id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,334,701
Uncategorized
ဥဒါန်းပါဠိတော်
ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။
1,334,702
Uncategorized
ဥဒါန်းပါဠိတော်
တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။
1,334,703
Uncategorized
ဥဒါန်းပါဠိတော်
သိရာ၌ သိကာမျှ ဖြစ်လတ္တံ့”ဟု ဤသို့ သင်သည် ကျင့်အပ်၏။
1,334,704
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ အကြင်အခါ၌ သင်သည် မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။
1,334,705
Uncategorized
ဥဒါန်းပါဠိတော်
သိရာ၌ သိကာမျှ ဖြစ်လတ္တံ့။
1,334,706
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ ထိုအခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။
1,334,707
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ အကြင်အခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။
1,334,708
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ ထိုအခါ သင်သည် ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။
1,334,709
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ အကြင်အခါ ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။
1,334,710
Uncategorized
ဥဒါန်းပါဠိတော်
ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်လတ္တံ့။
1,334,711
Uncategorized
ဥဒါန်းပါဠိတော်
ဤသည်ပင်လျှင် ဆင်းရဲ၏အဆုံးတည်းဟု (ဟောတော်မူ၏)။
1,334,712
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်အား ဤအကျဉ်းဖြစ်သော မြတ်စွာဘုရား တရားဟောခြင်းဖြင့် ထိုခဏ၌ပင်လျှင် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်၏။
1,334,713
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဤအကျဉ်းဖြစ်သော ဆုံးမခြင်းဖြင့် ဆုံးမ၍ ဖဲကြွတော်မူ၏။
1,334,714
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ နို့စို့သားငယ်ရှိသော နွားမသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဝှေ့၍ ဇီဝိတိန္ဒြေမှ ချ၏။
1,334,715
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံပြီးသည်မှနောက်၌ ဆွမ်းခံရွာမှ ဖဲကြွခဲ့ပြီးသော် များစွာသော ရဟန်းတို့နှင့်အတူ သာဝတ္ထိမြို့မှ ထွက်တော်မူ၍ သေသော သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယကို မြင်၍ ရဟန်းတို့ကို “ရဟန်းတို့ ဆောင်ယူကြလော့၊ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့...
1,334,716
Uncategorized
ဥဒါန်းပါဠိတော်
-- “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့၍ထိုဗာဟိယ၏ စေတီကိုလည်း ပြုလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ နေကြကုန်၏။
1,334,717
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ နေပြီးသော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား"အသျှင်ဘုရား သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို မီးရှို့အပ်ပါပြီ။
1,334,718
Uncategorized
ဥဒါန်းပါဠိတော်
ထိုဗာဟိယ၏ စေတီကိုလည်း ပြုအပ်ပါပြီ။
1,334,719
Uncategorized
ဥဒါန်းပါဠိတော်
ထိုဗာဟိယ၏ လားရာဂတိကား အဘယ်ပါနည်း¿ ရှေးရှုရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု ဤစကားကို လျှောက်ထားကုန်၏။
1,334,720
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ပညာရှိ၏။
1,334,721
Uncategorized
ဥဒါန်းပါဠိတော်
လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်၏။
1,334,722
Uncategorized
ဥဒါန်းပါဠိတော်
တရားတည်းဟူသောအကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ။
1,334,723
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။
1,334,724
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်နိဗ္ဗာန်၌ အာပေါဓာတ်သည်လည်းကောင်း၊ ပထဝီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်သည်လည်းကောင်း၊ ဝါယောဓာတ်သည်လည်းကောင်း မတည်နိုင်၊ ထိုနိဗ္ဗာန်၌ ကြယ်တို့သည် မတောက်ပကုန်။
1,334,725
Uncategorized
ဥဒါန်းပါဠိတော်
နေသည်လည်း မတောက်ပ၊ လသည်လည်း မတောက်ပ၊ အမိုက်တိုက်လည်း မရှိ။
1,334,726
Uncategorized
ဥဒါန်းပါဠိတော်
အကြင်အခါ၌ သစ္စာလေးပါးကို သိသောကြောင့် မုနိအမည်ရသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တိုင် နိဗ္ဗာန်ကို သိ၏။
1,334,727
Uncategorized
ဥဒါန်းပါဠိတော်
နိဗ္ဗာန်ကို သိပြီးသည်မှ နောက်၌ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာဆင်းရဲမှလည်းကောင်း လွတ်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,728
