id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,201 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား “သီလရှိသူ ဖြစ်လိမ့်မည်ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်သူ ဖြစ်လိမ့်မည် အကျင့်'အာစာရ’ ကျက်စားရာ ‘ဂေါစာရ'နှင့် ပြည့်စုံ၍ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်နိုင်လိမ့်မည်ဟူသော ထိုအလု... |
1,335,202 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ “အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဉ်၏။ |
1,335,203 | Uncategorized | ဥဒါန်းပါဠိတော် | စင်စစ်ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ |
1,335,204 | Uncategorized | ဥဒါန်းပါဠိတော် | ဤစကားတို့ကား အဘယ်နည်း¿ အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲလွယ်မှုနှင့် စပ်သောစကားဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်းမှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကားသီလနှင့် စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ |
1,335,205 | Uncategorized | ဥဒါန်းပါဠိတော် | မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ရဟန်းအား ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်လိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,335,206 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား “အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လ ရှိသူအားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေလိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,335,207 | Uncategorized | ဥဒါန်းပါဠိတော် | မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့် ရဟန်းအား “ပညာရှိ၍ အဖြစ်အပျက်ကို သိသော ကိလေသာကို ဖောက်ခွဲနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,335,208 | Uncategorized | ဥဒါန်းပါဠိတော် | -- မေဃိယ ထိုရဟန်းသည် ဤတရားငါးပါးတို့၌ တည်ပြီးလျှင် တစ်ဆင့်တက်၍ တရားလေးပါးတို့ကို ပွါးများရန် ရာဂကို ပယ်နိုင်ရန် အသုဘကို ပွါများရမည်၊ ဗျာပါဒကို ပယ်နိုင်ရန် မေတ္တာကို ပွါများရမည်၊ ဝိတက်ကို ဖြတ်တောက်နိုင်ရန် အာနာပါနဿတိကို ပွါများရမည်၊ ငါဟူသော မာန်ကို ပယ်နိုင်ရန် အနိစ္စသညာကို ပွါများရမည်။ |
1,335,209 | Uncategorized | ဥဒါန်းပါဠိတော် | မှန်၏ မေဃိယ အနိစ္စသညာရှိသူအား အနတ္တသညာသည် ထင်၏။ |
1,335,210 | Uncategorized | ဥဒါန်းပါဠိတော် | အနတ္တသညာထင်သူသည် ငါဟူသော မာန်ကို ပယ်ခွါခြင်းသို့ ရောက်နိုင်၏။ |
1,335,211 | Uncategorized | ဥဒါန်းပါဠိတော် | ယခုဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။ |
1,335,212 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ - “ယုတ်ညံ့သော ဝိတက် သိမ်မွေ့သော ဝိတက်တို့သည် စိတ်သို့ အစဉ်လိုက်တတ်ကုန်၏။ |
1,335,213 | Uncategorized | ဥဒါန်းပါဠိတော် | စိတ်ပေါ်လွင်တက်ကြွမှုကို ပြုတတ်ကုန်၏။ |
1,335,214 | Uncategorized | ဥဒါန်းပါဠိတော် | ဤမနောဝိတက်တို့ကို မသိသူသည် စိတ်မတည်တံ့ဘဲ အာရုံတစ်ခုမှအာရုံတစ်ခုသို့ ပြေးသွားတတ်၏။ |
1,335,215 | Uncategorized | ဥဒါန်းပါဠိတော် | ထိုမနောဝိတက်တို့ကို သိ၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လနှင့် သတိရှိသူ အကြင်ပုဂ္ဂိုလ်သည် စိတ်သို့ အစဉ်လိုက်တတ် စိတ်ပေါ်လွင် တက်ကြွမှုကို ပြုတတ်သော ဝိတက်တို့ကို ပိတ်ဆို့နိုင်၏။ |
1,335,216 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည် သစ္စာလေးပါကို သိသည်ဖြစ်၍ ထိုကာမဝိတက် စသည်တို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,217 | Uncategorized | ဥဒါန်းပါဠိတော် | -- ၂-ဥဒ္ဓတသုတ် |
1,335,218 | Uncategorized | ဥဒါန်းပါဠိတော် | ၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံမြို့ (တောင်တံခါး၏) အကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော၌ သီတင်းသုံးနေတော်မူ၏။ |
1,335,219 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသော ရဟန်းတို့သည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန်တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်၏။ |
1,335,220 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန် တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်သော ရဟန်းတို့ကို မြင်တော်မူ၏။ |
