id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,201 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့အယူရှိကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်သော ဤဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏ဟု (မိန့်တော်မူ၏)။ |
1,337,202 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။ |
1,337,203 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှေးဦးစွာသော ဒေဝဒဟသုတ် ပြီး၏။ |
1,337,204 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၂-ပဉ္စတ္တယသုတ် |
1,337,205 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,337,206 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော် မူ၏။ |
1,337,207 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်အဖို့ကို ကြံဆခြင်းရှိကုန်သော နောက်အဖို့ကို စွဲယူကုန်သော အချို့အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူ ပြစကားတို့ကို ပြောဟောကုန်၏၊ “အတ္တသည် သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏"၊ ဤသို့ အချို့ သူတို့သည် ပြောဆိုကုန်၏၊ “အတ္တသည် သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏"၊ ဤသို... |
1,337,208 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ထင်ရှားရှိသော အတ္တကို သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုမှတစ်ပါး ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏၊ မျက်မှောက်ဘဝ၌ ဆင်းရဲကင်းငြိမ်းသော နိဗ္ဗာန်ကို အချို့သူတို့သည် ပြောဆိုကုန်၏။ |
1,337,209 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ဤအယူဝါဒတို့သည် ငါးပါးဖြစ်လျက် သုံးပါးဖြစ်ကုန်၏၊ သုံးပါးဖြစ်လျက် ငါးပါးဖြစ်ကုန်၏။ |
1,337,210 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား ငါးပါး, သုံးပါးသော အယူဝါဒကို အကျဉ်းပြခြင်းတည်း။ |
1,337,211 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂။ ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,212 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာလည်း ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,213 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား မရှိ သညာကား ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,214 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,215 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,216 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို တစ်ခုတည်းသော သညာ ‘ဧကတ္တသညာ'လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ |
1,337,217 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို အထူးထူးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,218 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ငယ်သော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,219 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသောသညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,220 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုမှတစ်ပါး ဤသို့ သညာသတ္တကကို လွန်ကုန်သော အချို့ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့ သည် ဝိညာဏကသိုဏ်းကို အတိုင်းမရှိကြီး၏၊ တုန်လှုပ်ခြင်းမရှိဟု ပြောဆိုကုန်၏။ |
1,337,221 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါဘုရား သည် ထိုမှားသောအယူကို ထူးသောဉာဏ်ဖြင့် သိ၏။ |
1,337,222 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,223 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,224 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,225 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,226 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိ့သည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,227 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို တစ်ခုတည်းသောသညာ ‘ဧကတ္တသညာ'လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,228 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,229 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (ဤသို့ထူးသော ဉာဏ်ဖြင့် သိ၏၂)။ |
1,337,230 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမှတစ်ပါး အကယ်၍ ရုပ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ နာမ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ တစ်ခုတည်းသော သညာကိုဖြစ်စေ၊ အကယ်၍ အထူးထူးသော သညာကိုဖြစ်စေ၊ ထိုသညာတို့၏ အကြင်ကိလေသာ စင်ကြယ်ခြင်းကိုလည်းကောင်း၊ အကြင်မြတ်ခြင်းကိုလည်းကောင်း၊ အကြင်ချီးမွမ်းခြင်း ကိုလည်းကောင်း၊ အကြင်အတုမရှိမြတ်ခြင်းကိုလည်းကောင်း ဆိုအပ်၏၊ နတ္ထိကိဥ္စိဟု စီးဖြန်း၍... |
1,337,231 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက် ရာနိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။ |
1,337,232 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၃။ ရဟန်းတို့ ထိုရှစ်ပါးသော အသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,233 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,234 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တ ကို ရုပ်လည်း မရှိ၊ သညာလည်း မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,235 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,236 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,237 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,238 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုသမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုသို့ တားမြစ်ခြင်း သည် အဘယ့်ကြောင့်နည်းဟူမူ- သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာနှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း။ |
