id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,333,701 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုခဏမှာပင် မြတ်စွာဘုရားရှင်သည်လည်း ရဟန်းအပေါင်း ခြံရံလျက် ဥတ္တရာ၏ နေအိမ်ဝယ် အသင့်ခင်းထားအပ်သော နေရာ၌ ကြွရောက် ထိုင်နေတော်မူလေ၏။ |
1,333,702 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သိရိမာသည် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်တုပ်ဝပ်၍ “မြတ်စွာဘုရား.. တပည့်တော်မသည် အရှင်မ ဥတ္တရာ၏အပေါ်၌ အပြစ်တခု လွန်ကျူးပြုအပ်ခဲ့ပါပြီ၊ အရှင်ဘုရားတို့က သည်းခံတော်မူကြမှ သည်းခံမည်ဟု ပြောပါသည်။ |
1,333,703 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မအား သည်းခံတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ |
1,333,704 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | မြတ်စွာဘုရားရှင်က “သိရိမာ.. သင့်အား ငါဘုရား သည်းခံ၏”ဟု မိန့်တော်မူလေလျှင် သိရိမာသည် ဥတ္တရာထံသို့ သွားရောက်၍ ဥတ္တရာကိုလည်း သည်းခံစေ = ကန်တော့လေ၏။ |
1,333,705 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဆက်၍ ဖော်ပြလိုသည်မှာ- ထိုနေ့၌ သိရိမာသည် မြတ်စွာဘုရားရှင်၏ ဆွမ်းအနုမောဒနာတရား နာကြားရ၍- |
1,333,706 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၄ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။ |
1,333,707 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကောဓံ = ဒေါသအမျက် ခြောင်းခြောင်းထွက်သူကို။ |
1,333,708 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အက္ကောဓေန = အမျက်မပါ မေတ္တာနှလုံး ကိုယ်ကသုံးသဖြင့်။ |
1,333,709 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏။ |
1,333,710 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အသာဓုံ = သူတော်မဟုတ် လူသူနုပ်ကို။ |
1,333,711 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သာဓုနာ = သူတော်နှလုံး ကိုယ်ကသုံးသဖြင့်။ |
1,333,712 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ကဒရိယံ = ကိုယ်ကလည်းမလှူလို သူလှူမည်ကိုလည်း ဟန့်တား အလွန်ကြမ်းတမ်းသော မစ္ဆရိယသမားကို။ |
1,333,713 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဒါနေန = စွန့်ကြဲပေးကမ်း ကိုယ်ကလှူဒါန်းသဖြင့်။ |
1,333,714 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | အလိကဝါဒိနံ = မမှန်စကား ပြောကြားလေ့ရှိသောသူကို။ |
1,333,715 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | သစ္စေန = အမှန်စကား ကိုယ်ကပြောကြားသဖြင့်။ |
1,333,716 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏ - |
1,333,717 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဟူသော ဤတရားဂါထာ အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။ |
1,333,718 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ထိုသို့ သောတာပန်အရိယာ ဖြစ်ပြီးနောက် သိရိမာသည် မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ နောက်တနေ့ဝယ် ဘုရားအမှူးရှိသော သံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ |
1,333,719 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဤသို့လျှင် နန္ဒမည်သော သူငယ်၏ အမိဖြစ်၍ နန္ဒမာတာဟူ၍ ခေါ်ဆိုအပ်သော ဤဥတ္တရာသူဌေးသမီး၏ အကြောင်းအရာ အဋ္ဌုပ္ပတ်သည် ဖြစ်ပေါ်ခဲ့လေသည်။ |
1,333,720 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | နောက်အဖို့၀ယ် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၍ ဥပါသိကာ ဒါယိကာမများကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤနန္ဒမာတာ ဥတ္တရာသူဌေးသမီးကို- |
1,333,721 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဈာယီနံ ယဒိဒံ ဥတ္တရာ နန္ဒမာတာ = ရဟန်းတို့.. |
1,333,722 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ၃၃၅ ဈာန်ဝင်စားလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”– |
1,333,723 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဈာယီ = ဈာန်ဝင်စားလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ |
