id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,337,401 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၂။ ထိုအခါ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် ပါဝါပြည်၌ ဝါကျွတ်ပြီး၍ သာမမည်သော ရွာ၌ (ဥပဇ္ဈာယ်ဖြစ်သော) အသျှင်အာနန္ဒာရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ “အသျှင် ဘုရားအာနန္ဒာ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးစဖြစ်ပါ၏။ |
1,337,402 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုနာဋ၏သား နိဂဏ္ဌသေလွန် ခြင်းကြောင့်နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်ကုန်၍။ |
1,337,403 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏”ဟု (လျှောက်၏)။ |
1,337,404 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်အား ဤစကားကို ပြောဆို၏ “ငါ့သျှင်စုန္ဒ မြတ်စွာဘုရားကို ဖူးမြော်ရန် ဤစကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင်စုန္ဒ လာလော့၊ သွားကြကုန်အံ့၊ မြတ်စွာဘုရား ရှိရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြကုန်အံ့”ဟု (ပြောဆို၏)။ |
1,337,405 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။ |
1,337,406 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည်လည်း ကောင်း မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် ရိုသေစွာ ရှိခိုးကြ၍ သင့်လျော်ရာ၌ ထိုင်ကြကုန်၏၊ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “မြတ်စွာဘုရား သမဏုဒ္ဒေသမည်သော ဤစုန္ဒမထေရ်သည် ‘အသျှင်ဘုရားအာနန္ဒာ နာဋ၏သား... |
1,337,407 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏’ဟု လျှောက်ပါ၏။ |
1,337,408 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ထိုအကျွန်ုပ်အား ‘မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခြင်းကြောင့် သံဃာ၌ ငြင်းခုံမှု မဖြစ် ပါစေသတည်း၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏’ဟု အကြံအစည် ဖြစ်ပါ၏”ဟု (လျှေ... |
1,337,409 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၃။ အာနန္ဒာ ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ သင်တို့အား ဟောကြားထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေ ငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတရားတို့၌ အယူကွဲသော ရဟန်းနှစ်ပါးတို့ကိုလည်း သင်မြင်မိသလောဟု (မေးတော်မူ၏)။ |
1,337,410 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါး တရားတို့၌ အယူကွဲပြားသော ရဟန်းနှစ်ပါးတို့ကို အကျွန်ုပ် မတွေ့မြင်မိပါ။ |
1,337,411 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားကို အမှီပြု၍နေသော ပုဂ္ဂိုလ်တို့သည် ရှိပါကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ၌ အသက်မွေးလိုခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ် ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေကုန်ငြားအံ့၊ ထို... |
1,337,412 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ်ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း ငြင်းခုံခြင်းသည် မပြောပ လောက် အနည်းငယ်သာ ဖြစ်၏။ |
1,337,413 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ စင်စစ် မဂ်၌သော်လည်းကောင်း၊ အကျင့်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံမှုဖြစ်သော် ဖြစ်ရာ၏၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာ သော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏။ |
1,337,414 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၄။ အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းတို့သည် ဤခြောက်ပါးတို့တည်း။ |
1,337,415 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ခြောက်ပါးတို့နည်း၊ အာနန္ဒာ ဤသာသနာတော်၌ အကြင်ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏။ |
1,337,416 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း သည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ၊ အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌ ရိုသေခြင်း နှိမ့်ချခြင်း မရ... |
1,337,417 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ |
1,337,418 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ |
1,337,419 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံမှု၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါး ပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ |
1,337,420 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ မရှုမမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာ လျှင် နောင်အခါ မတိုးမပွါးခြင်းငှါ ကျင့်ကုန်ရာ၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကို ပယ်ခြင်းဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင်အခါ၌ တိုးပွါးခြင်း မဖြစ... |
1,337,421 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၅။ အာနန္ဒာ တစ်ဖန်လည်း ရဟန်းသည် ကျေးဇူးကို ချေဖျက်လေ့ရှိ၏၊ ပြိုင်ဆိုင်လေ့ရှိ၏။ |
1,337,422 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ငြူစူလေ့ ရှိ၏၊ ဝန်တိုလေ့ရှိ၏။ |
1,337,423 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ဟန်ဆောင်တတ်၏၊ လှည့်ပတ်တတ်၏။ |
1,337,424 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ယုတ်ညံ့သော အလိုဆိုး ရှိ၏၊ မှားသောအယူ ရှိ၏။ |
1,337,425 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိ၏၊ စွဲမြဲစွာ ယူလေ့ ရှိ၏၊ အယူကို စွန့်နိုင်ခဲ၏။ |
