id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,901 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ဥပနန္ဒထေရ်သည် အဖိုးထိုက်သော ကမ္ဗလာကို ယူသွားသောကြောင့် မကျေနပ်ရကား ဘုရားအထံ လျှောက်ထားသောရဟန်းငယ်တို့ သောတာပန်ဖြစ်ကြသည်။ |
1,336,902 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အနက် ပဌမမေဝ၊ ရှေးဦးစွာသာလျှင်။ |
1,336,903 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပတိရူပေ၊ သင့်လျော်သော အပိစ္ဆတာဂုဏ်နှင့် အရိယဝံသအကျင့်၌။ |
1,336,904 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အထ၊ ထိုမှနောက်၌။ |
1,336,905 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | န ကိလိဿယျ၊ သူတပါး၏ ကဲ့ရဲ့မှုကိုရ၍ မညစ်နွမ်းစေရာ။ |
1,336,906 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | စကားပြေ သူတပါးကို ဆုံးမလိုသောသူသည် မိမိကိုယ်ကို ရှေးဦးစွာ အပိစ္ဆတာစသော သင့်လျော်သောအကျင့်၌ တည်စေပြီးမှ သူတပါးကိုဆုံးမလျှင် တပါးသူတို့၏ ချီးမွှမ်းမှုကို ရနိုင်၏။ |
1,336,907 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | မိမိ၌ အပိစ္ဆတာစသည်မရှိပဲ ဆုံးမလျှင် ကဲ့ရဲ့မှုကိုရ၍ ညစ်နွမ်းမည်။ |
1,336,908 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပတိရူပ— အနိစ္စတာဂုဏ် အရိယဝံသအကျင့်စသည်။ |
1,336,909 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဥပနန္ဒထေရ် |
1,336,910 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဥပနန္ဒထေရ်သည် သာကီဝင်မင်းသားဖြစ်သည်။ |
1,336,911 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | တရားဟောမှု၌ ကျွမ်းကျင် လိမ္မာ၏။ |
1,336,912 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အလိုနည်းမှုစသော တရားတို့ကို နာကြားရသော ရဟန်းတို့သည် မိမိတို့ပိုင်ဆိုင်သော သင်္ကန်းအသုံးအဆောင်တို့ကို လှူဒါန်းသောအခါ မိမိက အလှူခံသည်။ |
1,336,913 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | နယ်လှည့်တရားဟောရာ ဝါဆိုရန်တောင်းပန်လျှင် မိမိ၏ ဖိနပ် တောင်ဝှေး၊ ရေဗူးတို့ကို တနေရာတမျိုးထား၍ ဝါကျွတ်ချိန် အများဆုံးပစ္စည်းရမည့်ကျောင်းတွင် ကျောင်းထိုင်သည်။ |
1,336,914 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပစ္စည်းထားခဲ့သောကျောင်းမှ ဝါကျွတ်ချိန်ရသောပစ္စည်းကိုလည်း ဝေစုယူသည်။ |
1,336,915 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ကောင်းသောသင်္ကန်းကို မိမိယူ၍ ညံ့သောသင်္ကန်းကို ရဟန်းများ ခွဲဝေယူစေသည်။ |
1,336,916 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၈၈-၉) |
1,336,917 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပတိရူပေ— ရူပဿ အနုစ္ဆဝိကံ ပတိရူပံ။ |
1,336,918 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပတိ + ရူပ။ |
1,336,919 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အထညံ အနုသာသေယျ— အထ + အညံ + အနုသာသေယျ။ |
1,336,920 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု ပြီး၏။ |
1,336,921 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၂-ဥပနန္ဒသကျပုတ္တဝတ္ထုအဋ္ဌကထာဂါထာ |
1,336,922 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၃၃၀။ အနုတီရစာရိ နင်္ဂုဋ္ဌံ, သီသံ ဂမ္ဘီရစာရိနော၊အစ္စာယံ မဇ္ဈိမော ခဏ္ဍော, ဓမ္မဋ္ဌဿ ဘဝိဿတိ။ |
1,336,923 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အနုတီရစာရိ၊ ကမ်း၏ အနီးနားရေတိမ်၌ လှည့်လည်လေ့ရှိသောဖျံ! [တီရဿ '+သမီပံ အနုတီရံ၊ အနုတီရေ+စရတိ သီလေနာတိ အနုတီရစာရီ။ |
1,336,924 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ) နင်္ဂုဋ္ဌံ၊ အမြီး ပိုင်းကို။ |
1,336,925 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ဂဏှ၊ ယူပါလော။ |
1,336,926 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ) သီသံ၊ ဥုးခေါင်းပိုင်းသည်။ |
1,336,927 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဂမ္ဘီရစာရိနော၊ ရေနက်ရာအရပ် ၌ လှည့်လည်လေ့ရှိသောဖျံဖို့။ |
1,336,928 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ) အပိစ၊ အမြီးပိုင်းခေါင်းပိုင်းမှ တစ်ပါးသော။ |
1,336,929 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | မဇ္ဈိမော၊ အလယ်၌ဖြစ်သော။ |
1,336,930 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အယံ ခဏ္ဍော၊ ဤအပိုင်းသည်။ |
1,336,931 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (တစ် နည်း) အတိစ္စ၊ အမြီးပိုင်း ခေါင်းပိုင်းကို လွန်၍။ |
1,336,932 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ဌိတော၊ တည်သော။ |
1,336,933 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ) မဇ္ဈိမော၊ သော။ |
1,336,934 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အယံ ခဏ္ဍော၊ သည်။ |
1,336,935 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၁ ဓမ္မဋ္ဌဿ၊ တရားဥပဒေ၌ တည်သောငါ့ဖို့။ |
1,336,936 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဝါ၊ တရားသူကြီး ဖြစ်သော ငါ့ဖို့။ |
1,336,937 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ပါ-၁၆၅) ၁။ |
1,336,938 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အစ္စာယံ။ ။ |