1,333,724 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း | ဤကား ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်းတည်း။ |
1,333,725 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဇရာဝဂ် ၃။ |
1,333,726 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဥတ္တရာထေရီမ ဝတ္ထု ပရိဇိဏ္ဏမိဒံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာမည်သော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,333,727 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဆွမ်းခံသွားစဉ် အားပြတ်၍ လဲကျခြင်း |
1,333,728 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဥတ္တရာထေရီမသည် ဖွားမြင်သည်မှစ၍ အရွယ်အားဖြင့် အသက် တစ်ရာ့နှစ်ဆယ် ရှိသည်ဖြစ်၍ ဆွမ်းအလို့ငှာ သွားလာလှည့်လည်သဖြင့် ရသော ဆွမ်းရှိလေရကား လမ်းခရီးအကြား၌ ရဟန်းတစ်ပါးကိုမြင်ရလျှင် ဆွမ်းဖြင့် ပန်ကြား၍ မြစ်ပယ်တော်မမူဘဲ ယူသော ထိုရဟန်းအား အလုံးစုံသောဆွမ်းကို လှူဒါန်းလေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေသတတ်။ |
1,333,729 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဤသို့ နှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ သုံးရက်မြောက်သော နေ့၌လည်းကောင်း ထိုရဟန်းအားသာလျှင် ထိုအရပ်၌ပင် ဆွမ်းကိုလှူပြန်လေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေ၏။ |
1,333,730 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | လေးရက်မြောက်သော နေ့၌ကား ဆွမ်းအလို့ငှာ သွားလတ်သည်ရှိသော် တစ်ခုသော ကျဉ်းမြောင်းရာအရပ်၌ မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် နောက်သို့ဆုတ်ခွာစဉ် တွဲလျားကျသော မိမိသင်္ကန်းစွန်းကို နင်းမိရာ ကောင်းစွာဆောင်ခြင်းငှာ မတတ်နိုင်၊ မဟန်နိုင်ရကား ဦးစောက်ပြောင်းပြန်ဖြစ်၍ လဲကျသွားလေ၏။ |
1,333,731 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | မြတ်စွာဘုရားသည် ထိုဥတ္တရာထေရီမ၏အထံသို့ ကြွသွားတော်မူ၍ ”နှမ- သင်၏အတ္တဘောသည် ဆွေးမြည့်အိုမင်း ယိုယွင်းခဲ့လေပြီ၊ မကြာမြင့်မီသာလျှင် ပျက်စီးရပေလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,333,732 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဒေသနာတော် [၁၄၈] ပရိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။ |
1,333,733 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။ |
1,333,734 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဘဂိနိ၊ နှမ။ |
1,333,735 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | တဝ၊ သင်၏။ ဣဒံ ရူပံ၊ ဤကိုယ်ကောင် ဟူသော ရုပ်သည်။ |
1,333,736 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ပရိဇိဏ္ဏံ၊ ဆွေးမြည့်ယိုယွင်း အိုမင်းခဲ့လေ၏။ |
1,333,737 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ရောဂနီဠံ၊ အနာရောဂါအားလုံးတို့၏ နေရာလည်းဖြစ်၏။ |
1,333,738 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ပဘင်္ဂုရံ၊ အမြဲစိမ့်ထွက် ပုပ်အက်လျက်ရှိ၏။ |
1,333,739 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ပူတိ၊ ပုပ်သည်။ |
1,333,740 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | သံ သန္တော၊ ဖြစ်၍။ |
1,333,741 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဒေဟော၊ သင့်ကိုယ်သည်။ |
1,333,742 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဘိဇ္ဇတိ၊ မကြာမီ ပျက်စီးတတ်၏။ |
1,333,743 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | မရဏန္တံ၊ သေခြင်း အဆုံးရှိ၏။ |
1,333,744 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ဒေသနာတော်၏အဆုံး၌ ဥတ္တရာထေရီမသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ |
1,333,745 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | (ဤဘိက္ခုနီမသည် သာရဏီယဓမ္မကို ဖြည့်ကျင့်သူဖြစ်၏။ |
1,333,746 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ၁။ မေတ္တာဖြင့် ကာယကံမှုပြုခြင်း၂။ |
1,333,747 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | မေတ္တာဖြင့် ဝစီကံမှုပြောခြင်း၃။ |