1,337,239 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် ထိုအယူ ကို ထူးသောဉာဏ်ဖြင့် သိ၏။ |
1,337,240 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာမရှိ၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,241 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာကား မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,242 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,243 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,244 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,245 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤသို့ ပြောဆိုငြားအံ့၊ “ငါသည် ရုပ်ကို ကြဉ်၍ ဝေဒနာကို ကြဉ်၍ သညာကို ကြဉ်၍ သင်္ခါရတို့ကို ကြဉ်၍ ဝိညာဏ်ကို ကြဉ်၍ (ပဋိသန္ဓေ၏အစွမ်းအားဖြင့်) လာခြင်းကိုလည်းကောင်း၊ စုတိ၏အစွမ်းအားဖြင့် သွားခြင်းကိုလည်းကောင်း၊ သေခြင်းကိုလည်းကောင်း၊ ဥပပါတ်အားဖြင့် ကိုယ်ထင်ရှားဖြစ်... |
1,337,246 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။ |
1,337,247 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄။ ရဟန်းတို့ ထိုရှစ်ပါးသော နေဝသညီနာသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,248 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုန့်ရင်း သော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,249 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,250 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်း သော သညာမရှိ၊ သိမ်မွေ့သောသညာ မရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,251 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက် ၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,252 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,253 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ |
1,337,254 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုတားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာ နှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် တွေဝေခြင်းအကြောင်းဖြစ်၍ ရုန့်ရင်းသော သညာမရှိ, သိမ်မွေ့သော သညာသာရှိသည်၏ အဖြစ်သည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း၊ ရဟန... |
1,337,255 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသောသညာကား မရှိ၊ သိမ်မွေ့သောသညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,256 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိ၏၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,257 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,258 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ |
1,337,259 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,260 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အလုံးစုံကုန်သော သမဏဗြာဟ္မဏတို့သည် မြင်ရသောအာရုံ ကြားရသောအာရုံ တွေ့ရ သော အာရုံကို သိတတ်သော ရုန့်ရင်းသော သင်္ခါရမျှဖြင့် ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းကို ပညတ်ကုန်၏၊ ရဟန်းတို့ ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းဖြင့် ပျက်စီး၏ဟု ဆိုအပ်၏။ |
1,337,261 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို ရုန့်ရင်းသော သင်္ခါရဖြစ်ခြင်းသို့ ရောက်၏ဟု မဆိုအပ်။ |
1,337,262 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို သင်္ခါရတို့တွင် အကြွင်းဖြစ်သော သိမ်မွေ့သော သင်္ခါရသို့ရောက်၏ဟု ဆိုအပ်၏။ |
1,337,263 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ၤါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် သင်္ခါရကို လွန်မြောက်၏။ |
1,337,264 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅။ ရဟန်းတို့ ထိုခုနစ်ပါးသော ဥစ္ဆေဒဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ |
1,337,265 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုစကား၌ အကြင် သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ |
1,337,266 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,267 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏ တို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ |
1,337,268 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ |
1,337,269 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအသျှင်သမဏဗြာဟ္မဏတို့အား ဤဥစ္ဆေ ဒဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ |
1,337,270 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့တားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- အလုံးစုံလည်းဖြစ်သော ဤအသျှင်သမဏဗြာဟ္မဏ တို့သည် “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့”ဟု (သေသည်မှ) အထက်ဖြစ်သော နောက်၌ ကျင်လည်ခြင်းကို ငြိကပ်လျက် ပြောဆိုကုန်သောကြောင့်တည်း။ |
1,337,271 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥပမာအားဖြင့် ကုန်ရောင်းခြင်းငှါ သွားသောကုန်သည်အား “ဤအရပ်မှ ငါ့မှာ ဤမျှသော အမြတ်ငွေသည် ဖြစ်လတ္တံ့၊ ဤကုန်ဖြင့် ဤအမြတ်ငွေကို ရတော့အံ့”ဟု အကြံအစည်ဖြစ်ရာသကဲ့သို့၊ ဤအတူသာလျှင် ဤအသျှင်သမဏဗြာဟ္မဏတို့သည် “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့”ဟု ကုန်သည်တို့နှင့် တူကုန်သကဲ့သို့ ထင်ကုန်၏။ |
1,337,272 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအယူကို ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၏။ |
