id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,337,001
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှား သီးမှုန့်ကို အနာဝ၌ ထည့်သွင်းဖူး၏၊ ထိုငါသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့် သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။
1,337,002
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငါသည် ယခုအခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်း၏၊ ချမ်းသာစွာ မိမိ သဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်၏”ဟု (အကြံဖြစ်ရာ၏)။
1,337,003
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင် နိဂဏ္ဌတို့ ဤအတူသာလျှင် “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူး သည်ကား မဟုတ်”ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။
1,337,004
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု သိကုန်ငြားအံ့။
1,337,005
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါတို့သည် ဤသို့ ဤသို့ သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု သိကုန်ငြားအံ့။
1,337,006
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေ ပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု သိကုန်ငြားအံ့၊ မျက်မှောက်ဘဝ၌ပင် အကုသိုလ် တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။
1,337,007
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ သိကုန်သည်ရှိ သော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။
1,337,008
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ် ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထို ဆင်းရဲဒုက္ခအလုံးစုံသည် ကျေ...
1,337,009
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ငါ့သျှင် နိဂဏ္ဌတို့ “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု အကြင်ကြောင့်လည်း သင်တို့သည် မသိကြကုန်။
1,337,010
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူး သည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု မသိကြကုန်။
1,337,011
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု မသိကြကုန်။
1,337,012
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက် ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော့်ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု မသိကြကုန်။
1,337,013
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို အကြင်ကြောင့်လည်း မသိကြကုန်၊ ထိုသို့ မသိကြ ကုန်သောကြောင့် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။
1,337,014
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက် ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်း ကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျောက်င...
1,337,015
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၄။ ရဟန်းတို့ ဤသို့ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား ဤစကားကို ပြောဆိုကြကုန်၏ - “ငါ့သျှင် နာဋ၏သား နိဂဏ္ဌသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ‘သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည် ငါ့အား အမြဲမပြတ် ရှေးရှုထင်၏’ဟု ဉာဏ်အမြင် ရှိကြောင်းကို အကြွင်းမဲ့ ဝန်ခံ၏”ဟု (ပြောဆိုကြကုန်၏)။
1,337,016
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုနာဋ၏သား နိဂဏ္ဌသည် ဤသို့ ပြောဆို၏ - “ငါ့သျှင် နိဂဏ္ဌတို့ သင်တို့မှာ ရှေး၌ ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှ သည့် ပြုနိုင်ခဲသောအမှုကို ပြုခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့် စောင့်စည်းခြင်း စိတ်ဖြင့်စောင့် စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကိ...
1,337,017
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤ (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကို မပြုလုပ်ခြင်းကြောင့် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်း လတ္တံ့”ဟု (ပြောဆို၏)။
1,337,018
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပြောဆိုခြင်းကိုလည်း ငါတို့သည် ကျေနပ်နှစ်သက်၍ ဝမ်းမြောက်ကြကုန်၏”ဟု (ငါ့အား ပြောဆိုကြကုန်၏)။
1,337,019
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၅။ ရဟန်းတို့ ဤသို့ဆိုလတ်သော် ငါသည် နိဂဏ္ဌတို့အား ဤစကားကို ပြောဆို၏ - “ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။
1,337,020
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အဘယ်ငါးပါးတို့နည်းဟူမူ - ယုံကြည်ခြင်း ‘သဒ္ဓါ’၊ နှစ်သက်ခြင်း ‘ရုစိ’၊ တစ်ဆင့်ကြားခြင်း ‘အနုဿဝ’၊ အခြင်းအရာကို ကြံစည်ခြင်း ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’ တို့တည်း။
1,337,021
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။
1,337,022
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုတရားငါးပါးတို့တွင် အသျှင်နိဂဏ္ဌတို့၏ အတိတ်ကိုစွဲ၍ဖြစ်သော အယူကိုယူရာတွင် ဆရာ၌ ယုံကြည်ခြင်းဟူသည် အဘယ်နည်း၊ နှစ်သက်ခြင်းဟူသည် အဘယ်နည်း၊ တစ်ဆင့်ကြားခြင်းဟူသည် အဘယ်နည်း၊ အခြင်းအရာကို ကြံစည်ခြင်းဟူသည် အဘယ်နည်း၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ် ခြင်းဟူသည် အဘယ်နည်း”ဟု ( ဤစကားကို ဆို၏ )။
1,337,023
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသို့ဆိုသော ငါသည် နိဂဏ္ဌတို့၌ အကြောင်းခိုင်လုံသော တစ်စုံတစ်ခုသော ဝါဒတုံ့ပြန်ခြင်းကို မမြင်။
1,337,024
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် ထိုနိဂဏ္ဌတို့ကို ဤသို့ ဆို၏-"ငါ့သျှင်နိဂဏ္ဌတို့ သင်တို့ သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌
1,337,025
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ ခံစားကုန်ရာ သလော။
1,337,026
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ယင်းသို့ မဟုတ်မူ ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည် ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ မခံစားရကုန်ရာ သလော”ဟု (မေး၏)။
1,337,027
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ဂေါတမ အကျွန်ုပ်တို့၏ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌့ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရပါကုန်၏။
1,337,028
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကျွန်ုပ် တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို မခံစားရပါကုန်ဟု (ဆိုကြကုန်၏)။
1,337,029
