင်၍ ကြည်ညိုသောသဒ္ဓါသည် ဩကပ္ပန သဒ္ဓါမည်၏၊ ဉာဏသမ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ ယခု တစ်ဘဝမျှတွင် ခိုင်၏၊ သေလျှင် ပျောက်၏။ |
1,333,471 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ နိယတဗျာဒိတ်ကိုရပြီးသော အလောင်းအလျာတို့၏ ဒါန သီလမှုတို့၌ ဖြစ်လေရာရာ အစဉ်ပါ၍နေသော သဒ္ဓါသည် အာဂမသဒ္ဓါ မည်၏။ |
1,333,472 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုရ၍ မိမိအဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ပြီးသော အရိယာတို့၏သဒ္ဓါသည် အဓိဂမ သဒ္ဓါမည်၏။ |
1,333,473 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤလေးပါးတွင် |
1,333,474 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပသာဒ သဒ္ဓါသမ္ပတ္တိမျှသည်ပင် အလွန်ရခဲ၏၊ ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံမှာနေကြသူ လူမျိုးအများရှိကြ၏၊ ပသာဒသဒ္ဓါမျှပင် မဖြစ်လိုကြ။ |
1,333,475 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဩကပ္ပန သဒ္ဓါနှင့် ပြည့်စုံသောသူသည် မြတ်စွာဘုရား တပည့်သား အနွယ်အဆက်မှန်လျှင် အလဇ္ဇီ ဒုဿီလ တို့၌ပင် အနွယ်နှင့်စပ်၍ လေးမြတ်ရိုသေနိုင်၏။ |
1,333,476 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဂမသဒ္ဓါနှင့် ပြည့်စုံသောသူသည် ဒါန သီလမှုနှင့်ကင်း ၍ မနေနိုင်ပြီ။ |
1,333,477 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဓိဂမသဒ္ဓါနှင့် ပြည့်စုံသော သူသည် နိဗ္ဗာန်ရသည့် ဘဝ တိုင်အောင် သရဏဂုံသုံးပါး နိစ္စသီလငါးပါး သုစရိုက် ဆယ်ပါး ဗောဓိပက္ခိယတရား ၃၇-ပါး သိက္ခာသုံးပါး အစဉ် မြဲ၍သွား၏။ |
1,333,478 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤစကားရပ်မှာ မိမိ၏ အဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ကြပုံကားဝက်ရူးနာ ရှိသောသူသည် နှလုံးကို လှုံ့ဆော်နိုင်သော ဆိုင်းသံ ဝိုင်းသံ ပွဲကြီး လမ်းကြီးနှင့် တွေ့ကြုံသောအခါ ဝက်ရူးနာပေါ်၏၊ နောက်အခါ ဆေးကောင်း ဝါးကောင်း သမားကောင်းနှင့်တွေ့၍ အမြစ်အရင်းနှင့်တကွ ကင်းရှင်းပျောက်ငြိမ်းလေ၏၊ ပွဲကြီးလမ်းကြီးနှင့် တွေ့သော်လည်း ကိစ္စမရှိပြီ၊ ... |
1,333,479 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤအတူ လောက၌ ရာဂဖြစ်ပွားဖို့ အခွင့်စု ဒေါသဖြစ်ပွားဖို့ အခွင့်စု မာနဖြစ်ပွားဖို့ အခွင့်စု မောဟ ဥဒ္ဓစ္စဖြစ်ပွားဖို့ အခွင့်စုသည် အပြည့်ရှိ၏၊ ထိုအခွင့်စုမှာ ရှေးအခါ ရာဂစသည် ဖြစ်ပွားခဲ့လှပြီ၊ အရိယာ ဖြစ်ပြီးသော အခါ ထိုအခွင့်စုနှင့် တွေ့ကြုံသော်လည်း ဖြစ်နေကျရာဂ မဖြစ်လာပြီ၊ ဖြစ်နေကျဒေါသ မဖြစ်လာပြီ၊ ထိုအခါ ဤသို့သိ၏ ဤအခွင့် မှာ ရှ... |
