id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,101 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “ကဗျာဖွဲ့ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,102 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “လောကာယတကျမ်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,103 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,104 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းတို့အား မပြီးပြတ်သေးသော ဤကြားညှပ်စကားသည် ဖြစ်ပေါ်၏။ |
1,335,105 | Uncategorized | ဥဒါန်းပါဠိတော် | -- ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် တန်ဆောင်းဝန်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို “ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း¿ သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ |
1,335,106 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော တပည့်တော်တို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။ |
1,335,107 | Uncategorized | ဥဒါန်းပါဠိတော် | “ငါ့သျှင်တို့ အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို တတ်သနည်း¿ အဘယ်သူသည် အဘယ်အတတ်ကို သင်သနည်း¿ အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံး ဖြစ်သနည်း”ဟု ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။ |
1,335,108 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “အတတ်တို့တွင် သန်လျက်စသော လက်နက် အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,109 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “လက်ဆစ်ချိုးရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,110 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “ဂဏန်းရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,111 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆို ကြကုန်၏။ |
1,335,112 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “အက္ခရာစာရေးအတတ်သည်အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,113 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “ကဗျာဖွဲ့ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,114 | Uncategorized | ဥဒါန်းပါဠိတော် | အချို့တို့က “လောကာယတကျမ်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ |
1,335,115 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားဖြစ်ပါ၏။ |
1,335,116 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရား ကြွရောက်လာပါသည်ဟု (လျှောက်ထားကုန်၏)။ |
1,335,117 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော သင် အမျိုးကောင်းသားတို့သည် ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ |
1,335,118 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါးကိုသာပြုသင့်၏ဟု (မိန့်တော်မူ၏)။ |
1,335,119 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် အတတ်ကိုမှီ၍ အသက်မွေးလေ့ မရှိ၊ ပေါ့ပါး၏။ |
1,335,120 | Uncategorized | ဥဒါန်းပါဠိတော် | အကျိုးစီးပွါးကို အလိုရှိ၏။ |
1,335,121 | Uncategorized | ဥဒါန်းပါဠိတော် | ဣန္ဒြေကို စောင့်စည်း၏။ |
1,335,122 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝအလုံးစုံတို့မှ ကင်းလွတ်၏။ |
1,335,123 | Uncategorized | ဥဒါန်းပါဠိတော် | အာယတနခြောက်ပါးတို့၌ သက်ဝင်သော စိတ်မရှိ၊ မြတ်နိုးမှု မရှိ၊ တောင့်တမှု မရှိ၊ မာနကို စွန့်၍ တစ်ယောက်တည်း ကျင့်၏။ |
1,335,124 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည်သာ ဘိက္ခုမည်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,125 | Uncategorized | ဥဒါန်းပါဠိတော် | -- ၁၀-လောကသုတ် |
1,335,126 | Uncategorized | ဥဒါန်းပါဠိတော် | ၃၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်ခါစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်ရင်း၌ နေတော်မူ၏။ |
1,335,127 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ်ချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ |
1,335,128 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထိုသမာဓိမှ ထ၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူ၏။ |
