id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,801 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၂။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်- |
1,336,802 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | နိုင်ငံတော်သမ္မတ (လစာနှင့် စရိတ်ငွေများ) အက်ဥပဒေ၊ |
1,336,803 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ၊ |
1,336,804 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပြည်ထောင်စုအစိုးရ (အဖွဲ့ဝင် ဝန်ကြီးများ၏ လစာငွေများ) အက်ဥပဒေ၊ |
1,336,805 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပါလီမန်အတွင်းဝန်များ အက်ဥပဒေ၊ |
1,336,806 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကောင်စီ သဘာပတိနှင့် ဒုတိယသဘာပတိရာထူးကို အကျိုးအမြတ်ရှိသော ရာထူးမျိုးမှ ခြွင်းချက်ပြုသည့် အက်ဥပဒေ၊ |
1,336,807 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပါလီမန်လွှတ်တော်ရုံး အက်ဥပဒေ၊ |
1,336,808 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေ၊ |
1,336,809 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေ၊ |
1,336,810 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန် အက်ဥပဒေ၊ |
1,336,811 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်မှု အက်ဥပဒေ၊ |
1,336,812 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | သက်တမ်းကုန်ဆုံးမည့် တရားဥပဒေများ ဆက်လက်၍ အာဏာတည်စေမှု အက်ဥပဒေ၊ |
1,336,813 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ တွင်းထွက်ပင်ရင်း အခြေအမြစ်များကို ထုတ်ဖော်လုပ်ကိုင်နိုင်သော အခွင့်အရေးပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေ၊ |
1,336,814 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ဘိန်းခန်းနှိပ်ကွပ်ရေး အက်ဥပဒေ၊ |
1,336,815 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | အမျိုးသားကျန်းမာရေးကောင်စီ အက်ဥပဒေ၊ |
1,336,816 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ဗုဒ္ဓသာသနာ့အဖွဲ့ အက်ဥပဒေ၊ |
1,336,817 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့ အက်ဥပဒေ၊ |
1,336,818 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားအုပ်ချုပ်ရေးအဖွဲ့ အက်ဥပဒေ၊ |
1,336,819 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | အထူးတရားမရုံး အက်ဥပဒေ၊ |
1,336,820 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပြည်ထောင်စုပါလီမန်ဆိုင်ရာ လူမျိုးစုလွှတ်တော်နာယကနှင့် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ လစာငွေများ အက်ဥပဒေ၊ |
1,336,821 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပါလီမန်အမတ်များ (လစာနှင့်စရိတ်ကြေးငွေများ ) အက်ဥပဒေ၊ |
1,336,822 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေ၊ |
1,336,823 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၂ ခုနှစ်၊ ရောင်းခွန်အက်ဥပဒေ၊ |
1,336,824 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၂ ခုနှစ်၊ ချင်းရေးရာကောင်စီအမတ်များ၏ စရိတ်ကြေးငွေ အက်ဥပဒေ၊ |
1,336,825 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ငွေကြေးအခြေခံနှုန်း (ရည်ညွှန်းချက်များ) အက်ဥပဒေ၊ |
1,336,826 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၄ ခုနှစ်၊ ချင်းရေးရာကောင်စီ သဘာပတိနှင့် ဒုတိယသဘာပတိလစာနှင့် စရိတ်ကြေးငွေ များ အက်ဥပဒေ၊ |
