id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,337,301
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၁။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသေ...
1,337,302
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ဤ အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍နေ၏။
1,337,303
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်အား အာမိသကင်းသော ထို (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတ...
1,337,304
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အာမိသကင်းသော တတိယ ဈာန်ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော...
1,337,305
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ထိုအကြောင်း အရာကို မြတ်စွာဘုရားသည် သိ၏။
1,337,306
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း'ပီတိ'ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွ...
1,337,307
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ဤအာမိသကင်းသော တတိယဈာန် ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏။
1,337,308
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်အား အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန...
1,337,309
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသို့ ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ၤါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရား သည် ထိုသခ ၤါရကို လွန်မြောက်၏။
1,337,310
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၂။ ရဟန်းတို့ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိ...
1,337,311
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် ဒ...
1,337,312
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအကြောင်းအရာကို ငါ ဘုရားသည် သိ၏။
1,337,313
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက်ခြင...
1,337,314
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသို့ဖြစ် ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤ ချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ၤါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ၤါရကို လွန်မြောက်၏။
1,337,315
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၃။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈ...
1,337,316
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအကြောင်းကို မြတ်စွာဘုရားသည် သိ၏။
1,337,317
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်ခြင်းကြောင့်...
1,337,318
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤအသျှင်သည် နိဗ္ဗာန်အားလျော်သော အကျင့်ကိုသာလျှင် စင်စစ် ပြောဆို၏။
1,337,319
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ဤ အသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နောက်အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ ကာမရာဂသံယောဇဉ်ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန် ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ အာမိသကင်းသော တတိယဈာ...
1,337,320
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မှန်၏၊ ဤအသျှင်သည် “ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်း ကင်း၏”ဟု အဖန်ဖန် ရှု၏။
1,337,321
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရှုမှုကို ဤအသျှင်သမဏဗြာဟ္မဏ၏ စွဲလမ်းမှု ‘ဥပါဒါန်’ဟု ဆိုရ၏။
1,337,322
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုစွဲလမ်းမှု ‘ဥပါဒါန်’ သည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ ပြုပြင်မှု ‘သင်္ခါရ'တို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း။
1,337,323
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော ထိုမြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။
1,337,324
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ခြောက်ပါးသော ဖဿာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိ၍ မစွဲလမ်းဘဲ လွန်မြောက်ရာ, အတုမရှိမြတ်သော ကိလေသာတို့မှ ငြိမ်းအေးသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိအပ်ပြီဟု (မိန့်တော်မူ၏)။
1,337,325
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။
1,337,326
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။
1,337,327
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နှစ်ခုမြောက် ပဉ္စတ္တယသုတ် ပြီး၏။
1,337,328
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၁။ ပဉ္စာယတန-သုတ်ဟုလည်း ရှိသည်။
1,337,329
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂။ အချို့မူ၌ ပါရှိ၏။
1,337,330
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃-ကိန္တိသုတ်
1,337,331
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,337,332
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပိသိနာရမည်သောအရပ် ဗလိနတ်စာတင်သရာ တောအုပ်၌ သီတင်းသုံးနေတော်မူ၏။
1,337,333
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏။
1,337,334
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ရဟန်းတို့ သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်း၊ ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်း ဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသော အကြောင်း ကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလေ...
1,337,335
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား “ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသောအကြောင်း ကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အက...
1,337,336
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ “ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရား ဟော၏။
1,337,337
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်းကြောင့်လည်း တရားဟော၏”ဟု သင်တို့ မထင်မှတ်ခဲ့လျှင် သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်းဟု (မေးတော်မူ၏)။
1,337,338
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဘုရား “မြတ်စွာဘုရားသည် သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူသည်ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူလျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟော တော်မူ၏”ဟုသာ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ ထင်မှတ်ပါ၏ဟု(လျှောက်ကြ ကုန်၏)။
1,337,339
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ “မြတ်စွာဘုရား သည် သတ္တဝါတို့ကို အစဉ် စောင့်ရှောက်တော် မူသည် ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူလျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟောတော် မူ၏”ဟုသာလျှင် ငါ၌ သင်တို့ ထင်မှတ်ခဲ့၏။
1,337,340
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၅။ ရဟန်းတို့ ထို့ကြောင့် ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောကြားထားသော သတိပဋ္ဌာန် လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတို့၌ သင်တို့အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ အညီအညွတ် ကျင့်ရ မည်။
1,337,341
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ ကျင့်ကုန်သော သင်တို့တွင် ရဟန်းနှစ်ပါးတို့သည် အလွန်ထူးသော တရား၌ အထူးထူးသောဝါဒ ရှိကုန်ရာ၏။
1,337,342
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ် အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအား ဖြင့်လည်း ထူး၏၊ အသျှင်တို့သည် ထိုအနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအား...