1,335,129 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုလတ်သော် ရာဂကြောင့်လည်းဖြစ်ကုန် ဒေါသကြောင့်လည်းဖြစ်ကုန် မောဟကြောင့်လည်းဖြစ်ကုန်သော များစွာသော ပူပန်ခြင်းတို့ဖြင့် ပူပန်ကုန်သော များစွာသော ပူလောင်ခြင်းတို့ဖြင့် ပူလောင်ကုန်သော သတ္တဝါတို့ကို မြင်တော်မူ၏။ |
1,335,130 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏။ |
1,335,131 | Uncategorized | ဥဒါန်းပါဠိတော် | (ဆင်းရဲ) တွေ့ထိမှုဖြင့် နှိပ်စက်၏။ |
1,335,132 | Uncategorized | ဥဒါန်းပါဠိတော် | အနာရောဂါကို အတ္တဟူ၍ပြောဆို၏။ |
1,335,133 | Uncategorized | ဥဒါန်းပါဠိတော် | လူအပေါင်းသည် အကြင်အကြင် အကြောင်းဖြင့် မှတ်ထင်၏။ |
1,335,134 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအကြောင်းသည် ထိုအောက်မေ့သည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏။ |
1,335,135 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝ၌ ကပ်ငြိသော လောကသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘဝဖြင့်နှိပ်စက်အပ်သည် ဖြစ်လျက် ဘဝကိုပင် နှစ်သက်၏။ |
1,335,136 | Uncategorized | ဥဒါန်းပါဠိတော် | အကြင်ဘဝကို နှစ်သက်၏။ |
1,335,137 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဘဝသည် ဘေးဖြစ်၏။ |
1,335,138 | Uncategorized | ဥဒါန်းပါဠိတော် | အကြင်ဇရာ စသည်မှ ကြောက်၏။ |
1,335,139 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဇရာသည် ဆင်းရဲမည်၏။ |
1,335,140 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝကို ပယ်ခြင်းငှါသာလျှင် ဤဗြဟ္မစရိယကို ကျင့်သုံး၏။ |
1,335,141 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝဖြင့် ဘဝမှ လွတ်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် ဘဝမှ မလွတ်မြောက်ကုန်ဟု (ငါဘုရား) ဆို၏။ |
1,335,142 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝကင်းပြတ်မှုဖြင့် ဘဝမှ ထွက်မြောက်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် ‘ဘဝမှ မထွက်မြောက်ကုန်’ဟု (ငါဘုရား) ဆို၏။ |
1,335,143 | Uncategorized | ဥဒါန်းပါဠိတော် | မှန်၏။ ခန္ဓာငါးပါးဟူသော ဥပဓိကို စွဲ၍ ဤဆင်းရဲသည် ဖြစ်၏။ |
1,335,144 | Uncategorized | ဥဒါန်းပါဠိတော် | အလုံးစုံ စွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာ၏ ကုန်ခြင်းကြောင့် ဆင်းရဲဖြစ်ပေါ်မှု မရှိ၊ ဤလောကကို ကြည့်လော့၊ အဝိဇ္ဇာဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါများစွာတို့သည် သားမယားတို့၌ မွေ့လျော်ကုန်သည်ဖြစ်၍ ဘဝမှ မလွတ်နိုင်ကုန်။ |
1,335,145 | Uncategorized | ဥဒါန်းပါဠိတော် | ခပ်သိမ်းသောအရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘဝတို့သည် ရှိကုန်၏။ |
1,335,146 | Uncategorized | ဥဒါန်းပါဠိတော် | မမြဲကုန်။ ဆင်းရဲကုန်၏။ |
1,335,147 | Uncategorized | ဥဒါန်းပါဠိတော် | ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။ |
1,335,148 | Uncategorized | ဥဒါန်းပါဠိတော် | “ဤသဘောကိုဟုတ်တိုင်းမှန်စွာ ကောင်းသော ဝိပဿနာပညာဖြင့် ရှုသူသည် ဘဝတဏှာကို ပယ်နိုင်၏။ |
1,335,149 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝကင်းပြတ်မှု ‘ဥစ္ဆေဒ'ကို မနှစ်သက်၊ အချင်းခပ်သိမ်း တဏှာတို့၏ ကုန်ခြင်းကြောင့် အကြွင်းမဲ့ ရာဂကင်းချုပ်ရာသည် နိဗ္ဗာန်မည်၏။ |
1,335,150 | Uncategorized | ဥဒါန်းပါဠိတော် | ထိုကိလေသာ ငြိမ်းအေးပြီးသော ရဟန်းအား စွဲလမ်းမှု မရှိသောကြောင့် ဘဝသစ် မဖြစ်၊ မာရ်မင်းကို နှိပ်စက်၍ အောင်အပ်ပြီး စစ်မြေပြင်ရှိ၏။ |
1,335,151 | Uncategorized | ဥဒါန်းပါဠိတော် | တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် ဘဝအလုံးစုံတို့ကို ကောင်းစွာလွန်နိုင်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,152 | Uncategorized | ဥဒါန်းပါဠိတော် | သုံးခုမြောက် နန္ဒဝဂ် ပြီး၏။ |
1,335,153 | Uncategorized | ဥဒါန်းပါဠိတော် | -- ၄-မေဃိယဝဂ် |
1,335,154 | Uncategorized | ဥဒါန်းပါဠိတော် | ၁-မေဃိယသုတ် |
1,335,155 | Uncategorized | ဥဒါန်းပါဠိတော် | ၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် စာလိကာမြို့ စာလိကတောင်၌ သီတင်းသုံးနေတော်မူ၏။ |
1,335,156 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် ဇန္တုရွာ၌ ဆွမ်းခံဝင်ရန် အလိုရှိပါ၏”ဟု (လျှောက်၏)။ |