1,337,426 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိသော စွဲမြဲစွာ ယူလေ့ရှိသော အယူကို စွန့်နိုင်ခဲသော ရဟန်းသည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး ၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ။ |
1,337,427 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သိက္ခာသုံးပါး၌ ပြည့်စုံစွာ ကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံမှုကို ဖြစ်စေတတ်၏၊ ယင်း ငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ, များစ... |
1,337,428 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ |
1,337,429 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ |
1,337,430 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ |
1,337,431 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ မရှု မမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာလျှင် နောင်အခါ၌ မတိုးပွါးခြင်းငှါ ကျင့်ကုန်ရာ၏။ |
1,337,432 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်တော့ပေ။ |
1,337,433 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။ |
1,337,434 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၆။ အာနန္ဒာ အဓိကရုဏ်းတို့သည် ဤလေးပါးတို့တည်း။ |
1,337,435 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ် လေးပါးတို့နည်းဟူမူ- အာနန္ဒာ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းတို့တည်း။ |
1,337,436 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အဓိကရုဏ်း တို့သည် ဤလေးပါးတို့တည်း။ |
1,337,437 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အဓိကရုဏ်းငြိမ်းမှုတို့သည် ဤခုနစ်ပါးတို့တည်း။ |
1,337,438 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြစ်ကုန် ဖြစ်ကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ သမ္မုခါဝိနည်းကို ပေးရမည်၊ သတိဝိနည်းကို ပေးရမည်၊ အမူဠှဝိနည်းကို ပေးရမည်၊ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရမည်၊ (ရဟန်းများရာသို့ လိုက်၍ ဆုံးဖြတ်ရသော) ယေဘုယျသိကဝိနည်းကို ပြုရမည်၊ (ယုတ်မာသော ရဟန်းအား ပြုသော) တဿပါပိယသိက ဝိနည်းကို ပြုရမည်၊ (မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ ဖုံးရသေ... |
1,337,439 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ သမ္မုခါဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဓမ္မဟုတ်၏ဟူ၍လည်းကောင်း၊ ဓမ္မမဟုတ်ဟူ၍လည်းကောင်း၊ ဝိနည်းဟုတ်၏ဟူ၍လည်း ကောင်း၊ ဝိနည်းမဟုတ်ဟူ၍လည်းကောင်း ငြင်းခုံကုန်၏။ |
1,337,440 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုရဟန်းအားလုံးသည် ညီညီ ညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်၊ တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးလျှင် အကြင်အခြင်းအရာအားဖြင့် ငြိမ်းစေသည် ရှိသော် ထိုတရားဥပဒေစည်းမျဉ်းနှင့် ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေရမည်။ |
1,337,441 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် သမ္မုခါဝိနည်းသည် ဖြစ်၏။ |
1,337,442 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ဤသာသနာတော်၌ သမ္မုခါဝိနည်းဖြင့် အချို့ကုန်သော ဝိဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,443 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၈။ အာနန္ဒာ ယေဘုယျသိကဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ထိုငြင်းခုံသော ရဟန်းတို့သည် ထိုအဓိကရုဏ်းကို ထိုကျောင်းတိုက်၌ ငြိမ်းစေခြင်းငှါ အကယ်၍ မစွမ်းနိုင်ကုန်အံ့၊ အာနန္ဒာ ထိုရဟန်းတို့သည် ရဟန်းများရာ ကျောင်းတိုက်သို့ သွားရမည်၊ ထိုရဟန်းများရာ ကျောင်းတိုက်၌ ရဟန်းအားလုံးတို့သည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှ... |
1,337,444 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ယေဘုယျသိကဝိနည်းသည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ ရဟန်းများရာလိုက်၍ ဆုံးဖြတ်သော ယေဘုယျသိကဝိနည်းဖြင့် အချို့သော ဝိဝါဒါဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,445 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၄၉။ အာနန္ဒာ သတိဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသောသဘောရှိသော အာပတ်သို့ ရောက်သည် ကို အမှတ်ရ၏လော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤ... |
1,337,446 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်း သည် “အသျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ် သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ”ဟု (ပြောဆို၏)၊ အာနန္ဒာ ထိုရဟန်းအား သတိဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် သတိဝိနည်း သည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ သတိဝိနည်းဖြင့် အ... |
1,337,447 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅၀။ အာနန္ဒာ အမူဠှဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌့ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက် သည်ကို အမှတ်ရသလော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်... |
1,337,448 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ”ဟု (ပြောဆို၏)။ |
1,337,449 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို အကယ်၍ မှတ်မိအံ့၊ ကောင်းစွာ သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။ |
