id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,901 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား တပည့်တော်သည် ယခုအခါ၌မူကား တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ မကြောက်မရွံ့ မထိတ်မလန့်သည်ဖြစ်၍ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကြက် သီးမွေးညင်းမထဘဲ သူတစ်ပါးနှင့်စပ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေရပါ၏။ |
1,334,902 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား တပည့်တော်သည် ဤအကြောင်းကို သိမြင်သည်ဖြစ်၍ တော၌ နေသည်ဖြစ်စေ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဤဥဒါန်းကို ကျူးရင့်ပါ၏ဟု (လျှောက်ထားလေ၏)။ |
1,334,903 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက် ‘ဒေါသ'တို့သည် မရှိကုန်။ |
1,334,904 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏။ |
1,334,905 | Uncategorized | ဥဒါန်းပါဠိတော် | ဘေးကင်း၍ ချမ်းသာသော ကြောင့်ကြကွာသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်ကုန်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,906 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ခုမြောက် မုစလိန္ဒဝဂ် ပြီး၏။ |
1,334,907 | Uncategorized | ဥဒါန်းပါဠိတော် | -- ၃-နန္ဒဝဂ် |
1,334,908 | Uncategorized | ဥဒါန်းပါဠိတော် | ၁-ကမ္မဝိပါကဇသုတ် |
1,334,909 | Uncategorized | ဥဒါန်းပါဠိတော် | ၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,910 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။ |
1,334,911 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။ |
1,334,912 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးကပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ (နိဗ္ဗာန်၌) တည်သောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,913 | Uncategorized | ဥဒါန်းပါဠိတော် | ၂-နန္ဒသုတ် |
1,334,914 | Uncategorized | ဥဒါန်းပါဠိတော် | ၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,915 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား “ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ |
1,334,916 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့”ဟု ပြောဆို၏။ |
1,334,917 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏ သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား ‘ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ |
1,334,918 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါမစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့’ဟု ပြောဆိုပါသည်’ဟု “ လျှောက်၏။ |
1,334,919 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ “ရဟန်း လာလော့၊ ငါဘုရား၏ စကားဖြင့် နန္ဒရဟန်းကို ‘ငါ့သျှင်နန္ဒ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ |
1,334,920 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အသျှင်နန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒကို “ငါ့သျှင်နန္ဒ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤသို့ ပြောဆို၏။ |
1,334,921 | Uncategorized | ဥဒါန်းပါဠိတော် | “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်နန္ဒသည် ထိုရဟန်း၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်၏။ |
1,334,922 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောနေရာ၌ ထိုင်သော အသျှင်နန္ဒကို “နန္ဒ သင်သည် များစွာသော ရဟန်းတို့အား ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ |
1,334,923 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့”ဟု ပြောဆို၏ဟု ငါ ကြားရသည်ကား မှန်သလောဟု (မိန့်တော်မူ၏)။ |
1,334,924 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်၏)။ |
1,334,925 | Uncategorized | ဥဒါန်းပါဠိတော် | နန္ဒ သင်သည် အဘယ့်ကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်သနည်း¿ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်မူ၍ သိက္ခာချ၍ လူထွက်လိုဘိ သနည်းဟု (မေးမြန်းတော်မူ၏)။ |
1,334,926 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား တစ်ဝက်သာ ဖြီးပြီးသော ဆံပင်တို့ဖြင့် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် တပည့်တော် အိမ်မှ ထွက်လာစဉ် တပည့်တော်ကို စောင့်ငဲ့ကြည့်ရှုလျက် “အရှင့်သား လျင်မြန်စွာ ပြန်လာခဲ့ပါ”ဟု ဤသို့ ပြောဆိုပါ၏။ |