1,336,827 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၄ ခုနှစ်၊ ကင်းလွတ်ချမ်းသာခွင့်နှင့် တည်မြဲရေး အက်ဥပဒေ၊ |
1,336,828 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ယဉ်ကျေးမှုကောင်စီ အက်ဥပဒေ၊ |
1,336,829 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၅ ခုနှစ်၊ ဘိန်းရှူ စားသုံးသူများ မှတ်ပုံမတင်မနေရ အက်ဥပဒေ၊ |
1,336,830 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၆ ခုနှစ်၊ ချေးငွေယူခြင်းနှင့် ချေးငွေအတွက် အာမခံခြင်း (အပြည်ပြည်ဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် ကြီးပွားရေးဘဏ်) ဥပဒေ၊ |
1,336,831 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၆ ခုနှစ်၊ ကင်းလွတ်ချမ်းသာခွင့်နှင့်တည်မြဲရေး အက်ဥပဒေ၊ |
1,336,832 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၇ ခုနှစ်၊ အသက်အာမခံလုပ်ငန်း (တားမြစ်ခြင်း) အက်ဥပဒေ၊ |
1,336,833 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၇ ခုနှစ်၊ ကိုယ်ပိုင်သူနာပြုဂေဟာများ မှတ်ပုံတင်အက်ဥပဒေ၊ |
1,336,834 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၇ ခုနှစ်၊ နိုင်ငံတော်ရာထမ်း၊ မှုထမ်းများ ကြွေးမြီပေးဆပ်ခြင်း ရပ်ဆိုင်းရေး အက်ဥပဒေ၊ |
1,336,835 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၇ ခုနှစ်၊ နိုင်ငံတော်ရာထမ်း၊ မှုထမ်းများ ကြွေးမြီသက်သာရေး အက်ဥပဒေ၊ |
1,336,836 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၅၉ ခုနှစ်၊ လွှတ်တော်နှင့်အမတ်များ၏ အာဏာနှင့်အခွင့်အရေးများ အက်ဥပဒေ၊ |
1,336,837 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၁ ခုနှစ်၊ မထားမနေရ တစ်ဆင့်အာမခံစနစ် အက်ဥပဒေ၊ |
1,336,838 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၁ ခုနှစ်၊ နိုင်ငံတော်မြို့ရွာစီမံကိန်း အက်ဥပဒေ၊ |
1,336,839 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၁ ခုနှစ်၊ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု ကော်ပိုရေးရှင်း အက်ဥပဒေ၊ |
1,336,840 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၁ ခုနှစ်၊ (အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေး နှင့် ကြီးပွားရေးဘဏ်) အာမခံ အက်ဥပဒေ၊ |
1,336,841 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၁ ခုနှစ်၊ ရွေးကောက်ပွဲကော်မရှင် အက်ဥပဒေ၊ |
1,336,842 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | စက်မှုလက်မှု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်း ဥပဒေ၊ |
1,336,843 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | အနုပညာရှင်များ အမတော်ကြေး အက်ဥပဒေ၊ |
1,336,844 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | မြန်မာနိုင်ငံ ဆေးသုတေသနကောင်စီ အက်ဥပဒေ၊ |
1,336,845 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေ၊ |
1,336,846 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အဖွဲ့ ဥပဒေ၊ |
1,336,847 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ရုပ်ရှင်လုပ်ငန်းအုပ်ချုပ်ရေး အဖွဲ့ ဥပဒေ၊ |
1,336,848 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ၁၉၆၅ ခုနှစ်၊ ဓာတ်သတ္တုပစ္စည်း ရှာဖွေထုတ်လုပ်ရေး ကော်ပိုရေးရှင်း ဥပဒေ၊ |
1,336,849 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ပါတီစည်းကမ်း ဖောက်ဖျက်ခြင်းဆိုင်ရာ ဥပဒေ၊ |
1,336,850 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ၊ |
1,336,851 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | ကုန်စည်နှင့် ဝန်ဆောင်မှုခွန် ဥပဒေ၊ |
