id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,101 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ |
1,337,102 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဒုက္ခ၏့အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကို ပွါး၏။ |
1,337,103 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ် အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ |
1,337,104 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လည်း ထိုပုဂ္ဂိုလ်အား ဆင်းရဲဒုက္ခသည် ကျေပျက်၏။ |
1,337,105 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လျစ်လျူ ရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူ ရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ |
1,337,106 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။ |
1,337,107 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဤသို့ ဆင်ခြင်၏ “ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွားကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏။ |
1,337,108 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူကောင်းလေစွ”ဟု (ဆင်ခြင်၏)။ |
1,337,109 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲ စေခြင်းငှါ အားထုတ်သော ရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏၊ ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ |
1,337,110 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ |
1,337,111 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ |
1,337,112 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန်ကင်၏၊ ထက် ဝန်းကျင် ကင်၏၊ ဖြောင့်အောင်ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင်ပြု၏။ |
1,337,113 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်ကြောင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန် ကင်ပြီးနောက် ထက်ဝန်းကျင် ကင်ပြီးနောက် ဖြောင့်အောင်ပြုပြီးနောက် ပစ်ခတ်မှု၌ လျော်အောင် ပြုပြီးနောက် ထိုလေးသမားသည် ထိုမြားကို ထိုမီးစနှစ်ခု တို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြု တော့ပေ။ |
1,337,114 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ထိုလေးသမားသည် အကြင်အကျိုးငှါ မြားကို မီးစနှစ်ခု တို့၌ အပြန်အလှန် ကင်၏၊ ထက်ဝန်းကျင် ကင်၏၊ ဖြောင့်အောင် ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင် ပြု၏၊ ထိုလေးသမားအား ထိုအကျိုးသည် ပြီးစီးပြီ။ |
1,337,115 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် နောင်အခါ၌ လေးသမားသည် မြားကို ဖြောင့်လို့ရအောင် မီးစနှစ်ခုတို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြုတော့ပေ။ |
1,337,116 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤသို့ ဆင်ခြင်၏ “ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ |
1,337,117 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏။ |
1,337,118 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူ ကောင်းလေစွ”ဟု (ဤသို့ ဆင်ခြင်၏)။ |
1,337,119 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ထိုရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ |
1,337,120 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ |
1,337,121 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ |
1,337,122 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ |
1,337,123 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲအောင် အားမထုတ်တော့ချေ။ |
1,337,124 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။ |
1,337,125 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၃။ ရဟန်းတို့ နောက်တစ်ဖန်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကသုံးပါးကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူ... |
1,337,126 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမြတ်စွာဘုရားသည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤဩကာသ လောကကိုလည်းကောင်း သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ |
1,337,127 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ် သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သား သည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ... |
1,337,128 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကိုရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရှင်ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ်ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်... |
1,337,129 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် နောင်အခါ၌ နည်းသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ များသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ နည်းသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း များသောဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်၏။ |
1,337,130 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၄။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ ပညတ်တော်မူအပ်သော သိက္ခာပုဒ်နှင့်ပြည့်စုံလျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား ပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပါွးကို လိုလားလျက်နေ၏။ |
1,337,131 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။ |
1,337,132 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူ တို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြော ခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သော စကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူမဟုတ်... |
1,337,133 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့ ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍့် ဤသူတို့နှင့် ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြော တတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ် ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းပြုတတ်သော စကားကိုသာ ဆိုလေ... |
1,337,134 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေ့လွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ် ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ |
1,337,135 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပန်းပန်ခြင်း နံ့သာ ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ |
1,337,136 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရွှေငွေကိုခံယူခြင်းမှ ရှောင်ကြဉ်၏။ |
1,337,137 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ သားစိမ်းငါးစိမ်းကို ခံယူခြင်း မှ ရှောင်ကြဉ်၏။ |
1,337,138 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မိန်းမပျို မိန်းမအိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ |
1,337,139 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကြက်ဝက်ကို ခံယူခြင်းမှ ရှောင် ကြဉ်၏။ |
1,337,140 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဆင် နွား မြင်း မြည်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ |
1,337,141 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ |
1,337,142 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တမန်အမှု အစေအပါး အမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ |
1,337,143 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ |
1,337,144 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏။ |
1,337,145 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း ရွာနိဂုံးတို့ကို သောင်းကျန်းဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။ |
1,337,146 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့် ရဲ၏။ |
1,337,147 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ |
1,337,148 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥပမာအားဖြင့် အတောင်ရှိသောငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိ သည်ဖြစ်၍ ပျံ၏။ |
