id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,001 | Uncategorized | ဥဒါန်းပါဠိတော် | အာဂန္တုရဟန်းတို့ ထိုင်နေရသည်မှာ ကြာပါပြီ။ |
1,335,002 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော် မူပါ”ဟု လျှောက်၏။ |
1,335,003 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ |
1,335,004 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်၏ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ |
1,335,005 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ညဉ့်၏ မဇ္ဈိမယာမ် လွန်ပါပြီ။ |
1,335,006 | Uncategorized | ဥဒါန်းပါဠိတော် | အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါပြီ။ |
1,335,007 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ |
1,335,008 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်၏ ပစ္ဆိမယာမ် လွန်၍ နှစ်သက်ဖွယ် မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်ပြီးလျှင် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ |
1,335,009 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား အလွန်နှစ်သက်ဖွယ်ရှိသော ညဉ့်၏ ပစ္ဆိမယာမ် လွန်ပါပြီ။ |
1,335,010 | Uncategorized | ဥဒါန်းပါဠိတော် | အရုဏ်တက်ပါပြီ။ |
1,335,011 | Uncategorized | ဥဒါန်းပါဠိတော် | ညဉ့်သည် နှစ်သက်ဖွယ်ရှိသော မျက်နှာကဲ့သို့ ရှိပါပြီ။ |
1,335,012 | Uncategorized | ဥဒါန်းပါဠိတော် | အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါကုန်ပြီ။ |
1,335,013 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော်မူပါ”ဟု လျှောက်၏။ |
1,335,014 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုသမာဓိမှ ထ၍ အသျှင်အာနန္ဒာကို “အာနန္ဒာ သင်သည် အကယ်၍သိခဲ့မူ ဤမျှလောက်ကိုပင် သင်သည် မလျှောက်ရာ၊ အာနန္ဒာ ငါဘုရားသည် လည်းကောင်း၊ အလုံးစုံသော ဤရဟန်းငါးရာတို့သည်လည်းကောင်း မတုန်မလှုပ်သော စတုတ္ထဈာန်နှင့်ယှဉ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏”ဟု မိန့်တော်မူ၏။ |
1,335,015 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား ကာမဆူးငြောင့်ကိုလည်းကောင်း၊ ဆဲရေးခြင်းကိုလည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း အောင်နိုင်၏။ |
1,335,016 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းသည် တောင်ကဲ့သို့ မတုန်မလှုပ် တည်၏။ |
1,335,017 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းသည် ချမ်းသာ ဆင်းရဲတို့ကြောင့် မတုန်လှုပ်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,018 | Uncategorized | ဥဒါန်းပါဠိတော် | -- ၄-သာရိပုတ္တသုတ် |
1,335,019 | Uncategorized | ဥဒါန်းပါဠိတော် | ၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,020 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေ၏။ |
1,335,021 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသော အသျှင်သာရိပုတြာကို မြင်တော်မူ၏။ |
1,335,022 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကျောက်တောင်ကြီးသည် မတုန်မလှုပ် ကောင်းစွာတည်သကဲ့သို့ ဤအတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် ကျောက်တောင်ကြီးကဲ့သို့ မတုန်လှုပ်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,023 | Uncategorized | ဥဒါန်းပါဠိတော် | ၅-မဟာမောဂ္ဂလ္လာနသုတ် |
1,335,024 | Uncategorized | ဥဒါန်းပါဠိတော် | ၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,025 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကာယဂတာသတိဖြင့် ထိုင်နေ၏။ |
1,335,026 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကောယဂတာ သတိဖြင့် ထိုင်နေသော အသျှင်မဟာမောဂ္ဂလ္လာန်ကို မြင်တော်မူ၏။ |
1,335,027 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား ကာယဂတာသတိသည် ကောင်းစွာထင်၏။ |
1,335,028 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းသည် ဖဿာယတနခြောက်ပါးတို့၌ စောင့်စည်းကာ အမြဲမပြတ် တည်ကြည်သော သမာဓိ ရှိသည်ဖြစ်၍ မိမိ၏ ကိလေသာချုပ်ငြိမ်းမှု (နိဗ္ဗာန်) ကို (ပစ္စဝေက္ခဏာဉာဏ်ဖြင့်) သိနိုင်ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,029 | Uncategorized | ဥဒါန်းပါဠိတော် | -- ၆-ပိလိန္ဒဝစ္ဆသုတ် |
1,335,030 | Uncategorized | ဥဒါန်းပါဠိတော် | ၂၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,031 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု (ခေါ်ဝေါ်) ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏။ |
1,335,032 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပါသည်”ဟု လျှောက်ကုန်၏။ |
1,335,033 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ၏စကားဖြင့် ပိလိန္ဒဝစ္ဆရဟန်းကို ‘ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ပြောချေလော့”ဟု (မိန့်တော်မူ၏)။ |
1,335,034 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ အသျှင်ပိလိန္ဒဝစ္ဆထံ ချဉ်းကပ်ပြီးလျှင် အသျှင်ပိလိန္ဒဝစ္ဆကို “ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဆို၏။ |
1,335,035 | Uncategorized | ဥဒါန်းပါဠိတော် | “ကောင်းပါပြီ”ဟု အသျှင်ပိလိန္ဒဝစ္ဆသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ |
1,335,036 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောအရပ်၌ ထိုင်နေသော အသျှင်ပိလိန္ဒဝစ္ဆကို မြတ်စွာဘုရားသည် “ဝစ္ဆ သင်သည် ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ် ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏ဟု ကြားရသည်ကားမှန်သလော”ဟု (မိန့်တော်မူ၏)။ |
1,335,037 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရားမှန်ပါ၏ဟု (လျှောက်၏)။ |
1,335,038 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပိလိန္ဒဝစ္ဆ၏ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို နှလုံးသွင်းတော်မူ၍ ရဟန်းတို့ကို ရဟန်းတို့ သင်တို့သည် ဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ရဟန်းတို့ ဝစ္ဆသည် ဒေါသစိတ် ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုသည် မဟုတ်၊ ရဟန်းတို့ ဝစ္ဆရဟန်းသည် ဘဝငါးရာတို့ပတ်လုံး ပုဏ္ဏား... |
1,335,039 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဝစ္ဆရဟန်းသည် ထိုသူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းကို ညဉ့်နေ့ရှည်စွာ လေ့ကျက်ခဲ့ဖူး၏။ |
1,335,040 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် ဤဝစ္ဆရဟန်းသည် ရဟန်းတို့ကို သူယုတ်-ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုနေ၏ဟု (မိန့်တော်မူ၏)။ |
1,335,041 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် လှည့်ပတ်မှု ‘မာယာ’ ထောင်လွှားမှု ‘မာန’ မရှိ၊ လောဘ ကင်း၏။ |
1,335,042 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်နိုးမှု မရှိ၊ တောင့်တမှု ‘အာသာ’ မရှိ၊ အမျက် ‘ဒေါသ'ကို ပယ်နုတ်ပြီး ဖြစ်၏။ |
1,335,043 | Uncategorized | ဥဒါန်းပါဠိတော် | ငြိမ်းအေးပြီးသော စိတ်ရှိ၏။ |
1,335,044 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည် မကောင်းမှုမှ အပပြုပြီးသူ ‘ဗြာဟ္မဏလည်း မည်၏။ |
1,335,045 | Uncategorized | ဥဒါန်းပါဠိတော် | မကောင်းမှုမှ ငြိမ်းအေးပြီးသူ ‘သမဏ'လည်း မည်၏။ |
1,335,046 | Uncategorized | ဥဒါန်းပါဠိတော် | ကိလေသာကို ဖျက်ဆီးပြီးသူ ‘ဘိက္ခု'လည်း မည်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,047 | Uncategorized | ဥဒါန်းပါဠိတော် | -- ၇-သက္ကုဒါနသုတ် |
1,335,048 | Uncategorized | ဥဒါန်းပါဠိတော် | ၂၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,049 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ တစ်ခုသော (နိရောဓသမာပတ်) သမာဓိကို ဝင်စားလျက် တစ်ထိုင်တည်း နေတော်မူ၏။ |
1,335,050 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် ထိုခုနစ်ရက်ကို လွန်သဖြင့် (နိရောဓသမာပတ်) သမာဓိမှ ထတော်မူ၏။ |
1,335,051 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ (နိရောဓသမာပတ်) သမာဓိမှထသော အသျှင်မဟာကဿပအား “ငါသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,335,052 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြစိုက်နေကြကုန်၏။ |
1,335,053 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ဆွမ်းမလောင်းရန် တားမြစ်၍ နံနက်ချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူ၏။ |
1,335,054 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပအား ဆွမ်းလှူလိုရကား ရက်ကန်းသည်အသွင်ကို ဖန်ဆင်း၍ ရက်ကန်း ရက်နေ၏။ |
1,335,055 | Uncategorized | ဥဒါန်းပါဠိတော် | အသုရာ၏သမီး သုဇာသည် ရက်ဖောက် ရောက်၏။ |
1,335,056 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် ရာဇဂြိုဟ်မြို့၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် နတ်တို့ အရှင်သိကြားမင်း၏ နေအိမ်သို့ ချဉ်းကပ်၏။ |
1,335,057 | Uncategorized | ဥဒါန်းပါဠိတော် | နတ်တို့အရှင် သိကြားမင်းသည် ကြွလာသော အသျှင်မဟာကဿပကို အဝေးကပင် မြင်၍ အိမ်မှ ထွက်ပြီးလျှင် ခရီးဦးကြိုဆို၍ လက်မှ သပိတ်ကို ယူပြီးလျှင်အိမ်သို့ ဝင်ကာ ထမင်းအိုးမှ ထမင်းကို ခူး၍ သပိတ်ကို ပြည့်စေလျက် အသျှင်မဟာကဿပအား ပေးလှူ၏။ |
1,335,058 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဆွမ်းသည် (ပဲနောက်စသော) အမျိုးမျိုးသော ဟင်း အထူးထူးအပြားပြားသော လက်သုတ်ဟင်းလျာ အရသာအမျိုးမျိုးရှိသော စားမဲဟင်းလျာ ရှိ၏။ |
1,335,059 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပအား “ဤသို့ သဘောရှိသောတန်ခိုးအာနုဘော်ရှိသည့် ဤပုဂ္ဂိုလ်ကား အဘယ်သူနည်း”ဟု အကြံဖြစ်၏။ |
1,335,060 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်အသျှင်မဟာကဿပအား “ဤပုဂ္ဂိုလ်ကား နတ်တို့အရှင် သိကြားမင်းတည်း”ဟု သိ၍ နတ်တို့အရှင်သိကြားမင်းကို “ကောသိယ သင်သည် ဤအမှုကို ပြုဘိ၏။ |
1,335,061 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ သဘောရှိသော အမှုကို နောက်တစ်ဖန်မပြုလင့်”ဟု (မိန့်တော်မူ၏)။ |
1,335,062 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရားမဟာကဿပ တပည့်တော်တို့ သည်လည်း ကုသိုလ်ကောင်းမှုကို အလိုရှိကြပါ၏။ |
1,335,063 | Uncategorized | ဥဒါန်းပါဠိတော် | တပည့်တော်တို့သည်လည်း ကုသိုလ်ကောင်းမှုကို ပြုထိုက်ပါသေးသည်ဟု (လျှောက်၏)။ |
1,335,064 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် “အသျှင်မဟာကဿပ၌ ကောင်းစွာ တည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ |
1,335,065 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သော ဒါနပါပေတည်း။ |
1,335,066 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်မဟာကဿပ၌ တည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ |
1,335,067 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သော ဒါနပါပေတည်း”ဟု သုံးကြိမ်တိုင်တိုင်ဥဒါန်းကျူးရင့်၏။ |
1,335,068 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် “အသျှင်မဟာကဿပ၌ ကောင်းစွာတည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ |
1,335,069 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သော ဒါနပါပေတည်း”ဟု သုံးကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း၏ ဥဒါန်းကျူးရင့်သံကို လူတို့၏ နားအကြားကို လွန်သော နတ်တို့၏ သောတပသာဒနှင့်တူသော စင်ကြယ်သော ဒိဗ္ဗသောတအဘိညာဉ်ဖြင့် မြတ်စွာဘုရားသည် ကြားတော်မူ၏။ |
1,335,070 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍အမြဲမပြတ် သတိရှိသော ကိလေသာငြိမ်းအေး၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,071 | Uncategorized | ဥဒါန်းပါဠိတော် | -- ၈-ပိဏ္ဍပါတိကသုတ် |
1,335,072 | Uncategorized | ဥဒါန်းပါဠိတော် | ၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,073 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။ |
1,335,074 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ်ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ |
1,335,075 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ |
1,335,076 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ |
1,335,077 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။ |
1,335,078 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။ |
1,335,079 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ |
1,335,080 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုက... |
1,335,081 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်းသို့ ချဉ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင်ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကြ ကုန်သနည်း¿ သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ |
1,335,082 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဤအရပ်၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သောတပည့်တော်တို့အား ဤကြားညှပ် စကားသည် ဖြစ်ပါ၏။ |
1,335,083 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုက... |
1,335,084 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားပါတည်း။ |
1,335,085 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ကြွရောက်လာပါ၏ဟု (လျှောက်ကုန်၏)။ |
1,335,086 | Uncategorized | ဥဒါန်းပါဠိတော် | -- ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြသော အမျိုးကောင်းသားတို့အား ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ |
1,335,087 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော်လည်းကောင်း ဤနှစ်ပါးကိုသာ ပြုသင့်၏ဟု (မိန့်တော်မူ၏)။ |
1,335,088 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရဟန်းသည် မျက်မှောက် မျက်ကွယ်၌ ချီးမွမ်းကျော်စောသံကိုမှီသူ အကယ်၍ မဖြစ်ခဲ့မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍ တာဒိဂုဏ်နှင့်ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,089 | Uncategorized | ဥဒါန်းပါဠိတော် | ၉-သိပ္ပသုတ် |
1,335,090 | Uncategorized | ဥဒါန်းပါဠိတော် | ၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,091 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော ရဟန်းတို့အား “ငါ့သျှင်တို့အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို သိသနည်း¿ အဘယ်သူသည် အဘယ်အတတ်ကို သင်ယူသနည်း¿ အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံးနည်း”ဟူ၍ ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။ |
1,335,092 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က “အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,093 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “မြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,094 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “ရထားအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,095 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “လေးအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,096 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “သန်လျက်စသော လက်နက်အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,097 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,098 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “ဂဏန်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,099 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည်အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,100 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “အက္ခရာစာရေးအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.