1,337,450 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင်တို့ အကျွန်ုပ်သည် ရူးသွပ်ခြင်းသို့ ရောက်၏၊ စိတ်ဖောက်ပြန်ခြင်းသို့ ရောက်၏၊ ထိုရူးသွပ်ခြင်းကြောင့် များစွာသော ရဟန်း တို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏ ဟူ၍လည်းကောင်း၊ ကိုယ်ဖြင့် ကျော်နင်းပြုမိ၏ဟူ၍လည်းကောင်း အကျွန်ုပ် မမှတ်မိပါ၊ တွေဝေသဖြင့် ထိုအမှုကို အကျွန်ုပ် ပြုအပ်၏... |
1,337,451 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုရဟန်းအား အမူဠှဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် အမူဠှဝိနည်းသည် ဖြစ်၏၊ ဤ သို့လျှင် ဤသာသနာတော်၌ အမူဠှဝိနည်းဖြင့် အချို့သော အနုဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,452 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် စောဒနာ၍ဖြစ်စေ၊ မစောဒနာဘဲဖြစ်စေ အာပတ် ကို အမှတ်ရ၏၊ ဖော်ထုတ်၏၊ ထင်ရှားအောင်ပြု၏။ |
1,337,453 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုအာပတ်သင့်သော ရဟန်းသည် သီတင်းကြီးရဟန်းသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီပြီးလျှင် “အသျှင်ဘုရား အကျွန်ုပ်သည် ဤမည်သော အာပတ်သို့ ရောက်၏၊ ထိုအာပတ်ကို ကုစား ဒေသနာကြားပါ၏”ဟု ဤသို့ ဆိုရာ၏။ |
1,337,454 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဒေသနာခံသော ရဟန်းကြီး သည် “အာပတ်ကို မြင်သလော”ဟု မေးရာ၏။ |
1,337,455 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “မြင်ပါ၏”ဟု ဆိုရာ၊ (ဒေသနာခံ ရဟန်းကြီးသည်) “နောင်အခါ၌ စောင့်စည်းလော့”ဟု ဆိုရာ၏။ |
1,337,456 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (ဒေသနာကြားသော ရဟန်းသည်) စောင့်စည်းပါအံ့ဟု ဆိုရာ၏။ |
1,337,457 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ခြင်းသည် ဖြစ်၏။ |
1,337,458 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ဤသာသနာတော်၌ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,459 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅၂။ အာနန္ဒာ ထိုရဟန်း၏ ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိကဝိနည်းကံသည် အဘယ် သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိ သော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏လော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇ... |
1,337,460 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ”ဟု ဤသို့ ပြောဆို၏။ |
1,337,461 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အကယ်၍့အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။ |
1,337,462 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ။ |
1,337,463 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသော အနည်းငယ်မျှ မပြောပလောက်သော အာပတ်သို့ ရောက်သည်ကိုကား အမှတ်ရပါ၏”ဟု ပြောဆို၏။ |
1,337,464 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “ငါ့သျှင် တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည် ကို အကယ်၍ အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။ |
1,337,465 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် အနည်းငယ်မျှ မပြောပလောက်သော ဤ မည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်ခံတုံသေး၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံရပါလျက် အဘယ်မှာ ဝန်မခံဘဲ ရှိပါအံ့နည်း”ဟု ဤသို့ ပြောဆို၏။ |
1,337,466 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုစွပ်စွဲသော ရဟန်းသည် “ငါ့သျှင် သင်သည် အနည်းငယ်မျှ မပြောပလောက်သော ဤမည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်မခံချေ၊ ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံ ရသည်ရှိသော် အဘယ်မှာ ဝန်ခံတုံအံ့နည်း၊ တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်... |
1,337,467 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏၊ ဤစကားကို အကျွန်ုပ် အဆောတလျင် ဆိုအပ်၏၊ ဤစကားကို အကျွန်ုပ် မှား၍ ဆိုအပ်၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့... |
1,337,468 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ထိုရဟန်းအား ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိက ဝိနည်းကံသည် ဖြစ်၏။ |
1,337,469 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ဤသာသနာတော်၌ တဿပါပိယသိကဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,470 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅၃။ အာနန္ဒာ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာ ရကဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ငြင်းခုံခိုက်ရန်ဖြစ်ကြ ကုန်သော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော ရဟန်းတို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြ... |
1,337,471 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍့ဖြစ်ငြားအ... |
1,337,472 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် အထူးသဖြင့် လိမ္မာကျွမ်းကျင်သော ရဟန်းသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ လက်အုပ်ချီပြီးလျှင် သံဃာကို သိစေရ မည်- |
1,337,473 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအ... |
1,337,474 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အာနန္ဒာ ဤသို့လျှင် မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသာ တိဏဝတ္ထာရကဝိနည်းကံသည် ဖြစ်၏။ |
1,337,475 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ဤသာသနာတော်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာရကဝိနည်းကံဖြင့် အချို့သော အာပတ္ထာဓိကရုဏ်း တို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ |
1,337,476 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သာရဏီယတရား ၆-ပါး |
1,337,477 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅၄။ အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ်ကုန်သော ဤခြောက်ပါးသော တရားတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုး ငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသောအကျိုးငှါ ဖြစ်ကုန်၏။ |
1,337,478 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ခြောက်ပါး တို့နည်းဟူမူ- |
1,337,479 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။ |
1,337,480 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက် ကွယ်ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။ |
1,337,481 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်... |
1,337,482 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့်လျော်စွာ ဖြစ်ကုန်သော တရားသဖြင့်ရကုန်သော လာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံး ဆောင်ခြင်း ရှိ၏၊ အကျင့်သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြ... |
1,337,483 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော (တဏှာကျွန်အဖြစ်မှ) တော်လှန်ခြင်းကို ပြုတတ်ကုန်သော ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော မှားသည်ဟု အသုံးသပ်မခံရကုန်သော တည်တံ့ခြင်း ‘သမာဓိ’ ကို ဖြစ်စေတတ်သော စောင့်စည်းမှု ‘သီလမျိုး’ တို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်... |
1,337,484 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- (၆) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မြတ်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သော ထိုအဆုံးအမအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ခန်းခြင်းငှါ ဖြစ်သော အယူတစ်မျိုး၌ သီတင်း သုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည်၏အဖြစ်သို့ ရောက်လျက် နေ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ... |
1,337,485 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ် ကုန်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်း အကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသော အကျိုးငှါ ဖြစ်ကုန်၏။ |
1,337,486 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ သင်တို့သည် မပြတ်အောက်မေ့ ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို အကယ်၍ ဆောက်တည်၍ ကျင့်ကုန်ငြားအံ့၊ အာနန္ဒာ သင်တို့ သည်းမခံနိုင်လောက်သော ကြီးကြီးငယ်ငယ်ဖြစ်သော စကားအကြောင်းမျိုးကို တွေ့မြင်ကုန်ရာသလောဟု (မေးတော်မူ၏)။ |
1,337,487 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မတွေ့မြင်နိုင်ပါဟု (လျှောက်ကြကုန်၏)။ |
1,337,488 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထို့ကြောင့် မပြတ် အောက်မေ့ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ထိုကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ, ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။ |
1,337,489 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ |
1,337,490 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လေးခုမြောက် သာမဂါမသုတ် ပြီး၏။ |
1,337,491 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅-သုနက္ခတ္တသုတ် |
1,337,492 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,337,493 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,337,494 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ “ပဋိသန္ဓေ နေခြင်း ကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏။ |
1,337,495 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လိစ္ဆဝီမင်းသား သုနက္ခတ္တသည် “များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ပဋိသန္ဓေနေ့ခြင်း ကုန်ပြီ၊ မြတ်သော (မဂ်)အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိဟု သိပါကုန်၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသတတ်ဟု ကြားလေ၏။ |
1,337,496 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား “များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ‘ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကိ... |
1,337,497 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားအထံတော်၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏” ဟူ၍ ဤသို့ အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့သည် အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားကုန်သလော၊ သို့မဟုတ် ဤအရဟတ္တဖိုလ်ကို ... |
1,337,498 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သုနက္ခတ္တ ငါဘုရား၏ အထံ၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါ ကုန်၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်သော ပုဂ္ဂိုလ်တို့တွင် အရဟတ္တဖိုလ်ကို အမှန်ပြောကြား သော အချို့သော ရဟန်းတို့လည်း ရှိကုန်၏၊ မရဘဲ ရ၏ဟု... |
1,337,499 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုနှစ်မျိုးတို့တွင် သုနက္ခတ္တ ထိုငါ၏ အထံ၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏” ဟူ၍ အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၏ ထိုပြောကြားမှုသည် ထိုပြောတိုင်းသာလျှင် မှန်၏။ |
1,337,500 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၌ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဤသို့ အကြံဖြစ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.