id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,333,501 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဒ္ဓမ္မသဝန ဒုလ္လဘ ပြီး၏။ |
1,333,502 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- သက္ကရာဇ် ၁၂၆၂- ခု၊ ပြာသိုလပြည့်ကျော် (၁) ရက်နေ့ ပြီး၏။ |
1,333,503 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤတွင်ရွေ့ကား ဥတ္တမပုရိသ ဒီပနီကျမ်း ပြီး၏။ |
1,333,504 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | တစ်ခါက သူတစ်ပါးအိမ်တွင် အစေခံလုပ်နေရရှာသော သူဆင်းရဲမလေးတစ်ယောက် ရှိသည်။ |
1,333,505 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | သူဆင်းရဲမလေးသည် ပစ္စည်းဥစ္စာ ဆင်းရဲသော်လည်း ဉာဏ်ပညာချမ်းသာသူ ဖြစ်၏။ |
1,333,506 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဘာသာတရား ကိုင်းရှိုင်းပြီး ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်သူ ဖြစ်သည်။ |
1,333,507 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ကိုယ်ကျင့်တရားကောင်း မွန်ပြီး ငါးပါးသီလကိုလည်း အမြဲစောင့်ထိန်းသည်။ |
1,333,508 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ညစဉ် ဘုရားရှိခိုးခြင်း၊ ဘုရားဂုဏ်တော်များ ရွတ်ဖတ် ပွားများခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းတို့ကို ပြုလေ့ရှိပြီး သတ္တဝါများကို မေတ္တာပို့ အမျှဝေသည်။ |
1,333,509 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဆင်းရဲလွန်းသဖြင့် အလှူဒါန မပြုနိုင်သော်လည်း သူတတ်နိုင်သည့် ကုသိုလ်များကို မရ ရအောင်ယူသည်။ |
1,333,510 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | အခြားသူများ၏ အလှူဒါနပြုမှုကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေ့ရှိ၏။ |
1,333,511 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | တစ်နေ့တွင် သူဆင်းရဲမလေးက “ငါသည် ဆင်းရဲလှသောကြောင့် သူတစ်ပါးအိမ်တွင် အိမ်စေ ဖြစ်နေရ၏၊ အလှူဒါနလည်း မလုပ်နိုင်၊ ငါလုပ်နိုင်သည်မှာ သီလကို မကျိုးပေါက်အောင် စောင့်ထိန်း ခြင်းဖြစ်သည်၊ ငါးပါးသီလ စောင့်ထိန်းရုံသာမက ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ စောင့်ထိန်းနိုင်ရန် သူဌေးထံ ခွင့်တောင်းမည်”ဟု ကြံစည်မိသည်။ |
1,333,512 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | သူဌေးထံ ခွင့်တောင်းသောအခါ သူဌေးကလည်း ဘာသာတရား ကြည်ညို ကိုးကွယ်သူ ဖြစ်သောကြောင့် သူဆင်းရဲမလေးအား ဥပုသ်စောင့်ခွင့် ပြုလိုက်သည်။ |
1,333,513 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဤသို့ဖြင့် သူဆင်းရဲမလေးသည် ဥပုသ်နေ့၌ ဝမ်းမြောက်ဝမ်းသာ သီလခံယူဆောက်တည်သည်။ |
1,333,514 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဘုရားရှင်ဟောကြားသော တရားတော်များကို နာယူသည်။ |
1,333,515 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | သီလကိုလည်း မကျိုးပေါက်အောင် စောင့်ထိန်း သည်။ |
1,333,516 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | မိမိ၏သီလကို အမြဲဆင်ခြင်ပွားများကာ ပီတိများ တဖွားဖွား ဖြစ်နေသည်။ |
1,333,517 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | သူဆင်းရဲမလေး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်၍ နတ်စည်းစိမ်တို့ကို ရရှိခံစားခဲ့ရသည်။ |
1,333,518 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဘဝ များစွာ အပါယ်လေးပါးသို့ မကျရောက်ဘဲ ကောင်းသောဘဝ၊ မြင့်မြတ်သော ဘဝများတွင်သာ ဖြစ်ရလေသည်။ |
1,333,519 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဂေါတမဘုရားရှင် လက်ထက်တော်၌ ထို သူဆင်းရဲမလေးသည် သူဌေးကြီးတစ်ဦး၏ သမီး ဖြစ်လာပြီး မိဘများက “ဥတ္တမာ”ဟု အမည်ပေး ကြ၏။ |