1,337,343
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအားဖြင့်လည်း ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန် လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏...
1,337,344
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်။
1,337,345
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထား သည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။
1,337,346
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၆။ ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ် သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်...
1,337,347
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက် အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်ကား တူညီပုံကို ဤအကြောင်း ဖြင့်လည်း သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။
1,337,348
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မကောင်းသဖြင့် ယူထားသည် ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။
1,337,349
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏”ဟု သင်တို့အား ဤသို့ အကြံအစည်ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်း သို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့် တူညီပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြေ...
1,337,350
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သဒ္ဒါဟူသည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက် ကြကုန်လင့်”ဟု ဆိုရာ၏။
1,337,351
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏။
1,337,352
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့် တူပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။
1,337,353
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သဒ္ဒါဟူ သည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက်ကြကုန် လင့်”ဟု ဆိုရာ၏။
1,337,354
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သား စေရမည်။
1,337,355
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကောင်းစွာယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန် ကို ပြောဟောရမည်။
1,337,356
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၈။ ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင် မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအား ဖြင့်လည်း တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သ...
1,337,357
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ဝါဒတူသော အခြားသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏။
1,337,358
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သဒ္ဒါအားဖြင့်လည်း တူညီပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။
1,337,359
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။
1,337,360
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေရမည်။
1,337,361
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။
1,337,362
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၃၉။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော သင်တို့တွင် တစ်ယောက်သော ရဟန်းအား အာပတ်သင့်ရာ၏၊ လွန်ကျူးခြင်း ဖြစ်ရာ၏။
1,337,363
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအာပတ်သင့်ရာ ၌ အပြစ်တင်ခြင်းငှါ အလျင်မလိုအပ် “ဤသို့ ပြုသည်ရှိသော် ငါ့အားလည်း ကိုယ်စိတ်မပင်ပန်း လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်အားလည်း စိတ်မဆင်းရဲလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက် ရန်ငြိုးဖွဲ့ လေ့မရှိ၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ် ၌ တည်စေခြင်းငှါ စွမ...
1,337,364
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။
1,337,365
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ “ငါ့မှာကား ကိုယ်စိတ်မပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်ဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။
1,337,366
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တစ်ပါးသော ပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည် မပြောပလောက်။
1,337,367
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။
1,337,368
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ “ငါ့မှာကား ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်မဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက်၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ စွဲမြဲသော အယူရှိ၏၊ အယူဝါဒကို စွန့်နိုင် ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။
1,337,369
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါအား ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည် မပြောပလောက်။
1,337,370
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ့ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။
1,337,371
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ “ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။
1,337,372
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့မှာ ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည်လည်းကောင်း၊ တစ်ပါးသောပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည်လည်းကောင်း မပြောပလောက်။
1,337,373
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည် စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ ဤသို့ ဖြစ်ငြားအံ့၊ အပြစ် ပြောခြင်းငှါ သင့်၏။
1,337,374
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ “ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ မစွမ်းနိုင်”ဟု အကယ်၍ ဖြစ်ငြားအံ့၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်မျိုး၌...
1,337,375
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၄၀။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော ထိုသင်တို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ် သက်ခြင်း, စိတ်မကျေချမ်းခြင်း သည် ဖြစ်ရာ၏။
1,337,376
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငြင်းခုံရာ၌ ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ့...
1,337,377
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏”ဟု ဤသို့ ဖြေကြားရာ၏။
1,337,378
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရာသလောဟု ဤသို့ မေးမြန်းရာ၏။
1,337,379
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်စွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်”ဟု ဤသို့ ဖြေကြားရာ၏။
1,337,380
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် ဝါဒတူသော တခြား ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူ ပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ...
