id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,333,601 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သုမနသူဌေးကြီးကို မှီခို၍နေရသည့် “ပုဏ္ဏသီဟ” အမည်ရှိသော အလုပ်သမားနှင့် ဇနီးဖြစ်သူ ဥတ္တရာတို့၏ သမီးဖြစ်လာလေသည်။ |
1,333,602 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုသမီး၏ အမည်ကိုလည်း အမိအမည်နှင့် အလားတူ “ဥတ္တရာ”ဟူ၍ မှည့်ခေါ်ကြကုန်၏။ |
1,333,603 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသီဟ သူဌေးဖြစ်ချိန် |
1,333,604 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထို့နောက် တနေ့သ၌ နက္ခတ်ပွဲသဘင်နေ့ဝယ် ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏကို ခေါ်စေ၍ “အမောင်ပုဏ္ဏ.. နက္ခတ်ပွဲသဘင်သည်၎င်း, ဥပုသ်စောင့်သုံးခြင်းသည်၎င်း ဆင်းရဲသော (မောင်တို့လို) လူ့အဖို့ရာ အဘယ်ပြုအံ့နည်း၊ သို့သော်လည်း အမောင်သည် ပွဲသဘင်အဖိုးအခ ရိက္ခာကိုယူ၍ ပွဲလမ်းသဘင်ကိုပင် ပျော်ရွှင်မည်လော၊ သို့မဟုတ် အားကောင်းသည့်နွားများ, |
1,333,605 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၁ ထွန်တုံး, ထွန်သွားများကို ယူကာ လယ်ထွန်မည်လော၊ အမောင်နှစ်သက်ရာကို ပြောပါလော့”ဟု ဆိုလေ၏။ |
1,333,606 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါ ပုဏ္ဏသူဆင်းရဲသည် သူဌေးကြီးကို “အရှင်.. ကျွန်ုပ်၏ အိမ်ရှင်မနှင့် တိုင်ပင်ပြီးမှ စဉ်းစားပါရစေ”ဟု ပြောခဲ့၍ ထိုသူဌေးကြီး မေးသည့်စကားကို အိမ်ရှင်မ ဥတ္တရာအား ပြောကြားလေ၏။ |
1,333,607 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဇနီးဥတ္တရာသည် “အိုအရှင်.. သူဌေးဟူသည်မှာ အကျွန်တို့၏ အရှင်သခင် အစိုးရသူဖြစ်သည်၊ သို့ဖြစ်သည့်အတွက် ထိုသူဌေးမင်း၏ အဖို့ရာ အရှင်နှင့် အတူတကွ စကားပြောဆိုလတ်သော် ပြောသမျှစကားသည် တင့်တယ်၏ (=အရှင်သခင် အစိုးရသူဖြစ်၍ သူ့အဖို့ရာ သူပြောသမျှ တင့်တယ်၏)၊ သို့သော်လည်း အရှင်သည် မိမိ၏ လုပ်ငန်းဖြစ်သည့် လယ်ထွန်မှုကို မစွန့်ပစ်ပါလင့်”ဟု တိ... |
1,333,608 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် ဇနီး၏စကားကို နားထောင်ပြီးလျှင် လယ်ထွန်ရမည့် ထွန်တုံး, ထွန်သွား, နွား-စသည် ဘဏ္ဍာများကို အပြည့်အစုံယူကာ လယ်တောသို့ သွားရောက်၍ လယ်ထွန်နေလေ၏။ |
1,333,609 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အကြောင်းထူး တိုက်ဆိုင်လာသည်မှာ ထိုနေ့၌ အရှင်သာရိပုတ္တရာ မထေရ်သည် နိရောဓသမာပတ်မှ ထ၍ “ယနေ့ ငါသည် အဘယ်သူအား ချီးမြှောက်မှုပြုရလျှင် သင့်မည်နည်း”ဟု ဆင်ခြင်တော်မူလတ် သည်ရှိသော် ဤပုဏ္ဏသူဆင်းရဲ၏ *ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းခံချိန်၌ သပိတ် သင်္ကန်းကို |
1,333,610 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | * ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍-ဟူသော စကားရပ်ဖြင့် မဂ်ဖိုလ်တရားထူးကို ရရှိရေးအတွက် ပစ္စုပ္ပန်ဤဘဝ၌ ပြည့်စုံရမည့်အကြောင်းတို့ ပေါင်းစုံညီညွတ်မှုပင် ရှိသော်လည်း မချွတ်ဧကန် အမှန်ပင် ရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံခြင်းကို အလိုရှိအပ်သကဲ့သို့ ဤအတူပင် ဒိဋ္ဌဓမ္မဝေဒနီယကံအဖြစ်ဖြင့် မျက်မှောက်ဘဝ အကျိုးရမည့်ကံ၏ အဖို့ရာ... |
1,333,611 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထို့ကြောင့်ပင် အထွတ်အထိပ်ရောက်သည့် သပ္ပုရိသူပနိဿယ, ယောနိသော မနသိကာရ-ဟူသော (ပစ္စုပ္ပန်)အကြောင်းတို့ |
1,333,612 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၂ ယူဆောင်တော်မူကာ ပုဏ္ဏသူဆင်းရဲ လယ်ထွန်ရာအရပ်သို့ ကြွတော်မူလျက် မနီးမဝေးဝယ် ကိုယ်တော်ကို ပြလေ၏။ |