1,333,520 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဥတ္တမာသည် ငယ်ရွယ်စဉ်ကတည်းကပင် ဘာသာတရား ကိုင်းရှိုင်းသူဖြစ်သည်။ |
1,333,521 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | အသက် ခုနစ်နှစ်အရွယ်ကပင် သာမဏေမ (အမျိုးသမီး သာမဏေ) အဖြစ်ခံယူ၍ တရားဘာဝနာ ပွားများ အားထုတ်လေသည်။ |
1,333,522 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | နောင်အခါတွင် ဥတ္တမာသည် “ဥတ္တမာ ထေရီ”ဟူသော ဘွဲ့အမည်ဖြင့် ရဟန်းမဖြစ်လာ ပြီး သူဆင်းရဲမလေးဘဝက ပြုလုပ်ခဲ့သော ကောင်းမှုများကြောင့် တရားထူးကို အလျင် အမြန်ရရှိကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ လေသည်။ |
1,333,523 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊ အဲဒါ ဒါနပါ။ |
1,333,524 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | စည်းစိမ်ဥစ္စာ ချမ်းသာဖို့၊ ဒါနပြုကြစို့။ |
1,333,525 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ကိုယ်နှင့် နှုတ်ကိုစောင့်ထိန်းတာ၊ အဲဒါ သီလပါ။ |
1,333,526 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ကောင်းရာဘဝ ရရှိဖို့၊ သီလစောင့်ကြစို့ ။ |
1,333,527 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ကမ္မဋ္ဌာန်းတရား အားထုတ်တာ၊ အဲဒါ ဘာဝနာ။ |
1,333,528 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဒုက္ခကင်းကွာချုပ်ငြိမ်းဖို့၊ ဘာဝနာတရား ပွားများစို့။ |
1,333,529 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | ဒါန သီလ ဘာဝနာ၊ အဲဒါ အားကိုးရာ။ |
1,333,530 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ဥတ္တမာထေရီ | နေ့စဉ်တိုင်းသာ တိုးပွားဖို့၊ အမြဲ ကြိုးစားစို့။ |
1,333,531 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ။ ဥတ္တမာထေရီ |
1,333,532 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ။ မိမိတတ်နိုင်သည့် ကုသိုလ်ကောင်းမှုအလုပ်များကို ပြုလုပ်တတ်စေရန်။ |
1,333,533 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။ |
1,333,534 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -ကုသိုလ် ဆိုတာ ဘာကိုပြောတာလဲ။ |
1,333,535 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကုသိုလ်ရဲ့ အဓိပ္ပာယ်က ဘာလဲ။ |
1,333,536 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ထို့နောက် “အပြစ်ကင်းသော၊ မိမိနှင့် သူတစ်ပါး ကောင်းကျိုးဖြစ်စေတတ်သော၊ ကောင်းသောအပြုအမူ၊ အပြော အဆို၊ အတွေးအကြံများကို ကုသိုလ်”ဟု ခေါ်ဆိုကြောင်း ကလေးများနားလည်အောင် ရှင်းပြပေးပါ။ |
1,333,537 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | (“အပြစ်ကင်း တယ်” ဟူသော စကားလုံးကိုလည်း နားလည်အောင် ရှင်းပြပေးရန် လိုသည်။ |
1,333,538 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ) ֍ ပြီးလျှင် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။ |
1,333,539 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ “ကုသိုလ်ရမယ့် အလုပ်တွေက ဘာတွေလဲ”ဟု မေးကာ အုပ်စုတိုင်းကို စဉ်းစားချိန်ပေးပါ။ |
1,333,540 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ စဉ်းစားပြီးသောအခါ အုပ်စုကိုယ်စားလှယ် တစ်ဦးစီက၎င်းတို့ စဉ်းစားထားသည်များကို အတန်းရှေ့သို့ထွက်၍ ပြောပြကြပါစေ။ |
1,333,541 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ကလေးများ၏ အဖြေများကို မှတ်သားထားပြီး “ကုသိုလ်ရမယ့် အလုပ်တွေက ရှင်ပြုတာ၊ အလှူပေးတာ၊ ပေးကမ်းလှူဒါန်းတာ၊ အလှူမှာ ဝိုင်းဝန်းကူညီပေးတာ၊ သီလစောင့်ထိန်းတာ၊ ဘုရားရှိခိုးတာ၊ မေတ္တာပို့တာ၊ အမျှဝေတာ၊ သာဓုခေါ်တာ စတာတွေက ကုသိုလ်ရမယ့်အလုပ်တွေ ဖြစ်တယ်”ဟု ဆရာက ပြောပြပါ။ |