1,335,221 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “မစောင့်ရှောက်အပ်သော ကိုယ်အမူအရာဖြင့်လည်းကောင်း၊ မိစ္ဆာအယူ နှိပ်စက် အပ်ထိနမိဒ္ဓလွှမ်းမိုးအပ်သော စိတ်ဖြင့်လည်းကောင်း နေသော ရဟန်းသည် မာရ်၏ အလိုသို့ လိုက်ရ၏။ |
1,335,222 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် ရဟန်းသည် စောင့်ရှောက်သော ကိုယ်စိတ်ရှိသူ ဖြစ်ရာ၏။ |
1,335,223 | Uncategorized | ဥဒါန်းပါဠိတော် | မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ'လျှင် ကျက်စားရာ အာရုံရှိသူ ဖြစ်ရာ၏။ |
1,335,224 | Uncategorized | ဥဒါန်းပါဠိတော် | မှန်ကန်သော အယူကို ရှေ့သွားပြုသူဖြစ်ရာ၏။ |
1,335,225 | Uncategorized | ဥဒါန်းပါဠိတော် | သင်္ခါရတို့၏ ဖြစ် ပျက်မှုကို သိ၍ ထိနမိဒ္ဓကို နှိမ်နင်းကာ ဒုက္ခသုံးမျိုးတို့ အနှိပ်စက်ခံနေသော ဂတိအားလုံးတို့ကို စွန့်ပယ်နိုင်ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,226 | Uncategorized | ဥဒါန်းပါဠိတော် | ၃-ဂေါပါလကသုတ် |
1,335,227 | Uncategorized | ဥဒါန်းပါဠိတော် | ၃၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလ တိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီတော်မူလတ်သော် လမ်းခရီးမှ ဖဲ၍ တစ်ခုသော သစ်ပင်အနီးသို့ ချဉ်းကပ်ကာ ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏။ |
1,335,228 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်သော နွားကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။ |
1,335,229 | Uncategorized | ဥဒါန်းပါဠိတော် | -- မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည် စေကာတရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေအပ်သော နွားကျောင်းသားသည် မြတ်စွာဘုရားအား့"အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန် တပည့်တော်၏ ဆွမ်းကို ရဟန်းသံဃာနှင့်တကွ လက်ခံတော်မူပါ”ဟု (လျှောက်၏)။ |
1,335,230 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်ထိုနွားကျောင်းသားသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ဖဲသွား၏။ |
1,335,231 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုနွားကျောင်းသားသည် ထိုညဉ့်ကို လွန်သောအခါ၌ မိမိနေအိမ်ဝယ် ရေမပါသော များစွာသော နို့ဃနာဆွမ်းကိုလည်းကောင်း ထောပတ်သစ်ကိုလည်းကောင်း စီရင်စေ၍ မြတ်စွာဘုရားအား"အသျှင်ဘုရား အချိန်တန်ပါပြီ။ |
1,335,232 | Uncategorized | ဥဒါန်းပါဠိတော် | ဆွမ်းပြင်ပြီးပါပြီ”ဟု လျှောက်၏။ |
1,335,233 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ ထိုနွားကျောင်းသားအိမ်သို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ |
1,335,234 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုနွားကျောင်းသားသည်မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်း ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေး၏။ |
1,335,235 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် နွားကျောင်းသားသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေ၏။ |
1,335,236 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောအရပ်၌ ထိုင်နေသော ထိုနွား ကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှထလျက် ဖဲကြွ တော်မူ၏။ |
1,335,237 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားကြွသွား၍ မကြာမီ ထိုနွားကျောင်းသားကို ယောက်ျားတစ်ယောက်သည် ရွာအကြား၌ ဇီဝိတိန္ဒြေမှ ချ (သတ်) ၏။ |
1,335,238 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား ယနေ့ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်းရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေးသော... |
1,335,239 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ခိုးသူသည် ခိုးသူကို မြင်၍ ရန်သူသည် မူလည်း ရန်သူကို မြင်၍ ထိုသူ၏ ပျက်စီးခြင်းကို ပြုရာ၏။ |
1,335,240 | Uncategorized | ဥဒါန်းပါဠိတော် | ဖောက်ပြန်၍ ဆောက်တည်သော စိတ်သည် ထိုစိတ်ရှိသူကို ထိုခိုးသူ ရန်သူတို့ထက်ပင် ယုတ်မာအောင်ပြုနိုင်၏”ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ |
1,335,241 | Uncategorized | ဥဒါန်းပါဠိတော် | -- ၄-ယက္ခပဟာရသုတ် |
1,335,242 | Uncategorized | ဥဒါန်းပါဠိတော် | ၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,243 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့သည် ကပေါတကန္ဒရမည်သော ကျောင်း၌ နေကြကုန်၏။ |