1,334,927 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ထိုတပည့်တော်သည် ထိုစကားကို မပြတ်အောက်မေ့သောကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ |
1,334,928 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်ပါ၊ သိက္ခာချ၍ လူထွက်ပါအံ့ဟု (လျှောက်ထား၏)။ |
1,334,929 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောက်ျားသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့လျက် တာဝတိံသာ နတ်ဘုံတို့၌ ထင်ရှားဖြစ်၏။ |
1,334,930 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့သည် နတ်တို့အရှင် သိကြားမင်းထံသို့ ခစားရန် လာကြကုန်၏။ |
1,334,931 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကို “နန္ဒ သင်သည် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီး ငါးရာတို့ကို မြင်၏လော”ဟု (မိန့်တော်မူ၏)။ |
1,334,932 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်ထား၏)။ |
1,334,933 | Uncategorized | ဥဒါန်းပါဠိတော် | နန္ဒ ထိုအရာကို သင်အဘယ်သို့ ထင်မှတ်သနည်း¿ သာကီဝင်မင်းသမီး ဇနပဒကလျာဏီနှင့် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီးငါးရာတို့သည် အဘယ်က ပို၍ အဆင်းလှပသနည်း¿ ပို၍ ရှုချင်ဖွယ် ရှိသနည်း¿ ပို၍ နှစ်သက်ဖွယ် ရှိသနည်းဟု (မိန့်တော်မူ၏)။ |
1,334,934 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား နား နှာခေါင်းပြတ်ကာ ကိုယ်အင်္ဂါပျက်စီးသော မျောက်မကဲ့သို့ ဤအတူ ဤနတ်သမီးငါးရာတို့ကို ထောက်ဆလျှင် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် မိန်းမဟူသော အရေအတွက်သို့ပင် မဝင်ပါ၊ တစ်စိတ်မျှ မမှီပါ၊ မနှိုင်းစာလောက်ပါ၊ စင်စစ်မှာကား ဤနတ်သမီးငါးရာတို့ကသာ ပို၍ အဆင်းလှပါကုန်၏။ |
1,334,935 | Uncategorized | ဥဒါန်းပါဠိတော် | ပို၍ ရှုချင်ဖွယ်ရှိပါကုန်၏။ |
1,334,936 | Uncategorized | ဥဒါန်းပါဠိတော် | ပို၍နှစ်သက်ဖွယ်ရှိပါကုန်၏ဟု (လျှောက်၏)။ |
1,334,937 | Uncategorized | ဥဒါန်းပါဠိတော် | -- နန္ဒ သာသနာတော်၌ ပျော်ရွှင်စွာ နေလော့၊ နန္ဒ ပျော်ရွှင်စွာ နေလော့၊ ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါတာဝန်ယူ၏ဟု (မိန့်တော်မူ၏)။ |
1,334,938 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်အတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူနိုင်ပါမူ တပည့်တော်သည် သာသနာတော်တွင်းဝယ် ဘုရားရှင်အထံတော်၌ ပျော်ရွှင်စွာ နေပါတော့မည်ဟု (လျှောက်၏)။ |
1,334,939 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောက်ျားသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် တာဝတိံသာနတ်တို့ပြည်မှ ကွယ်ခဲ့လျက် ဇေတဝန်ကျောင်းတော်၌ ထင်ရှားဖြစ်၏။ |
1,334,940 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့သည် “မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်၏။ |
1,334,941 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူသတတ်”ဟု ကြားကြကုန်၏။ |
1,334,942 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်နန္ဒ၏ အပေါင်းအဖော် ရဟန်းတို့သည် အသျှင်နန္ဒကို “အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်သတဲ့၊ ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူခဲ့သတဲ့၊ အသျှင်နန္ဒသည် ကြေးစားဖြစ်လေစွတကား၊ အသျှင်နန္ဒသည် ကုန်ဝယ်သူ ဖြစ်လေစွတကား”ဟု သူခစားဟူသော စကားလ... |
1,334,943 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်နန္ဒသည် အပေါင်းအဖော် ရဟန်းတို့၏ သူခစားဟူသော ကျီစယ်ချက် ကုန်ဝယ်သူဟူသော ကျီစယ်ချက်ကြောင့် ငြီးငွေ့ရှက်နိုး စက်ဆုပ်သည်ဖြစ်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိလျက် နေသည်ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပ... |
1,334,944 | Uncategorized | ဥဒါန်းပါဠိတော် | “ပဋိသန္ဓေနေမှု ကုန်ပြီ။ |
1,334,945 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ။ |
1,334,946 | Uncategorized | ဥဒါန်းပါဠိတော် | ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ။ |
1,334,947 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိပြီ”ဟု သိ၏။ |
1,334,948 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်နန္ဒသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ |
1,334,949 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်သန်းခေါင် လွန်ပြီးသောအခါ အလွန်နှစ်သက်ဖွယ်သော အဆင်းအရောင်ရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါတရ... |
1,334,950 | Uncategorized | ဥဒါန်းပါဠိတော် | “နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက် ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု မြတ်စွာဘုရား၏ ဉာဏ်တော်၌လည်း ထင်တော်မူ၏။ |