1,333,480 | Uncategorized | ဥတ္တမပုရိသဒီပနီ | သူတစ်ပါးတို့မှာ ဖြစ်၍ နေကြသည်ကို မြင်သောအခါ၌လည်း ကောင်း, ကြားရသော အခါ၌လည်းကောင်း ထို့အတူ ငါ့မှာ အဖြစ်ငြိမ်း ပေပြီဟု သိ၏၊ ထိုသို့သော ရာဂမှ ဒေါသမှ ကျွတ်ပေပြီ လွတ်ပေပြီဟု သိ၍ ဝမ်းမြောက်၏၊ ဝက်ရူးနာရှိ၍နေသော သူတစ်ယောက်သည် ဝက်ရူးနာပေါ်၍နေသော သူ တစ်ယောက်ကို မြင်ရလျှင် ကြားရလျှင် ငါလည်း သည်သူလို ဖြစ်ရအံ့၊ ယနေ့ လား နက်ဖြန်လားဟု... |
1,333,481 | Uncategorized | ဥတ္တမပုရိသဒီပနီ | သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။ |
1,333,482 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာတုရေသု မနုေဿသု၊ ဝိဟရာမ အနာတုရာ။ |
1,333,483 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဓမ္မပဒပါဠိတော် -၄၃) |
1,333,484 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကိလေသာ ကျင်နာမှု မငြိမ်းသူတို့ကို မြင်၍ မိမိအဇ္ဈတ္တသန္တာန်၌ ကိလေသာ ကျင်နာမှု ငြိမ်းသည်ကို ဝမ်းမြောက်သော ဂါထာဒေသနာ တည်း၊ လောက၌ မိမိသန္တာန်မှာ ရှိနေသော မြေ ရေ လေ မီး စသော ဓာတ်အစုတို့ကို မမြင်မှု အဝိဇ္ဇာကြောင့် ငါဟူ၍ စွဲလမ်းခြင်းနှင့်တကွ ဇရာမရဏမီး၏ အစီးအပွားတို့ကို စိတ်ရောကိုယ်ပါ ပူမှန်းမသိ အေးမှန်း မသိ ကူလီအလုပ် ကုန်သည်အ... |
1,333,485 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗာလုဿုက သင်္ခါရဟူရာ၌ ---- |
1,333,486 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗာလာနံ ဥဿုကောတိ ဗာလုဿုကော။ |
1,333,487 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗာလာနံ=အဝိဇ္ဇာ မှောင်ဓာတ် အကျပ်အတည်း ဖုံးပိတ်၍ နေကြကုန်သော အန္ဓပုထုဇန်တို့၏၊ ဥဿုကော=ကြောင့်ကြစိုက်မှုတည်း၊ ဣတိ=ဤသို့သော အကြောင်းကြောင့်၊ ဗာလုဿုကော=ဗာလုဿုက မည်၏။ |
1,333,488 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဝိဇ္ဇာ သင်္ခါရ နှစ်ပါးတွင် သင်္ခါရကို ဆိုသတည်း၊ တဏှာ ဥပါဒါန် ဘဝသုံးပါးတွင် ကမ္မဘဝမှုကို ဗာလုဿုက ဆိုသည်၊ ထိုသို့သော ဗာလုဿုကမှုတို့ကို စိတ်ရောကိုယ်ပါ ရယ်ကာပြုံးကာ လုပ်ဆောင်၍ နေကြသော အန္ဓပုထုဇန် မြို့ကြီး ရွာကြီး စျေးကြီး နာကြီး ဆိပ်ကြီး ကမ်းကြီး လမ်းကြီး စခန်းကြီးစသည်တို့၌ ဆူဆူညံညံ လုလုယက်ယက် ပြောဆို ပြုလုပ်၍နေကြသော အန္... |
1,333,489 | Uncategorized | ဥတ္တမပုရိသဒီပနီ | သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။ |
1,333,490 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥဿုကေသု မနုေဿသု၊ ဝိဟရာမ အနုဿုကာ။ |
1,333,491 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗာလုဿုက သင်္ခါရမှု နှိပ်စက်၍ နေကြသော အန္ဓပုထုဇန်တို့ကို မြင်၍ မိမိအဇ္ဈတ္တသန္တာန်၌ အဝိဇ္ဇာချုပ်ငြိမ်းမှု တဏှာချုပ်ငြိမ်းမှုကို မြင်၍ ဝမ်းမြောက် သော ဂါထာဒေသနာ၊ လူဖြစ်လျက် မျက်စိကန်း နားကန်း အရူး အသွပ် စသည်ကို မြင်သောအခါ၌လည်းကောင်း, အပါယ်လေး ဘုံ၌ ဆင်းရဲဒုက္ခခံနေရသော သတ္တဝါတို့ကို မြင်ရသောအခါ၌လည်း ကောင်း သတိသံဝေဂ ရှိကြသောပ... |