1,335,244 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ ဆံပင်ရိတ်ပြီးစဖြစ်သော အသျှင်သာရိပုတြာသည် လဆန်းပက္ခ ညဉ့်အခါတွင်လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓိကို ဝင်စားလျက် နေတော်မူ၏။ |
1,335,245 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သူငယ်ချင်းဖြစ်သူ ဘီလူးနှစ်ယောက်တို့သည် မြောက်အရပ်မှ တောင်အရပ်သို့ တစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သွားကုန်စဉ် လဆန်းပက္ခ ညဉ့်အခါတွင် လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓကို ဝင်စားလျက် ထိုင်နေတော်မူသော ဆံရိတ်ပြီးစဖြစ်သည့် အသျှင်သာရိပုတြာကို မြင်ကုန်၏။ |
1,335,246 | Uncategorized | ဥဒါန်းပါဠိတော် | မြင်ပြီး၍ ဘီလူးတစ်ယောက်သည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို့ရိုက်ပုတ်လို၏”ဟု (ပြောဆို၏)။ |
1,335,247 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ ပြောဆိုလတ်သော် ထိုအဖော်ဘီလူးသည် ထိုဘီလူးကို “မိတ်ဆွေမသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ |
1,335,248 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးအာနုဘော်ကြီးလှပေ၏”ဟု ပြောဆို၏။ |
1,335,249 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏”ဟု ပြောဆို၏။ |
1,335,250 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း “မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ |
1,335,251 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးအာနုဘော် ကြီးလှပေ၏”ဟု ပြောဆို၏။ |
1,335,252 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏”ဟု ပြောဆို၏။ |
1,335,253 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း “မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေထိုရဟန်းသည် မြင့်မြတ်လှပေ၏။ |
1,335,254 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုဘီလူးသည် ထိုအဖော်ဘီလူး၏ စကားကို မနာယူဘဲ အသျှင်သာရိပုတြာ၏ ဦးခေါင်းကို ရိုက်ပုတ်လေ၏။ |
1,335,255 | Uncategorized | ဥဒါန်းပါဠိတော် | ရိုက်ပုတ်ခြင်းသည် အလွန် ပြင်းထန်လှ၏။ |
1,335,256 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရိုက်ပုတ်ခြင်းကြောင့် ခုနစ်တောင် ခုနစ်တောင့်ထွာရှိသော ဆင်ကိုသော်လည်း မြေသို့ နစ်မြုပ်စေရာ၏။ |
1,335,257 | Uncategorized | ဥဒါန်းပါဠိတော် | တောင်ထွတ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ |
1,335,258 | Uncategorized | ဥဒါန်းပါဠိတော် | ထိုခဏ၌ပင် ထိုဘီလူးသည် “ငါပူလောင်၏။ |
1,335,259 | Uncategorized | ဥဒါန်းပါဠိတော် | ငါပူလောင်၏”ဟု ဆိုလျက် ထိုအရပ်၌ပင်လျှင် (အဝီစိ) ငရဲကြီး၌ ကျရောက်၏။ |
1,335,260 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်မဟာမောဂ္ဂလ္လာန်သည် သန့်ရှင်းကြည်လင်၍ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု'ဖြင့် အသျှင်သာရိပုတြာဦးခေါင်း၌ ဘီလူးရိုက်ပုတ်သည်ကို မြင်၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာကို “ငါ့သျှင် သင် ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ သင့်အား တစ်စုံတစ်ခုသော ဆင်းရဲမရှိပါ၏လော”ဟု လျှောက်၏။ |
1,335,261 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ |
1,335,262 | Uncategorized | ဥဒါန်းပါဠိတော် | မျှတပါ၏။ သို့ ရာတွင် ငါ၏ ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏”ဟု (မိန့်ဆို၏)။ |
1,335,263 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်သာရိပုတြာအံ့ဩဖွယ်ရှိပါပေ၏။ |
1,335,264 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်သာရိပုတြာ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ |
1,335,265 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည်တန်ခိုးအာနုဘော်ကြီး၏။ |
1,335,266 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့သျှင်သာရိပုတြာ ယနေ့ သင့်အား ဘီလူးတစ်ယောက်သည် ဦးခေါင်းကို ရိုက်ပုတ်၏။ |
1,335,267 | Uncategorized | ဥဒါန်းပါဠိတော် | ရိုက်ပုတ်ခြင်းသည် အလွန်ပြင်းထန်လှ၏။ |
1,335,268 | Uncategorized | ဥဒါန်းပါဠိတော် | တောင်ထွဋ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ |
1,335,269 | Uncategorized | ဥဒါန်းပါဠိတော် | သို့ပါလျက် အသျှင်သာရိပုတြာသည် “ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ |
1,335,270 | Uncategorized | ဥဒါန်းပါဠိတော် | မျှတပါ၏။ သို့ ရာတွင်ငါ၏ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏”ဟု ဆိုဘိ၏ဟု (ပြောဆို၏)။ |