1,337,273 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်း သဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ |
1,337,274 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသမဏဗြာဟ္မဏတို့သည် သက္ကာယကို ကြောက်ကုန်လျက် သက္ကာယကို စက်ဆုပ်ကုန်လျက် သက္ကာယသို့သာလျှင် အစဉ်ပြေးကုန်၏၊ သက္ကာယသို့သာလျှင် အစဉ်လည်ကုန်၏၊ ဥပမာအားဖြင့် ကြိုးကျည်တောက်ဖြင့် ချည်ထားသော ခွေးသည် မြဲအောင် စိုက်ထားသောတိုင်၌လည်း ကောင်း၊ ငုတ်၌လည်းကောင်း၊ ဖွဲ့ချည်ထားသည်ဖြစ်၍ ထိုတိုင်သို့လည်းကောင်း၊ ငုတ်သို့လည်းကောင်း အစဉ်ပြေးသကဲ့... |
1,337,275 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူသော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ ကို ပြောဟောကုန်၏။ |
1,337,276 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤငါးပါးသော အကြောင်းတို့ကိုသာလျှင်လည်းကောင်း ဤငါးပါးသော အကြောင်းတို့တွင် တစ်ပါးပါးသော အကြောင်းကိုလည်းကောင်း ပြောဆို ကုန်၏။ |
1,337,277 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၇။ ရဟန်းတို့ ရှေ့အဖို့ကို ကြံဆကုန်သော ရှေ့အဖို့ကို စွဲယူကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ရှေ့အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ကို ပြောဟောကုန်၏။ |
1,337,278 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊့လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏၊ ဤအယူသာ မှ... |
1,337,279 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးမရှိ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိသည်လည်းဟုတ်၏၊ အဆုံးမရှိသည်... |
1,337,280 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအယူဝါဒတို့တွင် “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း၊ နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြားခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အယူ... |
1,337,281 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ထိုအယူ၌ ဉာဏ်အဖို့သို့ အကယ်၍ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင်ခြင်းကိုလည်း့ဥပါဒါန်ဟူ၍ ဆိုအပ်၏။ |
1,337,282 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသင်္ခါရသည် ပြုပြင် အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ၤါရကို လွန်မြောက်၏။ |
1,337,283 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၉။ ရဟန်းတို့ ထိုအယူဝါဒတို့တွင် “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ |
1,337,284 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏။ |
1,337,285 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်း အခြား ရှိ၏။ |
1,337,286 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား မရှိ။ |
1,337,287 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြားရှိသည်လည်းဟုတ်၏၊ အဆုံးအပိုင်းအခြား မရှိသည်လည်းဟုတ်၏။ |
1,337,288 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား ရှိသည်လည်း မဟုတ်၊ အဆုံးအပိုင်းအခြား မရှိသည်လည်း မဟုတ်။ |
1,337,289 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း တစ်ခုတည်းသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အထူးထူးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ငယ်သော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အတိုင်းအရှည်မရှိသော ကြီးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ချမ်းသာသက်သက် ရှိ၏၊ အတ္တသည်လည်းကေ... |
1,337,290 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြား ခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အ... |
1,337,291 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် အသျှင်သမဏဗြာဟ္မဏတို့သည် ထို အယူ၌ ဉာဏ်အဖို့သို့ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင် ခြင်းကိုလည်း ဥပါဒါန်ဟူ၍ ဆိုရ၏။ |
1,337,292 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ၤါရကို လွန်မြောက်၏။ |
1,337,293 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ... |
1,337,294 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော (ပဌမ, ဒုတိယ) ဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏။ |
1,337,295 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပုဂ္ဂိုလ်အား ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်၏၊ ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့်စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝရဏကင်း ဆိတ်ခြင်း ကြောင့်ဖြစ်သေ... |
1,337,296 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ့နှံ့သကဲ့သို့၊ ဤအတူသာလျှင် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝ... |
1,337,297 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအကြောင်းအရာကို ဘုရားသျှင်သည် သိ၏။ |
1,337,298 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါဘုရားသည် ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော... |
1,337,299 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပုဂ္ဂိုလ်အား နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ထိုနှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်ငြိမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်... |
1,337,300 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန် သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ၤါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထို သခ ၤါရကို လွန်မြောက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.