1,333,613 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် မထေရ်မြတ်ကို မြင်လျှင် လယ်ထွန် ခေတ္တရပ်ထားခဲ့၍ မထေရ်၏အထံသို့ သွားပြီးလျှင် တည်ခြင်းငါးမျိုးဖြင့် ရှိခိုးလေ၏။ |
1,333,614 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ပုဏ္ဏသူဆင်းရဲကို (ချီးမြှောက်တော်မူလိုသဖြင့်) ကြည့်တော်မူ၍ ရေချမ်းသာမည့်အရပ်ကို မေးတော်မူလေ၏။ |
1,333,615 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် “အရှင်မြတ်ကြီးကား မျက်နှာသစ်တော်မူလိုသည် ဖြစ်ပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ လျင်မြန်စွာ သွားတည့်၍ ဒန်ပူကို ယူဆောင်ခဲ့ပြီးလျှင် အပ်စပ်အောင်ပြုလျက် မထေရ်မြတ်အား ဆက်ကပ် လှူဒါန်းလေ၏။ |
1,333,616 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အရှင်သာရိပုတ္တရာမထေရ်မြတ် ဒန်ပူကို ဝါးနေတော်မူစဉ်ပင် သပိတ်နှင့်တကွ ဓမကရိုဏ် = ရေစစ်ကို ထုတ်ယူခဲ့၍ ရေအပြည့် ခပ်ဆောင်လာခဲ့လေ၏။ |
1,333,617 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မျက်နှာတော်သစ်ပြီးလျှင် ဆွမ်းခံခရီးသို့ ကြွတော်မူလေ၏။ |
1,333,618 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါ ပုဏ္ဏသူဆင်းရဲသည် “အခြားတပါးသော နေ့တို့၌ မထေရ်မြတ်သည် ဤခရီးသို့ ကြွတော်မမူ၊ ယနေ့မူကား ငါ့အား ချီးမြှောက်ရန် ကြွလာတော်မူသည် ဖြစ်ပေလိမ့်မည်။ |
1,333,619 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဩ.. ငါ၏ အိမ်ရှင်မသည် ငါ့အတွက် ယူဆောင်လာမည့် ထမင်းကို မထေရ်မြတ်၏ သပိတ်၌ လောင်းထည့်၍ လှူလိုက်ရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏။ |
1,333,620 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထို့နောက် ပုဏ္ဏသူဆင်းရဲ၏ အိမ့်ရှင်မသည် “ယနေ့ကား ပွဲသဘင်နေ့ဖြစ်သည်”ဟု ကြံစည်အောက်မေ့၍ စောစောပင် မိမိအတွက်ရရှိသော ရိက္ခာဖြင့် ခဲဖွယ်ဘောဇဉ်များကို စီမံချက်ပြုတ်ကာ ယူဆောင်ခဲ့၍ အရှင်သခင် ခင်ပွန်းသည် မောင်ပုဏ္ဏ၏ လယ်ထွန်ရာလယ်တောသို့ လာလတ်သည်ရှိသော် |
1,333,621 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကောင်းကောင်းကြီး ပြည်စုံသော်လည်း မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယမှ ကင်းသောသူဋ္ဌအဖို့ရာ မဂ်ဖိုလ်ရခြင်းသည် မပြည့်စုံနိုင်။ |
1,333,622 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဋီကာ ၂၀၈-မှ။ |
1,333,623 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၃ လမ်းခရီးအကြား၌ မထေရ်မြတ်ကိုမြင်၍ “ဩ.. အခြားတပါးသော နေ့များ၌ ငါ့အဖို့ရာ မထေရ်မြတ်ကို ဖူးတွေ့ရသော်လည်း လှူဖွယ်ဝတ္ထုက မရှိပဲ ဖြစ်နေ၏။ |
1,333,624 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | လှူဖွယ်ဝတ္ထု ရှိပြန်ပါတော့လဲ ငါ၏အရှင်မြတ်ကို မဖူးတွေ့ရချေ။ |
1,333,625 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ယနေ့မူကား လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် = နှစ်မျိုးလုံးတို့ပင် မျက်မှောက်ဖြစ်၍ နေချေပြီ၊ ငါ့အရှင်သခင် ခင်ပွန်းသည်၏အတွက် တဖန် အိမ်ပြန်၍ ချက်ပြုတ်စီမံပြီးမှ ထမင်းကို ပို့တော့မည်၊ ငါ ယခုဆောင်ယူခဲ့သည့် ဤထမင်း အစာအာဟာရကို မထေရ်မြတ်အား လှူဦးမှပဲ”ဟု ဆင်ခြင်မိကာ စေတနာသုံးတန် ပြဋ္ဌာန်းလျက် ထိုမိမိ ယူဆောင်ခဲ့သော ဘောဇဉ်ထမင်းကို အရ... |
1,333,626 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မထေရ်မြတ်သည်လည်း “သင်၏ အလိုဆန္ဒ ပြည့်ဝပါစေ”ဟု ထိုအမျိုးသမီးအား ဝမ်းမြောက်ဖွယ်ရာ = အနုမောဒနာစကား မိန့်ကြားတော်မူ၍ ထိုအရပ်မှပင် ပြန်နစ်ကာ ကျောင်းတော်သို့ ကြွလေ၏။ |