1,336,852 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် | ဥပဒေများရုပ်သိမ်းသည့် ဥပဒေ | တာဝန်မှ နုတ်ထွက်ခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း ဥပဒေ။ |
1,336,853 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | အတ္တဝဂ် ၂။ |
1,336,854 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု အတ္တာနမေဝ ပဌမံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ရှင်ဥပနန္ဒကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,336,855 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | တရားဟောကောင်းလျက် လောဘကြီးသူ |
1,336,856 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုဥပနန္ဒမထေရ်သည် တရားစကားကို ဟောပြောခြင်းငှာ လိမ္မာလှပေသတတ်၊ ထိုမထေရ်၏ အလိုနည်းခြင်း အစရှိသည်နှင့်ယှဉ်သော တရားစကားကို ကြားနာရသဖြင့် များစွာကုန်သော ရဟန်းတို့သည် ရှင်ဥပနန္ဒကို သင်္ကန်းတို့ဖြင့်ပူဇော်၍ ဓုတင်တို့ကို ဆောက်တည်ကြလေကုန်၏၊ ထိုရဟန်းတို့ စွန့်အပ်သော ပရိက္ခရာတို့ကို ရှင်ဥပနန္ဒသည်သာလျှင် ယူလေ၏။ |
1,336,857 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုရှင်ဥပနန္ဒသည် တစ်ခုသော ဝါတွင်းကာလ နီးကပ်လတ်သော် ဇနပုဒ်သို့ သွားလေ၏။ |
1,336,858 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုအခါ ထိုရှင်ဥပနန္ဒကို တစ်ခုသောကျောင်း၌ ရဟန်းငယ်နှင့် သာမဏေတို့သည် တရားဟောပုဂ္ဂိုလ်ဟု ချစ်ကြည်မြတ်နိုးသဖြင့် “အရှင်ဘုရား- ဤကျောင်း၌ ဝါကပ်တော်မူကြပါဘုရား”ဟု လျှောက်ကြားကြလျှင် “ဤကျောင်း၌ အဘယ်မျှလောက် ဝါဆိုသင်္ကန်း ရအပ်သနည်း”ဟု မေးလေ၏။ |
1,336,859 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုရဟန်းငယ်နှင့် သာမဏေတို့လည်း “တစ်ပါး တစ်ထည်စီသော အဝတ်ကို ရအပ်ပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် ထိုကျောင်း၌ ဖိနပ်ကိုထားခဲ့၍ တစ်ပါးသောကျောင်းသို့ သွားပြန်၏။ |
1,336,860 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | နှစ်ခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “နှစ်ထည်သော အဝတ်တို့ကို ရအပ်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ တောင်ဝှေးကို ထားခဲ့လေ၏။ |
1,336,861 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | သုံးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးပြန်လေ၏။ |
1,336,862 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | “သုံးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ ရေဘူးကို ထားခဲ့လေ၏။ |
1,336,863 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | လေးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “လေးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် “ကောင်းပြီ ဤကျောင်း၌ နေတော့အံ့”ဟု ဝန်ခံသဖြင့် ထိုကျောင်း၌ ဝါကပ်၍ လူတို့အားလည်းကောင်း၊ ရဟန်းတို့အားလည်းကောင်း တရားစကားကို ဟောကြားတော်မူလေ၏။ |
1,336,864 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုလူရှင်ရဟန်းတို့သည် ရှင်ဥပနန္ဒကို များစွာကုန်သော အဝတ်တို့ဖြင့်လည်းကောင်း သင်္ကန်းတို့ဖြင့်လည်းကောင်း ပူဇော်ကြလေကုန်၏။ |
1,336,865 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုဥပနန္ဒသည် ဝါကျွတ်လတ်သည်ရှိသော် “ဤမှတစ်ပါးသော ကျောင်းတို့သို့လည်း ငါသည် ပရိက္ခရာကို ထားအပ်သည်အဖြစ်ကြောင့် ဝါဆိုသင်္ကန်းကို ရထိုက်၏။ |
1,336,866 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | သင်တို့ ပို့လာကြကုန်လော့”ဟု သတင်းစကား စေလွှတ်သဖြင့် အလုံးစုံ ဝါဆိုသင်္ကန်းကို ဆောင်ယူစေပြီးလျှင် လှည်းကို အပြည့်တင်၍ ထွက်ခွာသွားလေ၏။ |