1,333,542 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ထို့နောက် “ပစ္စည်းဥစ္စာမရှိဘဲနဲ့ ဘယ်လို ကုသိုလ်ကောင်းမှုပြုမလဲ၊ အဲဒီလိုပြုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ”ဟူသော မေးခွန်းကို မေးမြန်း၍ ကလေးများ၏ အဖြေကို လက်ခံနားထောင်ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,333,543 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ “ပစ္စည်းဥစ္စာမရှိဘဲနဲ့ ကုသိုလ်ကောင်းမှုပြုရင် ဘာဖြစ်နိုင်သလဲဆိုတာသိဖို့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်ကြည့် ကြရအောင်”ဟု ဆိုကာ ကျောင်းသားကိုင်စာအုပ်ပါ ဥတ္တမာထေရီ ဇာတ်လမ်းကို ဖတ်ကြပါစေ။ |
1,333,544 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ကလေးများ ဖတ်ပြီးပါက နားမလည်နိုင်သော စကားလုံးများကို ရှင်းလင်းပြောပြပေးပါ။ |
1,333,545 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဥတ္တမာထေရီ |
1,333,546 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | တစ်ခါက သူတစ်ပါးအိမ်မှာ အစေခံလုပ်ရရှာတဲ့ သူဆင်းရဲမလေး တစ်ယောက်ရှိတယ်။ |
1,333,547 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သူဆင်းရဲမလေးက ဥစ္စာဆင်းရဲပေမဲ့ အသိဉာဏ်ပညာ ချမ်းသာတယ်။ |
1,333,548 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်သူ ဖြစ်တယ်။ |
1,333,549 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ငါးပါးသီလကိုလည်း အမြဲစောင့်ထိန်းတယ်။ |
1,333,550 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဆင်းရဲ လွန်းလို့ အလှူဒါနမပြုနိုင်ပေမဲ့ သူလုပ်နိုင်တဲ့ဘက်ကနေ ကုသိုလ်တွေရအောင် ပြုလုပ်လေ့ရှိပါတယ်။ |
1,333,551 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သူဆင်းရဲမလေးဟာ ညစဉ်ဘုရားရှိခိုး၊ ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများပြီး သတ္တဝါတွေကို မေတ္တာပို့ အမျှဝေတယ်။ |
1,333,552 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | တရားဘာဝနာ ပွားများအားထုတ်တယ်။ |
1,333,553 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အလှူဒါန ပြုလိုစိတ် ထက်သန်ပေမဲ့ ပစ္စည်းဥစ္စာ ဆင်းရဲပြီး သူတစ်ပါးအိမ်မှာ အလုပ်အကျွေး ပြုနေရတဲ့အတွက် မလှူနိုင်ရှာဘူး။ |
1,333,554 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒါပေမဲ့ သူဆင်းရဲမလေးက ဉာဏ်ပညာ ချမ်းသာတဲ့သူဖြစ်တော့ တခြားလူတွေရဲ့ အလှူဒါနပြုမှုကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါပြီး ကုသိုလ်ယူလေ့ရှိတယ်။ |
1,333,555 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | တစ်နေ့မှာ သူဆင်းရဲမလေးက “ငါက ငွေကြေးဥစ္စာမချမ်းသာလို့ သူတစ်ပါးအိမ်မှာ အိမ်စေ ဖြစ်နေရတယ်။ |
1,333,556 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အလှူဒါနပြုချင်ပေမဲ့လည်း မလှူနိုင်ဘူး။ |
1,333,557 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒီတော့ ငါလုပ်နိုင်တာက သီလကို မကျိုးပေါက်အောင် စောင့်ထိန်းခြင်းပဲ။ |
1,333,558 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ငါးပါးသီလကို စောင့်ထိန်းရုံသာမက ဥပုသ်နေ့မှာလည်း ရှစ်ပါးသီလစောင့်ထိန်းနိုင်ဖို့ သူဌေးဆီမှာ ခွင့်တောင်းရမယ်” လို့ ကြံစည်မိတယ်။ |
1,333,559 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒါနဲ့ပဲ သူဌေးဆီမှာ ခွင့်တောင်းလိုက်တယ်။ |
1,333,560 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သူဌေးကလည်း ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူ ပီပီ သူဆင်းရဲမလေးကို ဥပုသ်စောင့်ခွင့် ပြုလိုက်တယ်။ |
1,333,561 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဥပုသ်နေ့တစ်နေ့မှာ သူဆင်းရဲမလေးဟာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သီလခံယူဆောက်တည်ပြီး ဘုရားရှင် ဟောကြားတဲ့ တရားတော်များကို နာယူတယ်။ |