1,333,492 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗုဒ္ဓုပ္ပါဒအခါမည်သည် ဇရာမရဏမီး သက္ကာယဒိဋ္ဌိမီး အစရှိသော အနမတဂ္ဂ ဝဋ္ဋဒုက္ခမီးတို့၏ ငြိမ်းမှုတစ်ခုကိုသာ မဲရမည့်အခါတည်း၊ လူဖြစ် သော သူသည်လည်း လူ့အမှု လူ့စည်းစိမ်ကို စွန့်လွှတ်၍ အဝိဇ္ဇာဓာတ်ကို သတ်မှု တစ်ခုသာ အလုပ်ထားရမည့်အခါ ဖြစ်သည်၊ လူ့စည်းစိမ်မည် သည် အနမတဂ္ဂ သံသရာ ဓမ္မတာတည်း၊ ယခုဘဝမှ တွေ့ရသည် မဟုတ်၊ သေဋ္ဌေးဖြစ်သူလည်း သေဋ... |
1,333,493 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသို့ဖြစ်ပါလျက် ရခဲလှစွာ ကြုံကြိုက်ခဲလှစွာသော ဗုဒ္ဓုပ္ပါဒခဏ နှစ် အဖိုးတန် လအဖိုးတန် ရက်အဖိုးတန် နာရီအဖိုးတန် ခဏအဖိုးတန် တွေကို အလွန်ခံ၍ အကုန်ခံ၍ တဏှာဥပါဒါန် ဆွဲငင်ရာပါ၍ လိုက်စား၍ သေဋ္ဌေး စည်းစိမ် မင်းစည်းစိမ် နတ်စည်းစိမ် သိကြားစည်းစိမ် ဗြဟ္မာ့ စည်းစိမ်များနှင့် နေ့ကုန် ရက်ကုန် လကုန် နှစ်ကုန်၍နေကြသော သူတို့ကို မြင်သော... |
1,333,494 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ ဘဝမှာ သင်္ခါရနှင့် တူပြီ။ |
1,333,495 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇာတိမှာ ဝိညာဏ်နှင့် တူပြီ။ |
1,333,496 | Uncategorized | ဥတ္တမပုရိသဒီပနီ | ။ ဤတွင်ရွေ့ကား မိမိ၏ အဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ကို မြင်ပြီးသော အရိယာတို့၏ ဟူသော စကား၌ မိမိ၏အဇ္ဈတ္တသန္တာန်တွင် နိဗ္ဗာန်ကို မြင်ပုံကို ပြဆိုလိုက်သော အခန်းတည်း။ |
1,333,497 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဒ္ဓါသမ္ပတ္တိဒုလ္လဘ ပြီး၏။ |
1,333,498 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဒ္ဓမ္မသဝန အတိဒုလ္လဘ |
1,333,499 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဒ္ဓမ္မဆိုသည်ကား သာသနာကို ဆိုသတည်း၊ ထိုသာသနာ သည် အဓိသီလသိက္ခာ သာသနာ၊ အဓိစိတ္တသိက္ခာ သာသနာ၊ အဓိပညာ သိက္ခာ သာသနာဟူ၍ သုံးပါးရှိ၏၊ အောက်၌ပြခဲ့သော သိက္ခာသုံးပါး ပင်တည်း၊ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူ၍လည်း အဋ္ဌကထာများမှာလာ၏၊ အနမတဂ္ဂသံသရာ၌ ငါ၏ နား နှစ်ဖက်မှာ လူ၌ဖြစ်သော အသံမျိုး စကားမျိုး, နတ်၌ဖြစ်သော အသံမျိုး ... |
1,333,500 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမီးစု လွတ်ငြိမ်းရန် အသံမျိုးသည် ငါ၏နားမှာ သီလာဖူးသည် မရှိ၊ ယခုဘဝ ကြုံကြိုက်၍နေခဲ့ပြီ၊ ငါ၏နားကို သံသရာမီးငြိမ်းရန် အသံစုမှ ယခုဘဝ အသုံးချတော့မည်ဟု သတိရှိသင့်လှသည်-- မောင်သော်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.