1,336,867 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုအခါ တစ်ခုသော ကျောင်း၌ ရဟန်းငယ်နှစ်ပါးတို့သည် ပုဆိုးအဝတ် နှစ်ထည်တို့ကိုလည်းကောင်း၊ ကမ္ဗလာတစ်ထည်ကိုလည်းကောင်း ရကြ၍ “အရှင့်အတွက် အဝတ်နှစ်ထည်တို့သည် ဖြစ်စေကုန်သတည်း။ |
1,336,868 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | တပည့်တော်အတွက်ကား ကမ္ဗလာတစ်ထည်သာ ဖြစ်ပါစေ”ဟု တစ်သံတည်း ဆိုကြသဖြင့် ခွဲဝေခြင်းငှာ မတတ်နိုင်ကုန်ရကား လမ်းခရီးအနီး၌ နေထိုင်လျက် ငြင်းခုံကြကုန်၏။ |
1,336,869 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုရဟန်းငယ် နှစ်ပါးတို့သည် ထိုရှင်ဥပနန္ဒမထေရ် ကြွလာသည်ကို မြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် တပည့်တော်တို့အား ခွဲဝေ၍ပေးတော်မူကြပါဘုရား”ဟု လျှောက်ဆိုကြလေကုန်၏၊ “သင်တို့သည်သာလျှင် ခွဲဝေ၍ပေးကြကုန်လော့”ဟု ဆိုလတ်သော် “အရှင်ဘုရား- မတတ်နိုင်ကြပါ၊ အရှင်ဘုရားတို့သည် တပည့်တော်တို့အား ဝေဖန်၍ ပေးတော်မူကြပါဘုရား”ဟု ဆိုကြလေကု... |
1,336,870 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ရဟန်းငယ်တို့သည် နှလုံးမသာမယာရှိကြကုန်သည်ဖြစ်၍ ဘုရားရှင်၏အထံတော်သို့ သွားပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် “ချစ်သား ရဟန်းတို့- ယခုသာလျှင် သင်တို့၏ ဥစ္စာကိုယူ၍ သင်တို့ကို နှလုံးမသာခြင်းရှိအောင် ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။ |
1,336,871 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | မြေခွေးတရားသူကြီးနှင့် ဖျံနှစ်ကောင် |
1,336,872 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | လွန်လေပြီးသောအခါ ရေတိမ်ရာ မြစ်ကမ်းနား၌ ကျက်စားခြင်းကြောင့် အနုတီရစာရီမည်သော ဖျံလည်းကောင်း၊ ရေနက်ရာ၌ ကျက်စားခြင်းကြောင့် ဂမ္ဘီရစာရီမည်သော ဖျံလည်းကောင်း၊ ဤသို့ နှစ်ကောင်သော ဖျံတို့သည် ကြီးစွာသော ငါးကြင်းကို ရကြ၍ “ငါ့အတွက် ခေါင်းပိုင်း ဖြစ်ပါစေလော့၊ သင့်အတွက် အမြီးပိုင်း ဖြစ်ပါစေလော့”ဟု ငြင်းခုံခြင်းသို့ ရောက်ကြကုန်လျက် ခ... |
1,336,873 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | “ပြည့်ရှင်မင်းကြီးသည် ငါ့ကို တရားဆုံးဖြတ်ရာဌာန၌ ထားအပ်၏၊ ထိုဌာန၌ ကြာမြင့်စွာ နေထိုင်ရခြင်းကြောင့် သလုံးမြင်းခေါင်းဖြင့် နေရစိမ့်သောငှာ။ |
1,336,874 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဝါ၊ ကောင်းစွာ ဆောင်ရွက်စိမ့်သောငှာ လာသည်ဖြစ်ခဲ့၏။ |
1,336,875 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ယခုအခါ ငါ့အား အားလပ်ခွင့်မရှိ”ဟု ဆိုလတ်သော် “ဦးရီးမြေခွေးမင်း- ဤသို့မပြုကြပါလင့်၊ ခွဲဝေ၍သာ ပေးသနားတော်မူကြပါ”ဟု တောင်းတောင်းပန်ပန် ပြောဆိုကြလေကုန်၏၊ “ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော”ဟု မေးလတ်သော် “ဦးရီး- တည်ကြပါမည်”ဟု ဝန်ခံပြောဆိုကြလေကုန်၏။ |
1,336,876 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | “ထိုသို့ဖြစ်မူ ကောင်းပြီ”ဟု ဆို၍ မြေခွေးသည် ငါးခေါင်းကိုဖြတ်၍ တစ်ခုသောအရပ်၌ ထား၏။ |
1,336,877 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ငါးအမြီးကို တစ်ခုသောအရပ်၌ ထားလေ၏၊ ထားပြီးလတ်သည်ရှိသော်ကား “အမောင်တို့- အကြင်ဖျံသည် မြစ်ကမ်းနား၌ ကျက်စား၏။ |
1,336,878 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုဖျံသည် အမြီးကို ယူစေသတည်း၊ အကြင်ဖျံသည် ရေနက်ရာ၌ ကျက်စား၏။ |