Uncategorized
ဥဒါန်းပါဠိတော်
(မြတ်စွာဘုရားသည် ဤဥဒါန်းကိုလည်း ဟောတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါ၏)။
1,334,729
Uncategorized
ဥဒါန်းပါဠိတော်
ရှေးဦးစွာသော ဗောဓိဝဂ် ပြီး၏။
1,334,730
Uncategorized
ဥဒါန်းပါဠိတော်
-- ၂-မုစလိန္ဒဝဂ်
1,334,731
Uncategorized
ဥဒါန်းပါဠိတော်
၁-မုစလိန္ဒသုတ်
1,334,732
Uncategorized
ဥဒါန်းပါဠိတော်
၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ကျည်းပင်ရင်း၌ နေတော်မူ၏။
1,334,733
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ်ကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။
1,334,734
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ချမ်းအေးသောလေ နှိပ်စက်သည့် ခုနစ်ရက်စွေသောအခါမဲ့ မိုးကြီးသည် ရွာသွန်း၏။
1,334,735
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှ ထွက်လာပြီးလျှင် “မြတ်စွာဘုရားကို အအေး အပူ ခြင် မှက် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်”ဟု နှလုံးသွင်း၍ မြတ်စွာဘုရား၏ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသောပါးပျဉ်းကို မိုးလျက် တည်နေ၏။
1,334,736
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့်ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထ၏။
1,334,737
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မုစလိန္ဒနဂါးမင်းသည် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက်ကင်းစင် သည်ကို သိ၍မြတ်စွာဘုရားကိုယ်တော်မှ အခွေတို့ကို ဖြေ၍ မိမိအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင်ကို ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား ရှေ့မှောက်၌ ရပ်တည်၏။
1,334,738
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"မဂ်ဉာဏ်လေးပါတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသောတရားရှိသည့် ခပ်သိမ်းသောတရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဝိဝေကသည် ချမ်းသာ၏၊ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တဝါအပေါင်းတို့၌ (မညှဉ်းဆဲမိအောင်) စောင့်စည်းခြင်းသည်လည်း...
1,334,739
Uncategorized
ဥဒါန်းပါဠိတော်
လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟု ဆိုအပ်သော စွဲမက်မှု ‘ရာဂ’ ကင်းသည့်အဖြစ်သည် ချမ်းသာ၏။
1,334,740
Uncategorized
ဥဒါန်းပါဠိတော်
ငါဟူသော မာန်ကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာခြင်း ဖြစ်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,741
Uncategorized
ဥဒါန်းပါဠိတော်
-- ၂-ရာဇသုတ်
1,334,742
Uncategorized
ဥဒါန်းပါဠိတော်
၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,743
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြ၍ တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား “ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း¿ ပိုလွန်၍ များသော အတွင်းအပ အသုံးအဆောင် ရှ...
1,334,744
Uncategorized
ဥဒါန်းပါဠိတော်
ထိုရဟန်းတို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရားသည် ညနေချမ်းအခါ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ တရားသဘင်မဏ္ဍပ်သို့ ချဉ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း¿ စုဝေးထိုင်နေကုန်သော သင်တို့၏ မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း”ဟု မိန့်တ...
1,334,745
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား ဤနေရာ၌ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲ၍ ပြန်လာကြကုန်သောတပည့်တော်တို့အား တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်စဉ် “ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း¿ ပိုလွန်၍ များသော အတွင်းအပ...
1,334,746
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား အကျွန်ုပ်တို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရား ကြွလာတော်မူပါ၏ဟု (လျှောက်ကုန်၏)။
1,334,747
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကုန်သော အမျိုးကောင်းသားဖြစ်ကုန်သော သင်တို့အား ဤသို့ သဘောရှိသော စကားမျိုးကို ပြောဆိုခြင်း သည် မလျောက်ပတ်၊ ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့သည် တရားစကား ပြောဆိုမှုကိုလည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်းကောင်း ဤကိစ္စ နှစ်ပါးကိုသာ ပြုအပ်၏ဟု (မိန့...