1,333,627 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | (ဤ၌- ဒါနကောင်းမှု တခုခုပြုလျှင် မဟာကုသိုလ် ဇောဝါရဝီထိတို့ များစွာ ဖြစ်ကြလေရာ တဝီထိ တဝီထိတို့၌ ကုသိုလ်ဇော ခုနစ်ကြိမ်တို့ ဖြစ်ရှိလေသည်၊ ထိုဇောခုနစ်ကြိမ်တို့အနက် ပဌမဇောစိတ်တို့၌ ပါရှိသော ကုသိုလ်စေတနာကို (အကြောင်းညီညွတ်လျှင် မျက်မှောက်ဘဝ၌ အနုပါဒိဏ္ဏက = သက်မဲ့ဖြစ်သည့် ရွှေ ငွေ-စသော ရုပ်ဝတ္ထု အကျိုးတရားတို့ကို ဖြစ်စေတတ်သောကြ... |
1,333,628 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုဒိဋ္ဌဓမ္မဝေဒနီယကံ အကျိုးပေးရန်မှာ- (က) ဝတ္ထုသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က အနာဂါမ်အရိယာ (သို့မဟုတ်) ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်း၊ (ခ) ပစ္စယသမ္ပဒါ = လှူဖွယ်ဝတ္ထုက တရားသဖြင့်ရအပ်သော ပစ္စည်းဖြစ်ခြင်း၊ (ဂ) စေတနာသမ္ပဒါ = အလှူပေးပုဂ္ဂိုလ်၏ စေတနာသုံးတန်နှင့် ပြည့်စုံညီညွတ်ခြင်း၊ (ဃ) ဂုဏာတိရေကသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က သမာပတ်မှ ထသစ်... |
1,333,629 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၄ ပြည့်စုံခြင်း- ဤအကြောင်းများ ညီညွတ်မှ မျက်မှောက်ဘ၀၌ အကျိုးပေးရလေသည်။ |
1,333,630 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ယခု ပုဏ္ဏသူဆင်းရဲ ဇနီးမောင်နှံတို့၏ အလှူဒါနမှာလည်း ဖော်ပြရာပါ ပစ္စုပ္ပန်ဘဝအတွက် အကြောင်းလေးပါးတို့နှင့် ပြည့်စုံသည့်ပြင် မောင်ပုဏ္ဏ ကိုယ်တိုင်ကပင် သူဌေးဖြစ်ရန် အတိတ်ဘဝ ရှေးကောင်းမှု = ဥပနိဿယနှင့်လည်း ပြည့်စုံသူဖြစ်၍ ထိုနေ့မှာပင် မဟာဓနသူဌေးကြီးဖြစ်အောင် အနုပါဒိဏ္ဏက = သုံးမကုန် စွဲမကုန်နိုင်သည့် သက်မဲ့ ရွှေတုံးရွှေစိုင် ... |
1,333,631 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲ၏ ဇနီးသည်လည်း တဖန် မိမိအိမ်သို့ပြန်၍ ခင်ပွန်းသည်အတွက် ထမင်းအစာအာဟာရကို ချက်ပြုတ်စီမံကာ ယူဆောင်ခဲ့၍ ပုဏ္ဏလယ်ထွန်ရာအရပ်သို့ ရောက်လေသော် ခင်ပွန်းသည်၏ အမျက်ထွက်အံ့သောဘေးမှ ကြောက်ရှာသည်ဖြစ်၍ (ခင်ပွန်းသည် အမျက်ထွက်ခဲ့လျှင် ထိုဆွမ်းအလှူဒါန အဟောသိကံဖြစ်ကာ အကျိုးမရမည်ကို စိုးရိမ်ရှာသည်ဖြစ်၍) “အိုအရှင်.. ယနေ့ တရက်လေ... |
1,333,632 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထွန်စိုင်မြေတုံးတို့ ရွှေတုံးများဖြစ်လေပြီ |
1,333,633 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲကလည်း “ရှင်မ.. သင်သည် နှစ်သက်ဖွယ်သော အမှုကို ပြုအပ်လေပြီ၊ ငါသည်လည်း စောစောကပင် မထေရ်မြတ်ကြီးအား ဒန်ပူနှင့် မျက်နှာသစ်ရေတော်ကို ပူဇော်ဆက်ကပ် လှူဒါန်းအပ်လေပြီ၊ ယနေ့ ငါတို့အဖို့ရာ ကောင်းသော မိုးသောက်ခြင်း |
1,333,634 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၅ ဖြစ်ပါပေ၏။ |
1,333,635 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မထေရ်မြတ်၏ ယနေ့ ကိုယ်ရေးကိုယ်တာအတွက် သုံးဆောင်အပ်သမျှ အလုံးစုံပင် ငါတို့၏ ဥစ္စာသာလျှင် ဖြစ်ပေ၏”ဟု ဝမ်းမြောက်ဝမ်းသာ ပြောဆိုကာ ဇနီးမောင်နှံ နှစ်ဦးလုံးတို့၏ သန္တာန်ဝယ် တထပ်တည်းတူမျှသည့် ကုသိုလ်စိတ်များ တဖွားဖွားဖြစ်၍ နေလေ၏။ |
1,333,636 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထို့နောက် ပုဏ္ဏသူဆင်းရဲသည် ထမင်းစားပြီးလျှင် ဇနီးသည်၏ ပေါင်ပေါ်၌ ဦးခေါင်းချ၍ ခေတ္တမျှ လဲလျောင်းလေ၏။ |
1,333,637 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါ ပုဏ္ဏ၏ ခန္ဓာအစဉ်ဝယ် အိပ်ပျော်ခြင်း = ဘဝင်စိတ်အစဉ်သည် သက်လေတော့၏ (=အိပ်ပျော်သွား၏ဟု ဆိုလိုသည်)။ |
1,333,638 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် အချိန်အနည်းငယ် အိပ်ပျော်ပြီး၍ နိုးလာလတ်လျှင် မိမိထွန်ယက်ထားသော အရပ်ကို ကြည့်ရှုလေ၏၊ မောင်ပုဏ္ဏ ကြည့်တိုင်း ကြည့်တိုင်းသော အရပ်သည် သပွတ်ခါးပွင့်ကြီးတို့ဖြင့် ကြဲ၍ထားသကဲ့သို့ ဝါဝါဝင်းရွှေ ထိန်ထိန်ဝေလျက် ရှိလေ၏။ |