1,336,879 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုဖျံအား ငါးခေါင်းသည် ဖြစ်စေသတည်း၊ ဤအလယ်ပိုင်းသည်ကား တရားအဆုံးအဖြတ်၌တည်သော ငါ၏အတွက် ဖြစ်ပေလတ္တံ့”ဟု ဆို၍ ထိုဖျံနှစ်ကောင်တို့ကို သိသာစေလိုသည်ဖြစ်၍- |
1,336,880 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | အနုတီရစာရီ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။ |
1,336,881 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | အထာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။ |
1,336,882 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | အနုတီရစာရီ၊ အနုတီရစာရီမည်သော ဖျံသည်။ |
1,336,883 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | နင်္ဂုဋ္ဌံ၊ ငါးကြင်းမြီးကို။ |
1,336,884 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဂဏှာတု၊ ယူစေသတည်း။ |
1,336,885 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဂမ္ဘီရစာရိနော၊ ဂမ္ဘီရစာရီမည်သော ဖျံအား။ |
1,336,886 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | သီသံ၊ ငါးကြင်းဦးခေါင်းသည်။ |
1,336,887 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဓမ္မဋ္ဌဿ၊ တရား၌ တည်သောသူ၏အလို့ငှာ။ |
1,336,888 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဤဂါထာကို ရွတ်ဆိုပြီးလျှင် အလယ်ပိုင်းကို ကိုက်ချီလျက် ဖဲသွားလေ၏။ |
1,336,889 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ထိုဖျံတို့သည်လည်း နှလုံးမသာယာခြင်း ရှိကုန်သည်ဖြစ်၍ ထိုမြေခွေးကို မျှော်ကြည့်လျက် ရပ်တည်နေကြရရှာကုန်၏။ |
1,336,890 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ပြတော်မူ၍ “ဤသို့လျှင် ဤဥပနန္ဒသည် လွန်လေပြီးသော အခါ၌လည်း သင်တို့ကို နှလုံးမသာယာခြင်းရှိအောင် ပြုဖူးသည်သာလျှင်တည်း”ဟု ထိုရဟန်းတို့ကို သိစေတော်မူပြီးလျှင် ဥပနန္ဒကို ကဲ့ရဲ့တော်မူလိုသဖြင့် “ချစ်သားရဟန်းတို့- သူတစ်ပါးကို ဆုံးမသောသူမည်သည်ကား ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်တင့်လျောက... |
1,336,891 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဒေသနာတော် [၁၅၈] အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။ |
1,336,892 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ပတိရူပေ၊ သင့်တင့်သော ဂုဏ်သဘော၌။ |
1,336,893 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | နိဝေသယေ၊ သွင်းထားရာ၏။ |
1,336,894 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | န ကိလိဿေယျ၊ မညစ်နွမ်းစေရာ။ |
1,336,895 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | ဒေသနာတော်၏အဆုံး၌ ထိုနှစ်ပါးသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။ |
1,336,896 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု | သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု ပြီး၏။ |
1,336,897 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၂ - ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု |
1,336,898 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၁၅၈။ အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။ |
1,336,899 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အထညံ အနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။ |
1,336,900 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားဟောကောင်းသော်လည်း မိမိကိုယ်တိုင် တရားမကျင့်ပဲ မိမိလာဘ်များရန် ကြိုးစားနေသော သာကီဝင်မင်းသား ဥပနန္ဒထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.