1,337,381
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရားသိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏”ဟု ဤသို့ ဖြေကြားရာ၏။
1,337,382
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ထိုငြင်းခုံခြင်း သဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရာ”ဟု ဤသို့ ဖြေကြားရာ၏။
1,337,383
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ အကယ်၍ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့သည် “အသျှင်သည် ထိုရဟန်းတို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိသလော”ဟု ဤသို့ မေးကုန်ငြားအံ့။
1,337,384
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားသည် ငါ့အား သာရဏိယတရားကို ဟောတော်မူ၏၊ ငါသည် ထိုတရားတော်ကို ကြားနာရ၍ ထိုရဟန်းတို့အား ဟောပြော၏၊ ထိုရဟန်းတို့သည် ထိုတရားတော်ကို ကြားနာရ၍ အကုသိုလ်မှ ထကုန်၏၊ ကုသိုလ်၌ တည်ကုန်၏”ဟု ဤသို့ ဖြေကြားရာ၏။
1,337,385
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤသို့ ဖြေကြားသော ရဟန်းသည် မိမိကို မမြှောက်ပင့်၊ သူတစ်ပါးကို မရှုတ်ချ၊ တရားအားလျော်သော အကျင့်ကို ဖြေကြား၏၊ ထိုရဟန်း၏ ဝါဒနှင့် အတုလိုက်သော ဝါဒသည် အကြောင်း ခိုင်လုံသည် ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ မရောက်ဟု (မိန့်တော်မူ၏)။
1,337,386
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မြတ်စွာဘုရားသည် ဤ ဒေသနာတော်ကို ဟောတော်မူ၏။
1,337,387
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုံးခုမြောက် ကိန္တိသုတ် ပြီး၏။
1,337,388
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၄-သာမဂါမသုတ်
1,337,389
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,337,390
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း သာမမည်သော ရွာ၌ သီတင်းသုံး နေတော်မူ၏။
1,337,391
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေလွန်ပြီးစဖြစ်၏။
1,337,392
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုနာဋ၏သား နိဂဏ္ဌသေလွန်ခြင်း ကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်၍ ငြင်းခုံ ခိုက်ရန်ဖြစ်ကုန်၏၊ ဆန့်ကျင်ဘက်စကားဆိုခြင်းသို့ ရောက်ကုန်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏-"သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏။
1,337,393
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏။
1,337,394
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့စကားသည် အကျိုးစီးပွါးနှင့် စပ်၏၊ သင့်စကားသည် အကျိုးစီးပွါးနှင့် မစပ်။
1,337,395
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏။
1,337,396
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင်၏ ကြာမြင့်စွာ လေ့လာ ထားသော စကားသည် (သင့်ဆီသို့) ပြန်လည်၍ တည်လေပြီ၊ သင့်အယူ၌ အပြစ်ကို ငါတင်ပြပြီ၊ သင်အရေး ရှုံးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့။
1,337,397
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့”ဟု နှုတ်လှံထိုးကုန်လျက် နေကုန်၏။
1,337,398
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ အချင်းချင်း သတ်ဖြတ်သေကြေခြင်း တစ်ခု တည်းသာလျှင် ဖြစ်သကဲ့သို့ ထင်ရ၏။
1,337,399
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော လူဝတ်ကြောင်တို့သည်လည်း နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘောရှိကုန်၏၊ ကြည်ညိုချစ်ခင် ခြင်းကင်းသော သဘောရှိကုန်၏၊ ရိုသေနှိမ့်ချပြုခြင်းမှ ဆုတ်နစ်ခြင်းသဘော ရှိကုန်၏။
1,337,400
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မကောင်းသဖြင့် ဟောထားသော မကောင်းသဖြင့် သိစေသော သံသရာမှ ထွက်မြောက်ကြောင်းမဟုတ်သော ကိလေသာငြိမ်း မှုကို မဖြစ်စေတတ်သော ဘုရားမဟုတ် သူများဟောထားသော မှီရာပျက်စီးသွားသော အားကိုးရာမှကင်း သော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင်တည်း။