1,335,157 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ယခုသွားရန် အချိန်ကို သင် သိ၏။ |
1,335,158 | Uncategorized | ဥဒါန်းပါဠိတော် | (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။ |
1,335,159 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မေဃိယသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ဇန္တုရွာသို့ ဆွမ်းခံဝင်၏။ |
1,335,160 | Uncategorized | ဥဒါန်းပါဠိတော် | ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ကိမိကာဠာမြစ်ကမ်းသို့ ချဉ်းကပ်၍ ကိမိကာဠာမြစ်ကမ်းနား၌ အညောင်းပြေ စင်္ကြံလျှောက် စဉ်စိတ်ကြည်လင်ဖွယ်ကို ဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်ကို မြင်လေ၏။ |
1,335,161 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသို့ မြင်သောကြောင့် ထိုမေဃိယအား “ဤသရက်ဥယျာဉ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဉ်သည် တရားအားထုတ် လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်လေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် သရက်ဥယျာဉ်သို့ တရားအားထုတ်ရန် လာလို၏”ဟု အကြံဖြစ်၏။ |
1,335,162 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား တပည့်တော်သည် ယနေ့နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဇန္တုရွာသို့ ဆွမ်းခံဝင်ခဲ့ပါ၏။ |
1,335,163 | Uncategorized | ဥဒါန်းပါဠိတော် | ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သောတပည့်တော်သည် ကိမိကာဠာမြစ်ကမ်း နား၌ အညောင်းပြေ စင်္ကြံလျှောက်စဉ် “စိတ်ကြည်လင်ဖွယ်ကိုဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်ကို မြင်ခဲ့ပါပြီ။ |
1,335,164 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသို့ မြင်သောကြောင့် တပည့်တော်အား “ဤသရက်ဥယျာဉ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဉ်သည် တရားအားထုတ်လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်ပေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် ဤသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် လာရမူ ကောင်းလေစွ”ဟု ဤအကြံသည် ဖြစ်ခ... |
1,335,165 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏ဟု (လျှောက်၏)။ |
1,335,166 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် အသျှင်မေဃိယအား “မေဃိယ ငါဘုရားတစ်ပါးတည်းသာဖြစ်နေ၍ တစ်စုံတစ်ယောက်သောရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု (မိန့်တော်မူ၏)။ |
1,335,167 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ |
1,335,168 | Uncategorized | ဥဒါန်းပါဠိတော် | ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ |
1,335,169 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟု (လျှောက်၏)။ |
1,335,170 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “မေဃိယ ငါဘုရားတစ်ပါးတည်းသာ ဖြစ်နေ၍ တစ်စုံတစ်ယောက်သော ရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု (မိန့်တော်မူ၏)။ |
1,335,171 | Uncategorized | ဥဒါန်းပါဠိတော် | -- သုံးကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား"အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ |
1,335,172 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ့တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟု (လျှောက်၏)။ |
1,335,173 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ"တရားအားထုတ်ရန်”ဟု ပြောဆိုသူကို အဘယ်သို့ ပြောဆိုနိုင်ကုန်အံ့နည်း¿ မေဃိယ ယခုသွားရန်အချိန်ကို သင်သိ၏။ |
1,335,174 | Uncategorized | ဥဒါန်းပါဠိတော် | (သွားရန်မှာ သင်၏အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ |
1,335,175 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မေဃိယသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် သရက်ဥယျာဉ်သို့ ချဉ်းကပ်ဝင်ရောက်ကာ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေ၏။ |
1,335,176 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုသရက် ဥယျာဉ်၌ နေသော အသျှင်မေဃိယအား ကာမနှင့်စပ်ယှဉ်သော ကြံစည်မှု ‘ကာမဝိတက်’ ဖျက်ဆီးလိုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဗျာပါဒဝိတက်’ ညှဉ်းဆဲလိုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု ‘ဝိဟိံသာဝိတက်’ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအားဖြင့် ဖြစ်ပွါးကုန်၏။ |