1,334,951 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ အသျှင်နန္ဒသည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား တပည့်တော်အတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူပါ၏။ |
1,334,952 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားကို တပည့်တော်သည် ထိုတာဝန်ကို ယူခြင်းမှ လွှတ်ပါပြီ”ဟု (လျှောက်၏)။ |
1,334,953 | Uncategorized | ဥဒါန်းပါဠိတော် | နန္ဒ ငါဘုရားသည်လည်း “နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ငါဘုရားစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍သိခဲ့ပြီ။ |
1,334,954 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါ မရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု နတ်တို့ကလည်း ငါဘုရားအား ဤအကြောင်းကို လျှောက်၏။ |
1,334,955 | Uncategorized | ဥဒါန်းပါဠိတော် | နန္ဒ အကြင်အခါ သင်၏စိတ်သည် စွဲလမ်းမှုကင်းလျက် အာသဝေါတို့မှ လွတ်၏။ |
1,334,956 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ငါဘုရားသည် ထိုတာဝန်ယူခြင်းမှ လွတ်ပြီဟု (မိန့်တော်မူ၏)။ |
1,334,957 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား (ကိလေသာ) ညွန်ကို ကူးမြောက်အပ်၏။ |
1,334,958 | Uncategorized | ဥဒါန်းပါဠိတော် | ကာမဟူသော ဆူးငြောင့်ကို နင်းနယ်ချိုးဖျက်အပ်၏။ |
1,334,959 | Uncategorized | ဥဒါန်းပါဠိတော် | တွေဝေခြင်း ‘မောဟ’ ကုန်ခြင်းသို့ ရောက်၏။ |
1,334,960 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းသည် ချမ်းသာဆင်းရဲတို့ကြောင့် မတုန်လှုပ်”ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ |
1,334,961 | Uncategorized | ဥဒါန်းပါဠိတော် | ၃-ယသောဇသုတ် |
1,334,962 | Uncategorized | ဥဒါန်းပါဠိတော် | ၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,963 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ယသောဇအမှူး ရှိသော ရဟန်းငါးရာတို့သည် သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ |
1,334,964 | Uncategorized | ဥဒါန်းပါဠိတော် | ထို အာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်သော အသံ ရှိကုန်၏။ |
1,334,965 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ငါးလုရာ၌ တံငါသည်တို့ကဲ့သို့ ထိုဆူညံသော အသံ ကျယ်လောင်သော အသံရှိသော ထိုသူတို့ကား အဘယ်သူတို့နည်း”ဟု (မိန့်တော်မူ၏)။ |
1,334,966 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာသော ယသောဇအမှူးရှိသော ရဟန်းငါးရာတို့ပါတည်း။ |
1,334,967 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏ဟု (လျှောက်၏)။ |
1,334,968 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာသို့ ဖြစ်လျှင် ငါဘုရား၏ စကားတော်ဖြင့် ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ပြောဆိုလော့ဟု (မိန့်တော်မူ၏)။ |
1,334,969 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု (လျှောက်၏)။ |
1,334,970 | Uncategorized | ဥဒါန်းပါဠိတော် | “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကုန်၏။ |
1,334,971 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောအရပ်၌ နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်- |
1,334,972 | Uncategorized | ဥဒါန်းပါဠိတော် | -- ရဟန်းတို့ သင်တို့သည် အဘယ့်ကြောင့် တံငါသည်တို့ကဲ့သို့ ဆူညံသော အသံ ကျယ်လောင်သောအသံ ရှိကုန်သနည်းဟု (မိန့်တော်မူ၏)။ |
1,334,973 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ မိန့်တော်မူသော် အသျှင်ယသောဇသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဤရဟန်းငါးရာတို့သည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ |
1,334,974 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်း တို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏”ဟု လျှောက်၏။ |
1,334,975 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့သွားကြကုန်လော့၊ သင်တို့ကို ငါနှင်၏။ |
1,334,976 | Uncategorized | ဥဒါန်းပါဠိတော် | “သင်တို့သည် ငါ့အထံ၌ မနေရ”ဟု (မိန့်တော်မူ၏)။ |
1,334,977 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဝဇ္ဇိတိုင်းသို့ ဒေသစာရီ ကြွကြကုန်၏။ |
1,334,978 | Uncategorized | ဥဒါန်းပါဠိတော် | ဝဇ္ဇိတိုင်းတို့၌ အစဉ်အတိုင်းဒေသစာရီ လှည့်လည်ကြသော် ဝဂ္ဂုမုဒါမြစ်သို့ ရောက်၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ သစ်ရွက်မိုးကျောင်းတို့ကို ဆောက်လျက် ဝါဆိုကြကုန်၏။ |