1,337,149 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ |
1,337,150 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏။ |
1,337,151 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် မြတ်သော ဤသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏။ |
1,337,152 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၅။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမ ယောကျ်ားစသော) ပုံသဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေ ကို မစောင့်စည်းခြင်းဟူ သော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလု... |
1,337,153 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (ထို့ကြောင့် ရဟန်း သည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့် စည်းခြင်းသို့ ရောက်၏။ |
1,337,154 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံသော်။ |
1,337,155 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ |
1,337,156 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ'ကို သိသော် (မိန်းမ ယောကျ်ားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေ ဟူသော) အကြောင်းကြောင့် မက်မောခြင်း'အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတိ... |
1,337,157 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တိုရဟန်းသည် ဤမြတ်သော ဣန္ဒြိယသံဝရ သီလနှင့် ပြည့်စုံသည် ဖြစ်၍ မိမိအတွင်းသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏။ |
1,337,158 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွား... |
1,337,159 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲ ခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ဣန္ဒြိယသံဝရသီလနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ် သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တော... |
1,337,160 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက်၌ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါး ဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ'ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ'မှ စိတ်ကို စင်ကြယ်စေ၏။ |
1,337,161 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီး စေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီး စေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ |
1,337,162 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ |
1,337,163 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ |
1,337,164 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ယုံမှားခြင်း ‘ဝိစိကိစ္ဆာ'ကို ပယ်၍ ယုံမှားခြင်း'ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။ |
1,337,165 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ် သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ... |
1,337,166 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံးလပြုခြင်း, အကျိုးရှိသော အားထုတ် ခြင်းသည် ဖြစ်၏။ |
1,337,167 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိ သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏... |
1,337,168 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူ့ကို “လျစ်လျူရှု သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ’ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ |
1,337,169 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍နေ၏၊ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။ |
1,337,170 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ (စတုတ္ထဈာန်မရမီ) ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ |
1,337,171 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။ |
1,337,172 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ |
1,337,173 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ |
1,337,174 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကာင်း၊ ဘဝနှစ် ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်း ကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်း ကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကေ... |
1,337,175 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ် ခြင်းသို့ ရောက်လတ်သော် ထို(ရဟန်း)သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ |
1,337,176 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု့’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်း သောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ် ပေါ်သော သတ္တဝါတို့ကို ... |
1,337,177 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့်'ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့်'မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသောအယူ ရှိကုန်၏၊ မှားသောအယူဖြင့် ပြုသေ... |
1,337,178 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သောအယူကို ယူကုန်၏၊ မှန်သောအယူဖြင့် ပြုသေ... |
1,337,179 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။ |
1,337,180 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ |
1,337,181 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ |
1,337,182 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတို့ချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ |
1,337,183 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ် မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “တစ်ဖန် ပဋိသန္ဓေနေမှုကုန်ပြီ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖ... |
1,337,184 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း သည် ဖြစ်၏။ |
1,337,185 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိ ကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်၍ ဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏။ |
1,337,186 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ ကို ခံစားရသောကြောင့် မချွတ်ဧကန် ရှေးဘဝက ကောင်းမှုကံပြုခဲ့သူ ဖြစ်၏။ |
1,337,187 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့်ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အစိုးရ သူက ဖန်ဆင်းထားသူ ဖြစ်၏။ |
1,337,188 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာ ခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မြဲခြင်းသဘောရှိသူ ဖြစ်၏။ |
1,337,189 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါ ကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အမျိုးဇာတ်ထူးရှိသူ ဖြစ်၏။ |
1,337,190 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မျက်မှောက်ဘဝ ၌ လုံ့လပြုခြင်း ရှိသူ ဖြစ်၏။ |
1,337,191 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,192 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကယ်၍ သတ္တဝါတို့သည် ရှေး ဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရား သည် ချီးမွမ်းထိုက်၏။ |
1,337,193 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,194 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရ ကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,195 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမြဲဖြစ်ခြင်း သဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,196 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သတ္တဝါတို့သည် အကယ်၍ အမြဲဖြစ်ခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,197 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်း ထိုက်၏။ |
1,337,198 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သတ္တဝါတို့သည် အကယ်၍ ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲ ကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,199 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
1,337,200 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သတ္တဝါတို့သည် အကယ်၍ မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.