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၆။ ငါ့သျှင်နိဂဏ္ဌတို့ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရကုန်ရာ၏ဟု သင်တို့ ဆို၏၊ ၎င်းပြင် သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာဟု သင်တို့...
1,337,030
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ဖြစ်သည်ရှိသော် “ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားရ၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။
1,337,031
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်း ကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှု ကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်...
1,337,032
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ မခံစားရကုန်ငြားအံ့၊ သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လ ပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ ခံစားရကုန်ငြားအံ့။
1,337,033
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ဖြစ်သည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။
1,337,034
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ တိုးပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မတိုး ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲ ဒုက္ခအားလုံးသည် ...
1,337,035
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို ခံစားကုန်ရာသောကြောင့် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာသောကြောင့် ထိုသင်တို့သည် ကိုယ်တို...
1,337,036
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။
1,337,037
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်းမရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျက်ပြုန်း...
1,337,038
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၇။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် နိဂဏ္ဌတို့ကို ဤသို့ဆို၏ -"ငါ့သျှင်နိဂဏ္ဌတို့ ထို အရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,039
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။
1,337,040
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“တမလွန်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း ‘မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,041
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ချမ်းသာကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘ဆင်းရဲကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,042
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,043
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင် မရကောင်း ပါဟု (ဆိုကြကုန်၏)။
1,337,044
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရင့်ကျက်သည်ဖြစ်၍ ‘မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း ‘မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,045
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း ‘ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင် ၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,046
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးများစွာခံစားရ မည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘အကျိုးအနည်းငယ်ခံစားရမည့် ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,047
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အကျိုးအနည်းငယ်ခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုးများစွာခံစားရမည့် ကံဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,048
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,049
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- “အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုး ခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။
1,337,050
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင် မရကောင်းပါဟု (ဆိုကြ ကုန်၏)။
1,337,051
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၈။ ငါ့သျှင်နိဂဏ္ဌတို့ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရ ကောင်း။
1,337,052
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,053
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ချမ်းသာ ကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း့"ဆင်းရဲကျိုးခံစားရ မည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,054
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,055
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း “မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရ ကောင်း။
1,337,056
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မရင့်ကျက်သေးသည်ဖြစ်၍ နောင်မှအကျိုး ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း “ရင့်ကျက်သည်ဖြစ်၍ မျက်မှောက် ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ”ဟု ပြုပြင်၍ မရကောင်း။
1,337,057
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကျိုးများစွာ ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးအနည်းငယ် ခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,058
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကျိုးအနည်းငယ် ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးများစွာ ခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,059
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,060
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း “အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။
1,337,061
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မရကောင်းသည်ရှိသော် အသျှင်နိဂဏ္ဌတို့၏ လုံ့လပြုခြင်းသည် အကျိုး မရှိ။
1,337,062
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အားထုတ်ခြင်းသည် အကျိုးမရှိ။
1,337,063
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ နိဂဏ္ဌ တို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွ ဖြစ်သော ဆယ်ပါးကုန်သော အယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက် ကုန်၏။
1,337,064
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၉။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်သည် ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူတို့ ဖြစ်ကုန်၏။