1,333,639 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် ဇနီးသည်ကို “ရှင်မ.. ထိုဝတ္ထုများကား အဘယ်မည်သော ဝတ္ထုများနည်း (ထွန်စိုင် မြေတုံးတို့ကို လက်ဖြင့်ညွှန်၍ ပြောနေသည်)၊ ယနေ့ ထွန်ယက်ပြီးသမျှ ဤလယ်မြေအရပ်ဌာနသည် ငါ့အဖို့ရာ ရွှေရောင်အဆင်း ရှိသည်ဖြစ်၍ ထင်နေရ၏”ဟု ပြောဆိုလေ၏။ |
1,333,640 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဇနီးသည်က “အရှင်.. ယနေ့ အရှင်သည် တနေ့လုံး ပင်ပန်းလှသောကြောင့် မျက်စိများလည်၍ = မှောက်မှား၍ နေကြသည် ထင်ပါ၏”ဟု ပြောလေလျှင် ပုဏ္ဏသူဆင်းရဲသည် “ရှင်မ.. ငါ့အား မယုံကြည်လျှင် ရှင်မကိုယ်တိုင် ကြည့်ပါလော့”ဟု ပြောဆိုလေ၏၊ ထိုအခါကျမှ ဇနီးသည်သည် လယ်မြေကို ကြည့်ပြီးလျှင် “အရှင်.. အရှင်သည် ဟုတ်မှန်သော သဘောကို ပြောဆိုပါ၏၊ ဤဝတ္ထုများသည်... |
1,333,641 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသူဆင်းရဲသည် ကိုယ်တိုင်ထသွား၍ ထွန်စိုင်မြေတုံးတခုကို ကောက်ယူပြီးလျှင် ထွန်တုံးဦး၌ ထုနှက်ကြည့်လေ၏၊ ထွန်စိုင် မြေတုံးကြီးသည် ရွှေတုံးရွှေစိုင်ကြီးဖြစ်ကာ တင်လဲခဲကြီးကဲ့သို့ ထွန်တုံးဦး၌ ကပ်ငြိလျက် တည်လေ၏၊ ပုဏ္ဏသူဆင်းရဲသည် |
1,333,642 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၆ ဇနီးသည်ကိုခေါ်၍ “ရှင်မရေ.. အခြားသူများ စိုက်ပျိုးအပ်သော မျိုးစေ့သည် သုံးလ (သို့မဟုတ်) လေးလကြာမှ အသီးသီး၏၊ ငါတို့၏ အရှင်သာရိပုတ္တရာ မထေရ်မြတ် တည်းဟူသော လယ်မြေကောင်းအတွင်း၌ စိုက်ပျိုးအပ်သည့် သဒ္ဓါမျိုးစေ့သည်ကား ယနေ့ပင် မချွတ်ဧကန် အမှန်ပင် အသီးကို သီးစေအပ် = အကျိုးကို ပေးအပ်လေပြီ၊ ဤတပယ်မျှလောက်သော မြေအရပ်၌ သျှိသျှားသီ... |
1,333,643 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဇနီးသည်က “ယခုအခါ အဘယ်သို့ ပြုလုပ်ကြမည်နည်း အရှင်..”ဟု မေးမြန်းလေလျှင် ပုဏ္ဏသူဆင်းရဲသည် “ရှင်မ.. ဤမျှများပြားလှသော ဤရွှေတွေကို ငါတို့ ခိုးဝှက်၍ စားသုံးခြင်းငှါ အဘယ်နည်းဖြင့်မျှ မတတ်နိုင်”ဟု ပြောဆို၍ ဇနီးသည်ကို ထိုနေရာ၌ ထားခဲ့ပြီးလျှင် ထမင်းအပြည့် ထည့်၍လာသော ခွက်အပြည့် ရွှေတုံးရွှေစိုင်တို့ကိုထည့်၍ မင်းနန်းတော်သို့ သွားရ... |
1,333,644 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မင်းကြီးသည် ပုဏ္ဏသူဆင်းရဲကို ရှေ့တော်မှောက်သို့ အရောက် ခေါ်သွင်းစေပြီးလျှင် မင်းကြီးနှင့် ပုဏ္ဏသူဆင်းရဲတို့ အပြန်အလှန် မေး,ဖြေကြသည်မှာ- |
1,333,645 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အမောင်.. သင်သည် ဤရွှေများကို အဘယ်အရပ်၌ ရအပ်သနည်း။ |
1,333,646 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အရှင်မင်းကြီး.. ယနေ့ အကျွန်ုပ် လယ်ထွန်အပ်သည့် မြေအရပ်တခုလုံး ရွှေတုံးရွှေစိုင်ချည်းဖြစ်၍ နေပါသည်။ |
1,333,647 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မင်းမှုထမ်းများကို စေလွှတ်၍ မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်တော်မူကြစေချင်ပါသည်။ |
1,333,648 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၇ ထို့နောက် မင်းကြီးသည် “အချင်းတို့.. သွားကြလော့၊ လှည်းများကို က-ပြီးလျှင် ပုဏ္ဏ၏ လယ်ထွန်ရာ အရပ်မှ ရွှေများကို တိုက်ခဲ့ ဆောင်ခဲ့ကြကုန်လော့”ဟု ဆို၍ မင်းမှုထမ်းတို့ကို လှည်းများနှင့်တကွ စေလွှတ်လိုက်လေ၏။ |
1,333,649 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏတို့မိသားစု သူဌေးလည်းဖြစ် သောတာပန်အရိယာများလည်း ဖြစ်ကြခြင်း |
1,333,650 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | လှည်းတို့ဖြင့် သွားရောက်ကြပြီးသော မင်းမှုထမ်းတို့သည် “မင်းကြီး၏ ဘုန်းတည်း”ဟု နှုတ်ကမြွက်ဆို၍ ရွှေစိုင်ခဲတို့ကို ကောက်ယူကြကုန်၏၊ ကောက်ယူသမျှ ရွှေစိုင်ခဲများသည် ပကတိ ထွန်စိုင်မြေခဲများသာလျှင် ဖြစ်ကြလေ၏။ |