1,334,979 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်ယသောဇသည် ဝါဆိုသော ရဟန်းတို့ကို “ငါ့သျှင်တို့ အကျိုးစီးပွါးကို လိုလား၍ သနားတော်မူတတ်သော မြတ်စွာဘုရားသည် သနားတော်မူခြင်းကြောင့် ငါ့တို့ကို နှင်ထုတ်အပ်ကုန်၏။ |
1,334,980 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်တို့ မြတ်စွာဘုရား နှစ်သက်တော်မူသည့်အတိုင်း ငါတို့နေကြကုန်အံ့”ဟု (မိန့်ဆို၏)။ |
1,334,981 | Uncategorized | ဥဒါန်းပါဠိတော် | “ငါ့သျှင်ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်ယသောဇ၏ စကားကို ဝန်ခံ၏။ |
1,334,982 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုရဟန်းတို့သည် ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေကြကုန်သော် ထိုဝါတွင်း၌ပင် အလုံးစုံသော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုကုန်၏။ |
1,334,983 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အလိုတော်ရှိသရွေ့ နေပြီးလျှင် ဝေသာလီပြည်သို့ ဖဲကြွတော်မူ၏။ |
1,334,984 | Uncategorized | ဥဒါန်းပါဠိတော် | အစဉ်အားဖြင့် ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ဝေသာလီပြည်သို့ ဆိုက်ရောက်တော်မူ၏။ |
1,334,985 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ နေတော်မူ၏။ |
1,334,986 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြားသိ၍ အသျှင်အာနန္ဒာကို မိန့်တော်မူ၏ “အာနန္ဒာ ရဟန်းတို့နေသော ဝဂ္ဂုမုဒါ မြစ်ကမ်းနားအရပ်သည် အလင်းရောင်ကဲ့သို့ ငါဘုရားအား ထင်၏။ |
1,334,987 | Uncategorized | ဥဒါန်းပါဠိတော် | ငါဘုရားသွားရန် နှလုံးသွင်းရန် နှစ်သက်တော်မူ၏။ |
1,334,988 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ သင်သည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏အထံသို့ ‘အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ |
1,334,989 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အသျှင်ဘုရားတို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏’ဟု တမန် စေလွှတ်လော့”ဟု (မိန့်တော်မူ၏)။ |
1,334,990 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းကို ဤသို့ မိန့်ဆို၏ “ငါ့သျှင် လာလော့၊ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့သို့ ချဉ်းကပ်၍ ဤသို့ ဆိုလော့ ‘ငါ့သျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ |
1,334,991 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ငါ့သျှင်တို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏’ဟု ဤသို့ ပြောလော့”ဟု (မိန့်ဆို၏)။ |
1,334,992 | Uncategorized | ဥဒါန်းပါဠိတော် | “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းသည် အသျှင်အာနန္ဒာ၏ (စကားကို) ဝန်ခံ၍ အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းမှ ကွယ်ခဲ့၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား ထိုရဟန်းတို့၏ ရှေ့၌ ထင်ရှားဖြစ်၏။ |
1,334,993 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုရဟန်းသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ |
1,334,994 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အသျှင်ဘုရားတို့အား တွေ့လို၏”ဟု ပြောဆို၏။ |
1,334,995 | Uncategorized | ဥဒါန်းပါဠိတော် | -- “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ ကျောင်းအိပ်ရာနေရာတို့ကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းတို့ကို ယူဆောင်လျက်အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဝဂ္ဂုမုဒါမြစ်ကမ်းနားမှ ကွယ်ခဲ့၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေ... |
1,334,996 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏။ |
1,334,997 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုရဟန်းတို့အား “မြတ်စွာဘုရားသည် ယခုအခါ အဘယ်နေခြင်းဖြင့် နေတော်မူသနည်း”ဟု ဤအကြံသည် ဖြစ်၏။ |
1,334,998 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုရဟန်းတို့အား “မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏”ဟု ကြံပြီးသော် အလုံးစုံသော ရဟန်းတို့သည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏။ |
1,334,999 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်၏ ပဌမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ |
1,335,000 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ညဉ့်၏ ပဌမယာမ် လွန်ပါပြီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.