1,335,177 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မေဃိယသည် “အချင်းတို့အံ့ဩဖွယ် ကောင်းလေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏”ဟု ဤအကြံအစည်သည် ဖြစ်၏။ |
1,335,178 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မေဃိယသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျောက်၏ “အသျှင်ဘုရား ထိုသရက်ဥယျာဉ်၌နေသော တပည့်တော်အား ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအာ... |
1,335,179 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ထိုတပည့်တော်အား အချင်းတို့ အံ့ဩဖွယ် ရှိပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ် ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏”ဟု ဤအကြံအစည်သည် ဖြစ်ပါ၏ဟု လျှောက်၏။ |
1,335,180 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်ကုန်၏။ |
1,335,181 | Uncategorized | ဥဒါန်းပါဠိတော် | အဘယ်ငါးပါးတို့နည်းဟူမူ- |
1,335,182 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤသာသနာတော်၌ ရဟန်းသည် - |
1,335,183 | Uncategorized | ဥဒါန်းပါဠိတော် | ၁။ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိသူ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ဖြစ်၏။ |
1,335,184 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤပဌမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ |
1,335,185 | Uncategorized | ဥဒါန်းပါဠိတော် | ၂။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် သီလရှိသူပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ'နှင့် ပြည့်စုံသူ ဖြစ်၍နေ၏။ |
1,335,186 | Uncategorized | ဥဒါန်းပါဠိတော် | အနည်းငယ်သော အပြစ်တို့၌လည်း ဘေးဟု ရှု၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်၏။ |
1,335,187 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤဒုတိယတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ |
1,335,188 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ နောက်တစ်မျိုးကား အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဉ်၏။ |
1,335,189 | Uncategorized | ဥဒါန်းပါဠိတော် | စိတ်ကို ဖွင့်လှစ်သော သမထ ဝိပဿနာအား လျောက်ပတ်၏။ |
1,335,190 | Uncategorized | ဥဒါန်းပါဠိတော် | စင်စစ် ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ |
1,335,191 | Uncategorized | ဥဒါန်းပါဠိတော် | ဤစကားတို့ကား အဘယ်နည်း¿ အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲမှုလွယ်နှင့် စပ်သောစကား ဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်း မှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကား သီလနှင့်စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ |
1,335,192 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသည် ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်း ရ၏။ |
1,335,193 | Uncategorized | ဥဒါန်းပါဠိတော် | မငြိုမငြင်ဘဲ ရ၏။ |
1,335,194 | Uncategorized | ဥဒါန်းပါဠိတော် | မပင်မပန်းဘဲ ရ၏။ |
1,335,195 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤတတိယ တရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ |
1,335,196 | Uncategorized | ဥဒါန်းပါဠိတော် | ၄။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသူ အားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေ၏။ |
1,335,197 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤစတုတ္ထတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ |
1,335,198 | Uncategorized | ဥဒါန်းပါဠိတော် | ၅။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏။ |
1,335,199 | Uncategorized | ဥဒါန်းပါဠိတော် | အဖြစ်အပျက်ကို သိသော ကိလေသာကို ခွဲဖျက်နိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံ၏။ |
1,335,200 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ ဤပဉ္စမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.