1,333,651 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မင်းချင်းတို့သည် ရွှေနန်းတော်သို့ သွားရောက်ကြ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏၊ ဗိမ္ဗိသာရမင်းကြီးက “အချင်းတို့.. ထိုသို့ဖြစ်လျှင် သင်တို့သည် ‘မောင်ပုဏ္ဏ၏ ဘုန်းကံတည်း’ဟု နှုတ်က မြွက်ဆိုကာ ကောက်ယူကြကုန်လော့”ဟု အကြံပေးစကား ပြောကြားလိုက်ရာ မင်းချင်းတို့သည် တဖန်ပြန်သွားကြ၍ မင်းကြီး မှာကြားလိုက်သည့်အတိုင်း “မေ... |
1,333,652 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ယူတိုင်း ယူတိုင်းသည် ရွှေသားအတိသာလျှင် ဖြစ်လေ၏။ |
1,333,653 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မင်းမှုထမ်းတို့သည် ထိုရွှေအားလုံးကို လှည်းအစီးပေါင်း များစွာဖြင့် တိုက်ဆောင်ခဲ့ကြ၍ မင်းကြီး၏အမိန့်အရ နန်းယင်ပြင် (=နန်းတော်မြေကွက်လပ်)၌ ပုံ၍ ထားကြလေကုန်၏၊ ရွှေတုံးရွှေစိုင် အပုံကြီးကား အမြင့်ပမာဏအားဖြင့် ထန်းတဆင့်ခန့်မြင့်၍ နေလေ၏။ |
1,333,654 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မင်းကြီးသည် ကုန်သည်တို့ကို ထိုအရပ်သို့ ခေါ်စေပြီးလျှင် “ဤမြို့ဝယ် အဘယ်သူ၏အိမ်၌ ဤမျှများပြားသော ရွှေများရှိသနည်း”ဟု မေးလေ၏။ |
1,333,655 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကုန်သည်တို့က “အရှင်မင်းကြီး.. တဦးတယောက်၏ အိမ်မှာမှ ဤမျှများပြားသော ရွှေများ မရှိပါ”ဟု လျှောက်ထားကြလေလျှင် မင်းကြီးက တဖန် “ဤမျှများလှသော ဥစ္စာ၏ အရှင်ဖြစ်သူ မောင်ပုဏ္ဏအား |
1,333,656 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၈ အဘယ်သို့ပြုရသော် သင့်မည်နည်း”ဟု မေးပြန်လေ၏။ |
1,333,657 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကုန်သည်တို့က “ထိုပုဏ္ဏကို ‘ဓနသေဋ္ဌိ’ အမည်ရှိသော သူဌေးကြီး ခန့်အပ်သင့်ပါသည် အရှင်မင်းကြီး..”ဟု တညီတညွတ်တည်း တင်လျှောက်ကြလေလျှင် ဗိမ္ဗိသာရမင်းကြီးသည် “ထိုသို့ဖြစ်လျှင် မောင်ပုဏ္ဏကို ဤရာဇဂြိုဟ်မြို့ဝယ် ‘ဓနသေဋ္ဌိ’ဟူသော ဘွဲ့တံဆိပ် သတ်မှတ်၍ သူဌေးကြီးအရာကို ခန့်အပ်ကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုရွှေအားလုံးကို မောင်ပုဏ္... |
1,333,658 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဓနသေဋ္ဌိအမည်ရှိသော ပုဏ္ဏသီဟသူဌေးကြီးသည် သူဌေးဘွဲ့ရ မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပလတ်သော် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ |
1,333,659 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရား၏ ဒါနအနုမောဒနာတရားကို ကြားနာကြရခြင်းကြောင့် (၁) ပုဏ္ဏသူဌေးကြီး (၂) သူဌေးကတော်ကြီး ဥတ္တရာ (၃) သမီးဥတ္တရာ = ဤမိသားစု သုံးယောက်တို့ပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏ = သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။ |
1,333,660 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ။ ဤကား ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ နယ်အတွင်းဝယ် သုံးမကုန် စွဲမကုန်သည့် စည်းစိမ်ဥစ္စာရှိကြသော = အမိတဘောဂ သူဌေးကြီး ၅-ဦးတို့အနက် ပုဏ္ဏသီဟ (ဓနသေဋ္ဌိဘွဲ့ခံ) သူဌေးကြီး၏ အကြောင်းတည်း။ |
1,333,661 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသီဟသူဌေးကြီး (မိစ္ဆာဒိဋ္ဌိ) သုမနသူဌေးကြီးနှင့် ခမည်းခမက်တော်စပ်ရခြင်း |
1,333,662 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | နောက်အဖို့ဝယ် ရာဇဂြိုဟ်သူဌေးကြီး (သုမန)သည် “ပုဏ္ဏသူဌေးကြီး၏အိမ်မှာ အရွယ်ရောက်သော သတို့သမီးရှိ၏”ဟူသော သတင်းစကားကို ကြားသိ၍ မိမိ၏သားနှင့် ထိမ်းမြားလိုသောကြောင့် ပုဏ္ဏသူဌေးကြီးအိမ်သို့ တမန်စေလွှတ်လေ၏။ |
