id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,334,801
Uncategorized
ဥဒါန်းပါဠိတော်
၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,334,802
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ဥပါသကာတစ်ယောက်၏ ချစ်အပ် နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်လေ၏။
1,334,803
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော များစွာသော ဥပါသကာတို့သည် နေ့ခင်းချည်း အချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်၏။
1,334,804
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ ထိုင်ကြသော ထိုဥပါသကာတို့ကို မြတ်စွာဘုရားသည် “စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော ဥပါသကာတို့ သင်တို့သည် အဘယ့်ကြောင့် ငါ့ထံသို့ နေ့လယ်ချည်းအချိန်၌ ချဉ်းကပ်ကုန် သနည်း”ဟု မိန့်တော်မူ၏။
1,334,805
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ မိန့်တော်မူသော် ထိုဥပါသကာသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်၏ ချစ်အပ်နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်ခဲ့ပါ၏။
1,334,806
Uncategorized
ဥဒါန်းပါဠိတော်
ထို့ကြောင့် စိုစွတ်သော အဝတ်စိုစွတ်သော ဆံရှိသောတပည့်တော်တို့သည် နေ့ (မွန်းတည့်ချိန်) ၌ အသျှင်ဘုရားထံသို့ ချဉ်းကပ်ပါကုန်၏”ဟု လျှောက်၏။
1,334,807
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ချစ်အပ်သော သဘောရှိသော ရူပက္ခန္ဓာ စသည်တို့၌ သာယာမှုဖြင့် တပ်မက်ကြသော နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း ဆင်းရဲကုန်လျက် ဆုတ်ယုတ်ကုန်၍ သေမင်း၏အလိုသို့ လိုက်ပါကြရကုန်၏။
1,334,808
Uncategorized
ဥဒါန်းပါဠိတော်
အကြင်ပုဂ္ဂိုလ်တို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း မေ့လျော့ခြင်း မရှိဘဲ ချစ်အပ်သော သဘောရှိသော ခန္ဓာငါးပါးကို စွန့်ကုန်၏။
1,334,809
Uncategorized
ဥဒါန်းပါဠိတော်
ထိုပုဂ္ဂိုလ်တို့သည် လွန်မြောက်နိုင်ခဲသည့် သေမင်းသုံးသပ်အပ်သော ဝဋ်ဆင်းရဲအမြစ်ကို တူးဖြိုနိုင်ကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,810
Uncategorized
ဥဒါန်းပါဠိတော်
-- ၈-သုပ္ပဝါသာသုတ်
1,334,811
Uncategorized
ဥဒါန်းပါဠိတော်
၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုဏ္ဍိကာမြို့ ကုဏ္ဍဓာနတော၌ သီတင်းသုံးနေတော်မူ၏။
1,334,812
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံးကိုယ်ဝန်ဆောင်ရ၏။
1,334,813
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ရက်ပတ်လုံးကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။
1,334,814
Uncategorized
ဥဒါန်းပါဠိတော်
ထိုသုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသည်ရှိသော် “အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။
1,334,815
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူပေစွတကား၊ အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ ကောင်းစွာ ကျင့်တော်မူ၏။
1,334,816
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွတကား၊ အကြင်နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန်ချမ်းသာလေစွတကား”ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏။
1,334,817
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ခင်ပွန်းသည်ကို ခေါ်၍ “အရှင့်သား သင်သည် လာပါလော့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ကျွန်မ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါလော့၊ အနာရောဂါကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာ ထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်ပါချေလော့။
1,334,818
Uncategorized
ဥဒါန်းပါဠိတော်
‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။
1,334,819
Uncategorized
ဥဒါန်းပါဠိတော်
အနာရောဂါကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်လိုက်ပါ၏’ဟု လျှောက်ပါလော့။
1,334,820
Uncategorized
ဥဒါန်းပါဠိတော်
‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။
1,334,821
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။
1,334,822
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောအခါ အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။
1,334,823
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူပေစွတကား။
1,334,824
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါကောင်းစွာ ကျင့်တော်မူ၏။
1,334,825
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွတကား။
1,334,826
Uncategorized
ဥဒါန်းပါဠိတော်
အကြင် နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန်ချမ်းသာလေစွတကား’ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏ဟု ဤသို့လည်း လျှောက်ပါလော့”ဟု ဆို၏။