1,336,939 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | “အပိစ+အယံ”ဟု ဖြတ်၊ အပိစဿိလောပေါ ပဿ စတ္တံ(နီတိ-၁၆၆) သုတ်ဖြင့် ဣကိုချေ, ပကို စပြု၊ ဝိဗော၊၁၇၌ “သဗ္ဗော စံ တိ”ဟူသော ဝိနာဓိကာရယောဂဝိ ဘာဂဖြင့် ပိကို စပြု၏။ |
1,336,940 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (တစ်နည်း) “အတိစ္စ+အယံ”ဟု ဖြတ်၊ “အတိစ္စဿ ဝါ တိလောပေါ (နီတိ-၁၆၇)သုတ်, ဝိဗော၊၃၀အလို ဗျဉ္ဇနေ စ၌ စသဒ္ဒါဖြင့် တိကိုချေ။ |
1,336,941 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ဇာ ၊ဋ္ဌ၊၃၊၃၁၅) |
1,336,942 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | နိဒီ-၂၂။ ။ |
1,336,943 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | “အတိ+အယံ” ဟု ဖြတ်, ယဝါ သရေ(မောဂ်-၁၊၃၀)သုတ်ဖြင့် ဣကို ယပြု, တဝဂ္ဂ ဝရဏာနံ-စသော(မောဂ်-၁၊၄၈)သုတ်ဖြင့် တကို စပြု, ဝဂ္ဂလသေဟိ တေ(မောဂ်- ၁, ၄၉)သုတ်ဖြင့် ယကို စပြု၊ ကစ္စည်းအလို တိကို စပြု, စဒွေဘော်လာ၊ “မဇ္ဈိမော-သော၊ အတိ (အတိရေကော)-ပိုလွန်သော၊ အယံ ခဏ္ဍော-သည်”ဟု ပေး။ |
1,336,944 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဥပနန္ဒသကျပုတ္တဝတ္ထုပါဠိဂါထာ |
1,336,945 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ၃၃၁။ အတ္တာနမေဝ ပဌမံ, ပတိရူပေ နိဝေသယေ၊အထညမနုသာသေယျ, န ကိလိဿေယျ ပဏ္ဍိတော။ |
1,336,946 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပဌမံ၊ ရှေးဥုးစွာ။ |
1,336,947 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ပတိရူပေ၊ သင့်တော် သော ဂုဏ်၌။ |
1,336,948 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | နိဝေသယေ၊ တည်စေမကွာ, သွင်းထားရာ၏။ |
1,336,949 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အထ၊ ထိုမှ နောက်၌။ |
1,336,950 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | အနုသာသေယျ၊ သွန်သင်ဆုံးမရာ၏။ |
1,336,951 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ကရောန္တော၊ ပြုလသော်။ |
1,336,952 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ဝါ၊ ပြုသော။ |
1,336,953 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | ) ပဏ္ဍိတော၊ ပညာရှိသည်။ |
1,336,954 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | န ကိလိဿေယျ၊ ကဲ့ရဲလွတ်ကင်း, ချီးမွမ်းခြင်းကြောင့်, စိတ်တွင်းကြည်နူး, မညစ်ညူးမပင်ပန်းတော့ရာ။ |
1,336,955 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထုဂါထာ | (ပါ-၁၅၈) ဥပနန္ဒသကျပုတ္တဝတ္ထုဂါထာ နိဿယပြီးပြီ။ |
1,336,956 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥပရိပဏ္ဏာသပါဠိတော် |
1,336,957 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁ - ဒေဝဒဟဝဂ် |
1,336,958 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁-ဒေဝဒဟသုတ် |
1,336,959 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,336,960 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ |
1,336,961 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤ (မိန့်တော်မူလတ္တံ့သော တရား) စကားကို ဟောကြားတော်မူ၏။ |
1,336,962 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ “ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ယင်းခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ |
1,336,963 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ပြီ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လ... |
1,336,964 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ ပြောဆိုလေ့ရှိကုန်၏။ |
1,336,965 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် ဤသို့ ပြောဆိုလေ့ရှိသော နိဂဏ္ဌတို့သို့ ချဉ်းကပ်ပြီးလျှင် - “ငါ့သျှင် နိဂဏ္ဌတို့ ‘ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ |
1,336,966 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်း ကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲ ကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခ အလုံးစုံသည် ကျ... |
1,336,967 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် ဤသို့မေးသော် ထိုနိဂဏ္ဌတို့သည် ”ဟုတ်၏”ဟု ဝန်ခံကြကုန်၏။ |
1,336,968 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါသည် ထိုနိဂဏ္ဌတို့ကို- “ငါ့သျှင် နိဂဏ္ဌတို့ ‘ငါတို့သည် ရှေးက ဖြစ်ဖူးကုန်သည်သာတည်း၊ မဖြစ် ဖူးကြကုန်သည်ကား မဟုတ်’ဟု သင်တို့ သိကြကုန်သလော”ဟု မေး၏။ |
1,336,969 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြ ကုန်၏)။ |
1,336,970 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ငါ့သျှင်နိဂဏ္ဌတို့ ‘ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ’ဟု သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ |
1,336,971 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြကုန်၏)။ |
1,336,972 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- “ငါ့သျှင် နိဂဏ္ဌတို့ ‘ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲ ဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့’ဟု သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ |
1,336,973 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ငါ့သျှင် နိဂဏ္ဌတို့ ‘မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ |
1,336,974 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့လျှင် သင်တို့သည် “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု သင်တို့ မသိကြကုန်။ |
1,336,975 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု မသိကြကုန်။ |
1,336,976 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤသို့ ဤသို့သော မကောင်း မှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု မသိကြကုန်။ |
1,336,977 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤ မျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲ ဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု မသိကြကုန်။ |
1,336,978 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက် ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။ |
1,336,979 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ မသိသည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ |
1,336,980 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ် ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေ... |
1,336,981 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့သျှင် နိဂဏ္ဌတို့ “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။ |
1,336,982 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်ကုန်”ဟု သိကုန်ငြားအံ့။ |
1,336,983 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြ ဖူးကုန်ပြီ”ဟု သိကုန်ငြားအံ့။ |
1,336,984 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက် ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု သိကုန်ငြားအံ့။ |
1,336,985 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။ |
1,336,986 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ သိကုန်သည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူ သမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ |
1,336,987 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန် ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်... |
1,336,988 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၃။ ငါ့သျှင် နိဂဏ္ဌတို့ ဥပမာအားဖြင့် အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရသော ယောကျ်ားသည် မြားစူးသောဝေဒနာကြောင့် ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ |
1,336,989 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ား၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာကုန်ရာ၏။ |
1,336,990 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားအား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ |
1,336,991 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုယောကျ်ားသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ |
1,336,992 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားအား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာရာ၏၊ ထိုယောကျ်ားသည် ငြောင့်ရှာမွှေတံဖြင့် မြား (ငြောင့်)ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ |
1,336,993 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားအား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ရာ၏၊ ထိုယောကျ်ားသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ |
1,336,994 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားအား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းရာ၏၊ ထိုယောကျ်ားသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ |
1,336,995 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားသည် နောက်အခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်းရာ၏၊ ချမ်းသာစွာ မိမိသဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်ရာ၏။ |
1,336,996 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားမှာ ဤသို့ အကြံဖြစ်ရာ၏ “ငါသည် ရှေးက အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူး မြား အစူးခံရဖူး၏၊ ထိုငါသည် မြားစူးသော ဝေဒနာဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ |
1,336,997 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါ၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာဖူးကုန်၏။ |
1,336,998 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ဖူး၏၊ ထိုငါသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ |
1,336,999 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာဖူး၏၊ ထိုငါသည် ငြောင့်ရှာမွှေတံဖြင့် (မြား) ငြောင့်ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ |
1,337,000 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ဖူး၏၊ ထိုငါသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာကို ခံစားရဖူး၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.