1,333,663 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၂၉ ပုဏ္ဏသီဟသူဌေးကြီးသည် သုမနသူဌေး မှာကြားလိုက်သည့် သတင်းစကားကို ကြားရလေလျှင် “ငါသည် သမီးကို ဘယ်နည်းဖြင့်မျှ မပေးနိုင်”ဟု စကားပြတ် သီတင်းတုံ့တဖန် ပြန်လိုက်လေ၏။ |
1,333,664 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သုမနသူဌေးသည်လည်း သူဌေးမာန်ဖြင့် မခံမရပ်နိုင်ဖြစ်ကာ “သင်သည် ငါ၏အိမ်ကိုမှီ၍ နေသွားပြီးမှ ယခုအခါ တပြိုင်နက်တည်းပင် အစိုးရသူ အထက်တန်းစား ဖြစ်သွားခြင်းကြောင့် ငါ့အား (မာန်တက်ကာ) သမီးကို မပေးသလော”ဟု သတင်းတဖန် ပို့စေပြန်လေ၏။ |
1,333,665 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ပုဏ္ဏသီဟ သူဌေးကြီးကလည်း အညံ့မခံပဲ “အမောင်တို့၏ သုမနသူဌေးက ဤယခု မချေမငံစကားကို (ပြောကြားလိုက်သည်မှာ) သဘာဝ ဟုတ်မှန်သည်ကိုပင် ပြောကြားဦးတော့၊ မင်းယောက်ျားသား မည်သည်ကို အခါခပ်သိမ်း ဤကဲ့သို့ချည်း (=သူဆင်းရဲ ဖြစ်နေရမည်)ဟု မမှတ်ယူသင့်ပါ။ |
1,333,666 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မှန်ပါသည်- ငါကား ယခုအခါဝယ် ထိုသုမနသူဌေးကဲ့သို့သော ပုဂ္ဂိုလ်များကို ကျွန်ပြုလုပ်၍ သိမ်းယူခြင်းငှါပင် စွမ်းနိုင်ပါ၏။ |
1,333,667 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အမှန်မှာ- အသင် သုမနသူဌေး၏ မျိုးရိုးဇာတိ, အနွယ်ကို ငါ မဖျက်ဆီးပါ = ဖျက်လိုဖျက်ဆီး ပြောကြားသည် မဟုတ်ပါ၊ စင်စစ်သော်ကား ငါ့သမီးသည် သောတာပန် အရိယသာဝိကာ = မြတ်စွာဘုရား၏တပည့်မ ဖြစ်သည့်အတွက် နေ့စဉ်နေ့စဉ် အသပြာတကျပ်တန် ပန်းတို့ဖြင့် ရတနာသုံးပါးအား ပူဇော်မှု ပြုနေသူ ဖြစ်သည်၊ ထိုငါ့သမီးကို သင်ကဲ့သို့သော မိစ္ဆာဒိဋ္ဌိအယူရှိ သူ၏အိမ်... |
1,333,668 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဤသို့လျှင် ပုဏ္ဏသီဟသူဌေးကြီး၏ တားမြစ်သောအဖြစ် (= တင်းမာသော အဖြစ်)ကို သိရလေလျှင် သုမနသူဌေးသည် လေပျော့သွားကာ “အဟောင်းဖြစ်သော = ရှိရင်းစွဲဖြစ်သော အကျွမ်းဝင်မှု = ခင်မင်ရင်းနှီးမှုကို မဖျက်ဆီးစေချင်ပါ၊ ငါသည် ချွေးမအတွက် နေ့စဉ် နေ့စဉ် အသပြာနှစ်ကျပ်တန် ပန်းတို့ကို စီမံစေပါမည်”ဟု သတင်းတဖန် ပို့စေပြန်လေ၏။ |
1,333,669 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါကျမှ ပုဏ္ဏသီဟသူဌေးကြီးသည် ကျေးဇူးသိတတ်သူ ကတညူပုဂ္ဂိုလ် |
1,333,670 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၀ ဖြစ်သောကြောင့် “ကောင်းပါပြီ”ဟု ဝန်ခံ၍ သမီးဖြစ်သူ ဥတ္တရာကို သုမနသူဌေးအိမ်သို့ ပို့စေလေ၏။ |
1,333,671 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာ၏ ကြီးစွာသော သဒ္ဓါဆန္ဒ |
1,333,672 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | တနေ့သ၌ ပုဏ္ဏသူဌေးကြီး၏သမီး ဥတ္တရာသည် မိမိ၏အရှင် ခင်ပွန်းသည်ဖြစ်သော သူဌေးသားကို “အရှင်.. အကျွန်ုပ်သည် မိမိ၏ မိဘအိမ်ဝယ် တလလျှင် ရှစ်သီတင်း အမြဲမပြတ် အဋ္ဌင်္ဂဥပုသ် စောင့်သုံးခဲ့ပါသည်၊ ယခုအခါလည်း အရှင်တို့က သဘောတူ လက်ခံကြပါလျှင် အဋ္ဌင်္ဂဥပုသ်တို့ကို ဆောက်တည် ကျင့်သုံးလိုပါသည်”ဟု သာယာညွတ်ပျောင်း တောင်းပန်ရှာလေ၏။ |
1,333,673 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သူဌေးသားသည် “ခွင့်မပြုနိုင်”ဟု ပြတ်ပြတ်တောင်းတောင်းပင် ပြောဆိုကာ လက်မခံခဲ့ချေ။ |
1,333,674 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာသည်လည်း သူဌေးသားကို အသိမှန် = အမြင်မှန်ကို ရစေရန် မတတ်နိုင်ရှာသည်ဖြစ်၍ ဆိတ်ဆိတ်နေခဲ့ရလေ၏။ |
1,333,675 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | နောက်တကြိမ် ဝါတွင်း၌ “ဥပုသ်စောင့်ထိန်းသူ ဖြစ်တော့မည်”ဟု ကြံစည်၍ ထိုအခါ၌ အခွင့်ကို ပြုစေပါသော်လည်း (ခွင့်တောင်းပြန်ပါသော်လည်း) အခွင့်မရပဲ ရှိရှာလေ၏။ |