1,334,827
Uncategorized
ဥဒါန်းပါဠိတော်
ထိုကောလိယမင်းသားသည် “ကောင်းပြီ”ဟု ကောလိယမင်းသမီး သုပ္ပဝါသာ၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။
1,334,828
Uncategorized
ဥဒါန်းပါဠိတော်
အနာရောဂါ ကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်လိုက်ပါ၏။
1,334,829
Uncategorized
ဥဒါန်းပါဠိတော်
ထိုသုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောအခါ အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။
1,334,830
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍သိတော်မူ ပေစွတကား၊ အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါကောင်းစွာ ကျင့်တော်မူ၏။
1,334,831
Uncategorized
ဥဒါန်းပါဠိတော်
ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွ တကား၊ အကြင်နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား’ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏။
1,334,832
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့လည်း လျှောက်လိုက်ပါ၏”ဟု (လျှောက်၏)။
1,334,833
Uncategorized
ဥဒါန်းပါဠိတော်
-- “ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိမူ၍ ချမ်းသာစေသတည်း။
1,334,834
Uncategorized
ဥဒါန်းပါဠိတော်
ရောဂါကင်းသော သားကို ဖွားစေသတည်း”ဟု မိန့်တော်မူ၏။
1,334,835
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရား မိန့်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်လေ၏။
1,334,836
Uncategorized
ဥဒါန်းပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုကောလိယမင်းသားသည် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မိမိအိမ်သို့ ပြန်သွားလေ၏။
1,334,837
Uncategorized
ဥဒါန်းပါဠိတော်
ကောလိယမင်းသားသည် ရောဂါကင်းသော သားကို ဖွားမြင်ပြီးသော ရောဂါမရှိမူ၍ ချမ်းသာခြင်းရှိသော ကောလိယမင်းသမီး သုပ္ပဝါသာကို မြင်၍ ကောလိယမင်းသားအား ဤသို့ အကြံဖြစ်၏ “အချင်းတို့ မြတ်စွာဘုရား၏ ကြီးသောတန်ခိုး ကြီးသော အာနုဘော် ရှိသည်၏အဖြစ်သည် အံ့ဖွယ်ရှိပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်စွာဘုရား မိန့်ဆိုလိုက်သည်နှင့် တစ်ပြိုင်န...
1,334,838
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ခင်ပွန်းသည်ကို ခေါ်၍ “အရှင့်သား လာပါဦးလော့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ကျွန်မ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့်ရှိခိုးပါလော့ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏’၊ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသ...
1,334,839
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်ပါ၏။
1,334,840
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်ပါ၏။
1,334,841
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့် အတူတကွ ကောလိယမင်းသမီး သုပ္ပဝါသာ၏ ဆွမ်းတို့ကို ခုနစ်ရက်ပတ်လုံး သည်းခံ သာယာတော်မူပါ’ဟု ဤသို့လည်း လျှောက်ထားလော့”ဟု ပြောဆို၏။
1,334,842
Uncategorized
ဥဒါန်းပါဠိတော်
ကောလိယမင်းသားသည် “ကောင်းပြီ”ဟု ကောလိယမင်းသမီး သုပ္ပဝါသာ၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။
1,334,843
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။
1,334,844
Uncategorized
ဥဒါန်းပါဠိတော်
“အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။
1,334,845
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေပါ၏။
1,334,846
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏။
1,334,847
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရားသည် ရဟန်းသံဃာနှင့် အတူတကွ ကောလိယမင်းသမီး သုပ္ပဝါသာ၏ ဆွမ်းတို့ကို ခုနစ်ရက်ပတ်လုံး သည်းခံသာယာတော်မူပါ”ဟု ဤသို့လည်း လျှောက်လိုက်ပါ၏ဟု (ဤသို့ လျှောက်၏)။
1,334,848
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ တစ်ယောက်သော ဥပါသကာသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို နက်ဖြန်အလို့ငှါ ဆွမ်းစားပင့်ဖိတ်ထားပြီး ဖြစ်၏။
1,334,849
Uncategorized
ဥဒါန်းပါဠိတော်
ထိုဥပါသကာသည်ကား အသျှင်မဟာမောဂ္ဂလ္လာန်၏ အလုပ်အကျွေးဖြစ်၏။
1,334,850
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် အသျှင်မဟာမောဂ္ဂလ္လာန်ကို ခေါ်၍ “မောဂ္ဂလ္လာန် လာဦးလော့၊ ဥပါသကာထံသို့ ချဉ်းကပ်ပြီးလျှင် ထိုဥပါသကာကို ဤသို့ ပြောဆိုလော့ ‘ဥပါသကာ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။
1,334,851
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ရက်ပတ်လုံးကိုယ်ဝန်ကြောင့် မိန်းမော တွေဝေရ၏။
1,334,852