1,333,748 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | မေတ္တာဖြင့် မနောကံမှုကြံခြင်း၄။ |
1,333,749 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ရသောပစ္စည်းကို သီတင်းသုံးဖော်တို့အား လှူလေ့ရှိသဖြင့် ကြွင်းကျန်မှ မိမိသုံးဆောင်ခြင်း၅။ |
1,333,750 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ကျိုး,ပေါက်,ကြား,ပျောက်ခြင်းမရှိအောင် သီလစောင့်ထိန်းခြင်း၆။ |
1,333,751 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | သမ္မာအယူ ဖြူစင်ခြင်းဤသို့ တစ်သက်လုံး အောက်မေ့အပ်သော ခြောက်ပါးတို့ကို တစ်ဆယ့်နှစ်နှစ်ကျင့်လျှင် သာရဏီယဓမ္မ ပြည့်၏။ |
1,333,752 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | အကျိုးကား အလွန်များ၏။ |
1,333,753 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထု | ) ဥတ္တရာထေရီမ ဝတ္ထု ပြီး၏။ |
1,333,754 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၃ - ဥတ္တရာထေရီဝတ္ထု |
1,333,755 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။ |
1,333,756 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။ |
1,333,757 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံ၍ ရသမျှဆွမ်းကို သုံးရက်တိုင်တိုင် ဆွမ်းခံရဟန်းတပါးအား လှူဒါန်း၍ အစာပြတ်လျက် လေးရက်မြောက် ဆွမ်းခံစဉ် သင်္ကန်းကိုနင်းမိ၍ လဲကျသွားသော အသက် ၁၂၀-ရှိသော ဥတ္တရာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,333,758 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ဥတ္တရာထေရီမ သောတာပန်ဖြစ်သည်။ |
1,333,759 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | အနက် ဣဒံ ရူပံ၊ ဤရူပကာယသည်။ |
1,333,760 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပရိဇိဏ္ဏံ၊ ဆွေးမြေ့အိုမင်းတတ်၏။ |
1,333,761 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ရောဂနီဠံ၊ အနာရောဂါတို့၏ တည်ရာဖြစ်၏။ |
1,333,762 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပဘင်္ဂုရံ၊ ယိုယွင်းပျက်စီးတတ်၏။ |
1,333,763 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဇီဝိတံ၊ အသက်ရှင်နေခြင်းသည်။ |
1,333,764 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | မရဏန္တံ ဟိ၊ သေခြင်းလျှင်အဆုံးရှိ၏။ |
1,333,765 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | သော ပူတိသန္ဒေဟော၊ ထိုကိုယ်သည် ပုပ်သည်ဖြစ်၍။ |
1,333,766 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဘိဇ္ဇတိ၊ ပျက်စီးလတ္တံ့။ |
1,333,767 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | စကားပြေ ဆွေးမြေ့အိုမင်းတတ်၍ အနာရောဂါတို့၏ တည်ရာဖြစ်ပြီးလျှင် ယိုယွင်းပျက်စီးတတ်သော ခန္ဓာကိုယ်၏ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် နောက်ဆုံးရှိ၏။ |
1,333,768 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဤခန္ဓာကိုယ်ကြီးသည် ပုပ်၍ ပျက်စီးရမည်။ |
1,333,769 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပဘင်္ဂုရံ— ငယ်သောမြေခွေးပင်ဖြစ်သော်လည်း မြေခွေးအိုကို (ဇရသိင်္ဂါလ) ဟုခေါ်သကဲ့သို့လည်းကောင်း နုသောဆင်သမနွယ်ပင်ဖြစ်သော်လည်း (ပူတိလတာ) နွယ်ဆွေးဟုခေါ်သကဲ့သို့လည်းကောင်း ယနေ့မွေးဖွားကာ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော်လည်း အမြဲအပုပ်ယိုစီးတတ်သော အနက်သဘောကြောင့် ပုပ်ခြင်းသဘောရှိသည်ဖြစ်၍ ခန္ဓာကိုယ်ကို “ပဘင်္ဂုရံ” ဟု ဆိုသည်။ |
1,333,770 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ရောဂနီဠံ— ရောဂါနံ နီဠံ ရောဂနီဠံ။ |
1,333,771 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ရောဂ + နီဠ။ |
1,333,772 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပူတိသန္ဓေဟော— ပူတိ သန္ဒေဟော ပူတိသန္ဒေဟော။ |
1,333,773 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပူတိ + သန္ဒေဟ။ |
1,333,774 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | မရဏန္တံ— မရဏဿ အန္တံ မရဏန္တံ။ |
1,333,775 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | မရဏ + အန္တ။ |