1,333,676 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာသူဌေးသမီးသည် ဝါတွင်းသုံးလအနက် နှစ်လခွဲလွန်မြောက်၍ လဝက် (=၁၅-ရက်)သာ ကျန်လတ်သော် မိဘတို့၏အထံသို့ “မိခင်,ဖခင်တို့.. သမီးသည် မိဘတို့က အိမ်ထောင်တည်းဟူသော လှောင်အိမ်တွင်း သွင်းထားအပ်ခဲ့သည် ဖြစ်ပါ၍ ဤမျှရှည်ကြာ အခါကာလအတွင်း၌ တရက်တာမျှ ဥပုသ်အင်္ဂါတို့ကို ဆောက်တည် ကျင့်သုံးခွင့်ကို မရခဲ့ပါ။ |
1,333,677 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သမီးအထံသို့ အသပြာ (၁၅ဝဝဝိ) တသောင်းငါးထောင်တို့ကို ပို့လိုက်ကြစေချင်ပါသည်”ဟု သတင်းစကား ပို့သစေလေ၏။ |
1,333,678 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မိဖတို့သည် သမီးပို့လိုက်သော သတင်းကို ကြားကြရ၍ “အဘယ်အကြောင်းကြောင့်နည်း”ဟု အကြောင်းကိုပင် မမေးတော့ပဲ အသပြာ (၁၅ဝဝဝိ)ကျပ် တသောင်းငါးထောင်ကို ပို့လိုက်ကြလေကုန်၏။ |
1,333,679 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၁ ဥတ္တရာသူဌေးသမီးသည် ထိုအသပြာတို့ကိုယူ၍ ရာဇဂြိုဟ်မြို့မှာရှိသည့် (ဆရာဇီဝက၏နှမ) “သိရိမာ” အမည်ရှိသော ပြည့်တန်းဆာမကို ခေါ်စေပြီးလျှင် “အမိ သိရိမာ.. ငါသည် ဤလဝက် (=၁၅-ရက်)ပတ်လုံး ဥပုသ်အင်္ဂါတို့ကို ဆောက်တည် ကျင့်သုံးပါအံ့ (=ဆောက်တည်ကျင့်သုံးလို၍ပါ)၊ အမိသည် ဤအသပြာ (၁၅ဝဝဝိ) တသောင်း ငါးထောင်တို့ကို ယူ၍ လဝက် (=၁၅-ရက်)ပတ်လုံး ... |
1,333,680 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သိရိမာသည် “ကောင်းပါပြီ အရှင်..”ဟု ဥတ္တရာ၏ ပြောဆိုချက်ကို လက်ခံ သဘောတူလေ၏။ |
1,333,681 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါမှစ၍ သူဌေးသားသည် “ငါကား သိရိမာနှင့်အတူ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရတော့မည်”ဟု ဥတ္တရာ၏ လဝက်ဥပုသ် စောင့်သုံးမှုကို လက်ခံ သဘောတူလိုက်လေ၏။ |
1,333,682 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာသူဌေးသမီးသည် သူဌေးသားက လက်ခံ သဘောတူကြောင်း သိရ၍ နေ့တိုင်း နေ့တိုင်း စောစောပင်လျှင် ကျွန်မအပေါင်း ခြံရံအပ်လျက် မြတ်စွာဘုရားရှင်အတွက် ကိုယ်တိုင်ကိုယ်ကျ ခဲဖွယ်ဘောဇဉ်များကို စီမံပြီးလျှင် ဘုရားအမှူးရှိသော သံဃာအား ဆက်ကပ်၍ မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး ကျောင်းတော်သို့ ကြွသွားလေသော် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်လျက် ... |
1,333,683 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဤသို့လျှင် (သီတင်းကျွတ်လဆန်း ၁-ရက်နေ့မှစ၍) လဝက် (=၁၅-ရက်)လွန်မြောက် ဥပုသ်ကို ချရတော့မည့် (သီတင်းကျွတ် လပြည့်ကျော်၁-ရက်)နေ့ သို့ ရောက်သောအခါ စောစောစီးစီးပင် ယာဂုခဲဖွယ်စသည်တို့ကို ကိုယ်တိုင်အုပ်ချုပ် ချက်ပြုတ်စီမံလျက် လှည့်လည်နေလေ၏။ |
1,333,684 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | “ဝတ္ထုကာမ၊ သဘာဝကား၊ ကာလရှည်ကြာ၊ သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာထင်၏”။ |
1,333,685 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ။ (ဓမ္မုပဒေသ)။ |
1,333,686 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအချိန်၌ သူဌေးသားသည် သိရိမာနှင့်အတူတကွ ပြာသာဒ်ထက်ဝယ် မွေ့လျော် ပျော်ပါးနေရာက ဇာလေသာပြုတင်းကို ဖွင့်၍ အိမ်ဝိုင်းအတွင်းကို ကြည့်ကာ ရပ်တည်နေလေ၏။ |
1,333,687 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၂ ဥတ္တရာသည် ထိုအခိုက်မှာ လေသာပြူတင်းပေါက်ဖြင့် အထက်ကိုမော့၍ ကြည့်မိလေ၏။ |
1,333,688 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | (အကြည့်ချင်းဆုံ၍ သွားလေပြီ)။ |