1,333,562 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သီလကိုလည်း မကျိုးပေါက်အောင် အမြဲတမ်း ဆင်ခြင်အောက်မေ့ပြီး စောင့်ထိန်းတဲ့အတွက် ပီတိဖြစ်နေတယ်။ |
1,333,563 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သူဆင်းရဲမလေး သေသွားတဲ့အခါ တာဝတိံသာနတ်ပြည်မှာ နတ်စည်းစိမ် တွေကို ခံစားရရှိရုံသာမက ဘဝများစွာ အပါယ်လေးပါးသို့ မကျရောက်ရဘဲ ကောင်းတဲ့ဘဝ၊ မြင့်မြတ်တဲ့ ဘဝတွေကိုသာ ရရှိခဲ့တယ်။ |
1,333,564 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒီလိုနဲ့ ဗုဒ္ဓဘုရားရှင်လက်ထက်မှာ အဲဒီသူဆင်းရဲမလေးက သူဌေးကြီးတစ်ယောက်ရဲ့ သမီးဖြစ်လာတယ်။ |
1,333,565 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | သူဌေးသမီးလေးကို မိဘတွေက “ဥတ္တမာ”လို့ အမည်ပေးတယ်။ |
1,333,566 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ငယ်စဉ်ကတည်းက “ဥတ္တမာဟာ ဘာသာတရားကို ကိုင်းရှိုင်းတယ်။ |
1,333,567 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အသက် ခုနစ်နှစ်အရွယ်မှာ သာမဏေမ (အမျိုးသမီး သာမဏေ) အဖြစ်ခံယူပြီး တရားဘာဝနာ ပွားများအားထုတ် ခဲ့တယ်။ |
1,333,568 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | “ဥတ္တမာ”ဟာ သူဆင်းရဲမလေး ဘဝတုန်းက ပြုလုပ်ခဲ့တဲ့ ကောင်းမှုအကျိုးတွေကြောင့် “ဥတ္တမာထေရီ”ဆိုတဲ့ ဘွဲ့အမည်ကို ခံယူပြီး တရားထူးကို အလျင်အမြန်ရရှိကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတယ်။ |
1,333,569 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဥတ္တမာထေရီ အပဒါန်၊ ထေရီအပဒန်ဝတ္ထုတော်ကြီး၊ ၄၈၀။ |
1,333,570 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အပ၊ဋ္ဌ၊၄၈။ |
1,333,571 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | အပ၊၂၊၁၂၁။ |
1,333,572 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -သူဆင်းရဲမလေးဟာ ဘယ်လိုအကျင့်စာရိတ္တရှိသူလဲ။ |
1,333,573 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -သူဆင်းရဲမလေးဟာ ပစ္စည်းဥစ္စာမလှူနိုင်တော့ ဘယ်လို ကောင်းမှုကုသိုလ်တွေ ပြုလုပ်သလဲ။ |
1,333,574 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -သူဆင်းရဲမလေးဟာ သီလစောင့်ထိန်းပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူး တွေကို ရရှိသလဲ။ |
1,333,575 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -ဒီဇာတ်လမ်းကနေ ဘာသင်ခန်းစာ ရလိုက်သလဲ။ |
1,333,576 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ အောက်ပါအမည်များဖြင့် ကလေးအရေအတွက်အတိုင်း စာရွက်ပိုင်းများကို စီစဉ်ထားပြီး ကလေးတစ်ဦးလျှင် စာရွက်ပိုင်းတစ်ခုစီ ဝေပေးပါ။ |
1,333,577 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | (အခြားကုသိုလ်ကောင်းမှ အမည်များကိုလည်း ဆရာက ဉာဏ်ရှိသလို စီစဉ်နိုင်သည်။ |
1,333,578 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ) -ပေးကမ်းစွန့်ကြဲခြင်း၊ အလှူကြီးပြုလုပ်ခြင်း၊ ဘုန်းကြီး၊ သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ အခြားသူများ အလှူပြုလုပ်သည်ကို ပီတိဖြစ်ပြီး သာဓုခေါ်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်း၊ မိဘများကို ရှိခိုးကန်တော့ခြင်း။ |
1,333,579 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ မိမိရရှိထားသော စာရွက်ပိုင်းကို ဖတ်ပြီးပါက အောက်ပါခေါင်းစဉ် နှစ်ခုအနက်မှ မိမိစာရွက်ပိုင်းနှင့် ဆီလျော်သော ခေါင်းစဉ်အောက်တွင် သွား၍ရပ်နေကြပါစေ။ |
1,333,580 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | -ကိုယ့်မှာ ငွေကြေးဥစ္စာမရှိဘဲ/ ငွေကြေးဥစ္စာမလိုဘဲ ကုသိုလ်ကောင်းမှု ပြုလုပ်လို့ရတဲ့အဖွဲ့-ငွေကြေးဥစ္စာရှိမှ ကုသိုလ်ကောင်းမှု ပြုလုပ်လို့ရနိုင်တဲ့အဖွဲ့ |