1,337,065
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်မာဆိုးဝါးသော အစိုးရ သောသူက ဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏။
1,337,066
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲ ကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော မြဲခြင်းသဘော ရှိသူတို့ ဖြစ် ကုန်၏။
1,337,067
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော အမျိုးဇာတ်ထူးရှိသူတို့ ဖြစ်ကုန်၏။
1,337,068
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် မျက်မှောက်ဘဝ၌ လုံ့လ ပြုခြင်းရှိသူတို့ ဖြစ်ကုန်၏။
1,337,069
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ထိုက်သူတို့ ဖြစ်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို မခံစား ရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,070
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,071
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,072
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,073
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။
1,337,074
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,075
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် အမျိုး ဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။
1,337,076
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချ ထိုက်ကုန်၏။
1,337,077
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။
1,337,078
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွဖြစ်သော ဆယ်ပါးကုန်သော ဤအယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက်ကုန်၏။
1,337,079
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် လုံ့လပြုခြင်းသည် အကျိုးမရှိ၊ အားထုတ်ခြင်းသည် အကျိုးမရှိ။
1,337,080
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၀။ ရဟန်းတို့ အဘယ်သို့လျှင် အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း ဖြစ်ပါသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲမနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။
1,337,081
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် “လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်း ကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်း ဖြစ်၏ (ဟူ၍သော်လည်းကောင်း) လျစ်လျူရှုသော ငါ့အား လျစ်လျူမှုကို ပွားများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်းသည် ဖြစ်၏” ဟူ၍သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား...
1,337,082
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။
1,337,083
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကိုပွါး၏။
1,337,084
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။
1,337,085
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထိုဆင်းရဲသည် ကျေပျက်၏။
1,337,086
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။
1,337,087
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထို ဆင်းရဲသည် ကျေပျက်၏။
1,337,088
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁၁။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျ်ားသည် မိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထိုယောကျ်ားသည် ထိုမိန်းမကို တစ်ခြားယောကျ်ားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မော နေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။
1,337,089
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုမိန်းမကို တစ်ခြားယောကျ်ားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ထို ယောကျ်ားအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မ...
1,337,090
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဖြစ်ကုန်ရာပါသည် အသျှင်ဘုရား။
1,337,091
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အဘယ့်ကြောင့်နည်းဟူမူ - အသျှင်ဘုရား ဤယောကျ်ားသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောကျ်ားနှင့် အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်း ကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင...
1,337,092
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထို့နောက် ထိုယောကျ်ားအား ဤသို့ အကြံဖြစ်၏ “ငါသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ဤ မိန်းမကို တခြားယောကျ်ားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကို လည်းကောင်း မြင်ရ၍ ငါ့အား ပူဆွေ...
1,337,093
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါသည် ဤမိန်းမ၌ လိုချင် တပ်မက်မှုကို ပယ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
1,337,094
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ားသည် ဤမိန်းမ၌ လိုချင်တပ်မက် မှုကို ပယ်ရာ၏။
1,337,095
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုယောကျ်ားသည် နောက်အခါ၌ ထိုမိန်းမကို တခြားယောကျ်ားနှင့်အတူ ရပ်နေသည် ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။
1,337,096
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤမိန်းမကို တခြားယောကျ်ားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံး နေသည်ကိုလည်းကောင်း မြင်ရ၍ ထိုယောကျ်ားအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်း ရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)...
1,337,097
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား မဖြစ်ကုန်ရာပါ။
1,337,098
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အဘယ့်ကြောင့်နည်းဟူမူ - အသျှင်ဘုရား ဤယောကျ်ားသည် ဤမိန်းမ၌ တပ်မက်မှုကင်း၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောကျ်ားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် မဖြစ်...
1,337,099
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲ မနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။
1,337,100
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို ရဟန်းသည် “လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ဤဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏ဟူ၍ သော်လည်းကောင်း လျစ်လျူရှုသောငါ့အား လျစ်လျူရှုမှုကို ပါွးများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏” ဟူ၍ သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အာ...