1,334,748
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “လောက၌ ကာမချမ်းသာသည်လည်းကောင်း၊ နတ်၌ ဖြစ်သော ချမ်းသာသည်လည်းကောင်း ဤချမ်းသာတို့သည် တဏှာကုန်ရာ (ဖလသမာပတ်) ချမ်းသာ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,749
Uncategorized
ဥဒါန်းပါဠိတော်
-- ၃-ဒဏ္ဍသုတ်
1,334,750
Uncategorized
ဥဒါန်းပါဠိတော်
၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,751
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏ အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဉ်းဆဲကုန်၏။
1,334,752
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။
1,334,753
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဉ်းဆဲကြသော များစွာသော သူငယ်တို့ကို မြင်တော်မူ၏။
1,334,754
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်သူသည် မိမိ၏ ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် ရိုက်နှက် ညှဉ်းဆဲ၏။
1,334,755
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။
1,334,756
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သူသည် မိမိ၏ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် မရိုက်နှက် မညှဉ်းဆဲ၊ ထိုသူသည်သာ တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,757
Uncategorized
ဥဒါန်းပါဠိတော်
-- ၄-သက္ကာရသုတ်
1,334,758
Uncategorized
ဥဒါန်းပါဠိတော်
၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,759
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်းကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင် တို့ကို ရရှိ၏။
1,334,760
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြရလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏။
1,334,761
Uncategorized
ဥဒါန်းပါဠိတော်
သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို မခံယူကြရကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကြကုန်။
1,334,762
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအား လည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်ကြ သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်ကြလျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။
1,334,763
Uncategorized
ဥဒါန်းပါဠိတော်
ခြိမ်းခြောက်ကုန်၏။
1,334,764
Uncategorized
ဥဒါန်းပါဠိတော်
ခြုတ်ခြယ်ကုန်၏။
1,334,765
Uncategorized
ဥဒါန်းပါဠိတော်
နှောင့်ယှက်ကုန်၏။
1,334,766
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ “အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက် အပံ့ဖြစ်သော ဆ...
1,334,767
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၍ သာသနာတော်မှ ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြရဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ ...
1,334,768
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား သာသနာတော်မှ ပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်လျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။
1,334,769
Uncategorized
ဥဒါန်းပါဠိတော်
နှောင့်ယှက်ကုန်၏ဟု (လျှောက်ကြကုန်၏)။
1,334,770
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း၊ ချမ်းသာဆင်းရဲနှင့် တွေ့ထိသော် ဤချမ်းသာ ဆင်းရဲသည် မိမိကြောင့်လည်းကောင်း၊ သူတစ်ပါးကြောင့်လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ၊ တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကို စွဲ၍ တွေ့ထိကုန်၏။
1,334,771
Uncategorized
ဥဒါန်းပါဠိတော်
ခန္ဓာငါးပါးမရှိသူကို အဘယ်အကြောင်းကြောင့် တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,772
Uncategorized
ဥဒါန်းပါဠိတော်
-- ၅-ဥပါသကသုတ်
1,334,773
Uncategorized
ဥဒါန်းပါဠိတော်
၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,774
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ဣစ္ဆာနင်္ဂလရွာသား ဥပါသကာတစ်ယောက်သည်သာဝတ္ထိပြည်သို့ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။
1,334,775
Uncategorized
ဥဒါန်းပါဠိတော်
ထို့ နောက် ထိုဥပါသကာသည် သာဝတ္ထိမြို့၌ ပြုဖွယ်ကိစ္စကို ပြီးစီးစေ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်နေ၏။
1,334,776