1,333,581 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ အဖွဲ့နှစ်ဖွဲ့တွင်ပါဝင်သော ကလေးတစ်ဦးစီက စာရွက်ပါအကြောင်းအရာများကို အတန်းသို့ ပြောပြပြီးနောက် စာရွက်များကို မိမိစာရွက်ပိုင်းနှင့် ဆီလျော်သော ခေါင်းစဉ်အောက်တွင် ကပ်ထားခဲ့ကြပါစေ။ |
1,333,582 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ထို့နောက် ဘာကြောင့် ငွေကြေးမလိုဘဲ ပြုနိုင်သည်၊ ဘာကြောင့် ငွေကြေးရှိမှ ပြုနိုင်သည်ဟူသော အကြောင်း ပြချက်များနှင့် စိတ်ကူးအယူအဆများကို ဆရာက ဆွေးနွေးမေးမြန်းပြီး အနှစ်ချုပ်ပေးပါ။ |
1,333,583 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ။ ကောင်းမှုတစ်ခု နေ့စဉ်ပြု ကဗျာ။ |
1,333,584 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ “ဥတ္တမာထေရီဇာတ်လမ်းထဲမှာ သူဆင်းရဲမလေးက သူလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်သွားတာကိုလည်း သိသွားကြပြီနော်။ |
1,333,585 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | တကယ်တော့ ဆင်းရဲတာ ချမ်းသာတာ အဓိကမဟုတ်ဘဲ ကိုယ်တတ်နိုင်တဲ့ဘက်က နေ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ဖို့ကသာ အဓိကဖြစ်တယ်”ဟု ပြောကြားပြီးနောက် အောက်ပါ ကဗျာကို ဟန်ပန်အမူအရာနှင့် ရွတ်ဆိုကြပါစေ။ |
1,333,586 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကောင်းမှုတစ်ခု နေ့စဉ်ပြု |
1,333,587 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊အဲဒါ ဒါနပါ။ |
1,333,588 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | စည်းစိမ်ဥစ္စာ ချမ်းသာဖို့၊ဒါနပြုကြစို့။ |
1,333,589 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းတာ၊အဲဒါ သီလပါ။ |
1,333,590 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကောင်းရာဘဝ ရရှိဖို့သီလစောင့်ကြစို့။ |
1,333,591 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကမ္မဋ္ဌာန်းတရား အားထုတ်တာ၊အဲဒါ ဘာဝနာ။ |
1,333,592 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒုက္ခကင်းကွာ ချုပ်ငြိမ်းဖို့၊ဘာဝနာတရား ပွားများစို့။ |
1,333,593 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ဒါန သီလ ဘာဝနာ၊အဲဒါ အားကိုးရာ။ |
1,333,594 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | နေ့စဉ်တိုင်းသာ တိုးပွားဖို့၊အမြဲ ကြိုးစားစို့။ |
1,333,595 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ֍ ကဗျာကို ရွတ်ဆိုကြပြီးနောက် “သားတို့သမီးတို့ နေ့စဉ်ပြုလုပ်ကြမယ့် ကောင်းမှုတစ်ခုစီကို ပြောကြရအောင်”ဟု ဆိုကာ ကလေးများအား စဉ်းစားစေပြီး အလှည့်ကျပြောကြပါစေ။ |
1,333,596 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဥတ္တမာထေရီ (ဆရာ) | ကလေးများ၏ အဖြေကို နားထောင်ပေးပြီး ထိုအလုပ်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်ကြရန် တိုက်တွန်းအားပေး၍ သင်ခန်းစာကို အဆုံးသတ်ပါ။ |
1,333,597 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၀ (၅) ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း |
1,333,598 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | (က) ဥတ္တရာ၏ ရှေးကောင်းမှု |
1,333,599 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဤဥတ္တရာ နန္ဒမာတာ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ တနေ့သ၌ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “ဈာနာဘိရတ = ဈာန် တရားဖြင့် နေလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မ... |
1,333,600 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | (ခ) နောက်ဆုံးဘဝ ပုဏ္ဏသူဌေးကြီး၏သမီး ဥတ္တရာဖြစ်လာခြင်း |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.