1,335,271 | Uncategorized | ဥဒါန်းပါဠိတော် | -- ငါ့သျှင်မောဂ္ဂလ္လာန်အံ့ဩဖွယ်ရှိပါပေ၏။ |
1,335,272 | Uncategorized | ဥဒါန်းပါဠိတော် | ငါသျှင်မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ |
1,335,273 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်မဟာမောဂ္ဂလ္လာန်သည် အလွန်တန်ခိုးအာနုဘော်ကြီးပါပေ၏။ |
1,335,274 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသို့ ဖြစ်သောကြောင့် ဘီလူးကို မူလည်း မြင်နိုင်ပေ၏။ |
1,335,275 | Uncategorized | ဥဒါန်းပါဠိတော် | ငါတို့မှာမူ မြေဘုတ်ဘီလူးကိုမျှလည်း မမြင်ဟု (ပြောဆို၏)။ |
1,335,276 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် သန့်ရှင်းကြည်လင်သော လူတို့၏နားအကြားကို လွန်သော နတ်တို့၏ နားနှင့်တူသော နား ‘ဒိဗ္ဗသောတ'ဖြင့် ထိုရဟန္တာကြီးနှစ်ပါးတို့၏ ဤသို့ သဘောရှိသော စကားပြောဆိုမှုကို ကြား တော်မူ၏။ |
1,335,277 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ကျောက်တောင်နှင့် တူသည်ဖြစ်၍ တည်၏။ |
1,335,278 | Uncategorized | ဥဒါန်းပါဠိတော် | မတုန်လှုပ်၊ တပ်စွန်းဖွယ် အာရုံတို့၌ တပ်ခြင်းကင်း၏။ |
1,335,279 | Uncategorized | ဥဒါန်းပါဠိတော် | အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ဤသို့ ပွါးများပြီး ဖြစ်၏။ |
1,335,280 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသို့ စိတ်ကို ပွါးများပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်သို့ ဆင်းရဲသည် အဘယ်မှာ ကပ်ရောက်နိုင်ပါမည်နည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,281 | Uncategorized | ဥဒါန်းပါဠိတော် | ၅-နာဂသုတ် ၃၅။ |
1,335,282 | Uncategorized | ဥဒါန်းပါဠိတော် | အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ |
1,335,283 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောက်ျား ရဟန်းမိန်းမဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ |
1,335,284 | Uncategorized | ဥဒါန်းပါဠိတော် | ချမ်းသာစွာ မနေရ။ |
1,335,285 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားအား “ငါသည် ယခုအခါ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ |
1,335,286 | Uncategorized | ဥဒါန်းပါဠိတော် | ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ်အပေါင်းမှ (ထွက်၍) တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ”ဟု အကြံသည် ဖြစ်၏။ |
1,335,287 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ |
1,335,288 | Uncategorized | ဥဒါန်းပါဠိတော် | ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြွလျက်ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်းပါလိလေယျက တောအုပ်သို့ ဒေသစာရီကြွတော်မူ၏။ |
1,335,289 | Uncategorized | ဥဒါန်းပါဠိတော် | အစဉ်သဖြင့် ဒေသစာရီကြွတော်မူလတ်သော်ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။ |
1,335,290 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ နေတော်မူ၏။ |
1,335,291 | Uncategorized | ဥဒါန်းပါဠိတော် | -- ဆင်ပြောင်ကြီးတစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ |
1,335,292 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက်သစ်ကိုင်းကိုလည်း (အခြားဆင်တို့) စားကုန်၏။ |
1,335,293 | Uncategorized | ဥဒါန်းပါဠိတော် | (ထိုဆင်ပြောင်ကြီးသည်) နောက်ကျုကုန်သော ရေတို့ကိုလည်းသောက်ရ၏။ |
1,335,294 | Uncategorized | ဥဒါန်းပါဠိတော် | ရေဆိပ်မှတက်သော ထိုဆင်ပြောင်ကြီး၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ |
1,335,295 | Uncategorized | ဥဒါန်းပါဠိတော် | ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ |
1,335,296 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုဆင်ပြောင်ကြီးအား"ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ |
1,335,297 | Uncategorized | ဥဒါန်းပါဠိတော် | အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ |
1,335,298 | Uncategorized | ဥဒါန်းပါဠိတော် | ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်းဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ |
1,335,299 | Uncategorized | ဥဒါန်းပါဠိတော် | နောက်ကျုသော ရေကိုလည်းသောက်ရ၏။ |
1,335,300 | Uncategorized | ဥဒါန်းပါဠိတော် | ရေဆိပ်မှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.