1,333,689 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သူဌေးသားသည် ဥတ္တရာကိုကြည့်၍ “ဤဥတ္တရာသည် ငရဲသူမသဘော ရှိစွာ့တကား၊ ဤသို့ သဘောရှိသော သူဌေးမစည်းစိမ်ကို စွန့်ပယ်၍ ထမင်းအိုး ဟင်းအိုး မီးသွေး (မင်)များဖြင့် လူးလဲ ညစ်ပေကာ အကြောင်းမဲ့ ကျွန်မတို့၏အကြား၌ ဟိုသွားဒီသွား လှည့်လည်ကျက်စားနေဘိ၏”ဟု ကြံစည် အောက်မေ့ကာ ပြုံးရွှင်မှု ပြုလေ၏။ |
1,333,690 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာ သူဌေးသမီးကလည်း သူဌေးသား မေ့လျော့သည်ကိုသိ၍ “ဤသူမိုက်မည်သည်ကား မိမိ၏ စည်းစိမ်သည် အခါခပ်သိမ်း တည်နေလိမ့်မည်ဟု မှတ်ထင်သည် ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်မိကာ ပြုံးရွှင်မှု ပြုလေ၏။ |
1,333,691 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါ သိရိမာသည် “ဤကျွန်မကား ငါရှိလျက်ပင် ဤကဲ့သို့ အရှင်နှင့် ပြုံးရွှင်မှု ပြုဘိ၏”ဟု အမျက်ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းလာလေ၏။ |
1,333,692 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဥတ္တရာသူဌေးသမီးသည် သိရိမာ၏ ပြေးဆင်းလာပုံဖြင့်ပင် “ဤအမိုက်မသည် လဝက်မျှ ဤအိမ်၌ နေရခြင်းကြောင့် ‘ဤအိမ်သည် ငါ့အိမ်’ဟု အမှတ်ရှိသူ ဖြစ်မှားလေပြီ”ဟု သိ၍ ထိုခဏမှာပင် မေတ္တာအပ္ပနာဈာန်ကို ၀င်စား၍ ဣန္ဒြေမပျက် ရပ်တည်လျက်သာ နေလေ၏။ |
1,333,693 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သိရိမာသည်လည်း ကျွန်မတို့၏အကြားမှ ပြေးလာ၍ ယောက်ချိုတခုကို ဆွဲယူကာ မုံ့ကြော်ရာအရပ်၌ရှိသည့် အိုးကင်းထဲမှ ကျိုက်ကျိုက်ဆူ (ပွက်ပွက်ဆူ)နေသော ဆီကို ယောက်ချိုအပြည့် ခပ်ယူခဲ့ပြီးလျှင် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ တအားသွန်လောင်းချလိုက်လေ၏။ |
1,333,694 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မေတ္တာဈာန်ကို ဖြန့်ထားခြင်းကြောင့် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ လောင်းချအပ်သည့် ကျိုက်ကျိုက်ဆူ (ပွက်ပွက်ဆူ)သော ဆီပူသည် ပဒုမာကြာရွက် ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျသွားလေ၏။ |
1,333,695 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုခဏ၌ သိရိမာ၏ အနီး၌ ရပ်တည်ရှိနေကြသော ဥတ္တရာ၏ ကျွန်မတို့သည် သိရိမာကို ကြည့်ရှုကြ၍ “ဟယ် ကျွန်မ.. သင်ကား ငါတို့၏ အရှင်မလက်မှ အဖိုးအခရယူ၍ လာနေသူဖြစ်လျက် |
1,333,696 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၃ ဤအိမ်ဝယ် ဆယ့်ငါးရက်တာ အနေရကြာသည်ဖြစ်၍ ငါတို့၏ အရှင်မနှင့် တူမျှသူဖြစ်အောင် အားထုတ်ဘိတကား” ဟု မျက်မှောက်ထင်ထင်မှာပင် သိရိမာကို ရေရွတ်စကား ပြောကြားကြလေကုန်၏။ |
1,333,697 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါကျမှ (မေ့လျော့နေသော) သိရိမာသည် မိမိမှာ ဧည့်သည်ဖြစ်ကြောင်း ကောင်းစွာသိမြင် ဆင်ခြင်မိလေ၏။ |
1,333,698 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သိရိမာ မိမိမှားကြောင်း ကောင်းစွာသိမြင် ဆင်ခြင်ပြီးနောက် ထိုနေရာမှပင် သွားရောက်ကာ ဥတ္တရာ၏ ခြေရင်း၌ တုပ်ဝပ်၍ “အရှင်မ.. ကျွန်တော်မသည် မစူးမစမ်းမူ၍ ပြုမှားအပ်ခဲ့ပါပြီ။ |
1,333,699 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကျွန်တော်မအား သည်းခံကြပါကုန်လော့”ဟု တောင်းပန်ဝန်ချစကား ပြောကြားလေ၏။ |
1,333,700 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုအခါ ဥတ္တရာ သူဌေးသမီးသည် “အမိ သိရိမာ.. ငါကား သင့်အား ဤနေရာ၌ အကန်တော့ မခံနိုင်ပါ၊ ငါကား ဖခင်ရှိသော သမီးဖြစ်သည်၊ မြတ်စွာဘုရားရှင် တည်းဟူသော ငါ၏ဖခင်ကို သည်းခံစေမှ = ကန်တော့မှ ငါသည် သည်းခံပေအံ့”ဟု ပြောဆိုလေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.