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ ထိုင်နေသော ထိုဥပါသကာအား မြတ်စွာဘုရားသည် “ဥပါသကာ ဤငါ့ထံသို့ လာသော အလှည့်အကြိမ်ကို ကြာမြင့်မှ သင် ပြုဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။
1,334,777
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဉ်းကပ်လိုသည်မှာ ကြာမြင့်လှပါပြီ။
1,334,778
Uncategorized
ဥဒါန်းပါဠိတော်
သို့သော်လည်း တပည့်တော်သည် ထိုထိုဤဤ ပြုဖွယ်အမှု ကြီးငယ်တို့ဖြင့် ကြောင့်ကြရှိပါ၏။
1,334,779
Uncategorized
ဥဒါန်းပါဠိတော်
တပည့်တော်သည် ဤသို့ကြောင့်ကြအားဖြင့် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်ခဲ့ပါဟု (လျှောက်၏)။
1,334,780
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “တစ်ဆယ့်ခြောက်ချက် မဂ်ကိစ္စကို ပြုပြီးဖြစ်၍ အကြားအမြင်များလျက် တစ်စုံတစ်ခု ကြောင့်ကြမှု တစ်စုံတစ်ရာမရှိသူသည် အမှန်စင်စစ် ချမ်းသာ၏။
1,334,781
Uncategorized
ဥဒါန်းပါဠိတော်
ကြောင့်ကြမှုရှိ၍ ပင်ပန်းခြင်းသို့ ရောက်သူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက် အပေါ်၌ တွယ်တာစွဲလမ်းသည် ဖြစ်၍ ပင်ပန်း၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,782
Uncategorized
ဥဒါန်းပါဠိတော်
-- ၆-ဂဗ္ဘိနီသုတ်
1,334,783
Uncategorized
ဥဒါန်းပါဠိတော်
၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,784
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ တစ်ယောက်သော ပရိဗိုဇ်၏ မယားဖြစ်သူ ပရိဗိုဇ်မငယ်သည် ကိုယ်ဝန်ရှိလျက် သားဖွားချိန် နီး၏။
1,334,785
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောက်ျားကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။
1,334,786
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ ပြောဆိုသော် ထိုပရိဗိုဇ်ယောက်ျားသည် ထိုပရိဗိုဇ်မကို “ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့နည်း”ဟု ပြော၏။
1,334,787
Uncategorized
ဥဒါန်းပါဠိတော်
နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောက်ျားကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။
1,334,788
Uncategorized
ဥဒါန်းပါဠိတော်
နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်ယောက်ျားသည် ထိုပရိဗိုဇ်မကို “ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့ နည်း”ဟု ပြောဆို၏။
1,334,789
Uncategorized
ဥဒါန်းပါဠိတော်
သုံးကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောက်ျားကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။
1,334,790
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအား လည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။
1,334,791
Uncategorized
ဥဒါန်းပါဠိတော်
ဆောင်ယူခြင်းငှါကား မပေးလှူ။
1,334,792
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ထိုပရိဗိုဇ်ယောက်ျားအား “ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။
1,334,793
Uncategorized
ဥဒါန်းပါဠိတော်
ဆောင်ယူခြင်းငှါကား မပေးလှူ၊ ငါသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဤပရိဗိုဇ်မ သားဖွားရန်အတွက် ဆီကို အန်၍ ပေးရပါမူကောင်းလေစွ”ဟု အကြံဖြစ်၏။
1,334,794
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် ထိုပရိဗိုဇ်ယောက်ျားသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဆီကို အန်ထုတ်ခြင်းငှါလည်း မစွမ်းနိုင်၊ (ဝမ်းလျှောကျစေခြင်းငှါလည်း) မစွမ်းနိုင်၊ ထိုပရိဗိုဇ်ယောက်ျားသည် ထက်မြက် ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောကြောင့် ကိုယ်ကို ထိုမှ ဤမှ ...
1,334,795
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။
1,334,796
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် ထက်မြက် ကြမ်းကြုတ်ကုန်သော စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ထိုမှ ဤမှ လူးလှိမ့်နေသော ထိုပရိဗိုဇ်ကို မြင်တော်မူ၏။
1,334,797
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကြောင့်ကြမှု မရှိသူတို့သည် စင်စစ် ချမ်းသာကုန်၏။
1,334,798
Uncategorized
ဥဒါန်းပါဠိတော်
အရိယာမဂ်ဉာဏ်သို့ ရောက်သူတို့သည် ကြောင့်ကြမှု မရှိကုန်။
1,334,799
Uncategorized
ဥဒါန်းပါဠိတော်
ကြောင့်ကြမှု ရှိ၍ ပင်ပန်းခြင်းသို့ ရောက်သောသူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက်အပေါ်၌ တွယ်တာ စွဲလမ်းသည်ဖြစ်၍ ပင်ပန်း၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,800
Uncategorized
ဥဒါန်းပါဠိတော်
-- ၇-ဧကပုတ္တကသုတ်