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ယခုအခါ ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏။
1,334,853
Uncategorized
ဥဒါန်းပါဠိတော်
သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်၏။
1,334,854
Uncategorized
ဥဒါန်းပါဠိတော်
ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ သင်ကား နောက်မှကျွေးပါ’ဟု ပြောချေလော့၊ ဤဥပါသကာသည် သင်၏ အလုပ်အကျွေးတည်း”ဟု မိန့်တော်မူ၏။
1,334,855
Uncategorized
ဥဒါန်းပါဠိတော်
-- “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ ဥပါသကာထံသို့ ချဉ်းကပ်ပြီးလျှင် ထိုဥပါသကာကို ဤသို့ မိန့်ဆို၏ “ဥပါသကာ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်တို့ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။
1,334,856
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေ၏။
1,334,857
Uncategorized
ဥဒါန်းပါဠိတော်
ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ သင်ကား နောက်မှ ကျွေးပါ”ဟု ဤသို့ (မိန့်ဆို၏)။
1,334,858
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား အသျှင်မဟာမောဂ္ဂလ္လာန်သည် တပည့်တော်၏ စည်းစိမ်ဥစ္စာကို လည်းကောင်း၊ အသက်ကိုလည်းကောင်း၊ သဒ္ဓါတရားကိုလည်းကောင်း ဤသုံးပါးသောတရားတို့ကို အာမခံနိုင်ပါမူ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ တပည့်တော်ကား နောက်မှကျွေးပါမည်ဟု (လျှောက်၏)။
1,334,859
Uncategorized
ဥဒါန်းပါဠိတော်
ဥပါသကာ ထိုတရားသုံးပါးတို့တွင် စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း ဤနှစ်ပါးသောတရားတို့ကို ငါ အာမခံနိုင်၏။
1,334,860
Uncategorized
ဥဒါန်းပါဠိတော်
သဒ္ဓါတရားကိုမူကား သင်သည်ပင်လျှင် အာမခံလော့ဟု (မိန့်တော်မူ၏)။
1,334,861
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား အသျှင်မဟာမောဂ္ဂလ္လာန်သည် တပည့်တော်၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း အသက်ကိုလည်းကောင်း တရားနှစ်ပါးကို အာမခံနိုင်ပါမူ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ တပည့်တော်က နောက်မှ ကျွေးပါမည်ဟု (လျှောက်၏)။
1,334,862
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုဥပါသကာကို သိစေပြီး၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်သည် ထိုဥပါသကာကို အသိပေးခဲ့ပါပြီ။
1,334,863
Uncategorized
ဥဒါန်းပါဠိတော်
ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ ထိုဥပါသကာသည် နောက်မှကျွေးပါလိမ့်မည်”ဟု လျှောက်၏။
1,334,864
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲတင်းတိမ်သည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။
1,334,865
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူငယ်ကိုလည်း မြတ်စွာဘုရားနှင့် ရဟန်းသံဃာအားလုံးကို ရှိခိုးစေ၏။
1,334,866
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်သာရိပုတြာသည် ထိုသူငယ်ကို “သူငယ် သင့်အား ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဒုက္ခ ကင်းပါ၏လော”ဟု (မိန့်တော်မူ၏)။
1,334,867
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရားသာရိပုတြာ တပည့်တော်အား အဘယ်မှာ ခန့်ကျန်းပါအံ့နည်း¿ မျှတပါအံ့နည်း¿ တပည့်တော်သည် ခုနစ်နှစ်တို့ပတ်လုံး သွေးအိုင်ထဲ၌ နေခဲ့ရပါသည်ဟု (လျှောက်၏)။
1,334,868
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် “ငါ၏သားသည် တရားစစ်သူကြီး အသျှင်သာရိပုတြာနှင့် အတူတကွ ပြောဆို၏”ဟု နှစ်လိုခြင်း ဝမ်းမြောက်ခြင်း နှစ်သက် ရွှင်လန်းခြင်း ဖြစ်လေ၏။
1,334,869
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ကောလိယမင်းသမီး သုပ္ပဝါသာအား နှစ်လိုဝမ်းမြောက်ခြင်း နှစ်သက်ရွှင်လန်းခြင်းဖြစ်သည်ကို သိသောကြောင့် ကောလိယမင်းသမီး သုပ္ပဝါသာကို “သုပ္ပဝါသာ သင်သည် ဤသားမှတစ်ပါး ဤသို့ သဘောရှိသော သားမျိုးကို အလိုရှိသေးသလော”ဟု (မိန့်တော်မူ၏)။
1,334,870
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားတပည့်တော်မသည် ဤသားမှတစ်ပါး ဤသို့ သဘောရှိကုန်သော သားခုနစ်ယောက်တို့ကို အလိုရှိပါသေးသည်ဟု (လျှောက်၏)။
1,334,871
Uncategorized
ဥဒါန်းပါဠိတော်
-- ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “မသာယာအပ်သော သဘောတရားသည် သာယာဖွယ်အသွင် သဘောဖြင့်လည်းကောင်း မချစ်ခင်အပ်သော သဘောတရားသည် ချစ်ခင်ဖွယ်အသွင် သဘောဖြင့်လည်းကောင်း ဆင်းရဲသော သဘောတရားသည် ချမ်းသာဖွယ်အသွင် သဘောဖြင့်လည်းကောင်း မေ့လျော့နေသူကို လွှမ်းမိုးဖိစီး၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,872
Uncategorized
ဥဒါန်းပါဠိတော်
၉-ဝိသာခါသုတ်
1,334,873
Uncategorized
ဥဒါန်းပါဠိတော်
၁၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။
1,334,874
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မိဂါရမာတာဝိသာခါ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။