1,333,776 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဥတ္တရာထေရီဝတ္ထု ပြီး၏။ |
1,333,777 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၁၁-ဇရာဝဂ် ၃-ဥတ္တရာထေရီဝတ္ထုပါဠိဂါထာ |
1,333,778 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၃၁၆။ ပရိဇိဏ္ဏမိဒံ ရူပံ, ရောဂနီဠံ ပဘင်္ဂုရံ၊ဘိဇ္ဇတိ ပူတိသန္ဒေဟော, မရဏန္တံ ဟိ ဇီဝိတံ။ |
1,333,779 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဣဒံ ရူပံ၊ ဤသင်၏ ရုပ်သည်။ |
1,333,780 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ပရိဇိဏ္ဏံ၊ အိုပြီ။ |
1,333,781 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ရောဂနီဠံ၊ ရောဂါတို့၏ အသိုက် တည်း။ |
1,333,782 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | [ရောဂါနံ+နီဠံ ရောဂနီဠံ။ |
1,333,783 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဣတိ၊ဋ္ဌ၊၁၅၆။ |
1,333,784 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ] ပဘင်္ဂုရံ၊ သူ့အလိုလို ဖျက်လေ့ရှိ၏။ |
1,333,785 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဝါ၊ မိမိကိုယ်ကို ဖျက်လေ့ရှိ၏။ |
1,333,786 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၃ [သူများက မဖျက်ဆီးအပ်၊ ဟူလို။ |
1,333,787 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ] ပူတိသန္ဒေဟော၊ ပုပ်သော သင့်ကိုယ်သည်။ |
1,333,788 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၁ ဘိဇ္ဇတိ၊ မကြာမီ ပျက်တော့မည်။ |
1,333,789 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၂ (ကသ္မာ၊ အဘယ်ကြောင့် နည်း။ |
1,333,790 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဝါ၊ ရှင်ခြင်းသည်။ |
1,333,791 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | မရဏန္တံ၊ သေခြင်းအဆုံးရှိ၏။ |
1,333,792 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၁။ ပူတိသန္ဒေဟော။ |
1,333,793 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ။ ပူတိကို “ပူတိကော” သန္ဒေဟောကို “ဒေဟော”ဟု ဝိဘတ်တူ ဖွင့်သောကြောင့် “ပူတိ စ+သာ+သန္ဒေဟော စာတိ ပူတိသန္ဒေဟော”ဟု ပြု၊ သံကား အနက်မဲ့ တည်း၊ သန္ဒေဟသဒ္ဒါသည် ကိုယ်ဟူသောအနက်ကို ဟော၏၊ ဒေဟောကဲ့သို့ “သန္ဒိဟတိ ဝဍ္ဎတိ ဧတ္ထ ကုသလာကုသလန္တိ သန္ဒေဟော(ဓာန်-ဋီ-၁၅၁)၊ သန္ဒေဟတိ ဝဍ္ဎတိ, သန္ဒေဟီယတိ ဝါ ဥပစီယတိ ကမ္မကိလေသေဟီတိ သန္ဒေဟော(ဓာတွတ္ထ)”ဟုပြု... |
1,333,794 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | [သန္ဒေဟောတိ ကာယဿေတံ အဓိဝစနံ၊-မဟာနိ-၁၈။ |
1,333,795 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ။ “ပူတိ+သံ+ဒေဟော”ဟု ၃ပုဒ်ကြံ၍ “ပူတိ-ပုပ်သည်၊ သံ (သန္တော)- ဖြစ်လျက်၊ ဒေဟော-သင့်ကိုယ်သည်၊ ဘိဇ္ဇတိ”ဟုလည်းကောင်း “ပူတိ+သန္ဒေဟော”ဟု ၂ပုဒ်ကြံ၍ “ပူတိ-ပုပ်၏၊ သန္ဒေဟော-မိမိ၏ကိုယ်သည်၊ [သဿ+ဒေဟော သန္ဒေဟော၊] ဘိဇ္ဇတိ”ဟုလည်း ကောင်း ပေးကြသေး၏။ |
1,333,796 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ၂။ ဘိဇ္ဇတိ ။ |
1,333,797 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ။ “န စိရဿေဝ ဘိဇ္ဇတိ” ဟု ဖွင့်သောကြောင့် ယာဝ ပုရာစသည်တို့နှင့် မယှဉ်သော်လည်း ဝတ္တမာနာ ပစ္စုပန္နေသုတ်၌ “ဝတ္တမာနာ”ဟူသော ယောဂဝိဘာဂဖြင့် အနာဂတ် အနက်၌ ဝတ္တမာန်ဝိဘတ်သက်နိုင်သည်။ |
1,333,798 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | (ဝိဗော၊၂၀၉) |
1,333,799 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | မောဂ်-၆, ၁သုတ်၌ သမီပဝတ္တမာန်ဟု ဆို၏၊ ထိုအလို သုတ်ရင်းဖြင့် သက်၊ ဤ၌ အိုခြင်းကြိယာသည် မုချပစ္စုပ္ပန်တည်း၊ ပျက်ခြင်းကြိယာကား အိုခြင်းကြိယာ၏ အနီး၌ ဖြစ်သောကြောင့် သမီပဝတ္တမာန်တည်း၊ “သင့်ရုပ်သည် အိုနေပြီ၊ ပျက်ဖို့ နီးနေပြီ”ဟူလို၊ တံကာလာပေက္ခဝတ္တမာန်, ကာလဝိပလ္လာသဟုလည်း မောဂ်-၆, ၁သုတ်၌ ဆိုသေး၏၊ အကျယ်ကို မောဂ်နိ- ၂, ၂၉၇-၈ ရှု။ |
1,333,800 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာထေရီဝတ္ထုဂါထာ | ဥတ္တရာထေရီဝတ္ထုဂါထာနိဿယပြီးပြီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.