1,334,875
Uncategorized
ဥဒါန်းပါဠိတော်
ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (ဝိသာခါ) အလိုအတိုင်း မပြီးစေ။
1,334,876
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မိဂါရမာတာ ဝိသာခါသည် နေ့လယ်ချည်းအချိန်၌ပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။
1,334,877
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါကို မြတ်စွာဘုရားသည် “ဝိသာခါ သင်သည် ယခု နေ့လယ်အချိန်၌ အဘယ်မှလာသနည်း”ဟု မိန့်တော်မူ၏။
1,334,878
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား တပည့်တော်မ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။
1,334,879
Uncategorized
ဥဒါန်းပါဠိတော်
ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (တပည့်တော်မ) အလိုအတိုင်း မပြီးပါစေဟု (လျှောက်၏)။
1,334,880
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတစ်ပါး အလိုလိုက်ရမှုဟူသမျှသည် ဆင်းရဲ၏။
1,334,881
Uncategorized
ဥဒါန်းပါဠိတော်
အစိုးရမှုဟူသမျှသည် ချမ်းသာ၏။
1,334,882
Uncategorized
ဥဒါန်းပါဠိတော်
မှန်လှ၏။ ယောဂလေးပါးမှ လွန်နိုင်ခဲသောကြောင့် သတ္တဝါတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ပင် ပန်းကြရကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,334,883
Uncategorized
ဥဒါန်းပါဠိတော်
-- ၁၀-ဘဒ္ဒိယသုတ်
1,334,884
Uncategorized
ဥဒါန်းပါဠိတော်
၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနုပိယမြို့ သရက်တော၌ သီတင်းသုံးနေတော်မူ၏။
1,334,885
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သားဖြစ်သော အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကျူးရင့်၏။
1,334,886
Uncategorized
ဥဒါန်းပါဠိတော်
ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကျူးရင့်သည်ကို များစွာသော ရဟန်းတို့ ကြားကြ၍ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ “ငါ့သျှင်တို့ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျ...
1,334,887
Uncategorized
ဥဒါန်းပါဠိတော်
ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု (ဤအကြံသည် ဖြစ်၏)။
1,334,888
Uncategorized
ဥဒါန်းပါဠိတော်
ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏"အသျှင်ဘုရား ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ‘ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ’ဟု မပ...
1,334,889
Uncategorized
ဥဒါန်းပါဠိတော်
မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်၏။
1,334,890
Uncategorized
ဥဒါန်းပါဠိတော်
ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကျူးရင့်ပါ၏ဟု (လျှောက်ထားကုန်၏)။
1,334,891
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ “ရဟန်း လာလော့၊ ငါ၏ စကားဖြင့် ဘဒ္ဒိယရဟန်းကို ‘ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။
1,334,892
Uncategorized
ဥဒါန်းပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယထံသို့ ချဉ်းကပ်၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို “ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤသို့ ပြောကြား၏။
1,334,893
Uncategorized
ဥဒါန်းပါဠိတော်
“ငါ့သျှင် ကောင်းပါပြီ”ဟု ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်၏။
1,334,894
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ ထိုင်နေသော ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို မြတ်စွာဘုရားသည် ဘဒ္ဒိယ သင်သည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ငါ ကြားရခြင်းသည် မှန်သလောဟု (မိန့်တော်မူ၏)။
1,334,895
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ထား၏)။
1,334,896
Uncategorized
ဥဒါန်းပါဠိတော်
-- ဘဒ္ဒိယ သင်သည် အဘယ်အကြောင်းကို သိမြင်သောကြောင့် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါန်းကို ကျူးရင့်သနည်းဟု (မိန့်တော်မူ၏)။
1,334,897
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား တပည့်တော်သည် ရှေးလူအဖြစ်ဖြင့် မင်းပြုစဉ် နန်းတော်တွင်း နန်းတော်ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။
1,334,898
Uncategorized
ဥဒါန်းပါဠိတော်
မြို့တွင်း မြို့ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။
1,334,899
Uncategorized
ဥဒါန်းပါဠိတော်
ဇနပုဒ်အတွင်း ဇနပုဒ်အပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။
1,334,900
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား ထိုတပည့်တော်သည် ဤသို့ စောင့်ရှောက်အပ် လုံခြုံစေအပ်သည်ဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်သည်ဖြစ်၍ နေရပါ၏။